"အဲဒါအမှန်ပဲ။" ဂျီဝမ်ဖုန်းသည် ပြတင်းပေါက်ဆီသို့လျှောက်သွားပြီး ၎င်းအားဖွင့်လိုက်သည်။
လေသည် သူ့မျက်နှာကို တိုက်ခတ်လာသဖြင့် သူ့ကိုပိုစိတ်သက်သာရာရစေသည်။
"အဖေက ဒီလိုလုပ်ဖို့ ငါ မမျှော်လင့်ထားမိဘူး။ ကျင်းချန်းနဲ့ရှီရန်ကောလာဟလတချို့ ကြားလိုက်ရလို့ ဖြစ်နိုင်တယ်" ဟု ဝမ်ယုဖေးက စိုးရိမ်တကြီးရှင်းပြသည်။
"အဲ့ဒါက မင်းနဲ့ဘာမှမဆိုင်ဘူးလား" ဂျီဝမ်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။
"ဝမ်ဖုန်း ဘာ... ဘာကိုဆိုလိုတာလဲ" ဂျီဝမ်ဖုန်း၏အသံမှာ ထိတ်လန့်ကာတုန်လှုပ်သွားသည်။ "ငါက နင့်စိတ်ထဲမှာ ဒီလိုလူစားမျိုးလား။"
"အဲဒီလို ငါ ဆိုလိုတာမဟုတ်ပါဘူး။ CEOဝမ်က ရှီရန်ကိုဖယ်ရှားရတဲ့အကြောင်းရင်းက မင်းကြောင့်လားလို့ ငါ မေးချင်တာ။"
"နင်ကြောင့် ငါလန့်သွားတာပဲ" ဝမ်ယုဖေးသက်ပြင်းတစ်ချက်ချလိုက်သည်။ "အဖေက ငါထိခိုက်မှာကို စိတ်ပူနေတာ။ တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့မရနိုင်ဘူး"
"အဆင်ပြေပါတယ်။ ငါ့ဘက်ကရှင်းလိုက်မယ်။" ဂျီဝမ်ဖုန်းသည် ထိုစကားကိုကြားလိုက်ရသောအခါ အနည်းငယ်ပေါ့ပါးသွားသည်။
"အိုကေ၊ ငါ တောင်းပန်ပါတယ်လို့ ရှီရန်ကို ကူပြောပေးပါဦး။"
"ဒီကိစ္စမှာ မင်းဘာမှအမှားမလုပ်ထားပါဘူး။ ဒါပေမယ့် ငါပြောပေးလိုက်ပါမယ်"
ဂျီဝမ်ဖုန်း ဖုန်းကိုချလိုက်ပြီးနောက် ရှီရန်ကို လှည့်ကြည့်လိုက်သည်။ "ဒါက ယုဖေးနဲ့ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်။"
ထိုင်ခုံတွင် ပြန်ထိုင်ပြီး "မင်းနဲ့တတိယသခင်လေးကြားက ကောလဟာလတွေကို မြင်သွားတဲ့သူ့အဖေက ဒီလိုလုပ်လိုက်တာ။ သူ့ကို သူမ စည်းရုံးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး" ဟု ရှင်းပြသည်။
ရှီရန်သည် သူမ၏နှုတ်ခမ်းကို စေ့ထားပြီး ဂျီဝမ်ဖုန်းကို အဓိပ္ပါယ်ရှိရှိ အပေါ်အောက်အကဲခတ်လိုက်သည်။
ဂျီဝမ်ဖုန်းက စိတ်မသက်မသာရှုံ့မဲ့သွားသည်။ "ဟုတ်ပြီလား?"
"ရှင် ဝမ်ယုဖေးကိုကြိုက်နေတာလား" ရှီရန်က တိုက်ရိုက်မေးသည်။
ဂျီဝမ်ဖုန်းတုန်လှုပ်သွားပြီးအမြန်ငြင်းလိုက်သည်။"ဘာ...ဘာတွေပြောနေတာလဲ။ အဓိပ္ပါယ်မရှိတာတွေ"
သူမြန်မြန်ဆန်ဆန် ငြင်းလိုက်သော်လည်း ကြေးဝါရောင်အရေပြားရှိသူ့နားထိပ်ကိုရောက်လာသောပန်းနုရောင်သန်းနေခြင်းကို မဖုံးကွယ်နိုင်ပေ။
ယခုတော့ ရှီရန် နားလည်သွားသည်။
အချစ်က လူကို အမြင်ပျောက်ကွယ်စေသည်။
သူမသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချိန်မဖြုန်းချင်ပေ။"ဒါကို စရှင်းကြရအောင်။"
ဂျီဝမ်ဖုန်းသည် သူ၏ပုံမှန်လေးနက်မှုကို ပြန်လည်ရရှိလာသည်။“ဗီဒီယိုနဲ့ ဓာတ်ပုံတွေ။ အမှန်တရားကိုသိတဲ့လူက အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေပဲ ရှိတယ်။သူတို့ကသာ မင်းနာမည်ဆိုးကို ရှင်းလင်းသွားအောင်ကူညီပေးနိုင်တယ်။"
"ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတွေက သူတို့ကို ဖိအားတွေ ပေးနေတယ်။ ဒါကြောင့် ငါတို့ ဘယ်သူကိုမှ ရှာလို့မတွေ့ဘူး။ မဟုတ်ဘူး တခြားတစ်ယောက်ရှိသေးတယ်။"
ဂျီဝမ်ဖုန်းက ညာလက်သီးကို ဆုပ်ထားပြီး ဘယ်ဘက်လက်ဖဝါးကို ထိုးလိုက်သည်။ သူ့မျက်လုံးများ တောက်ပလာသည်။ "ပိုင်ကျင်းထျန်"
သို့သော် မကြာခင် သူ့အမူအရာက မှိန်ကျသွားပြန်သည်။ "နာမည်ကြီးမင်းသားက မစပ်စုတတ်ဘူးလို့ နာမည်ကြီးတယ်။ သူ့ကို ကူညီခိုင်းဖို့ စည်းရုံးရတာခက်လိမ့်မယ်။ တခြားနည်းတစ်ခုစဉ်းစားကြည့်ရအောင်။"
မသိစိတ်ကနေ ရှီရန်၏လက်ချောင်းများက ဖုန်းကိုပွတ်လိုက်သည်။
'နည်းလမ်းလား?'
သူမတွင် ရိုးရှင်းပြီးအကြမ်းထည်ဖြစ်သောအဖြေတစ်ခုရှိသည်။
"တကယ်တော့ ကျွန်မ.."
ရှီရန်စကားပြောနေစဉ်တွင် ဖန်တုံတုံ၏စိတ်လှုပ်ရှားနေသောအသံကို ကြားလိုက်ရသည်။ "မမရန်၊ အစ်ကိုဖုန်း၊ အတော်ဆုံးမင်းသားပိုင် က Weibo မှာ တင်လိုက်ပြီ။"
ဝမ်ယုဖေး၏အိပ်ခန်းထဲတွင် ရေချိုးခန်းမှ ထွက်လာချိန်တွင် သူမသည် ကုံးကျင်လိန်ထံမှဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
"မမယုဖေး ခေတ်စားနေတဲ့ရှာဖွေမှုတွေကို တွေ့ပြီးပြီလား။ မတွေ့ရသေးရင် မြန်မြန်ကြည့်ကြည့်လိုက်။ ဒီမသာမကတော့ သေပြီပဲ ဟားဟားဟား"
ကုံးကျင်လိန်၏ပေါ့ပေါ့ပါးပါးရယ်သံက သူမနားထဲသို့ တိုးဝင်လာသည်။ သူမ ပြုံးလိုက်သည်။ "အဲ့လောက်တောင် ပျော်နေတာလား?"
"ပျော်တာပေါ့။ မမယုဖေးကို ကျေးဇူးတင်ရမယ်။ မနေ့က ညီမ ပြောပြခဲ့တဲ့ဗီဒီယိုကို မှတ်မိသေးလား။"
“အဲဒီတုန်းက ရှီရန်က ဗီဒီယိုရိုက်ထားတဲ့သူလို့ ထင်ခဲ့တာ။ သူတို့ ညီမကို တကယ်ခြိမ်းခြောက်ပြီး 800,000 ပေးစေချင်တာလေ။ ညီမ အရမ်းဒေါသထွက်ခဲ့တယ်။"
"နောက်တော့ မမယုဖေးက ဗီဒီယိုကို ကောင်းကောင်းဂရုစိုက်ထိန်းသိမ်းဖို့နဲ့ ပရိသတ်အဆိုးမြင်သွားစေမယ့်တည်းဖြတ်မခံရအောင် မမယုဖေးကတောင် ပြောခဲ့တယ်လေ။ မမယုဖေးမှတ်မိသေးလား။"
ဝမ်ယုဖေး၏မျက်လုံးများ မှောင်နက်သွားသည်။ “မှတ်မိပါတယ်” ဟု ညင်သာစွာပြောသည်။
"အဲဒါကြောင့် အဲဒီတုန်းက အကြံကောင်းလေးတစ်ခုကို ညီမ တွေးမိသွားတာ။ ညီမ အဲ့ဒါကို တည်းဖြတ်ပြီး အွန်လိုင်းမှာတင်လိုက်တယ်။ အဲဒါက ဒီလောက်ထိရောက်မယ်လို့ မမျှော်လင့်ထားဘူး။"
ကုံးကျင်လိန်သည် စကားပိုပြောလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ "စိတ်ကျေနပ်စရာအကောင်းဆုံးကတော့ တစ်စုံတစ်ယောက်က ဒူးထောက်နေတဲ့အရံအမျိုးသားသရုပ်ဆောင်ရဲ့ ဓာတ်ပုံကို တင်လိုက်တာပဲ"
"ရှီရန်ကို အရမ်းမုန်းနေတဲ့သူက ဘယ်သူလဲသိချင်မိသား ဟားဟားဟား။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုဘယ်လိုနေထိုင်ရမှန်းမသိတဲ့ငတုံးမရှီရန်ဖြစ်သွားတာပဲ။ သူမက လူတော်တော်များများကို စော်ကားခဲ့တာဖြစ်မယ်။ သူမနဲ့ ဒါပဲ ထိုက်တန်တယ်။"
ဝမ်ယုဖေးကုတင်ပေါ် မှီပြီး ဝိုင်နီတစ်ငုံသောက်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သတိထားရမယ်။ ညီမမှန်းသာ လူတွေရှာတွေ့သွားရင် ဒုက္ခရောက်သွားမယ်နော်" လို့ ဂရုတစိုက် အကြံပေးသည်။
ကုံးကျင်လိန်သည် အလွန်ယုံကြည်မှုရှိသည်။ "စိတ်မပူပါနဲ့ မမယုဖေး။ ညီမ ဒီဗီဒီယိုတွေကို အမည်ဝှက်နဲ့ပို့လိုက်တာ။ မမ စုံစမ်းရင်တောင် ညီမကို ရှာတွေ့မှာမဟုတ်ဘူး။"
"ရှီရန်ကိုအစားထိုးတော့မယ်ဆိုတာ ညီမကြားတယ်။ အဲ့ဒါက အမှန်ပဲလားဟင်" ကုံးကျင်လိန်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"ဟူး" ဝမ်ယုဖေးကူကယ်ရာမဲ့သက်ပြင်းချလိုက်သည်။ "ဒါက အဖေရဲ့ ဆုံးဖြတ်ချက်ပဲ။ အစ်မဘာမှမတတ်နိုင်ဘူး"
"အဲဒါအရမ်းကောင်းတယ်" ကုံးကျင်လိန် က ပိုလို့တောင် ဝမ်းသာအားရပြုံးလိုက်သည်။ “ဒီမြေခွေးမက ကိုကိုကျင်းထျန်ကိုဖြားယောင်းရုံတင်မကဘူး တတိယသခင်လေးကိုတောင် ဖြားယောင်းခဲ့တယ်"
ထိုအချိန်တွင် ကုံးကျင်လိန်၏လက်ထောက်၏စိုးရိမ်သောအသံထွက်ပေါ်လာသည်။
"အစ်မ ကျင်လိန်၊အတော်ဆုံးမင်းသားပိုင်က ရှီရန်နာမည်ဆိုးကို ရှင်းလင်းဖို့ Weibo မှာ ပို့စ်ကူတင်ထားတယ်။"
၎င်းကို ဝမ်ယုဖေး ကြားလိုက်ရသည်။ သူမ ဖုန်းတွင် Weibo ကိုဖွင့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ပိုင်ကျင်းထျန်၏နာမည်သည် ခေတ်စားနေသောရှာဖွေမှုများတွင် ပေါ်လာသည်။
## ပိုင်ကျင်းထျန်ရဲ့ရှင်းလင်းတင်ပြချက်
[ပိုင်ကျင်းထျန်]- ရှီရန်က ရိုက်ကွင်းမှာ ရိုက်ကူးနေတုန်းက ကျွန်တော် ရှိနေတာ အမှန်ပါဘဲ။ ဒါပေမယ့် အကြောင်းပြချက်က လူတိုင်းထင်သလို မဟုတ်ပါဘူး။
ထို့နောက် ပိုင်ကျင်းထျန်သည် အမှန်တရားအကြောင်းပို့စ်တွင် ဝမ်ယုဖေးကိုပင် tag ခဲ့သည်။
[ပိုင်ကျင်းထျန်]- @ဝမ်ယုဖေး ရုပ်ရှင်ဘုရင်မဝမ်လည်း အဲ့ဒီနေရာမှာ ရှိနေပါတယ်။ သူမက ကျွန်တော့်ဘက်ကနေ သက်သေခံနိုင်ပါတယ်။
နောက်ဆုံးစာကြောင်းကို သူမ မြင်သောအခါ ဝမ်ယုဖေး၏အမူအရာသည် အကျည်းတန်သွားသည်။
ပိုင်ကျင်းထျန်က သူမကို tag ရန် မမျှော်လင့်ထားပေ။
ယခု သူမ ဝင်ရောက်ပြီးအရာများကို ရှင်းလင်းအောင် ကူညီပေးရမည်။
သူမလက်များကို လက်သီးအဖြစ်ဆုပ်ထားပြီး ခေါင်းကို ငုံ့လိုက်သည်။ သူမ၏မျက်လုံးအောက်မှအရိပ်များက သူမ၏ရက်စက်သော အမူအရာများကို ဖုံးအုပ်ထားသည်။ Weibo ပိုစ့်ကို အောက်ဆွဲချပြီး အင်တာနက်သုံးစွဲသူများ၏မှတ်ချက်များကို ကြည့်လိုက်သည်။
[အော့!!! သေရော!!! ညစ်ပတ်စရာကောင်းတဲ့လူတွေ!!!]
[ဒါဆို အကြောင်းတစ်ခုခုရှိတယ်ပေါ့။ F*ck၊ အဲဒီကောင်စုတ်က ဓာတ်ပုံကိုတင်တဲ့အခါ ဘာမှမပြောခဲ့ဘူး။]
[ဒါက တကယ့်ကို တွေးချင်သလိုတွေးနိုင်တဲ့ပုံတစ်ခုပဲ။ ခေါင်းစဉ်အကြောင်းအရာအားလုံးက ဖန်တီးထားတာပဲ။]
[ကိုကိုထျန် ပြောတာ မှန်တယ်။ သူမကလုပ်ကြံခံရတာ။]
[ငါ သိနှင့်နေတယ်။ ရှီရန်က ဘာကြောင့် လူတွေကို ဒူးထောက်ခိုင်းဖို့သတ္တိရှိမှာလဲ။]
[အဲဒီလိုလူကို ရှစ်ကြိမ်၊ ဆယ်ကြိမ်လောက် ဒူးထောက်ခိုင်းဖို့က အပန်းကြီးတာတော့ မဟုတ်ဘူး။]
"ဘန်း-"
တစ်စုံတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာသည်။
ဝမ်ယုဖေးက ဖုန်း၏ထိပ်ဆုံးကို ကြည့်လိုက်သည်။
ပိုင်ကျင်းထျန်နဲ့သူမ ဖုန်းဆက်သွယ်မှုက ဆက်လက်ရှိနေတုံးဖြစ်သည်။
မျက်လုံးကို ကျဥ်းမြောင်းလိုက်ရင်း ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
ဝမ်ယုဖေးက ဘာမှပြန်မပြောပေ။ ၎င်းအစား ပိုင်ကျင်းထျန်သည် အရာအားလုံးကို ရိုက်ခွဲပြီးသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။
မကြာခင်တွင် ကုံးကျင်လိန်၏ဒေါသသံ ထွက်ပေါ်လာသည်။ "မမယုဖေး၊ ကိုကိုကျင်းထျန်က ရှီရန်ကို ဘာလို့ကူညီခဲ့တာလဲလို့ မမ ထင်လဲ။ ဘာလို့လဲ။"
ဝမ်ယုဖေးက ညင်သာစွာပြောသည်။ "ဒီရိုက်ကူးရေးကိုလုပ်တုန်းက ကြည့်နေတဲ့သူတွေ အများကြီးပဲ။ အရံယောကျာ်းသရုပ်ဆောင်အကြောင်းကို အစ်မတို့အားလုံးသိကြတယ်။ အခုလိုတုံ့ပြန်တာက ယုတ္တိရှိပါတယ်"
"ညီမ သိပါတယ်။ ဒါပေမယ့် ညီမ စိတ်ဆိုးတယ်။ ကျင်းထျန် သူမကို ကူညီနေတာကို ညီမ သည်းခံမကြည့်နိုင်ဘူး"
ဝမ်ယုဖေး၏မျက်လုံးများတွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်လာသည်။
သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျင်းထျန်က အဝတ်လဲခန်းထဲမှာဖြစ်ပျက်ခဲ့တာကို မတွေ့လိုက်ရဘူး။ မဟုတ်ရင် သူ အဲ့ဒါကိုပါရှင်းဖို့ကူညီပေးလိမ့်မယ်"
"ဟင့်အင်း ညီမ ခွင့်မပြုဘူး" ကုံးကျင်လိန်က ဗိုလ်ကျနေသည်။
"စိတ်မဆိုးပါနဲ့။ အဝတ်လဲခန်းထဲက သရုပ်ဆောင်တွေနဲ့ဝန်ထမ်းတွေက ဒါကို လွယ်လွယ်နဲ့ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူး။ ညီမနဲ့ ပါဝင်ပတ်သက်နေတဲ့လူပဲ ဒီအကြောင်းကို အခု သိနေတာ" ဝမ်ယုဖေးချော့ပြောသည်။
"ဟုတ်တယ် မမယုဖေး ပြောတာမှန်တယ်" ကုံးကျင်လိန်သဘောပေါက်လာသည်။ "ဒီအကြောင်းကို ဘယ်သူမှမပြောရဲဘူး။ ညီမတစ်ယောက်တည်းပဲ သိတယ်"
"ဒါဆို ညီမ မပြောရင် သူမရဲ့အပြစ်ကင်းစင်မှုကို ဘယ်သူမှ သက်သေမပြနိုင်ဘူး။ ဒါပေမယ့်... ဒီကိစ္စက အတိအကျမရှင်းလင်းဘဲ ချန်ထားခံရနိုင်တယ်" လို့ ဝမ်ယုဖေးက ဝမ်းနည်းစွာနဲ့ ပြောသည်။
"ဟင့်အင်း" ကုံးကျင်လိန်က ချက်ချင်းပင်ပြောသည်။ "ညီမမှာ အကြံတစ်ခုရှိတယ်။ ရှီရန်ဒီအခြေအနေကနေ ရုန်းမထွက်နိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ညီမ သိတယ်။ ညီမ အဲ့ဒါကို အခုလုပ်တော့မယ်။"
"မမယုဖေး၊ ညီမရဲ့သတင်းကောင်းကို စောင့်နေလိုက်တော့"
ကုံးကျင်လိန်က အလျင်အမြန်ဖုန်းချလိုက်သည် ။
ဝမ်ယုဖေးသည် အမှောင်ကျသွားသောဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ရယ်မောလိုက်သည်။