ပိုင်ကျင်းထျန် Weibo ၌ပို့စ်တင်ပြီးနောက် လူအားလုံး၏စိတ်ခံစားမှုက တဖြည်းဖြည်းငြိမ်သက်သွားပြီး စိတ်မလှုပ်ရှားကြတော့ပေ။
သို့သော်လည်း အချိန်အတော်ကြာခေတ်စားနေသော ရှာဖွေမှုများတွင်ရှိခဲ့သောကုံးကျင်လိန်သည် ထိုအချိန်တွင်ပို့စ်တင်ခဲ့သည်။
ကုံးကျင်လိန်- အခုမှပြန်ဖြေမိလို့ဆောရီးပါနော်။ ဒီကိစ္စကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ ဖြောင့်မတ်တဲ့သူက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာတင်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဗီဒီယိုကတကယ့်အစစ်အမှန်လို့ပဲ ကျွန်မပြောချင်ပါတယ်။
ကုံးကျင်လိန်က စကားလုံးအနည်းငယ်သာပို့စ်တင်ခဲ့လည်း နဂိုကတည်ငြိမ်နေပြီဖြစ်သောအင်တာနက်သုံးစွဲသူက ပြန်ထကြွလာသည်။
[ဒီဓာတ်ပုံက ရှီရန် ဘယ်သူ့ကိုမှဒူးထောက်ခိုင်းတာမဟုတ်ကြောင်းဘဲ သက်သေပြနေတယ်။ တစ်ယောက်ယောက်ကို ရိုက်နှက်တာကကော။ အမှန်ပဲ မဟုတ်လား။]
[ဥပဒေ မရှိတော့ဘူးလား။ သူမ တကယ့်ဘုရင်မလို့ထင်နေတာလား??]
[ပါဝင်ပတ်သက်သူက အခြေအနေကိုရှင်းပြထားပြီး ပိုင်ကျင်းထျန်က ဓာတ်ပုံကိုဘဲ ရှင်းလင်းပေးခဲ့တယ်။ ဗီဒီယိုက အမှန်တကယ်ဖြစ်တယ်လို့ ဆိုလိုတာလား။]
[စတူဒီယိုက ရိုက်ကူးရေးအဖွဲ့သားနဲ့သရုပ်ဆောင်တွေ သက်သေပြနိုင်တယ်လို့ ပြောခဲ့တယ်။ သူတို့ဘယ်မှာလဲ။ ဘယ်မှာလဲ???]
[သူတို့က လက်လွတ်စပယ်စကားပြောနေကြတယ်။]
[အဲ့ချိန်က ကုံးကျင်လိန်အရမ်းထိတ်လန့်သွားပြီး သူမမျက်နှာတောင် ဖြူဖျော့သွားခဲ့တယ်။ ပြီးတော့ ရှီရန်က ဓါတ်ဘူးကို ပစ်လိုက်တဲ့အချိန်တုံးက သူမမျက်နှာပေါ်ကပါးရိုက်ခံထားရတဲ့အမှတ်အသားတစ်ခု ရှိနေသေးတယ်။]
[ဒီဗီဒီယိုကို ဘယ်သူမှမတင်မိရင် ဘယ်သူမှသိမှာမဟုတ်ဘူးလို့ ဆိုလိုတာလား။]
[ထုတ်လုပ်ရေးအဖွဲ့က ရှီရန်ကို စွန့်ပစ်ခဲ့တာဖြစ်နေမလား။]
[ပေးစားနေတဲ့ပရိသတ်တွေ နင်တို့အားပေးနေတဲ့သူတွေကို သေချာကြည့်ကြဦး။]
အင်တာနက်အသုံးပြုသူက သဘာဝကျသောဒေါသနဲ့ ပြည့်နှက်နေသည်။ သူတို့အားလုံးသည် ဖြောင့်မတ်သူများအဖြစ်သို့ပြောင်းလဲသွားပုံရပြီး ရှီရန်ကို ဆက်လက်ဝေဖန်ခဲ့ကြသည်။
နာရီဝက်တောင်မပြည့်မီ ရှီရန်၏Weibo သည် ပလူပျံနေပြီဖြစ်သည်။သူမ၏ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်ကို အင်တာနက်သုံးစွဲသူအများအပြားက မေးခွန်းများတရစပ်ပို့ကြသည်။
ဝမ်ယုဖေးကျေနပ်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် ရှောင်ရှီးသည် ဘဝင်တက်နေသောအမူအရာဖြင့် ဝင်လာသည်။ "မစ္စကုံးက ဒီလောက်တောင် ဥာဏ်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ညီမတို့ပို့လိုက်တဲ့ ဓာတ်ပုံတွေက အသုံးမဝင်သလိုဖြစ်သွားမယ်လို့ထင်ခဲ့တာ။ ဗီဒီယိုတစ်ခုရှိသေးတယ်ဆိုတာကိုညီမ မေ့လုနီးပါးပဲ။"
သူမသည် ဝမ်ယုဖေး၏နံဘေးသို့ ပျော်ရွှင်စွာ လျှောက်သွားသည်။ "မမယုဖေးက ဉာဏ်ကောင်းတယ်။ ညီမ ဗီဒီယိုကို ဖျက်မလိုလုပ်ပြီးဓာတ်ပုံတွေအသုံးပြုဖို့ မမျှော်လင့်ထားခဲ့မိဘူး။"
"ရှီရန်က အခုအချိန်မှာ အတော်ဖြေရှင်းရမှာ။ အစ်ကိုဖုန်းက သူမရဲ့ထိပ်တန်းမန်နေဂျာအဖြစ်နဲ့တောင် သူမကို မကူညီနိုင်ဘူး"
"အဖေက ဘာပြောလိုက်တာလဲ" ဝမ်ယုဖေးက မေးသည်။
"CEO က ထုတ်လုပ်ရေးအဖွဲ့ကအားလုံးကို စကားမပြောဖို့အမိန့်ထုတ်ထားပြီးသား။ ရုပ်ရှင်မင်းသားပိုင်က အဝတ်လဲခန်းအကြောင်းစုံကိုမသိဘူး။ သူ သူမကိုယုံရင်တောင် သူမကို ကူညီမပေးနိုင်ဘူး"
ရှောင်ရှီးက ဘဝင်တက်သွားသည်။ သူမသည် ဝမ်ယုဖေး၏နောက်သို့လျှောက်သွားပြီး သူမ၏ပခုံးများကို နှိပ်နယ်လိုက်သည်။ "တတိယသခင်လေးက ခေတ်စားနေတဲ့အကြောင်းအရာကို မြင်ပြီး ရှီရန်က ဒီလိုလူမှန်းသိရင် သူ သူမကို မုန်းသွားမှာ သေချာတယ်"
ဝမ်ယုဖေးမျက်လုံးများ တစ်ဖျပ်ဖျပ်လုပ်သွားသည်။ "ကျင်းချန်း အမုန်းဆုံးအရာက တစ်စုံတစ်ယောက်က အခြားသူတွေဆီကနေအခွင့်ကောင်းယူပြီး သူလိုချင်သမျှကိုလုပ်ယူနေတာကိုပဲ။ ခေတ်စားနေသောရှာဖွေမှုကို မဖတ်ဖြစ်လောက်အောင်အထိ သူ အရမ်းအလုပ်ရှုပ်နေမှာ။"
"တတိယသခင်လေးက အဲဒါကိုဖတ်ဖို့ အချိန်မရှိဘူး။ မမယုဖေး၊ သူ့ကိုဖုန်းခေါ်ပြီး ဖတ်ခိုင်းလိုက်ပါလား" ရှောင်ရှီးက စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။
ဝမ်ယုဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီးခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ပြုံးလိုက်သည်။ "အမှန်ပဲ၊ သူက ရှီရန်အတွက် အတော်လေး စိတ်ပူနေသင့်တယ်။"
သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချူးကျင်းချန်း၏နံပါတ်ကို နှိပ်လိုက်သည်။
"ဟဲလို မစ္စဝမ်။ တတိယသခင်လေးက အစည်းအဝေးအခန်းထဲမှာပါ။" လက်ထောက်စန်းယုက ဖုန်းဖြေသည်။
"စန်းယု အကြောင်းကိစ္စကဒီလိုပါ။ ရှီရန်အကြောင်းအင်တာနက်မှာခေတ်စားနေတဲ့ ခေါင်းစဉ်တစ်ခု ရှိတယ်။ သူမက သူတပါးကို အနိုင်ကျင့်တတ်တဲ့လူအဖြစ် သမုတ်ခံနေရတယ်။ အခု အဖေက သူ့ကိုဒုတိယအမျိုးသမီး ဇာတ်ဆောင်ကနေ ဖယ်ရှားပစ်ချင်နေတာ။"
ဝမ်ယုဖေးက ခေတ္တရပ်လိုက်ပြီး ထိန်းပြောလိုက်သည်။ "ကျင်းချန်းက သူမကိုဂရုစိုက်တယ်ဆိုတာ ယုဖေးသိတယ်။ ဒါကြောင့် သူ့ကို ကိုယ်တိုင်ပြောပြချင်လို့ပါ"
"ကောင်းပါပြီ မစ္စဝမ်"
ဖုန်းချပြီးနောက် ရှောင်ရှီးက ယုံကြည်မှုအပြည့်နဲ့ပြုံးလိုက်သည်။
"တတိယသခင်လေး ခေတ်စားနေတဲ့ အကြောင်းအရာကိုမြင်တဲ့အခါ သူ သူမကို မုန်းသွားမှာ သေချာတယ်။ သူမကို နောက်တစ်ကြိမ် ရိုက်ကွင်းမှာ ညီမတို့ထပ်တွေ့ရမှာမဟုတ်တော့ဘူး။ ဘယ်လောက်ကောင်းလိုက်သလဲ"
"အင်း" ဝမ်ယုဖေးသည် ချူးကျင်းချန်းကို တွေးပြီး ရှက်ပြုံးလေးပြုံးလိုက်သည်။
KT အဖွဲ့
စန်းယုက စိတ်အနှောင့်အယှက်ဖြစ်စွာသက်ပြင်းချကာ ဖုန်းချလိုက်သည်။
မစ္စဝမ်သည် အလွန်နှိမ့်ချလွန်းသည်။
သူမ၏ခင်ပွန်းလောင်းကိုတောင် တခြားမိန်းမအား ဂရုစိုက်ခွင့်ပေးသည်။
လက်ထောက်တစ်ဦးအနေဖြင့် သူသိသော်လည်း တတိယသခင်လေး၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် သူ့တွင်မရှိပေ။
သို့သော်လည်း နားလည်မှုရှိသောမစ္စဝမ်သည် မစ္စရှီထက် တတိယသခင်လေးအတွက် ပိုသင့်လျော်သည်ဟု သူခံစားရသည်။
အစည်းအဝေးပြီးသွားသောအခါ လူတိုင်းအစည်းအဝေးခန်းထဲက ထွက်လာသည်။
ချူးကျင်းချန်းသည် အခန်းထဲ၌ရှိနေဆဲဖြစ်သည်။
စန်းယုက ဝင်လာသည်။ "တတိယသခင်လေး၊ မစ္စဝမ် ဖုန်းခေါ်ခဲ့ပါတယ်"
ချူးကျင်းချန်းသည် စိတ်မဝင်စားဘဲ ပျင်းရိစွာ တုံ့ပြန်သည်။
"ဒါက မစ္စရှီနဲ့သက်ဆိုင်နေပါတယ်။"
ချူးကျင်းချန်း မျက်ခုံးပင့်လိုက်သည်။ "ဘာအကြောင်းလဲ?"
စန်းယု၏ပါးစပ် တွန့်သွားသည်။
မစ္စရှီအတွက် တတိယသခင်လေး၏ဆက်ဆံမှုသည် မစ္စဝမ်အပေါ်ဆက်ဆံပုံနှင့် အလွန်ကွာခြားနေသည်။
"မစ္စရှီက ခေတ်စားနေတဲ့ရှာဖွေမှုမှာရှိနေပါတယ်။ ဒါက ခေတ်စားနေတဲ့ရှာဖွေမှုရဲ့အကြောင်းအရာတွေပါ။" သူစကားပြောနေစဉ် စန်းယုသည် သူ့လက်ထဲတွင်ရှိသော တက်ဘလက်ကို ချူးကျင်းချန်းအား ပေးလိုက်သည်။
ချူးကျင်းချန်း၏ကျောက်စိမ်းနှင့်တူသော လက်ချောင်းထိပ်များသည် ဖန်သားပြင်ပေါ်တွင် ပွတ်တိုက်သွားသည်။သူ ပိုကြည့်လေလေ သူ့အမူအရာက ပိုမဲမှောင်လာလေလေဖြစ်သည်။
"နှာဘူးကောင်လား?" အပြုံးတစ်ခုက သူ့နှုတ်ခမ်း၌ပေါ်လာသော်လည်း သူ့မျက်လုံးများက အေးစက်နေသည်။ “ဒီလူကို ငါ မြို့တော်မှာ ထပ်မမြင်ချင်ဘူး။"
“ကောင်းပါပြီ” စန်းယုက ပြောသည်။ သူ စကားဆက်ပြောတော့မည်ဖြစ်သည်။
"ပြီးတော့ သူ့ကို သင်ခန်းစာပေးဖို့လူရှာလိုက်။ ဒီလိုအညစ်အကြေးကောင်တွေက မရေမတွက်နိုင်လောက်တဲ့အထိလူတွေကို ထိခိုက်စေနှင့်ပြီးသား။"
"ဟုတ်ကဲ့။"
"ဒီ ပိုင်ကျင်းထျန်..." ချူးကျင်းချန်းသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ပိုင်ကျင်းထျန် မက်ဆေ့ချ်၏အကြောင်းအရာကို အသေးစိတ်ဖတ်လိုက်သည်။
စန်းယု စိတ်တင်းကျပ်လာသည်။
တတိယမြောက်သခင်လေးက မစ္စရှီဘက်ကနေရပ်တည်ပေးတဲ့သူကိုတော့ လက်မလွှတ်သင့်ဘူးမလား။
"မေ့လိုက်တော့။ ဒါက ကောင်းတဲ့အရာပဲ" ချူးကျင်းချန်းက အေးဆေးတည်ငြိမ်စွာပြောသည်။
စန်းယုက ဘာမှမပြောပေ။
ကောင်းတယ်ဆိုရင် သူဘာလို့ ဒီလောက် ဝန်လေးနေတဲ့ပုံပေါ်နေတာလဲ???
စန်းယုက စကားတခွန်းမှ မပြောရဲသေးပေ။
"မစ္စဝမ်က ဖုန်းဆက်လာပါတယ်။ အဲဒီအချိန်မှာ တတိယသခင်လေး အစည်းအဝေးတက်နေတုန်းပါ။ ရေပန်းစားနေတဲ့ အကြောင်းအရာကြောင့် CEOဝမ်က မစ္စရှီရဲ့အပြုအမူက မကောင်းဘူးလို့ ဆုံးဖြတ်ပြီး ထုတ်လုပ်ရေးအဖွဲ့ကနေတစ်ဆင့် ထုတ်ဖို့စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။"
စန်းယုပြောပြီးသည်နဲ့ ချူးကျင်းချန်းက ကုံးကျင်လိန်၏Weibo ပို့စ်နဲ့၎င်းအောက်ကမှတ်ချက်များကို တွေ့လိုက်ရသည်။
စန်းယုဆီသို့ လက်လှမ်းလိုက်သောအခါတွင် စူးရှသောအလင်းတန်းတစ်ခုကသူ့မျက်လုံးထဲတွင် တောက်ပလာသည်။ "ဆဲလ်ဖုန်း"
ဖုန်းကိုယူကာ ဂျီဝမ်ဖုန်း၏နံပါတ်ကို နှိပ်လိုက်သည်။
"တတိယသခင်လေး?" ဂျီဝမ်ဖုန်း အံ့ဩသွားသည်။
"မင်း ဘယ်မှာလဲ?"
"ငါ အခု စတားမြို့ရဲ့ရုံးခန်းမှာ ရောက်နေပြီ။"
ဂျီဝမ်ဖုန်း စကားပြောပြီးသည်နှင့် ချူးကျင်းချန်းသည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
"ကားကိုပြင်လိုက်တော့။ စတားမြို့တော်ဖျော်ဖြေရေးကိုသွားမယ်။"
ကြောက်စဖွယ်ကောင်းစွာ သူ ပြုံးပြီး အပြင်သို့ ထွက်လာသည်။
စန်းယုက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
တတိယသခင်လေးက မစ္စရှီကို ပိုဂရုစိုက်ပုံပဲ။
သူ့နောက်ကို သူ အမြန်လိုက်သွားသည်။
စတားမြို့တော်ဖျော်ဖြေရေး
ဂျီဝမ်ဖုန်းမှင်တက်စွာ ဖုန်းချလိုက်သည်။
'ဒါဆို တတိယသခင်လေးက ငါ့ကို ဘာလို့ဖုန်းခေါ်တာလဲ။'
ရှီရန်အကြောင်း သူမေးချင်မယ်လို့ ငါထင်ခဲ့ပေမဲ့ သူ မမေးခဲ့ဘူး။
သူ့စိတ်ထဲက ခန့်မှန်းချက်များကို ဖယ်ရှားလိုက်ပြီး ရှီရန်ကိုကြည့်လိုက်သည်။"အခုတော့ ကုံးကျင်လိန်က သနားစရာကောင်းသလိုသရုပ်ဆောင်နေတော့ အင်တာနက်သုံးစွဲသူတွေက မင်းကို ပစ်မှတ်ထားနေကြတာ။"
"အဲ့ဒါထက်တောင်ပိုသေးတယ်" ဖန်တုံတုံက ဖုန်းကို ကြည့်ပြီး ဒေါသတကြီးနဲ့ပြောသည်။ "အဲဒီလူတွေက ညီမတို့ကို သီးသန့်မက်ဆေ့ချ်ကနေတောင် လာကြိမ်းမောင်းနေတယ်။ တခုထက်တစ်ခု ပိုပိုဆိုးလာတယ်"
“ဒီကိစ္စက မဖြေရှင်းရင် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရှိုးပွဲတွေမှာတည်ဆောက်ထားတဲ့ပုံရိပ်ကောင်းတွေ ပျောက်ကွယ်သွားလိမ့်မယ်။ အရင်တုန်းကအခြေအနေကိုပြန်ရောက်သွားတာမဟုတ်တော့ဘူး။ အရင်ကအခြေအနေ ပိုဆိုးသွားရုံပဲဖြစ်လာလိမ့်မယ်။"
ဂျီဝမ်ဖုန်းက လေးနက်နေသောအမူအရာဖြင့်ပြောသည်။ "အခု နည်းလမ်းနှစ်ခုပဲရှိတော့တယ်။ တစ်ခုက မင်းအတွက်ကူရှင်းပြဖို့ထုတ်လုပ်ရေးအဖွဲ့ကတစ်ယောက်ယောက်ကို ရှာရမယ်။ ဒါပေမယ့် ဒါက အလုပ်ဖြစ်မှာမဟုတ်တာသေချာတယ်။"
"ဒါဆို ဒုတိယနည်းလမ်းပဲ ကျန်တော့တယ်။ အဲဒါကို မှတ်တမ်းတင်ထားတဲ့သူကိုရှာရမယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဒီဟာကို မှတ်တမ်းတင်တဲ့သူက ကုံးကျင်လိန်ဘက်ကလူဆိုရင် ငါတို့က ဘာမှလုပ်မရတဲ့အနေအထားရောက်သွားလိမ့်မယ်။"
'နောက်ထပ် ငါတို့ဘာလုပ်နိုင်မလဲ စဥ်းစားကြည့်ဦးမယ်'
ဂျီဝမ်ဖုန်းက သူ့စိတ်ကိုအလုပ်ပေးပြီးသူ့နားထင်ကို ပွတ်လိုက်သည်။
တစ်စုံတစ်ယောက်က ဒီကိစ္စကို မှတ်တမ်းတင်ထားပြီးသား ကုံးကျင်လိန်က ငါတို့အသေးစိတ်ရှင်းမပြခင်မှာ သနားစရာကောင်းတဲ့အပြုအမူတွေ လုပ်ခဲ့တယ်။
ငါတို့ရှင်းပြချင်တာမှန်သမျှက အားနည်းသွားပုံပေါ်နေမှာဘဲ
"တကယ်တော့ အကောင်းဆုံးနည်းလမ်းက တိပ်ခွေကို ရှာဖို့ပဲ" လို့ ဂျီဝမ်ဖုန်းကပြောသည်။ "ဒါပေမယ့် ဒါက အခက်ခဲဆုံးနည်းလမ်းပဲ။ ဒါကို ဘယ်သူကမှတ်တမ်းတင်ခဲ့တယ်ဆိုတာ ငါတို့ မသိဘူး။"
"ကျွန်မ သိတယ်" ရှီရန်ပြုံးပြရင်း ပြောလိုက်သည်။