Ch 20
Viewers 4k

🙇‍♂️ Chapter 20

လက်ထပ်ထိမ်းမြားခြင်း



ယွဲ့လီမှာ ရုပ်ရည်အလွန်ကြည့်ကောင်းသည့်ထဲ မပါသော်လည်း သူ့ဘေးမှာလူများကို နွေဦးလေပြေကဲ့သို့ နွေးထွေးသော ခံစားချက် ပေးနိုင်သူဖြစ်သည်။ အထူးသဖြင့် ဘေးအိမ်မှ အစ်ကိုကြီးကဲ့သို့ နူးညံ့စွာရီလိုက်လျှင်ဖြစ်သည်။


“အာ့ပေါင်က တကယ် ကောင်းကောင်းကြီးပြင်းလာတာပဲ… ဦးလေးလီ ဒီလောက်လှတဲ့ကလေးကို မမြင်ဖူးဘူး…”



“ဦးလေးလီက သူများကိုချီးကျုးတဲ့နေရာမှာ တအားတော်တာပဲ…”


လော့ဖေး၏ မျက်နှာလေးမှာ လင်းလက်သွားသည်။


“ကျွန်တော်လည်း ဦးလေးလို လူမျိုးတစ်ခါမှ မတွေ့ဖူးဘူး…ဘယ်သူမဆို တစ်ချက်ကြည့်လိုက်တာနဲ့ ဦးလေးက ဘယ်လောက်ပျော်ရွှင်ပြီး စိတ်ကျေနပ်ဖို့ကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ထားလဲဆိုတာ မြင်နေရတယ်လေ…”


“ဦးလေးသာ ဘဝကို ပျော်ပျော်ရွှင်ရွှင်မနေနေရင် ဘယ်လိုလုပ်ပြီး အာ့ပေါင်ဆံပင်ကို ဖြီးပေးဖို့ ဝံ့ရဲမှာလဲ…”


ယွဲ့လီမှာ ဘီးအား ယူလိုက်သည်။


“ဆံပင်ကိုဖြီးတော့မယ်နော်…

တစ်ခုခုအဆင်မပြေရင်တောင် နှောင့်ယှက်လို့မရဘူးနော် ဟုတ်ပြီလား…”


“ဟုတ်ကဲ့…”


လော့ဖေး ကိုယ်ကိုမတ်ကာ သေချာထိုင်လိုက်သည်။


“အာ့ပေါင်ဆံသားက နက်မှောင်ပြီး တောက်ပနေတာပဲ…”


ယွဲ့လီမှာ သစ်သားဘီးဖြင့် လော့ဖေး၏ဆံနွယ်အား ဖြေးညင်းစွာဖြီးလိုက်သည်။


“ဆံသားအရင်းပိုင်းကို ဖြီးတဲ့ ပထမတစ်ချက်က ချမ်းသာကြွယ်ဝဖို့…ဆံသားအရင်းပိုင်းကို ဖြီးတဲ့ ဒုတိယတစ်ချက်က အပူအပင်ကင်းပြီး ကျန်းမာဖို့…ဆံသားအရင်းပိုင်းကို ဖြီးတဲ့ တတိယတစ်ချက်က သားသမီးတွေ အများကြီး ထွန်းကားဖို့…

ဆံဖျားပိုင်းကို ဖြီးတဲ့ စတုတ္တအချက်က မောင်နှံအချင်းချင်း ယုံကြည်လေးစားမှု ထပ်တူရှိဖို့…

ဆံဖျားပိုင်းကို ဖြီးတဲ့ ပဉ္စမအချက်က နှစ်ယောက် သင့်သင့်မြတ်မြတ်ရှိဖို့…

ဆံဖျားပိုင်းကို ဖြီးတဲ့ ဆဋ္ဌမအချက်က သေတပန် အသက်ထက်ဆုံး အတူတကွ ပေါင်းသင်းနိုင်ဖို့…

ဆံရင်းကနေ အဖျားအထိ ဖြီးတဲ့ အချက်က တစ်နှစ်ချင်းစီအတွက် လေးစားမှုနဲ့ ကြွယ်ဝမှုဖို့…

ရပြီ ဦးလေးအပြင်မှာ ထွက်စောင့်နေမယ် မင်္ဂလာဝတ်စုံဝတ်ပြီးရင် ထွက်လာခဲ့ ဆံထိုးထိုးပေးမယ်…”



(T/N: သူက ဆံပင်ကိုဖြီးရင် ရိုးရာအတိုင်း ဆုတောင်းပေးတဲ့ပုံစံမလို့ အနီးစပ်ဆုံး ရိုးရာဆုတောင်းနဲ့တူအောင်တော့ ရေးပေးထားပါတယ်ㅠㅠ)



လော့ဖေးသည် သူ၏ဆံပင်ကိုဖြီးပြီးသည့်နောက်တွင် ဆံထိုးထိုးရမည်ကိုသိလေသည်။

သူသည် မိန်းကလေးများကဲ့သို့ ကျစ်ဆံမြှီးကျစ်ကာ ဆံထုံးထုံးရန် မလိုအပ်ပေ။သူလက်ခံနိုင်သော အခြေအနေ‌တွင် ရှိသေးသည်။


လော့ဖေး အဝတ်များကို မြန်ဆန်စွာ လဲကာ မှန်တွင်းသို့ ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အတုမရှိဟု ပြောရန်ကြည့်ခြင်းဖြစ်သည်။

ခြောက်သွေ့သောရာသီ မရောက်သေးသော်လည်း သူ၏အသား‌အရည်မှာ

 á€”á€Żá€”á€šá€şá အစိုဓာတ်ပြည့်ဝမြဲ ဖြစ်သည်။အလွန်ရှားပါးသည့် အသားအရည်မျိုးပင်ဖြစ်သည်။



ဤအချိန်တွင် လော့ရူသည် ယွဲ့လီနှင့်အတူ ဝင်လာကာ မိတ်ကပ်ပစ္စည်းအချို့ကိုလည်း လက်တွင်း၌ ကိုင်လာသည်။


“အားပေါင် လာပါ မျက်ခုံးမွှေးနည်းနည်းဆွဲလိုက်…

ပါးနီလည်းခြယ်လိုက်ဦး…”


လော့ဖေးသည် ကြောက်ရွံ့၍လော့ရူအား အမြန်ပင်တားလိုက်သည်။


“မလုပ်နဲ့ မလုပ်နဲ့…

ငါဒါကြီးမကြိုက်ဘူး စန်းပေါင်ပဲသိမ်းထားလိုက်ပါ…”


ယွဲ့လီက ရယ်၍ ပြောလိုက်သည်။


“ဒါကအဆင်ပြေမယ်ထင်ပါတယ်…

မင်းမျက်ခုံးကြားမှာ ပါးနီစက်သေးသေးလေးတော့ခြယ်လိုက်လေနော်…

အဲ့တာကပိုပြီး ပွဲနဲ့သင့်တော်လိမ့်မယ်

မဟုတ်ရင် တအား ပြောင်ကြီးဖြစ်နေမှာလေ…”


လော့ဖေးသည် မည်သည့်အရာကိုမျှမလုပ်ချင်တော့ပေ။

သို့သော်ငြား သူ၏နံဘေးမှလူများအား စိတ်တိုင်းကျစေရန် သူ၏မျက်ခုံးနှစ်ဘက်ကြား၌ ပါးနီစက်လေးကိုခြယ်လိုက်ရတော့သည်။

ထိုအရာသည် အနီစက်သေးသေးလေးသာဖြစ်သည်။

တစ်ခုခုပြောင်းလဲသွားသည်ဟုလည်း မခံစားရလောက်ပေ။


သို့ပေမယ့် အနီစက်လေးခြယ်ပြီးသည့်အခါ လူတစ်ယောက်လုံး၏ ပင်ကိုယ်ပုံစံသည် ပို၍ ‌လင်းလက်တောက်ပသွားလေသည်။

လော့ဖေးသည် ရေချိုးသန့်စင်ပြီးသည့်အချိန်က

ဖြူစင်၍ သန့်ရှင်းသည့်ပုံပေါက်သည်။

သို့သော် ဤ အနီစက်လေးကြောင့် သူ၏ပုံစံမှာ ပို၍ဆွဲဆောင်မှုရှိသွားလေသည်။

သူ၏ပုံစံသည် လူများကို ဝိဉာဉ်လွင့်စေသည်အထိ ဆွဲဆောင်နိုင်သည်။


ကျန့်ယန်ဖန်းနှင့် ရှီယန်ချင်းကိုသာမဟုတ် အခြားသူများသူ့အားမြင်ပါကလည်း မျက်စိလွှဲနိုင်ကြမည်မဟုတ်ပေ။


“အားပေါင်… အားပေါင်

အစ်ကိုက တခြားမိသားစုကမိန်းကလေးတွေကို

အသက်မရှင်စေချင်တော့ဘူးထင်တယ်…”

(T/N:လော့ဖေးကရွာထဲကတခြားမိန်းကလေးတွေထပ် ပိုလှတယ်လို့ပြောချင်တာပါ။)


လော့ရူသည် လော့ဖေးအား နှစ်ကြိမ်လောက်လှည့်ပတ်ကြည့်ကာ ချီးကျူးလိုက်သည်။


“အရမ်းလှတယ်..

အရမ်းကိုကြည့်လို့ကောင်းတာပဲ…”


“ဟုတ်တာပေါ့…အခု ငါ တစ်ခုခုစားလို့ရပြီလား…”


သူသည် အိပ်ယာနိုးစဉ်ကတည်းက မည်သည့်အရာကိုမျှ မစားရသေးချေ။ သူ ဗိုက်ဆာလွန်းသဖြင့်မျက်ရည်ပင်ဝဲနေပေပြီ။

ဗိုက်တွင်းမှလည်း ‘ဂွီ’ ဟူသောအသံထွက်၍ ဆာလောင်မှုကိုဖော်ပြနေပြီဖြစ်သည်။


“အားပေါင် ပန်းသီးပဲစားလို့ရမှာ…”


လော့ယိမှ လော့ဖေးအား ပန်းသီးတစ်လုံးပေးလိုက်လေသည်။


ပန်းသီးစားရမည့်ရာသီမဟုတ်သဖြင့် ပန်းသီးစားရသည်မှာ ထူးခြားနေသော်လည်း

မည်သည်မျှမရှိသည်ထပ်ဆာလျှင်တော့ တော်ပါသေးသည်။


လော့ဖေးသည် ပန်းသီးစားရန်အတွက် အိပ်ရာပေါ်၌ ထိုင်လိုက်လေသည်။ စားနေလျက် ကူညီရန်ရောက်နေသော ဟန်ရှုနှင့် စကားပြောနေလေသည်။



“မင်း ခဏနေ မျက်နှာလွှားဇာ ခြုံတော့မှာလား…”

ဟန်ရှုမှမေးလိုက်သည်။



[တရုတ်ရိုးရာအနီရောင်မျက်နှာလွှားဇာကိုပြောတာပါ။

ဖောက်ထွင်းမြင်ရတဲ့ ဇာတွေက ခေတ်ပိုဆန်မယ်ထင်တယ်။ ရှီယန်ချင်းတို့သူ့အလှလေးကိုသူများမြင်သွားမှာ ပူစရာမလိုတော့ဘူးပေါ့:D]


“မျက်နှာလွှားဇာခြုံရတော့မယ်…"


ကော(ကိုယ်ဝန်ဆောင်နိုင်သည့် အမျိုးသား)များ လက်ထပ်သည့်အခါ မျက်နှာလွှားဇာကိုခြုံရန်မလိုအပ်ပေ။

ခြုံလျှင်လည်း ကိစ္စမရှိပါ။

လော့ဖေးသည် မျက်နှာလွှားဇာကို မခြုံချင်သော်လည်း အခြားသူများသူ့ကို ကြည့်နေသည်ကို နေရခက်၍ သူ့ကိုယ်သူဖုံးထားချင်ခြင်းဖြစ်သည်။

အခြားသူများလည်းသူ့အား မမြင်သကဲ့သို့ သူကိုယ်တိုင်လည်းအခြားသူများကို မမြင်ရပေ။

ဤသို့ဖြင့် ရှီယန်ချင်း၏ အိမ်သို့သွားရသည့်လမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့နေပေလိမ့်မည်။


ဟန်ရှူသည် လှောင်ပြုံးပြုံးကာပြောလိုက်သည်။


“အဲ့လိုလုပ်တာ မင်းရဲ့ရှီကိုကို ကိုပဲ အလှဆုံးပုံစံလေးကိုပြချင်လို့မလား…”


လော့ဖေးကြက်သီးများထသွားကာ သူ၏စကားမှာမှန်ကြောင်းတွေးမိသည်။


သူ့မိသားစုဝင်တွေနဲ့ ဟန်ရှုနဲ့ယွဲ့လီကလွဲရင် သူ့ကိုမြင်မည့်တစ်ဦးထဲသောသူက ရှီယန်ချင်းမလား…


လော့ဖေးမသိသည်မှာ လက်ထပ်ပွဲညမတိုင်ခင်ကပင် ရှီယန်ချင်းသည် လော့ဖေး၏မင်္ဂလာဝတ်စုံဝတ်ထားသောပုံနှင့် မျက်နှာလွှား ခြုံထားသောပုံစံကို စိတ်ကူးယဉ်နေခဲ့ခြင်းဖြစ်သည်။



ကြည့်ရတာ ရှီယန်ချင်းဆုတောင်းတွေ

ပြည့်တော့မယ်ထင်တယ်…


ဤစိတ်ကူးများသည် ယောက်ျားတိုင်းအတွက် အရေးပါလေသည်။ သူတို့သည်လည်း ရှီယန်ချင်းထပ် မနည်းသော စိတ်ကူးယဉ်မှုများပြုလုပ်ကြလိမ့်မည်။


&&&&&&&&



ငွေကုန်ကြေးကျ သက်သာစေရန်နှင့် လယ်လုပ်ငန်းအားမထိခိုက်စေရန် နယ်ဘက်မှ မင်္ဂလာဆောင်များသည် နွေရာသီတွင် ကျင်းပလေ့ရှိသည်။


နွေရာသီတွင် လယ်ထဲနိုင်လုပ်စရာအလုပ် များစွာမရှိသောကြောင့်ဖြစ်သည်။

ထိုကာလတွင်မူ အိမ်တိုင်း၌ လတ်ဆတ်သော ဟင်းသီးဟင်းရွက်အများအပြားရှိလေသည်။

ထိုသို့ရှိ‌သော‌ကြောင့် ငါးနှင့်အသားများကိုသာထပ်ဝယ်ရန်လိုအပ်ပေသည်။

ယခုကာလမှာမူ အသီးအနှံမှာရှားပါးလေသည်။

စားပွဲအားကြည့်လို့လှစေချင်လျှင် အသားများများပို၍လိုအပ်လေသည်။


ရှီယန်ချင်းသည် အသားအမြောက်အမြား ဝယ်ထားသော်လည်း လူအမြောက်အများမဖိတ်ထားချေ။


သူနှင့်ဆက်ဆံရေးအဆင်ပြေသော လူများကိုသာ ဖိတ်ထားခြင်းဖြစ်လေသည်။

ထိုလူများအားဖိတ်သည့်အချိန်မှာ မနက်ပိုင်းတွင်ဖြစ်သည်။လယ်တွင်းထဲ၌ အလုပ်လုပ်ရသောလူများရှိ၍ ထိုသို့ဖိတ်ခြင်းဖြစ်သည်ဟု လူများကထင်ကောင်းထင်နိုင်သည်။


သို့သော် အကြောင်းအရင်းအစစ်မှာမူ ရှီယန်ချင်းတစ်ယောက်သာသိလေသည်။

သူ‌သည် လော့ဖေးအား သူတစ်ဦးတည်းသာမြင်ချင်သောကြောင့်ဖြစ်သည်။


ဂိတ်ဝ၌ အလှဆင်ထားသော မီးများသည်လည်းပြင်ဆင်ပြီးဖြစ်သည်။

ရှီယန်ချင်းသည် ဝင်းဝိုင်းထဲ၌ အားလုံးပြီးစီးသည်ကိုတွေ့ပြီး ဧည့်သည်များရောက်ရှိနေသည်ကိုလည်းတွေ့သည်။

သူသည် အနီရောင်ပိုးချည်ဆင်ထားသော မြင်းကိုစီးကာ လော့အိမ်တော်သို့ ထွက်ခွာခဲ့လေသည်။


လော့အိမ်တော်သည် သိပ်မဝေးသဖြင့် ရှီယန်ချင်းနှင့်လိုက်ပါသော သူများသည်လည်း အခက်အခဲသိပ်မရှိပေ။ သူတို့သည် အဝေးကြီး လမ်းလျှောက်ရမည်ကို စိတ်မပူရဘဲ ရှီယန်ချင်းနှင့်အတူလိုက်ပါခဲ့လေသည်။


လော့ဖေးသည် ယခုပင် ပန်းသီးစားလို့ပြီးခဲ့သည်။

သို့သော်လည်း ဗိုက်မပြည့်ဘဲ ပို၍ဆာလောင်သလိုခံစားနေရသည်။


သွားရမည့်ခရီးမှာလည်း အချိန်သိပ်မကုန်သဖြင့် သူ့အားမည်သည့်စားစရာမျှ ပေးကြမည်မဟုတ်ချေ။


သူသည် ရှီယန်ချင်းအားမျှော်နေရုံမှလွဲ၍မတတ်နိုင်ပေ။


သူ့မိသားစုကတကယ်ကြီးသူ့ကိုဘာမှမကျွေးကြဘူး…


လော့ဖေးသည် မစောင့်နိုင်တော့ဘဲ ပြင်ပမှ အသံများကိုနားစွင့်ကြည့်ရာ တီးမှုတ်နေသောအသံများကြား၍ အပြင်သို့ထွက်လုနီးနီးဖြစ်သွားသေးသည်။



သူ့ရဲ့မျက်နှာဖြူဖြူ‌လေးမှာ မင်္ဂလာဆောင်ရတဲ့ခံစားချက်ရောရှိရဲ့လား…

ဝက်သားပေါင်းစားချင်တဲ့ ခံစားချက်ပဲရှိတယ်…

ရှီယန်ချင်းရဲ့အိမ်မှာ အစားကောင်းတွေအများကြီးရှိမှာပဲ…


လော့ဖေး၏မျက်လုံးများမှာ အရောင်လဲ့လာပြီး

သူ့နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။

သူ၏ ဝံပုလွေလိုဗိုက်ဆာနေသော မျက်နှာကြောင့် 

လီယွဲ့ဟွား၏ ကျလုဆဲဆဲမျက်ရည်များပင် ပြန်၍ဝင်သွားလေသည်။


“ဒီ..ဒီကလေးစုတ်လေးကတော့…”

လီယွဲ့ဟွားသည် ငိုရခက်ရယ်ရခက်နှင့်ပင်ပြောလိုက်လေသည်။


သူမသည် လော့ဖေး၏ရင်ဘက်ကိုတို့ကာ

ပြောလိုက်သည်။


“မျက်နှာလွှားကို မြန်မြန်ခြုံလိုက်တော့…”


သူမကသူမ၏သားသည် မြင်းထိန်းအသစ်လာနေပြီ…ဟုအကြိမ်များစွာအော်နေသည်ကိုကြားသဖြင့်



“ဟုတ်ပါပြီ ဟုတ်ပါပြီ…”

ဟုပြောလေသည်။


လော့ဖေးက လီယွဲ့ဟား၏လက်ကိုကိုင်ကာ

“အမေ မငိုရဘူးနော်…

သားလည်းမငိုဘူး သားတို့အကုန်လုံးပျော်နေသင့်တာ ဘာပဲဖြစ်ဖြစ် သားနေ့တိုင်းအမေ့ကိုလာတွေ့လို့ရတယ်လေ…”


“အမေသိပါတယ်…”


လီယွဲ့ဟွားသည် မျက်ရည်များကိုဆက်လက်သုတ်နေဆဲပင်ဖြစ်သည်။


“သွားရအောင်…”


အပြင်မှ ဗြောက်အိုးများ မီးရှူးများဖောက်သံကို ကြားရပြီးနောက် ရှီယန်ချင်း မြင်းပေါ်မှ ဆင်းလာလေသည်။


သူမတ်တတ်ရပ်လိုက်သည့်အခါ သူ၏ပုံစံသည် တောင်ငယ်လေးနှင့်တူနေသည်။

သူသည်လော့ထျန်းအားဦးညွှတ်ပြီးနောက် ခွင့်တောင်းလိုက်သည်။


“ဦးလေးလော့ ကျွန်တော်လော့ဖေးကိုလာခေါ်ဖို့ရောက်နေတာပါ

သူ့ကိုထွက်လာဖို့ပြောလို့ရမလား…”


လော့ထျန်းခေါင်းညိတ်ကာ ဘေးသို့ဖယ်လိုက်သည်။


သူ၏နောက်တွင်မူ လော့ကျီးနှင့် လော့ယိဦး‌ဆောင်လာသောအနီရောင် ပုံရိပ်ကလေးသည် မနက်ခင်းအလင်းရောင်အောက်တွင် တောက်ပနေလေသည်။


ရှီယန်ချင်း အနီရောင်မျက်နှာလွှားကို မြင်လိုက်ရသည့်အချိန်တွင် သူ၏နှလုံးသားမှာ နူးညံ့သွားလေသည်။ သူသည်ခြေနှစ်လှမ်း ရှေ့သို့လှမ်းကာ လော့ဖေး၏လက်ကိုကိုင်လိုက်သည်။


“အကြာကြီးစောင့်လိုက်ရလား…”


“ငါတို့မြန်မြန်သွားလို့ရလား…ငါဗိုက်ဆာလို့သေတော့မယ်…ငါ့အစာအိမိတောင်မရှိတော့သလိုပဲ…”


လော့ဖေးက ခပ်တိုးတိုးပြောလိုက်လေသည်။




ရှီယန်ချင်းသည် ငြင်သာစွာရယ်လိုက်မိ၏။



“ရတာပေါ့…”

ထို့နောက် သူ ဖွက်၍ယူလာသော ဆန်မုန့်အားလော့ဖေးလက်ထဲသို့ ပေးလိုက်လေသည်။

[ဆန်မုန့်သည် မာသောမုန့်မဟုတ်ပါ။နူးညံ့ပြီး ပေါင်မုန့်တို့ကိတ်မုန့်တို့လိုမျိုးဖြစ်ပါတယ်]


“မြင်းပေါ်ရောက်ရင် စားလိုက်နော်…”

ရှီယန်ချင်းမှပြောလိုက်သည်။


လော့ဖေးသည် စားစရာတစ်ခုခုရှိသည်ကိုကြားကာ သူ၏ခြေလှမ်းများ‌မှာ ပေါ့ပါးသွက်လက်နေလေသည်။


လီယွဲ့ဟွား၏ ငိုသံကိုသာ မကြားပါက စကားပြန်ပြောရန်ကိုပင် မေ့နေပေလိမ့်မည်။

သူသည် စကားလုံးအချို့ကို ဗလုံးဗထွေးပြောကာ ရှီယန်ချင်းနှင့်အတူ မြင်းပေါ်သို့လိုက်သွားလေတော့သည်။


ရှီအိမ်တော်တွင် သူသည် မင်္ဂလာရိုးရာဓလေ့များကိုပြုလုပ်ရဦးမည် ဖြစ်သဖြင့် သူ၏မိဘများမှာ လိုက်ပါလာကြမည်ဖြစ်သည်။


(T/N:မင်္ဂလာရိုးရာဓလေ့အသေးစိတ်မှာ လက်ထပ်မည့်လူနှစ်ဦးသည် ဒူးထောက်၍ 

နတ်ဘုံနှင့်ကမ္ဘာမြေအား လေးစားမှုကိုပြသရခြင်းဖြစ်သည်။)


သူသည် မြင်းပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက်

ရှီယန်ချင်းမှ သူ့အား နောက်ဘက်မှပွေ့ဖက်သည်ကို ခံလိုက်ရသည်။ သူ၏အသိစိတ်ကြောင့် တောင့်ခဲသွားသော်လည်းအပြင်ရောက်နေသည်ကို သတိရကာ ရှီယန်ချင်းအားတွန်းမထုတ်လိုက်ချေ။

သူသည် အံကြိတ်၍ခေါင်းကိုလှည့်ကာ ရှီယန်ချင်းအားတိုးတိုးပြောလိုက်သည်။


“ဟေ့ ငါ့ကိုဘာလို့ဖက်နေတာလဲ…”


ရှီယန်ချင်းသည် ပြုံး၍ အသံတိုးတိုးဖြင့် လော့ဖေး၏ နားနားကို ကပ်ကာ ပြောလိုက်၏။


“ကိုယ့်မိန်းမ အသစ်စက်စက်လေးကိုဖက်တာပဲ

ဘာမှားလို့လဲ…”


“မှားတာပေါ့…”


လော့ဖေး၏နားမှာ ထူးဆန်းစွာပင်ပူလောင်လာသည်။


“ငါ့အဖေသာ မင်းနဲ့ယူဖို့ အတင်းမလုပ်ရင်

ငါမင်းကိုလက်ထပ်မှာ မဟုတ်ဘူး…”


“ဟေး မင်းမလွတ်မြောက်နိုင်တာသိတယ်မလား..

မင်းအရှုံးကို လက်မခံနိုင်ခင်ပဲ ကိုယ်ကအပြတ်အသတ်နိုင်ပြီးသား…

မင်းအိမ်မှာ ဦးနှောက်ကိုထားခဲ့တာလား…”


“ယီးပဲ ရှီမျိုးရိုး..

ဒီနေ့အိပ်ရာပေါ်မှာ အိပ်ဖို့မစဉ်းစားနဲ့…”



ငါ့ကိုဦးနှောက်ပါမလာဘူးလို့ပြောရဲတယ်ပေါ့…


“အိုး…”


ရှီယန်ချင်းသည် ရှေ့ဆုံးမှနေ၍ မြင်းစီးနေခြင်းဖြစ်သည်။


သူသည်ရုတ်တရက် 

'ဂျား' ဟုအော်ကာမြင်းကိုပြေးစေလိုက်သည်။

သူ၏ပုံစံမှာ စစ်ပွဲထဲရောက်နေသကဲ့သို့ပင်။


သူ၏မြင်းစီးစွမ်းရည်မှာလည်း လုံးဝပင် သဘာဝကျလွန်းလှသည်။


လော့ဖေးသည် ထိတ်လန့်ကာ 

တစ်ခုခုကိုကိုင်ထားရန် အလျင်အမြန်ပင်ရှာဖွေလိုက်သည်။


နွေဦးလေညင်းမှာလည်း ပြောင်နေသကဲ့သို့ပင်

'ဝူးး' ခနဲ သူ၏မျက်နှာလွှားကို သယ်ဆောင်သွားလေသည်။


ပြီးသည့်နောက်တွင် သူ၏ဖြူဝင်းသောပါးပြင်၊

ရှည်လျားနက်မှောင်သောဆံပင်နှင့် အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံမှာ လူအများ၏မျက်လုံးအတွင်းသို့ဝင်ရောက်လာခဲ့သည်။

ထိုအချိန်မှာပင် လော့ဖေးအား တင်းကြပ်စွာ ဖက်ထားသောရှီယန်ချင်းသည်လည်း ထိုသူများ၏မျက်လုံးထဲသို့ ဝင်ရောက်လာလေသည်။


လူနှစ်ဦး...  တစ်ယောက်သည်ကြော့ရှင်းပြီး

နောက်တစ်ယောက်သည် လှပစွာ ကျက်သရေရှိလွန်းသည်။


တစ်ယောက်သည် အခြားတစ်ယောက်အား လက်မောင်းတွင်း၌ ထား၍ အခြားတစ်ယောက်မှာမူ မှီထားလေသည်။ယခုလိုအလှပဆုံးအချိန်တွင် ရပ်တန့်ထားလျှင် နံရံပေါ်မှ မောင်နှံအသစ်ဆက်ဆက်ပန်းချီကားကဲ့သို့ပင် ဖြစ်နေလေသည်။


အဝတ်လဲ၍ လေရှူရန်ထွက်လာသောကျန့်ယန်ဖန်းသည် ယခုပုံရိပ်ကိုမြင်ကာ တစ်ခါမျှ မကြုံဖူးသော အရှက်ရမှုမျိုးခံစားလိုက်ရသည်။

သူ၏ခြေထောက်များမှာ အမြစ်ပေါက်နေသကဲ့သို့

ကပ်၍နေပြီး ခြေလှမ်းတစ်ဝက်ပင် မလှမ်းနိုင်တော့ချေ။


ဘယ်လိုနတ်ဆိုးက အဲ့လိုလူအပေါ်လက်လျှော့ပြီး ကျန်းပိုင်နင်ကိုရွေးချယ်မှာလဲ…

မျက်စိများကန်းနေသလား…


သူ၏နှလုံးသားသည် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေလေသည်။ မည်သို့ပင်ဖြစ်စေကာမူ 

ဤဝမ်းနည်းမှုသည် ဆက်လက်ကြီးထွားနေသေးသည်။


လော့ဖေးသည် ရှီယန်ချင်း၏အရှေ့တွင်ထိုင်ကာ

တံတောင်ဆစ်အား အသုံးပြု၍ ရှီယန်ချင်းအားတို့လိုက်သည်။


“ဟေ့ ဒီမှာစားစရာတစ်ခုခုရှိလား ကျွန်တော်ကောင်းကောင်းမစားရသေးဘူး…”


ရှီယန်ချင်း၏နှုတ်ခမ်းသည် 

လော့ဖေး၏နားရွက်များအား ရဲသွားစေသည်။


“ကိုယ်မင်းဖို့ စားစရာအချို့ အိမ်အသစ်မှာထားပေးထားတယ် ကိုယ်အပြင်မှာ ဝိုင်ပြင်နေတုန်း

မင်းအိမ်ထဲမှာစားနေလိုက် တခြားလူတွေတော့မမြင်စေနဲ့…”


“အမ်းးး…”


ယားယံသည့်ခံစားမှုသည် သူ၏နားမှတဆင့်ရောက်လာပြီး သူ၏မျက်နှာအား နီရဲသွားစေသည်။


သူ ခေါင်းငုံ့ကာ သူ၏နားရွက်ထိပ်လေးအား ထိကြည့်မိလေသည်။


ရုတ်တရက်ပင် သူသည် အိမ်မှမထွက်ခွာမိအထိ

ရှီယန်ချင်းက သူ့အား ကြိုက်မကြိုက်တွေးနေသေးသည်ကို သတိရပြီး ယခုအချိန်တွင် 

သူသည်အတည်ပြုနိုင်ပြီဖြစ်သည်။



🙇‍♂️🙇‍♂️