အပိုင်း 167
Viewers 18k


Chapter 167



သူမက တံခါးဝတွင်ရပ်ပြီး သူမက ချန်ရုံအားလက်ညှိုးငေါက်ငေါက်ထိုးကာ ငြီးငြူလာသည်။

“နင့်စိတ်ထဲမှာ ငါကဒီအိမ်ကိုထိန်းသိမ်းနေရဝာာ လွယ်ကူတယ်လို့များ ထင်နေတာလား။ ဘာအတွက်မှမကောင်းတဲ့ အရာအားလုံးက ဒီနေရာမှာဘဲ အဆုံးလာသတ်ကြတယ်...နင့်ရဲ့ဆွဲဆောင်ဖမ်းစားနိုင်မှုကို မှန်ထဲမှာမြင်ပြီးပြီလား၊ သွားပြီးဝောာ့ နင့်ကိုလက်ထပ်ဖို့ ယောက်ျားတစ်ယောက်သာ ဆွဲဆောင်လိုက်စမ်းပါ။ ငါကဘာလို့ တောသား၊လေလွင့်ခွေးအုပ်စုတစ်စုကို အစာကျွေးနေရမှာလဲ”

ဤအရာက အလွန်ဆိုးဝါးသော စော်ကားမှုပင်ဖြစ်သည်။ ချန်ရုံက သူမအကိုကို လှည့်ကြည့်လိုက်သောအခါ သူ၏အရှက်ရနေသောမျက်နှာကို မြင်လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက ဒေါသဖြင့်တုန်ယင်နေသော်ငြား သူ့ဇနီးကနေရာတိုင်းတွင် ဗျစ်တောက်ဗျစ်တောက်လုပ်နေဆဲဖြစ်သောကြောင့် သူကစကားတစ်လုံးတောင်မဟနိုင်ပေ။

ချန်ရုံကဖြေးဖြေးချင်း ထရပ်လာသည်။

သူမက သူမယောက်မကိုလျစ်လျူရှုလိုက်ကာ သူမအကိုဆီလျှောက်သွားလိုက်သည်။

“ အားရုံ...”
သူကထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာသည်။
“ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့...”

သူပြောလို့မပြီးသေးသော်လည်း သူ၏ဇနီးက ကြမ်းပြင်ပေါ်တွင် ငိုယိုလူးလိမ့်နေပြီဖြစ်သည်။

“ ငရဲကိုသွားလိုက် အသုံးမဝင်တဲ့ လူယုတ်မာ၊ ရုံးတော်မှာနေရာတစ်ခုရှာဖို့ ခက်ခဲတာကို ရှင်ကဆုံးရှူံးအောင်လုပ်ခဲ့သေးတယ်။ တကယ်လို့ ကျွန်မသာဒီအိမ်ကို ထိန်းသိမ်းဖို့ရှိမနေဘူးဆိုရင် ရှင့်အရိုးတွေကို ခွေးကျွေးလိုက်ရဝာာ ကြာနေပြီ။ ငရဲကိုသွားလိုက်.....ကျွန်မကိုဒီလိုမျိုးနင်းချေဖို့ ရှင့်ကိုဘယ်သူက လုပ်ပိုင်ခွင့်ပေးထားဝာာလဲ အိုက်ယားးးး ဝူးးဝူးး”

ငယ်ရွယ်သည့် သခင်မချန်၏အသံက သူမအော်ဟစ်ငိုကြွေးနေသောအခါ လုံးဝကိုမြည်ဟိန်းနေပေသည်။ သူကသူ့ပါးစပ်ကို ပိတ်လိုက်ရကာ ချန်ရုံကအပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။

သူမက သူမအစ်ကို၏ပိန်လှီပြီး ပင်ပန်းနေသောမျက်နှာနှင့် စိတ်မချမ်းမြေ့စွာဖိနှိပ်ခံထားရသည့် အသွင်အပြင်ကို မြင်လိုက်ရသောအခါ အကြည့်လွှဲလိုက်မိသည်။

သူမ၏ယောင်းမက နောက်ဆုံးတွင် အငိုရပ်သွားသောအခါ ချန်ရုံကရုတ်တရက်အော်ခေါ်လိုက်သည်။

“အထိန်းတော်ဖျင် ပိုးသားလိပ်တစ်ခုနဲ့ မှင်နည်းနည်းလောက် ဒီကိုယူခဲ့ပေးပါ”

လူတိုင်းက ရပ်နေကြဆဲဖြစ်သည်။

သူမ၏ယောင်းမက ဝါညစ်ညစ်မျက်လုံးများကို ပြူးကာ ချန်ရုံကိုကြည့်လာသည်။

မကြာခင်တွင် အထိန်းတော်ဖျင်က စုတ်တံနှင့်မှင်ကိုယူကာ ပြန်ရောက်လာသည်။

ချန်ရုံက ပိုးသားလိပ်ကို စားပွဲပေါ်တွင် ဖြန့်လိုက်ကာ စာကြောင်းအနည်းငယ်ရေးလိုက်ပြီးနောက် သူမ၏ယောက်မဆီသို့သွားကာ ပစ်ပေးလိုက်သည်။

“ ဒါကိုလက်မှတ်ထိုးပြီး တရားဝင်ဖြစ်အောင်လုပ်လိုက်”

အံ့အားသင့်စွာနှင့် သူမ၏ယောက်မကာပိုးသားလိပ်ကိုငုံ့ကြည့်ကာ ဖတ်လိုက်သည်။

“အခုကစပြီး ကျွန်မက ကျွန်မအစ်ကိုကြီးချန်ချီနဲ့ သံယောဇဉ်အားလုံးကို ဖြတ်တောက်လိုက်ပါပြီ၊ ထို့ကြောင့် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကျွန်မတို့က ဒီဘဝတွင်သေသည်အထိ သက်ဆိုင်မှုမရှိတော့ဘဲ သူစိမ်းများအဖြစ်သာ ရှိသွားကြမည်”

ချန်ရုံ၏အမည်ကို အောက်တွင် လက်မှတ်ထိုးပြီးသားဖြစ်သည်။

ဒီတစ်ကြိမ်တွင် လူတိုင်းကကြောင်အသွားကြသည်။

သူတို့က ချန်ရုံကိုမယုံကြည်နိုင်စွာကြည့်လာကြပြီး သူမ၏ယောက်မဝောာင်မှ အလွန်အံ့ဩသွားပေသည်။ သူမက ဈေးတန်းမှလာသူဖြစ်ကာ ဘယ်လိုလူမျိုးမဆိုဖြေရှင်းနိုင်သော်လည်း သူမ၏တံတားများကို ဤကဲ့သို့ရက်ရက်စက်စက် မီးလောင်တိုက်သွင်းသည်သူဟူ၍ဘယ်သူမှမရှိခဲ့ပေ။

သူမအစ်ကိုကြီး၏မျက်နှာက စိမ်းဖန့်သွားလေသည်။ သူကရှေ့သို့တစ်လှမ်းတိုးလာကာ အော်ပြောလိုက်သည်။

“ အားရုံ!”
သူက ဒေါသဖြင့်တုန်ရီနေလေသည်။

“ အားရုံ မင်း.....”

ချန်ရုံက သူ့ကိုလှည့်ကြည့်လိုက်သည်။

သူမက ဖြေးဖြေးချင်း သူမအကိုဆီလျှောက်သွားလိုက်သည်။ သူမ၏မျက်လုံးများက ကျီစယ်လိုသောအရိပ်ယောင်ရှိကာ တစ်မူထူးခြားနေ၏။ ခနတာလောက် သူမအကိုက လွန်ခဲ့သည့် ခုနစ်နှစ်ကို ပြန်တွေးလိုက်မိသည်။ ထိုအချိန်တုန်းက ဖျင်မြို့တွင် သူ၏ဤညီမသည် သူမပြသနာရှာပြီးပြန်လာတာဘဲဖြစ်ဖြစ်၊ သို့မဟုတ် သူမဒုက္ခရောက်နေသဖြင့် အိမ်ပြန်ပြေးလာပြီး သူ့ကိုကူညီပေးရန် လို‌လားသည့် အချိန်မျိုးတိုင်းတွင် ဤကဲ့သို့မျက်လုံးများက တစ်လက်လက်တောက်ပနေလေ့ရှိသည်။ ထို့ပြင် သူ့ဘက်ကလည်း တစ်ခါမှမငြင်းခဲ့ဖူးပေ။

သူက သူ၏ဝေဖန်မှုကို ပြန်မြိုသိပ်လိုက်သည်။ ဤအချိန်တွင် ချန်ရုံလှည့်လာကာ ခေါင်းငုံ့ပြီး မျက်ရည်ချူလာသည်။

“အဖေက နောက်ပိုင်းမှာ ပစ္စည်းဥစ္စာနည်းနည်းလောက်ဘဲ ချန်ထားခဲ့တာ၊ အဲ့ဒါအပြင် တောင်ဘက်ကခရီးမှာလည်း ဓားပြ၊လူရိုင်းတွေနဲ့ ကြုံခဲ့ရသေးတယ်၊ ဝမ်အိမ်ဝောာ်ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ဒီအချိန်ဘယ်မှာရောက်နေမလဲ မသိဘူး၊ အစ်ကိုကြီးကိုရှာဖို့ အများကြီးဖြတ်ကျော်ခဲ့ပြီးမှ အစ်ကိုကြီးဘက်က ကျွန်မတို့ကို အိမ်တော်ထဲခေါ်မသွင်းဘူးလို့ မတွေးခဲ့မိဘူး၊ ကောင်းပြီလေ ကျွန်မတို့ကိုခေါ်ထားစရာမလိုဘူး၊ ကျွန်မတို့မှာလည်း ကိုယ့်လက်နဲ့ ကိုယ့်ခြေတွေရှိတယ်။ ကျန့်ခန်းမှာ ကိုယ့်ဘာသာကိုယ်မရပ်တည်နိုင်ဘူးလို့ ကျွန်မမယုံဘူး”

ချန်ရုံ၏ယောက်မက ချန်ရုံတစ်ယောက် သူမ၏အကိုနှင့် အပူအပင်မရှိစွာ သံယောဇဉ်ဖြတ်လာသည်ကို မြင်သောအခါ သံသယဝင်လာသည်။ ထို့ကြောင့် သူမကလက်မှတ်မထိုးပေးပေ။သို့သော် အခုချန်ရုံဆီမှ ဤအရာကိုကြားလိုက်ရသောအခါ သူမကလျင်မြန်စွာပင် စုတ်ချက်တစ်ချို့ ခပ်သော့သော့ရေးလိုက်ပြီး ပိုးသားလိပ်ပေါ်တွင် လက်ဗွေရာနှိပ်လိုက်သည်။ ထို့နောက် သူမကအလျင်အမြန်ပင် သူမယောက်ျားအား ပိုးသားလိပ်ကိုပေးကာ အော်လိုက်သည်။

“မြန်မြန် လက်မှတ်ထိုးလိုက်”

သူမက သူ့လက်မကိုဆွဲကာ သူ့အစားဖိပေးကာ လက်ဗွေရာနှိပ်ပေးလိုက်သည်။

ချန်ရုံက စက္ကူလိပ်ကိုပြန်ယူသွားချိန်အထိ ချန်ချီကမိန်းမောတွေဝေနေဆဲဖြစ်သည်။

ချန်ရုံက တံခါးဆီထွက်သွားလိုက်ကာ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းကိုခေါ်လိုက်သည်။

“ သွားကြမယ်”

သူမရထားလုံးပေါ်တက်သွားသောအချိန်တွင်မှ သူမအကိုကမိန်းမောနေရာမှနိုးထလာသည်။ သူကအလျင်အမြန်ပင် သူ့ဇနီးကိုရှောင်ကာ ချန်ရုံဆီပြေးသွားကာ အော်ခေါ်လိုက်သည်။

“အားရုံ အားရုံ”

ဝမ်းနည်းမှု၊ ကိုယ့်ကိုကိုယ်မနှစ်မြို့မှုနှင့် အကူအညီမဲ့မှုများကို သူ၏အသံတွင်ကြားနိုင်ပေသည်။

သူက ချန်ရုံ၏ရထားလုံးဆီသို့ ပြေးလာသောအခါ ချန်ရုံကကန့်လန့်ကာစကို မလိုက်ပြီး သူ့ဆီကိုင်းကာ တိုးတိုးပြောလိုက်သည်။

“အကိုကြီး ကျွန်မအကုန်စီစဉ်ပြီးသားပါ၊ အထိတ်တလန့်မဖြစ်သွားပါနဲ့၊ ကျွန်မအတွေးတွေကို အစ်ကိုကြီးကိုပြောပြဖို့ အခွင့်ကောင်းတစ်ခုရှာမှာပါ”

ထိုသို့ပြောပြီးနောက် သူမက အင်္ကျီလက်ကိုမကာ မျက်ရည်သုတ်ဟန်ဆောင်လိုက်ပြီးနောက် ချောင်းဟန့်လိုက်သည်။

“သွားကြမယ်”

“ဟုတ်ကဲ့ပါ”

သူမ၏ကြောင်အနေသောအစ်ကိုက သူတို့ထွက်သွားချိန်အထိ နေရာတွင်သာရပ်နေဆဲဖြစ်သည်။ သူ၏နောက်တွင် သူ့ဇနီးက ရထားလုံးခြောက်စီးကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

“သူမရဲ့ရထားလုံးက ခမ်းနားသလို မြင်းတွေလည်း အတူတူဘဲ၊ အခုလေးတင် ဒါကိုငါဘာလို့မေ့သွားတာပါလိမ့်”

သူမက လက်မြှောက်ကာ သူမမျက်နှာကိုယ်သူမ တစ်ချက်ရိုက်လိုက်မိသည်။

ရထားလုံးက ဆက်သွားနေချိန်တွင် ချန်ရုံက အဖိုးစွင်းကိုပြောလာသည်။

“နေဖို့ တည်းခိုခန်းတစ်ခုရှာလိုက်ပါ၊ ပြီးရင် နောက်ရက်အနည်းငယ်လောက်ကို အဲ့ဒီမှာဘဲနေရမှာ၊ လုံခြုံပြီး ကျွန်မအကိုကြီးတို့နဲ့ အရမ်းမနီးတဲ့နေရာကိုရှာဖို့ မှတ်ထားလိုက်ပါ”

အတော်လေးကြာပြီးနောက်မှသာ အဖိုးစွင်းက ပြန်ဖြေလာသည်။
“ ဟုတ်ကဲ့ပါ”

သူအပါအဝင် အစေခံများက အလှည့်အပြောင်းများသောဖြစ်ရပ်များကြောင့် လွှမ်းမိုးခံနေရဆဲဖြစ်သည်။

တတိယမြောက်နေ့တွင် အဖိုးစွင်းက ခြံဝင်းတစ်ခုရှာတွေ့လာသည်။ ချန်ရုံနှင့်တိုင်ပင်လိုက်ပြီးနောက် သူကထိုခြံဝင်းကို ဝယ်ဖြစ်လိုက်သည်။ ခြံဝင်းသည် လူချမ်းသာအိမ်နှစ်လုံး၏အနောက်ဘက်တွင် တည်ရှိသည်။ ၎င်းကအလွန်သေးပြီး သစ်သားအိမ်ဆယ်အိမ်လောက်သာပါဝင်သည်။ သို့သော်ငြား ချမ်းသာသည့်အိမ်များနှင့် အလွန်နီးသောနေရာတွင် တည်ရှိသောကြောင့် အလွန်လုံခြုံသောနေရာဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် ခြံဝင်းကိုလည်း အတော်လေးလှပစွာ ပြန်လည်ပြင်ဆင်ထားပေသည်။

အထဲမှကြည့်သည်ဖြစ်စေ၊ အပြင်ကကြည့်သည်ဖြစ်စေ သူမအစ်ကိုပိုင်သောအိမ်ထက် ပိုပြီးပြည့်စုံနေဆဲဖြစ်သည်။

ထို့နေ့ညတွင်။

အထိန်းတော်ဖျင်က ချန်ရုံနောက်မှလိုက်ကာ တတွတ်တွတ်ပြောလာသည်။
“ ဒီခြံဝင်းသေးသေးလေးတောင်မှ အရမ်းဈေးကြီးဝာာဘဲ၊ နန်ယန်မှာဆို ဒီမှာကုန်တာရရဲ့ ဆယ်ပုံတစ်ပုံလောက်ဘဲကုန်မှာ”

ချက်ချင်းနီးပါးပင် သူမက စိတ်ပျက်လက်ပျက်ဖြင့် ညီးညူလာသည်။

“ သခင်လေးကလည်း ဘာလို့ အောက်တန်းကျတဲ့ မိန်းမယုတ်ကို လက်ထပ်လိုက်ရတာလဲ၊ ကျစ် ကျစ် ”

ဒီလိုပြောလိုက်ပြီးမှ သူမကချန်ရုံကို အားမလိုအားမရစွာကြည့်‌လာသည်။

ချန်ရုံက ဘာမှမပြောလာပေ။

“ တံခါးပိတ်လိုက်”
ခနကြာပြီးနောက် သူမက အမိန့်ပေးလာသည်။

“ဟုတ်”

မကျေနပ်ချက်များကို တတွတ်တွတ်ပြောနေကြသော အဖိုးစွင်းနှင့် အထိန်းတော်ဖျင်တို့က တံခါးနှင့်ပြတင်းပေါက်များကို သွားပိတ်လိုက်ပြီး ချန်ရုံဆီပြန်လာလိုက်ကြသည်။

ချန်ရုံက မီးရောင်အောက်တွင် တိတ်တဆိတ်ရပ်နေသည်။ သူမက အဖိုးစွင်းကိုကြည့်ပြီး ပြုံးကာပြောလိုက်သည်။

“အဖိုးစွင်း အဲ့ဒီပစ္စည်းတွေကို ထုတ်လိုက်ဝောာ့”

“ဟုတ် သခင်မလေး”

သူက ပုဆိန်ကိုယူလာပြီး ဗလာဖြစ်နေသာ ရထားလုံးပေါ်သို့ တက်လိုက်သည်။

“ဘာကိုယူထုတ်မှာလဲ”

အထိန်းတော်ဖျင်က ပဟေဠိဖြစ်စွာမေးလိုက်သည်။

သူမ မေးနေဆဲအချိန်တွင် ရထားလုံးပေါ်မှ လေးလံသည့် ခုတ်သံတစ်ခုထွက်လာသည်။ ထို့နောက် ရထားလုံးနံရံကျိုးသောအသံက ထွက်ပေါ်လာလေသည်။

အထိန်းဝောာ်ဖျင်က အလျင်အမြန်ပင်ရှေ့တိုးလာကာ မေးလိုက်မည့်အချိန်တွင် အဖိုးစွင်းက ကန့်လန့်ကာစကိုမကာ ခုန်ဆင်းလာသည်။

သူက သစ်သားသေတ္တာတစ်လုံးကို ချန်ရုံဆီသို့ ယူလာပြီးနောက် ရထားလုံးပေါ်သို့ ပြန်တက်သွားသည်။

တစ်ခုပြီးတစ်ခု သစ်သားသေတ္တာငယ်လေးများနှင့် ဝါးပြွန်လေးများက ချန်ရုံနှင့် အထိန်းတော်ဖျင်၏ရှေ့တွင် စုပုံလာသည်။

ထို့နောက် အဖိုးစွင်းက ရထားလုံးတစ်ခုမှ နောက်တစ်ခုပေါ်သို့ ရွှေ့သွားလိုက်သည်။

နာရီဝက်ကြာပြီးနောက်တွင် ဗလာဖြစ်နေသော ရထားလုံးသုံးစီးအပြင် ချန်ရုံစီးလာသောတစ်ခုနှင့် သူမပစ္စည်းများထည့်လာသော ရထားလုံးအားလုံးပါ ချိုးခံလိုက်ရသည်။ ခုနစ်ဆယ်၊ရှစ်ဆယ်နီးပါးရှိသည့် သစ်သားသေတ္တာငယ်လေးများက မိန်းမနှစ်ယောက်၏အရှေ့တွင် စုပုံလာလေသည်။

အဖိုးစွင်းက ခုန်ဆင်းလာပြီးနောက် ပြောလိုက်သည်။
“ကုန်သွားပါပြီ သခင်မလေး”

ချန်ရုံက ခေါင်းငြိမ့်ပြလိုက်သည်။

ဤအချိန်တွင် အထိန်းတော်ဖျင်က ပေါက်နေသောသေတ္တာတစ်ခုကို လက်ညှိုးထိုးကာ အချိန်တစ်ခုကြာသည်အထိ နားရွက်တက်ချိတ်အောင် ပြုံးဖြဲဖြဲလုပ်လာသည်။ ပုလဲနှင့် ရွှေသားတို့၏တောက်ပသော အရောင်အဝါမများက သေတ္တာဆီမှ ဖြာထွက်နေပေသည်။ သေတ္တာများအားလုံးတွင် ရွှေငွေကျောက်မျက်များဖြင့် ပြည့်နေပေသည်။

အထိန်းတော်ဖျင်က အသက်ရှူနိုင်ရန် သူမရင်ဘတ်ကိုထုလိုက်ရသည်။

“ ဒါတွေက ဘယ်ကရလာတာလဲ”
သူမက သူမမျက်လုံးကိုမယုံနိုင်စွာ မေးမြန်းလာသည်။

အဖိုးစွင်းက ရယ်လိုက်သည်။

“ ဒါတွေကို ဆန်စပါးလှည်းသုံးစီးနဲ့ လဲပြီးရခဲ့တာလေ”

နန်ယန်၏မင်းသား ကြောက်ရသော မင်းမျိုးမင်းနွယ်အိမ်တော်တစ်ချို့သာ ဒီတစ်ကြိမ်တွင် ကျန့်ခန်းသို့ ပြန်လာနိုင်ခြင်းဖြစ်သည်။ ထိုနေရာတွင် ဆက်နေနေရသောသူများသည် စိတ်ဆင်းရဲလောက်အောင်ကို အစားအစားများလိုအပ်နေပေသည်။ သူတို့၏အစားအစာများကို အဖိုးစွင်းရောင်းထုတ်လိုက်သောအခါ လက်ဆွဲပုံးတစ်ဝက်စာဆန်ကို ရွှေသစ်ရွက်တစ်ရွက်ဖြစ်ပြီး ဤအရာက ဈေးကွက်ဈေးနှုန်းတောင်မဟုတ်သေးပေ။ နာရီအနည်းငယ်လောက်သာကြာလိုက်ရပြီးနောက်တွင် အဖိုးစွင်းက လှည်းသုံးစီးစာဆန်စပါးများအတွက် ဤမျှများပြားသည့် ရွှေစငွေစများကို ရယူလိုက်နိုင်ပေသည်။

သူ၏ရှင်းပြချက်ကိုကြားပြီးနောက်တွင် အထိန်းတော်ဖျင်က ‌မျက်လုံးများကိုမျဉ်းဖြောင့်ဖြစ်လာသည်အထိ မှိတ်လိုက်မိသည်။ သူမက အရှေ့ဘက်သို့မျက်နှာမူကာ ဒူးထောက်လိုက်ပြီး နတ်ဘုရားများဆီသို့ သူမ၏ဂါဝရပြုမှုကို တတွတ်တွတ်ရွတ်လာသည်။ ထို့နောက် သူမကထရပ်ကာ ချန်ရုံအား ပျော်ရွှင်စွာပြောလိုက်သည်။

“ဒီလောက်များတဲ့ ရတနာတွေနဲ့ဆိုရင် ကျွန်မတို့တွေ ဆန်စပါးတွေကို လှည်းအစီးသုံးဆယ်စာလောက် ဝယ်နိုင်လိမ့်မယ်”

အဖိုးစွင်းက ရယ်လိုက်သည်။

“အဲ့လောက်မကဘူး လှည်းအစီးသုံးဆယ်စာဆိုတာ နန်ယန်ကဈေးနှုန်းနဲ့ပြောဝာာ။ ကျန့်ခန်းမှာက ထွက်ကုန်ပေါများတယ် အဲ့ဒါကြောင့် အစားအစာဈေးနှုန်းက နိမ့်တယ်။ ဒီလောက်ပိုက်ဆံနဲ့ဆိုရင် ဒီက ဆန်စပါးတွေကို လှည်းအစီးသုံးရာစာလောက် ဝယ်နိုင်လိမ့်မယ်လို့ ငါထင်တယ်”

ထိုသို့ပြောပြီး သိပ်မကြာခင်မှာဘဲ အဖိုးစွင်းက စိတ်မကျေမနပ်ဖြင့်ရေရွတ်လာလေသည်။

“ ဒါပေမယ့် ဒီမှာကအစားအစာတွေဘဲ ဈေးပေါတာ၊ နန်ယန်မှာဆိုရင် ဒီလိုခြံဝင်းလေးမျိူးဆိုရင် ဈေးဆယ်ပုံတစ်ပုံစာလောက်နဲ့ ဝယ်လို့ရတယ်”

“ ဆန်စပါး လှည်းအစီးသုံးရာစာလား”

အထိန်းတော်ဖျင်က လက်ဖျားခါလိုက်မိသည်။
“ ဘုရားရေ မမလေး ကျွန်မတို့တွေ ဒီလှည်းအစီးသုံးရာစာလောက် ဆန်စပါးတွေကို ဒီဘဝ၊နောက်ဘဝနဲ့ အဲ့ဒါရဲ့နောက်ဘဝမှာတောင် စားလို့ကုန်မှာ မဟုတ်ဘူး”

ချန်ရုံက ပြုံးလိုက်သည်။

“အဲ့လိုမဟုတ်ဘူး၊ ဒီကအရာအားလုံးက နန်ယန်နဲ့ယှဉ်ရင် အကုန်ဈေးကြီးတယ်၊ ဒီရတနာ‌တွေနဲ့ဆို ဒီတစ်ဘဝလုံးစာလောက်တောင် လုံလောက်မှာ မဟုတ်ဘူး”

အထိန်းတော်ဖျင်က လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။

“ အဲ့ဒါက လုံလောက်တာထက်ပိုနေပါပြီ”

“ နောက်ဝောာင်ကျနေပြီဘဲ၊ အထိန်းတော်ဖျင်၊ အဖိုးစွင်း အာရုံစိုက်ပြီးနားထောင်နော်၊ သေတ္တာဆယ်လုံးစာကိုဘဲ သိမ်းထားကြမယ်၊ ငါးလုံးက ကျွန်မတို့အတွက် သုံးပြီး ငါးလုံးကိုစုထားနယ်၊ ကျန်တဲ့ဟာတွေကိုတော့ ကောင်းကောင်းမြုပ်ထားရမယ်”

“ဟုတ်ကဲ့ပါ”

ချန်ရုံက သူမ၏အင်္ကျီလက်ထဲမှ ပိုးသားလိပ်ကို ထုတ်လိုက်ကာ အထိန်းတော်ဖျင်အား ကမ်းပေးလိုက်သည်။
“ ဒါကို လုံလုံခြုံခြုံသိမ်းထားလိုက်”

“ဟုတ်ကဲ့ပါ သခင်မလေး”

အထိန်းတော်ဖျင်က ၎င်းကိုဖယ်ထားလိုက်ပြီးနောက် ရုတ်တရက်သက်ပြင်းချလိုက်သည်။
“ မမလေးလုပ်လိုက်တာက အရမ်းအကြင်နာမဲ့တာဘဲ ၊ အရမ်း ကတိုက်ကရိုက်ကြီးဖြစ်နေတယ်”

ကတိုက်ကရိုက်ကြီးဖြစ်နေတယ်တဲ့လား။ချန်ရုံက သူမကိုဘဝသက်တမ်းနှစ်ခုစာလောက်သိခဲ့ပေသည်။ ဘယ်လိုလုပ်ပြီး ကတိုက်ကရိုက်ဖြစ်နိုင်မှာလဲ။ အကြင်နာမဲ့တယ်တဲ့လား။ ချန်ရုံကပြုံးကာ တိုးတိုးပြောလိုက်သည်။

“ကျွန်မဘက်က ဘာမှသိပ်ပြီးစလုပ်စရာမလိုပါဘူး၊ အထိန်းတော် ဒီအခြေအနေမျိုးမှာ ကျွန်မမှာရှိတဲ့အရာတွေကို ဘယ်သူမှလာပြီး ဖျက်ဆီးမှာမျိုးကို ခွင့်မပြုနိုင်ဘူး”

အထိန်းတော်ဖျင်က နားမလည်သလို အဖိုးစွင်းလည်း အတူတူပင်ဖြစ်သည်။

ချန်ရုံက သူမကိုယ်သူမရှင်းပြလိုစိတ် ရှိမနေပေ။ သူမကနောက်သို့လှည့်ကာ သူမအခန်းဆီသို့တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။