Chapter 168
တံခါးဝဆီသို့တိုက်ရိုက်။
ထိုညက ဘာပြသနာမှမရှိဘဲပြီးဆုံးသွားသည်။
ချန်ရုံက ရွှေရောင်တောက်နေသော နေရောင်ကြောင့်အိပ်ရာနိုးလာသည်။ သူမကခေါင်းကို တစ်ဖက်သို့စောင်းလိုက်ကာ အပြင်ဘက်ရှိအလင်းရောင်ကိုကြည့်လိုက်သည်။ အပြင်ဘက်တွင် ငှက်များ၏ကျီကျီကျာကျာအသံများကိုကြားနေရကာ ခပ်ဖျော့ဖျော့အားပေးသံများကိုလည်း ကြားရ၏။ သူမကပြုံးကာ ငါကျန့်ခန်းကိုရောက်အောင်လုပ်နိုင်ပြီဟု တွေးလိုက်မိသည်။
ကျန့်ခန်းက လှပကာ အလှမ်းဝေးသော နာမည်တစ်ခုဖြစ်သည်။ ပိုက်ဆံကိုမစင်ကဲ့သို့ဆက်ဆံကာ အသားနှင့်ဝိုင်များကို တိရစ္ဆာန်များအားကျွေးကြ၏။ ရယ်မောသံများက ဘယ်သောအခါမှ မလွင့်ပြယ်သွားသလို အစားအစာများကလည်း ကုန်ဆုံးသွားသည်ဟူ၍မရှိပေ။
သူမ၏နှစ်ဘဝမှတ်ဉာဏ်များအားလုံးတွင် ဤနေရာသည် သုခဘုံအဖြစ်တည်ရှိနေခဲ့ပေသည်။ စစ်ပွဲမီးတောက်များနှင့် အငြင်းအခုန်များ၏ အဝေးတွင်ရှိပြီး ဤနေရာ၌ရှိနိုင်သောအရာများမှာ စည်းစိမ်ချမ်းသာ၊ ပိုင်ဆိုင်မှုနှင့် အေးချမ်းမှုများသာဖြစ်သည်။
ချန်ရုံက ဖြေးဖြေးချင်းထထိုင်ကာ သူမ၏ကြေးနီစပ်ကြေးမုံဆီလျှောက်သွားလိုက်သည်။ အခုချိန်တွင် ကျန့်ခန်း၌ဘဝကောင်းကောင်းစတင်နိုင်ရန် ရွှေငွေအပုံလိုက်ကြီးရှိနေပြီဖြစ်သည်။...သူမအနေဖြင့် ယောက်ျားတစ်ယောက်၏ ကိုယ်လုပ်တော်၊ကစားစရာလိုမျိုး သူတို့၏ပျော်ရွှင်မှုအတွက် ရှေ့နောက်ပြေးကာ အခြားမိန်းမများနှင့် ရန်ဖြစ်တာမျိုး လုပ်စရာမလိုတော့ချေ။ ဤအရာကြောင့် ချန်ရုံက အရှင်မင်းမြတ်ကိုတွေ့ခွင့်ရကာ သူမတစ်ဘဝလုံးလက်မထပ်ဘဲနေနိုင်မည့် ခွင့်ပြုချက်တောင်းနိုင်ရန်အကောင်းဆုံးကြိုးစားနေခြင်းဖြစ်သည်။
ဤအတွေးဖြင့် ချန်ရုံကနူးညံ့စွာ သီချင်းငြီးလိုက်သည်။
အထိန်းတော်ဖျင်က သူမ၏တံခါးတွင် စောင့်နေတာကြာပြီဖြစ်သည်။ ချန်ရုံကသီချင်းညည်းနေသည်ကို သူမကြားသောအခါ မနေနိုင်ဘဲ ရယ်လိုက်မိသည်။
“ မမလေး နိုးပြီလား၊ ဒီနေ့ မမလေးဒီလောက်ပျော်နေအောင် ဘာကများလုပ်ထားတာပါလိမ့်”
သူမက ဆေးကြောမည့်ပစ္စည်းများကို အထဲသို့ယူသွင်းလာသည်။
ချန်ရုံက ရယ်လိုက်သည်။
“ဒီနေ့တင်မဟုတ်ဘူး၊ အခုကစပြီး ကျွန်မကအမြဲတမ်းပျော်နေတော့မှာ”
သူမက မှန်ထဲရှိသူမ၏ရှုပ်ထွေးနေသော ဆံပင်ရှည်များနှင့် ချစ်စရာကောင်းသောမျက်နှာကို မျက်စိမှိတ်ပြလိုက်သည်။
အထိန်းတော်ဖျင်က ရယ်လိုက်သည်။ သူမက ချန်ရုံ၏ဆံပင်ကိုဖြီးသင်ပေးလာကာ မေးလိုက်သည်။
“ ဒါဆိုရင် မမလေးက ကျန့်ခန်းမှာ မြေယာတစ်ချို့နဲ့ အိမ်ရာတွေ ဝယ်လိုက်မှာလား...”
“ ဒါပေါ့ ကျွန်မဝယ်ရမယ်လေ၊ ဒါပေမယ့် ကျန့်ခန်းက အင်အားကြီးမိသားစုတွေနဲ့ဘဲ ပြည့်နေတာ၊ ဘာမှမလုပ်သေးခင် အင်ပါယာအရှင်မင်းမြတ်နဲ့ အရင်ဆုံးတွေ့ရလိမ့်မယ်...”
ထိုနည်းလမ်းဖြင့် ထိုပိုင်ဆိုင်မှုများကို သူမကာကွယ်နိုင်မှာဖြစ်သည်။ ကျန့်ခန်းရှိမြေယာပိုင်ဆိုင်မှုအားလုံးသည် အဓိကမျိုးနွယ်စုများနှင့်သာ သက်ဆိုင်သည်ကို ဘယ်သူမဆိုသိနိုင်ပေသည်။ အခုချိန်တွင် သူတို့ဟာမဟုတ်လျှင်တောင်မှ အနာဂတ်တွင် အင်အားသုံးပြီး အပိုင်သိမ်းလာနိုင်ပေသည်။
မည်သို့ပင်ဖြစ်နေပါစေ သိုလှောင်ရုံနှင့် ဈေးဆိုင်များကိုလည်း ထည့်စဉ်းစားသင့်ပေသည်။
ချန်ရုံက ထရပ်ကာ လက်မောင်းဆန့်လိုက်ကာ အစိမ်းရောင်ဝတ်ရုံကိုဝတ်လိုက်ပြီးနောက် သီချင်းထပ်ငြီးလာသည်။
သူမက ခြံဝင်းထဲသို့သွားလိုက်သည်။
သူမ၏သေးငယ်သော ခြံဝင်းနောက်တွင် အရပ်သားများ နေ့စဉ်လဲလှယ်မှုများကို ပြုလုပ်ကြသည့် စည်ကားသောလမ်းငယ်လေးတစ်ခုရှိသည်။
ချန်ရုံက အစေခံတစ်ယောက်ကို ညောင်စောင်းတစ်ခု ရွှေ့လာခိုင်းလိုက်ပြီးနောက် ထိုပေါ်တွင် ပျင်းရိစွာလဲလျောင်းလိုက်ပြီး အပြင်ဘက်မှ ပျားပန်းခတ်လှုပ်ရှားသွားလာနေသံများကို နားထောင်ရင်း နေပူဆာလှုံနေလိုက်သည်။
ခနလောက်ကြာသွားပြီးနောက် သူမက မျက်စိမှိတ်ထားလျက်ပင်ပြောလာသည်။
“ အဖိုးစွင်း ကတ်ပြားတစ်ခုပြင်ပြီး ကျန့်ခန်းကချန်အိမ်တော်ကို အလည်အပတ်လာဖို့ ပို့ပေးလိုက်ပါ”
အဖိုးစွင်းက သူမကိုပြန်ဖြေကာထွက်သွားလိုက်သည်။
သိပ်မကြာခင်မှာဘဲ ချန်ရုံက ထပ်မံအမိန့်ပေးလာသည်။
“အထိန်းတော် ကျွန်မအကိုရဲ့ ကိစ္စရပ်တွေကို လျို့ဝှက်ပြီးစောင့်ကြည့်ဖို့ ယောက်ျားသားနှစ်ယောက်လောက်ကို ပြောလိုက်ပါ၊ အကိုကြီးနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်မသိမှဖြစ်မယ်...”
“ဟုတ်ကဲ့ မမလေး”
နောက်ထပ်ခနကြာသွားပြီးနောက် သူမကမျက်လုံးဖွင့်ကာ သူမဘေး၌ကျန်နေသည့် တစ်ယောက်တည်းသော အစေခံအားပြောလာ၏။
“ ငါ့အတွက် ကြေးမုံသွားယူပေး....”
“ဟုတ်ကဲ့”
မကြာခင်တွင် သူမမျက်လုံးများရှေ့၌ ကြေးမုံတစ်ခုထွက်ပေါ်လာသည်။
ချန်ရုံက ၎င်းကိုယူလိုက်ကာ ခေါင်းစောင်းလိုက်သည်။ ကြေးမုံထဲရှိ အသားရေလတ်ကာ ညို့ယူနိုင်စွမ်းရှိသည့် ပုံရိပ်ကိုကြည့်ကာ သူမပါးပေါ်တွင်လက်သည်းဖြင့်ခြစ်ကြည့်ပြီး ရုတ်တရက်မေးလာသည်။
“ပြောကြည့် ငါဒီနေရာမှာ ဟက်တက်ကွဲအောင်လုပ်လိုက်ရမလား”
အစေခံမိန်းကလေးက အထိတ်တလန့်အော်ပြောလာသည်။
“သခင်မလေး အဲ့ဒါကမေးခွန်းတောင်မဟုတ်ပါဘူး ဘယ်ဝောာ့မှ အဲ့လိုမလုပ်သင့်ပါဘူး”
ချန်ရုံက သူမကိုတစ်ချက်ကြည့်ကာ လက်ဖျောက်တီးလိုက်သည်။
“ ဘာကိုထိတ်လန့်နေဝာာလဲ၊ ငါကဒီအတိုင်း ပြောကြည့်ရုံပါ”
သူမက မှန်ထဲရှိသူမပုံရိပ်ကို ဆက်ကြည့်နေကာ သူမ၏မျက်မှာပေါ်တွင် လက်သည်းဖြင့် မျဉ်းကြောင်းမနားဆွဲနေဆဲဖြစ်သည်။
တစ်ခနကြာသွားပြီးနောက် သူမကကြေးမုံကိုချကာ တီးတိုးရေရွတ်လိုက်သည်။
“အဲ့ဒါက ငါသတ္တိရှိနေတာ ဒါမှမဟုတ် လုပ်ချင်စိတ်ရှိနေတာ အဲ့လိုမျိုးမဟုတ်ဘူး”
ဤသို့ပြောပြီးနောက် သူမပြန်လှဲချကာ မျက်စိမှိတ်လိုက်သည်။
အစေခံမိန်းကလေးက သတိလက်လွတ်ဖြင့် ကြောက်လန့်နေဆဲဖြစ်သည်။ ချန်ရုံမျက်စိမှိတ်သွားသည်ကို မြင်သောအခါ သူမကအလျင်အမြန်ပင် ကြေးမုံကိုဝေးဝေးတွင်ထားရန် ရှေ့သို့လှမ်းသွားလိုက်သည်။
အချိန်တစ်ချို့ကြာသွားပြီးနောက် အထိန်းတော်၏တီးတိုးပြောသံက ထွက်ပေါ်လာလေသည်။
“မမလေး ..မမလေးရဲ့အစ်ကိုကြီးက မမလေးကိုလိုက်ရှာနေပါတယ်”
“သူ့ကို ကျွန်မဆီခေါ်ခဲ့လိုက်ပါ”
“ဟုတ်ကဲ့ပါ”
သူမ၏အထိန်းတော်ထွက်သွားပြီးနောက် ချန်ရုံက သူမဘာသာရေရွတ်လိုက်သည်။
“ဒီမှာဒီအတိုင်းလှဲနေရတာ နည်းနည်းပျင်းဖို့ကောင်းတယ်၊ အဖိုးစွင်းကို နံရံမှာအပေါက်တစ်ခုလုပ်ပေးဖို့ ပြောဦးမှဘဲ၊ အဲ့လိုမှ ငါလည်းအပြင်ဘက်ကို တစ်ချက်ကြည့်လို့ရမှာ”
သူမစကားဆုံးသွားချိန်တွင် တစ်စုံတစ်ယောက်က ရယ်မောလာသည်။
“အားရုံ မင်းဘာလို့အဲ့ဒီလိုလုပ်လိုက်ရတာလဲ”
ချန်ရုံက သူ့အသံကြောင့်ထိတ်လန့်သွားသည်။ သူမကနောက်လှည့်လာပြီး ထိုယောက်ျားအားစိုက်ကြည့်ကာ အော်ပြောလိုက်သည်။
“ ရှင်၊ ရှင်ကဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
သူမ၏အကြည့်ကို လျစ်လျူရှုကာ ထိုဖျော့တော့နေသောယောကျာ်းက သူ့အစေခံ၏အကူအညီကိုယူကာ သူမဆီသို့ဖြေးဖြေးချင်းလျှောက်လာသည်။ သူရပ်လိုက်သည်နှင့် အခြားအစေခံနှစ်ယောက်က အလိုအလျောက်ပင် အထဲဝင်ကာ သူ့အတွက်စားပွဲတစ်ခုယူပေးလာသည်။
သူတို့က အမွှေးနံ့သာထွန်းလိုက်ကြကာ ဝိုင်ကိုအပူပေးလိုက်ပြီး သူကနေရာတွင်ထိုင်ချလာသောအခါ သူ၏ရှေ့တွင် အစာသွပ်မုန့်တစ်ပန်းကန်ကို ချပေးလာသည်။
သူကစကားမပြောခင် အစေခံချလာပေးသော မုန့်များကို အရင်စားလိုက်သည်။ သူကချန်ရုံကို တစ်ချက်ကြည့်ကာမေးလာသည်။
“မင်းကဘာလို့ အရမ်းထိတ်လန့်သွားဝာာလဲ၊ ချန်အိမ်တော်က အားရုံ၊ မင်းကိုယ်မင်းတစ်ကိုယ်တည်းသမားလို့တွေးထားတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်၊ မင်းအပြင်မထွက်သရွေ့ မင်းဘယ်မှာနေတယ်ဆိုတာကို ဘယ်သူမှမသိဝောာ့ဘူးတဲ့လား”
ဤကဲ့သို့ ထက်ရှကာထေ့ငေါ့ပြောတတ်သောအသံမှာ သေချာပေါက်ဟွမ်းကျိုးလန်ပင်ဖြစ်သည်။
ချန်ရုံက ဖြေးဖြေးချင်းထထိုင်လိုက်သည်။ သူမက ထိုဖြူလျော်နေသောလုလင်ကို ကြည့်လိုက်ပြီးနောက် အဆုံးတွင်မေးလိုက်သည်။
“ ကျွန်မရဲ့ သခင်ငယ်လေးရေ ဒီအလည်အပတ်မှာ ကျွန်မကိုဘာညွှန်ကြားချက်များ ပေးမှာပါလဲ”
“ညွှန်ကြားချက်လား၊ ကောင်းပြီလေ”
ဟွမ်ကျိုးလန်က လက်ခုပ်တီးလိုက်ကာ အလျင်မလိုစွာထရပ်လိုက်ပြီးနောက် ပြန်ရန်လှည့်လိုက်လေသည်။
အခုလေးတင် အရာအားလုံးကိုရွှေ့ပေးနေသော အစေခံများက ချက်ချင်းပင် ထိုအရာများကိုရှင်းလင်းလိုက်ကာ ခြံဝင်းအားယခင်ပုံစံအတိုင်း ပြန်ဖြစ်စေလိုက်သည်။
သူတို့က ဘာမှမဖြစ်သလိုပင် ရထားလုံးကိုမောင်းထွက်သွားလေသည်။
ဟွမ်းကျိုးလန်၏ ရထားလုံးထွက်သွားပြီးသိပ်မကြာခင်မှာပင် အထိန်းတော်ဖျင်က ချန်အိမ်ဝောာ်၏သခင်လေးကို ခေါ်လာလေသည်။ သူက ရထားလုံးအမှတ်အသားကို စိုက်ကြည့်လိုက်ရာ ကန့်လန့်ကာစနောက်တွင် ချည့်နဲ့နေသော ယောက်ျားတစ်ယောက်၏မျက်နှာကိုတွေ့လိုက်ရသည်။
သူတို့က အကွာအဝေးတစ်ခုထိရောက်သွားပြီးမှသာ သူက အံ့အားတကြီးပြောလိုက်မိသည်။
“အဲ့ဒါက ဟွမ်းအိမ်ဝောာ်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်မလား”
“ဟုတ်ပါတယ်”
“ငါသိပြီ…”
သူက ဤစကားလုံးများကို အကြိမ်အနည်းငယ်ပြောနေလိုက်ပြီး အခြားဘာမှမပြောနိုင်တော့ပေ။
ချန်ရုံနားသို့ သူတို့ရောက်လာသောအခါ သူမအား အစေခံတစ်ယောက်က မေးနေသည်ကို ကြားလိုက်ရသည်။
“ မမလေး အဲ့ဒါကတော်တော်ထူးဆန်းတာဘဲ၊ ဘာလို့ဟွမ်းအိမ်တော်ရဲ့ ကျိုးလန်က ဒီကိုလာတာလဲ၊ ပြီးတော့ဒီအတိုင်းဘဲပြန်ထွက်သွားတယ်၊ သူဘာကိုဆိုလိုချင်တာလဲ”
ချန်ရုံက မျက်လွှာချကာ မဲ့ပြုံးပြုံးလိုက်သည်။
“သူကဘာကိုဆိုလိုရမှာလဲ၊ သူက ငါ့ကို ငါဘယ်နေရာမှာရောက်နေတာကို ကောင်းကောင်းသိနေတယ်၊ အဲ့ဒါကြောင့် ငါကအဓိပ္ပါယ်မရှိတာတွေကို မလုပ်သင့်ဘူးလို့ ပြောချင်နေတာ”
အခုကစပြီး သူမကိုယ်သူမပိုပြီး နှုတ်လုံအောင်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် အရှင်မင်းမြတ်ကိုတွေ့ကာ သူမဘဝတစ်လျှောက်လုံး လက်မထပ်ဘဲနေခွင့်ပြုရန် တောင်းဆိုမည့်အကြောင်း ဘယ်သူ့ကိုမှပြောပြ၍မရပေ။
ဤအချိန်တွင် သူမအစ်ကို၏ဝမ်းသာအားရခေါ်သံကိုကြားလိုက်ရသည်။
“အားရုံရေ၊ အားရုံ”
ချန်ရုံကလှည့်ကြည့်ကာ ချန်အိမ်တော်၏ တလန်ကိုနှုတ်ဆက်လိုက်သည်။
(Tn:တလန်-အကြီးဆုံးသား)
မောင်နှမများက အချင်းချင်းတွေ့ရသဖြင့် မျက်ရည်ဝဲလာကြသည်။ အစေခံများကလည်း သူတို့၏သခင်အတွက် အလျင်အမြန်ပင် စားပွဲတစ်ခုခင်းပေးလာသည်။
သူကထိုင်လိုက်ကာ ချန်ရုံကိုစိုးရိမ်တကြီးကြည့်လာသည်။ သူက သူမလက်ကိုဆုပ်ကိုင်ကာ တုံ့တုံ့ဆိုင်းဆိုင်းဖြင့်မေးလိုက်သည်။
“အားရုံ မင်းမှာအစီအစဥ်တွေရှိတယ်လို့ မနေ့တုန်းက ပြောခဲ့တယ်လေ၊ ဘယ်လိုအစီအစဉ်မျိုးလဲ”
ချန်ရုံက သူ့ကိုကျီစယ်လိုဟန်ဖြင့် ပြုံးပြလာကာ ခေါင်းရမ်းလိုက်သည်။
“ အစ်ကိုကြီးကို အခုပြောပြလို့မရသေးဘူး”
ချန်အိမ်တော်၏ တလန်က သူမ၏ကစားလိုသောအကြည့် ကိုမြင်သောအခါ ပြုံးလိုက်မိသည်။ သို့သော် သူကဝမ်းနည်းစွာရေရွတ်လာလေသည်။
“မင်းနဲ့ထပ်တွေ့ဖို့ အရမ်းခက်ခဲခဲ့ဝာာကို၊ ဘယ်လိုလုပ်ပြီး ငါတို့ကြားကသံယောစဉ်တွေကို ဖြတ်ပစ်နိုင်ရတာလဲ”
သူက သူ့နဖူးကိုရိုက်လိုက်ကာ အက်ကွဲနေသောအသံဖြင့် ပြောလာသည်။
“ အဲ့ဒါတွေအကုန် ငါ့အပြစ်ပါဘဲ၊ ငါကအသုံးမကျလို့ အဲ့ဒီယုတ်ညံ့တဲ့မိန်းမက မင်းကိုစော်ကားလိုက်နိုင်တာ”
ချန်ရုံက အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။ သူမက သူမအစ်ကို၏လက်ကိုဆွဲကာ နှစ်သိမ့်လိုက်သည်။
“ စိတ်မပူပါနဲ့ အစ်ကိုကြီး၊ အခုဆိုရင် ကျွန်မအတော်လေးအထင်ကြီးစရာဖြစ်နေပါပြီ၊ အကိုကြီးလည်း သိတာဘဲ၊ အဲ့ဒီယုတ်မာတဲ့မိန်းမက ကျွန်မကိုအနိုင်မကျင့်နိုင်ပါဘူး”
သူမ၏စကားလုံးများက သူမ၏အစ်ကိုကို ပြန်လည်ချေပလာစေသည်။
“ မင်းက မိန်းမငယ်လေးတစ်ယောက်ပါပဲ ဘယ်လိုအထင်ကြီးစရာကောင်းနေမှာလဲ...”
ဤနေရာတွင် သူကချန်ရုံကိုစိုက်ကြည့်ကာ ဝေ့လည်ကြောင်ပတ်ဖြင့် မေးလိုက်သည်။
“ဘာလို့ ဟွမ်းအိမ်တော်ရဲ့သားက မင်းဆီကထွက်လာတာလဲ၊ ဘာတွေဖြစ်နေတာလဲ”
သူ့ပုံစံက အသေးစိတ်မေးချင်နေသည့်ပုံပေါ်နေသော်ငြား အံကြိတ်ပြီးသာ အဆုံးသတ်လိုက်လေသည်။ သူက ချန်ရုံကိုစိုက်ကြည့်ကာ အလေးအနက်ပြောလာ၏။
“အားရုံ လူချမ်းသာတစ်ယောက်ရဲ့ အပျော်မယား ဖြစ်ရဝာာက ကောင်းပါတယ်၊ ဒါပေမယ့် ကျန့်ခန်းကသခင်မတွေအားလုံးက မာနကြီးတယ်ဆိုတာကိုတော့ သိထားသင့်တယ်၊ ဝန်ကြီးချုပ်ဟောင်းကိုတောင်မှ သခင်ကြီးဝမ်တောက်ဇနီးက သူ့ကိုကိုယ်လုပ်တော်တစ်ယောက်မှ ထားခွင့်မပြုဘူးလေ၊ မင်းက ဒီလိုမျိုးမကြင်နာတတ်တဲ့ အိမ်ဝောာ်သခင်မမျိုးနဲ့ အဆုံးသတ်သွားရင် ဘယ်လိုလုပ်မလဲ”
သူက ချန်ရုံကို ဟွမ်ကျိုးလန်တိတ်တဆိတ်ဖွက်ထားသည့် အပျော်မယားဟု ထင်သွားပေသည်။
သူမက သူ့ကို အပြစ်မတင်နိုင်ပေ။ သူမအနေဖြင့် ယမန်နေ့ညမှသာ နေစရာနေရာရှာတွေ့ခြင်းဖြစ်သော်လည်း ဒီနေ့တွင်ဟွမ်းကျိုးလန်က ရောက်လာနေပြီဖြစ်သည်။ ပိုပြီးအရေးကြီးသောအရာမှာ ယောက်ျားတစ်ယောက်က အဖော်မရှိသောမိန်းမတစ်ယောက်ဆီသို့ လွတ်လွတ်လပ်လပ်အလည်ရောက်လာလျှင် မည်သူမဆိုဤသို့တွေးမိကြမှာဖြစ်သည်။
ချန်ရုံကခနဲ့တဲ့တဲ့ ပြုံးနေချိန်တွင် အထိန်းတော်ဖျင်က မပျော်မရွှင်ဖြင့် ငြင်းဆန်လိုက်သည်။
“သခင် စကားလုံးတွေကို သတိထားပါ၊ ဟွမ်းကျိုးလန်နဲ့ ကျွန်မတို့သခင်မလေးကြားမှာ ဘာဆက်ဆံရေးမှမရှိပါဘူး၊ သူတို့ကသူငယ်ချင်းဖြစ်ရုံလောက်ပါဘဲ”
“သူငယ်ချင်းလား”
တလန်က ချက်ချင်းပင်သူမကိုယုံလိုက်သည်။ သူကရယ်လိုက်ကာ သူ၏ပိန်လှီနေသောမျက်နှာမှ စိတ်ညှိုးငယ်ခြင်းများ လွင့်စင်သွားလေသည်။
“ အင်းပါ၊ အင်းပါ ကျန့်ခန်းက နာမည်ကြီး ကျောင်းတော်သားအားလုံးက အဲ့ဒီလိုပါဘဲ၊ သူတို့က အရေးမပါတဲ့စည်းမျဉ်းတွေကို ဂရုစိုက်ကြတာ မဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်ပြီဆိုရင်လည်း သူငယ်ချင်းလုပ်လိုက်တာပဲ... ဒါဆိုအဆင်ပြေပါတယ်၊ ကောင်းတယ်၊ အရာအားလုံးကအဆင်ပြေနေသားဘဲ”
ချန်ရုံတစ်ယောက် သူ့အစ်ကိုကြီးက သူမကိုအလွန်လျင်မြန်စွာ ယုံသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ကျန့်ခန်းမှစာတတ်ပေတတ်များသည် တော်တော်လေးကို ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေသည့် လူပျင်းများသာဖြစ်သည်ကို သူမ မသိနိုင်ပေ။ တစ်ခါတုန်းကဆိုလျှင် ယောက်ျားတစ်ယောက်က တစ်စုံတစ်ယောက်၏အိမ်ကိုသွားကာ ထိုသူ၏ဇနီးဘေးတွင် အကြိမ်အနည်းငယ်အိပ်ခဲ့ဝာာမျိုးရှိခဲ့ပေသည်။ ထိုအမျိုးသမီး၏ဇနီးရော၊ မြို့ထဲမှလူများကပါ မအံ့ဩကြသလို စိမ်ပြေနေပြေရှိသည်ဟုသာ ထင်ကြသည်။....စာတတ်ပေတတ်လူများက ဒီလိုပင်ဖြစ်သည်။ အကယ်၍သူတို့သာ မဟုတ်ဘူးပြောပါက တစ်လောကလုံးက ဘာမှမဖြစ်ခဲ့ဘူးဟုသာ ယုံကြပေလိမ့်မည်။
ချန်အိမ်ဝောာ်၏ တလန်က ရယ်မောနေဆဲဖြစ်သည်။ သူကအလွန်ပျော်သဖြင့် စားပွဲမှထကာ အခန်းထဲတွင် ပတ်လျှောက်နေ၏။ သူက လက်များကိုပွတ်လိုက်ကာ သူ့ကိုသံသယဝင်စွာဖြင့်စိုက်ကြည့်နေသော ချန်ရုံကို ပြုံးပြလိုက်သည်။
“ မင်းရောက်တာသိပ်မကြာသေးတော့ ဒီမှာက နန်ယန်နဲ့ ဖျင်မြို့တုန်းကလို မတူဘူးဆိုတာကိုသိမှာ မဟုတ်ဘူး၊ ဒီကလူတွေက တစ်ချို့နေရာတွေမှာ ပွင့်ပွင့်လင်းလင်းရှိကြတယ်...ငါတကယ်ပဲ အဲ့ဒါကိုမရှင်းပြတတ်ဘူး၊ အချိန်နဲ့အမျှ မင်းသိလာမှာပါ”
သူ၏မျက်နှာပေါ်တွင် ဂုဏ်သိက္ခာနှင့် လက်နောက်ပစ်ထားကာ ခြံဝင်းထဲတွင် တစ်ပတ်လျှောက်ကြည့်လိုက်ရင်း ခေါင်းငြိမ့်လာသည်။
“ငါတို့အားရုံက အတော်လေးအထင်ကြီးစရာကောင်းဝာာဘဲ၊ တွေးကြည့်လိုက်ရင်မိန်းမငယ်လေးတစ်ယောက်တည်း တောင်ဘက်ကိုခရီးထွက်လာပြီး ဘာအန္တရာယ်မှလဲ မကြုံခဲ့ရဘူး၊ ဟွမ်းကျိုးလန်တို့လို နာမည်ကြီးကျောင်းတော်သားတစ်ယောက်နဲ့တောင် သူငယ်ချင်းဖြစ်နေပြီး ဒီလိုခြံဝင်းငယ်မျိုးကိုလည်း ဝယ်နိုင်သေးတယ် ဘယ်လောက်တောင်တော်လိုက်လဲ”
ခုနလေးတင် အထိန်းတော်ဖျင်က ချန်ရုံတစ်ယောက် ဒီနေရာကိုဝယ်လိုက်သည်ဟု ပြောခဲ့သော်ငြား သူက အဖြူရောင်မုသားသာ ဖြစ်ပြီး ဟွမ်းကျိုးလန်က သူ၏ညီမအတွက်ဝယ်ပေးထားခြင်းဖြစ်သည်ဟု ထင်ခဲ့မိသည်။ အခုတွင်ထိုသို့ မဟုတ်သည်ကိုသိလိုက်ရသောကြောင့် သူကချီးကျူးရန် ဘာစကားလုံးကိုမှ မချန်နေတော့ပေ။
“အားရုံ မင်းက အစ်ကိုကြီးထင်တောင် ပိုပြီးကောင်းကောင်းလုပ်နိုင်နေဝာာဘဲ”
သူက သက်ပြင်းချလိုက်သည်။
ဤအချိန်တွင် ချန်ရုံက လက်ရမ်းပြလိုက်သည်။ သူမ၏အချက်ပေးမှုကြောင့် အစေခံများက အခန်းထဲမှထွက်သွားလိုက်ကြသည်။
တိတ်ဆိတ်နေသော ခြံဝင်းထဲတွင် သူမကခေါင်းစောင်းကြည့်လိုက်ကာ သူမအစ်ကိုကို စနောက်သည့် ပုံစံဖြင့်မေးလိုက်သည်။
“တကယ်လို့ ကျွန်မရဲ့ယောက်မက အရမ်းစိတ်ပျက်စရာကောင်းတယ်ဆိုရင် ဘာလို့သူမကို မကွာရှင်းလိုက်တာလဲ”