Chapter 171
: ဝမ်ချီလန်နှင့် ထပ်မံတွေ့ဆုံခြင်း
ချန်ရုံ၏ရထားလုံးသည် လူထု၏စောင့်ကြည့်နေသောမျက်လုံးများရှေ့မှ ဖြေးဖြေးချင်းမောင်းထွက်သွားသည်။
အဓိကလမ်းမကြီးပေါ်သို့ သူတို့ရောက်လာသောအခါ ကျန့်ခန်း၌ မင်းမျိုးမင်းနွယ်များ၊ တော်ဝင်မျိုးနွယ်များပေါများသောကြောင့် ဘယ်သူကမှသူမကို နောက်ထပ်ကြည့်မနေကြတော့ပေ။
သူမက ကန့်လန့်ကာစကိုမလိုက်ကာ ဖြတ်သွားနေသော မြို့ကိုကြည့်လိုက်သည်။ သူမဒီမှာနေချိန်အတွင်းတွင် မြို့ထဲသို့မလာခဲ့ရပေ။ သူမ၏ပုံစံကဖြားယောင်းမြှူဆွယ်နိုင်သည်ကို သိသောကြောင့်ပင်။ ထို့ကြောင့် ဤမြို့အကြောင်းကို သူမစပ်စုချင်သည့်အစား သည်းခံနေခဲ့ရပေသည်။
သို့သော်ငြား ယခု သူမတွင်ဘာကြောက်စရာမှရှိမနေတော့ပေ။ သူမက အဓိကအိမ်တော်ကို ဝင်ရောက်ကာ အိမ်တော်၏အမည်နှင့် ချည်နှောင်ထားပြီးဖြစ်သည်။ ချန်အိမ်တော်၏အားရုံသည် တစ်စုံတစ်ယောက်က ထိခိုက်အောင် ပြုလုပ်နိုင်သည့် လူမျိုးမဟုတ်တော့ချေ။
မိန်းကလေးများ၏ ရယ်သံများကို လမ်းမပေါ်တွင်အချိန်နှင့်အမျှ ကြားနေရနေသည်။ သူတို့က သူမ၏ရထားလုံးရှေ့၌ သူတို့၏ရှည်မျောသော တံမြက်စည်းလှည်းနေသလို ဝတ်ရုံများ၊ တရစ်ရစ်ဝဲနေသော အမွှေးရနံ့များနှင့်အတူ လှစ်ခနဲသွားလာနေကြသည်။
သူမက လိုက်ကြည့်နေစဉ်တွင် ရထားလုံးက ဖြေးဖြေးချင်း ချန်အိမ်တော်ထဲသို့ ဝင်ရောက်လာသည်။
ချမ်းသာသည့်အိမ်တော်များသာ ပိုင်ဆိုင်သည့် ဂိတ်တံခါးနီကြီးနှင့် ရှည်လျားသော လှည်းသွားလမ်းက ရိုးရာဆန်သောခံစားမှုကိုပေးနေပြီး ကြည်လင်အေးချမ်းသောခြံဝင်းက လျို့ဝှက်ဆန်းကြယ်သော အရည်အသွေးမျိုးရှိပေသည်။ ဤအရာက အဓိကအိမ်တော်ကြီးအပေါ်တွင် သူမ၏ပထမဆုံးအမြင်ဖြစ်သည်။ ဤနေရာတွင် သစ်ရွက်တိုင်း၊ မြက်ပင်တိုင်းက ဂရုတစိုက်ဖြင့် သပ်သပ်ရပ်ရပ်လုပ်ထားပုံပေါ်ပေသည်။
ထိုသို့ဆိုလျှင်တောင်မှ ချန်ရုံက ဤအရာများအပေါ်တွင် စိတ်ဝင်စားမှုရှိမနေပေ။ သူမကရုတ်တရက် ကန့်လန့်ကာကိုနိမ့်လိုက်ကာ လေကို သူမမျက်နှာအားရိုက်ခတ်သွားစေလိုက်သည်။
အဆုံးတွင် ကန့်လန့်ကာ မ မလာခင်တွင် အစေခံတစ်ဦးက သူမကိုယ်သူမညင်သာစွာမိတ်ဆက်လာသည်။
အပြုံးတစ်ခုနှင့် ချန်ရုံက သူမရထားလုံးပေါ်မှဆင်းရာတွင် ထိုမိန်းကလေးအား ကူညီစေလိုက်သည်။
သူမက ကျန့်ခန်း၏ချန်အိမ်တော်မှဖြစ်သော သက်လတ်ပိုင်းအရွယ်ရှိသည့် သူမ၏လေးယောက်မြောက်ဦးလေးချန်ကျစ်ဖန့်ကို တွေ့လိုက်လေသည်။ သူက ရှေ့တွင်ရှိနေသော ခြံဝင်းနှင့် အထဲရှိ အတန်းလိုက်ရှိနေသည့် အိမ်တော်၊ ခေါင်မိုးများကို စိတ်အားတက်ကြွစွာ ညွှန်ပြလာသည်။
“အားရုံ ဒါကမင်းရဲ့ခြံဝင်းဘဲ တစ်ချက်လောက်ကြည့်ကြည့် မင်းဝယ်စရာတစ်ခုခုလို၊မလိုဆိုတာ စစ်ကြည့်လိုက်ဦး၊ အစေခံတွေကို အသိပေးလိုက်နော်၊ အဲ့လိုမှဘဲ သူတို့က မင်းကိုကူညီနိုင်မှာ”
သူက ခေါင်းငုံ့နေသော အစေခံငယ်များကို လှည့်ပြောလိုက်သည်။
“ဒါက မင်းတို့ရဲ့ သခင်မလေးဘဲ၊ အခုကစပြီး သူမ ပြောတာကိုနားထောင်ရမယ်”
“ဟုတ်ကဲ့ပါ ”ရှစ်ယောက်လုံးက အရိုအသေပေးကာ ပြန်ဖြေလာကြသည်။
သူတို့က ချန်ရုံကို ဝန်းရံလိုက်ကြသည်။
ချန်ကျစ်ဖန့်က နောက်တစ်ကြိမ်ချောင်းဟန့်လာ၏။ သူက ချန်ရုံကို ကြင်နာစွာကြည့်ကာ ခေါ်လိုက်သည်။
“အားရုံ”
“ဟုတ်”
“အခုကစပြီး ဒီနေရာက မင်းရဲ့အိမ်ဘဲ၊ မှတ်ထားနော်၊ မင်းက ချန်အိမ်တော်က အားရုံဘဲ”
“ဟုတ်ကဲ့ပါ”
ချန်ကျစ်ဖန့်က ပြုံးတုံ့တုံ့ဖြင့် သူ၏ဝတ်ရုံလက်ကိုလွှဲကာ ထွက်သွားလေသည်။ သူထွက်ခွာသွားသည်နှင့် သူတို့နားရှိ သိချင်နေသော အကြည့်များကလည်း ဆုတ်ခွာသွားသည်။ တစ်ခဏအတွင်းမှာပင် ခြံဝန်းက တိတ်ဆိတ်သွားလေသည်။
အစေခံရှစ်ယောက်ထဲတွင် မျက်နှာဝိုင်းဝိုင်းနှင့် အသက်နှစ်ဆယ်အရွယ်လောက်ရှိကာ သူမ၏မျက်ခုံးများကြားတွင် အလှမှဲ့ရှိသော မိန်းကလေးက ရှေ့သို့ထွက်လာပြီး ချန်ရုံကိုထောက်ကူပေးလာသည်။ သူမက ကျန့်ခန်းနှင့်ကိုက်ညီမှုရှိသည့် နူးညံ့သော တောင်ပိုင်းလေသံကိုသုံးကာ မေးလာ၏။
“တစ်ခုခုသိချင်တာများရှိပါလို့လား သခင်မလေး”
သူမက သူမအပြုံးကိုဖုံးကွယ်လိုက်သည်။
“မေးစရာတွေရှိနေတာက ပုံမှန်ဘဲဆိုတာ သေချာပါတယ်၊ အခုဆိုရင် သခင်မလေးက နန်ယန်ချန်အိမ်တော်က ချန်ကုန်းရန်းရဲ့ အုပ်ထိန်းမှုအောက်မှာရောက်နေပြီဆိုတော့ အရာအားလုံးကို သူလာတဲ့အထိစောင့်ထားလို့ရပါတယ်”
သူမက လာကြိုဆိုကြသော ထိုလူများအပြင် ချန်ရုံက သူမ၏ဤဆွေမျိုးများဆီသို့ အလည်လာသောခရီးတွင် အခြားဘယ်အကြီးအကဲကိုမှ မတွေ့ခဲ့ရပေ။ သူမအနေဖြင့် အနည်းဆုံး အကြီးအကဲအနည်းငယ်လောက်ကိုတော့ တွေ့ရလိမ့်မည်ဟုတွေးခဲ့မိပေသည်။ သို့သော် အစေခံက ပြောသည်ကို ကြားလိုက်ရသောအခါ ဘာဆိုလိုသည်ကို သူမသိသွားသည်။
ဒီအစေခံမိန်းကလေးက ဘာလို့အရမ်းကိုထက်မြက်နေရတာလဲ။ သူမဘာမှမပြောရသေးသော်လည်း ဤမိန်းကလေးက သူမ၏အတွေးများကို သိနေပြီဖြစ်သည်။
ချန်ရုံက တုန့်ပြန်မှုက အချိန်နှင့်အမျှ ဤမျှအကွာအဝေးထိရောက်လာသည်ကို မြင်လိုက်ရသောအခါ အစေခံမိန်းကလေးက ပြုံးကာ ထပ်ပြောလာ၏။
“သခင်မလေးက မသိလောက်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့တွေက ကိုယ်ခစားရမယ့် သခင်ရဲ့စိတ်ကို အချိန်နဲ့အမျှဖတ်တတ်နေအောင် လေ့လာခဲ့ရပါတယ်၊ ကျန့်ခန်းမှာဆိုရင် ကျွန်မတို့လို ချမ်းသာတဲ့အိမ်တော်တွေက ဒီလိုမျိုး အထူးလေ့ကျင့်ရေးကို ပထမအဆင့်အစေခံတွေကို သင်ကြားခိုင်းရုံတင်မကဘူး။ သူတို့ရဲ့ပျော်တော်ဆက်၊ အိမ်တော်ထိန်းနဲ့ အစောင့်တွေကိုလည်းလုပ်ခိုင်းကြပါတယ်....မဟုတ်ရင် ချန်အိမ်တော်ကို နှစ်ရာချီသက်တမ်းရှိတဲ့ မင်းမျိုးမင်းနွယ်အိမ်တော်လို့ ခေါ်နိုင်ဦးမှာတဲ့လား”
ချန်ရုံက ဂရုမစိုက်စွာပင် ခေါင်းညိတ်လိုက်သည်။ အတိတ်တုန်းကဆိုလျှင် သူမက ဤအရာများကိုစိတ်ဝင်စားနိုင်သော်ငြား အခုချိန်တွင် သူမကတိတ်ဆိတ်အေးချမ်းသောဘဝကိုသာအလိုရှိပေသည်။
သူမ၏ ဤအရေးမစိုက်သော အပြုအမူက အစေခံများအား သတိမူလာမိစေသည်ကို သူမ မသိလိုက်ပေ။ ဤသခင်မလေးက အလွန်နိမ့်ကျသည့် မျိုးရိုးမှဟု သူတို့ပြောကြသော်လည်း သူမက က္ကန္ဒြေနှင့် ကျက်သရေ တင့်တယ်မှုများကို ပိုင်ဆိုင်ထားပုံပေါ်ပေသည်။
ချန်ရုံအတွက် ပြင်ပေးထားသောခြံဝန်းမှာ ချန်အိမ်တော်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ လူသွားလမ်းကို ပွင့်နေသောဘေးတံခါး၏အနောက်တွင် တွေ့နိုင်ပေသည်။
၎င်းကအလုံးစုံများထဲတွင် ရိုးရှင်းကာ သာမာန်ဖြစ်နေလျှင်တောင်မှ အလွန်အမင်းကြော့ရှင်းလှပနေပေသည်။
ချန်ရုံက လျှောက်ကြည့်နေစဉ်တွင် အစေခံကချောင်းဟန့်ကာ ပြောလာသည်။
" ရှီချုံးလိုမျိုး သူတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုကြွားလုံးထုတ်ပြီး အပေါစားအဆင်တန်ဆာတွေကိုဆင်မြန်းတဲ့ လူတွေရှိပါတယ်၊ သူတို့က ပိုက်ဆံအနံ့တွေဝေ့ဝဲနေတဲ့ သာမာန်အိမ်တော်တွေပါ၊ အစစ်အမှန်အထက်တန်းစားတွေက သက်တောင့်သက်သာဖြစ်မှုကိုဘဲ ရှာဖွေကြတယ် ၊ တစ်လောကလုံးက တစ်ယောက်ရဲ့နှလုံးသားထဲမှ အနားယူနိုင်မယ့်နည်းလမ်းမျိုးပေါ့”
ဘဝနှစ်ခုဖြတ်သန်းလာပြီးနောက်တွင်ဤအယူအဆက ချန်ရုံရင်းနှီးနေသောအရာဖြစ်သည်။ သူမက သဘောတူစွာခေါင်းညိတ်လိုက်သည်။
“လောကကြီးက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ အနားယူနိုင်မယ့်နည်းလမ်း၊ ဒီစကားလုံးတွေက တကယ်ကိုမမှားဘူး”
ထို့နောက် သူမက သူမအခန်းထဲသို့ ဝင်သွားသည်။
ဤနေရာက အလွန်ကြီးမားသော်ငြား ရိုးရှင်းစွာခင်းကျင်းထားပေသည်။ အိပ်ရာတစ်ခု၊စားပွဲတစ်လုံး၊ ကန့်လန့်ကာတစ်ချို့တို့ဖြစ်ကာ အခြားဘာဂရိဘောဂမှမရှိတော့ပေ။
သစ်ကြားသားဖြင့်လုပ်ထားသော ကြမ်းပြင်ပေါ်တွင် နူးညံ့ပါးလွှာသည့် အနုစားပင့်ကူမျှင်လေးလွှာကို ခင်းထား၏။ ကန့်လန့်ကာနောက်ရှိ အိပ်ရာဆီက မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ဖြာထွက်နေပေသည်။ အနီးကပ်ကြည့်လိုက်မည်ဆိုပါက ၎င်းက ပုလဲများကိုကြိတ်ကာ အိပ်ရာစပေါ်တွင် ဖြန့်ကျဲထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုပုလဲမှုန့်များက မရေတွက်နိုင်သော ကြယ်များလို တလက်လက်တောက်ပနေ၏။
အပေါ်ပိုင်းကို ပုလဲလုံးကြီးများ ငါးဆယ်၊ ခြောက်ဆယ်လောက်ဖြင့် နေရာချထားကာ...သူတို့၏အရောင်၊ လုံးဝန်းမှုနှင့် အရွယ်အစားတို့သည် သူမဆံပင်တွင်ဆင်ထားသောတစ်ခုနှင့် ကွာခြားမှုကြီးကြီးမားမားရှိမနေပေ။
အခန်းထဲတွင် စိတ်သက်သာစေသောရနံ့ဖြင့် ပြည့်နေ၏။ ရန်မင်းနှင့်လက်ထပ်ပြီးနောက်တွင် သူမ၏ဘဝပုံစံကသက်တောင့်သက်သာရှိခဲ့သော်လည်း ဒီလိုရိုးရှင်းသော စည်းစိမ်ချမ်းသာမျိုးကို ရန်မင်း၏အိမ်တော်တွင်မတွေ့နိုင်ပေ။
အစေခံများသည် ချန်ရုံဒီခြံဝင်းထဲသို့ ဝင်လာကတည်းက သူမကိုအကဲခတ်နေခြင်းဖြစ်သည်။ ချန်ရုံက ကြောက်လန့်မသွားသလို စိုးရိမ်တကြီးလည်းမဖြစ်သည်ကို မြင်သောအခါ အလွန်စိတ်ကျေနပ်သွားကြသည်။ သူမ၏ဂရုမစိုက်ကာ လျစ်လျူရှုထားသောပုံစံက ဤလိုနေရာမျိုးတွင် သူမတစ်ဘဝလုံးနေခဲ့ပြီး ပုလဲအိပ်ရာက သူမအတွက် ကျောက်တုံးကြီးတစ်ခုထက်မပို တော့ သလိုပင်။ သူမက မျိုးနွယ်စု၏ မိသားစုခွဲမှ ကိုယ်လုပ်တော်သမီးတစ်ယောက်ဖြစ်သော်ငြား နန်ယန်မှပညာတတ်၏ အသိအမှတ်ပြုမှုကို ရယူနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။ လန်ယာမှဝမ်အိမ်တော်ကတောင် သူမကိုချီးကျူးလာ၏။ အမှန်တကယ်ပင် သူမက အလွန်ကျက်သရေရှိသည်ဟု သူတို့တွေးလိုက်မိသည်။
အရှင်မင်းမြတ်ကို အခစားဝင်ခွင့်ရသည်မှာ မိန်းမငယ်တစ်ယောက်အတွက် လုံးဝကိုသာမာန်မဟုတ်သောအရာဖြစ်သည်။ သူမကိုဆုလာဒ်တော်များချီးမြှောက်ခံလိုက်ရသည်နှင့် သူမသည် ချန်အိမ်တော်တစ်ခုလုံးကို ကိုယ်စားပြုလိုက်ခြင်းဖြစ်သည်။ သူမက ဉာဏ်နီဉာဏ်နက်များနိုင်သော်ငြား သူမ၏တည်ငြိမ်အေးချမ်းမှုကို ဆုံးရှူံးသွားနိုင်၏။ သူမကရိုင်းစိုင်းလိုက်နိုင်သော်လည်း သူမ၏အမြှော်အမြင်ရှိမှုကို ဆုံးရှူံးမခံနိုင်ပေ။ သူမအနေဖြင့် ကျေးဇူးကန်းလိုက်နိုင်သော်လည်း ဂုဏ်ကျက်သရေကို ကျင့်သားရနေပြီဖြစ်သော မင်းမျိုးမင်းနွယ်တစ်ယောက်၏ စိတ်နေစိတ်ထားနှင့် တည်ငြိမ်မှုကို မမေ့ပျောက်နိုင်ပေ။
စိတ်ကျေနပ်သွားကြပြီးနောက် အစေခံများက တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသည်။
ချန်ရုံက အခန်းထဲတွင်ထိုင်ကာ သူမ၏ဗျပ်စောင်းအား စိုက်ကြည့်နေလိုက်သည်။
အထိန်းတော်ဖျင်က တံခါးပိတ်သွားသည်ကို ကြည့်ပြီးနောက် လျင်မြန်စွာအသက်ရှူထုတ်လိုက်သည်။ သူမကချန်ရုံနောက်သို့သွားကာ တတွတ်တွတ်ပြောလာလေသည်။
“မမလေး အကြောင်းရင်းတစ်ချို့ကြောင့် ကျွန်မအသက်မရှူနိုင်တော့ဘူး”
“အဲ့ဒါက သူတို့ဆီကနေ နင်တစ်ခုခုတောင်းဆိုနေတာလည်းမဟုတ်ဘူးလေ ၊ ဘာကိုကြောက်နေတာလဲ”
အထိန်းတော်က တွေးကြည့်ရန် ခနရပ်လိုက်ပြီးနောက် ရယ်လိုက်သည်။
“ ဟုတ်သားဘဲ၊ ကျွန်မက ဘာကိုမှတောင်းဆိုနေတာ မဟုတ်ဘူး၊ မမလေး နောက်တကြိမ်ကျွန်မ သူတို့ကိုတွေ့ရင် အသက်ရှူနိုင်အောင် ကြိုးစားပါ့မယ်”
ချန်ရုံက ပြုံးလိုက်သည်။
ညနေခင်းတွင်။
ချန်ရုံနှင့် သူမ၏လူများသည် နှစ်တစ်နှစ်၏ပထမပိုင်းကို လမ်းပေါ်တွင်သာ ကုန်ဆုံးခဲ့ရသော်ငြား လေထဲတွင်တရစ်ရစ်ဝဲနေသော အေးစိမ့်မှုရှိနေဆဲဖြစ်သည်။
သူမက သီချင်းတစ်ပုဒ်ကို တီးခတ်ကာ နေဝင်ချိန်ကို ကြည့်နေလိုက်သည်။
ဗျက်စောင်း၏ အလျင်မလိုသော တီးခတ်သံက လေထဲတွင် ပျံ့နှံ့လာသည်။ သူမက လှပသောသံစဉ်များကြားတွင် သူမကိုယ်တိုင်တောင် မသိခဲ့ဘူးသော ငြိမ်သက်အေးချမ်းမှုများတည်ရှိနေသည်။ ၎င်းသည် တစ်စုံတစ်ယောက်က အလွန်ခမ်းနားကြီးကျယ်သော တောင်တစ်တောင်အကြောင်းရှာတွေ့လိုက်ချိန်၊ သို့မဟုတ် ရေက အလွန်သာယာနာပျော်ဖွယ်ကောင်းသည်ဟု ခံစားမိလိုက်ချိန်တွင် ဖြစ်ပေါ်လာသည့် အတိသုခပင်ဖြစ်သည်။ ထို့ပြင်သူမသည် ဤလိုအေးချမ်းတည်ငြိမ်မှုကိုသာ အလိုရှိနေခဲ့သည်ကို အခြားသူများအားသိစေနိုင်သော ပုန်းကွယ်နေသည့် အရေးကြီးမှုတစ်ခုလည်း တည်ရှိနေ၏။
သီချင်းသံက ဖြေးဖြေးချင်း ရပ်တန့်သွားသောအခါ သူမ၏အနောက်ဘက်တွင် လက်ခုပ်တီးသံတစ်ခုထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဟွမ်းကျိုးလန်၏စူးရှသော ရယ်သံတစ်ခုကိုကြားလိုက်ရသည်။
“ကောင်းလိုက်တာ၊ ကောင်းတယ် မင်းဗျက်စောင်းတီးတာကို ငါကြားရတဲ့အချိန်တိုင်းမှာ ဉာဏ်အလင်းပွင့်မှုအသစ်တစ်ခုကိုအမြဲတမ်းရှာတွေ့မိတယ်”
ဤအဆင့်တွင် သူကအသံကိုနှိမ့်ကာ အရွှန်းဖောက်လာသည်။
“ ဒါကိုဘယ်သူကိုများ ငါချီးကျူးပေးရမလဲ သိချင်မိတယ်”
သူ၏လေသံက အနည်းငယ်ထူးဆန်းနေ၏။
ချန်ရုံ၏မျက်နှာက ပုတ်သိုးလာသည်။ ဗျက်စောင်းကြိုးအပေါ်ရှိ သူမ၏လက်ချောင်းများက တောင့်တင်းသွားလေသည်။
သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက ဖြေးဖြေးချင်းပွင့်လန်းလာသည်။
သူမက ခေါင်းမော့လာကာ အနည်းငယ်စောင်းကြည့်လိုက်သည်။
“ကြိုဆိုပါတယ် လူကြီးမင်းတို့”
ထို့နောက် သူမကအရိုအသေးပေးလိုက်၏။
ဤကျစ်လစ်သွက်လက်သော လူငယ်များကြားတွင် သူမဘယ်တော့မှ မမေ့နိုင်သော်ငြား ထပ်မတွေ့ချင်တော့သော ပုံရိပ်တစ်ခုရှိနေသည်ကို မော့ကြည့်စရာတောင်မလိုပေ။
ဤအကြောင်းအရင်းကြောင့် သူမလက်ချောင်းများကို ဗျက်စောင်းကြိုးများအပေါ်တွင် ပွတ်တိုက်လိုက်ကာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။
“မကြာခင်နေဝင်ပြီး ညရောက်လာတော့မယ်၊ ကျွန်မရဲ့စုတ်ပြတ်နေတဲ့ နေရာက အကြမ်းဆန်နေမှာဘဲ ၊ အရှင်တို့ပြန်သင့်ပါပြီ”
သူမက သူမ၏ဧည့်သည်များကို ဗြောင်ကျကျနှင်ထုတ်နေခြင်းဖြစ်သည်။
လူငယ်များက ရပ်တန့်သွားကြသည်။ ဟွမ်းကျိုးလန်က ဦးဆောင်ကာ ရယ်မောလိုက်လေသည်။ ထို့နောက် လူအုပ်ကြီးကတုံ့ပြန်ချိန်တောင် မရသေးခင်မှာဘဲ သူက သူတို့ကိုတွန်းထုတ်လိုက်ကာ ပြောလိုက်သည်။
“ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ငါတို့သွားတော့မှာပါ”
သူကတွန်းရင်း ရယ်မောလာကာ တစ်ခဏအတွင်းမှာပင် သူတို့၏ခြေသံများသည် တံခါးခုံး၏အလွန်တွင် ပျောက်ကွယ်သွားလေသည်။
သို့သော် ဟွမ်းကျိူးလန်တစ်ယောက် သူနှင့်အတူမခေါ်သွားသောလူမှာ ချန်ရုံ မတွေ့ချင်ဆုံးသောလူဖြစ်နေ၏။
သူမက ရှုံ့မဲ့မဲ့ဖြင့် ပြုံးလိုက်မိသည်။
ခြေလှမ်းသံများထွက်လာ၏။
ဝတ်ရုံဖြူနှင့် ယောက်ျားက သူမဆီရောက်လာလေသည်။
သူက သူမနှင့်ခြေသုံးလှမ်းအကွာသို့ ရောက်သောအခါ သူမကိုကြည့်လာပြီး နူးညံ့စွာသက်ပြင်းချလိုက်သည်။
“အားရုံ ဒီလိုမျိုးမပြုံးပါနဲ့၊ ဒီလိုပုံစံမျိုး စကားမပြောနဲ့....ဒါကမင်းမဟုတ်ဘူးလေ”
ချန်ရုံက အော်ရယ်လိုက်မိမလိုတောင် ဖြစ်သွားသည်။
သူမက ဖြေးဖြေးချင်းမော့ကြည့်လာသည်။
ဆည်းဆာနေရောင်က သူမ၏ကြွေထည်ကဲ့သို့အသားအရေပေါ်တွင် ဖြတ်ပြေးနေကာ သူမ၏မျက်ဝန်းနက်များအား အရောင်တောက်လာစေသည်။
သူမက ခေါင်းစောင်းကာ သူ့ကိုမော့ကြည့်လာ၏။ အဆုံးတွင် သူမကပြုံးလိုက်လေသည်။
“ချီလန် မတွေ့ရတာအတော်ကြာပြီဘဲ”
ဟုတ်သည်။ အတော်ကြာသွားပြီဖြစ်သည်။ ကြာလွန်း၍ ဆယ်စုနှစ်တစ်ခုစာလောက်ဟု ခံစားမိကာ ကြာလွန်းသဖြင့် သူမက အေးစက်ကာ အကွာအဝေးထားရသည်ကို နေသားကျနေခဲ့ပြီဖြစ်သည်။....
ဝမ်ဟုန်က ကျက်သရေရှိနေသော်ငြား အေးစက်နေသည့်ချန်ရုံကိုကြည့်ကာ ချည့်နဲ့သောအပြုံးတစ်ခုပြုံးပြလိုက်သည်။
သူက ချန်ရုံ၏နှုတ်ခမ်းများဆီရောက်လာ၏။ သူ၏လုပ်ဆောင်ချက်များက ဖြေးညှင်းပြီး တင့်တယ်နေကာ ပင်ကိုသဘာဝအတိုင်းနီးပါးဖြစ်သည်။
သူ၏လက်ချောင်းများက သူမနှုတ်ခမ်းနှင့် လက်မအနည်းငယ်သာကွာတော့သည့်အချိန်တွင် ချန်ရုံကပုံမှန်မဟုတ်သော အပြုံးတစ်ခုပြုံးလာပြီး နူးညံ့စွာပြောလာသည်။
“အရှင် ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်သတိထားပါ”
သူမကနူးညံ့စွာပြောလာခြင်းဖြစ်သော်ငြား သူမ၏လေသံက ခိုင်မာစွာစိတ်ပိုင်းဖြတ်ထားသလို သစ္စာဖောက်နေ၏။
ဝမ်ဟုန်က သူမကိုကြားပုံမရချေ။
သူက သူမ၏သိမ်မွေ့သော နှုတ်ခမ်းသားများပေါ်တွင် ဖြေးညှင်းစွာလက်ချောင်းတစ်ချောင်းတင်လာသည်။
သူ၏အထိအတွေ့က အလွန်အေးစက်နေ၏။ သူမ၏ အရသာရှိသောနှုတ်ခမ်းဖူးဖူးလေးကို ထိလိုက်ပြီး သူမမျက်လုံးဆီသို့ တိတ်တဆိတ်စိုက်ကြည့်ကာ တိုးတိုးပြောလာသည်။
“ကိုယ့်ရဲ့ အားရုံ....”
သူ၏လည်ချောင်းသံထဲတွင် အကူညီမဲ့မှု တစ်စွန်းတစ်စက ရစ်ဝဲနေလေသည်။
ချန်ရုံက မျက်ခုံးပင့်လိုက်သည်။
'သူ့ရဲ့ အားရုံတဲ့လား”
သူမက ကျက်သရေရှိစွာပြုံးလိုက်မိသည်။ သူမ၏ တလက်လက်တောက်ပနေသော မျက်လုံးများက ဝမ်ဟုန်ကိုငေးလာပြီး ထိုသူ၏ကြင်နာစွာပွတ်သပ်နေသော လက်ချောင်းကို သူမပါးစပ်ထဲသို့သွင်းလိုက်သည်။
သူမ၏ အပြုအမူက ထိုသူကိုတောင့်တင်းသွားစေသည်။
သူမက အေးခဲနေသော ဝမ်ဟုန်ကို ရှက်ကိုးရှက်ကန်းဖြင့် ငေးကြည့်နေလိုက်သည်။ ဖြေးဖြေးချင်းဖြင့် သူမ၏လျှာက သူ၏လက်ချောင်းကိုအသာအယာပွတ်သပ်လာ၏။
သူက သူမအားနှစ်သက်အားရစွာနှင့် ပီတိဖြာစွာကြည့်နေချိန်တွင် သူမက သူ့လက်ချောင်းကိုလွှတ်ပေးလိုက်ကာ သူ၏လည်ပင်းအားကြင်နာစွာ ပွတ်သပ်ရန် လက်ဆန့်လာ၏။
သူမ၏ နွေးထွေးကာ ပိုးသားကဲ့သို့ အထိအတွေ့က ရုတ်တရက်ဆိုသလိုပင် ထက်ရှသောအရာတစ်ခုနှင့် အစားထိုးခံလိုက်ရလေသည်။ ၎င်းက သူမ၏ရွှေဆံထိုးဖြစ်သည်။ ချန်ရုံ၏လက်ကောက်ဝတ်က အောက်ဘက်သို့ဆွဲချလာပြီး သူ၏အသားပေါ်တွင် ထိုးဖောက်ရာတစ်ခုပြုလုပ်လာသည်။
သူမက ဝမ်ဟုန်ကိုခေါင်းမော့လိုက်ရန် ဖိအားပေးပြီး သူမအပြုံးကရပ်တန့်သွားလေသည်။ သူမက သူကိုကြည့်ကာ တိုးတိုးပြောလိုက်သည်။
“အရှင်က ဘောင်ကျော်နေပြီ ချီလန်။ တကယ်လို့ အရှင်သာ ကျွန်မလိုချင်တာကို မပေးနိုင်ဘဲ ကျွန်မက အရှင့်ဆီကနေ စက်ဆုပ်အထင်သေးတာကိုဘဲ ခံရမယ်ဆိုရင် ဘာလို့အရှင့်ဝတ်ရုံလက်ကိုလွှဲပြီး ထွက်သွားခွင့်မပေးလိုက်တာလဲ”
သူမက သူဆီကိုင်းညွှတ်လာသည်။ ဝမ်ဟုန်က သူမ၏ကြည်လင်တောက်ပနေသော မျက်လုံးများဆီသို့ စိုက်ကြည့်နေချိန်တွင် သူမက ငိုငိုရီရီလုပ်လာသည်။
“ချီလန် နောက်ယောင်ခံလိုက်တာက လန်ယာဝမ်အိမ်တော်အတွက် အရမ်းမသင့်တော်တဲ့အရာပါ”
သူမ၏နူးညံ့သော နှုတ်ခမ်းက သူ၏နားသို့ ဖြေးညှင်းစွာပွတ်တိုက်လာပြီး စကားလုံးများကိုမြောဝင်လာစေသည်။
ထို့နောက် အောင်အောင်မြင်မြင်ပင် ဝမ်ဟုန်၏မျက်လုံးများကို မည်းနက်သွားစေသည်။ ချန်ရုံကို သူမဆံထိုးကိုပြန်ယူလိုက်ကာ ခေါင်းလှည့်ပြီး သူမအခန်းဆီသို့ တွေဝေမှုမရှိစွာ လျှောက်သွားလိုက်သည်။
“ဧည့်သည်ကို ပြန်ပို့လိုက်”
သူမကတံခါးဆီသို့ ရောက်ရောက်ချင်း အော်ပြောလိုက်သည်။
ချန်ရုံက နှစ်ကြိမ်တိတိအော်လိုက်သော်ငြား အစေခံတစ်ယောက်မှ မထွက်လာပေ။
ချန်ရုံက သူမအခန်းတံခါးတွေ ရပ်ကာ ထပ်အော်လိုက်သည်။
“အစေခံတွေ”
သူမ၏အသံတွင် ဒေါသများဖြင့် အနည်းငယ်ရစ်ပတ်လာလေသည်။ အခုလေးတင် ဟွမ်းကျိုးလန်ထွက်သွားစဉ်က ခြံဝင်းထဲရှိ အစေခံများအားလုံးထွက်သွားသည်ကို သတိထားမိလိုက်သည်။ သူမ၏အဆုတ်ထဲမှ လေအားလုံးကိုသုံးကာ အော်နေတာတောင်မှ သူတို့ကမကြားသလိုဟန်ဆောင်နေကြဆဲဖြစ်မည်ဟု သူမမထင်ထားမိပေ။
သူမ၏အသံက မြင့်တက်လာသော်ငြား ခြံဝန်းက တိတ်ဆိတ်နေဆဲဖြစ်သည်။
ချန်ရုံက နူးညံ့စွာမာန်ဖီလိုက်ပြီး သူမဝတ်ရုံစကို တဖျတ်ဖျတ်လှုပ်သွားစေကာ သူမအခန်းထဲသို့ ဝင်သွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏တံခါးက ဗန်းခနဲပိတ်ချသွားလေသည်ယ
တုန်ခါနေသောတံခါးကိုကြည့်ပြီး ဝမ်ဟုန်က သူ့သွေးများ ထိုးတက်လာသောလည်ပင်းကိုကိုင်ကာ အကူညီမဲ့စွာပြုံးလိုက်သည်။