Chapter : 25 ( ချိန်းတွေ့ခြင်း [2] )
Viewers 3k

Chapter : 25 ( ချိန်းတွေ့ခြင်း [2] )


ထိုအချိန်တွင် သူခံစားခဲ့ရသည်မှာ ရှန့်ချန့်ယန်တွင် တောက်ပသော အနာဂတ်ရှိပြီး ဤသို့ ယဉ်ကျေး၍ ရိုးသားသော ကောင်လေးသည် သူ၏အနိမ့်ဆုံးအမှတ်မှ မုချမြင့်တက်လာမည်ဟုပင်။

နောက်ပိုင်းတွင် ရှန့်ချန့်ယန်ရိုက်ကူးခဲ့သော Variety Show မထုတ်လွှင့်မီမှာပင် သူသည် မြင့်မားသောအဆောက်အအုံမှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။

<Iridescent Clouds Chasing the Moon> သည် ထာဝရပျောက်ကွယ်သွားခဲ့၏။

ဟိုင်ရိသည် သူ၏ရုံးခန်းထဲတွင် ခဲတံကို ပါးစပ်ဖြင့်ကိုက်ထားပြီး လက်တစ်ဖက်က အိတ်ကပ်ထဲတွင် ထည့်ထား၏။ အခြားတစ်ဖက်က ပရင်တာပေါ်တွင် တင်ကာ သူ၏ ပုံတူကူးနေမှုကို ထုတ်ပေးရန် စောင့်ဆိုင်းနေသည်။ အလုပ်ခွင်နေရာတွင် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် ပျင်းရိစွာ ထိုင်နေစဉ် တစ်ဦးက ရုတ်တရက် အော်လိုက်၏။

"ရှန့်ချန့်ယန် သေပြီဟုတ်လား"

ဟိုင်ရိ၏စိတ်သည် မှုန်မှုန်မှိုင်းမှိုင်းဖြစ်သွားသည်။ သူသည် ထိုနှစ်ဦးကို လှည့်ကြည့်ပြီး မကြာသေးမီက သတင်းအပိုင်းအစများကို စုစည်းလိုက်၏။

သဲလွန်စအားလုံးသည် ဤစကားတစ်ခွန်းကို ညွှန်ပြနေသည်။ ခဏတာမျှ သူသည် တုံ့ပြန်နိုင်စွမ်းအားလုံးကို ဆုံးရှုံးသွား၏။

ကွန်ပျူတာကို ကြည့်နေသည့် အခြားအမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ပေါ့ပေါ့ဆဆ မေးလိုက်သည်။

"သေချာလား"

"Hot Search မှာ ထိပ်ဆုံးပဲ"

ထိုအမျိုးသမီးက ပြန်ဖြေသည်။ 

"ကြည့်လိုက်ပါဦး"

အမျိုးသမီးလုပ်ဖော်ကိုင်ဖက် : "နောက်မှကြည့်မယ်၊ ငါခု ဖောင် ဖြည့်နေလို့ အလုပ်ရှုပ်နေတယ်"

ပရင်တာက ဟိုင်ရိ၏ ပုံတူကူးပုံကို ထုတ်ပေးလိုက်သည်။ ဟိုင်ရိသည် သူ့နှလုံးခုန်နှုန်း ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏လက်ထဲမှ A4 စာရွက်များ လျှောကျသွားပြီး အနားများက သွေးတစ်စက်လေး စီးဆင်းသွားအောင် ဖြတ်တောက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဟိုင်ရိဘေးမှ လူများက သူ့ကို စိုက်ကြည့်နေကြသော်လည်း သူကတော့ ချွေးထွက်နေသည့် လက်ဖဝါးများနှင့် သူ့ဖုန်းကို ထုတ်လိုက်၏။ သူ့လက်ဗွေနဲ့ ဖုန်းသော့ဖွင့်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့။

သူ့လက်များတုန်ယင်နေ၏။ သူ့ဘေးမှ လူက သူ့ဖိုင်တွေကို ကောက်ကူပေးရင်း စိုးရိမ်တကြီးမေးလိုက်သည်။

"ဘာဖြစ်တာလဲ"

ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ...

ဟိုင်ရိ ကားပေါ်မှာ လန့်နိုးလာသည်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံး ချွေးတွေနဲ့ပြည့်နေပြီး လေအသက်ရှူဖို့ ရုန်းကန်နေရ၏။ ရှန့်ချန့်ယန်က သူ့ညာဘက်မှာ ထိုင်ပြီး လိမ္မော်သီးများ စားနေသည်။

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : "နိုးပြီလား... စားချင်လား"

"ငါဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ"

ဟိုင်ရိက အနည်းငယ် မူးနောက်နောက်ဖြစ်နေပြီး သူ့စိတ်သည် ရှင်းရှင်းလင်းလင်းမရှိပေ။ သူခေါင်းခါလိုက်သည်။

"ငါတို့ မကြာခင် ရောက်တော့မှာလား"

ရှန့်ချန့်ယန် သူ့နာရီကို တစ်ချက်ကြည့်လိုက်၏။

"တစ်နာရီကျော်ကျော်လောက်ကြာရင်ပေါ့"

"တစ်လုံးပေးပါဦး"

ဟိုင်ရိ လက်ဆန့်တန်းလိုက်၏။

"အကုန်လုံး ချဉ်နေတာလား ငါရေဆာလို့ သေတော့မယ်"

ရှန့်ချန့်ယန်က ချဉ်ခြင်းကို လုံးဝဂရုမစိုက်ဘဲ တစ်လုံးကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

"ချဉ်တာက ရေသောက်ချင်တာကို ပြေပျောက်စေပြီး တံတွေးထွက်တာကို များစေတယ်.. ကျွန်တော်လည်း ရေဆာလို့ နိုးလာတာ"

ဟိုင်ရိ ရှန့်ချန့်ယန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်၏။ သူ့နှလုံးသားက အမှန်တကယ်ကို ရှုပ်ထွေးတဲ့ အခြေအနေမှာရှိနေပြီး သူခံစားနေရတာကို စကားလုံးနဲ့ ဖော်မပြနိုင်ခဲ့ပေ။

ဒါကလည်း ဆုံးရှုံးခဲ့ရတာကို ပြန်ရလာတဲ့ ပုံစံတစ်မျိုးလို့ သတ်မှတ်လို့ရမလား...

"ငါတို့ပြန်ကြတော့မှာဆိုတော့"

ဟိုင်ရိက ပြောလိုက်၏။

"ပြန်ရောက်ရင် ဘာလုပ်မှာလဲ"

ရှန့်ချန့်ယန် : "ကျွန်တော်တို့ဇာတ်ရုံမှာ ပြဇာတ်တစ်ခု တင်ဆက်ဖို့ရှိတယ်.. ခင်ဗျားမေ့နေတာလား...ဇာတ်ဆောင်လေ"

ဟိုင်ရိ : "ငါ့ကို ဘာလုပ်စေချင်တာလဲ"

"ချောမောလှပတဲ့ မျက်နှာလေးပဲ ဖြစ်နေပါ"

ရှန့်ချန့်ယန်က လိမ္မော်သီးတစ်ခြမ်း ထပ်စားလိုက်သည်။

"ခုခေတ်မှာ လူတိုင်းက အရည်အချင်းရှိ‌ကြပေမယ့် ချောမောလှပတဲ့ မျက်နှာတွေ ရှာရခက်တယ်"

"ဟုတ်တယ်"

ဟိုင်ရိ စဉ်းစားလိုက်၏။

"မင်းတာဝန်တစ်ခုမှာ ဘယ်တော့ ပါဝင်တော့မှာလဲ"

ရှန့်ချန့်ယန် : "မသိဘူး၊ ကျွန်တော်နောက်ထပ် ပါဝင်တော့မှာ မဟုတ်ဘူး"

ဟိုင်ရိ မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်တယ်။ 

"ဘာလို့လဲ"

ရှန့်ချန့်ယန် : "ကျွန်တော်သေလို့မရဘူး"

ရှန့်ချန့်ယန်သည် အစကတည်းက သူသေရန် အလျင်လိုသည်‌ကြောင့် တာဝန်များတွင် ပါဝင်ခဲ့သည်ဟု ပြောထားပြီးဖြစ်သည်။ သူသေလို့မရတော့သည့်အတွက် အလျှော့ပေးလိုက်တော့မည်ဖြစ်၏။

ဟိုင်ရိ : "ဒါဆို မင်းဘာဆက်လုပ်မလဲ"

"ဘယ်လိုဆက်ဖြစ်မလဲကြည့်တာပေါ့"

ရှန့်ချန့်ယန်က ပြော၏။

"ကံကြမ္မာက ခင်ဗျားကို စနောက်တဲ့အခါ ဘယ်လိုကိုင်တွယ်ရမှန်း ခင်များသိလား"

ဟိုင်ရိ : ?

ရှန့်ချန့်ယန်၏ သွားများက ချဉ်နေတာကြောင့် ကိုက်ခဲနေ၏။ သူမျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူသွင်းလိုက်သည်။

"သူတို့ကို မနိုင်ရင်၊ သူတို့နဲ့ပူးပေါင်းလိုက်"

ဟိုင်ရိ နားမလည်ခဲ့ပေ။

"ဘယ်လိုလဲ...ဘယ်လိုမျိုးလဲ"

ရှန့်ချန့်ယန် : "ကိုယ့်ဘာသာကိုယ် တွေးကြည့်" 

ပြောပြီး လှည့်၍ နောက်က မိန်းကလေးအား လိမ္မော်သီးများ ကမ်းပေးလိုက်သည်။

"မင်းတို့အတွက်"

နောက်ကမိန်းကလေးမှာ ချက်ချင်းပင် ကျေးဇူးတင်လွန်း၍ မခံမရပ်နိုင်ဖြစ်သွား၏။

"အာ...ကျေးဇူးတင်ပါတယ်"

ရှန့်ချန့်ယန် လှည့်ပြန်လာပြီး ချဉ်သောအရသာကြောင့် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ဟိုင်ရိ : ...

သူတို့နှစ်ဦးသည် ညစာမစားမီ နေ့လယ်ပိုင်းတွင် နေထိုင်ရာသို့ ပြန်ရောက်ခဲ့ကြသည်။ ဆံပင်ဝါလေးသည် ကားဘတ်စ်ကားမှတ်တိုင်တွင် မော်တော်ဆိုင်ကယ်ဦးထုပ်ဆောင်းလျက် စောင့်နေနှင့်ပြီးဖြစ်၏။ သူ့ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်၊ မော်တော်ဆိုင်ကယ်နှင့် သူ၏သွယ်လျသော ခြေထောက်များနှင့် ကိုယ်လုံးကိုယ်ထည်တို့ ပေါင်းစပ်လိုက်သောအခါ မှိုမျှင်တစ်မျှင်နှင့် ထူးထူးခြားခြား ဆင်တူနေသည်။

ဟိုင်ရိသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးသည်နှင့် သူ့ကိုချက်ချင်းမြင်လိုက်ကာ စိတ်ထဲတွင် ပေါ်လာသော ဖော်ပြချက်ကြောင့် ရယ်မောမိလိုက်၏။ ရှန့်ချန့်ယန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ဆံပင်ဝါ : "အစ်ကိုကြီး... မင်းက ခြေချတာနဲ့ကို နိုင်ပြီ"

ရှန့်ချန့်ယန် : "လွယ်လွယ်လေး"

သူတို့နှစ်ဦး လက်သီးချင်းတိုက်လိုက်ကြသည်။

ဆံပင်ဝါက ပြော၏။

"ဒါဆိုလည်း တိုက်ကျွေးပါဦး"

ရှန့်ချန့်ယန် သူ့ဆီက ဦးထုပ်ကိုယူပြီး မော်တော်ဆိုင်ကယ်ပေါ် တက်လိုက်သည်။ ဟိုင်ရိကို ပြောလိုက်သည်။

"ကျွန်တော်တို့ အသားကင်သွားစားရအောင်"

ဟိုင်ရိ လူမှုရေးအမူအရာများကို ကောင်းစွာနားလည်သည်။ သူပြုံးလိုက်၏။

"တော်ပါပြီ ငါပြန်အိပ်ချင်ပြီ... မင်းတို့သွားကြ"

ရှန့်ချန့်ယန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျားမစားဘူးလား"

"ငါနောက်မှ အပြင်စာမှာစားမယ်"

ဟိုင်ရိ သူ့လက်များကို အိတ်ကပ်ထဲထိုးထည့်ပြီး ပခုံးတွန့်ပြလိုက်သည်။

"ငါပင်ပန်းနေပြီ"

ဆံပင်ဝါ ဟိုင်ရိကို ပြောလိုက်၏။

"အနီးအနားမှာ သောက်ရမ်းကောင်းတဲ့ ဟင်းထမင်းဆိုင် ရှိတယ်"

"ကောင်းတာပေါ့" 

ဟိုင်ရိ ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။ သူသည် နှစ်လှမ်း နောက်ဆုတ်လိုက်ပြီး လက်ပြနှုတ်ဆက်လိုက်၏။

"ဘိုင့်! ဘာများရှိလဲဆိုတာ ငါ့အတွက် ကြည့်ပေးဦး"

ရှန့်ချန့်ယန် တွန့်ဆုတ်သွားပြီး မျက်ခုံးများ အနည်းငယ်ပင့်တက်သွားသည်။ သို့သော် ဟိုင်ရိ မရွေ့။ ယာဉ်ထိန်းရဲများကို အတုခိုးကာ သူတို့ကို မြန်မြန်ထွက်သွားရန် လက်ဟန်ပြလိုက်၏။

ရှန့်ချန့်ယန် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူဦးထုပ်ကို ချွတ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်တို့ WeChat မှာ add ထားကြရအောင်"

ဟိုင်ရိ : ...

ရှန့်ချန့်ယန်သည် အလွန်စိတ်မရှည်စွာဖြင့် မျက်ခုံးများကို ထပ်ပင့်လိုက်သည်။

ဟိုင်ရိ အလျင်အမြန် ဖုန်းထုတ်လိုက်၏။

"အိုကေ အိုကေ အိုကေ.... ခဏလေး ဟုတ်ပြီလား... ငါ့ဖုန်းဘယ်မှာပါလိမ့်"

ခြေတစ်ဖက်ကို မြေပေါ်ချပြီး လက်တစ်ဖက်ဖြင့် မော်တော်ဆိုင်ကယ်ကို ထိန်းထားရင်း ရှန့်ချန့်ယန်က သူ၏အခြားလက်ကို ဆန့်ထုတ်ကာ ဟိုင်ရိ၏ နားကြပ်များကို ဆွဲကိုင်ပြီး သူ့အိတ်ကပ်ထဲမှ ဖုန်းကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။

သူသည် ဟိုင်ရိ၏ဖုန်းကို ကောက်ယူကာ သော့ဖွင့်ပြီး WeChat ကိုနှိပ်ကာ အကြိမ်အနည်းငယ်နှိပ်ပြီးမှ ဟိုင်ရိထံ ပြန်ပစ်ပေးလိုက်၏။

ဟိုင်ရိ ရှုပ်ထွေးသွားသည်။ ရှန့်ချန့်ယန်သည် မော်တော်ဆိုင်ကယ်ဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် မေးကိုပင့်လိုက်၏။ 

တစ်လှမ်းတည်းနှင့် ဆံပင်ဝါက မော်တော်ဆိုင်ကယ်ပေါ် ခွထိုင်ပြီး ရှန့်ချန့်ယန်နောက်မှ လိုက်ပါလာသည်။

"မောင်း!"

ရှန့်ချန့်ယန် ဦးထုပ်အောက်မှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"လစ်စမ်းပါ"

မော်တော်ဆိုင်ကယ် စတင်ထွက်ခွာသွားသည်။ ရှန့်ချန့်ယန် မော်တော်ဆိုင်ကယ်ကို မောင်းနှင်ရင်း ခြေနင်းနှစ်ခုကို ဖိနင်းလိုက်၏။ နောက်ဘက်တွင် ဆံပင်ဝါက လက်များကို ဝှေ့ယမ်းရင်း မောက်မာစွာ ထွက်သွားသော အိတ်ဇောငွေ့တန်းများကို ထားရစ်ခဲ့သည်။

နောက်ကြည့်မှန်ကို ကြည့်ရင်း ဟိုင်ရိက ရယ်စရာကောင်းပြီး တကယ်တမ်းလည်း ပျော်စရာကောင်းသည်ဟု တွေ့ရှိရ၏။

သူပြန်ရောက်သောအခါ ကောင်းကင်သည် မွန်းမံနေဆဲဖြစ်သည်။ ဟိုတယ်ခန်းမထဲသို့ ဝင်သည်နှင့် သူပထမဆုံး မြင်လိုက်ရသည်မှာ အသစ်ရောက်လာသူတစ်ဦးဖြစ်၏။

သူတို့သည် ဧည့်ကြိုနှင့်အတူ ဖောင်တစ်ခုဖြည့်နေပုံရပြီး ခုမှရောက်လာသူတစ်ဦးနှင့်တူသည်။ သူတို့ပတ်ဝန်းကျင်တွင် အသက်မဲ့နေသော သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်နေ၏။

ဟိုင်ရိ လှည့်မပြန်မီ တစ်ချက်ကြည့်လိုက်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

ဧည့်ကြိုက သူ့ကို တစ်ချက်ကြည့်လိုက်၏။

"ပြန်လာပြီလား"

ဟိုင်ရိသည် သူ၏နားကြပ်တပ်လျက် <Illusion of Love> ကို နားထောင်နေသည်။ ရုတ်တရက် သူ့နားကြပ်တစ်ဖက် ဆွဲထုတ်ခံလိုက်ရပြီး ဝန်ထမ်းက သူ့ရှေ့တွင် ရပ်ကာ မေးလိုက်၏။

"ဘာလို့ ကျွန်တော့်ကို ပြန်မဖြေတာလဲ"

မေးလိုက်၏။

ဟိုင်ရိ : ?

သူသည် သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ သူ့ကို ပြောနေခြင်းလားဟု မေးလိုက်သည်။

ဝန်ထမ်း : "ဘယ်သွားနေတာလဲ"

"အလည်သွားတာ"

ဟိုင်ရိ အံ့အားသင့်နေ၏။

"မင်းဘာလိုချင်လို့လဲ"

ဝန်ထမ်းသည် သူ၏အနီရောင်ဝတ်စုံနှင့် အဝါရောင်အနားသတ်များ၊ ခပ်မောက်မောက်ဦးထုပ်နှင့် ဟိုတယ်ဧည့်ကြိုနှင့် အလွန်တူနေသည်။

အိုး...ဟုတ်တယ်။

ဟိုင်ရိသည် ထိုဝန်ထမ်းကို ဤပုံစံမျိုးနဲ့ မြင်ဖူးသည်မှာ ဒါပထမဆုံးပင်။

သူသည် သန်မာထွားကြိုင်းသော ကိုယ်လုံးကိုယ်ထည်ရှိသော်လည်း Gym ကစားသူများကဲ့သို့ ခပ်ပုပုလေးဖြစ်သည်။ သူ့ကို စကားပြောသောအခါ ဟိုင်ရိက အမြဲတမ်း မျက်လုံးကို အောက်သို့စောင်းကြည့်ရ၏။ 

ဝန်ထမ်း : "ကျွန်တော် ခင်ဗျားကို မတွေ့တာ ရက်နည်းနည်းကြာပြီ၊ ခင်ဗျားနိုင်ခဲ့လား"

"ငါရှုံးခဲ့တယ်"

ဟိုင်ရိက ယဉ်ကျေးစွာ ပြန်ဖြေသည်။

"ဒါပေမယ့် ငါ့ကို ထောက်ပံ့မယ့် သူဌေးတစ်ယောက် တွေ့ခဲ့တယ်...တခြားဘာရှိသေးလဲ"

ဝန်ထမ်း ရယ်မောလိုက်သည်။

"မင်းက တကယ်ရယ်စရာကောင်းတယ် ဒီည ဘာစားမလဲ"

ဟိုင်ရိ : ?

ဝန်ထမ်း : "အလုပ်ဆင်းပြီလေ"

"အတူတူ ထမင်းသွားစားရအောင်လား"

ဟိုင်ရိသည် ကျန်တစ်ဖက် နားကြပ်ကို ဆွဲထုတ်လိုက်သည်။ သူမှားကြားမိသလားဟု ခံစားရ၏။

"တောင်းပန်ပါတယ်၊ မင်းက ဘယ်သူလဲ"

ထိုအချိန်တွင် ဓာတ်လှေကားတံခါးများ ပွင့်လာသည်။ လျိုကျယ် ထွက်လာ၏။ သူတို့ကို မြင်သောအခါ ဟိုင်ရိ၏နာမည်ကို ပြန်သတိရမလာမီ ခဏမျှ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

"ဟိုင်း ချစ်လေး... မင်းတို့နှစ်ယောက်က...."

"ဘာလို့ ဒီလောက်နောက်ကျမှ ဆင်းလာတာလဲ" 

ဟိုင်ရိ ချက်ချင်းဖြတ်မေးလိုက်၏။ ရုတ်တရက် စိတ်ကူးရကာ ဖုန်းကို ပုတ်ရင်း ရှေ့ဆက်တိုးလိုက်သည်။

"မင်းကို စောင့်နေတာ နေ့တစ်ဝက်တောင် ကုန်တော့မယ်"

လျိုကျယ် ခဏမျှ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီးနောက် ဝန်ထမ်းကို ကြည့်လိုက်ပြီး သတိပြန်ဝင်လာသည်။

"အာ...မိတ်ကပ်လိမ်းတာ နောက်ကျသွားလို့"

"သွားရအောင်..."

တစ်ခုခုကို ပြန်သတိရသွားဟန်ဆောင်ကာ ဟိုင်ရိသည် ဝန်ထမ်းကို ဝမ်းနည်းစွာပြောလိုက်၏။

"တောင်းပန်ပါတယ်၊ ငါချိန်းထားတာရှိလို့ နောက်တစ်ကြိမ်ပေါ့"

လျိုကျယ်ကလည်း တောင်းပန်သည့်အနေဖြင့် ထပ်လောင်းပြောလိုက်၏။

"နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ပေါ့"

ဝန်ထမ်းသည် ထိုနေရာတွင်ပင် ရပ်နေပြီး အခြေအနေကို နားမလည်ပေ။ သူတို့နှစ်ဦး ထွက်ခွာသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။

နှစ်လှမ်းလှမ်းပြီးနောက် လျိုကျယ်က မေးလိုက်၏။

"ဘယ်လိုအခြေအနေလဲ" 

"မသိဘူး"

ဟိုင်ရိ ပြန်ဖြေသည်။

"မင်းဘယ်သွားနေတာလဲ"

လျိုကျယ် : "အောက်ထပ်... စားဖို့"

အနည်းငယ် ပင်ပန်းနွမ်းနယ်နေသလို ခံစားရသဖြင့် ဟိုင်ရိက ပြောလိုက်၏။

"ငါ လိုက်ကျွေးမယ်၊ ငါလည်း မစားရသေးဘူး"

လျိုကျယ် : "သူက မင်းကို အပြင်ထွက်ဖို့ ဖိတ်ချင်တာလား"

"မသေချာဘူး"

ဟိုင်ရိက ပြောသည်။

"ငါ့ကို အပြင်ထွက်ဖို့ ဖိတ်တာလား သူ အရမ်းတွေးလွန်းနေတာ မဟုတ်ဘူးလား"

ဟိုင်ရိသည် သူ့ကို အပြင်ထွက်ရန် ဖိတ်ချင်သည့် အဖြောင့်များစွာနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့သည် အရေအတွက်မနည်းလှပေ။

ဟိုင်ရိသည် နောက်ခံကောင်းသူ၊ ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက်လှပသူဖြစ်သည်ကို မြင်သောအခါ မိမိကိုယ်ကို အထင်ကြီးသော အဖြောင့်အချို့က မိမိကိုယ်ကို ခဏမျှ ထောက်ပံ့ပေးရန် မှားယွင်းစွာ တွေးမိကြလိမ့်မည်ဖြစ်၏။ 

ဤလူများသည် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူကြပြီး သူ့ကို အပြင်ထွက်ရန် ဖိတ်ခြင်းသည် သူတို့၏ချစ်သူဖြစ်လာလိမ့်မည်ဟု အောင်မြင်စွာ တွေးမိကြလိမ့်မည်ပင်ဖြစ်သည်။

လျိုကျယ် : "အာ! ငါ အဲဒီလို မဆိုလိုပါဘူး၊ ငါက သူ... ဟမ်.. သူက မင်းကို အပြင်ဖိတ်ချင်တာလား... သေချာလား... မင်းက.."

ဟိုင်ရိ : "ဂေးပါ လုံးဝကို 0 ပဲ.... ငါတို့တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလို အသိအမှတ်ပြုနိုင်တယ်... ဒါဆို ငါမင်းကို ထမင်းလိုက်ကျွေးရင် အဆင်ပြေတယ်မလား"

"ဒါပေါ့ ဒါပေါ့"

လျိုကျယ်က ပြတ်သားစွာ ပြောလိုက်၏။

"အဆင်ပြေတာထက်တောင် ပိုသေးတယ်၊ မေ့မေ့...ငါတို့ဘယ်သွားမလဲ"

"ကျယ်ကျဲပဲ ဆုံးဖြတ်လိုက်ပါ"

ဟိုင်ရိက သူ့ဖုန်းကို ပုတ်ရင်း ရှန့်ချန့်ယန်ထံ မက်ဆေ့ချ်ပို့လိုက်၏။

"ရောက်ပြီလား"

လျိုကျယ်က ဝန်ထမ်းကို နောက်ပြန်လှည့်ကြည့်ရင်း ဟိုင်ရိကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒီကွာဟမှုက နည်းနည်းလေး များမသွားဘူးလား"

"ဒါပေါ့ ကျယ်ကျဲရဲ့"

ဟိုင်ရိ ပြန်ဖြေသည်။ 

"ဘယ်လိုအခြေအနေမျိုးမှာမဆို လူတိုင်းက သူတို့နဲ့ ထိုက်တန်ရဲ့လားဆိုတာ ထည့်စဉ်းစားသင့်တယ်"

🌟🌟🌟