Chapter : 34 ( မီး မိန်းကလေး [9] )
မီးလား..
မီးတဲ့လား...
ဤကမ္ဘာမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ဖြစ်နိုင်ပါ့မလား။ ဟိုင်ရိသည် ရှန့်ချန့်ယန်ဝတ်ဆင်ရန် ကူညီပေးခဲ့သော ပြဇာတ်ကို ချက်ချင်း သတိရလိုက်သည်။ ဇာတ်လမ်းအစပိုင်းတွင် အဆောက်အအုံတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်သော ကြီးမားသည့် မီးလျှံကြီးအကြောင်း ပါဝင်၏။
မီးမိန်းကလေးလား...
ဟိုင်ရိသည် ရှန့်ချန့်ယန်၏ မျက်နှာအမူအရာကို ကြည့်လိုက်သည်။ ရှန့်ချန့်ယန်သည် လျှောက်လာပြီး သူ၏ဘေးတွင် ပခုံးချင်းယှဉ်ရပ်လိုက်၏။
သူသည် ခေါင်းကိုငုံ့၍ ခေါင်းစဉ်ကို ကြည့်နေသည်။ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်ပြီး အရာရာကို မသိသလို ငြိမ်သက်စွာ ရပ်နေ၏။
သို့သော် သူ၏ဤပုံမှန်တုံ့ပြန်မှုကြောင့် ဟိုင်ရိက ၎င်းသည် လုံးဝပုံမှန်မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ဟိုင်ရိသည် ခေါင်းစဉ်ကို လက်ညှိုးထိုးပြလိုက်သည်။
တစ်ခုခုပြောချင်သော်လည်း သူ၏လည်ချောင်းမှ မရည်ရွယ်ဘဲ ရယ်သံတစ်သံ ထွက်လာခဲ့၏။
ရှန့်ချန့်ယန်သည် ဤကိစ္စနှင့်ပတ်သက်မှု ရှိမရှိ သူ မေးချင်သော်လည်း ထိုသို့မေးရန် လုံးဝမလိုအပ်ဟုလည်း သူခံစားရသည်။
လျိုကျယ်သည် လျှောက်လာပြီး
"ဘာဖြစ်လို့လဲ"
ဟိုင်ရိက လက်လှုပ်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ဘူး"
ဤအခြေအနေအတွက် လူငါးယောက်သာ ရှိပုံရသည်။ သူတို့သုံးဦးအပြင် ကျန်နှစ်ဦးမှာ ကောင်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦးဖြစ်ပြီး ဤမှတ်တိုင်တွင် ဆင်းလာကြခြင်း ဖြစ်၏။
အမျိုးသမီးသည် သေးငယ်ပြီး နူးညံ့သောပုံစံရှိသည်။ သူမတွင် ပုံမှန်ကိုယ်လုံးကိုယ်ပေါက်နှင့် အရုပ်မျက်နှာလေး ရှိသည်။
မျက်မှန်တပ်ထားသော အမျိုးသား၏ စိတ်နေစိတ်ထားတွင်မူ မှိုင်းညို့နေသော အရိပ်အယောင်လေး ရှိနေ၏။ သူ၏အသားအရေ ညိုမည်းခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုနှစ်ဦးမှာ အစွန်းနှစ်ဖက်တွင် ရှိနေသကဲ့သို့ ထင်ရ၏။
လျိုကျယ်သည် ထိုအမျိုးသမီးဘေးသို့ ရောက်လာပြီး သဘာဝအတိုင်း လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။
"ကျွန်မနာမည် လျိုကျယ်ပါ"
ကောင်မလေးက ညင်သာစွာ ပြုံးလိုက်၏။
"ကျွန်မက ထန်ယင်ပါ၊ မြောက်ပိုင်းဟွား၊ ခရိုင် ၁ ကပါ"
လျိုကျယ်က ကောင်လေးကို မေးလိုက်သည်။
"မင်းကကော"
ကောင်လေးက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း တိတ်ဆိတ်စွာပင် ရှိနေ၏။
ကောင်မလေးက သူ့ကို မသိပုံရသည်။ သူမသည် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး စကားစမြည်ပြောဆိုရန် စတင်လိုက်၏။
"ဒီမှာ ဘယ်လောက်ကြာပြီလဲ"
လျိုကျယ်ကမူ ၎င်းကို အရေးမကြီးဟု တွေးကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ခုမှ ရောက်တာ၊ စတော့မယ်၊ ကိုယ့်ကိုယ်ကို ပြင်ဆင်ထား"
ကောင်မလေးက မရေမရာ ပြုံးလိုက်ပြီး အလွန်ချစ်စရာကောင်းသော ပုံပေါက်နေသည်။
သူမသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။
"အရမ်း စိုးရိမ်မိတယ်"
လျိုကျယ်က မရည်ရွယ်ဘဲ ရယ်မောလိုက်ပြီး ကောင်မလေး၏ ပခုံးကို ပုတ်ရင်း ပြောလိုက်၏။
"စိတ်ပူစရာမလိုပါဘူး၊ ဖြစ်နိုင်ချေအရှိဆုံးကတော့ ပြန်အသက်ရှင်ဖို့ပါပဲ"
ထန်ယင် : "ကျွန်မ ပြန်လို့မရဘူး"
လျိုကျယ်က သူမကို လှည့်ကြည့်လိုက်သော်လည်း သူမသည် စကားမပြောဘဲ ပြုံးနေပြီး ရှေ့ကိုသာ ကြည့်နေသည်။
သူမ၏ အကြည့်ကို လိုက်ကြည့်ရင်း လျိုကျယ်က ကြည့်လိုက်တော့ ဟိုင်ရိသည် တံခါးရှေ့တွင် သူ၏ဖုန်းကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူတို့၏အကြည့်များ သူ့ဆီ ရောက်လာသည်ကို ခံစားမိသောအခါ ဟိုင်ရိက သူတို့ဘက်သို့ ကြည့်ပြီး ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။
ထန်ယင် : "ဒါ ဘယ်သူလဲ"
လျိုကျယ်က ရှုပ်ထွေးဟန်ဆောင်ကာ
"သူ့နာမည် ဟိုင်ရိလို့ ခေါ်ပုံရတယ်၊ သူက မွန်ဂိုလူမျိုးလို့ ကြားတယ်"
ထန့်ယန်က အလွန်စိတ်ဝင်စားသွား၏။
"မွန်ဂိုလူမျိုးလား"
တစ်ခုခုကို ရိပ်မိပြီးနောက် လျိုကျယ်က တစ်လှမ်းနောက်ဆုတ်ကာ ပြုံးလိုက်သည်။
"မင်းသူ့ကို မေးကြည့်လို့ရတယ်"
ဟိုင်ရိသည် နားကြပ်တပ်ပြီး Kuaishou ကို ငြီးငွေ့စွာ လှိမ့်ကြည့်နေရင်း တံခါးကို မှီထား၏။
သူ၏ဖုန်းထဲတွင် လှုပ်ရှားမှုများ အလွန်များပြားနေသော်လည်း ဟိုင်ရိကိုယ်တိုင်ကမူ လုံးဝလျစ်လျူရှုထားပြီး အနည်းငယ် စိတ်ကွယ်လွင့်နေခဲ့သည်။ မအီမသာခံစားမှုတစ်ခု သူ့တွင် အမြဲရှိနေ၏။
ရှန့်ချန့်ယန်သည် သူ၏ဘေးတွင် လက်နှစ်ဖက်ကို အိတ်ထဲထည့်ပြီး မာနကြီးစွာ ရပ်နေသည်။ စကားတစ်ခွန်းတောင် ဝေမျှချင်စိတ်မရှိပုံရသည်။ ဟိုင်ရိက သူနှင့် သူ၏ပုန်ကန်တတ်သောသားသည် မိုင်ပေါင်းသန်းချီ ဝေးကွာနေသည်ဟု ခံစားရ၏။ ကိုးရာ့ကိုးဆယ့်ကိုးလှမ်း လှမ်းခဲ့လျှင်ပင် ရှန့်ချန့်ယန်၏နှလုံးသားထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ဟု သူထင်မိသည်။
ထိုအချက်က သူ့ကို စိတ်ပျက်အားငယ်စေခဲ့သည်။
သူ၏ဖုန်းသည် မြည်လာ၏။
"မူရင်းစျေး ၄၉၉၊ တရားဝင်စျေး ၅၉၉၊ အခုမှ ၁၉.၉ ပဲ၊ ၁၉.၉ ပဲ၊ ဒါက စက်ရုံတွေနဲ့ ညှိနှိုင်းပြီးနောက် ရတဲ့စျေးနှုန်း၊ စစ်မှန်ကြောင်း အာမခံတယ်၊ ညနေ ၄ နာရီအထိပဲ" ဟု ကြော်ငြာသံ ထွက်ပေါ်လာသည်။
ဟိုင်ရိသည် အရင်တစ်ခါက ဘာမှမဝယ်ခဲ့ဖူးသော်လည်း ၎င်းသည် တော်တော်ကောင်းပုံရသည်ဟု တွေးမိပြီး လက်ချောင်းလေးများ တုန်ခါသွားကာ မသိစိတ်ကနေ ဝယ်ယူလိုက်သည်။
သူ မော့ကြည့်လိုက်သောအခါ ကောင်မလေးသည် သူ၏ရှေ့တွင် ရပ်နေသည်ကို တွေ့ရ၏။
ဟိုင်ရိသည် မျက်စိမှိတ်ကြည့်ပြီး ခေါင်းစောင်းလိုက်ကာ မေးခွန်းထုတ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ကောင်မလေးက ရယ်လိုက်၏။
"ကျွန်မတို့ ရက်အနည်းငယ် အပြန်အလှန်ဆက်ဆံရမယ်လေ၊ WeChat မှာ အချင်းချင်း add ကြရအောင်၊ ကျွန်မနာမည် ထန်ယင်ပါ"
ဟိုင်ရိသည် သူ့ကိုယ်သူ မိတ်ဆက်ခြင်းမပြုမီ သူ၏ဖုန်း QR code ကို ကောင်မလေးအား ပေးလိုက်သည်။
"ဟိုင်ရိ"
ထန့်ယန်သည် သူမ၏ဖုန်းကို ထုတ်လိုက်၏။
ပန်းရောင် Xingdailu ဖုန်းကာဗာနှင့် အပေါ်ဘက်တွင် ကစားစရာပစ္စည်းလေးများ ချိတ်ဆွဲထားသည်။ သူမ၏ လက်သည်းများမှာလည်း တောက်ပနေ၏။
သူ၏ QR code ကို စကင်ဖတ်ရန် ရှေ့သို့ တိုးလာသောအခါ သူမ၏ နူးညံ့သော ဆံပင်ဝါကို နားနောက်သို့ ထိုးထည့်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် တရုတ်ရုပ်ပြကာတွန်းများထဲက ကောင်မလေးတစ်ယောက်၏ ခံစားချက်ကို ပေါ်လွင်စေ၏။
ဟိုင်ရိသည် သူမ၏ လက်သည်းများကို မသိစိတ်ကနေ ကြည့်လိုက်သည်။ သူတို့၏ တောက်ပမှုသည် အမှန်တကယ်ပင် အရောင်အသွေးစုံလင်နေ၏။ ကောင်မလေးက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ပြီးပြီ"
အဲဒီအခါမှ ဟိုင်ရိက သူ၏ဖုန်းကို ငုံ့ကြည့်လိုက်၏။ WeChat တွင် Xingdailu ပုံနှင့် နောက်ခံပုံ ထည့်ထားသည့် အကောင့်တစ်ခုက သူ့ကို add ထားသည်ကို တွေ့ရသည်။ ထို WeChat အကောင့်နာမည်ကား 'ယင်ယင်'။
ထန်ယင်က ရှက်သွား၏။
"ကျွန်မရဲ့ ငယ်နာမည်ပါ"
ဟိုင်ရိ : "ဪဪ"
ထန်ယင် : "ရှင့်ရဲ့ WeChat နာမည်က အရမ်းမိုက်တယ်၊ ဘာအဓိပ္ပာယ်လဲ"
ဟိုင်ရိ၏ WeChat နာမည်က 'Hairehen' ဖြစ်သည်။ သူ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"အဓိပ္ပာယ်က 'မြင့်မားတဲ့တောင်' လို့ အဓိပ္ပာယ်ရတယ်"
ထန်ယင် : "ဒါက မင်းနာမည်လား"
ဟိုင်ရိက မည်သို့ပြန်ဖြေရမည်ကို မသိပေ။ သူ ပြုံးလျက်
"မဟုတ်ဘူး၊ ငါ့နာမည်က 'အချစ်' လို့ အဓိပ္ပာယ်ရတယ်"
ဟိုင်ရိသည် မိန်းကလေးနာမည်ဖြစ်ပြီး ကလေးဘဝတုန်းက ဒီနာမည်ကြောင့် သူ၏သူငယ်ချင်းများ၏ လှောင်ပြောင်ခြင်းကို အမြဲခံခဲ့ရသည်။ သူ့နာမည်က အရမ်းမိန်းကလေးဆန်လွန်းသည်ဟု သူနှင့်သူ၏သူငယ်ချင်းများက အမြဲထင်ခဲ့ကြ၏။
သူ၏မိခင်က ဤနာမည်ကို ရိုမန်တစ်ဆန်သော အခြေအနေများအောက်တွင် ပေးခဲ့သော်လည်း နောက်ပိုင်းတွင် နာမည်ပြောင်းချင်ခဲ့သည်။
ဟိုင်ရိသည် ငယ်စဉ်ကတည်းက အနည်းငယ် ပုန်ကန်တတ်ပြီး ခေါင်းမာခဲ့၏။ ထို့ကြောင့် တခြားသူများ လှောင်ပြောင်သည့်အခါ သူ နာမည်မပြောင်းခဲ့ပေ။
သို့သော် တက္ကသိုလ်တက်ပြီးနောက် WeChat ကို စတင်သုံးစွဲပြီး သူ၏ WeChat နာမည်ကို 'ဟိုင်ရိဟန်' ဟု ပြောင်းခဲ့သည်။ စကားလုံးတစ်လုံး ထပ်ထည့်လိုက်ခြင်းဖြင့် အဓိပ္ပာယ်မှာ 'မြင့်မားသောတောင်' ဖြစ်လာခဲ့၏။
၎င်းသည် အနည်းငယ် အလျှော့အတင်းလုပ်ခြင်းဟု သတ်မှတ်နိုင်သည်။
ဟိုင်ရိသည် သူ၏ WeChat နာမည်ကို ပြောင်းခဲ့သည်မှာ ကြာပြီဖြစ်၏။ ထန်ယင်က မမေးခဲ့လျှင် သူ့စိတ်ထဲမှပင် လွတ်သွားမည် ဖြစ်သည်။
ထန်ယင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"နာမည်လေးက နားထောင်လို့ကောင်းတာပဲ"
သူမ၏မျက်လုံးလေးများသည် လခြမ်းကွေးသဏ္ဌာန် ကွေးညွှတ်သွား၏။ ဟိုင်ရိက သူ့စိတ်ထဲမှာ 'ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ' ဟု တွေးလိုက်မိသော်လည်း သူတို့နှစ်ဦးမှာ ညီအစ်မသာ ဖြစ်နိုင်သောကြောင့် သူမကို ချစ်စရာကောင်းသည်ဟု မမြင်ခဲ့ပေ။
ထိုစဉ် ဟိုင်ရိ၏စိတ်ထဲတွင် "မိန်းကလေး၊ ငါ့သားနဲ့ဝေးဝေးနေပါ" ဟူသော အတွေးသာ ကြီးစိုးနေခဲ့သည်။
ဟိုင်ရိကလည်း ယဉ်ကျေးစွာပင်
"ကျေးဇူးတင်ပါတယ်၊ မင်းနာမည်လည်း ကောင်းပါတယ်"
ရှန့်ချန့်ယန် သူ့ဘေးမှ လျှောက်လာသောအခါ ဟိုင်ရိသည် မသိစိတ်ကပင် သူ့ကို လိုက်ကြည့်မိသည်။ ထန်ယင်ကလည်း ရှန့်ချန့်ယန်ကို ကြည့်လိုက်၏။ ဟိုင်ရိက ထန်ယင်ကို သတိထားကြည့်လိုက်သော်လည်း တန့်ယန်မှာ ရှန့်ချန့်ယန်ကို တစ်ချက်သာ ကြည့်ပြီး ပြုံးပြကာ ပြန်လှည့်သွားခဲ့သည်။ သူမ၏အပြုံးကို စိုက်ကြည့်ရင်း ဟိုင်ရိသည် ရုတ်တရက် ရင်းနှီးသည်ဟု ခံစားလိုက်ရ၏။
သူ သေချာစိုက်ကြည့်ပြီးမှ
"မင်းက..."
မေးလိုက်သောအခါ ထန်ယင်က မေးခွန်းဆန်ဆန်မျက်လုံးဖြင့် ပြန်ကြည့်လိုက်သည်။
"မင်းက... ဘယ်သူလဲဟင်၊ Live Streamer တစ်ယောက်လား၊ ဘယ်သူလဲ"
ဟိုင်ရိက ထပ်မေးလိုက်သည်။ ထန်ယင် ဆက်လက်ပြုံးနေဆဲပင်။ ဟိုင်ရိက
"မင်း..."
ဟိုင်ရိက ဆက်ပြောရန်ပြင်လိုက်စဉ် ထန်ယင်က ပြောလိုက်၏။
"အွန်လိုင်းမှာ ကျွန်မနာမည်က Little Sunflower ပါ"
"ဟုတ်ပြီ..."
ဟိုင်ရိသည် အားလုံးကို ပြန်လည်မှတ်မိသွားသည်။ လွန်ခဲ့သော နှစ်လခန့်က သူသည် အွန်လိုင်းတွင် သူမအကြောင်း သတင်းတစ်ခုကို တွေ့ခဲ့ရ၏။
Game Live Streamer တစ်ဦးသည် အိမ်တွင် ဓာတ်ငွေ့ဖွင့်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး သူမ၏နာမည်မှာ 'Little Sunflower' ဖြစ်ပုံရသည်။
"အဲ့တာက မင်းပဲ၊ ငါ မင်းကို မှတ်မိတယ်"
ဟိုင်ရိက ပြောလိုက်သောအခါ ထန်ယင်က သိမ်မွေ့၍ချစ်စရာကောင်းစွာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။
"တကယ်လား၊ ကျွန်မ အရမ်းနာမည်ကြီးတာပဲ"
ဟိုင်ရိလည်း ပြုံးရယ်လိုက်၏။
🌟🌟🌟