Chapter : 42 ( မီး မိန်းကလေး [17] )
ရှန့်ချန့်ယန်က သူ့ကို ပြန်ကြည့်လိုက်ပြီး
"မကြောက်နဲ့၊ ကျွန်တော် သူ(မ)ကို ဝင်ခိုင်းလိုက်မယ်"
ဟိုင်ရိ : "..."
ရှန့်ချန့်ယန်က လျှောက်သွားကာ တံခါးကို ပြတ်သားစွာ ဖွင့်လိုက်သောအခါ စင်္ကြံထဲတွင် အနီရောင်မီးများ လင်းနေသည်ကို တွေ့လိုက်ရသည်။ လန့်သွားပြီး ဟိုင်ရိသည် တိုက်ခတ်နေသော လေထဲတွင် လုံးဝကို ရှုပ်ထွေးနေ၏။ တံခါးဖွင့်လိုက်သည်နှင့် လုံးဝအနက်ရောင် ပုံရိပ်တစ်ခုက သူတို့ဆီ တိုက်ရိုက်ပြေးဝင်လာသည်။ ရှန့်ချန့်ယန်က ရှောင်တိမ်းပြီး သူမကို ခြေထောက်ချင်းချိတ်၍ လဲကျအောင် လုပ်လိုက်၏။
သူမ ကြမ်းပြင်ပေါ် လဲကျသွားပြီး ရုတ်တရက် မျက်လုံးများကို မြှောက်၍ ဟိုင်ရိကို စိုက်ကြည့်လိုက်သည်။ ဤမြင်ကွင်းကို ရင်ဆိုင်ရသောအခါ၌ ဟိုင်ရိသည် သူ့နှလုံးသား ပေါက်ထွက်တော့မလို ခံစားရ၏။
ရှန့်ချန့်ယန်က တံခါးကိုပိတ်ကာ သူ့လည်ပင်းကို ဆန့်လိုက်ပြီး
"အခု ရသွားပြီ"
ရှန့်ချန့်ယန်သည် သေဆုံးသူ၏ ဆံပင်ကို ဆွဲကိုင်ပြီး သူမကို နောက်ပြန်ဆွဲလိုက်သည်။ ထို့နောက် သူသည် အဝတ်ခြုံထည်ကို သူမ၏ လည်ပင်းပတ်ပတ်လည်တွင် ချိတ်၍ ချည်လိုက်၏။ ရှန့်ချန့်ယန်မှာ သူမကို ဆွဲတင်လိုက်ရင်း ဟိုင်ရိကို ညွှန်ကြားဖို့ အချိန်ရလိုက်သည်။
ရှန့်ချန့်ယန် : "နောက်လှည့်မကြည့်နဲ့"
ဟိုင်ရိ၏ ဆံပင်များ ထောင်သွားသည်။
ရှန့်ချန့်ယန်က နောက်ထပ် သတိပေးလိုက်၏။
"ခင်ဗျား နောက်လှည့်ကြည့်လို့မရဘူး"
ထိုသို့ပြောပြီးနောက် သူသည် သေဆုံးသူကို လက်ဖြင့်ဆွဲကာ ဗီရိုနောက်ဘက်သို့ ဆွဲခေါ်သွားသည်။ ထိုအချိန်တွင် ဟိုင်ရိသည် သူ့ကိုယ်သူ နောက်ပြန်လှည့်ကြည့်မည်မဟုတ်ဟု တွေးလိုက်၏။ နောက်ပြန်မကြည့်ရန် ပြောထားသော်လည်း သူ့ရဲစွမ်းသတ္တိကို ပြသရန် အတင်းအကျပ် လုပ်သူမျိုး သူမဟုတ်ပေ။
သူသည် မျက်လုံးများကို မှိတ်ထားရင်း သေဆုံးသူ၏ ခြေထောက်ကို ဖမ်းဆုပ်ကာ ရှန့်ချန့်ယန်နှင့်အတူ ပူးပေါင်း၍ သေဆုံးသူကို ဗီရိုထဲသို့ တွန်းသွင်းလိုက်သည်။ သေဆုံးသူ၌ ကြီးမားသော ခွန်အားများရှိပြီး ခဏတာမျှဆိုလျှင် ရှန့်ချန့်ယန်နှင့် ဟိုင်ရိတို့နှစ်ဦးစလုံး အရပ်ရှည်သော်လည်း သူမကို မည်သို့မှ မထိန်းချုပ်နိုင်ခဲ့ပေ။
ရှန့်ချန့်ယန်သည် သေဆုံးသူကို ဗီရိုထဲသို့ တွန်းထည့်လိုက်သည့်အခါ သူမ၏ လက်များသည် အပြင်ဘက်တွင် တန်းလန်းကျနေဆဲဖြစ်သည်။ သူက သူမပေါ် တံခါးကို ရိုးရိုးလေး ပိတ်လိုက်သည်။
သေဆုံးသူသည် ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။
အနည်းငယ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသဖြင့် ရှန့်ချန့်ယန်သည် အကြိမ်အနည်းငယ်မျှ မောဟိုက်စွာ အသက်ရှူနေရသည်။ ဗီရိုတံခါးကို အတွင်းဘက်မှ တစ်စုံတစ်ယောက် ခြစ်နေသည့် ရူးသွပ်သော အသံကိုလည်း ကြားနေရ၏။
ဟိုင်ရိက မေးလိုက်သည်။
"အခု နောက်လှည့်ကြည့်လို့ရပြီလား"
"မကြည့်နဲ့ဦး"
ရှန့်ချန့်ယန် လျှောက်လာသည်။
"ခဏလောက် ကျွန်တော့်ကို စောင့်နေဦး"
ရှန့်ချန့်ယန် လျှောက်သွားပြီးနောက် ဟိုင်ရိသည် ပြတင်းပေါက်များ ပွင့်သွားသည့်အသံများကို မရပ်မနား ကြားနေရသည်။ သူ၏ရှေ့ ဗီရိုထဲတွင် သရဲတစ်ကောင် လဲလျောင်းနေသကဲ့သို့ တရှဲရှဲအသံများ ထွက်ပေါ်လာ၏။
သူ့ပခုံးပေါ်၌ ပုတ်လိုက်သကဲသို့ သူခံစားလိုက်ရသည်။ သူ ရေခဲချောင်းကဲ့သို့ ချက်ချင်း အေးခဲသွား၏။
ရှန့်ချန့်ယန်ကို ကူညီနိုင်ရန် သူသည် မီးအိမ်ကို အခုလေးတင် ချထားခဲ့၏။
ဟိုင်ရိသည် စိတ်ပျက်အားငယ်စွာဖြင့် အသံတိုးတိုးဖြင့် အော်ခေါ်လိုက်သည်။
"ရှန့်ချန့်ယန်..."
ချက်ချင်းဆိုသလို သူ့နောက်ဘက်မှ လေးလံသော မြည်သံတစ်ခုနှင့် သွေးများ သူ့လည်ပင်းပေါ်သို့ ပက်ကျလာသည်။ ဟိုင်ရိတစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့တစ်ကိုယ်လုံး မူးဝေသွား၏။
ရှန့်ချန့်ယန်၏ လက်ထဲတွင် မီးအိမ်ရှိနေပြီး သူ့အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
ဟိုင်ရိ နောက်လှည့်ကြည့်လိုက်သောအခါ သွေးများဖြင့် ဖုံးလွှမ်းနေသော ကုတင်ကို တွေ့လိုက်ရ၏။ သွေးများက မျက်နှာကျက်မှ စီးကျနေသည်။
"စိတ်လှုပ်ရှားဖို့ ကောင်းလား"
ရှန့်ချန့်ယန်က မေးလိုက်၏။
ဟိုင်ရိ : "စိတ်လှုပ်ရှားဖို့ ကောင်းတယ်..."
ရှန့်ချန့်ယန်က သူ့ပခုံးကို ပုတ်လိုက်သည်။
"အခု အားလုံး အဆင်ပြေသွားပြီ"
ဟိုင်ရိသည် သတိမေ့နေသော လူကို ငုံ့ကြည့်လိုက်သည်။
"ဒါက..."
ရှန့်ချန့်ယန် : "NPC"
ရှန့်ချန့်ယန်သည် သူ့လက်ပေါ်ရှိ သွေးများကို အိပ်ယာခင်းဖြင့် သုတ်လိုက်သည်။
“သူတို့ မသေသေးဘူး"
ဟိုင်ရိ : "သူတို့ အားလုံးက လူတွေလား"
ရှန့်ချန့်ယန် : "ဟုတ်တယ်"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ..."
ရှန့်ချန့်ယန် : "စိတ်မပူပါနဲ့၊ သူတို့ရဲ့ မှတ်ဉာဏ်တွေကို မနက်ဖြန် ပြန်လည်သတ်မှတ်ပေးလိမ့်မယ်"
ပြဿနာမှာ ည၏ကျန်အချိန်များကို သူတို့ မည်သို့ကုန်ဆုံးမည်နည်းဟူသော မေးခွန်းပင်။
ဟိုင်ရိသည် သွေးများဖြင့်စိုရွှဲနေသော အိပ်ယာခင်းများကို စိုက်ကြည့်နေသည်။ သူ့စိတ်ထဲတွင် ဘာမှ မရှိတော့ပေ။
ရှန့်ချန့်ယန်သည် မွေ့ယာတစ်ခုလုံးကို ဖိချလိုက်ပြီး ပြတင်းပေါက်မှ ဝင်လာခဲ့သော NPC ကို ဆွဲထုတ်လိုက်ကာ သေဆုံးသူကိုတော့ ဗီရိုထဲတွင် ထည့်ထားခဲ့သည်။
သူသည် မျက်နှာကျက်ကို လက်ညှိုးထိုးပြ၏။
ရှန့်ချန့်ယန် : "မီးလုံးတွေမှာ သွေးတွေစီးကျစေတဲ့ စက်ကိရိယာတစ်ခု မျက်နှာကျက်မှာ ရှိတယ်၊ မီးလုံးကို ဖိလိုက်ရင် ရပ်သွားလိမ့်မယ်"
ဟိုင်ရိသည် အခုထိ တစ်စိတ်တစ်ပိုင်း မူးဝေနေဆဲပင်။ သူက 'အာ' ဟု အသံပြုလိုက်ပြီး ဗီရိုကို လက်ညှိုးထိုးပြ၏။
ဟိုင်ရိ : "သူမ အဲဒီထဲမှာလား"
ရှန့်ချန့်ယန် : "အဲ့ဒီတစ်ယောက်ကို သတိမေ့သွားအောင် ရိုက်လို့မရဘူး"
ရှန့်ချန့်ယန်က မှတ်ချက်ပေးသည်။
"ဒါကြောင့် ကျွန်တော်တို့ ဒီလိုပဲ လုပ်လို့ရတယ်...ဒီည သူ့ရဲ့ သတ်မှတ်ချက်က ခင်ဗျားကို သတ်ဖို့ပဲ"
ဟိုင်ရိ : "..."
ရှန့်ချန့်ယန်သည် သွေးစိုနေသော အိပ်ယာခင်းများမှ ခေါင်းအုံးနှစ်လုံးကို ယူလိုက်သည်။ သွေးစွန်းထင်းမှုများ ရှိသော်လည်း မများလှပေ။ သူသည် ခေါင်းအုံးများကို ကုတင်ဘောင်ဗလာပေါ် တင်လိုက်ပြီးနောက် ဟိုင်ရိကို ပြောလိုက်၏။
ရှန့်ချန့်ယန် : "အိပ်တော့"
သူသည် ဦးစွာ လှဲချလိုက်သည်။ သွေးများဖြင့် ဖုံးလွှမ်းနေသော သူ့ခန္ဓာကိုယ်ကို ကြည့်ရင်း ဟိုင်ရိသည် စကားမပြောနိုင်ဖြစ်သွား၏။
ရှန့်ချန့်ယန်သာ မရှိလျှင် ဒီည သူ ထွက်ပြေးနိုင်ခြေ လုံးဝရှိမှာမဟုတ်ပေ။
ထိုသို့သော ကိစ္စမျိုးကို သူ မည်သို့မျှ မကိုင်တွယ်တတ်ပေ။
သဘာဝလွန်အဖြစ်အပျက်များကို သူ ဘယ်တုန်းကမှ မကြောက်ခဲ့သော်လည်း ကျန်လူများကဲ့သို့ သေဆုံးသူကို မကြောက်ခဲ့သော်လည်း ရှန့်ချန့်ယန်ကဲ့သို့ စွမ်းရည်များ သူ့ထံ၌ ရှိမနေချေ။
ရှန့်ချန့်ယန်၏ 'နောက်ပြန်မကြည့်နဲ့' ဟူသော စကားတစ်ခွန်းတည်းဖြင့်ပင် ဟိုင်ရိ ကြောက်လန့်သွားပြီဖြစ်၏။
ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့သည် သွေးများဖြင့် ရဲနေသော အလင်းရောင်များကို မျက်နှာမူရင်း ကုတင်ဘောင်မာပေါ်တွင် အတူတူ လှဲလျောင်းလိုက်ကြသည်။ ခဏတာမျှ တိတ်ဆိတ်နေ၏။ ကြားရသော တစ်ခုတည်းသော အသံမှာ ဗီရိုထဲမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံများသာဖြစ်ပြီး မည်သည့်အချိန်မဆို သူမ ထွက်လာနိုင်သည်ဟု ဟိုင်ရိကို ခံစားရစေသည်။
သူ့စိတ်ထဲက အတွေးများကို ဖတ်မိသကဲ့သို့ ရှန့်ချန့်ယန်က သူ့ကို နှစ်သိမ့်လိုက်၏။
"သူမ ထွက်လာမှာ မဟုတ်ဘူး၊ ဒါက ကျွန်တော်တို့ ဝန်ထမ်းတွေ ဖန်တီးထားတဲ့ bug ( error တက်စေသောအရာ ) တစ်ခုပဲ… သူမကို ဗီရို ဒါမှမဟုတ် အိမ်သာထဲမှာ ပိတ်ထားရင် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ရှန့်ချန့်ယန်က ပျော်ရွှင်မှုဟု ထင်ရသည့် အမူအရာဖြင့် ရှင်းပြသည်။
"ကျွန်တော့်ကိုယ်ပေါ် သွေးတွေပေကုန်တော့မှာထင်လို့ သူမကို အိမ်သာထဲမှာ မပိတ်ထားခဲ့ဘူး၊ မနက်ဖြန်ကျရင် ကျွန်တော်တို့ ဆေးကြောရဦးမယ်လေ"
ဟိုင်ရိ သက်ပြင်းချလိုက်သည်။
ရှန့်ချန့်ယန်က ခေါင်းကို သူ့ဘက်သို့ စောင်းလိုက်ပြီး သူ့ကို စိုက်ကြည့်ရင်း
"ဘာဖြစ်လို့လဲ"
ဟိုင်ရိ : "ဘယ်သူက လူသတ်သမားလဲ၊ သူတို့ ငါ့ကို သတ်ချင်နေကြတယ်"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဘယ်သူသိမှာလဲ"
ရှန့်ချန့်ယန် : "ဇာတ်ညွှန်းအခြေပြု ဇာတ်လမ်းတွေမှာ ခင်ဗျား ပြန်တိုက်ခိုက်ပြီး သေဆုံးသူကို သတ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ လူသတ်သမားက ခင်ဗျား ဘာလို့ ပြီးခဲ့တဲ့ညက မသေလဲဆိုတာ မနက်ဖြန် မေးစရာ အကြောင်းမရှိဘူး"
ရှန့်ချန့်ယန်က ရှင်းပြသည်။
"တချို့သော ကိစ္စရပ်တွေက တိုက်ရိုက်ဝံပုလွေဇာတ်လမ်းတွေပဲ၊ အဲ့ဒီလို ကိစ္စတွေမှာ Werewolf ကိုယ်တိုင်က လူသတ်မှုကို လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် တန်ပြန်နည်းလမ်း မရှိဘူး"
ဟိုင်ရိ : "..."
ရှန့်ချန့်ယန် : "ဘယ်သူ့ကိုမှ ယုံလို့မရဘူး၊ ဘယ်သူမဆို ခင်ဗျားကို သတ်နိုင်တယ်"
ဟိုင်ရိ : "ဒီလိုမျိုး အလုပ်တွေမှာ ပါဝင်တဲ့လူကို ငါ မကြားဖူးဘူး"
"ကျွန်တော်ကြားဖူးတယ်"
ရှန့်ချန့်ယန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း နိုင်ခဲ့တာလား"
ဟိုင်ရိ အံ့ဩသွားကာ မေးလိုက်သည်။
"မင်းက အရမ်းမာနကြီးတာပဲ၊ ဘယ်သူမှ မင်းကို မသတ်ဘူးလို့တော့ မပြောနဲ့နော်"
ရှန့်ချန့်ယန် : "ကျွန်တော်က ဝံပုလွေပဲ"
ဟိုင်ရိ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ရှန့်ချန့်ယန် : "ရွေးချယ်စရာ မရှိဘူး၊ တချို့အချိန်တွေမှာ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး"
ဟိုင်ရိ ဘာပြောရမှန်းမသိတော့ပေ။
အရာအားလုံးအတွက် အကြောင်းအရင်း ရှိခဲ့သည်။ ရှန့်ချန့်ယန်သည် ငယ်ရွယ်သော်လည်း ရင့်ကျက်စွာ ပြုမူခဲ့သည်။ ၎င်းသည် အကြောင်းမဲ့မဟုတ်ပေ။
ဟိုင်ရိ မရောက်လာမီ တစ်နှစ်နှစ်နှစ်အတွင်း ရှန့်ချန့်ယန်သည် စိန်ခေါ်မှုများစွာဖြင့် ပုံသွင်းခံခဲ့ရပြီး ဖြစ်သည်။
သေဆုံးသူသည် ဗီရိုထဲတွင် ဆက်ပြီး တိတ်ဆိတ်မနေတော့ချေ။ ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဟိုင်ရိ မျက်လုံးများကို တုန်ယင်စွာ မှိတ်လိုက်၏။ ရှန့်ချန့်ယန် သူ့ဘက်သို့ ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်နေသည်။ သူက ဟိုင်ရိ၏ နားများကို ဖုံးလိုက်၏။
ရှန့်ချန့်ယန် : "သီချင်းနားထောင်လိုက်"
ဟိုင်ရိက ညင်သာစွာ ပြောသည်။
"နားမထောင်ရဲဘူး"
ရှန့်ချန့်ယန်က ဖြည်းညှင်းစွာ ရယ်မောလိုက်၏။
"ဒါဆိုသီချင်းဆိုလေ...ခင်ဗျားက ခင်ဗျားမျိုးနွယ်စုရဲ့ ရိုးရာသီချင်းကို ကျွန်တော့်ကိုဆိုပြမယ်လို့ မပြောခဲ့ဘူးလား"
ဟိုင်ရိ အစကတော့ တကယ်မဆိုချင်ခဲ့ပေ။ ထိုကဲ့သို့သောနောက်ခံဆူညံသံမျိုးနှင့် ဆိုရန် အကောင်းဆုံးအချိန်မဟုတ်ခဲ့ပေ။ သို့ပေမယ့် သူ စဉ်းစားကာ မေးလိုက်သည်။
ဟိုင်ရိ : "ဘာနားထောင်ချင်လဲ"
ရှန့်ချန့်ယန် : "ကျွန်တော် သိပ်နားမလည်ဘူး"
ဟိုင်ရိ မျက်လုံးများကို မှိတ်ပြီး ခဏမျှ စဉ်းစားနေသည်။ ထို့နောက် မွန်ဂိုဘာသာဖြင့် သီချင်းဆိုလိုက်၏။
~ ဝိုင်နီထူထူ၊ အာ ~
~ သိုးလေးက ပုလင်းထဲမှာ ကွေးနေတယ်… ~
~ ညီအစ်ကိုတို့ သူငယ်ချင်းတို့၊ ငါတို့ ဗိုက်ပြည့်သည်အထိ သောက်ကြစို့ ~
~ ငါတို့ရဲ့ သီချင်းဆိုတာ လှပတယ်၊ ဟေ့... ~
~ ဒီခွက်ကို သောက်၊ ဒီခွက်ကို တိုက်၊ မမူးစေနဲ့ ~
ဟိုင်ရိသည် သူ၏ကလေးဘဝဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ သူ့အဖေသည် ဤသီချင်းကို မကြာခဏ ညည်းလေ့ရှိသည်။ သူအရက်သောက်စားပွဲတွင် အချိန်တိုင်းရှိနေခြင်းတော့ မဟုတ်ပေ။ အိမ်အလုပ်များ လုပ်နေစဉ်တွင် ညည်းလေ့ရှိသည်။ နွေရာသီတွင် သူ့ရှပ်အင်္ကျီသည် သူ့၏ခိုင်မာကြံ့ခိုင်သော ကိုယ်ခန္ဓာနှင့် ကပ်နေပြီး သီချင်းသံသည် ဧည့်ခန်းမှတစ်ဆင့် ဟိုင်ရိ၏ အိပ်ခန်းထဲသို့ လွင့်မျောလာ၏။
ရှန့်ချန့်ယန် : "ကောင်းတယ်၊ ဘာသီချင်းလဲ"
"<<Drinking Song>>"
( https://youtu.be/pSqORVFLRGM?si=iOBcz5BJMZEwVdmm )
ဟိုင်ရိက ပြန်ဖြေသည်။
"လူတွေကို အရက်သောက်ဖို့ တိုက်တွန်းတဲ့အခါ ဆိုတဲ့သီချင်း"
ရှန့်ချန့်ယန် ရယ်မောလိုက်သည်။
"အရည်ရွှမ်းတဲ့ သတ္တိလား’
ဟိုင်ရိ မတုံ့ပြန်ဘဲ သူဆက်ဆိုလိုက်၏။
~ မှုန်မှိုင်းနေတဲ့ မြူခိုးတွေကြား အလင်းရောင်တွေ မှိတ်တုတ်မှိတ်တုတ် ~
~ ဆုတောင်းနေတဲ့ ငါ့အမေမျက်နှာကို ငါ တွေးမိတယ်… ~
~ အိမ်မှာထိုင်ပြီး သူ့သားပြန်လာတာကို စောင့်နေတဲ့ အမေက မမောပန်းနိုင်ဘဲ အဝေးကို ငေးမောနေတယ်... ~
~ ငါ့အမေ အဝေးမှာ၊ အာ ~
ရှန့်ချန့်ယန်သည် ဟိုင်ရိ ဘာသီချင်းဆိုနေသည်ကို မသိခဲ့။ သို့သော် ဟိုင်ရိ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ရုတ်တရက် ကျလာသည်ကို မြင်သောအခါ သူ အနီးသို့ တိုးကပ်လာပြီး လက်ချောင်းဖြင့် သေချာစွာ သုတ်ပေးလိုက်သည်။
ရုတ်တရက် ဟိုင်ရိသည် အိမ်ကို လွမ်းမိ၏။ သူ အိမ်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သည်။ တက္ကသိုလ်တက်ပြီးနောက် အိမ်တွင် မနေတော့သောကြောင့် သူသည် အရာအားလုံးနှင့် အသားမကျသလို ခံစားရလေ့ရှိ၏။ သို့သော် သူသည် အခြားကမ္ဘာတစ်ခုတွင် အိမ်ကို ဤမျှရုတ်တရက် လွမ်းဆွတ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ၏မိခင်သည် အမြဲတမ်း ကြင်နာတတ်ပြီး ရိုးသားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့မိသားစုအခြေအနေက ကောင်းမွန်သောကြောင့် သူ့ကို ပိုမိုနူးညံ့စေခဲ့၏။ သူမသည် ဟိုင်ရိကို နားမလည်ခဲ့သော်လည်း သူ့အပေါ် အမြဲနားလည်မှုပေးခဲ့သည်။ ရံဖန်ရံခါ ဟိုင်ရိထံ ဖုန်းခေါ်ဆိုတတ်ပြီး သူမက ဟိုင်ရိ ချိန်းတွေ့နေသလားဟု မေးလေ့ရှိ၏။
သို့သော် သူမ၏ နောက်ဆုံးစကားမှာ အမြဲတမ်း မိမိကိုယ်ကိုယ် နှိမ့်ချတတ်ပြီး
"ရပါတယ်...ငါ့သားလေး ပျော်နေရင် ရပြီ"
ဟူ၍သာ ဖြစ်သည်။
ဟိုင်ရိသည် သူ့ကိုယ်သူ ရုန်းကန်နေရစဉ်တွင် သူ့ကိုယ်သူနှင့် အခြားသူများကို အဆက်မပြတ် နာကျင်အောင် လုပ်မိခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်မှ မကျေနပ်မှုများအား အလွန်အကျွံ ခံစားခဲ့ရပြီး ထိုသူများကလည်း သူ့အနီးသို့ မည်သို့ချဉ်းကပ်ရမည်ကို မသိခဲ့ကြပေ။
ရှန့်ချန့်ယန် : "ဘာတွေ ဆိုနေတာလဲ"
ဟိုင်ရိ : "<<E'ji In My Dream>>"
( https://www.youtube.com/watch?v=tktIRYo4wls )
"E'jiဆိုတာ အမေလား"
ရှန့်ချန့်ယန်သည် မွန်ဂိုဘာသာစကားကို အနည်းနှင့်အများတော့ နားလည်လေသည်။
"အိမ်ကို လွမ်းနေတာလား"
ဟိုင်ရိ တိတ်ဆိတ်သွား၏။ သူ ရှက်သလို ခံစားရကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဟိုင်ရိ : "တကယ်တော့ ငါ့မှာ တခြားလျှို့ဝှက်ချက်တစ်ခု ရှိသေးတယ်"
ရှန့်ချန့်ယန်၏ အသံသည် နူးညံ့သည်။
"ခင်ဗျား ဒီနေ့ ကျွန်တော့်ကို အလုံအလောက် အံ့ဩစေခဲ့ပါပြီ"
သို့သော် ဟိုင်ရိက သူ့ကို ကြည့်ပြီး သီချင်းဆိုလိုက်သည်။
~ ငါ့နှလုံးသားထဲက အချစ်ကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့ရဲ့ဝိညာဉ်ပဲ... ~
~ ဒီသီချင်းကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့နှလုံးသားရဲ့သီချင်းပဲ... ~
~ ငါ့ဆန္ဒကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့ရဲ့ စိတ်အားထက်သန်တဲ့ နှလုံးသားပဲ ~
~ ဒါ ငါ့ရဲ့ စိတ်အားထက်သန်တဲ့ နှလုံးသားပဲ ~
ရှန့်ချန့်ယန် သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ဟိုင်ရိ လှည့်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ မျက်ရည်တစ်စက် ဖြည်းဖြည်းချင်း စီးကျလာသည်။ သူ မွန်ဂိုဘာသာဖြင့် ညင်သာစွာ သီချင်းဆိုလိုက်၏။
~ ငါ့နှလုံးသားထဲက အချစ်ကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့ရဲ့ဝိညာဉ်ပဲ... ~
~ ဒီသီချင်းကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့နှလုံးသားရဲ့သီချင်းပဲ... ~
~ ငါ့ဆန္ဒကို မင်းဆီ ပေးအပ်တယ် ~
~ ဒါ ငါ့ရဲ့ စိတ်အားထက်သန်တဲ့ နှလုံးသားပဲ ~
~ ဒါ ငါ့ရဲ့ စိတ်အားထက်သန်တဲ့ နှလုံးသားပဲ ~
မွန်ဂိုဘာသာစကားသည် သူ့အား ဤချစ်သီချင်းကို မယှဉ်နိုင်သော စိတ်ခံစားမှုဖြင့် ဆိုနိုင်စေသည့် လျှို့ဝှက်ကုဒ်တစ်ခုနှင့် တူသည်။ သို့သော် ရှန့်ချန့်ယန် နားမလည်ကြောင်း သူ သိခဲ့ရ၏။
ဒီတစ်ခါတော့ ရှန့်ချန့်ယန်က ဒီသီချင်းကို ဘာလို့ခေါ်လဲလို့ မမေးတော့ဘဲ တိတ်ဆိတ်နေခဲ့သည်။
ဟိုင်ရိ ခဏမျှစောင့်နေသော်ဘည်း ဘာမှမရှိသေး။ အိပ်မပျော်သေးသောကြောင့် သူ မျက်လုံးများကို ဖွင့်လိုက်ပြီး တစ်ခုခု ပြောရန် ရည်ရွယ်သည်။
သို့သော် သူသည် ရှန့်ချန့်ယန် သူ့ဆီသို့ တိုက်ရိုက်ချဉ်းကပ်လာသည်ကို မြင်လိုက်သည်။ သူ့၏ရေခဲတမျှအေးသော လက်ချောင်းများက ဟိုင်ရိ၏ မေးစေ့ကို ထောက်လိုက်၏။
ထို့နောက် သူ ဟိုင်ရိကို နမ်းလိုက်သည်။
ဟိုင်ရိ၏ စိတ်ထဲတွင် တောက်ပသော ဂျပန်မီးရှူးမီးပန်းများ ဆက်တိုက် ပွင့်ထွက်လာသည်။ သူ ကောင်းကင်ဆီသို့ ပျံတက်သွားသလို ခံစားရ၏။
တစ်ခဏတာအတွင်း ဘာမှမရှိတော့ပေ။
🌟🌟🌟