Chapter 3
Viewers 807

ရှဲ့ချီက အငြင်းခံလိုက်ရတယ်။


နေစရာရှာမရတော့တဲ့အတွက် သူက အဲဒီနေရာမှာ ရပ်နေခဲ့ပြီး အခန်းကို မျက်လုံးနဲ့ လှည့်ပတ် လိုက်ကြည့်နေခဲ့တယ်။


ရုတ်တရက် ငါ့ရင်ထဲမှာ နာကျင်မှုတစ်ခု ခံစားလိုက်ရတယ်။


ရှဲ့ချီ နဲ့ ငါက ကျောင်းမှာ နာမည်ကြီး ပြိုင်ဘက်တွေ ဖြစ်ပေမယ့် သူ့ကို ဒီလိုခြောက်လှန့်ရတာက ကိုယ်ကျင့်တရား နည်းနည်းမကောင်းသလို ခံစားရတယ်။


အဲဒါအပြင်


ငါလည်း သူ့ကိုယ်လုံးတီးကို အခုလေးတင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးတာလေ။


အဲဒီနာကျင်မှုက တစ်စက္ကန့်ပဲ ကြာလိုက်ပြီးနောက် ငါလည်း ရှဲ့ချီရဲ့ ရိုးရှင်းတဲ့ ဆုတောင်းသံကို ကြားလိုက်ရတော့တယ်။


"အထက်နတ်ဘုရား အားလုံး၊ ကျေးဇူးပြုပြီး ငါ့ကို မခြောက်ပါနဲ့"


"ငါက တစ်သက်လုံး ကောင်းမှုလုပ်ခဲ့တာ၊ ငါ့ ကိုယ်ကျင့်တရားက မြင့်မားတယ်၊ ပြီးတော့ ငါက ကြောက်တတ်လွန်းလို့ ခြောက်ဖို့ မသင့်တော်ဘူး"


"တကယ်လို့ တစ်ယောက်ယောက်ကို ခြောက်လှန့်ဖို့ လိုအပ်တယ်ဆိုရင် ငါ.. တစ်ယောက်ယောက်ကို ညွှန်းပေးပါ့မယ်"


မကောင်းတဲ့ နိမိတ်တစ်ခုက ငါ့အပေါ် လွှမ်းမိုးသွားတယ်။


ငါ မော့ကြည့်လိုက်တော့ ရှဲ့ချီက တစ်နေရာကနေ အပြာရောင်နောက်ခံပုံပါတဲ့ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်တာကို မြင်လိုက်ရတယ်။


ရှဲ့ချီလည်း ပြုံးရွှင်စွာဖြင့် အကြံပေးလိုက်တယ်။


"ဒီခွေးကောင်က ဦးနှောက် လုံးဝ မရှိဘူး၊ အရာရာကို မြန်မြန်မေ့တတ်တာမလို့ နောက်နေ့ဆို ပြန်ခြောက်လို့ရတယ်"


"ငါတော့ မရဘူး၊ ငါက မှတ်ဉာဏ်ကောင်းပြီး အကြာကြီး မှတ်မိနေမှာ"


အဲဒီဓာတ်ပုံကို ရင်းနှီးသယောင်ရှိပေမယ့် ငါ သေချာမသိခဲ့ဘူး။


ငါလည်း ပိုနီးအောင် သွားကြည့်လိုက်ချိန်မှာတော့ ငါ့ရဲ့ မျက်နှာကို မြင်လိုက်ရတော့တယ်။


"…"


သောက်ကျိုးနည်း!


ငါ ခံစားခဲ့ရတဲ့ အပြစ်စိတ်က အခုချိန်မှာ လုံးဝ ပျောက်ကွယ်သွားပြီ။


~~~