Chapter 15
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၁၅】


Chapter 15


"အဝတ်အစားတွေ ကျွတ်သွားပြီ..." စူးချုံ၏လက်ချောင်းများက လင်ဖု၏နောက်ကျောကို လျှောချကာ အနမ်းများကြားတွင် ပြတ်တောင်းပြတ်တောင်းပြောရန် ရုန်းကန်နေသည်။ "အရင်လွတ်ဦး..."


"ကျွတ်ပါစေ" လင်ဖုသည် မလွတ်ဘဲ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ စူးချုံသည် စကားမပြောနိုင်အောင် အနမ်းခံနေရသည်။ သူသည် မျက်လုံးမှိတ်ထားရုံသာ တုံ့ပြန်နိုင်ခဲ့၏။ သူ့နှုတ်ခမ်းနှင့်သွားကြားက ရစ်ပတ်ခြင်းသည် ချိုမြ၏။ ပိုးသားပြဲသံနှင့် အင်္ကျီကြယ်သီးများ ပြုတ်ထွက်ပြီး ရှပ်အင်္ကျီများ မြေပြင်ပေါ်သို့ ပြုတ်ကျသံနှင့်အတူ လင်ဖု၏ အီတလီနိုင်ငံမှ အထူးပြုလုပ်ထားသော အဆင့်မြင့် လက်လုပ်ဝတ်စုံသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် စုတ်ပြတ်သတ်သွားခဲ့သည်။


စျေးကြီးလေလေ မြန်မြန်ပျက်စီးလေလေပါပဲ။


ပြင်းပြင်းပြပြစွာ နမ်းပြီးနောက် လင်ဖုသည် စူးချုံကို အနည်းငယ် လွတ်လိုက်ပြီး စင်တီမီတာ အနည်းငယ်အကွာမှ သူ့ကို ညင်သာစွာ ကြည့်ကာ အရွှန်းဖောက်သည်။ "မင်းကို နမ်းဖို့ ယွမ်ငါးသောင်း ကုန်ကျတယ်။"


စူးချုံသည် ပြင်းပြသော အနမ်းမှ သတိမလည်သေးဘဲ သူ့မျက်လုံးများသည် ရေလွှာလေးများဖြင့် ပြည့်နှက်နေသည်။ အနမ်းခံထားရသော သူ့နှုတ်ခမ်းက နီရဲနေကာ တစ်ခုခုကို ပြောချင်နေသကဲ့သို့ လှုပ်ရှားနေသည်။ သို့သော် သူ ဘာမှမပြောသေးခင် လင်ဖုက အကြောင်းအရာကို ပြောင်းလဲပြီး မေးလိုက်သည်။ "ကိုယ့်အတွက် ဒီလောက်ကောင်းတဲ့အရာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။"


စူးချုံသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ၏ ပျော့ပျောင်းသော အနက်ရောင် ဆံပင်များက လေထဲတွင် ကခုန်နေသည်။


လေထဲတွင် ကခုန်နေသည်မှာ မစ္စတာလင်၏ ခြေထောက်ပေါ်က ဘောင်းဘီတစ်ဝက်လည်းပါသည်...


"မင်းအတွက် တစ်ကမ္ဘာလုံးကို ပေးနိုင်ဖို့ ကိုယ်ဆုတောင်းတယ်။" လင်ဖုသည် သူ့နှလုံးသားထဲကအချစ်ကို လှိုက်လှိုက်လှဲလှဲ ဝန်ခံပြီး စူးချုံ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ကိုင်ထားသည်။ ခေါင်မိုးပေါ်ကနေ သူ ကိုယ်ဗလာဖြင့်မဆင်းချင်တာကြောင့် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များကို ခပ်ခွာခွာနေလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းများကို စူးချုံ၏နဖူး၊ မျက်ခွံများ၊ ဖြောင့်စင်းသောနှာခေါင်း၊ ကြက်သွေးရောင်သန်းနေသော ပါးပြင်နှင့် နှုတ်ခမ်းများကို ဖြည်းဖြည်းချင်း ဖိကပ်ပြီး ‌တိုးတိုးပြောလိုက်သည်။ "ကိုယ် မင်းကို အလိုလိုက်မယ်၊ ချစ်မယ်၊ နစ်နာမှုမှန်သမျှကို ကိုယ်မင်းကို ထပ်ပြီးခံစားခွင့်မပေးဘူး။ မင်း ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ့်အတွက် ခံစားခဲ့ရတဲ့ အခက်အခဲတွေအားလုံးကို ကိုယ်ဖြည့်ဆည်းပေးမယ်။"


"အင်း..." စူးချုံက စကားကောင်းကောင်း မပြောတတ်ချေ။ သူ့စိတ်ထဲတွင် ခံစားချက်များ တဟုန်းဟုန်းတောက်နေပြီဖြစ်သော်လည်း သူ မပြောနိုင်ပေ။ ထို့ကြောင့် စိတ်လှုပ်ရှားနေသော ဆင်းရဲခြင်းနတ်ဘုရားလေးသည် သူ့ခေါင်းကို မြှောက်ကာ လင်ဖု၏မျက်နှာကို ခပ်ပြင်းပြင်းနမ်းလိုက်သည်။ ကျယ်လောင်သော အသံတစ်ခုကို ပြုလုပ်ပြီး လင်ဖု၏မျက်နှာတွင် တံတွေး‌ရာတစ်ခုကို ချန်ထားခဲ့သည်။


ငါ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းမသိပါဘူး လို့ စူးချုံက ဝမ်းသာအားရ တွေးလိုက်သည်။


လင်ဖုသည် သူ့မျက်နှာကို ထိလိုက်ကာ အံ့အားသင့်ပြီး ဝမ်းသာအားရ အကြိမ်တစ်ရာ ချက်ချင်း ပြန်ပေးလိုက်သည်။


နမ်းပြီးသောအခါတွင် လင်ဖုသည် သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်ကတည်းက နားထဲတွင် ရစ်ဝဲနေသော သတ္တဝါမျိုးစုံ၏ အော်ဟစ်သံများ တစ်ချိန်ချိန်တွင် ပျောက်ကွယ်သွားတာကို ရုတ်တရက် သိလိုက်ရသည်။


တစ်ဖန် မော့ကြည့်လိုက်တော့ မြို့က အရင်လို မြို့ဟောင်းပဲ ရှိသေးပေမဲ့ နေရောင်က ပိုတောက်ပလာပြီး မိစ္ဆာများ၏ အစအန ပျောက်ကွယ်သွားသည်။


"တတိယမျက်လုံးရဲ့ အကျိုးသက်ရောက်မှုက ပျောက်သွားပြီလား။" စူးချုံကမေးသည်။


လင်ဖုက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။ "အင်း၊ ကိုယ်မမြင်ရတော့ဘူး။"


စူးချုံသည် လေတိုက်လို့ ရှုပ်ပွနေသော သူ့ဆံပင်များကို သပ်ရပ်အောင်လုပ်ပြီး ရှင်းပြသည်။ "မင်းက သေမျိုးဆိုတော့ တတိယမျက်လုံးကို တစ်နေ့ကို ခဏလောက်ပဲဖွင့်လို့ရတယ်။ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်က မခံနိုင်ဘဲ နေမကောင်းဖြစ်လိမ့်မယ်။"


"အင်း၊ အဲဒါကို ဖွင့်တာ၊ မဖွင့်တာ ကိစ္စမရှိပါဘူး။" လင်ဖုက စူးချုံကို လေးလေးနက်နက် စိုက်ကြည့်ကာ "ဒီဘဝမှာ မင်းကို ကိုယ်တွေ့နိုင်သရွေ့ လုံလောက်ပါပြီ... မင်း ကောင်းကင်ဘုံတော့ ပြန်မသွားဘူးမလား။"

 

စူးချုံက ချက်ချင်း ခေါင်းခါလိုက်သည်။ "မသွားဘူး၊ ငါက မင်းနဲ့အတူ အမြဲရှိနေမှာ"


လင်ဖုက သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး သူ့ရင်ဘတ်ကို ညင်သာစွာထိပြီး တိုးတိုးလေးပြောလိုက်သည်။ "ဒါကိုလည်း လောကကြီးရဲ့ဆန္ဒကို အထမြောက်အောင် ကြိုးစားအားထုတ်ပေးတယ်လို့ ဆိုလိုတာလား။"


စူးချုံက နီမြန်းသွားသည်။ "ထားလိုက်ပါတော့"


လင်ဖုသည် ငယ်ငယ်ကကြားခဲ့ရသော ဒဏ္ဍာရီပုံပြင်များကို စိတ်ထဲတွင် ရှာဖွေကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "မယ်တော်ကြီးက မင်းကို ပြန်ခေါ်မှာလား။"


"အင်း... " စူးချုံသည် သူ့မျက်နှာမှာ စိုးရိမ်မှု အရိပ်အမြွက်ပြပြီး ခဏလောက် စဉ်းစားပြီးနောက် သူ့မျက်နှာလေးကို မော့ကာ တစ်စုံတစ်ယောက်ကို တမင်ပြောနေပုံနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး စကားလုံးတိုင်းကို သေသေချာချာ ပြောလိုက်သည်။ "မယ်တော်ကြီးက အရမ်းကောင်းတယ်။ သူမက လှတယ်၊ ပြီးတော့.... ကြင်နာတတ်တယ်။ သူမက အသွင်အပြင်လည်း လှပြီး ဘာဝတ်ဝတ် ကြည့်ကောင်းတယ်။ သူမက ကြင်နာတတ်ပြီး လှပတယ်။ ဒီလောက်ကောင်းတဲ့ မယ်တော်ကြီးက ဘယ်တော့မှ ငါ့ကို ပြန်ခေါ်မှာမဟုတ်ဘူး...."


လင်ဖုသည် ခဏမျှ မှင်တက်သွားပြီး ရုတ်တရက် သဘောပေါက်ကာ ရယ်လိုက်သည်။ "မြှောက်ပင့်တတ်သူလေး"


"ရှူး—" စူးချုံသည် လက်ညှိုးကို မြှောက်လိုက်ပြီး လေမှုတ်ထုတ်လိုက်သည်။


နှစ်ယောက်သား ခေါင်မိုးပေါ်မှာ ခဏကြာအောင်နေပြီး လင်ဖုသည် သူ့ဖုန်းကို ထုတ်ပြီး ရှောင်ကျန်းကို ဖုန်းခေါ်ကာ စျေးသက်သာသည့် ပေါ့ပေါ့ပါးပါး ဝတ်စုံကို နားနေခန်းကနေ ယူလာပြီး အပေါ်ထပ်ကို လာပေးဖို့ ခိုင်းလိုက်သည်။


နှစ်မိနစ်အကြာတွင် ရှောင်ကျန်းသည် Metersbonwe တစ်စုံဖြင့် ရောက်လာသည်။


လင်ဖု၏ဝတ်စုံသည် သူတောင်းစားတစ်ယောက်လို စုတ်ပြဲနေ၏။ သူသည် အေးစက်မာနကြီးသောအမူအရာဖြင့် အဝတ်အစားများကို ယူကာ အပေါ်ထပ်ရှိ စွန့်ပစ်ထားသော ရုံးခန်းတစ်ခုထဲသို့ ဝင်သွားပြီး တံခါးကိုပိတ်ကာ အတွင်းဘက်အဝတ်အစားများ လဲလှယ်လိုက်သည်။


ရှောင်ကျန်းသည် လက်များကို ဖြေလျှော့ကာ တံခါးအပြင်ဘက်တွင် ရပ်နေပြီး သူ့အမူအရာမှာ ငြိမ်သက်နေကာ မည်သည့်အမူအရာမှ မရှိချေ။


စူးချုံသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး လင်ဖု ထွက်လာမှာကို သူနှင့်အတူ စောင့်နေသည်။


ရှောင်ကျန်းက သူ့ကို ကြည့်ပြီး အေးအေးဆေးဆေး အဝေးကို ကြည့်လိုက်သည်။


ဟီးဟီး၊ သူက မဟုတ်ဘူး၊ မဟုတ်ဘူးနဲ့ ဥက္ကဋ္ဌရဲ့အဝတ်တွေကိုတောင် တစ်စစီစုတ်ဖြဲလိုက်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ခြိမ်းခြောက်တာဆိုပေမဲ့ သူ့ခန္ဓာကိုယ်က အရမ်းရိုးသားတာပဲ။


မစ္စတာလင်းရဲ့ ပျော်ရွှင်ပြီး ကျေနပ်နေတဲ့မျက်နှာကိုပဲ ကြည့်လိုက်ပါ။ တစ်ခုခုတော့ ဖြစ်ခဲ့ရမယ်!


ခဏအကြာတွင် လင်ဖုသည် ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးအ၀းဝတ်အစားများဝတ်ကာ ထွက်လာပြီး ရှောင်ကျန်းကို ပြောလိုက်သည်။ "ငါ့ရဲ့နေ့လယ်ခင်းအချိန်ဇယားအားလုံးကို ဖျက်လိုက်ပါ။"


ရှောင်ကျန်း: "ကောင်းပါပြီ၊ မစ္စတာလင်"


နွေဦးညက တိုတောင်းပြီး နေက မြင့်နေပြီ။ အခုချိန်ကစပြီး ဘုရင်ကြီးက မနက်စောစော နန်းတော်မှာ မနေတော့ဘူး။


ကျွတ်...


"ငါ့ကို နောက်ထပ်ကုတင်တစ်လုံးသွားဝယ်ပေး" လင်ဖုက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဈေးပေါပြီး ခိုင်ခံ့ရမယ်။ ပြီးရင် ဒီနေ့လယ်မှာ ငါ့မိန်းမအိမ်ကို ပို့ထားလိုက်ပါ။"


မိန်းမ... စူးချုံသည် အဝေးကိုလှည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။


ရှောင်ကျန်းက သူ့မှတ်စုစာအုပ်ထဲမှာ ချရေးလိုက်သည်။ "ကောင်းပြီ မစ္စတာလင်"


အိုး၊ အရင်ကုတင်က ပျက်စီးသွားတာလား။


"အခုပဲ ငါ့မိန်းမကို နေ့လယ်စာစားဖို့ ခေါ်သွားတော့မယ်" လင်ဖုက ပြောလိုက်သည်။


"ကောင်းပြီ မစ္စတာလင်" ရှောင်ကျန်းသည် သူ့မှတ်စုစာအုပ်ကို ဖယ်လိုက်ပြီး "ကျွန်တော် အောက်ထပ်ဆင်းပြီး စက်ဘီးလာပို့ပေးမယ်။"


လင်ဖုက ခေါင်းညိတ်လိုက်သည်။


ထို့နောက် ဥက္ကဋ္ဌ၏လက်ထောက်သည် ကားဂိုဒေါင်အောက်ထပ်ကိုဆင်းပြီး 28 လက်မအရွယ် စက်ဘီးကိုထုတ်ပြီး ကုမ္ပဏီဂိတ်တံခါးကို ပွတ်တိုက်နေသောအသံနဲ့ စီးနင်းခဲ့သည်..။


ကျွတ်... ငါတို့မစ္စတာလင်က ဒီအချစ်ဦးဂိမ်းကို ဘယ်လောက်ကြာကြာ ဆက်ကစားရဦးမလဲမသိဘူး။