Chapter 16
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၁၆】


Chapter 16


သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို တရားဝင်အတည်ပြုပြီးကတည်းက ဒါဟာ သူတို့နှစ်ဦး နေ့လည်စာအတူစားတာ ပထမဆုံးအကြိမ်ဖြစ်သည်။


ထို့ကြောင့် လင်ဖုသည် စူးချုံကို အလွန်စျေးကြီးသော အဆင့်မြင့် စားသောက်ဆိုင်သို့ ခေါ်ဆောင်ရန် စက်ဘီးကို ပြတ်ပြတ်သားသား စီးခဲ့သည်။ ကားပါကင်နေရာက လုံခြုံရေးအစောင့်၏ ပဟေဠိဆန်သော အကြည့်အောက်တွင် လမ်းတစ်ဖက်မှာ သူသည် U ပုံသဏ္ဌာန်စက်ဘီးကို ကားပါကင်တွင် ရပ်လိုက်ပြီး သော့ခတ်လိုက်သည်။


"သွားကြရအောင် ဘေဘီ၊ ညစာသွားစားကြမယ်" လင်ဖုသည် စူးချုံ၏လက်ကိုဆွဲပြီး ခါးမတ်မတ်ဖြင့် သူ့အမူအရာက ပေါ့ပါးပြီး သူ၏ပြေပြစ်သောအပြုအမူက လုံးဝမထိခိုက်ပုံရသည်။


မှန်တယ်၊ အထက်တန်းစားအစစ်က ၂၈ လက်မီစက်ဘီးကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်…


ပစ္စည်းကောင်းတွေကိုသုံးရင် ဆိုးဝါးတတ်သော်လည်း အရသာရှိသောအစားအသောက်ကတော့ ပြဿနာမရှိလောက်ပေ။ သည်စားသောက်ဆိုင်က Kobe အမဲသား၊ ငါးဥဆားနယ်နှင့် ငန်းအသည်းမွှေကြော်တို့မှာ အလွန်အရသာရှိသည် 


"ဂုဏ်ပြုရအောင်" လင်ဖုသည် ဝိုင်ခွက်တစ်ခွက်ကို မြှောက်လိုက်ပြီး သူနှင့်ခွက်ချင်းတိုက်ရန် စူးချုံကို အမူအရာပြသည်။ သူ့မျက်လုံးများက တောက်ပပြီး သူ့အပြုံးက နူးညံ့သည်။ "ကိုယ့်ရဲ့ဆင်းရဲခြင်းနတ်ဘုရားလေး ဒီနေ့ကစပြီး ကိုယ်က မင်းရဲ့သစ္စာရှိယုံကြည်သူပဲ"


သမိုင်းတလျှောက် ယုံကြည်သူများပါရှိသည့် ပထမဆုံးဆင်းရဲခြင်းနတ်ဘုရားအဖြစ် စူးချုံ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာပြီး ဝိုင်ဖန်ခွက်အား စိတ်လှုပ်ရှားစွာ ကောက်ယူလိုက်လေသည်။


သို့သော်လည်း နောက်တစ်စက္ကန့်တွင် စူးချုံ၏လက်ထဲတွင်ရှိသော ဖန်ခွက်သည် ကလစ်အသံနှင့်အတူ ကွဲသွားသည်...


ဝိုင်က စားပွဲတစ်ခုလုံးကို ဖိတ်စင်သွားကာ အလွန်ကြောက်စရာကောင်းသည်။


"ကျေးဇူးပြုပြီး တစ်ခါသုံး စက္ကူခွက်ကို ပြောင်းပေးပါ" လင်ဖုက စားပွဲထိုးကို အေးအေးဆေးဆေး ပြောလိုက်သည်။


စူးချုံသည် စားပွဲပေါ်ရှိ ဝိုင်များကို လက်သုတ်ပဝါဖြင့် သုတ်နေသော တခြားစားပွဲထိုးကို ကူညီရင်း အလုပ်များနေပြီး ညှိုးနွမ်းသောအကြည့်ဖြင့် ရှင်းပြလေသည်။ "ဒီခွက်က အရမ်းဈေးကြီးမှန်း ငါမသိလိုက်ဘူး…"


"ကိစ္စမရှိပါဘူး၊ ကိုယ်လည်းသတိမထားမိလိုက်ဘူး" လင်ဖုသည် လက်ဆန့်ပြီး ချစ်စဖွယ် သူ့နှာသီးဖျားလေးကို ကုတ်ကာ "ဒီလိုကိစ္စမျိုးအတွက် ဘယ်တော့မှ အပြစ်ရှိသလိုမခံစားနဲ့၊ ဒီအရာတွေက မင်းနဲ့ယှဉ်ရင် တန်ဖိုးမရှိပါဘူး၊ သေချာပေါက် အနာဂတ်မှာ ကိုယ်မင်းကိုပေးမဲ့အရာတွေကိုလည်း ပိုပြီးအာရုံစိုက်ပါ့မယ်"


"အင်း…" ဆင်းရဲခြင်းနတ်ဘုရားလေးသည် သူ့ယုံကြည်သူအား အချစ်ရူးသောအကြည့်ဖြင့် ကြည့်ကာ နူးညံ့သောလေသံဖြင့် ပြောသည်။ "မင်းက အရမ်းကြင်နာတာပဲ"


"ဒီအမဲသားကို စားကြည့်စမ်း" လင်ဖုက နူးညံ့စွာပြောသည်။


စူးချုံသည် ခေါင်းညိတ်ပြပြီး ဓားနှင့် ခက်ရင်းကို ဝမ်းသာအားရ ကောက်ကိုင်လိုက်သည်။


ထို့ကြောင့် ငွေရောင်ဓားခက်ရင်းသည် တုန်လှုပ်ချောက်ချားသောအရှိန်ဖြင့် ချက်ချင်း သံချေးတက်သွားသည်…


စူးချုံ လန့်သွားပြီး ပန်းကန်ပြားပေါ် ဓားနှင့် ခက်ရင်းကို အလျင်စလိုချလိုက်သည်။ သူချလိုက်သည်နှင့် တရုတ်ပန်းကန်သည် သလင်းကျောက်ခွက်ကဲ့သို့ ကွဲသွားတော့သည်။


"အိုး၊ ဒါတွေက ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ" စူးချုံသည် စိတ်အားငယ်စွာ သူ့လက်များကို စားပွဲအောက်က သူ့ပေါင်များပေါ်တင်ပြီး ဂရုတစိုက် ရှင်းပြသည်။ "ဓားနဲ့ ခက်ရင်းတွေကို သံမဏိနဲ့ လုပ်ထားတာလို့ ငါထင်ထားတာ…"


လင်ဖုသည် စက္ကန့်အနည်းငယ်မျှ မှင်တက်သွားပြီး ရယ်မောလိုက်သည်။


စူးချုံသည် မျက်လွှာချရင်း သူ့နှုတ်ခမ်း‌တွင် သူ့ကိုယ်သူ နှိမ့်ချသော အပြုံးဖြင့် သူ့ကိုယ်သူ ပြောခဲ့သည်။ "အရင်က ငါပန်းကန်ဆေးတုန်းက တခြားလူတွေရဲ့ပန်းကန်တွေကို ထိခိုက်အောင်လုပ်မိပြီး ငါ့မှာလျော်စရာပိုက်ဆံမလောက်မှာကိုစိုးလို့ အဲဒါကြောင့် ဒီလောက်ဈေးကြီးတဲ့ဆိုင်ကို ငါမလာရဲတာ"


မစ္စတာလင်က ချက်ချင်း စိတ်ညစ်သလို ခံစားလိုက်ရပြန်သည်။ သူသည် စူးချုံ၏ပိန်းပါးသောအဖြူရောင် လက်ချောင်းများကို ညှစ်ပြီး လေးနက်စွာ ပြောသည်။ "ကိုယ်မင်းကို ဘယ်တော့မှ အဲဒီအလုပ်တွေမလုပ်ခိုင်းတော့ဘူး"


စူးချုံ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားကာ ပျော်ရွှင်စွာ ပြုံးနေသည်။


ထို့ကြောင့် နောက်ဆုံးတွင် စားပွဲထိုးသည် စူးချုံအတွက် ပန်းကန်အစုံကို ပြောင်းလဲလိုက်သည်။ စူးချုံအား အရှက်ရစေရန်အတွက် လင်ဖုကလည်း သူ့ကိုယ်ပိုင် ပန်းကန်အစုံကို အတူတူပြောင်းလဲခဲ့သည်။ ပလပ်စတစ်ဓားနှင့် ခက်ရင်းများကို အသုံးပြုပြီး ပလပ်စတစ်ပန်းကန်ပေါ်က ထူပြီးအရသာရှိသော ငန်းအသဲမွှေကြော်ကို ဖြတ်တောက်ပြီး ဝိုင်နီကို တစ်ခါသုံးဝိုင်အရက်ခွက်ထဲတွင် ဖြည့်လိုက်သည်။


စူးချုံသည် အရသာရှိစွာ စားသောက်ခဲ့ပြီး သူ၏လှပသော မျက်လုံးကြီးများက လောဘကြီးသောကြောင်လေးကဲ့သို့ ကျေနပ်စွာဖြင့် ကျဉ်းမြောင်းသွားခဲ့သည်။


'ဒါက တကယ်တော့ မဆိုးပါဘူး' လင်ဖုက သူ့စိတ်ထဲမှာ တိတ်တိတ်လေး ပြုံးလိုက်သည်။


သူတို့နှစ်ယောက် စားသောက်ပြီးသောအခါ ရှောင်ကျန်းသည် ခုတင်အသစ်တစ်လုံးဝယ်ထားပြီး စူးချုံ၏အိမ်သို့ ပို့ဆောင်ရေးဝန်ထမ်းနှင့်အတူ သွားခဲ့သည်။


လင်ဖုက သူ့ပါးစပ်ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ပြောသည်။ "အိမ်ပြန်ရအောင်၊ ကုတင်အသစ် လာပို့ပြီးပြီ" 


"အင်း" စူးချုံ၏မျက်လုံးများက ဝေဝါးနေပြီး သူ့နှုတ်ခမ်းမှာ ဆော့စ်ပေနေတာကို သတိမထားမိပေ။ သူဘာတွေနေသလဲ မသိပါ။


"ကိုယ် ဒီနေ့ ဘာမှမလုပ်ချင်ဘူး" လင်ဖုသည် စူးချုံ၏နှုတ်ခမ်းထောင့်မှာ ဆော့စ်တစ်စက်ကို လက်ကိုင်ပဝါဖြင့် သုတ်ပြီး ပြုံးပြုံးလေး ပြောသည်။ "အိမ်မြန်မြန်ပြန်ပြီး မင်းကိုယ်ဖက်ချင်တယ်"


စူးချုံသည် စားပွဲပေါ်က တစ်ခါသုံး စက္ကူခွက်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကောင်းပြီ" 


ထို့ကြောင့် လင်ဖုက စူးချုံကို အိမ်ပြန်ခေါ်သွားသည်။


အိမ်ကို လမ်းတစ်လမ်းသာ သူတို့ဝေးတော့ပြီး သူတို့တွေ ထောင့်ကိုကွေ့သောအခါ စူးချုံက ရုတ်တရက် ပြောလိုက်သည်။ "ခဏရပ်ဦး" 


လင်ဖုသည် စက်ဘီးရပ်လိုက်ကာ စူးချုံသည် ရှေ့တန်းမှ ခုန်ဆင်းပြီး ယခင်ထောင့်ကို သူပြန်လှည့်သွားခါနီးတွင် ရုတ်တရက် ရပ်သွားပြီး ပြန်လှည့်လာကာ သူ့ပါးပြင်များက နီမြန်းနေသည်။


"ဘာဖြစ်နေတာလဲ ဘေဘီ" လင်ဖုက သူ့ကို အံ့ဩတစ်ဝက် သဘောကျတစ်ဝက်ဖြင့် ကြည့်နေသည်။


"ငါ ဟိုဘက်ကို ခဏသွားဦးမယ်၊ မင်းငါ့နောက်ကို လိုက်မလာနဲ့နော်" စူးချုံသည် ခေါင်းပြန်လှည့်ပြီး နံရံကို စိုက်ကြည့်ကာ လင်ဖုကို မကြည့်ရဲပေ။


လင်ဖုသည် မရိုးသားစွာ ဝတ်ကျေတမ်းကျေ 'အင်း' ဟု အသံပြုပြီး စူးချုံက ထောင့်တစ်ဝိုက်တွင် ပျောက်ကွယ်သွားသည်။


အလွန်ဆိုးသော မစ္စတာလင်သည် ချက်ချင်းလှည့်၍ စက်ဘီးနင်းလိုက်သည်။ စက်ဘီးကို မီတာအနည်းငယ် ရှေ့သို့ လျှောချကာ ထောင့်အနောက်ဘက် မြင်ကွင်းကို မြင်လိုက်ရသည်။


ယခုအခိုက်အတန့်တွင် စူးချုံ၏ရှေ့နံရံတွင် အခမဲ့ကွန်ဒုံးဖြန့်ချီရေးသေတ္တာတစ်ခုရှိပြီး ၎င်းတွင် အနီရောင်စာလုံးကြီးနှစ်ကြောင်းရိုက်နှိပ်ထားသည်: "သိပ္ပံနည်းကျဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာပြီး သဟဇာတရှိသော မိသားစုစီမံကိန်းကိုတည်ဆောက်ပါ"…


ဖြန့်ချီရေးသေတ္တာထဲက ကွန်ဒုံးများကို ဆန္ဒရှိသလို ရယူနိုင်ကာ အထုပ်သေးသေးလေးများဖြင့် ထုပ်ထားသည်။ စူးချုံသည် နီမြန်းသောမျက်နှာဖြင့် သေတ္တာကိုထုတ်ပြီး သူ့ကုတ်အင်္ကျီထဲ ထည့်လိုက်သည်။ ခဏလောက်တွေးပြီးနောက် နောက်ထပ်တစ်ခုကို ထုတ်ပြီး နောက်ထပ်အိတ်ကပ်ထဲ ထည့်လိုက်သည်။


အိတ်ကပ်နှစ်ခုလုံးကို ဇစ်ပိတ်ပြီးနောက် သူ့အဝတ်အစားများ ပြီးပြည့်စုံသည်ဟု ထင်နေသည့် စူးချုံသည် မော့ကြည့်လိုက်သောအခါ လင်ဖုက စက်ဘီးပေါ်တွင် ခြေတစ်ဖက်နှင့် မြေပြင်ပေါ်တွင် ခြေတစ်ချောင်းဖြင့် ထိုင်နေ‌တာကို မြင်လိုက်ရသည်။ သူက သူ့ကို ပြုံးတစ်ဝက်ဖြင့် ကြည့်နေပြီး လူမိုက်လေးတစ်ယောက်လို ကျယ်လောင်စွာ လေချွန်လိုက်သည်။


"မင်း... ဘယ်တုန်းက ရောက်နေတာလဲ" စူးချုံသည် သူ့မျက်နှာမှ သူ့လည်ပင်းအထိ ရုတ်တရက် နီရဲသွားသည်။


"အခုလေးတင်…" လင်ဖုက ဖြည်းညှင်းစွာပြောသည်။


"ငါ့နောက်မလိုက်ဖို့ ပြောခဲ့တယ်လေ" စူးချုံငိုမိတော့မည်။


"ကိုယ်မလိုက်ချင်ပါဘူး" လင်ဖုသည် အရင်ဆုံး လက်မြှောက်အရှုံးပေးပြီးနောက် လက်နှစ်ဖက်ကို လက်ကိုင်တန်းပေါ်တင်ကာ လက်ကိုင်တန်းကို ခေါက်တုံ့ခေါက်ပြန်လိမ်ရင်း သူ့မျက်နှာပေါ်က အံ့အားသင့်သောအကြည့်ဖြင့် ငေါက်လိုက်သည်။ "ဒီစက်ဘီးက ဘာလို့နားမထောင်ရတာလဲ"


စူးချုံက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်: "..."


"ဒါက ကိုယ့်ကို ဒီခေါ်လာတာ" လင်ဖုသည် လက်ကိုင်တန်းကို ဟန်များသော အမူအရာဖြင့် ရိုက်လိုက်သည်။"ဒါက ဝိညာဉ်ဖြစ်လာတာလားဆိုတာ သိရအောင် ဘေဘီရဲ့နတ်မျက်စိကို သုံးလိုက်ပါလား"


TK Team Chapter 16