【Volume 2 : လက်ထောက်လေး ၀၁】
Chapter 24
မနက်ခြောက်နာရီမှာ ကျန်းကျင်ယန်က ရေချိုးခန်းထဲမှာ ရေချိုးနေသည်။
သူသည် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး တက္ကသိုလ်ကနေ ဘွဲ့ရထားတာ တစ်နှစ်တာရှိသေးသည်။ သူသည် လင်လုပ်ငန်းစု၏ ဥက္ကဋ္ဌကြီးသားဖြစ်သော လင်ဖုလက်အောက်တွင် ဥက္ကဋ္ဌ၏လက်ထောက်အဖြစ် လက်ရှိလုပ်ဆောင်နေသည်။
မစ္စတာလင်တွင် လက်ထောက်များစွာရှိလေသည်။ ကျန်းကျင်ယန်သည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော လက်ထောက်တစ်ဦးဖြစ်သည်။ လက်ရှိတွင် သူသည် အလုပ်ကိစ္စများနှင့် အထွေထွေအလုပ်များကို လုပ်ဆောင်သည့် လက်ထောက်ငယ်တစ်ဦးမျှသာဖြစ်သည်။ လင်ဖုမှ အမိန့်ပေးသော အမျိုးမျိုးသော အသေးအမွှားကိစ္စများအတွက် သူမှာ တာဝန်ရှိသည်။ ကုမ္ပဏီတစ်ခုလုံးတွင် မစ္စတာလင်၏ ကိုယ်ရေးကိုယ်တာဘဝအကြောင်းကို သူအများဆုံးသိသည်။
သို့သော် လင်ဖုက သူ့အပေါ် အလွန်ယုံကြည်မှုရှိသည်။
ကျန်းကျင်ယန်သည် သူ့အလုပ်တွင် ကျွမ်းကျင်ပြီး အမှားအယွင်းများ နည်းပါးသောကြောင့် သော့ချက်မှာ သူ့နာမည် ဖော်ပြသည့်အတိုင်း သူသည် ပါးစပ်ပိတ်ပြီး စကားနည်းနည်းပြောတတ်ကာ အဓိပ္ပါယ်မရှိသော စကားများကို ဘယ်တော့မှ မပြောလောက်ပင် ဖြစ်သည်။ လူတစ်ယောက်လုံးကို “ကျင်ယန်(စကားပြောဆင်ခြင်ခြင်း)”ဆိုသော စကားလုံးဖြင့် ဖော်ပြနိုင်သည်။
ကျန်းကျင်ယန်သည် သူ့မျက်နှာကို ဆေးကြောပြီး သွားများကိုတိုက်ကာ ဆံပင်ကို ပြင်လိုက်သည်။ ထို့နောက် ညီမဖြစ်သူ၏ body lotion ကို အေးအေးဆေးဆေး ကောက်ကိုင်လိုက်ပြီး မှန်ရှေ့တွင် မျက်နှာကို လိမ်းကာ မနက်စာစားရန် မီးဖိုချောင်သို့ သွားခဲ့သည်။
ကြက်ဥတစ်လုံးနှင့် ဝက်ဆားနယ်ခြောက်နှစ်ချပ်ကြော်၊ ဆလတ်အချပ်အနည်းငယ်ကို ညှပ်ဖြတ်ကာ အသုပ်တစ်ဇွန်းကိုကော်ပြီး အသားညှပ်ပေါင်မုန့်အဖြစ် အားလုံးကို မီးကင်ထားကာ နို့ပူပူတစ်ခွက်ထည့်ပြီး မနက်စာဖြစ်သွားသည်။
ဒီထက်ပိုပြီး ရှုပ်ထွေးသော လှုပ်ရှားမှုတွေကို သူ မသင်ယူနိုင်သော်လည်း သူ့ညီမကို ပြုစုစောင့်ရှောက်ရန်အတွက် ဒီလှုပ်ရှားမှုနှစ်ခုကို လေ့ကျင့်ခဲ့သည်။
ကျန်းကျင်ယန်သည် တူညီသော နံနက်စာနှစ်ခုကို ကျွမ်းကျင်စွာ ချက်စားပြီးနောက် သူ့ညီမကို ထမင်းစားရန် သွားနိုးခဲ့သည်။
သူ့ညီမနာမည်က ကျန်းရှန့်ရှင်ဖြစ်သည်။ သူမ၏နာမည်က ယောက်ျားလေးတစ်ယောက်လို အသံထွက်သော်လည်း တကယ်တော့ သူမက ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် ယခုနှစ်တွင် အထက်တန်းပထမနှစ်ကျောင်းသူလေးဖြစ်သည်။
မောင်နှမနှစ်ယောက်၏ အမည်များကို သူတို့၏ အဘိုးက ပေးခဲ့ခြင်းဖြစ်ပြီး “စကားပြောဆင်ခြင်ခြင်း(ကျင်ယန်)”နှင့် “အပြုအမှုဆင်ခြင်ခြင်း(ရှန့်ရှင်)”ဟု ဆိုလိုသည်။
ကျန်းရှန့်ရှင်သည် သူမ၏ယုန်ညအိတ်ဝတ်စုံကို ဝတ်ထားရင်း စားပွဲထိုင်ပြီး သမ်းဝေကာ ဝမ်းနည်းစွာ ပြောလိုက်သည်။ "နောက်ထပ်အသားညှပ်ပေါင်မုန့်ပေါ့။"
ကျန်းကျင်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မြန်မြန်စား၊ မင်း ကျောင်းနောက်ကျလိမ့်မယ်။"
"အစ်ကို ကျွန်မကို ကျောင်းလိုက်ပို့ပေးပါ။" ကျန်းရှန့်ရှင်က အသားညှပ်ပေါင်မှုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။
သူမသည် အလွန်ချောမောလှပသည့် မိန်းကလေးတစ်ဦးဖြစ်ပြီး မူလတန်းကျောင်းသူဘဝကတည်းက ယောက်ျားလေးများထံမှ ရည်းစားစာများ မကြာခဏရရှိခဲ့သည်။ သူမသည် ထောင့်နားတွင် အနည်းငယ်လှန်ထားသော မက်မွန်ပွင့်မျက်လုံးတစ်စုံ၊ လှပသောဘဲဥပုံမျက်နှာ၊ မြင့်မားသောနှာခေါင်းတံတားနှင့် သေးငယ်သော်လည်း ဖောင်းကားနေသောပါးစပ်လေးရှိပြီး အလွန်ချစ်စရာကောင်းသည်။
သူတို့နှစ်ယောက်စလုံးသည် မိခင်၏အလှကို အမွေဆက်ခံထားတာကြောင့် မောင်နှမနှစ်ယောက်သည် အလွန်တူတာကြောင့် သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် မောင်နှမအရင်းဆိုတာ မြင်နိုင်ကြသည်။
သို့သော် ကျန်းကျင်ယန်သည် အမြဲတမ်း အမူအရာမဲ့သောမျက်နှာရှိပြီး အလွန်ဆွဲဆောင်မှုရှိသင့်သော ဤမျက်နှာကို အနည်းငယ်မှုန်မှိုင်းသွားစေသည်။
ကျန်းကျင်ယန်က ခေါင်းခါလိုက်သည်။ "ဒီမနက် ငါမင်းကို လိုက်ပို့ဖို့မအားဘူး။ မနေ့က ငါမင်းကို ပြောခဲ့တယ်မဟုတ်လား။"
"အိုး ဟုတ်သား။ ကျွန်မ မေ့သွားတယ်။" ကျန်းရှန့်ရှင်သည် သူမခေါင်းကိုပုတ်ပြီး စားနေတာကို အရှိန်မြင့်လိုက်သည်။
အကြောင်းမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က လင်ဖု၏အထက်တန်းကျောင်းအတန်းဖော် ကျန်းယွီချွမ်းသည် မြို့၏ရှုခင်းသာနေရာအနီးတွင် ရင်းနှီးမြုပ်နှံပြီး တည်ဆောက်ထားသည့် ရေပူစမ်းဗီလာတွင် အပန်းဖြေခရီးထွက်ရန် ရုတ်တရက် ဖိတ်ကြားခဲ့သည်။ ဗီလာသည် စီးပွားရေးအတွက် တရားဝင်မဖွင့်ရသေးသဖြင့် လင်ဖုသည် ဝန်ထမ်းအနည်းငယ်ကို သူနှင့်အတူ ခေါ်ဆောင်လာနိုင်ကြောင်း ကျန်းယွီချွမ်းက ပြောခဲ့သည်။ ထို့ကြောင့် လင်ဖုသည် မနှစ်က ဌာနတစ်ခုစီမှ ရွေးချယ်ထားသော ထူးချွန်ဝန်ထမ်းများအား ကုမ္ပဏီအကျိုးခံစားခွင့်အဖြစ် သုံးရက်နားခွင့်ပေးခဲ့သည်။ တနင်္လာနေ့ မနက် ၇း၃၀ တွင် ကုမ္ပဏီဝင်ပေါက်မှာ စုရုံးပြီး ဗီလာကို အတူတူသွားကြမည်။
၎င်းတွင် ကိစ္စကြီးငယ်များကို စီစဉ်ရန် လင်ဖုအတွက် နေ့စဉ် ပြေးလွှားနေရသော ကျန်းကျင်ယန်လည်း သဘာဝအတိုင်း ပါဝင်သည်။
စားသောက်နေစဉ် ကျန်းရှန့်ရှင်သည် ရုတ်တရက် ခေါင်းလေးမော့ကာ တွေးဆဆဖြင့် အစ်ကိုဖြစ်သူအား စိုက်ကြည့်ပြီး မေးလိုက်သည်။ "အစ်ကိုက အစ်ကို့သူဌေးလင်နဲ့အတူ ရေပူစမ်းဗီလာကို သွားမှာလား။"
ကျန်းကျင်ယန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး: "…မင်းဘာပြောချင်နေတာလဲ။"
ကျန်းရှန့်ရှင်၏ မျက်နှာလေးသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲလာသည်။ "အစ်ကိုတို့ ရေပူစမ်းကို ရောက်တဲ့အခါ မစ္စတာလင်က အစ်ကို့ကို ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်ပြီး အဝတ်လဲခန်းနံရံမှာ ဖိထား…"
"မဟုတ်ဘူး" ကျန်းကျင်ယန်က လျင်မြန်စွာ ကြားဖြတ်လိုက်သည်။
ငါတို့မစ္စတာလင်က သူ့ရဲ့အဖြူရောင်ပန်းလေးကိုပဲ ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်ပြီး အဝတ်လဲခန်းနံရံမှာ ဖိထားလိမ့်မယ်…
ဒါပေမဲ့ ငါ ဒါကိုပြောပြလို့မရဘူး။
"အိုး။" ကျန်းရှန့်ရှင်သည် တစ်စက္ကန့်မျှ စိတ်ပျက်သွားပြီး စူးရှသောအကြည့်ဖြင့် ပြောလာသည်။ "ဗီလာပိုင်ရှင် မစ္စတာကျန်းက အစ်ကို့ကို ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်ပြီး ဖိထား…"
ကျန်းကျင်ယန်က သက်ပြင်းချလိုက်သည်။ "မင်း ဘယ်လိုစာအုပ်တွေကို ဖတ်နေပြန်တာလဲ။ မင်း စာကောင်းကောင်းမလုပ်ဘူးပေါ့။"
ကျန်းရှန့်ရှင်သည် အသားညှပ်ပေါင်မုန့်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး "အိမ်စာပြီးမှ ကျွန်မဖတ်တာပါ။"
ကျန်းကျင်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို အရမ်းမဖတ်နဲ့။"
ကျန်းရှန့်ရှင်သည် သူမကျောင်းလွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ ကျန်းကျင်ယန်ရှေ့မှာ ဝှေ့ယမ်းပြီး ချိုသာယာပြုံးရင်း ပြောလိုက်သည်။ "‘နှလုံးသားခိုးယူထားသောလက်ထောက်: ဥက္ကဋ္ဌနှင့်ငါ့ရဲ့၉၉အချစ်သဘောတူညီချက်များ’ရဲ့ တတိယစာအုပ်ကို ထုတ်ဝေလိုက်ပြီ။ ကျွန်မ မနေ့က ဝယ်ထားတာ။ အစ်ကိုဖတ်ကြည့်ချင်လား။"
စာအုပ်၏ ခေါင်းစဉ်သည် ဆိုးဝါးပြီး စာအုပ်အဖုံးတွင် မရှင်းလင်းသော လှုပ်ရှားမှုများဖြင့် လူနှစ်ယောက်ရှိသည်။
ကျန်းကျင်ယန်သည် သုံးစက္ကန့်မျှ ငြိမ်သက်သွားပြီးနောက် သူ့ညီမ၏လက်မှ စာအုပ်ကို လုယူကာ အေးစက်စွာပြောလိုက်သည်။ "ဘယ်လိုပေါက်တက်ကရစာအုပ်လဲ။ သိမ်းလိုက်ပြီ။"
ဝိုး ဒါက တတိယတစ်အုပ်ပဲ။
"ကောင်းပြီ၊ ကောင်းပြီ၊ အစ်ကိုသိမ်းလိုက်ပါ၊ အစ်ကိုသိမ်းလိုက်ပါ။" ကျန်းရှန့်ရှင်သည် သူမပါးစပ်ကိုဖုံးပြီး တိတ်တဆိတ် ရယ်မောနေကာ သူမ၏အုပ်ထိန်းသူသည် သူမစာအုပ်များကို သိမ်းယူခြင်းနှင့်ပတ်သက်၍ မကျေနပ်မှုတစ်စုံတစ်ရာမပြပါ။
အဘယ်ကြောင့်ဆိုသော် ဒီဝတ္ထု၏ပထမနှစ်အုပ်ကိုလည်း သူမအစ်ကိုက သိမ်းသွားသောကြောင့်ဖြစ်သည်။
သိမ်းပြီးနောက် သူသည် စာအုပ်အဖုံးကို သေသေချာချာ ထုပ်ပိုးပြီး လက်ဆွဲအိတ်ထဲမှာ ထည့်သယ်သွားခဲ့သည်။ စာမျက်နှာများအားလုံးက တွန့်ကြေနေသည်။
ကျွတ် ကျွတ် ကျွတ်… ကျန်းရှန့်ရှင်သည် သူမထင်ထားသလို ခေါင်းခါလိုက်သည်။
ကျန်းရှန့်ရှင်သည် မနက်စာစားပြီးနောက် ကျောင်းသွားသည်။
ကျန်းကျင်ယန်သည် ပန်းကန်များကို ဆေးပြီး သူသိမ်းယူထားသော စာအုပ်များကို လက်ဆွဲအိတ်အောက်ခြေအလွှာထဲသို့ အေးအေးဆေးဆေးထည့်ကာ ကားသော့နှင့် ခရီးဆောင်အိတ်ကို ကောက်ယူပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
နေ့လယ်ခင်းတွင် ဥက္ကဋ္ဌလင်နှင့် သူ့ဇနီးတို့က ရေပူစမ်းဗီလာကို ရောက်ရှိလာကြသည်။
သူတို့ရောက်သောအခါ ကျန်းကျင်ယန်သည် ရေပူစမ်းရေချိုးပြီး ကုမ္ပဏီဝန်ထမ်းတော်တော်များများဖြင့် ထမင်းစားပြီးဖြစ်ကာ သူ့အခန်းထဲမှာ "နှလုံးသားခိုးယူထားသောလက်ထောက်" အခန်းတစ်ခန်းကိုတောင် ဖတ်ခဲ့သည်။
ကျန်းကျင်ယန်သည် လင်ဖု၏အခန်းကတ်ကို ယူသွားပြီး အပြစ်ရှိပုံပေါ်သော ဥက္ကဋ္ဌ၏ဇနီးဖြစ်သူနှင့်အတူ စက်ဘီးစီးရင်း ပင်ပန်းနေသော ဥက္ကဋ္ဌလင်ကို ထူပေးကာ အမြင့်ဆုံး VIP ခန်းသို့ ပို့ပေးခဲ့သည်။
လင်ဖုသည် နှင်းဆီပွင့်ချပ်များဖြင့် ဖုံးလွှမ်းထားသော ကုတင်ပေါ်တွင် လဲကျသွားပြီး ကျန်းကျင်ယန်အား အားပျော့စွာ ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ၊ မင်းဟာမင်း သွားပျော်ချေ။"
"ကောင်းပြီ မစ္စတာလင်၊ တစ်ခုခုလိုရင် ကျွန်တော့်ကိုခေါ်လိုက်ပါ။" ကျန်းကျင်ယန်သည် လင်ဖုအတွက် ပဝါတစ်ထည်ထုတ်ပြီး စူးချုံဆီပေးကာ လှည့်ထွက်သွားသည်။
ကျွတ်၊ ငါတို့မစ္စတာလင်က အချစ်ဦးကစားပွဲကို ကစားဖို့ တကယ်အကောင်းဆုံးကြိုးစားနေတာပဲ။
ကျန်းကျင်ယန်သည် တံခါးကိုဖွင့်ပြီး အပြင်ကို ထွက်ခါနီးမှာ အရပ်မြင့်မြင့်ဖြင့် လူတစ်ယောက်က ရုတ်တရက် သူ့လမ်းကို ပိတ်ဆို့လိုက်သည်။
ကျန်းကျင်ယန်သည် ခေါင်းမော့လိုက်ပြီး အေးဆေးတည်ငြိမ်သော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
"မစ္စတာကျန်း။" ကျန်းကျင်ယန်က ခေါ်လိုက်သည်။
သူသည် ကျန်းယွီချွမ်းကို တစ်ကြိမ်သာတွေ့ဖူးပြီး အသိမိတ်ဆွေလို့ဆိုရုံသာဖြစ်သည်။
"အင်း။" ကျန်းယွီချွမ်းသည် အနည်းငယ် ခေါင်းညိတ်ပြပြီး အခန်းထဲက လင်ဖုကို ကြည့်လိုက်သည်။ သူ၏ချောမောပြီး အေးစက်စက်မျက်နှာတွင် အမူအရာမရှိပေ။ ကျန်းကျင်ယန်နှင့် အတူတူ ရပ်နေကြပြီး တစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က အရပ်ပုပုဖြစ်ကာ မျက်နှာအမူအရာမဲ့သော လူနှစ်ယောက်နှင့်တူသည်။
"မင်းဘာလို့ ဒီအစုတ်ပလုတ်နေရာကို မြို့နဲ့အလှမ်းဝေးတဲ့နေရာမှာ လာဆောက်ထားရတာလဲ။" လင်ဖုသည် အားဖြည့်အချိုရည်တစ်ပုလင်းထက်ဝက်ကျော်သောက်ပြီး နောက်ဆုံးတွင် အနည်းငယ် ပြန်လည်သက်သာသွားသည်။ သူသည် အပြုံးဖြင့် ကျန်းယွီချွမ်းဆီလျှောက်သွားပြီး သူ့ပခုံးကို ချစ်ခင်စွာ ပုတ်လိုက်သည်။
ကျန်းယွီချွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းပိုပြီးစက်ဘီးနင်းရအောင်လို့။"
လင်ဖု: "…"
ကျန်းကျင်ယန်: "…"
အိုး၊ ဟုတ်တာပေါ့၊ မင်းက ငါတို့မစ္စတာလင်ကို မောသေအောင်လုပ်ပြီး အဖြူရောင်ပန်းလေးကို အားစိုက်ထုတ်စရာမလိုဘဲ ယူနိုင်မှာပေါ့။
ထို့ကြောင့် ခဏအကြာတွင် ကျန်းယွီချွမ်းက အေးစက်စက် ထပ်ပြောလိုက်သည်။ "ငါမင်းကို မောသေအောင်လုပ်ချင်လို့ပဲ။"
ကျန်းကျင်ယန်သညိ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေရင်း စင်္ကြံတွင် ရပ်နေသည်...
ငါပြောခဲ့တယ်မလား။
သူတို့နှစ်ယောက်သည် အထက်တန်းကျောင်းကတည်းက သိခဲ့ကြသည်။ ကျန်းယွီချွမ်းတွင် ထူးဆန်းသောစိတ်သဘောထားရှိကြောင်း လင်ဖုသိတာကြောင့် သူတကယ်ဒေါသမထွက်ချေ။ သူသည် စနောက်သောအမူအရာဖြင့် ကျန်းယွီချွမ်းကို ပေါ့ပါးစွာပုတ်လိုက်ပြီး ပြောလေသည်။ "မင်းငါ့ကို အငြိုးထားနေတာလား။"
ကျန်းကျင်ယန်သည် အရာအားလုံးကို ဖောက်မြင်သကဲ့သို့အကြည့်ဖြင့် ကျန်းယွီချွမ်း၏နောက်ကျောကို စိုက်ကြည့်နေသည်။
မဟုတ်ဘူး၊ ဒါက အမုန်းတရားကြီးပဲ။
✰✰✰
TK's Note:
Gong - ကျန်းယွီချွမ်း (张予川) (Volume 1 မှာပါခဲ့တဲ့ လင်ဖုရဲ့လက်ထောက် ရှောင်ကျန်းပါပဲနော်)
Shou - ကျန်းကျင်ယန် (张谨言) (လင်ဖုရဲ့ကျောင်းနေဖက်သူငယ်ချင်း)
(သူတို့နှစ်ယောက်က မျိုးရိုးနာမည်အတူတူပါပဲ)
TK Team Chapter 24