Chapter 25
Viewers 2k

【Volume 2 : လက်ထောက်လေး ၀၂】


Chapter 25


သူ့မှာဘာမှလုပ်စရာမရှိတာကိုမြင်တော့ ကျန်းကျင်ယန်သည် ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တော်တော်များများဖြင့် ညနေစောင်းမှာ ဘိလိယက်ကစားရန်ချိန်းထားတာကြောင့် ထွက်သွားချင်သော်လည်း သူလှည့်လိုက်သည်နှင့် ကျန်းယွီချွမ်းက ရုတ်တရတ် ပြောလိုက်သည်။ "မင်းမသွားခင် ခဏနေဦး။"


ကျန်းကျင်ယန်သည် နောက်ပြန်လှည့်ဖို့ကလွဲ၍ ရွေးစရာမရှိတော့ပေ။


"မင်းတို့တွေ အဝတ်ထုပ်ကြ။" ကျန်းယွီချွမ်းက ခွေးတစ်ကောင်လို ပင်ပန်းနေသော လင်ဖုကို ကြည့်ရင်း ပြောလိုက်သည်။ "မင်းတို့ကို မဖွင့်ရသေးတဲ့ အများသုံး အဆင့်မြင့် ရေချိုးခန်းဆီ ခေါ်သွားပေးမယ်။ အဲဒီမှာ အရမ်းတိတ်ဆိတ်တယ်။"


လင်ဖုသည် ဆိုဖာပေါ်တွင် အားနည်းစွာထိုင်ချလိုက်ပြီး ပြောသည်။ "မင်း ငါ့ကို ခဏလောက် အနားယူခွင့်ပြုနိုင်မလား။"


စူးချုံသည် လင်ဖု၏ ပခုံးများကို နာခံစွာ ပွတ်သပ်ပြီး နေရောင်၏ နွေးထွေးသော အလင်းရောင်ကြောင့် သူ၏နူးညံ့သိမ်မွေ့သော မျက်နှာက ပျော့ပျောင်းသွားခဲ့သည်။


ကျန်းယွီချွမ်းက တည်ငြိမ်စွာပြောသည်။ "ကောင်းပြီ။"


ကျန်းကျင်ယန်သည် သရော်ပြီး ကျန်းယွီချွမ်း၏ခေါင်းနောက်ကို စိုက်ကြည့်နေသည်: "…"


အိုး စိတ်ပျက်သွားတာလား။


အရူးဒုတိယဇာတ်လိုက်၊ မင်းက အဖြူရောင်ပန်းလေးရဲ့ ခန္ဓာကိုယ်ကို ချောင်းကြည့်ချင်လို့ ရေပူစမ်းမှာ ရေချိုးတာကို အခွင့်ကောင်းယူချင်တာပဲ။


ကျန်းကျင်ယန်၏နောက်ဆုံးစကားပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းယွီချွမ်းသည် ရုတ်တရက် လှည့်ကြည့်လာကာ ကျန်းကျင်ယန်ကို နက်မှောင်သောမျက်လုံးတစ်စုံဖြင့် လေးနက်စွာစိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။


ကျန်းကျင်ယန်က လန့်သွားသည်။ သူ တုံ့ပြန်ရန်အချိန်မရသေးခင် သူ့ခေါင်းထက်ကနေ ရှင်းလင်းပြီး အေးစက်သော ကျန်းယွီချွမ်း၏အသံကို ကြားလိုက်ရသည်။ "ဒါဆို ကိုယ်တို့နှစ်ယောက် အတူတူသွားရအောင်။"


ကျန်းကျင်ယန်က ချက်ချင်း အေးစက်သောလေကို ရှူရှိုက်လိုက်သည်: "…"


ဒါက ဘယ်လိုထူးဆန်းတဲ့ အတွေးအခေါ်လဲ။


ဒါဆိုရင် ငါတို့မသွားနဲ့စို့လို့ ပြောသင့်တာ မဟုတ်ဘူးလား။


"အိုး…" ကျန်းကျင်ယန်က ခဏလောက် အံ့အားသင့်သွားပြီး အလျင်အမြန် ငြင်းဆန်လိုက်သည်။ "ကျေးဇူးပါ မစ္စတာကျန်း၊ ဒါပေမဲ့ ကျွန်တော် နေ့လယ်က ရေချိုးပြီးပြီ။"


ကျန်းယွီချွမ်းက သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ "ဒါက မတူဘူး၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်။"


ကျန်းကျင်ယန်က သူ့ခေါင်းကို ဆက်လက် ခါလိုက်သည်။ "ကျွန်တော်မသွားတာ ပိုကောင်းမယ်။ ခင်ဗျားအတွက် ဒုက္ခများပါတယ်။"


ဒုတိယဇာတ်လိုက်၊ မင်းမတော်သေးဘူးလား။


ကျန်းယွီချွမ်းသည် ခဏမျှ တိတ်ဆိတ်သွားပြီး အနည်းငယ် စိတ်မချမ်းသာသလို ဖြစ်နေကာ သူ့လေသံ နိမ့်ဆင်းသွားသည်။ "လက်ထောက်ကျန်းက ကိုယ့်ကို ဒီမျက်နှာသာလေးတောင် မပေးနိုင်ဘူးလား။"


လင်ဖုသည် တံခါးဝကနေ မျက်နှာတစ်ဝက်ထွက်လာပြီး ဟိတ်ဟန်ဖြင့် မီးထဲသို့ လောင်စာထည့်လိုက်သည်။ "မစ္စတာကျန်းက မင်းကို သွားဖို့ တောင်းဆိုနေရင် သွားလိုက်ပေါ့။"


ဒီကနေ မြန်မြန်ထွက်သွားပြီး ငါတို့ရဲ့ နှစ်ယောက်တစ်ကမ္ဘာကို မနှောင့်ယှက်စမ်းပါနဲ့။


ထို့ကြောင့် နှိပ်ကွပ်သော ဥက္ကဋ္ဌနှစ်ဦး၏ ပူးတွဲဖိအားအောက်တွင် သနားစရာလက်ထောက်လေးသည် တိတ်တဆိတ် အရှုံးပေးပြီး ရေပူစမ်းသို့ ကျန်းယွီချွမ်းနောက်ကို လိုက်သွားခဲ့ရသည်။


ကျန်းကျင်ယန်: "…


ဤအရာသည် မည်သို့သော မှော်ဆန်မှုမျိုး ဖြစ်သနည်း။


"မစ္စတာကျန်း ‌ကျွန်တော် တောင်းပန်ပါတယ်။" ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျန်းကျင်ယန်သည် သူ့ရေကူးဘောင်းဘီက အခန်းထဲမှာရှိနေသေးတာကို ရုတ်တရက် သတိရသွားသည်။ "ကျွန်တော့်ရေကူးဘောင်းဘီယူဖို့ အခန်းထဲပြန်သွားလိုက်ဦးမယ်။"


မွေးရာပါဂေးဖြစ်သောကြောင့် ကျန်းကျင်ယန်သည် လိင်တူများကို ကိုယ်ဗလာဖြင့်မြင်ရတာ မကြိုက်ပေ။ အဲဒါက သူ့ကို အလွန်စိတ်မသက်မသာခံစားစေရသောကြောင့်ဖြစ်သည်။


သို့သော်လည်း ကျန်းယွီချွမ်းသည် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့ကို လျှောက်သွားသည်။ "ဟိုမှာ ဘယ်သူမှမရှိဘူး၊ ဒါကြောင့် ဘာအဝတ်အစားမှ ဝတ်စရာမလိုဘူး။"


ကျန်းကျင်ယန်: "…"


ဒုတိယဇာတ်လိုက်၊ မင်းက လူမဟုတ်ဘူးလား။


ကျန်းကျင်ယန်က လက်မလျှော့ဘဲ ပြောလိုက်သည်။ "ဒါဆို ကျွန်တော် တဘက်ယူဖို့ အခန်းထဲပြန်သွားရမယ်။"


ကျန်းယွီချွမ်းက အေးစက်စက် ငြင်းလိုက်သည်။ "ဟိုမှာရှိတယ်။"


ကျန်းကျင်ယန်သည် လူပုံသဏ္ဌာန် ရေခဲတုံးနှင့်တူပြီး တစ်ကိုယ်လုံးလေအေးများ ထုတ်လွှတ်ထားသော ကျန်းယွီချွမ်း၏နောက်ကျောကို မကျေမနပ်ဖြင့် ကြည့်နေရင်း ပါးစပ်ပိတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။


အကြောင်းတစ်ခုခုကြောင့် ဒီမနက် သူ့ညီမ၏ ဟာသကို ရုတ်တရက် သတိရသွားသည်။


——"ဗီလာပိုင်ရှင် မစ္စတာကျန်းက အစ်ကို့ကို ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်ပြီး ဖိထားမှာလား…"


ကျန်းကျင်ယန်က သူ့စိတ်ထဲတွင် သရော်လိုက်သည်: "…"


ဟားဟား၊ ဒီလူက လိင်ကိစ္စတောင် စိတ်မပါဘူးလို့ ငါသံသယရှိတယ်။


သူ့ငယ်ပါက အရမ်းသေးတာဖြစ်မယ်။


ထိုအချိန်တွင် အရှေ့မှ လွင့်မျောနေသော ရေခဲတုံးကြီးသည် သတိပေးခြင်းမရှိဘဲ ရုတ်တရက် ရပ်တန့်သွားသည်။ ကျန်းကျင်ယန်သည် ခဏမျှ အာရုံမစိုက်နိုင်ဘဲ သူ့နောက်ကျောကို တိုက်မိလုနီးပါး ဖြစ်သွားသည်။


"မစ္စတာကျန်း။" ကျန်းကျင်ယန်က တုံ့ဆိုင်းစွာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"


ရှေ့ကလူက ဘာမှ မပြောသလို နောက်ကို လှည့်မကြည့်ဘဲ ဘာမှမဖြစ်သလို ရှေ့ကို ဆက်လျှောက်သွားသည်။


ကျန်းကျင်ယန်: "…"


ဒီဒုတိယဇာတ်လိုက်က ဘာကြောင့် အာရုံတွေ အရမ်းများရတာလဲ။


သူတို့နှစ်ဦးသည် မဖွင့်ရသေးသော အများသုံးအဆင့်မြင့်ရေချိုးခန်းသို့ ရောက်ရှိခဲ့ကြသည်။


မျှော်လင့်ထားသည့်အတိုင်း ဤနေရာတွင် ဝန်ထမ်းမှလွဲ၍ မည်သူမျှမရှိချေ။ ပတ်ဝန်းကျင်သည် အလွန်သန့်ရှင်းရုံသာမက အလွန်အံဝင်ခွင်ကျရှိသည်။ ရေပူစမ်းသည် လေဟာပြင်ဖြစ်ပြီး ကျောက်တုံးလေးများဖြင့် ပြုလုပ်ထားသည်။ ၎င်းပတ်ပတ်လည်တွင် ကောင်းမွန်စွာ ဒီဇိုင်းထုတ်ထားသော ဂျပန်ဥယျာဉ်ငယ်များနှင့် သစ်သားအိမ်များရှိသည်။ လူများ အနားယူရန် ရေသည် အပြာဖျော့ဖျော့နှင့် မြူခိုးများ ပွက်ပွက်ဆူနေပြီး လေညင်းက လေညင်သာစွာ ရွေ့လျားနေသည်။


ကျန်းကျင်ယန်သည် အပေါ်ယံတွင် အေးဆေးတည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ရှက်ရွံ့နေပြီး ဗီရိုတံခါးအဖုံးအောက်ရှိ လော့ကာခန်းအတွင်းထဲတွင် အဝတ်အစားများကို အမြန်ချွတ်လိုက်သည်။ ကျန်းယွီချွမ်းက သူ့ဘောင်းဘီကို ချွတ်နေဆဲဖြစ်ပြီး သူက စက္ကန့်သုံးဆယ်အတွင်း ချွတ်ကာ သူ့ကိုယ်သူ ဆေးကြောရန် ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။ ထို့နောက် ကျန်းယွီချွမ်း၏လက်သည် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သောအခါ သူသည် လေပြင်းကဲ့သို့ ပူနွေးသော ရေပူစမ်းထဲကို ပြေးသွားပြီး ဗွမ်ခနဲရေထဲပြုတ်ကျသွားသည်။


ဘာမှမပြလိုက်ချေ။


ကျန်းယွီချွမ်းသည် တင်းမာသောမျက်နှာဖြင့် ကျန်းကျင်ယန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။


သူ့တွင် ကြီးမားသောကိုယ်ခန္ဓာရှိပြီး ဝတ်ထားသည့်အခါ ပိန်ပါးသောပုံပေါက်သည့် အမျိုးအစားဖြစ်သော်လည်း မဝတ်ထားချိန်တွင် ကြွက်သားများ၊ ဝမ်းဗိုက်ကြွက်သားများနှင့် ရေသူမလိုင်းကြောင်းများပါရှိသည်။ အဆိုးဆုံးကတော့ သူ့ခန္ဓာကိုယ် အချိုးအစားက ရှည်လျားဖြောင့်စင်းသော ခြေတံများဖြင့် မော်ဒယ်တစ်ယောက်လို ကောင်းမွန်သည်။ သူ့ခြေလှမ်းကြောင့်လား မသိသော်လည်း လမ်းလျှောက်သော အကြိမ်ရေနှင့် လှုပ်နေသော သူ့ခြေထောက်များကြားမှာ ကြီးမားသော အရာတစ်ခု ရှိနေသည်…


ဖတ်… ဘယ်ခြေထောက်ကို ထိသွားသည်။


ဖတ်… ညာခြေထောက်ကို ထိသွားသည်။


သူသည် တဘက်တောင် မဝတ်ထားဘဲ တစ်စုံတစ်ယောက်ကို ကြွားနေသလို ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်နေသည်။


ကျန်းကျင်ယန်သည် ကြည့်ရမလား မကြည့်ရမလားမသိတော့ဘဲ သူ့မျက်လုံးကို ဘယ်မှာထားရမလဲမသိအောင် အလွန်ရှက်နေသည်။


တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေတာ ရိုင်းတာသေချာသော်လည်း တစ်ဖက်လူက မင်းဆီကို တည့်တည့်လျှောက်‌လာသောအခါ တခြားနေရာကို လှမ်းကြည့်နေတာက နည်းနည်းတော့ ကိုးရို့ကားရားနိုင်သည်…


…ဒီတော့ ဒုတိယဇာတ်လိုက်၊ မင်းမြန်မြန်ဒီကိုလာပြီး ရေထဲမဆင်းနိုင်ဘူးလား။ ဒီမှာကြွားနေစရာ အဖြူရောင်ပန်းလေးမှမရှိတာ မဟုတ်ဘူးလား။


ကျန်းကျင်ယန်၏အပြစ်တင်မှု ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းယွီချွမ်း၏ ခြေလှမ်းများသည် ရုတ်တရက် အေးခဲသွားပြီးနောက် သူက ပို၍ နှေးကွေးသွားသည်...


ကျန်းကျင်ယန်က တိတ်တိတ်လေး အသက်ပြင်းပြင်းရှူလိုက်သည်...


နောက်ဆုံးတွင် ကျန်းယွီချွမ်း ရေထဲသို့ကျသွားသောအခါ ကျန်းကျင်ယန်၏မျက်နှာက နီရဲလာသည်။


0 (အောက်ပုဂ္ဂိုလ်)ဖြစ်သော ဂေးတစ်ယောက်အနေဖြင့် ကျန်းကျင်ယန်သည် ကြွက်သားများဖြင့် ယောက်ျားတစ်ယောက်၏ကိုယ်လုံးတီးခန္ဓာကိုယ်ကို ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုမလုပ်ရန် ခက်ခဲသည်။


"ရေက အရမ်းပူတာပဲ။" ကျန်းကျင်ယန်သည် သူ့ကိုယ်သူ ရှက်ရွံ့မှုကို ချိုးဖျက်ရန် ပြောစရာတစ်ခုခုကို ရှာနေခဲ့သည်။


စကားမစပ်၊ ငါ ဘာကြောင့် မျက်နှာနီနေသလဲဆိုတာလည်း ရှင်းပြလို့ရတယ်။


ငါကအရမ်းထက်မြက်တာပဲ။ ကျန်းကျင်ယန်က တည်ငြိမ်စွာ တွေးတောလိုက်သည်။


ကျန်းယွီချွမ်းသည် သူနှင့်ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး သူ၏ကြွက်သားနှင့် ချောမွေ့သော လက်နှစ်ဖက်သည် ရေပူစမ်းအစွန်းရှိ ကျောက်တုံးများပေါ်တွင် မှီလျက် လေးလေးနက်နက် ညည်းနေသည်။


နောက်ထပ်ကတော့ ရေခဲနှစ်ခု၊ အကြီးတစ်ခုနှင့် အသေးတစ်ခုသည် ရေပူစမ်းထဲတွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေကာ စကားတစ်ခွန်းမှမပြောပေ။


"ဘယ်သူမြန်မြန်‌အရည်ပျော်မလဲကြည့်တာပေါ့'ဟုခေါ်သော ဂိမ်းဆော့သလိုပင်။


ထိုအချိန်တွင် ကျန်းယွီချွမ်းက ရုတ်တရက် ပြောလာသည်။ "ကိုယ် မင်းကို မေးစရာရှိတယ်။"


ကျန်းကျင်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မစ္စတာကျန်း မေးပါ။"


အိုး ငါနားလည်ပြီ။


သူက အဖြူရောင်‌ပန်းလေးရဲ့ အခြေအနေကို သိဖို့ ငါ့ဆီကနေ သီးသန့်မေးဖို့ ကြိုးစားနေတာပေါ့။


ကျန်းယွီချွမ်း၏မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ့စကားက ခေါင်းကိုထိသွားသည်။ "မင်း မစ္စတာစူးနဲ့ရင်းနှီးသလား။"


"အရမ်းမရင်းနှီးပါဘူး။" ကျန်းကျင်ယန်က အမှန်အတိုင်း ပြောလိုက်သည်။


ကြည့်ပါလား၊ ငါဘာပြောလိုက်သလဲ။


ကျန်းယွီချွမ်းက ဆက်ပြောသည်။ "ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ ကိုယ် ဒါကိုနားလည်ပါတယ်။"


ကျန်းကျင်ယန်က မှတ်ချက်မပြုချေ။


ကျန်းယွီချွမ်းက မေးလိုက်သည်။ "မစ္စတာစူးရဲ့ဝါသနာက ဘာလဲ။"


ကျန်းကျင်ယန်သည် သူ့စိတ်ထဲတွင် လှောင်ပြောင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် မစ္စတာကျန်း၊ ကျွန်တော် တကယ်မသိတာပါ။"


အမြောက်စာဇာတ်ပို့တစ်ယောက်(ကျန်းကျင်ယန်)အနေနဲ့ ဒုတိယအဓိကဇာတ်လိုက်(စူးချုံ)ကို ဆန့်ကျင်တာက ဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး။ သူ သစ္စာမဖောက်ဘဲ မြဲမြံအောင်ရပ်နေရမယ်။


ကျန်းယွီချွမ်းက ခေါင်းညိတ်ပြပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ဒါဆို လက်ထောက်ကျန်းရဲ့‌ဝါသနာက ဘာလဲ။"


ဒီမေးခွန်းကို မေးသောအခါ ကျန်းကျင်ယန်က လန့်သွားသည်။


စိတ်ဝင်စားစရာပဲ၊ သူ ငါ့ကို ကာဗာအနေနဲ့ တကယ်သုံးချတာပေါ့။ လိမ္မာပါးနပ်လိုက်တဲ့ ဒုတိယဇာတ်လိုက်။


"ကျွန်တော်က စာအုပ်ဖတ်ရတာ ကြိုက်တယ်။" ကျန်းကျင်ယန်က အမူအရာမဲ့စွာ ပြောလိုက်သည်။


ကျန်းယွီချွမ်းက မျက်ခုံးပင့်လိုက်သည်။ "ဘာစာအုပ်လဲ။"


ကျန်းကျင်ယန်က အေးဆေးတည်ငြိမ်ပြီး ဟန်ဆောင်လိုက်သည်။ "ကျွန်တော့်အလုပ်မှာလိုအပ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းတွေ ပိုဖတ်ဖြစ်တယ်။"


ငါက 'နှလုံးသားခိုးယူထားသောလက်ထောက်' ကိုဖတ်ရတာ ကြိုက်တယ်လို့ ပြောရမှာလား။ ငတုံး။


TK Team Chapter 25