【Volume 2 : လက်ထောက်လေး ၀၃】
Chapter 26
ကျန်းယွီချွမ်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။ "ဒါဆို မစ္စတာစူးက ဘာစားရတာကြိုက်သလဲ။"
"မစ္စတာစူးက မစ္စတာလင်ကြိုက်တာကို စားရတာ ကြိုက်တယ်။" ကျန်းကျင်ယန်သည် သူ့သူဌေးအပေါ် သူ၏သစ္စာရှိမှုကို တည်ငြိမ်စွာ ပြသလိုက်သည်။
ခက်ခဲတယ်ဆိုတာသိရင် လက်လျှော့လိုက်ပါတော့ ဒုတိယဇာတ်လိုက်ရယ်။
သို့သော် နှလုံးသားမဲ့သော ဒုတိယဇာတ်လိုက်သည် လုံးဝသွေးထွက်ပုံမရဘဲ သူ၏ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ရန် သူတော်ကောင်းယောင်ဆောင်ဖို့ ဆက်ပြောလေသည်။ "ဒါဆို လက်ထောက်ကျန်းက ဘာစားရတာကြိုက်သလဲ။"
ကျန်းကျင်ယန်က ယောင်ဝါးဝါးပြောသည်။ "ကျွန်တော်က အထူးတလည်ကြိုက်တာမျိုးမရှိဘူး၊ ဘာမဆိုအဆင်ပြေပါတယ်။"
တကယ်တော့ ငါအကြိုက်ဆုံးအစားအစာက တီးလားမီစူးဖြစ်ပြီး ငါ့ညီမရဲ့အကြိုက်ဆုံးမုန့်တွေတောင် ခိုးယူပြီး ခရီးဆောင်အိတ်ထဲမှာ ထည့်ထားခဲ့တာ…
ဒါပေမဲ့ မင်း ဒါကိုမသိနိုင်ပါဘူး ဟားဟား။
ငါမင်းကိုပြသချင်တာက အေးစက်ပြီးမာကျောတဲ့ကောင်ပဲ။
ကျန်းယွီချွမ်းသည် သူ့မျက်လုံးများကို ရေထဲသို့ ငုံ့ကြည့်ပြီး အပြုံးကို မျိုသိပ်ထားသလိုမျိုး သူ့နှုတ်ခမ်းထောင့်က အနည်းငယ် တုန်ခါနေသည်…
"ကိုယ့်မှာ နောက်ထပ်မေးခွန်းတစ်ခုရှိတယ်။ မစ္စတာစူးက ဘယ်လိုပုံစံမျိုးကြိုက်တာလဲ။" ကျန်းယွီချွမ်းက ဂရုမစိုက်သလို မေးသည်။
ကျန်းကျင်ယန်က သတိထားပြီး ပြောသည်။ "မစ္စတာစူးက မစ္စတာလင်ပုံစံမျိုး ကြိုက်တာထင်တယ်။"
ဒုတိယဇာတ်လိုက်က သူ့ကိုလိုက်ကပ်နေတာ အတော်လေး ပရော်ဖက်ရှင်နယ်ကျသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းယွီချွမ်းက ယခင်ပုံစံအတိုင်း ဆက်ပြောသည်။ "လက်ထောက်ကျန်းက ဘယ်လိုပုံစံမျိုးကြိုက်တာလဲ"
ကျန်းကျင်ယန်က ခဏလောက် စဉ်းစားနေမိသည်။
အမှန်တော့ အလယ်တန်းကျောင်းတက်တုန်းက သူ၏လိင်စိတ်ခံယူချက်သည် တခြားသူများနှင့် မတူဘူးဆိုတာကို သိလိုက်ရပြီး သူက ဂေးတစ်ယောက်ဆိုတာ သူ့ညီမအပါအဝင် ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘဲ ဒီကြောင်တောင်တောင်လူကို အမှန်အတိုင်း ဖွင့်ဟဖို့ဆိုတာ မဖြစ်နိုင်ပါ။
ထို့ကြောင့် ကျန်းကျင်ယန်က အလွန်လေးနက်သော လေသံဖြင့် ပြောခဲ့သည်။ "သူတို့က မျက်လုံးထဲမှာ ပြေပြစ်သရွေ့ နူးညံ့သိမ်မွေ့တဲ့ပင်ကိုယ်စရိုက်တဲ့ အမျိုးသမီးတွေကို ကျွန်တော်ကြိုက်တယ်"
သို့သော် သူသည် တစ်စုံတစ်ဦးကိုမျှ စိတ်မဝင်စားသောကြောင့် သူ၏သီးသန့်အခန်းတွင် ၂၃ နှစ်ကြာ တစ်ယောက်တည်းနေခဲ့သည့် ရေငတ်နေသော လိင်တူချစ်သူတစ်ယောက်အနေဖြင့် ကျန်းကျင်ယန်အကြိုက်ဆုံးက အမှန်တကယ်တော့…
လေ့ကျင့်ခန်းလုပ်ရတာကြိုက်တဲ့ ကြွက်သားတောင့်တောင့်တင်းတင်းနဲ့ ယောက်ျားတစ်ယောက်ပဲ။
ဗိုက်ကြွက်သားရှစ်ခုမရှိရင် ငါ့ကိုလာမကြည့်နဲ့။
"အိုး…" ကျန်းယွီချွမ်းက အသံရှည်ကြီးဖြင့် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "စကားမစပ် ကိုယ်က လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်တယ်"
ကျန်းကျင်ယန်က ယဉ်ယဉ်ကျေးကျေး ချီးမွမ်းသည်။ "မစ္စတာကျန်းက ဒီလိုပုံစံကောင်းကောင်းရှိတာ မဆန်းပါဘူး"
သူပြောပြီးနောက် သူပဲအမြင်မှားသလားမသိသော်လည်း ကျန်းယွီချွမ်းသည် သူ့ကြွက်သားများကို တမင်တင်းကျပ်ထားသည်ဟု ခံစားလိုက်ရသည်။
ချောမွတ်သော အသားအရေသည် ရေထဲတွင် စိုစွတ်ပြီး တောက်ပနေသည်။ ညှပ်ရိုးပေါ်၌ စုပုံနေသော ရေစက်လေးများ လျှောကျသွားပြီး လှပသော ရင်ဘတ်ကြွက်သားနှစ်ခုကြားရှိ လျှိုတစ်လျှောက် စီးဆင်းသွားကာ နောက်ဆုံးတွင် ကြည်လင်နွေးထွေးကာ ရေပူစမ်းထဲသို့ အရည်ပျော်သွားသည်။
ဂလု… ကျန်းကျင်ယန်က ကူကယ်ရာမဲ့ တံတွေးမျိုချလိုက်သည်။
ဟုတ်တယ်၊ ဒီလိုအမျိုးအစားပဲ။ သူ အဝတ်အစားဝတ်နေတဲ့အခါ အရမ်းနူးညံ့ပုံပေါ်ပေမဲ့ ချွတ်လိုက်ပြီးနောက် သူ့မှာ လှပတဲ့ကြွက်သားတွေရှိနေတယ်။ 'နတ်ဆိုးလေး၊ မင်းမြင်ရတာကိုသဘောကျသလား'လို့ သူ ငါ့ကိုမေးရင်း သူ့လက်မောင်းထဲမှာ ငါ့ကိုပွေ့ဖက်ထားပြီး ငါ့ကို ပြင်းပြင်းထန်ထန် အကြမ်းဖက်တယ်။ သူ့လက်တွေက အရမ်းသန်မာပြီး လှေကားအတက်အဆင်းမှာ ငါ့တင်ပါးကို ကိုင်ထားနိုင်တယ်...
သေစမ်း၊ ဒါက သူ့ပုံစံပဲ။ သေစမ်း။
ငတ်မွတ်နေသော လူပျိုကျန်းကျင်ယန်သည် လိင်တူချစ်သူဒရာမာကို သူ့စိတ်ထဲတွင် ဇာတ်လိုက်အဖြစ် အရူးအမူး စိတ်ကူးယဉ်နေပြီး သူကစားနေသည့် ဇာတ်ဝင်ခန်းမှာ အလွန်ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုနေသော လှေကားထစ်တစ်ခုဖြစ်သည်။ သို့သော် သူ့မျက်နှာမှာ အေးစက်နေပြီး မက်မွန်ပွင့် မျက်တောင်ထူထူကြီး တစ်စုံသည် မဝေးလှသော ပျဉ်ထောင်အိမ်၏ တံစက်မြိတ်အောက်ရှိ ဂျပန်မီးအိမ်များကို ဂရုမစိုက်ဟန် စိုက်ကြည့်နေကာ ကျန်းယွီချွမ်း၏ ပုံသဏ္ဌာန်ကို လုံးဝစိတ်မဝင်စားသလို ယဉ်ယဉ်ကျေးကျေး ချီးမွမ်းနေသကဲ့သို့ ဖြစ်နေသည်။
ကျန်းယွီချွမ်းသည် စကားရပ်လိုက်ပြီး ကျန်းကျင်ယန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
ဆည်းဆာသည် ပြင်းထန်စွာ ကျဆင်းလာပြီး နေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကျောက်တုံးများကို ရိုက်ခတ်နေသည့် ရေဖြည့်နေသော ဝါးပြွန်သံတွေကိုသာ ပုံမှန်ကြားနေရသည်။
ဒီလိုနဲ့ တစ်မိနစ်အကြာ တိတ်ဆိတ်နေတော့ ကျန်းယွီချွမ်းက ရုတ်တရက် ရယ်မောလိုက်သည်...
ဒါက တကယ်ကြောက်စရာကောင်းတယ် မဟုတ်ဘူးလား။
မျှော်လင့်ထားသလိုပဲ ကျန်းကျင်ယန်သည် ထိတ်လန့်သွားပြီ သူ့ခေါင်းထဲက GV ကစားသမား ချက်ချင်း ပျက်စီးသည်။ ဇာတ်လိုက်နှစ်ယောက်သည် လုပ်နေတုန်း လှေကားထစ်ပေါ်ကနေ လှိမ့်ဆင်းသွားသည်။
ကျန်းကျင်ယန်သည် သူ၏စိတ်ကူးယဉ်မှု ပြတ်တောက်သွားသောအခါ သိပ်ကိုမပျော်မရွှင်ဖြစ်ခဲ့သည်...
ဒုတိယဇာတ်လိုက်၊ မင်း ဘာလို့ အကျယ်ကြီး ရယ်လိုက်ရတာလဲ။
မင်းကိုယ်မင်း အဖြူရောင်ပန်းလေးနဲ့ တောက်ပတဲ့အနာဂတ်ကို စိတ်ကူးနေတာလား။
"ကိုယ် ရုတ်တရက် သတိရသွားပြီ…" ကျန်းယွီချွမ်းသည် သူ့အပြုံးဖိနှိပ်ရင်း "ဒီနားမှာ ကိုယ် ဗီလာတစ်လုံး ဝယ်ထားတာကြာပြီ"
ကျန်းကျင်ယန်သည် သူ့ညီမနှင့် စတုရန်းမီတာ ၅၀ ကျယ်ဝန်းသော တိုက်ခန်းငယ်တွင် နေထိုင်ပြီး အိမ်ရာချေးငွေပြန်ဆပ်ရန် အကြိမ်ပေါင်း တစ်သောင်းခန့် ဒဏ်ရာရရှိခဲ့တာကို ရုတ်တရက် ခံစားခဲ့ရသည်။
မင်းက အသစ်ဝယ်ထားတဲ့ ဗီလာအကြောင်း တွေးနေတာလို့ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တာလား။
အိုး၊ ဒီသောက်သူဌေးတွေကတော့။
ကျန်းယွီချွမ်းက သူ့ကိုယ်သူ ဆက်ပြောသည်။ "အထဲမှာ လှေကားရှိတယ်"
ကျန်းကျင်ယန်က ဘာပြောရမှန်းတောင် မသိတော့ဘူး: "..."
အဓိပ္ပါယ်မရှိဘူး၊ လှေကားမရှိဘဲ ဗီလာလို့ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။
ကျန်းယွီချွမ်းက လက်သုံးချောင်းကို ဆန့်ထုတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ "သုံးလွှာ"
ကျန်းကျင်ယန်က သူ့ရင်ဘတ်ကို တိတ်တဆိတ် ဖုံးအုပ်လိုက်သည်: "..."
ကောင်းပြီ၊ တော်လောက်ပြီ၊ မင်းက အရမ်းချမ်းသာတယ်ဆိုတာ ငါသိတယ်။
ဒုတိယဇာတ်လိုက်၊ မင်းငါ့ကို နာကျင်အောင်လုပ်တာ အောင်မြင်သွားပြီ။ စောင့်ကြည့်နေလိုက်၊ အဖြူရောင်ပန်းလေးရဲ့ လက်တစ်ချောင်းကိုတောင် ငါမင်းကိုထိခွင်မပေးဘူး။
ဟန့်။
ထို့နောက် ကျန်းယွီချွမ်းသည် စူးချုံ၏ အမျိုးမျိုးသော အလေ့အထများနှင့် ဝါသနာများအကြောင်း နောက်ထပ်မေးခွန်းတချို့ကို ကျန်းကျင်ယန်အား မေးခဲ့သည်။ သို့သော် မေးခွန်းတစ်ခုစီကိုမေးပြီးနောက် သူသည် ကျန်းကျင်ယန်ကို လိမ္မာပါးနပ်စွာ တူညီသောမေးခွန်းအား ထပ်မေးရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောခြင်းကို ဖန်တီးပေးခဲ့သည်။း
ကျန်းကျင်ယန်၏ အဖြေများအားလုံးသည် အလွန်တရားဝင်ကြပြီး လင်ဖုနှင့် စူးချုံတို့၏ ချစ်ခြင်းမေတ္တာကို ပြသရန် ရံဖန်ရံခါ ကူညီပေးခဲ့ပြီး ကျန်းယွီချွမ်းကို မည်သည့်အသုံးဝင်သော အချက်အလက်ကိုမျှ ဆုပ်ကိုင်ထားရန် ခွင့်မပြုပေ။
သို့သော် ကျန်းယွီချွမ်းက စိတ်အားထက်သန်စွာ မေးနေသေးသည်…,
ကျန်းကျင်ယန်က အလွန်ပင်ပန်းနေခဲ့သည်...
ကျစ်၊ အရမ်းခေါင်းမာတာပဲ။
ကောင်းကင်ကြီးသည် လုံးဝမှောင်နေပြီး လဆုတ်တိမ်တိမ်တစ်ခု ကောင်းကင်တွင် ချိတ်ဆွဲကာ အနက်ရောင်ရေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည်။
ကျန်းကျင်ယန်သည် ငြီးငွေ့မှုကြောင့် လက်ကို ဆန့်တန်းကာ လကို ရေထဲတွင် ကွဲကြေစေခဲ့သည်။
ငါဗိုက်ဆာပြီး အရင်သွားစားချင်လိုက်တာ။
ဒါပေမဲ့ ငါ့ကိုယ်လုံးတီးကို ဒီကောင့်ကို မမြင်စေချင်ဘူး အား။
"ထမင်းစားချိန်နီးနေပြီ" ကျန်းယွီချွမ်းသည် ရေပေါ်ကနေ မတ်တတ်ထရပ်လိုက်ပြီး ရေထဲဆင်းပြီးကတည်းက ဘယ်မှမလှုပ်ရှားသော ကျန်းကျင်ယန်၏ကွေးနေသည့် ခြေထောက်များကို စိုက်ကြည့်နေသည်။
ကျန်းကျင်ယန်သည် ရေထဲမှာ အေးအေးဆေးဆေးထိုင်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။ "မစ္စတာကျန်း ကျေးဇူးပြုပြီး အရင်သွားပါ"
ငါမင်းနောက်ကနေလိုက်ချင်လို့။
ကျန်းယွီချွမ်းက အေးစက်စက် ပြောလိုက်သည်။ "မင်းအရင်သွား"
ကျန်းကျင်ယန်သည် သူ့ရင်ထဲမှာ ခဏလောက် ရုန်းကန်ပြီးနောက် ပြောလိုက်သည်။ "ခင်ဗျားအရင်သွား…"
ကျန်းယွီချွမ်း၏လေသံက လုံးဝပြောင်းလဲမသွားဘဲ သူ၏အရင်စကားကို ထပ်ပြောသည်။ "မင်းအရင်သွား"
ကျန်းကျင်ယန်: "အာ…"
ကျန်းယွီချွမ်းသည် ချေပခြင်းမပြုဘဲ တတိယအကြိမ် ထပ်ပြောသည်။ "မင်းအရင်သွား"
ကျန်းကျင်ယန်သည် အေးဆေးတည်ငြိမ်သောအမူအရာဖြင့် မတ်တတ်ထရပ်လိုက်ပြီး သူ၏ကျော့ရှင်းဖြောင့်ဖြူးသော တင်ပါးနှင့်အတူ ထွက်လာခဲ့သည်...
သောက်ကောင် ဒုတိယဇာတ်လိုက်။ မင်း အရင်ထွက်သွားတော့ သေသွားမှာမလို့လား။
ထို့ကြောင့် ကျန်းကျင်ယန်သည် တည်ငြိမ်သောအသွင်အပြင်နှင့် စိတ်ထဲတွင် ဝမ်းနည်းပက်လက်ခံစားချက်ဖြင့် အဝတ်လဲခန်းဆီသို့ ဦးတည်သွားသော ကျောက်တုံးလမ်းပေါ်တွင် ကိုယ်လုံးတီး လျှောက်သွားခဲ့သည်။
လမ်းက တကယ်တော့ မကျဉ်းဘဲ ဘေးချင်းကပ်လျက် အရွယ်ရောက်လူနှစ်ယောက် လမ်းလျှောက်နိုင်လောက်အောင် ဆံ့ပါသည်။
သို့သော် ကျန်းယွီချွမ်းက ကျန်းကျင်ယန်နောက်ကနေ မလွှဲမရှောင်သာ လိုက်သွားခဲ့သည်
ကျန်းကျင်ယန်သည် သူ့တင်ပါးကို လက်လှမ်းပြီး ဖုံးထားချင်သည်။
သေစမ်း၊ ဒီငကြောင် မစ္စတာကျန်းက ငါ့ဖင်ကို စိုက်ကြည့်နေတာဖြစ်ရမယ်။
ထိုအချိန်တွင် ကျန်းယွီချွမ်းသည် ရုတ်တရက် အသံတိုးတိုး ရယ်လိုက်သည်။ "ဟား"
ကျန်းကျင်ယန်၏ ဦးရေပြားသည် ထုံကျင်လာပြီး ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း ကျန်းယွီချွမ်းက လမ်းဘေးရှိ ပန်းပွင့်လေးများကို စိုက်ကြည့်နေသည်။
ကျန်းကျင်ယန်: "…"
လခွမ်း၊ လမ်းဘေးမှာ ထပ်တစ်ရာပန်းကို ဘယ်သူစိုက်ထားတာလဲ။
ပတ်ဝန်းကျင်က အလွန်အဆင်မပြေဖြစ်နေပြီး ကျန်းကျင်ယန်သည် မနေနိုင်ဘဲ အမြန်လမ်းလျှောက်ကာ အဝတ်လဲခန်းကို မြန်မြန်ရောက်ရန် ကြိုးစားလိုက်သည်။
"ဖြည်းဖြည်းလျှောက်" ကျန်းယွီချွမ်းက အသံတိုးတိုး သတိပေးသည်။ "မြေပြင်က ချောတယ်"
သူပြောပြီးသည်နှင့် မြေပြင်က တကယ်ချောတယ်ဆိုတာ သက်သေပြလိုက်သလို ကျန်းကျင်ယန်သည် ချက်ချင်း မျက်နှာဖြင့်လဲကျသွားပြီး သူ့တစ်ကိုယ်လုံးသည် OR2 ပုံသဏ္ဌာန်နှင့် သူ့တင်ပါးက အနောက်ဘက်ရှိ မစ္စတာကျန်းရှေ့ကို မျက်နှာမူလျကိ ဒူးထောက်ထိုင်ချလိုက်သည်။
TK Team Chapter 26