【Volume 2 : လက်ထောက်လေး ၀၄】
Chapter 27
ကျန်းယွီချွမ်း၏ အေးစက်သောမျက်နှာသည် ရှားရှားပါးပါး လှိုင်းဂယက်ကို ပြသခဲ့သည်။
ဒူးထောက်ထားခြင်းကြောင့် ဝိုင်းစက်နေသော တင်ပါးနှစ်ခုသည် အနည်းငယ်ဟသွားပြီး အတွင်းဘက်တွင် ဝှက်ထားကာ ပူနွေးသော စမ်းရေထဲတွင် ခဏစိမ်ထားသောကြောင့် နူးညံ့ပျော့ပျောင်းနေပုံရသည်။ ၎င်းက လုံးလုံးဖောက်မြင်နေရသည်။
လှပသော မြင်ကွင်းသည် ခဏတာမျှသာ ကြာမြင့်ပြီး ကျန်းကျင်ယန်သည် မတ်တတ်ထရပ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ "ကျွန်တော်အဆင်ပြေတယ်"
ဒါပေမဲ့ ငါ့နှလုံးသားကတော့ သွေးတွေ မျက်ရည်တွေနဲ့ အော်ဟစ်နေပြီ…
ငါ ကိုယ်လုံးတီး အမြင်ခံလိုက်ရပြီ အား။ ငါ နှစ်ဆယ့်သုံးနှစ်ကြာ ထိန်းသိမ်းထားတဲ့ ငါ့ရဲ့ဖြူစင်မှုလေး အား။
"ကိုယ်ကြည့်ပါရစေ" ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ရှေ့မှာ သဘာဝအတိုင်း ထိုင်ချလိုက်ပြီး သူ့လက်ချောင်းများက ကျန်းကျင်ယန်၏ဒူးများကို ညင်သာစွာ ပွတ်သပ်ပြီး တိုးတိုးပြောသည်။ "ရောင်သွားပြီ"
ကျန်းကျင်ယန်သည် ရှက်လွန်း၍ မျက်နှာကို မျက်ရည်များဖြင့် ဖုံးထားချင်ပြီး ဘယ်သူမှမမြင်နိုင်သော သူ၏ဂန္ဓာမာပန်းလေးကို တင်းတင်းကျပ်ကျပ် ဖုံးထားရန် သူ့အဝတ်နှင့် ဘောင်းဘီကိုဝတ်ရန် အဝတ်လဲခန်းသို့ ပြေးသွားခဲ့သည်။ သို့သော် သူ့လေသံက လျစ်လျူရှုဟန်ဖြစ်နေဆဲ ဖြစ်သည်။ "နည်းနည်းရောင်တာက ကိစ္စမရှိပါဘူး"
လေးတွဲနေသော ကျန်းယွီချွမ်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ဖြည်းညှင်းစွာ ထရပ်ပြီး ကျန်းကျင်ယန်ကို ကြည့်ရင်း တိုးတိုးပြောသည်။ "ချော်မလဲနိုင်တဲ့ကြမ်းပြင်ကို ကောင်းကောင်းမလုပ်ထားရဘူး။ ကိုယ့်အမှားပါ"
ကျန်းကျင်ယန်သည် သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး ကောင်းမြင်စိတ်ဖြင့် ပြောသည်။ "ဒါက အသေးအမွှားကိစ္စပါ မစ္စတာကျန်း။ စိတ်ထဲမထားပါနဲ့"
ဟားဟား မင်းမှာ ဒီလိုပြောဖို့ အာရုံရှိနေသေးတာလား။ ဝတ္ထုထဲမှာ ဒီလိုအခြေအနေဖြစ်သွားရင် ငါမင်းအတွက် တာဝန်ယူပါ့မယ်လို့ ပြောလိမ့်မယ်။
"ဘေးကင်းရေးဆိုတာ အသေးအမွှားကိစ္စမဟုတ်ပါဘူး" ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ ရေစိုနေသော မက်မွန်ပွင့်မျက်လုံးများကို စိုက်ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်။ "ကိုယ်မင်းအတွက် တာဝန်ယူပါ့မယ်"
သူ့စိတ်ထဲတွင် တာဝန်မဲ့သော ညည်းညူမှုများသည် ကျန်းယွီချွမ်း၏ စကားနှင့် တိုက်ဆိုင်နေသဖြင့် နောက်ဆုံးတွင် ကျန်းကျင်ယန်သည် သည်းမခံနိုင်တော့ဘဲ သူ့လက်ဖဝါးအရွယ် မျက်နှာက ချက်ချင်းပင် နီရဲလာခဲ့သည်။
ကျန်းယွီချွမ်းသည် သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းရင်း အပြုံးရိပ်က သူ့မျက်လုံးများကို ဖြတ်သန်းသွားပြီး မျက်နှာထားတည်တည်ဖြင့် အေးစက်စွာ ပြောလိုက်သည်။ "ထမင်းအရင်စားရအောင်။ ညကျရင် စားပွဲထိုးကို မင်းအခန်းထဲ ဆေးလာပို့ခိုင်းလိုက်မယ်"
ကျန်းကျင်ယန်သည် သူ့အသိစိတ်ပြန်ဝင်လာပြီး တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကျွန်တော် မစ္စတာကျန်းကို ဒုက္ခပေးမိပြီ"
ဒီဒုတိယဇာတ်လိုက်က တစ်ခုခုမှားနေတယ်လို့ ငါဘာကြောင့်ခံစားနေရတာလဲ။
ကျန်းယွီချွမ်းနှင့်အတူ ဇိမ်ကျကျ ပင်လယ်စာဘူဖေးကို အံသြစွာ စားသောက်ပြီးနောက် ကိုးနာရီထိုးခါနီးတွင် ကျန်းကျင်ယန်သည် သူ့အိပ်ရာကြီးဆီသို့ ပြန်လာပြီး ရေချိုးဝတ်စုံဝတ်ကာ ကုတင်ပေါ် လှဲချလိုက်သည်။
အဖြူရောင်ပန်းလေးကို မက်မောနေသော အကြံအစည်ရှိသည့် ဒုတိယဇာတ်လိုက်နှင့် တစ်ညနေလုံး ကုန်ဆုံးပြီး မောပန်းနွမ်းနယ်နေခဲ့သည်။
ကျန်းကျင်ယန်သည် သက်ပြင်းတစ်ချက်ချကာ ခေါင်းအုံးအောက်မှ "နှလုံးသားခိုးယူထားသောလက်ထောက်"ကိုထုတ်ကာ စိတ်ဝင်တစားဖတ်လေသည်။
ဒုတိယအပိုင်းအပြီးတွင် သတင်းစာထဲမှာ လွှမ်းမိုးသောဥက္ကဋ္ဌနှင့် နာမည်ကြီး အမျိုးသားမော်ဒယ်များ၏ အရှုပ်တော်ပုံ ဓာတ်ပုံများကို မြင်လိုက်ရသောကြောင့် လက်ထောက်သည် ဒေါသဖြင့် နှုတ်ထွက်ခဲ့သည် တတိယအပိုင်းအစတွင် သူက လွှမ်းမိုးသောဥက္ကဋ္ဌနှင်ြ ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌတို့၏ လိုက်ပိုးခြင်းကို ခံရသည်။ ဒီအချိန်မှာ လွှမ်းမိုးသောဥက္ကဋ္ဌသည် ထိုအရှုပ်တော်ပုံဓာတ်ပုံများက အတုဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌ၏ ကုမ္ပဏီသို့ ကိုယ်တိုင်သွားရောက်ကာ လက်ထောက်ကို သူ့အားပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌက သူ့ကို အပြင်းအထန် ငြင်းဆိုလေသည်။
လွှမ်းမိုးသောဥက္ကဋ္ဌ: "ငါမင်းဆီကနေ လူတစ်ယောက်တောင်းချင်တယ်"
ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌ: "အိုး"
လွှမ်းမိုးသောဥက္ကဋ္ဌသည် လက်ထောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။ "အဲဒါ သူပဲ။ မင်းသူ့ကို ဘယ်လောက်ပေးပေး ငါသူ့ကို ဆယ်ဆပေးမယ်"
ဒုတိယဇာတ်လိုက်ဥက္ကဋ္ဌသည် လက်ထောက်ကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ပြောလိုက်သည်။ "စဉ်းတောင်မစဉ်းစားနဲ့"
ကျန်းကျင်ယန်က ဒေါသတကြီး ခေါင်းအုံးကို ချက်ချင်း ထိုးလိုက်သည်...
ကမ္ဘာပေါ်မှာ ဒုတိယဇာတ်လိုက် ယေဘုယျအားဖြင့် လူဆိုးပဲ။
ဒါပေမဲ့ လွှမ်းမိုးတဲ့ဥက္ကဋ္ဌက အရမ်းလွှမ်းမိုးနိုင်တာပဲ။ သေစမ်း။ ဒီလိုဇာတ်ကွက်မျိုးကို ငါမခုခံနိုင်ဘူး။
အပြင်ဘက်မှာ တံခါးခေါက်သံကြားတော့ ကျန်းကျင်ယန်က အံ့သြသွားသည်။
"ဘယ်သူလဲ" ကျန်းကျင်ယန် မေးလိုက်ပြီး ပွန်းပဲ့ဒဏ်ရာများအတွက် စားပွဲထိုးကို သူ့အခန်းထဲ ဆေးလာပို့ခိုင်းလိုက်မယ်လို့ ထမင်းမစားခင်ပြောခဲ့တာကို ရုတ်တရက် သတိရပြီး စာအုပ်ကို စောင်အောက်မှာ ထည့်ကာ သူ့ရေချိုးဝတ်စုံကော်လာကို ဖြောင့်တန်းပြီး တံခါးဖွင့်ရန် လှမ်းလိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ ကျန်းယွီချွမ်းသည် တစ်စုံတစ်ခုကို သယ်ဆောင်ပြီး တံခါးနားမှာ ရပ်နေသည်။ သူ့လက်ထဲက အိတ်ကိုပြပြီး ပြောလိုက်သည်။ "ကိုယ် ဆေးလာပို့တာ"
ကျန်းကျင်ယန်သည် အိတ်ကိုယူရန် လက်လှမ်းလိုက်ပြီး လေးတွဲ့သောလေသံဖြင့် ပြောသည်။ "မစ္စတာကျန်းကိုယ်တိုင် လာပို့ရလောက်အောင် နှောင့်ယှက်မိလို့ ကျွန်တော် တောင်းပန်ပါတယ်"
ကျစ်၊ စားပွဲထိုးက ဘယ်မှာလဲ။
"ရပါတယ်" ကျန်းယွီချွမ်းသည် အေးစက်သော မျက်နှာဖြင့် ပြောကာ သူ့လက်ကို ရုတ်လိုက်ပြီး အိတ်ကိုယူရန် ကြိုးစားနေသော ကျန်းကျင်ယန်၏ လက်ကို ရှောင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ပြီး အလွန်သဘာဝကျသော ကိုယ်ဟန်အနေအထားဖြင့် အခန်းထဲသို့ လျှောက်သွားလိုက်သည်။
ကျန်းကျင်ယန်: "…"
လခွမ်း၊ ဒီဒုတိယဇာတ်လိုက်က ဘာလုပ်ချင်နေတာလဲ။ သူငါ့ကို အိတ်ပေးပြီး ထွက်သွားသင့်တာ မဟုတ်ဘူးလား။
ခွင့်ပြုချက်မရဘဲ ဘာလို့ ကိုယ့်ဟာကိုယ် ဇာတ်ကွက်ထပ်ထည့်နေရတာလဲ။
ကျန်းယွီချွမ်းသည် သူကိုင်လာသော စက္ကူဘူးကို စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။ "ကိုယ်တောင်းပန်တဲ့အနေနဲ့ စားဖိုမှူးကို ညလယ်စာအတွက် ဒါလုပ်ပေးဖို့ တောင်းဆိုခဲ့တာ"
"မစ္စတာကျန်းက အရမ်းယဉ်ကျေးပြန်ပြီ" ကျန်းကျင်ယန်သည် လျှောက်လာပြီး တစ်ချက်ကြည့်လိုက်သည်။ ကိတ်မုန့်လို တစ်စုံတစ်ခုဖြစ်ပုံရသည်။
ကျန်းယွီချွမ်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "တီးလားမီစူး၊ အရမ်းအရသာရှိတယ်"
ကျန်းကျင်ယန်သည် တံတွေးမျိုချရင်း အကြည့်လွှဲရန် သူ့ကိုယ်သူဖိအားပေးပြီး မစားချင်ဟန်ဆောင်လိုက်သည်။
ဘုရားရေ။ တီးလားမီစူးပဲ။
ကျန်းယွီချွမ်းက အေးစက်စက် ပြောလိုက်သည်။ "မကြိုက်ဘူးလား"
ကျန်းကျင်ယန်က စိတ်မဝင်စားဟန်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ရပါတယ်။ ကျေးဇူးပါ မစ္စတာကျန်း"
မကြိုက်ဘူးတဲ့လား။ နောက်နေတာပဲ၊ ငါက တစ်ထိုင်တည်း တီးလားမီစူးဆယ်ခုစားနိုင်တယ်။ အရမ်းကြိုက်တာ။
ဒါပေမဲ့ ငါမင်းကိုမပြောပြဘူး၊ ငတုံး ဒုတိယဇာတ်လိုက်။
ကျန်းယွီချွမ်းသည် အမည်မသိအဓိပ္ပာယ်ဖြင့် ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။ "ဟားဟား"
ကျန်းကျင်ယန်: "…"
"သွားထိုင်ချေ" ကျန်းယွီချွမ်းသည် နှာခေါင်းရှုံ့ပြီး ကုတင်းဆီသို့ မေးငေါ့ပြလိုက်သည်။ "ကိုယ်မင်းကို ဆေးထည့်ပေးမယ်"
"ကျွန်တော်ကိုယ်တိုင်လုပ်လိုက်ပါ့မယ် မစ္စတာကျန်း" ကျန်းကျင်ယန်က ဆေးအိတ်ကို ကောက်ကိုင်လိုက်သည်။
ကျစ်၊ ခုတင်ဘေးက စောင်အောက်မှာရှိတဲ့ 'နှလုံးသားခိုးယူထားသောလက်ထောက်' စာအုပ်ကို ငါသူ့ကို မြင်ခိုင်းလို့မရဘူ။
"ကိုယ်မင်းကို ကူညီပေးမယ်" ကျန်းယွီချွမ်းသည် မငြင်းပယ်နိုင်စွာ ထပ်ပြောပြီး အိတ်ကိုယူရန် ကြိုးစားနေသော ကျန်းကျင်ယန်၏လက်ကို ထပ်မံရှောင်ရှားပြီးနောက် ခုတင်ဘေးကို တည့်တည့်လျှောက်ပြီး စောင်ထောင့်မှာ ထိုင်ချလိုက်သည်...
ကျန်းကျင်ယန်၏ နှုတ်ခမ်းထောင့်များက လှုပ်ယမ်းသွားသည်...
ဒုတိယဇာတ်လိုက်ရဲ့ဖင်က ဘာလို့ အရမ်းတိကျရတာလဲ။
မင်းဖင်မှာ မျက်စိပါနေတာလား။
"ကိုယ် တစ်ခုခုကို တွေ့မိသလိုပဲ" ကျန်းယွီချွမ်းသည် အမူအရာမဲ့စွာ ပြောရင်း ခေါင်းငုံ့ပြီး သူ့အောက်မှ စာအုပ်ကို အမြန်ထုတ်လိုက်သည်။
ကျန်းကျင်ယန်က အေးအေးဆေးဆေး ရှင်းပြသည်။ "ဒါက ကျွန်တော့်ညီမရဲ့စာအုပ်ပါ၊ ရောပြီးပါလာတာ"
မြန်မြန်ချလိုက်။ မြန်မြန်ချလိုက်။ မင်းကိုကြည့်ခွင့်မပေးဘူး။
သို့သော် ကျန်းယွီချွမ်းသည် ၎င်းကို အောက်မချရုံသာမက စာအုပ်၏ ခေါင်းစဉ်ကိုလည်း တစ်လုံးချင်းဖတ်ခဲ့သည်။ "နှလုံးသား… ခိုးယူထားသော… လက်ထောက်…"
ကျန်းကျင်ယန်သည် ရှက်လွန်း၍ ပေါက်ကွဲချင်နေပြီ...
စာအုပ်ခေါင်းစဉ်ကို မင်း ဘာလို့ ဒီလောက်ဖြည်းဖြည်းချင်း ဖတ်နေရတာလဲ။ မင်း ဒီထက်ပိုပြီး ဖြည်းဖြည်းချင်း ဖတ်နိုင်သေးလား။
ကျန်းယွီချွမ်းသည် ခေတ္တရပ်လိုက်ပြီးနောက် စာတန်းကို ဆက်ဖတ်လိုက်ပြီး အကြောင်းတစ်ခုခုကြောင့် သူက ပိုဖြည်းညှင်းစွာဖတ်ခဲ့သည်။ "ဥက္ကဋ္ဌနှင့်… ငါ့ရဲ့… ၉၉… အချစ်… သဘောတူညီချက်များ…"
ကျန်းကျင်ယန်သည် ရှက်လွန်း၍ တစ်စက္ကန့်လောက် မူးလဲပြီး ချက်ချင်း သတိပြန်ဝင်လာသည်။
သို့သော် ကျန်းယွီချွမ်သည် ခေါင်းစဉ်ကို ဖတ်ပြီးနောက် စာအုပ်ကို ဘေးသို့ ချထားလိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ခုတင်ဘေးကို ပုတ်ကာ ပြောလိုက်သည်။ "ထိုင်ပြီး မင်းဘောင်းဘီကို လိပ်လိုက်"
ကျန်းကျင်ယန်သည် ထိုင်ချလိုက်ပြီး စကားမပြောဝံ့ဘဲ အိပ်ငိုက်နေသကဲ့သို့ ဘောင်းဘီကို လိပ်တင်လိုက်သည်…
ငါက… မစ္စတာကျန်းရဲ့အာရုံကို မတော်တဆ ဆွဲဆောင်မိသွားတာလား။
TK Team Chapter 27