Chapter 31
Viewers 2k

【Volume 2 : လက်ထောက်လေး ၀၈】


Chapter 31


ကျန်းကျင်ယန်၏ ခြေတစ်ချောင်းက စားပွဲပေါ် ရောက်နေပြီး သူ၏ ခန္ဓာကိုယ်က စားပွဲမျက်နှာပြင်ပေါ် လှဲလျောင်းထားသည်။ ပျော့ပျောင်းသည့် အထည်သားက သူ၏ တင်ပါးကို တင်းရင်းစွာ ရစ်ပတ်သွားပြီး သူ၏ မှုန်ဝါးဝါး တြိဂံပုံ အတွင်းခံ အစွန်အဖျားကိုပါ မြင်ရတော့မည်။


ကျန်းယွီချွမ်းက သူ၏ လက်ကို ဖယ်ပြီး ဘေးဘက်ကို ရွေ့လိုက်သည်။ သူ၏ အေးစက်သည့်မျက်လုံးတွေကတော့ အတိအကျ ကျန်းကျင်ယန်၏ တင်ပါးကို စူးစိုက်ကြည့်နေခဲ့သည်။


သူ့ကို ကြည့်ရသည်မှာ ကျန်းကျင်ယန်ကို ထိရန် မည်သို့သော အကြောင်းပြချက် ပေးရမည်ကို စဉ်းစားနေပုံရသည်။


ကျန်းကျင်ယန် အနောက်ကို သတိကြီးစွာလှည့်ပြီး ကျန်းယွီချွမ်းကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ တင်ပါးပေါ်က အကြည့်ကို ခံစားမိ၍ နီရဲရဲမျက်နှာဖြင့် ပြန်လှည့်သွားသည်။ ဒီတစ်ချိန်၌ ကျန်းယွီချွမ်းက ကျန်းကျင်ယန်၏ ဖင်ကို အားပြင်းပြင်းနှင့် ရိုက်လိုက်ရာ သူ၏ တင်ပါးများ တုန်ခါသွားခဲ့သည်။ ထို့နောက် ကျန်းကျင်ယန်က အေးစက်သော အသံဖြင့် ပြောသည်။


“မင်းရဲ့ ဖင်ကို အရမ်း ပူးကပ်မထားနဲ့။ ခန္ဓာကိုယ် အလယ်က ဟန်ချက်မညီဘဲနဲ့ နေလိမ့်မယ်.....”


“ကျွန်...ကျွန်တော် ဖင်ကို မပူးကပ်ထားပါဘူး။ မစ္စတာကျန်း”


ကျန်းကျင်ယန် အခုလေးတင် စိတ်ထဲ၌ ဂေးဆန်ဆန် မြင်ကွင်းတစ်ချို့ တွေးတောထားမိသူက အရမ်းစိတ်လှုပ်ရှားသွားသည်။ ဒီ လိင်ပိုင်းဆိုင်ရာ လိုလားမှု အနည်းငယ်ပါသော ရိုက်ချက်ဖြင့် ရိုက်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်က စားပွဲခုံနှင့် ထပ်မံ ပွတ်တိုက်သွားကာ ဘောင်းဘီပေါ်သို့ သုတ်လွှတ်မိသွားမတတ်ပင် ဖြစ်သွားသည်။


သူတော်ကောင်း ယောင်ဆောင်ထားသော ကျန်းယွီချွမ်းက ထပ်ရိုက်လိုက်သည်။


“မလုပ်ထားဖူးတဲ့လား....”


ကျန်းကျင်ယန် ငိုချင်လာသည်။...... ငါဖင့်ကို မြှောက်ထားမိရုံနဲ့တင် အပြစ်ဖြစ်သွားရတာလား.... ဒီလိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ဒုတိယဇာတ်လိုက်ကတော့.... 


သူ ဘောလုံးကို အမြန် ရိုက်ချလိုက်သောကြောင့် ထပ်လွဲသွားလေသည်။ ထို့ကြောင့် ကျန်းကျင်ယန် တစ်ယောက် ကယ်တင်ခံလိုက်ရသလိုမျိုး သူ၏ ခြေထောက်ကို စားပွဲပေါ်က ပြန်ချလိုက်တော့သည်။ ထို့နောက် စားပွဲ တစ်ဖက်ခြမ်းကို လျှောက်သွားကာ ကျန်းယွီချွမ်းနှင့် ဝေးနိုင်သလောက် ဝေးအောင် နေလိုက်သည်။


သေစမ်း...ဘိလိယက်လေး ကစားရုံတင်ကို ဘာလို့ ‌အမြှောက်ပစ်နေရတဲ့အတိုင်း ခံစားရနေရ‌တာလဲ.. ကျန်းယွီချွမ်းက ဘာအကြောင်းပြချက် ရေရေရာရာမှ မရှိဘဲ သရော်ပြုံးလိုက်ပြန်သည်။ ထို့နောက် ခုံပေါ်က ကျန်နေသည့် ဘောလုံးနှစ်လုံးကို အေး‌စက်စက် မျက်နှာဖြင့် လေ့လာလိုက်သည်။ ကျန်းကျင်ယန်က ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ သူ၏ အတွေးကို လမ်းကြောင်းပြောင်းရန် အခြား တစ်ခုခုကို ကြည့်ချင်နေသည်။ 


ကုမ္ပဏီ၏ ဂရုချက်က လွန်ခဲ့သည့် နှစ်ရက်အတွင်း ကောမန့်ပေါင်းများစွာနှင့် ပြည့်နှက်နေခဲ့သည်။ ထိုကံကောင်းသည့် လူတွေက သူတို့ပြန်လာရင် တခြားလူတွေဆီက သေအောင် ရိုက်ခံရမည်ဆိုတာကို သိသော်လည်း အရှက်မရှိ သူတို့၏ အားလပ်ရက်ခရီးဖြစ်သည့် ဗီလာကို အလည်အပတ်ခရီးစဉ်ကို နေ့တိုင်း ထုတ်ကြွားနေခဲ့သည်။ ကုမ္ပဏီအတွင်းတွင် အလုပ်ဆက်လုပ်နေရဆဲ ဖြစ်သော သူတို့၏ လုပ်ဖော်ကိုင်ဖက်များက လက်ယားနေကာ သူတို့ ခရီးက ပြန်လာသည်နှင့် သေအောင် ရိုက်ပစ်ဦးမည်ဟု ပြောနေကြသည်။


ဒါက ဥက္ကဋ္ဌလင်ကုမ္ပဏီ၏ နေ့စဉ် ပုံမှန်လုပ်ရိုးစဉ်ဖြစ်သည်။ အင်အားပြည့်ဝနေကာ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်အပြည့်ရှိနေကြသည်။ လွန်ခဲ့သည့် သုံးမိနစ်အလိုက အရောင်းဌာနက ဝန်ထမ်းတစ်ဦးက လင်ဖုနှင့် စူးချုံ လက်တွဲကာ ငှက်အစာကျွေးနေသည့် ပုံကို တိတ်တဆိတ်ရိုက်ယူပြီး ဂရုထဲသို့ တင်လိုက်သည်။ ပုံထဲတွင် လင်ဖုက ချောမောနေကာ စူးချုံက ဖြူစင် နှစ်လိုဖွယ် ကောင်းနေသည်။ စူးချုံက သူ၏ လက်ကို ဖြန့်ကာ ငှက်အစာကျွေးနေပြီး မျက်လုံးဝိုင်းဝိုင်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ လင်ဖုက သူ့ကို ငြင်သာစွာ ကြည့်နေပြီး မျက်လုံးကို ကွေးကာ ပြုံးနေခဲ့သည်။ ထို့နောက် သူ၏ ရှုပ်ပွထောင်တက်နေသော ဆံပင်များကို သပ်ရပ်အောင် လုပ်ပေးနေခဲ့သည်။ 


သူတို့နှစ်ယောက်က ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကို ကန်းအောင် လုပ်တော့မည့် အတိုင်းပင်။


“ဘော့စ်လင်နဲ့ သူ့ဇနီးတို့က ခွေး‌စာ‌တွေ အကုန်လုံးကို ကျွေးနေတယ်”


ဂရုက ချက်ချင်းပင် ပေါက်ကွဲသွားကာ အားလုံးက သူတို့ ခွေးစာကို အရင်စားမည်ဟု အော်နေကြသည်။ လင်ဖု၏ ကိုယ်ရေးကိုယ်တာ လက်ထောက်ဖြစ်သည့် ကျန်းကျင်ယန်က နေ့တိုင်း ခွေးစာ သုံးပေါင်လောက် စားနေရကာ ဘော့စ်လင်နှင့် သူ၏ဇနီး၏ နှိပ်စက်မှုများကို ကျင့်သားရနေသောကြောင့် သူက တည်ငြိမ်နေလေသည်။


ကျန်းကျင်ယန် ပုံကို သေချာပြန်ကြည့်လိုက်ပြီး ထိုဗီလာက မနေ့က သူဖတ်လိုက်သည့် လက်ကမ်းစာစောင်ထဲက ငှက်ကျွန်းရှိပြီး အမျိုးစုံသော ငှက်တွေကို တွေ့နိုင်သည်ဟု ကြေညာထားသည့် ဗီလာမှန်း မှတ်မိသွားသည်။ ငန်း၊ ကြက်တူရွေး၊ စာဝါငှက်၊ ချိုးငှက်၊ ဘီလုံးငှက်၊ ဥဩ စသည့် ငှက်များရှိကာ လူတွေ ထိုနေရာသို့လာပြီး ငှက်စာဝယ်ကာ အစာကျွေးလို့ ရလေသည်။ 


“အဟမ်း... မစ္စတာကျန်း”


ကျန်းကျင်ယန် သူ၏ ဖုန်းကို လှုပ်ကာ မဝံ့မရဲ ပြောလိုက်သည်။


“ကုမ္ပဏီက ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်က ငှက်ကျွန်းမှာ ကစားနေတာ ပြီးတော့ မစ္စတာစုလည်း ဒီကို ရောက်နေတယ်...”


ဒုတိယဇာတ်လိုက်က အဖြူရောင်ပန်းလေးရဲ့ ဆံပင်ကိုတောင် မကိုင်ရသေးပေမဲ့...... သူ၏ အမြှောက်စာ ဇာတ်ကောင်‌လေးကိုတော့ တစ်ကိုယ်လုံး ထိပြီးပြီ ဖြစ်သည်။ ဒီဟာက နောက်ဆုံး ဘယ်လို ရလဒ်ထွက်လာမှာလဲ....ဟမ်... ကျန်းကျင်ယန် ကျောကိုမတ်၍ ကျန်းယွီချွမ်းသို့ ကြည့်ပြီး သိမ်မွေ့ကာ နားလည်ရခက်သော လေသံဖြင့် ပြောလိုက်သည်။


“ခင်ဗျား ငှက်တွေကို သွားမကြည့်ချင်ဘူးလား”


ဦးနှောက်အာရုံကြောများအထိပါ ဖရိုဖရဲဖြစ်သည်အထိ နှောင့်ယှက်ခံလိုက်ရသည့် ကျန်းကျင်ယန်က ခဏကြာ ငြိမ်သက်သွားကာ အ‌တော် သတိထားပြီး ပြောလိုက်သည်။


“...ကျွန်တော် ငှက်တွေကြည့်ချင်လို့”


ခင်ဗျားက ဘယ်လို အကျင့်စရိုက်ရှိနေတာလဲ။ ဒုတိယဇာတ်လိုက်ကို နှောင့်ယှက်ရမယ်။ ကျွန်တော်က ခင်ဗျားရဲ့ ဒစ်ကို လှန်ပြဖို့ အခွင့်ရေးပေးမယ် ထင်နေတာလား။ လုံးဝဘဲ..


“ကောင်းပြီလေ”


ကျန်းယွီချွမ်း သူ့ကို အဓိပ္ပာယ်အပြည့်ဖြင့် စိုက်ကြည့်ပြီး နာရီကို ကြည့်ရန် ခေါင်းငုံလိုက်သည်။ ထို့နောက် ငြင်သာမှုကို သိသာနေသည့် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ 


“ဒါပြီးရင် အစည်းအဝေးရှိသေးတယ်။ ကိုယ် အစည်းအဝေးပြီးလို့ နေ့ခင်းကြရင် မင်းနဲ့ အဖော်ပြုပေးမယ်”


ကျန်းကျင်ယန် : ........


ဘာကြီး... သူက နေ့ခင်းကြမှ အတူလိုက်လာလို့ ဘယ်ရမလဲ... ဒီဒုတိယဇာတ်လိုက်ကတော့ ဇာတ်ကြောင်းပေါ်ကနေ တစ်ဖြေးဖြေး ချော်ထွက်လာပြီ ဒါရိုက်တာရေ.. မင်း ဂရုမစိုက်တော့ဘူးလား... ကျန်းကျင်ယန် ငြင်းဆန်ဖို့ ကြိုးစားပြီး ပြောလိုက်သည်။


“ကျွန်တော့်ဘာသာကျွန်တော် သွားလိုက်ပါ့မယ်။ မစ္စတာကျန်းကို အနှောင့်ယှက်ပေးနေလို့ ဘယ်ဖြစ်ပါ့မလဲ”


ကျန်းယွီချွမ်းက သူ၏ ထိုးတံကို အောက်ချလိုက်သည်ယ မှိန်ဖျော့ဖျော့ အပြုံးက မျက်နှာပေါ်တွင် ပေါ်ပေါက်လာကာ ခုခံခြင်းမရှိဘဲ ပြောလိုက်သည်။


“ကိစ္စမရှိပါဘူး။ ကိုယ့်ကိုစောင့်နေ...”


“.....”


ကျန်းကျင်ယန် ရုတ်တရက်ကြီး သူက ကျန်းယွီချွမ်း၏ ချစ်သူဖြစ်နေသည်ဟူ၍ အထင်မှားကုန်သည်။ သူကသာ တစ်ဇွတ်ထိုးလုပ်နေကာ သူ၏ အလုပ်များနေသော ယောက်ျားကို အဓိပ္ပာယ်မရှိ ငှက်တွေ အတူကြည့်ရန် ခေါ်နေသည့် ဇနီးတစ်ယောက်လို အထင်မှားသွားသည်။


ထို့ကြောင့် ထိုနေ့က နေဝင်ရီတရော အချိန်တွင် ကျန်းကျင်ယန်က ကူကယ်ရာမဲ့စွာ ဗီလာအတွင်းက သက်ရှိသတ္တဝါပန်းခြံကို ငှက်များ ကြည့်ရန် ကျန်းယွီချွမ်းနှင့် အတူ သွားလိုက်ရလေသည်။ သူငိုချင်နေရင်တောင် ငှက်ကို ကြည့်နေရလေသည်။ ထိုပန်းခြံအတွင်းမှာ ငှက်မျိုးစိတ်ပေါင်း များစွာရှိလေသည်။ သူတို့နှစ်ဦး ဘေးချင်းကပ်ရပ်လျှောက်ကာ အလည်ပတ်လျှောက်လမ်းအတိုင်း လျှောက်ခဲ့ကြသည်။ ကျန်းယွီချွမ်းက ငှက်စာ ထည့်ထားသော အိတ်ကြီးကို ယူလာကာ လမ်းတစ်လျှောက် ချကျွေးခဲ့သည်။ မျိုးစုံသော ငှက်တွေက အစာကို ထိုးစိတ်ရန် ရောက်လာကြပြီး တကျည်ကျည် အော်နေကြသည်။ နေဝင်ချိန်က ကောင်းကင်ယံပေါ် ဖြည်းဖြည်းချင်း ကျရောက်နေပြီး ကောင်းကင်တစ်ဝက်လောက်ကို နေဝင်ဆည်းဆာများက လွှမ်းမိုးထားသည်။ အံ့ဩစရာကောင်းသော ရောင်ခြည်တွေက တိမ်တွေကို ထိုးဖောက်ကာ သူတို့ နှစ်ဦး၏ အရိပ်များက မြေပြင်ပေါ် ထင်ကျန်နေခဲ့သည်။


ကျန်းကျင်ယန်က အတွေးပေါင်းများစွာနှင့် အဖြူအနက်ရောထားသော ကျီးကန်းလေး အစာစားနေတာကို စနောက်နေသည်။ ....ဒါကြီးက မှားနေပြီ။ မှားနေတယ်...မှားနေတယ်လို့...


“မင်း လုပ်ကြည့်ချင်လား”


ကျန်းယွီချွမ်း ငှက်စာအိတ်တစ်ဝက်ကို ကျန်းကျင်ယန်လက်ထဲထည့်ကာ မေးလိုက်သည်။


“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း”


ကျန်းကျင်ယန် ယဉ်ကျေးစွာ ကျန်းယွီချွမ်းကို ကျေးဇူးတင်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ အရောင်သွေးစုံသည့် ငှက်လေးတစ်ကောက်က စက်ဝိုင်းပုံ ပျံသန်းလာပြီး လက်ထိပ်ပေါ်နားကာ လက်ဖဝါးပေါ်က အစေ့တွေကို ထိုးဆိတ်စားနေခဲ့သည်။ ငှက်လေး၏ နှုတ်သီးက လက်ဖဝါးပေါ် ငြင်သာစွာ ထိတွေ့လာသည်။ ကြည်နူးစရာကောင်းသည်ကို ခံစားမိလိုက်သောကြောင့် ကျန်းကျင်ယန် ရယ်မောမိစေရုံက လွဲပြီး မတတ်နိုင်တော့ပေ။


ရေစက်ငယ်လေးက ရေပြင်ပေါ် ကျသွားသလိုပင် အပြုံးတစ်ခုကလည်း သူ၏ မျက်နှာပေါ် ဖြတ်သန်းသွားသည်။ မျက်လုံးများကလည်း ကွေးညွတ်သွားကာ မျက်ခုံးထိပ်၊ ပါး၊ ပါးချိုင့်နှင့် နှုတ်ခမ်းပါးအထိပါ ဖြတ်သန်းသွားလေသည်။ သူ၏ အကြည့်က ကျန်းယွီချွမ်း၏ အကြည့်နှင့် အမှတ်မထင် ဆုံသွားသည်အထိ မျက်နှာပေါ် အပြုံးကျန်ရစ်နေဆဲပင်။ ကျန်းယွီချွမ်းက သူ့ကိူ စူးစိုက်စွာ ကြည့်နေခဲ့သည်။ သူ၏ အင်္ကျီလက်ဖျားတွေက ရွှေရောင်သန်းနေသော လေကြောင့် ရမ်းခါနေကာ အနက်ရောင် မျက်လုံးအိမ်ထဲ အလင်းရောင်ဖျော့ဖျော့ ဖြာကျနေသည်။ သူ၏ ဆံနွယ်အစွန်အဖျားက ပန်းခရမ်းရောင်ရှိသော ကောင်းကင်ကြီးနှင့် ရောစပ်နေခဲ့သည်။


အချစ်ရဲ့ နမိတ်ပြ ပုံရိပ်လိုပင်။ ကျန်းကျင်ယန် အချိန်ခဏကြာ မူးမေ့နေခဲ့သည်။ မျက်မှောင်ကြုတ်ပြီးသူ၏ လက်ကောက်ဝတ်ပေါ်က ငှက်ကို စူးစိုက်ကြည့်လိုက်သည် : ဇာတ်သိမ်းသွားပြီ။ ငါ ရှောင်ပိုင်ဟွားဆီကနေပြီးတော့ ဇာတ်ကြောင်းကို ခိုးတော့မယ်......


TK Team Chapter 31