【Volume 2 : လက်ထောက်လေး ၀၉】
Chapter 32
အားလပ်ရက် ခရီးစဉ်က မကြာခင် ပြီးဆုံးသွားသည်။
မထွက်ခွာခင် ကျန်းယွီချွမ်းက “နှလုံးသားကို ခိုးယူသွားတဲ့ လက်ထောက်လေး” ဆိုသည့် စာအုပ်ကို နောက်ဆုံးတော့ ကျန်းကျင်ယန်ထံ ပြန်ပေးလိုက်သည်။
သူ ဒီရက်တွေမှာ ကျန်းကျင်ယန်ကို ဗီလာအနှံ့ လျှောက်လည်ဖို့ ခေါ်သွားပြီး ကျန်းကျင်ယန်ကို ရူးနှမ်းတော့မည့်အထိ လုပ်ခဲ့သည်။ ဆန့်ကျင်ဘက်အနေနဲ့ သူ၏ အထက်တန်းအတန်းဖော် နှင့် သူငယ်ချင်းကောင်းဖြစ်သော လင်ဖုကို စကားတစ်လုံးမှ မပြောခဲ့ပေ။ ရှောင်ပိုင်ဟွားလေးနဲ့သာ ဖလစ်ရန် လွှတ်ထားခဲ့သည်။
ဘယ်လိုတောင် ထူးဆန်းတဲ့ ဒုတိယဇာတ်လိုက်လဲ....
“ကိုယ်မင်းကို ပြန်ပေးမယ်”
အပြန်လမ်းမှာ ကျန်းယွီချွမ်းက စာအုပ်ကို ကျန်းကျင်ယန်ဆီ ပြန်ပေးပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျေးဇူးပဲ”
“ကိစ္စမရှိပါဘူး မစ္စတာကျန်း”
ကျန်းကျင်ယန် စာအုပ်ကို ယူကာ သာမန်လျှံကာ လှန်ကြည့်လိုက်သည်။
ကျစ် ဖုန်းနံပါတ်ရေးထားတဲ့ မှတ်စုက ဘယ်မှာလဲ...
ကျန်းယွီချွမ်း လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“နောက်မှ ပြန်တွေ့ကြတာပေါ့”
ကျန်းကျင်ယန် မပျော်မရွှင် ခေါင်းညိတ်ခဲ့သည်။
သူ ငါ့ရဲ့ ဝီချက်ကိုတောင် မမေးသွားဘူး။
သို့သော်လည်း ကျန်းယွီချွမ်းက ကျန်းကျင်ယန်၏ မပျော်မရွှင် ဖြစ်နေသော ခံစားချက်လှိုင်းလေးတွေကို ရရှိပုံ မပေါ်ပေ။ သူ ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။ သူ လင်ဖု၏ ၂၈လက်မ စက်ဘီးကို ဖြတ်လာချိန်တွင် သူက စီးပွားရေးရှင်၏ အမူအကျင့်အတိုင်း ပြောလိုက်သည်။
“ငါ ထိခိုက်ပျက်စီးမှုတွေ တန်ဖိုးအားလုံးကို မင်းရဲ့ အကောင့်ထဲ ထည့်လိုက်ပြီးပြီ”
“ဖာခ့် ဒီထပ်ပိုပြီး ကပ်စေးကုန်နိုင်သေးတာလား”
မစ္စတာလင် စက်ဘီးဘဲလ်ကို တီးပြီး ဒေါသတကြီး ပြောလိုက်သည်။
“အိပ်ရာလေး တစ်ခုဘဲ မဟုတ်ဘူးလား”
ကျန်းယွီချွမ်း သူ့ကို ကြည့်ပြီး သဘောမတူသည့် လေသံဖြင့် ပြောလိုက်သည်။
“တစ်ခန်းလုံးက ပျက်ဆီးဆဲဆဲ ဖြစ်နေတာ”
စူးချုံ၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။ သူက ကျန်းယွီချွမ်းကို ရှက်ရွံစွာကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ်....”
“အဆင်ပြေပါတယ် ဘေဘီရာ”
လင်ဖုက သူ၏ မျက်နှာက်ု ထိတွေ့ပြီး ငြင်သာစွာ ပြောလိုက်သည်။
“ဒီရက်တွေထဲ မင်း မပျော်ခဲ့ရဘူးလား။ တန်ပါတယ်ကွာ”
ကျန်းယွီချွမ်း သရော်လိုက်သည် : “ဟီးဟီး”
ကျန်းကျင်ယန် နှုတ်ခမ်းစူကာ စူးချုံကိုတစ်လှည့် ကျန်းယွီချွမ်းကို တစ်လှည့် ကြည့်လိုက်သည် : ....
ကျစ် ဒုတိယဇာတ်လိုက်နဲ့ အဖြူရောင်ပန်းလေးတို့က နောက်ဆုံးတော့ ဇာတ်လမ်းစတော့မှာလား..
အပြန်လမ်းတွင် ကျန်းကျင်ယန် မရှင်းပြနိုင်တဲ့ ပင်ပန်းမှုမျိုး ခံစားလိုက်ရသည်။ ရှုခင်းတွေကို ခဏကြည့်ပြီး ပိုတောင် ပျင်းသလို ခံစားလာရသည်။ ထို့ကြောင့် “နှလုံးသားကို ခိုးယူသွားသည့် လက်ထောက်လေး” စာအုပ်ကို ဖွင့်ကာ စဖတ်လိုက်သည်။
လက်ထောက်လေးနဲ့ ဒုတိယဇာတ်လိုက်တို့က နောက်ဆုံးမှာ အတူရှိသွားတာက ဆိုးရွားတာ မှန်ပေမဲ့ အကြာကြီး စောင့်ဖတ်လာပြီးမှတော့ မဖတ်ဘဲ လက်လွှတ်ပြီးနေလိုက်ဖို့ကိုတော့ သူ မလုပ်နိုင်ပေ။
သို့သော်လည်း တတိယအခန်းပြီးသောအခါ သူထင်ထားသလို မကောင်းသည့်အဆုံးသတ်ကို မတွေ့ရပေ။ လက်ထောက်လေးက ဒုတိယဇာတ်လိုက် ဥက္ကဋ္ဌနဲ့ အတူမရှိရုံတင်မကဘူး။ လွှမ်းမိုးနိုင်တဲ့ ဥက္ကဋ္ဌကြီးက ဒုတိယဇာတ်လိုက်ရှေ့မှာပင် သူ့ကို မုန်တိုင်းထန်လောက်သည့် ဝန်ခံမှုမျိုး လုပ်သွားကာ ဒုတိယဇာတ်လိုက်ကို ပွိုင့် ၁၀၀၀ လောက် Critical damage ထိသွားစေခဲ့သည်။ အဖြူရောင်ပန်းလေးကို အောင်မြင်စွာ ပြန်လည်ရယူပြီးနိုင်သည်နှင့် လွှမ်းမိုးနိုင်တဲ့ ဥက္ကဋ္ဌက Lincoln ကားထဲ၌ အဖြူရောင်ပန်းလေးအပေါ် ပိုင်ဆိုင်မှု သက်သေထူရန် မစောင့်နိုင်တော့ပေ။ ကားရှေ့ကနေ အနောက်၊ အနောက်ကနေ အရှေ့အထိ ကူးလူး သွားလာနေခဲ့သည်။ လိင်ဆက်ဆံတဲ့ အပိုင်းက ပူလောင်ပြီး အနံ့များ ပေါ်ပေါက်နေခဲ့သည်။ ထိုအရာက ကြည့်ဖို့တောင် မဝံ့မရဲ ဖြစ်စေသည်။
ကျန်းကျင်ယန် နှာခေါင်းသွေးယိုချင်နေသည့် ဆန္ဒကို ရအောင်ထိန်းပြီး ပျော်ရွှင်စွာ စာအုပ်ကို ပိတ်လိုက်သည်။
ဟ... စာရေးဆရာက ဒုတိယဇာတ်လိုက်ကို အလွယ်တကူ ရစေမှာ မဟုတ်ဘူးဆိုတာ ငါသိသားဘဲ...
ဒါပေမဲ့.....
ကျန်းကျင်ယန် လွန်ခဲ့သည့် ၂ရက်၊ ရေကန်ဘေးက ပွဲကြည့်စင်တွင် ကျန်းယွီချွမ်းနှင့် တွေ့တုန်းက အခြေအနေကို ပြန်သတိရသွားသည်။ ကျန်းယွီချွမ်းရဲ့ စပွိုင်လာတွေ အားလုံးက အတုတွေကြီးဘဲ
ဘာလို့ ဒီ.....
မရေမရာမှုတွေ ပြည့်နှက်နေသော်လည်း မေးလို့ မရနိုင်သောကြောင့် ကျန်းကျင်ယန် တိတ်တဆိတ်သာ နေလိုက်သည်။ သူ၏ အတွေးများကမူ စိတ်ထဲ၌ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဟ, ဘိလိယက် ကစားတုန်းက ကျန်းယွီချွမ်း လူယုတ်မာ ပုံပေါက်နေတာ မထူးဆန်းတော့ပါဘူး။
ထိုသို့ဖြစ်ရသည်မှာ တတိယအခန်းရဲ့ အဆုံးမှာ လိင်ဆက်ဆံတဲ့ အပိုင်းပါပြီး ထို အရာကို ကြည့်ပြီး သူ့မှာထွက်ပေါက်ရှာစရာမရှိလို့ဘဲ။
ငါကတော့.....ကျစ်, ငါတကယ် အရူးတစ်ယောက်ဘဲ။
ကျန်းကျင်ယန်၏ စိတ်က ချက်ချင်းဆိုသလိုပင် အောက်ဆုံးထိ ထိုးကျသွားသည်။ သူ၏ မူပိုင် အေးစက်စက် မျက်နှာထားသည် ပို၍ပင် အေးစက်လာခဲ့သည်။
အိမ်မက်ဆန်သည့် အားလပ်ရက်က ပြီးဆုံးသွားကာ ပုံမှန် နေ့ရက်များ ပြန်လည် ရောက်ရှိလာခဲ့သည်။ တစ်ပတ်ကြာသွားလေသည်။ ကျန်းကျင်ယန်က မနက် ၆နာရီမှာ အမြဲထပြီး သူ၏ ညီမအတွက် မနက်စာပြင်ပေးသည်။ စားပြီး အိုးခွက်များ ဆေးကြောနေစဉ် ကျန်းရှန်ရှင်းက အော်မြည်လာသည်။
“ဘာလို့ နောက်ထပ် အသားညှပ်ပေါင်မုန့် တစ်ခု ရှိနေသေးတာလဲ”
ကျန်းရှန်ရှင်းကို လင်ဖု၏ ကားနှင့်ပင် ကျောင်းသို့ လိုက်ပို့ကာ မနက်၈နာရီ မထိုးခင် ကုမ္ပဏီသို့ အမြန် မောင်းလာခဲ့သည်။ ၉နာရီထိုးချိန်တွင် ကျန်းကျင်ယန်က လင်ဖု ဒီမနက်ပိုင်း လိုအပ်သော ဖိုင်များကို ပြင်ဆင်ပြီး သူ၏ စားပွဲကိုလည်း ရှင်းလင်းကာ ခုံပေါ်တွင် Golden Mandheling တစ်ခွက် ဖျော်ပြီး တင်ထားပေးပြီးသားပင်။
အရင်လို တည်ငြိမ်၊ အေးချမ်းနေကာ တစ်ယောက်ယောက်ကို အော်ဟစ်ချင်နေသည့် စိတ်ကိုတော့ ထိန်းမရပေ။ ဒီ ပျင်းစရာကောင်းတဲ့ အမြှောက်စာ ဇာတ်ကောင်ဘဝကတော့..
ဝတ္ထုထဲက ဇာတ်ကွက်တွေက ငါ့အပေါ် သက်ရောက်ပုံ မပေါ်ဘူး။ အဲ့တာကို ငါ အသက်နှစ်ဆယ်လောက် ရောက်မှ သဘောပေါက်ခဲ့တာ။
ကျစ်
ကျန်းကျင်ယန် အစိမ်းရောင်ငရုတ်ပွနှင့် ချက်ထားသော ဝက်သား နောက်ဆုံးပိုင်းကို စားလိုက်ပြီး ပေပွနေသော တစ်ခါသုံး နေ့လယ်စာ ဘူးကို လွှတ်ပစ်လိုက်သည်။ နေ့လယ်စာ နားချိန်တွင် လင်ဖုနှင့် စုးချုံတို့က အပြင်ထွက်စားကြသည်။ ကျန်းကျင်ယန် ဥက္ကဋ္ဌ စားပွဲပေါ်က ရှုပ်နေသော ဖိုင်များကို စီလိုက်ပြီး ဖုန်းကိုကိုင်ကာ “နှလုံးသားကို ခိုးယူသွားသော လက်ထောက်လေး” ကို ရေးသော စာရေးဆရာ အရင်ရက်က Weibo ပေါ် တင်ပေးထားသော ဟန်းနီးမွန်း အပိုင်းပိုကို ပျင်းရိစွာ ဖတ်လိုက်သည်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသော ဥက္ကဋ္ဌက လက်ထောက်လေးကို ဟန်းနီးမွန်း ထွက်ရန် ဂရိ၊ Santorini ကို ခေါ်သွားခဲ့သည်။ ထို့နောက် သူတို့ ပင်လယ်ပြာ၊ ကောင်းကင်ပြာနှင့် အဖြူရောင် ကမ်းခြေပေါ်မှာ ပြင်းပြစွာ ပြုလုပ်ခဲ့ကြသည်။
ကျစ်, ကျန်းမာရေးနဲ့ မညီညွတ်လိုက်တာ...
ကျန်းကျင်ယန် စိတ်အားထက်သန်စွာ ကြည့်နေသော်လည်း သူ၏ ညီမ ပညာရေးအတွက် စိတ်ပူနေတာကိုတော့ မဖျောက်နိုင်ချေ။
သူ စိတ်ဝင်တစား ကြည့်နေချိန်မှာဘဲ အပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းကျင်ယန်က လင်ဖု ပြန်ရောက်လာပြီဟု ထင်မိသောကြောင့် ဖုန်းကို ချကာ တံခါးသွားဖွင့်ပေးလိုက်သည်။
သို့သော် တံခါး အပြင်တွင် ရပ်နေသူက တစ်ပတ်လောက် သတင်း မကြားရသည့် ကျန်းယွီချွမ်း ဖြစ်နေသည်။ သူ၏ အနက်ရောင်မျက်လုံးများက ငြိမ်သက်နေတဲ့ ရေကန်လို ဖြစ်နေကာ ချက်ချင်းဆိုသလိုပင် သူ့အနားက အသံများအားလုံး စုပ်ယူခံလိုက်ရတော့သည်။
ကျန်းကျင်ယန်က ခဏလောက် ကြက်သေသေ ဖြစ်သွားကာ သူ၏ ဘေးနားက အသံများက ဖြေးဖြေးချင်း ဒီရေ တက်သလို ပြန်တက်လာကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
“မစ္စတာကျန်းက မစ္စတာ လင်ကို လာရှာတာပါလား”
ကျန်းယွီချွမ်း အနည်းငယ် ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်”
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
ကျန်းကျင်ယန်က ကျန်းယွီချွမ်းကို ထိုင်ဖို့ နေရာဆီသို့ ခေါ်သွားပြီး တည်ငြိမ်စွာ ပြောသည်။
“မစ္စတာလင်က ဒီမှာ မရှိသေးဘူး။ ခဏလောက် စောင့်ပေးပါဦး”
သေချာပေါက်ပဲလေ,ငါ့ကို တွေ့ဖို့ ဒီရောက်လာတာမှ မဟုတ်တာ......
ဟ,သေလိုက်ပါတော့... ငါက ဘာတွေကို မျှော်လင့်နေတာလဲ
ကျန်းကျင်ယန်က ကျန်းယွီချွမ်း အတွက် ရေတစ်ခွက် ထည့်ပေးကာ နောက်တစ်ခုံတွင် ထိုင်လိုက်သည်။ ရောက်တတ်ရာရာ စဉ်းစားရာကနေ သူ့ကိုယ်သူ တားဆီးရန်အတွက် ဖုန်းထဲကနေ နောက်ဆုံး အပိုင်းပိုကို ဆက်ကြည့်နေလိုက်သည်။ သူ့ကိုယ်သူ အတင်းအကျပ် အာရုံစိုက်နေစေခဲ့သည်။
Santorini မှာ ဟန်းနီးမွန်း, Santorini......
ထိုအချိန်တွင် ကျန်းယွီချွမ်းက ရုတ်တရက်ကြီး တစ်ခုခုကို ရှင်းပြသလို ပြောလာသည်။
“ကိုယ် အရင်အပတ်က နိုင်ငံထဲ ရှိမနေခဲ့ဘူး။ လေယာဉ်ပေါ်က ပြန်ရောက်ရောက်ချင်းဘဲ ဒီကို အမြန်ပြေးလာခဲ့တာ”
“အို”
ကျန်းကျင်ယန်၏ မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပေါ်လာချေ။
“ကိုယ် ဂရိကို သွားခဲ့တယ်”
ကျန်းကျင်ယန်၏ မျက်လုံးက ဖြတ်ခနဲ ဖြစ်သွားသည်။
“ကိုယ်ကြားတာတော့ အဲ့ Santorini က အရမ်းလှတယ်တဲ့။ ဒါပေမဲ့ ကိုယ် တခြား လုပ်စရာပေါ်လာလို့ သွားဖို့ အချိန် မရှိလိုက်ဘူး”
ကျန်းကျင်ယန် သူ၏ ခါးကို အနေရခက်စွာ ပြန်ဆန့်ထားလိုက်သည်။
“အနာဂတ်မှာ အခွင့်အရေး ရှိလာဦးမှာပါ”
ကျန်းယွီချွမ်းက သူ့ကို ပိုပြီး စူးစိုက်ကြည့်လာကာ ခေါင်းညိတ်ပြလိုက်သည်။
“အင်း ဟုတ်တယ်”
ကျန်းကျင်ယန် ထူးဆန်းသလို ခံစားချက်မျိုး ခံစားလိုက်ရသည်။ သူ တစ်ခုခု ပြောဖို့ပြင်လိုက်သော်လည်း တံခါးက ပွင့်လာပြီး လင်ဖု နှင့် စူးချုံတို့ လျှောက်ဝင်လာခဲ့သည်။
“မင်း ဘာလို့ ရောက်လာတာလဲ”
လင်ဖု ကျန်းယွီချွမ်းကို သတိကြီးစွာ ကြည့်ပြီး ရှင်းပြလိုက်သည်။
“ VIP အကောင်းစား ဟိုတယ်ခန်းက ရွှေရောင်ဘုံပိုက်ခေါင်းက ပျက်သွားပြီနော်”
ဒါက စူးချုံ၏ အမှား လုံးဝ မဟုတ်ပေ။
ကျန်းယွီချွမ်း မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“ငါ့မှာ မင်းကို မေးစရာရှိလို့”
“ဘာလဲ”
လင်ဖု ဘော့စ်ထိုင်ခုံနောက်ကို သက်တောင့်သက်သာ မှီချလိုက်သည်။
ကျန်းယွီချန်း ဆိုလိုရင်းကို တန်းပြောလိုက်သည်။
“ငါ မင်းဆီကနေ လူတစ်ယောက် လာတောင်းတာ”
လင်ဖုက မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။
“ဘယ်သူလဲ”
ကျန်းယွီချွမ်းက ခေါင်းကို စောင်းပြီး မျက်လုံးအကြည့်ကို ပြောင်းလိုက်သည်။ ကျန်းကျင်ယန်၏ ရှုထောင့်တွင်မူ သူတို့က စူးချုံ အပေါ်၌ ခံစားချက်ရှိနေသလို ထင်ရသည်။
ကျန်းကျင်ယန် နှလုံးခုန် မြန်ဆန်လာသည်။ သူ့ကို ထပ်မကြည့်ရဲတော့ဘဲ အလျင်အမြန် ခေါင်းကိုငုံ့ချထားလိုက်သည် : .....
ဟ..ငါနားလည်ပြီ။ အဖြူရောင်ပန်းလေးကို လုမဲ့ ဇာတ်က နောက်ဆုံးတော့ တရားဝင် စလာပြီ..
ဇာတ်ကြောင်းက နဂိုအတိုင်း ပြန်ဖြစ်သွားပြီလား...
ဒါပေမဲ့ ဒီနှလုံးလိမ်ဖဲ့ခံလိုက်ရတဲ့ ခံစားချက်က ဘာကြီးလဲ.... ငါ ရူးသွားတာဘဲ ဖြစ်ရမယ်....
သို့သော်လည်း နောက်တစ်စက္ကန်အတွင်းမှာပင် ကျန်းယွီချွမ်း၏ မျက်လုံးများက ကျန်းကျင်ယန် မျက်နှာပေါ် လှည့်လာခဲ့သည်။ သူ၏ ပါးပြင်ပေါ် ရေနွေးငွေ့ အပူလှိုင်းများ ဖြတ်သန်းသွားသလိုပင်။
ထို့နောက် ကျန်းကျင်ယန် သူ့ဆီသို့ ဦးတည်လာနေသော အသံနက်ဖြင့် တစ်ခွန်းထဲပြောသည်ကို ကြားလိုက်ရသည်။
“သူ”
အထိတ်တလန့်ကြားကနေ ကျန်းကျင်ယန် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။ ထို့နောက် သူ၏ မျက်လုံးနှင့် ကျန်းယွီချွမ်း၏ မျက်လုံးအချင်းချင်း ခုခံမှု ကင်းမဲ့စွာ ဆုံစည်းသွားကြလေသည်။
TK Team Chapter 32