【Volume 2 : လက်ထောက်လေး ၁၀】
Chapter 33
လင်ဖု အနည်းငယ်အံဩသွားကာ မျက်ခုံးပင့်လိုက်သည်။
"မင်းက ငါ့ရဲ့ လက်ထောက်ကို လိုချင်တယ်ပေါ့"
ကျန်းယွီချွမ်း၏ အနက်ရောင် မျက်စံတွေက ကျန်းကျင်ယန်ကို စူးစိုက်စွာ ကြည့်နေပြီး နားထဲ၌ စကားလုံးကို ရှင်းလင်းစွာကြားလိုက်ရသည်။ သူ၏ တည်ငြိမ်ပြီး မယိမ်းယိုင်သော လေသံက စာတစ်စောင်ကို ရွတ်ပြနေသည့်ပုံ ပေါက်နေသည်။
"သူပဲ... မင်းသူ့ကို ဘယ်လောက်ပေးပေး ကိစ္စမရှိဘူး။ ငါ ဆယ်ဆပေးမယ်"
ကျန်းကျင်ယန်၏ နှလုံးက တစ်ခုခုကို တိုက်မိလိုက်သလိုမျိုး ရုတ်တရက်ကြီး တုန်ရီလာသည်။ ခြေလပ်အင်္ဂါတွေမှာ ရှိသည့် သွေးတွေအကုန် နိုးကြားလညသည်။ သူ့သွေးကြောတစ်လျှောက် အမြန်စီးဆင်းသွားပြီး အရေပြားကို ယားယံအောင် ပြုလုပ်နေသည်။
သူ ခုနက စကားကို မှတ်မိနေသည်။ ခုနက ပြောလိုက်သည့် "ငါ မင်းဆီက လူတစ်ယောက် လာတောင်းတာ" ဆိုသည့် စကားက "နှလုံးသားကို ခိုးယူသွားသည့် လက်ထောက်လေး" စာအုပ်ရဲ့ တတိယအခန်းမှာ ပါဝင်သည်။ ကျန်းယွီချွမ်း ထိုနေ့က ရေကန်းဘေးပွဲကြည့်စင်မှာ မှတ်စုထုတ်နေတာကို စဉ်းစားကြည့်ရရင်....ကျန်းကျင်ယန်၏ စိတ်ထဲ နားမလည်မှုများ တဝီဝီပေါ်ပေါက်လာသည်။ သူ၏ နှုတ်ခမ်းက လေတစ်ချက်တိုက်ချိန်အတွင်း ဖွင့်ပြီး ပြန်ပိတ်သွားပေမဲ့ သူ အခု ဘာမှ မပြောနိုင်ဖြစ်နေတော့သည်။
မင်း...မင်း..ဆိုးသွမ်းတဲ့....ဥက္ကဋ္ဌလေး, ခင်ဗျား ဘယ်...ဘယ်လောက်တောင် ထပ်ပြီး အံ့ဩစရာတွေ ကျွန်တော့်ကို ပေးနေမှာလဲ...
ပြန်ပြောဖို့ မဆိုထားနှင့် ရင်ထဲကနေတောင် သူ အပြစ်မတင်နိုင်ပေ။
"မင်း လာနောက်နေတာလား"
လင်ဖု အချိန်ခဏလောက် တွေးပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။
"ငါ အတည်ပြောနေတာ"
ကျန်းယွီချွမ်း၏ မျက်နှာက ကျောက်တုံးလို ခက်ထန်နေသည်။ ထို့နောက် အခန်းထဲ မတည်ရှိသလို ဟန်ဆောင်နေသည့် ကျန်းကျင်ယန်ကို လက်ညှိုးလိုက်သည်။
"ငါ သူ့ကို လိုချင်တယ်"
လင်ဖု ကျန်းယွီချွမ်းကို တစ်လှည့် ကျန်းကျင်ယန်ကို တစ်လှည့် ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။
"မင်း သူ့ကို ဘယ်လိုတောင် တောင်းရက်ရတာလဲ။ သူက ငါ့ဆီ အလုပ်လုပ်နေ တစ်နှစ် နီးပါးတောင်ရှိနေပြီ။ ကဏ္ဍအားလုံးမှာ သူနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးပြီ။ အခုကျ ရုတ်တရက်ကြီး မင်းက သူ့ကို လဲလိုက်ဖို့ လာပြောတယ်ပေါ့..."
လင်ဖု စကားပြောလို့ မပြီးသေးခင်မှာဘဲ ကျန်းယွီချွမ်းက ရှေ့သို့ နှစ်လှမ်းတိုးလာပြီး လင်ဖု၏ စားပွဲပေါ် လက်ထောက်ကာ ကိုယ်ကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ ချောမောပြီး စင်လုံးချောမျက်နှာက လင်ဖုကို ရုပ်ထုတစ်ခုလို စိုက်ကြည့်ကာ ခံစားချက်မပါသလိုမျိုး ထို စကားလုံးကိုဘဲ ထပ်ပြောသည်။
"ငါ သူ့ကို လိုချင်တယ်"
လင်ဖု သက်ပြင်းချပြီး အပြစ်တင်သည်။
"မင်းက ငါ့ကို ပြီးအောင်တောင် ပြောခွင့်မပေးဘူး။ မင်းဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲ"
ကျန်းကျင်ယန် : .....
ဗိုလ်ကျတဲ့ ဥက္ကဋ္ဌကြီးရေ ခင်ဗျားက ကျွန်တော့်ကို အရေးမပါတဲ့ အရာတွေအတွက် ခန့်ထားတယ် ထင်နေတာလား, မစ္စတာလင်....
ကျန်းယွီချွမ်းက အမူအရာမဲ့စွာ တတိယအကြိမ် ထပ်ပြောသည်။
"ငါ သူ့ကို လိုချင်တယ်"
လင်ဖု စိတ်ပျက်စွာ ဘောပင်ကို ပစ်ပေါက်လိုက်သည်။
"ကျန်းယွီချွမ်း မင်း ဒီရက်ပိုင်းထဲ ရိုမန့်ဝတ္ထုတွေ အဖတ်များနေတာလား။ လွန်ခဲ့တဲ့ရက်က ဗီလာမှာတုန်းကလည်း မင်း ဖတ်နေတာတွေ့လိုက်သေးတယ်။ ဘာပါလိမ့်..... နှလုံးသားခိုးယူ ဆိုတာလေ"
နှစ်အတန်ကြာ ခင်လာသည့် သူငယ်ချင်းဟောင်းကြီးက ရူးမိုက်တဲ့ ဥက္ကဋ္ဌ ဇဝတ္ထုတွေကြောင့် ဦးနှောက်သေဖြစ်လာပြီး အဆိပ် ခတ်ခံလိုက်ရပြီဘဲ...... မစ္စတာ လင် ခါးသက်စွာ တွေးလိုက်သည်။
ကျန်းယွီချွမ်း အေးစက်စွာ အဆက်ဖြတ်ပြောသည်။
"ငါမင်းကို လေးကြိမ်မြောက် ထပ်ပြောဖို့ လိုသေးတာလား"
"မလိုတော့ဘူး။ ငါမင်းကို တကယ် ထိုးချင်တယ်"
လင်ဖု လေထဲ ထိုးပြသလို ပြုလုပ်လိုက်သည်။ ထို့နောက် ကျန်းကျင်ယန်ထံ တိုက်ရိုက် ခေါင်းလှည့်ကြည့်ပြီး ပြောလိုက်သည်။
"မင်းဘာသာမင်း ဆုံးဖြတ်တော့... ဘယ်လို သဘောရလဲ"
ဒီအမှုကိစ္စ၏ အလယ်ဗဟိုက လူဖြစ်သည့် ကျန်းကျင်ယန်သည် ယခု အချိန်တွင် တံခါးအနီးတွင် တိတ်တဆိတ် ရပ်နေကာ သူ၏ ခေါင်းကို နဂိုအတိုင်း ငုံ့ချထားသည်။ မျက်လုံးများကလည်း ယဉ်ကျေးမှု ထားရှိထားသလို လင်ဖု၏ စားပွဲကို ငုံ့ကြည့်နေသည်။ မသိလျှင် ယခု ဖြစ်ပျက်နေသည့် ကိစ္စများက သူနှင့် လုံးဝ မသက်ဆိုင်သည့်ပုံ ပေါ်နေခဲ့သည်။
တိုက်ရိုက် နာမည်တပ် မေးမြန်းလာသောအခါ
တည်ငြိမ်ပြီး မလွန်စေဖို့ သတိပေးနေသည်။
သို့သော်လည်း သူ၏ နီရဲနေသောပါး၊ နားရွက်များ နှင့် ပန်းရောင် ညှပ်ရိုးများက မစာမနာ သူ့ကို သစ္စာဖောက် နေခဲ့သည်။
ကျန်းကျင်ယန် သွားကို အံကြိတ်ကာ အထစ်ဖစ် အငေါ့ငေါ့နှင့် ပြောလာသည်။
"ဥက္ကဋ္ဌလင်... ကျွန်တော်......."
"F**k"
လင်ဖုက သူ၏ ဖြစ်ပျက်နေသော အမူအရာကို မြင်သည်နှင့် ချက်ချင်းပင် နားလည်သွားသည်။
"ရပြီ ထပ် ပြောစရာ မလိုတော့ဘူး"
ဘယ်တုန်းက ဒီနှစ်ယောက်က နီးစပ်သွားရတာလဲ.... ဥက္ကဋ္ဌလင် ခါးသက်စွာ တွေးမိသည်။
ကျန်းယွီချွမ်းက ကျန်းကျင်ယန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
"ဒါဆို ဆုံးဖြတ် ပြီးပြီပေါ့။ မင်းမှာ အလုပ်လွှဲပြောင်းပေးဖို့ အချိန် ၃ရက်ရမယ်.... ကြာသပတေးနေ့ မနက် ၉နာရီကျရင် ကိုယ့်ကို သတင်းလာပို့..."
လင်ဖုက မျက်လုံး လိမ့်လိုက်ပြီး ကန့်ကွက်သည်။
"ဘာကို ၃ရက်လဲ... အနည်းဆုံး ဒီလကုန်အထိ လုပ်ရဦးမယ်"
ကျန်းယွီချွမ်း အေးစက်စွာ ပြောသည်။
"၃ရက်ဘဲ... မင်း ဆုံးရှုံးတာ မှန်သမျှ ငါ ပြန်လျော်ပေးမယ်"
လင်ဖု အသက်ပြင်းပြင်း ရှူကာ ဒေါသတကြီး ပြောသည်။
"ကျန်းယွီချွမ်း မင်း ခေါင်းကို ကားတိုက်ခံလိုက်ရတာလား ဟမ်..."
ကျန်းယွီချွမ်း သာသာလေး ခေါင်းခါပြသည်။
"မဟုတ်ဘူး"
"ဒါဆို အရင်တစ်ခါက တိုက်ခံထားတာက မပျောက်သေးတာလား"
လင်ဖုက အလေးအနက် ပြောသည်။
"ဒီလို နောက်ဆက်တွဲမျိုးက ကုသင့်တယ်နော်"
ကျန်းယွီချွမ်း၏ အထက်တန်း ကျောင်းနေဖက် သူငယ်ချင်း အနေဖြင့် လင်ဖုသည် ကျန်းယွီချွမ်း တစ်ယောက် ပထမနှစ်တုန်းက အက်စီးဒန့်ဖြစ်ကာ ICU ထဲ တစ်ပတ်ကျော် နေလိုက်ရသည်ကို သိလေသည်။
အစပိုင်းက သူ၏ အသက်ရှင်နိုင်ချေက နည်းသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် လွန်ကဲသော အကျပ်အတည်းအခြေအနေ ကြုံရသည့် ညပြီးဆုံးသွားပြီးနောက် ကျန်းယွီချွမ်းက မှော်ဆန်စွာ ပြန်ကောင်းလာခဲ့သည်။ သို့သော်လည်း ဆေးရုံက ဆင်းလာပြီးသည်နှင့် သူက တခြားလူတစ်ယောက် ပုံစံ လုံးလုံး ဖြစ်သွားခဲ့သည်။ ယခင်က တက်ကြွကာ ရွှင်လန်းအသက်ဝင်နေသည့် လူကနေပြီး မည်းမှောင် အေးစက်ပြီး လူသားမဆန်တော့သည့် ပုံစံအဖြစ် ပြောင်းလဲသွားသည်။
သူ့ကို ဒီလောက် နှစ်တွေ အကြာကြီး ဘာကြောင့်များ ခံစားခိုင်းထားရတာလဲ.... မစ္စတာလင် ခါးသက်စွာ တွေးတောသည်။
"၃ရက်က မလောက်လို့လား"
ကျန်းယွီချွမ်း မေးမြန်းသည်။
"မလောက်ဘူး"
လင်ဖု လက်ကို ပိုက်ကာ သူ၏ ဥက္ကဋ္ဌ ပုံရိပ်ပေါ်အောင် ကြိုးစားလိုက်သည်။
မင်းလိုချင်တာနဲ့ လက်ထောက်ကို ဝင် ဆွဲယူသွားလို့ ရမယ် ထင်နေတာလား
ကျန်းယွီချွမ်း ခဏ စဉ်းစားပြီးနောက် ထိုင်ခုံပေါ်တွင် စကားမပြောဘဲ နာခံစွာ ထိုင်နေသည့် စူးချုံကို ကြည့်ပြီး စကားယဲ့ယဲ့ပြောသည်။
"လင်ဖု မင်း အထက်တန်း ဒုတိယနှစ်တုန်းက အစားမှားပြီး ဝမ်းလျှောသေးတယ်မလား...သင်္ချာချိန်တုန်းက......"
လင်ဖု၏ မျက်နှာ မည်းမှောင်သွားသည်။
"ပါးစပ် ပိတ်လိုက်တော့"
ကျန်းယွီချွမ်းက သူ၏ ဖုန်းကို ထုတ်ပြီး စခရင်ပေါ် မြန်မြန်ရှာပြီး ပြောသည်။
"မင်း တတိယ အထက်တန်းနှစ်တုန်းက မင်း စစ်ရေးလေ့ကျင့်ရေးရှိခဲ့တယ်။ ပြီးတော့ လည်ပင်းထိ ဆံပင်က ရှည်နေတာကို ညှပ်ဖို့ ငြင်းခဲ့တာ.... နည်းပြက မင်းရဲ့ ဆံပင်ကို ရိတ်ပစ်လိုက်တဲ့ ပုံ ငါ့မှာ ရှိသေးတယ်"
လင်ဖု ခုံကို ရိုက်ချလိုက်သည်။
"မင်းဖင်ကြီးကို ရိတ်လိုက်.. အဲ့ဒါ အတိအကျဆို ၂မီလီမီတာဘဲ ရှည်တာ....."
"မစ္စတာစူး ကြည့်ချင်လား"
ကျန်းယွီချွမ်း ဖုန်းစခရင်ကို စူးချုံဘက်သို့ လှည့်ပြလိုက်သည်။
စူးချုံ ရှက်ရွံစွာ ပြုံးပြလိုက်သည်။
"သူက ဒီလိုမျိုးနဲ့လည်း ချောတယ်လို့ ကျွန်တော်ကတော့ ထင်တာပဲ"
ကျန်းယွီချွမ်း လှောင်လိုက်သည်။
"ငါ့မှာ တခြား မကောင်းတဲ့အတိတ်ပုံရိပ်တွေ ရှိသေးတယ်"
လင်ဖု၏ မျက်နှာအိုကြီးက နီရဲသွားကာ မတ်တတ်ထရပ်ပြီး ကျန်းယွီချွမ်း၏ ဖုန်းကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် ဒေါသတကြီး ပြောသည်။
"၃ရက်မလား ၃ရက်ပဲ"
ဒီအနိုင်ကျင့်တဲ့ ဥက္ကဋ္ဌ.... ရိုင်းစိုင်းတဲ့ ဥက္ကဋ္ဌကတော့.... မစ္စတာလင် ခါးသက်စွာ တွေးလိုက်သည်။
တခြားတစ်ဖက်က ကျန်းကျင်ယန်ကတော့ ဝတ္ထုထဲက ဇာတ်ကွက်က အပြင်မှာ တကယ် ဖြစ်ပေါ်လာသည့် အတွက် ဝမ်းသာမှုထဲ နစ်မြုပ်နေကာ အကောင်းဆုံး ကြိုးစား၍ မျက်နှာအမူအရာကို မည်မျှပင် တည်ငြိမ်အောင် ထားနေသော်လည်း သူ၏ အတွင်းစိတ်ထဲတွင်မူ ပန်းရောင် ပူဖောင်းများဖြင့် ပြည့်နှက်နေတော့သည်။
အို..ဘုရားရေ မစ္စတာကျန်းက တကယ်ပဲ....ငါ့အပေါ် အတည်လား....
ငါ...ငါ အသက်မရှူနိုင်တော့ဘူး...
သူ "နှလုံးသားကို ခိုးယူသွားသည့် လက်ထောက်လေး" လေးထဲကလို တစ်ပုံစံတည်း ငါ့ကို ဇိမ်ခံ Lincoln ကားဆီ ခေါ်သွားတော့မှာလား.... ဟင့်အင်း, မဖြစ်သေးဘူး, ငါတို့ရဲ့ ဆက်ဆံရေးကိုတောင် အတည်မပြုရသေးဘူး...ငါက သာမန် လက်ထောက်မျိုး မဟုတ်ဘူး....
ကျန်းကျင်ယန်၏ စိတ်ထဲ ထိုသို့ အရင်တွေးနေသည် ပြောသော်လည်း သူ အရင်ဆုံး စိတ်ထဲ ပေါ်ပေါက်လာသည့် အရာများကတော့ ဂေးမြင်ကွင်းများသာ ဖြစ်သည်။ Lincoln ကားပေါ်က အရှေ့ကနေ အနောက် ၊ အနောက်ကနေ အရှေ့ ကစားကွက် များက ပေါ်လာလေသည်။
"စကားမစပ်"
ကျန်းယွီချွန်း တံခါးဆီသို့ လျှောက်သွားကာ ပြန်တော့မည့်လူက ရုတ်တရက် အနောက်ကို ပြန်လှည့်ပြီး လင်ဖုကို ပြောသည်။
"ငါ ကားအသစ် ဝယ်လိုက်ပြီ"
လင်ဖု သူ့ကို မပျော်မရွှင် စိုက်ကြည့်ပြီး ဘာကိုမှ မတုန့်ပြန်တော့ပေ။
သို့သော်လည်း ကျန်းယွီချွမ်းက သူ၏အဖြေစကားကို မလိုအပ်ပေ။ ထို့နောက် အတင်းအကျပ် ဖိအားပေးပြောပြန်သည်။
"အဲ့ဒါက Lincoln ကားပဲ....ကားက နောက်တစ်ပတ် သွားယူရလိမ့်မယ်..."
လင်ဖု အေးစက်စက် သရော်ကာ ထေ့ငေါ့ ပြောသည်။
"မင်း မင်္ဂလာပွဲကိုပါ သွားပြောင်းလိုက်ပါတော့လား"
ကျန်းယွီချွမ်း ဘာမှ ပြန်မပြောဘဲ ကျန်းကျင်ယန်ကိုသာ ခေါင်းအစ ခြေအဆုံး အဓိပ္ပာယ်ရှိစွာ ကြည့်ပြီး ဘယ်ဘက်ကို လှည့်လိုက်သည်။
လင်ဖု : .....
သူက လက်ထောက်ကို မသွားဖို့ စက်ဆုပ်၊ ရိုင်းစ်ိုင်တဲ့ အပြုအမူတွေ လုပ်ရုံသာမက ပြန်ခါနီးတောင် သူ့ ချမ်းသာ ကြွယ်ဝမှုကို ကြွားလုံးထုတ်သွားသေးတယ်.... ဒီလို သူငယ်ချင်းမျိုးကို လွှတ်ပစ်သင့်တယ်... မစ္စတာလင် ခါးသက်စွာသာ တွေးမိတော့သည်။
TK Team Chapter 33