【Volume 2 : လက်ထောက်လေး ၁၁】
Chapter 34
သူ ထိုနေ့ညက အိမ်ပြန်ရောက်ချိန်တွင် ကျန်းကျင်ယန် စိတ်ပျော်မြူးနေသည်။ ကြမ်းခင်းပေါ်တွင် ထိုင်ပြီး တခစ်ခစ် ရယ်လေမိသည်။
ကျောင်းကနေ အိမ်သို့ ပြန်လာသော ကျန်းရှန်ရှင်းသည် ကျန်းကျင်ယန်၏ ပုံစံကို တွေ့ပြီးနောက် ထိတ်လန့်သွားသည်။ သူမ လွယ်အိတ်ကို ချပြီး ကျန်းကျင်ယန်ထံ ခြေနှစ်လှမ်း၊ သုံးလှမ်းထဲနဲ့ ပြေးသွားပြီး လက်ဆန့်ကာ ကျန်းကျင်ယန်အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် စိတ်ပူစွာနှင့် မေးမြန်းလိုက်သည်။
“အစ်ကို ဘာတွေကို ရယ်နေတာလဲ”
ကျန်းကျင်ယန် မျက်မှောင်ကြုတ်ပြီး ဝမ်းနည်းစွာ ပြောသည်။
“မိန်းကလေးတစ်ယောက်က ဒီလို ဣန္ဒြေမဲ့တဲ့ စကားမျိုး ဘယ်လိုတောင် ပြောရဲရတာလဲ”
ကျန်းရှန်ရှင်း ခြေကိုခွဲပြီး ကြမ်းပြင်ပေါ် ပေါ့လျော့စွာထိုင်ချလိုက်သည်။
“ဒါဆိုလဲ ဒီတစ်ခေါက် အစ်ကိုရယ်နေတာ၊ ဘာမှားနေတာလဲ။ အချစ်နဲ့ တွေ့နေပြီလား”
“မဟုတ်ပါဘူး”
ကျန်းကျင်ယန်၏ မျက်နှာသည် ပြန် အေးခဲသွားသည်။
“မင်း မဟုတ်တာတွေ ထပ်ပြောနေရင် အပြစ်ပေးပြမယ် ကြည့်နေ”
သုံးစက္ကန့်ကြာပြီးနောက် ကျန်းကျင်ယန် နေကြာပန်းကြီးလို တောက်ပသည့် အပြုံးမျိုးနဲ့ ရှက်သွေးဖြာကာ ထပ်ရေရွတ်ပြန်သည်။
“တကယ် ချစ်မိနေတာ မဟုတ်ပါဘူး”
“အစ်ကိုတကယ် ချစ်မိနေပြီဘဲ...ဟဟဟဟ”
ကျန်းရှန်ရှင်း ကြမ်းပြင်ပေါ် လဲကျသွားကာ ဗိုက်ကို လက်ဖြင့် ဖိထားပြီး ကျယ်လောင်စွာ ရယ်မောတော့သည်။
“ငါ အလုပ် ပြောင်းလိုက်ရုံပါ”
ကျန်းကျင်ယန် ပြုံးတာကို ရပ်ပြီး အနေရခက်စွာ နှစ်ခါ ချောင်းဆိုးလိုက်သည်။
“အခုအလုပ်က အရင်ကဟာထက် လစာ ပိုများတယ်။ အဲ့တာကြောင့် ငါ အရမ်း ပျော်နေတာ”
ဆယ်ကြိမ် ဒါမှမဟုတ် တစ်ခုခု....
မစ္စတာကျန်း , တစ်ခုခု.....
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး.. အစ်ကို အမူအရာက လစာကြောင့် မဖြစ်နိုင်ဘူး”
ကျန်းရှန်ရှင်းက ကျန်းကျင်ယန်၏ နောက်ကျောကို ရိုက်လိုက်သည်။
ကျန်းကျင်ယန် သူ၏ ညီမကို ဝမ်းနည်းနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
အဲ့တာအကုန်မဟုတ်ဘူးကွ....ရှန့်ရှင်ရ.. ဟုတ်ပြီလား
မောင်နှမ နှစ်ယောက်၏ ဇီဇာကြောင်မှု ပြီးဆုံးသွားပြီးနောက် ကျန်းကျင်ယန်က အစောက သူစဉ်းစားထားသော ညစာအတွက် ထမင်းဘူး၂ဘူး ဝယ်မည့် အကြံကို စွန့်လွှတ်လိုက်သည်။ စိတ်ပျော်နေသည့်အတွက် ကျန်းရှန်ရှင်းကို ခေါ်ကာ အနီးနားက စားသောက်ဆိုင်ကို သွားကာ ဟင်ပွဲများ မှာယူ စားသောက်ကြသည်။
ကျန်းရှန်ရှင်းက ဝမ်းသာနေသောကြောင့် စကားပိုများလာသည်။ စားနေစဉ်အတွင်း ငှက်တစ်ကောင် ပကျိပကျိအော်မြည်နေသလို ပြောနေတော့သည်။
သူတို့ မောင်နှမ နှစ်ယောက်လုံး၏ အကြိုက်ဆုံး စားသောက်ဆိုင် ဖြစ်သော်လည်း တစ်လမှ နှစ်ခါသာ လာစားနိုင်သည်။
ကျန်းကျင်ယန်က ပိုက်ဆံပြတ်နေတာ ဖြစ်သည်။ လင်ဖု ကမ်းလှမ်းထားသည့် လစာက မနည်းသော်လည်း သူက အကြွေးနှင့် ကျန်းရှန်ရှင်း၏ ကျူရှင်ခတွေ ပေးနေရသေးသည်။ ၁၅/၁၆ အရွယ် မိန်းကလေးတွေက အလှအပကို အရမ်းကြိုက်ကြတဲ့ အရွယ် ဖြစ်သည်။ ကျန်းကျင်ယန်က သူ၏ညီမကို ဆိုးရွားစွာ မဆကိဆံမိချင်ဘူး။ ထို့ကြောင့် လတိုင်း ပစ္စည်းအသစ်များ ဝယ်ရန် သူမကို ခေါ်သွားလေသည်။ ထပ်ပေါင်းရလျှင် အစားအသောက်၊ အဝတ်အစား၊ အိမ်အတွက်နဲ့ သွားလာရေးတွေ အတွက် နေရာတိုင်းက ငွေကုန်နေတာ ဖြစ်သည်။ ပြီးတော့ သူက သူ့ကိုယ်သူသာ အားကိုးနိုင်သည်။
မောင်နှမ၂ယောက်၏ အဖေက လောင်းကစားသမား ဖြစ်သည်။ သူတို့ငယ်စဉ်တုန်းက ငွေတိုးချေးစားသူတွေကြောင့် သူ့မိန်းမနှင့် သားသမီးများကို ထားကာ ထွက်ပြေးသွားလေသည်။ အမှောင်ထဲက နေ့တိုင်းတွေပြီးနောက် သူတို့အမေက အိမ်ထောင်ထပ်ပြုကာ မိသားစုအသစ် တည်ထောင်လေသည်။ အသက်၁၈ရှိပြီဖြစ်သော ကျန်းကျင်ယန်က တခြား နေရာတွင် နေကာ စာသင်သည်။ သူ့အမေ၏ မိသားစုအသစ်ကျု ဝန်မလေးစေချင်သောကြောင့် သူ၏ အားလပိချိတိတိုင်းတွင် လစာရရင် အချိန်ပိုင်း ဝင်လုပ်လေသည်။ ဘွဲ့ရပြီးနောက် သူ လစာကောင်းသည့် အလုပ်ရလေသည်။ အလုပ်လုပ်တာ တစ်ခဏကြာသည်နှင့် သူ၏ မွေးစားအဖေတို့က သူ့ညီမကို ဆက်ဆံတာ သိပ်မကောင်းဘူးကြားသောကြောင့် အစဦးယူကာ သူ၏ ညီမကို ခေါ်ထုတ်လာလေသည်။ မောင်နှမ၂ဦးက တစ်ယောက်အပေါ်တစ်ယောက် မှီခိုကာ ကောင်းမွန်သည့် ဆက်ဆံရေး ရှိလေသည်။ သူ့ညီမ၏ အတွေးများကို ပိုနားလည်နိုင်ရန် ကျန်းကျင်ယန်က သူမ၏ ဗီရိုပေါ်တွင်ရှိသော စာအုပ်များကို ဝေဖန်ရန် ရည်ရွယ်ချက်ဖြင့် တိတ်တဆိတ် ဖတ်လေသည်။
ရလဒ်အနေနဲ့ သူဒါကို မြင်ပြီးမှတော့ ရပ်လို့ မရနိုင်တော့ချေ....
“အစ်ကို.... ညီမအတွက် ယောင်းမတစ်ယောက်ရှာထားပေးပြီလား”
ကျန်းရှန်ရှင်း ခရင်မ်နှင့်စွပ်ပြုတ်ကို ဇွန်းအပြည့်ခတ်သောက်ကာ လျှို့ဝှက်စွာ မေးသည်။
“ဒါမှမဟုတ် ခဲအိုလား”
ကျန်းကျင်ယန်က တွေးနေရာကနေ နှောက်ယှက်ထံလိုက်ရပြီး ထို ရှက်စရာမေးခွန်းကို မကြားယောင်သာ ဆောင်လိုက်သည်။ သူက တည်ငြိမ်စွာနှင့် သူ့ညီမ၏ စတိတ်ကို လှီးပေးပြီး စကားအကြောင်းအရာ ပြောင်းလိုက်သည်။
“လပတ်စာမေးပွဲရလဒ်တွေ ထွက်လာပြီလား”
“ထွက်ပြီ”
ကျန်းရှန်ရှင်း လက်ညှိုးကို ဂုဏ်ယူစွာ ထောင်ပြပြီး ပြောသည်။
“အတန်းထဲ ပထမဘဲ။ အိမ်ပြန်ရောက်ရင် ရီပို့ကတ်ပြမယ်”
ကျန်းကျင်ယန် သက်သာရာရစွာ သက်ပြင်းချပြီး ထူးကဲမြင့်မြတ်သလို ပြောလိုက်သည်။
“မဆိုးပါဘူး”
ဒီလိုနဲ့ မေ့သွားပြီပေါ့...ဟ ဒီကောင်မလေးကို အရူးလုပ်ရ အရမ်းလွယ်တယ်...
ကျန်းရှန်ရှင်းက သူမ အစ်ကို၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် သိလေသည်။ တစ်ခဏကြာတော့ သူတိုးတိုးလေးပြောသည်။
“ကြည့်ရသလောက် ယောင်းမ မဟုတ်လောက်ဘူး”
ကျစ်, ဘာလို့ သူက အရူးမလုပ်ခံရတာလဲ... ငါ့ညီမက လုံးဝ ချစ်ဖို့မကောင်းတော့ဘူး.. ကျန်းကျင်ယန်က အလျင်အမြန် စတိတ်တစ်တုံးကို ကောက်ကာ သူ့ညီမ၏ ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ကြင်နာစွာပြောသည်။
“...အသားများများစား”
ကျန်းရှန်ရှင်းက အားရကျေနပ်စွာ ဝါးပြီးရင်း ဝါးပြီး မျိုချလိုက်သည်။ ထို့နောက် သူမ၏ လှပသည့် မျက်လုံး၂လုံးကို အကွေးပုံသဏ္ဍာန်ဖြစ်အောင် ကွေးကာ ပြောသည်။
“အဲ့တာကောင်းတယ်။ အစ်ကို ဒီလိုပုံမျိုး တွေ့လိုက်ရတာ သက်သာရာရသွားတယ်။ အရင်ရက်တုန်းက ဘယ်လောက်လဲ မှုန်မဲနေခဲ့လဲ ဆိုတာ အစ်ကို မသိပါဘူး။ အစ်ကို့ကိုတောင် စကားလာမပြောရဲဘူး။ မသိရင် ရေပူစမ်းဗီလာထဲမှာ စော်ကားခံလာပြီလို့တောင် ထင်မိမှာ....”
ကျန်းကျင်ယန် သူမကို စိုက်ကြည့်ပြီး ခရမ်းချဉ်သီးအသေးလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။
“ပါးစပ်ပိတ်ထားတော့”
ကျန်းရှန်ရှင်း မြိုချပြီး ဆက်ပြောသည်။
“ညီမ ထင်လိုက်တာက အစ်ကို.....”
ကျန်းကျင်ယန် ကြက်သွန်ဖြူပေါင်းနှင့် သူမ၏ ပါးစပ်ကို သွပ်ထည့်လိုက်သည်။
ကျန်းရှန်ရှင်း မြိုချလိုက်ပြီး ခေါင်းမာစွာ ပြောသည်။
“ညီမ ထင်လိုက်တာက...”
ကျန်းကျင်ယန် အေးစက်စက် ဖြတ်ပြောသည်။
“အကယ်၍ စကားထပ်ပြောနေရင် ဒီလ မုန့်ဖိုးကို ဖြတ်လိုက်တော့မယ်”
ကျန်းရှန်ရှင်း အလျင်အမြန် ပါးစပ်ပိတ်လိုက်ပြီး လိမ်လိမ်မာမာ အစားစားရန် ခေါင်းကို ငုံ့ထားလိုက်တော့သည်။
အရမ်းလိမ်မာနေသလို ပြုမူနေသည်။
၃ရက်က အလျင်အမြန်ပဲ ပြီးဆုံးသွားသည်။ ထို၃ရက်အတွင်းမှာ ကျန်းကျင်ယန်က ကုမ္ပဏီ၏ နေ့စဉ်လုပ်ထုံးများကို လင်ဖု၏ နောက်ထပ် လက်ထောက် ရှောင်ချန်ကို အကုန် လွှဲပြောင်းပေးခဲ့သည်။ ရှောင်ချန်က တစ်ချိန်တည်း အလုပ်၂ခု လုပ်ရတော့မည် ဖြစ်သောကြောင့် ခါးသက်စွာ ငြီးတွားနေသည်။ သူက ပျော်ရွှင်မှုအခိုးအငွေ့ထဲ နစ်မြုပ်နေသည့် ကျန်းကျင်ယန်နှင့် ယှဉ်လျှင် ပို၍တောင် စိတ်သောကရောက်နေပုံ ပေါ်နေသည်။
ကြာသပတေးနေ့ ရောက်ရှိလာခဲ့သည်။
မနက် ကိုးနာရီတွင် ကျန်းကျင်ယန်က ကျန်းယွီချွမ်း၏ ရုံခန်းအပြင် တံခါးဘက်တွင် ရပ်နေကာ သူ၏ လက်က တံခါးနှင့် ငါးမီလီမီတာ ဝေးကွာနေသေးသည်။ ထို့နောက် အသက်ပြင်းပြင်း တိတ်တဆိတ်ရှူလိုက်သည်။
အသက်ပြင်းပြင်းရှူလိုက်သောကြောင့် သူ၏ ရင်ဘတ် နွေးလာသည်ကိုတောင် ခံစားရသည်။
တကယ်တမ်းကြ.....
ငါက အမြှောက်စာဇာတ်ကောင် မဟုတ်ဘူးမလား...
ကျန်းကျင်ယန် တွေးလိုက်သည်။ သူ၏ လေထဲက လက်က အောက်သို့ ပြန်မချသေးခင်မှာတင် ကျန်းယွီချွမ်း၏ ရေခဲကဲ့သို့ အေးစက်သော လေသံက ရုံးခန်းထဲကနေ ရုတ်တရက် ပေါ်ပေါက်လာသည်။
“ဝင်ခဲ့”
TK Team Chapter 34