Chapter 35
Viewers 2k

【Volume 2 : လက်ထောက်လေး ၁၂】


Chapter 35


ကျန်းကျင်ယန်က သူ့ကိုယ်သူ တွန်းအားပေးရန် ခေါင်းတစ်ချက်ညိတ်ပြီး တံခါးကို တွန်းဖွင့်ကာ အထဲလျှောက်ဝင်သွားသည်။


ကျန်းယွီချွမ်း၏ ရုံးခန်း အပြင်အဆင်က သူ့၏ စတိုင်လ်အတိုင်း ရိုးရှင်းကာ သန့်ရှင်းသည်။ အနက် ၊ အဖြူ ၊ မီးခိုးရောင် နှင့် အညိုရောင် များက အခန်းတွင်းရှိ ပရိဘောဂ အကုန်နီးပါးကို ဖုံးလွှမ်းထားသည်။ အသုံးမဝင်သည့် အလှဆင်ပစ္စည်းများကိုလည်း မမြင်ရချေ။


ကျွန်းယွီချွမ်း စားပွဲနောက်ကနေ မတ်တပ်ရပ်ပြီး ကျန်းကျင်ယန်ကို ခေါင်းညိတ်ပြသည်။ သူ၏ ကိုယ်တိုင်းနှင့် ချုပ်ထားသော ဝတ်စုံက ပုံပန်းသွင်ပြင်နှင့် ကိုက်ညီနေကာ ကြမ်းပြင်ကနေ၍ မျက်နှာကျက်အထိရှည်သော ပြတင်းပေါက်က ထိုးကျနေသော အလင်းရောင်က သူ၏ ကျစ်လျစ်သော ခန္ဓာကိုယ် အချိုးအစားကို အရိပ်ထင်နေစေသည်။


“မင်္ဂလာပါ မစ္စတာကျန်း”


ကျန်းကျင်ယန်၏ နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်ဘဲ မြနိဆန်လာသည်။


“ကျွန်တော် ရောက်ရှိကြောင်း သတင်းလာပို့တာပါ”


ဘုရားသခင်ရေ , ဒီစိတ်တုန်လှုပ်နေတဲ့ ခံစားချက်ကြီးကတော့...


သေလိုက်ပါတော့.. ငါတကယ်ကြီး ဒီ ရှင်းမပြနိုင်တဲ့ လူကို စိတ်ဝင်စားသွားတာလား..


“ကောင်းပြီ။ ထိုင်ဦး”


ကျန်းယွီချန်းက တည်ငြိမ်စွာဘဲ သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်၍ ကျန်းကျင်ယန်ကို လက်အမူအရာပြလိုက်သည်။ သူ၏ လက်ချောင်းထိပ်တွေက စားပွဲတစ်လျှောက် ဆင်းသွားပြီး စာချုပ်တစ်ခုကို ကျန်းကျင်ယန်ဆီ တွန်းပေးကာ စီးပွားဆန်သည့် ကွဲပြားသော လေသံတစ်ခုဖြင့် ပြောလိုက်သည်။


“တစ်ချက် ကြည့်လိုက်ဦး”


“ကောင်းပါပြီ”


ကျန်းကျင်ယန် စာချုပ်ကို ယူကာ လှန်ကြည့်လိုက်သည်။


သူ့ကို ကျန်းယွီချွမ်းက ဘာလို့ ရုတ်တရက်ကြီး အလုပ်လာလုပ်ရန် လိုချင်သွားရသည်ကို မေးချင်နေသော်လည်း တစ်ဖက်သူ၏ ပုံမှန်အတိုင်း အေးစက်သော အကျင့်စရိုက်ကို မြင်သောအခါ ကျန်းကျင်ယန် မေးခွန်းမေးမည်ကို အတိအကျနောက်ဆုတ်လိုက်သည်။ 


ထို့အပြင် လွန်ခဲ့သည့် သုံးရက်လုံး သူ၏ စိတ်အတွင်း ရာကျော်သော အကြောင်းပြချက်များကို စဉ်းစားပြီးပြီ မဟုတ်ပါလား....


ဒါပေါ့... ထို အကြောင်းပြချက်များက ပြီးပြည့်စုံခြင်း မရှိဘဲ ကျန်းယွီချွမ်းက အကြောင်းမရှိ ယခင်က ပြုလုပ်ခဲ့သော အပြုအမူများကိုလည်း ရှင်းပြနိုင်ရန် မလုံလောက်ပေ။


ကျန်းကျင်ယန်က သူကြည့်ကောင်းပြီး အလုပ်ကြိုးစားသည်ကို သိသော်လည်း ထိုအရာများအပြင် သူ့တွင် အခြား ထူးခြားသော အရာမရှိသလိုပင်။ ရေပူစမ်းအတွင်း ပြုတ်ကျသည်က လွဲ၍ တခြား ထူးခြားသော အရာလည်း မလုပ်မိပေ။ သူ၏ ချစ်စရာ အပြုအမူများကို ပြသရန် ကော်ဖီထဲ သကြားအစား ဆားလည်း မထည့်မိပေ။ ဒါမှမဟုတ် သူ့၏ ဖြူစင်မှုနှင့် ကိုယ်ပိုင် လက္ခဏာများကို ကျန်းယွီချွမ်းထံ ပြသရန် ရန်ပွဲလည်း မဖြစ်ခဲ့ပေ။


ထို့ကြောင့် ဖြစ်ပျက်သွားသည်များက အစီစဉ် မကျပေ။


ဦးနှောက်မရှိသည့် ဥက္ကဋ္ဌများအကြောင်း အများကြီး ဖတ်ဖူးသော ကျန်းကျင်ယန်က သူ ရှုပ်ထွေးနေသည်ဟုတောင် ဆိုလာသည်။


မည်သို့ပင် ဖြစ်စေကာမူ အဖြူနှင့် အမည်းစာချုပ်ပေါ်တွင် ရေးသားထားသော လစာက ကျန်းယွီချွမ်း ယခင်က ပြောဖူးသော ပမာဏနှင့် အတူပင် ဖြစ်သည်။ လင်ဖု ကျန်းကျင်ယန်ကို ပေးသည်ထက် ပို၍ သူက ၁၀ဆ ပိုပေးမည် ဖြစ်သည်။


စာရွက်ပေါ်ရှိ ဆွဲဆောင်နေသော ဂဏန်းများကို ကြည့်ရင်း ကျန်းကျင်ယန် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။


ရှုပ်ထွေးမှုများက ချက်ချင်းပင် ပြတင်းပေါက် အပြင်ကို လွှတ်ပစ်ခြင်း ခံလိုက်ရသည်။


ပထဆုံးအနေနဲ့ ဒီပိုက်ဆံတွေကို ငြင်းပယ်နိုင်မှာလား....


ဒါက ကြမ်းတမ်းသော သဘောတရားဖြစ်လေသည်။ အပြင်ဘက်က ညုတုတု မိန်းမတွေနဲ့ဆိုရင် ဆန့်ကျင်ဘက် သဘော သက်ရောက်သွားမယ် ဆိုပေမဲ့.. ဟဟ ဒါပေမဲ့ ငါကတော့.....


ငါလည်း ဒီ ကြမ်းတမ်းတာမျိုးကို သဘောကျတယ်လေ.. မစ္စတာကျန်း ထပ်ကြမ်းတမ်းလို့ရသေးတယနော်... ကျွန်တော် ခံနိုင်တယ်....


ကျန်းယွီချွမ်းက မျက်ခုံးပင့်၍ သွယ်လျသော လက်ချောင်းများဖြင့် စားပွဲခုံကို ၂ခါ ထိလိုက်သည်။ ကျန်းကျင်ယန်၏ အတွေးများကို နှောင့်ယှက်ပြီး ပုာလိုက်သည်။


“မေးစရာ ရှိသေးလား”


ကျန်းကျင်ယန်က တည်ငြိမ်စွာ လက်မှတ်ထိုးပြီး ပြောသည်။


“ပြသနာ မရှိပါဘူး”


“ကိုယ်မင်းကို အလုပ်ပတ်ဝန်းကျင်ရဲ့ အတိုချုပ်သဘောကို မိတ်ဆက်ပေးရတာပေါ့”


ကျန်းယွီချွမ်း စာချုပ်ကို ပြန်ယူကာ သူ၏ စားပွဲနှင့် မနီးမဝေးတွင် ရှိနေသော စားပွဲ အသေးလေးကို လက်ညှိုးထိုးပြသည်။


“မင်း အလုပ်လုပ်ရမဲ့ နေရာ”


ကျန်းကျင်ယန် အလျင်အမြန်ပင် ခေါင်းညိတ်ပြသည်။


“ကောင်းပါပြီ။ မစ္စတာကျန်း”


ဒီရှုထောင့်ကနေဆိုရင် ငါ့ကို ချောင်းကြည့်ဖို့ လွယ်ကူတယ်။ ကျစ်ကျစ် မင်းမှာ အကျင့်ကောင်းရှိတာဘဲ... အရှက်ရစရာ ဥက္ကဋ္ဌကတော့....


ကျန်းယွီချန်းက ထိုနေရာထံ လျှောက်သွားပြီး လက်ထောက်စားပွဲ၏ အောက်က အံဆွဲအသေးလေးကို ဖွင့်ကြည့်လိုက်သည်။ ထိုထဲတွင် မုန့်များဖြင့် ပြည့်နှက်နေကာ တိုက်ဆိုင်မှု ဟုတ်မဟုတ် မသိသော်လည်း ကျန်းကျင်ယန် ကြိုက်နှစ်သက်သော တံဆိပ်များသာ ဖြစ်ပေသည်။


“မုန့်တွေ”


ကျန်းယွီချန်း တိုတုတ်စွာ ပြောသည်။


ကျန်းကျင်ယန်၏ ရင်ထဲ နွေးထွေးမှုကို ချက်ချင်းဆိုသလို ခံစားလိုက်ရသော်လည်း သူ၏ ပုံရိပ် ပျက်စီးမည်ကို စိုးရိမ်သောကြောင့် စိတ်မဝင်စားသလို ဟန်ဆောင်လိုက်သည်။


“မစ္စတာကျန်း ခင်ဗျားက အရမ်း တွေးပေးတတ်တာဘဲ”


ကျန်းယွီချွမ်းက တစ်ဖန် စားပွဲပေါ်က တီရမီဆု ကိတ်မုန့်ပန်းကန် အသေးကို ညွှန်ပြကာ စကားကို တိုတုတ်စွာ ထပ်၍ ပြောသည်။


“မုန့်”


ကျန်းကျင်ယန်က ခေတ္တကြာ ငြိမ်သက်သွားပြီး မျက်နှာပေါ်၌ ရှုပ်ထွေးမှုဖြင့် ပြန်တုံ့ပြန်သည်။


“ကျေးဇူးတင်ပါတယ် မစ္စတာကျန်း”


ကျစ် ဘာလို့ ဒီ တီရမီဆု ကိတ်မုန့်ပြန်လဲ... ငါ အရင်က မကြိုက်သလို ဟန်ဆောင်ပြခဲ့တယ် မဟုတ်ဘူးလား...


“ဒုတိယအထပ်က ဝန်ထမ်းတွေရဲ့ ကဖေးပဲ”


ကျန်းယွီချွမ်း ပြောလာသည်။


“အကယ်၍ မင်း မဝသေးရင် အောက်ထပ်ကို ဆင်းပြီး ထပ်ယူလို့ရတယ်။ အဆာပြေမုန့်ဧရိယာက အမြဲ အစုံရှိတယ်”


ကျန်းကျင်ယန်က သူ၏ လက်ကို ဝှေ့ယမ်းပြပြီး အထက်တန်းစားဟန်ပန်ဖြင့် ရိုးသားစွာ ပြောသည်။


“ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း။ ဒါပေမဲ့ ကျွန်တော်က အချိုတွေ သိပ်မစားလို့ပါ”


ကျန်းယွီချွမ်း မည်သည့်စကားမျှ ပြန်မပြောဘဲ ကျန်းကျင်ယန်ကို အခန်းငယ်လေးဆီ ဦးဆောင် ခေါ်သွားသည်။ 


“ဒါက နားနေခန်းပဲ။ အထဲမှာ အိပ်ရာရှိတယ်။ မင်း ပင်ပန်းရင် ဒီမှာ လာနားနေလို့ ရတယ်”


အခန်းတွင်း၌ စောင်နှင့် အိပ်ရာခင်းများက အဖြူရောင် ဖြစ်နေသော တစ်ယောက်အိပ်ရာ ရှိလေသည်။ တံထါးကို ပိတ်လိုက်သည်နှင့် မင်း အေးချမ်းစွာ တရေးအိပ်နိုင်လေသည်။


ကျန်းကျင်ယန် သူ၏ ရင်ထဲ၌ နွေးထွေးမှုကို ထပ်မံ ခံစားလိုက်ရပြန်သော်လည်း မျက်နှာအမူအရာကမူ မထူးခြားပေ။


“ကျွန်တော် သိပါပြီ မစ္စတာကျန်း”


အသိအသာကို ရုံးခန်းအတွင်း ကစားခြင်းက အနာဂတ်တွင် ဖြစ်ပေါ်လာလိမ့်မည်။ “နှလုံးသားကို ခိုးယူသွားတဲ့ လက်ထောက်လေး” ထဲက အပိုင်းလိုမျိုး ဖြစ်မှာလားဆိုတာတော့ သိချင်သားဘဲ.....


လက်ထောက်လေးက ယုတ်မာတဲ့ ဥက္ကဋ္ဌကြောင့် တစ်လှမ်းပြီး တစ်လှမ်း နောက်သို့ ဆုတ်ခြင်း ခံနေရပြီး နောက်ဆုံး ရွေးချယ်စရာ မရှိတော့ဘဲ နားနေခန်းထဲ အထိရောက်လာကာ အိပ်ရာပေါ် တွန်းချခြင်း ခံခဲ့ရတယ်.....


ကျန်းကျင်ယန်၏ စိတ်ထဲက ပထမဆုံး ထုတ်လွှင့်မှုက ပြန်စလာပြန်ပြီ ဖြစ်သည်။


မစ္စတာကျန်း..မစ္စတာကျန်း... ခင်ဗျား ဘယ်လိုတောင် လုပ်ရက်တာလဲ... ခင်ဗျားက ဒီလိုလူမျိုး ဖြစ်မယ်လို့ မမျှော်လင့် ထားဘူး။ မစ္စတာကျန်း.. ရပ်လိုက်... ဒီနေရာမှာ မလုပ်နဲ့ မရဘူး... ကျွန်တော် အော်လိုက်မှာနော်.....


အိုးးး~ မာနေပြီ~


ကျန်းကျင်ယန်၏ စိတ်အတွင်းရှိ ဂေးမြင်ကွင်းက လက်ခံနိုင်ဖွယ်ရှိသည်။ ခုခံမှုက တစ်ဝက် ၊ လက်ခံမှုက တစ်ဝက်ဖြစ်ကာ မှင်စာလေးအတိုင်းပင် ဟင့်အင်းလို့ ပြောနေသော်လည်း ရိုးသားနေသည်။


ထိုအချိန်တွင် နားနေခန်းသို့ မျက်နှာမူထားသော ကျန်းယွီချွမ်းက ကျန်းကျင်ယန်ဘက် ရုတ်တရက် ဦးတည်ဘက် ပြောင်းလာပြီး စိုက်ကြည့်လာသည်။ သူ၏ မျက်လုံးအိမ်များက ပင်လယ်ပြင်၏ ပေါ်ထွက်လာသော ထူးဆန်းသည့် အလင်းရောင်များအတိုင်း တည်ငြိမ်နေလေသည်။


“မစ္စတာကျန်း တစ်ခုခုဖြစ်လို့လား”


ကျန်းကျင်ယန်က ကျန်းယွီချွမ်း၏ ထူးဆန်းသော မျက်လုံးများနှင့် နေသားမကျပေ။ သူ၏ စိတ်ထဲက အတွေးများကို ချက်ချင်းပိတ်ချကာ ကိုယ်ကိုကိုင်း၍ ရှုပ်ထွေးစွာ မေးလိုက်သည်။


အသေးအကြီး ဖြစ်နေသော ရေခဲစိုင်နှစ်စိုင်က တစ်ယောက်ကို တစ်ယောက် ယုတ်မာသည့် ရည်ရွယ်ချက်ဖြင့် အမူအရာမဲ့စွာ ကြည့်နေကြသည်။


“ဘာမှ မဟုတ်ပါဘူး”


နေရခက်သော တိတ်ဆိတ်မှုအပြီးတွင် ကျန်းယွီချွမ်း ဖြေးညင်းစွာပြောပြီး ဘောင်းဘီအိတ်ကပ်ထဲက ကားသော့ကို ထုတ်ကာ ကျန်းကျင်ယန်ထံ ပေးလိုက်သည်။


“ဒီကားက မင်းမောင်းဖို့”


ကျန်းကျင်ယန် ကားသော့ကို ယူလိုက်သောအခါ ထိုအရာက Lincoln ကား မဟုတ်ဘဲ Porsche ဖြစ်နေ၍ ချက်ချင်းပင် သက်သာရာရသွားသည်။


အမှန်တိုင်းပြောရရင်.. ဒီနေ့ ချက်ချင်းကြီး ကားအရှေ့ကနေ အနောက်အထိ ‌အဖော့ခ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး....


အပြုံးတစ်ချက်က ကျန်းယွီချွမ်း၏ မျက်လုံးအတွင်း ဖြတ်ပြေးသွားကာ ပြောလိုက်သည်။


“မင်း ကားကို ကိုယ့်ဆီ အစီရင်ခံစာ မတင်ဘဲ ကြိုက်သလို သုံးလို့ရတယ်”


‌”ကျေးဇူးတင်ပါတယ် မစ္စတာကျန်း”


ကျန်းကျင်ယန် ဥက္ကဋ္ဌရုံးခန်းအတွင်း ဝင်ရောက်လာသည်နှင့် နွေးထွေးမှုများ ခံစားနေရသည်။


“ကျွန်တော် အလုပ်ကြိုးစားလုပ်ပါ့မယ်”


ဟ.. ခင်ဗျားက ထောက်ထားငဲ့ညာတတ်တဲ့ ဥက္ကဋ္ဌပဲ... ကျွန်တော် ခင်ဗျားကြောင့် အလိုလိုက် ဖျက်ဆီးခံရတော့မယ်...


ကျန်းယွီချန်း ခေါင်းညိတ်သည်။ သူ၏ ထိုင်ခုံပေါ် ထိုင်ချကာ အလုပ်များသည့် ဥက္ကဋ္ဌများအတိုင်း အလုပ်ဖိုင်များကို စတင် ဖတ်ရှုတော့သည်။


ကျန်းကျင်ယန် ဘေးပတ်ဝန်းကျင်ကို ၁၀မိနစ်ခန့် လှည့်ကြည့်လိုက်သော်လည်း မည်သည့် လုပ်စရာကိုမျှ မတွေ့ပေ။ ထို့ကြောင့် သူ ချဉ်းကပ်သွားပြီး အသံနိမ့်ဖြင့် မေးလိုက်သည်။


“မစ္စတာကျန်း ကျွန်တော် အခု လုပ်ပေးစရာ တစ်ခုခုများ ရှိလား”


ကျန်းယွီချွမ်းက ခေါင်းပင် မမော့လာဘဲ ပေါ့ပါးစွာ ပြောသည်။


“ကိတ်မုန့် သွားစားနေ”


“...” 


ကျန်းကျင်ယန်တွင် ရွေးချယ်စရာ မရှိတော့၍ သူ၏ ထိုင်ခုံပေါ် တိတ်တဆိတ် ပြန်ထိုင်ကာ မှာထားသော တီရမီစုကိတ်ကို စားနေလိုက်သည်။


သူ၏ နှုတ်ခမ်းပေါ်၌ ကိတ်စလေး တင်နေကာ ကျန်းကျင်ယန်က ဂရုတစိုက် လျှက်စားလိုက်သည်။ သူ၏ လျှာက နူးညံ့သော နှုတ်ခမ်းကြား ဖြတ်သန်းသွားပြီး နီရဲကာ နူးညံ့နေသော နှုတ်ခမ်းပါးတစ်စုံကို လျှက်လိုက်သည်။


နေရာအနေအထား အကျိုးကျေးဇူးရထားသော ကျန်းယွီချွမ်းက ဖိုင်များ ကြည့်နေရာကနေ ခေါင်းမော့လာကာ ကျန်းကျင်ယန်ကို အသက်ရှူလျက်စားချင်နေသည့် ပုံစံဖြင့် စိုက်ကြည့်နေတော့သည်။


ကျန်းကျင်ယန် : ....


ကျစ် ဒီ စောင့်ကြည့်ခံနေရတဲ့ ခံစားချက်က ဘယ်လိုကြီးပါလိမ့်....


တစ်ခုခု မှားနေသလို ခံစားလိုက်ရ၍ ကျန်းယွီချွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။


သို့သော်လည်း ကျန်းယွီချွမ်းက ဖိုင်များကို အလေးနက် ငုံ့ကြည့်နေကာ ရေခဲစိုင်ကြီးထံမှ ‌လေအေးတွေ ထုတ်လွှင့်နေသည်။


“.....”


ကျန်းကျင်ယန်က ကိတ်မုန့်ကို ဆက်စားရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။


ဥက္ကဋ္ဌက အလုပ်များလွန်းကာ အပေါ်မော့ကြည့်ရန်ပင် အချိန်မရှိသော်လည်း လက်ထောက်မူကား အေးဆေးစွာ ကိတ်မုန့်စားနေလေသည်။


ကျန်းကျင်ယန် နာရီဝက်နီးပါး အလုပ်မရှိဘဲ ဖိအားများအောက်တွင် နေလိုက်ရသည်။


ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာကာ ကျန်းယွီချွမ်းက “ဝင်လာ” ဟု ပြောလိုက်၍ ငယ်ရွယ်သောလူငယ်လေးက ဖိုင်အထပ်လိုက်ကို ကိုင်ကာ အထဲဝင်လာပြီး လေးစားစွာ ပြောလိုက်သည်။


“မစ္စတာကျန်း အစီရင်ခံစာတွေ လာပို့ပေးတာပါ”


“အောက်ကို ချခဲ့လိုက်”


ကျန်းယွီချွမ်းက တစ်ဖက်လူအား အစီရင်ခံစာကို စားပွဲပေါ်ချလိုက်ရန် အချက်ပြပြီး ကျန်းကျင်ယန်ကို မိတ်ဆက်ပေးလိုက်သည်။


“ဒါက လက်ထောက်ဝမ်တဲ့”


“ကျန်းကျင်ယန် ချက်ချင်းပင် မတ်တပ်ရပ်ကာ နှုတ်ဆက်သည်။


“လက်ထောက်ဝမ် တွေ့ရတာ ဝမ်းသာပါတယ်” 


လက်ထောက်ဝမ်က ကျန်းကျင်ယန်ကို စိုက်ကြည့်၍ ပြုံးကာ ပြောသည်။


“ဒါက ကျွန်တော့်ရဲ့ မဒမ်....”


ကျန်းယွီချွမ်း အလျင်အမြန် စကားဖြတ်လိုက်သည်။


“မင်း ထွက်သွားလို့ရပြီ”


လက်ထောက်ဝမ်က ရုတ်တရက် သဘောပေါက်ကာ အမှားလုပ်မိသည့် ပုံစံဖြင့် ပါးစပ်ကို ဖုံးအုပ်ကာ အမြန် ပြေးထွက်သွားတော့သည်။


ကျန်းကျင်ယန် : ....


နေ..နေပါဦး ဒီလူက အခုလေးတင် ငါ့ကို ဘယ်လိုခေါ်သွားတာလဲ...


မဒမ်တဲ့လား ဟမ်... မဒမ်....


ကျန်းကျင်ယန်က ကျန်းယွီချွမ်းကို ကြည့်ရန် သူ၏ ခေါင်းကို စက်ရုပ်ဆန်စွာ လှည့်လိုက်သည်။


ဟ... မင်း ဆိုးသွမ်းပြီး စည်းကမ်းကို မလိုက်နာတဲ့ ကောင်လေး.. မင်းက ငါ့အနောက်မှာ ငါတို့ တက်ဆံရေးအကြောင်းကို တစ်ရုံးလုံးဆီ ပြောပြီးပြီပေါ့....


မည်သို့ပင် ဖြစ်စေကာမူ ကျန်းယွီချွမ်း၏ မျက်နှာထားက လုံးဝ မပြောင်းလဲသွားချေ။ ထို့နောက် တင်းမာသော မျက်နှာထားဖြင့် ဖိုင်အထပ်လိုက်အပေါ်တွင် မျက်နှာအပ်ထားလိုက်တော့သည်။


ကျန်းကျင်ယန်က တည်ငြိမ်သလို ဟန်ဆောင်ရုံကလွဲပြီး မည်သည်ကိုမျှ မတတ်နိုင်ပေ။ သူက လျှောက်သွားပြီး အစီရင်ခံစာများကို ရိုးရှင်းစွာ စစ်ကြည့်နေသည်။ ထို့နောက် စာရွက်ချုပ်စက်ယူကာ အစီအစဉ်အတိုင်း စာရွက်များကို ချုပ်နေလိုက်သည်။


နောက်ဆုံးတော့ သူ တစ်ခုခု လုပ်ခဲ့ရပြီ... ကျန်းကျင်ယန်တစ်ယောက် စာရွက်ချုပ်စက်ကို အလွန်ချစ်ခင်သွားခဲ့သည်။


အစီရင်ခံစာများ ပြီးဆုံးသွားသောအခါ ကျန်းယွီချွမ်းက ကျင်းကျင်ယန်ကို ထပ်မံ အနားယူခိုင်းလိုက်သည်။


အလွန် ဗိုလ်ကျကာ ညှိနှိုင်းပေးခြင်း တစ်ခုမျှ မရှိချေ။


ကျန်းကျင်ယန်က စားပွဲကို တစ်ရှူးဖြင့် သုတ်ကူပေးရန် ပြင်နေစဉ် ခိုင်မာစွာ တားမြစ်ခံလိုက်ရသည်။


“ဒီလို အလုပ်မျိုးက သန့်ရှင်းရေး ဝန်ထမ်း‌တွေကို လုပ်ခိုင်းလိုက်လို့ရတယ်”


ကျန်းယွီချွမ်း၏ အသံက ချိုသာကာ သိမ်မွေ့နေသည်။


“ကိုယ့်ထိုင်ခုံ ပြန်သွားထိုင်နေတော့”


ထို့ကြောင်း ပျင်းနေသည့် ကျန်းကျင်ယန်က ဆုံလည်ကုလားထိုင်၌ ထိုင်နေကာ လက်ရွေးစင် ပုံစံဖြင့် သူကိုယ်တိုင် ဖန်တီးထားသော လိင်ဆက်ဆံသည့် မြင်ကွင်းများကို စိတ်အတွင်း တွေးတောနေလေသည်။


အရမ်းပျင်းစရာ ကောင်းနေပြီး ဥက္ကဋ္ဌ၏ရှေ့တွင် ဖုန်းထိုင်ကစားနေရသည်က သိပ်လည်း မသင့်တော်ပေ...


သူက အချစ်ဝတ္ထုတွေ အများကြီး ဖတ်လို့များလား... ကျန်းကျင်ယန် က ဝတ္ထုများထဲကလို လှပပြီး ရိုမန့်တစ်ဆန်သော အချစ်ရေးမျိုးကို အလိုရှိသည်။ ထို့နောက် သူက လိင်ဆက်ဆံခြင်းမျိုးကို အလွန် ရွံရှာသည်။ သို့သော် သူ၏ အစောပိုင်း၂၀နှစ်များတွင် သွေးဆူကာ အားမာန်တက်ကြွနေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖွင့်ထုတ်ရန် နေရာဟူ၍လည်း မရှိပေ။


အချိန်အကြာကြီး ဖိနှိပ်ထားပြီးနောက် ကျန်းကျင်ယန်က လမ်းလွဲရောက်သွားသလို ခံစားရသည်။ အထူးသဖြင့် သူနှင့် ရက်အနည်းငယ်အလွန်က ဖလစ်ပြီး ဒွိဟဖြစ်စရာ ဆက်ဆံရေးမျိုး ရှိနေသော ကျန်းယွီချွမ်း၏ ရှေ့၌ ‌ဖြစ်သည်။ သူ၏ စိတ်အတွင်း ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေတော့သည်.....


ရေခဲတုံးလေးက သူ၏ လက်ထောက်စားပွဲ နောက်၌ ထိုင်နေသည်။ သူ၏ အမူအရာက လေးနက်နေသော်လည်း သူ၏ စိတ်ထဲက ဂေးမြင်ကွင်းများကတော့ ပုံစံမျိုးစုံ ၊ နည်းမျိုးစုံ ၊ နေရာမျိုးစုံ ၊ ညစ်ပတ်သည့် စကားမျိုးစုံဖြင့် ပို၍ ပို၍ ဆိုးရွားလာသည်။ အဓိကဇာတ်ဆောင်တွေကတော့ သူနှင့် ကျန်းယွီချွမ်းတို့ ဖြစ်ကာ အလွန် ပရောပရီလုပ်နေပြီး ညစ်ပတ်နေကြသည်။ သူ၏ စိတ်ထဲက အရာများကို ဆွဲထုတ်ပြီး ကျန်းယွီချွမ်းသာ မြင်သွားမည်ဆိုလျှင် ကျန်းကျင်ယန် သေချာပေါက် ငိုယိုကာ အဆောက်အဦးပေါ်က ခုန်ချသွားလိမ့်မည်။


မည်သို့ပင် ဖြစ်စေကာမူ ကံမကောင်းစွာနှင့် ဒီကမ္ဘာပေါ်တွင် စိတ်ဖတ်သည် ဆိုတာမျိုး မရှိပေ...


ကျန်းကျင်ယန်က အေးစက်ကာ အမူအရာကင်းမဲ့ပုံ ပေါက်၍ အရှေ့ကိုဘဲ ကြည့်ကာ လုံခြုံရေးနှင့် ဆိုင်သည့် အရာများကို စဉ်းစားနေလေသည်။


မစ္စတာကျန်းက ငါ့ရဲ့ အေးစက်ပြီး အသောက်အစားကင်းမဲ့တဲ့ မျက်နှာဖုံးအောက်မှာ လူသား porn player တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်တော့မှ သိမှာမဟုတ်ဘူး... ဟဟ...


ထိုအချိန်၌ ရုံးခန်းအတွင်း အပ်ကျသည့်အသံကြားရသည်အထိပင် တိတ်ဆိတ်နေသည်။ ကျန်းယွီချွမ်း၏ ဖိုင်များကို လက်မှတ်ထိုးနေသော အသံ တိုးဖျော့ဖျော့ကသာ ဖိုင်တွဲများ နောက်မှ ထွက်ပေါ်လာသည်။


“ဟဟ”


ကျန်းကျင်ယန်က ရုတ်တရက် ရယ်မိသွားသောကြောင့် ထိတ်လန့်သွားသည်။ သူ မသိလိုက်ခင်မှာဘဲ သူ၏ စိတ်များက ဥက္ကဋ္ဌထိုင်ခုံရှိ မစ္စတာကျန်းနှင့် ပြည့်နှက်သွားသည်။


မစ္စတာကျန်းက နေရာတိုင်း ကောင်းတယ်။ သူက ပြီးပြည့်စုံတဲ့ ချစ်သူတစ်ယောက်ါဘဲ... ဒါပေမဲ့ တစ်ခါတစ်လေတော့ သူက တကယ် ရူးနေတာ...


သူက တစ်ယောက်ထဲ ဘာအကြောင်းမှမရှိလည်း သရော်ပြုံးနေတာ...


သူ၏ အပြစ်တင် ပြောစကားများ ပြီးဆုံးသွားသည်နှင့် နောက်ထပ် သရော်ပြုံးတစ်ခု ပေါ်လာပြန်သည်...


ကျန်းကျင်ယန် : ....


ကြည့် ငါ ဘာပြောလိုက်လဲ...


TK Team Chapter 35