Chapter 39
Viewers 2k

【Volume 2 : လက်ထောက်လေး ၁၆】


Chapter 39


သူတို့နှစ်ဦးသည် ဆေးရုံရှိ ထိုင်ခုံတန်းတစ်ခုတွင် ဘေးချင်းကပ်ထိုင်နေကြပြီး ခန္ဓာကိုယ်သည် အလွန်နီးကပ်နေ၏။ သူတို့သည် အချင်းချင်း ထိချင်သော်လည်း သူတို့ခန္ဓာကိုယ်များက အနည်းငယ် စောင်းသွားနိုင်သည်။


ကျန်းကျင်ယန်သည် ထို "ကျင်ယန်" စကားသံထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။


လေသည် ပယင်းပျားရည်အဖြစ် ပေါင်းစပ်ကာ လူများကို ကောင်းကောင်းမွန်မွန် အသက်မရှူစေဘဲ ချိုမြိန်သောအရသာသည် သူတို့၏ ရင်ဘတ်နှင့် အဆုတ်တို့ကို ပြည့်စေသည်။


'အခု သူဘယ်ကိုကြည့်နေတာလဲ။ ငါ့ကိုကြည့်နေတာလား။'


ကျန်းကျင်ယန်သည် သူ့ကိုယ်သူ တွေးတောကာ သူ့မျက်နှာကို ဂရုတစိုက် လှည့်လိုက်ပြီး ကျန်းယွီချွမ်းကို မျက်လုံးထောင့်ကနေ အမြန်ကြည့်လိုက်သည်။


ကျန်းယွီချွမ်းသည် သူ့ကို ပွင့်ပွင့်လင်းလင်း ကြည့်နေခဲ့သည်။ သူတို့မျက်လုံးချင်းဆုံသွားသည့်အခိုက်တွင် ကျန်းကျင်ယန်သည် မီးလောင်ကျွမ်းနေသကဲ့သို့ သူ့ခေါင်းကို ပြန်လှည့်ကာ ပူလောင်နေပြီဖြစ်သော သူ့ပါးပြင်များက ပို၍ပူလောင်လာသည်။


ခဏအကြာတွင် ကျန်းကျင်ယန်သည် စိတ်လှုပ်ရှားစွည တူညီသောလှည့်ကွက်ကို ထပ်မံသုံးလိုက်ပြီး သေချာစွာ ကျန်းယွီချွမ်းက သူ့ကို ကြည့်နေဆဲဖြစ်သည်။ သူ၏နက်ရှိုင်း အေးစက်စက် အနက်ရောင်မျက်လုံးများမှ ပုံမှန်မဟုတ်သော နူးညံ့မှုပေါ်နေသည်။


ရောင်ပြန်ဟပ်သောအလင်းသည် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော နက်မှောင်သည့်ရေကန်နှင့်တူသည်။


မြန်ဆန်သောနှလုံးခုန်သံက ကျန်းကျင်ယန်၏စိတ်ထဲကို ပြေးဝင်လာသည်။ သူသည် အဝေးကို လှမ်းကြည့်ကာ သူ့အမူအရာကို ထိန်းရင်း ခွဲစိတ်ခန်းတံခါးကို အလေးအနက် စိုက်ကြည့်ပြီး မလှုပ်ရဲပေ။


'အားးးး မစ္စတာကျန်းက ငါ့ကို တမင်စိုက်ကြည့်နေသလိုပဲ။ သူဘာလုပ်ချင်နေတာလဲ။ သူဘာဖြစ်ချင်နေတာလဲ။'


ကျန်းယွီချွမ်းသည် လေးလေးနက်နက် ရယ်မောလိုက်ပြီး သူ၏ပုံမှန်အေးစက်စက်ရယ်သံနှင့်မတူဘဲ သည်တစ်ခေါက်ရယ်သံက အတော်လေးရွှင်ပျသည်။


သူတို့နှစ်ယောက်လုံး ဘာမှပြန်မပြောခင် ခွဲစိတ်ခန်းတံခါးက အတွင်းခန်းကနေ ရုတ်တရက်ပွင့်လာသည်။


ခွဲစိတ်မှု အလွန်ချောမွေ့သွားကာ ကြောင်ကလေးကို ဒဏ်ရာ သေသေချာချာ ပတ်တီးစည်းထားပြီး သွေးစွန်းနေသော အမွေးများကို သန့်ရှင်းထားသည်။ မေ့ဆေးသည် သက်ရောက်ရှိနေဆဲဖြစ်ပြီး အဖြူရောင်ခန္ဓာကိုယ်လေးကို ဘောလုံးအဖြစ် ထုပ်ပိုးထားကာ အိပ်ပျော်နေပြီး အလွန်ချစ်စရာကောင်းသည်။


သူ့အစ်ကိုနှင့် မစ္စတာကျန်းတို့၏ ကမ္ဘာကြီးကို မနှောင့်ယှက်စေရန် စင်္ကြံထောင့်တစ်ဝိုက်တွင် လှည့်ပတ်သွားလာနေသော ကျန်းရှန့်ရှင်သည် ပျော်ရွှင်စွာပြေးလာပြီး ကြောင်လေးတစ်ဝိုက်တွင် ပျော်ရွှင်စွာ လှည့်ပတ်သွားသည်။ "သူအဆင်ပြေသွားပြီ။ ကောင်းလိုက်တာ၊ အစ်ကို ညီမတို့ သူ့ကို အိမ်ခေါ်ထားလို့ရမလား။"


"မရဘူး" ကျန်းကျင်ယန်သည် ကြောင်လေး၏ နဖူးပေါ်က နူးညံ့သောအမွေးတွေကို သူ့လက်ချောင်းများဖြင့် နူးညံ့စွာ ထိလိုက်ပြီး သူ့မျက်လုံးများတွင် သိသာထင်ရှားသော ချစ်ခြင်းမေတ္တာကို ပြသနေသည်။ "ဒါက မစ္စတာကျန်းရဲ့ကြောင်ဆိုတာ ငါတို့သဘောတူထားတယ်မဟုတ်ဘူးလား။"


"အိုး" ကျန်းရှန့်ရှင်က ရှုံ့မဲ့စွာ တုံ့ပြန်လိုက်သည်။


'ကျစ် ကျစ် ကျစ်၊ ကျွန်မ ဆယ်မိနစ်ကျော်လောက် ဟိုဟိုဒီဒီ လျှောက်သွားနေတာကို ဘာမှလည်းမဖြစ်ကြဘူး။ ရှင်တို့နှစ်ယောက်က နမ်းတောင်မနမ်းဘဲ အချင်းချင်း ‘မစ္စတာကျန်း’၊ ‘လက်ထောက်ကျန်း’ဆိုပြီး တရိုတသေခေါ်နေကြသေးတယ်။ ရှင်တို့တွေ ကျွန်မကို ဘယ်လိုလုပ် ဒီလိုလုပ်ရက်ကြတာလဲ။'


"မင်း ဒီကြောင်ကို သဘောကျလား" ကျန်းယွီချွမ်းသည် သိလျက်နှင့် မေးသည်။


"အရမ်းတော့သဘောကျမပါဘူး၊ ဒီအတိုင်း ကိုင်ကြည့်ရုံပါ။" ကျန်းကျင်ယန်သည် ချောင်းဟန့်ပြီး ကြောင်ကိုမထိရန် သူ့လက်ကို ရုတ်သိမ်းကာ သူ၏ရုပ်သွင်ပုံစံကို တင်းမာစွာ ထိန်းထားလိုက်သည်။


'ကြောင်ကလေးရဲ့ခေါင်းပေါ်က အမွေးတွေက အရမ်းနူးညံ့တာပဲ၊ ညှောင်သံက အရမ်းချစ်စရာကောင်းလိုက်တာ။ ပြီးတော့ နှင်းဘောလုံးလေးလို ဖြူပြီး သေးသေးလေး။'


'နှင်းဘောလုံးလေးလို့ ခေါ်လိုက်တာပေါ့။'


'သေစမ်း၊ ဒီနှင်းဘောလုံးလေးက ငါ့နှလုံးသားကို ခိုးယူသွားခဲ့ပြီ။'


ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ကို စိတ်ဝင်တစား ခဏလောက် စောင့်ကြည့်ပြီး ပြောလိုက်သည်။ "ဒါဆို ကိုယ်ခေါ်သွားလိုက်မယ်။ မင်း ကိုယ့်အိမ်မှာ ဒီကောင်လေးကို လာကြည့်လို့ရတယ်။"


"အိုး… ကျွန်တော်က တိရစ္ဆာန်လေးတွေ၊ အဲလိုမျိုးတွေကို လုံးဝသဘောမကျဘူး။" ကျန်းကျင်ယန်သည် နှင်းဘောလုံးလေးကို တင်းမာစွာ စိုက်ကြည့်နေသည်။ "ဒါပေမဲ့ ရှန့်ရှင်တော့ သွားချင်လောက်မှာပေါ့။"


ကျန်းရှန့်ရှင်သည် အားတက်သရော ပူးပေါင်းပြီး လက်ကို မြှောက်လိုက်သည်။ "ညီမ သွားချင်တယ်၊ သွားချင်တယ်။"


'ငါ့အစ်ကိုက ငါ့ကို ကာဗာအဖြစ် အသုံးချပြန်ပြီ။ ဒါက ငါ့အတွက် ဘယ်လောက်ခက်ခဲသလဲ သိရဲ့လား။'


ကျန်းယွီချွမ်း၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ "အချိန်မရွေး ကြိုဆိုပါတယ်"


ကျန်းကျင်ယန်က အေးစက်စွာ အဝေးကို ကြည့်လိုက်သည်: "..."


'နှင်းဘောလုံးလေး၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး နေကောင်းအောင်နေနော်။ ရက်အနည်းငယ်အတွင်း ဖေဖေ မင်းကို လာကြည့်မယ်…'


ကျန်းယွီချွမ်းသည် မောင်နှမနှစ်ယောက်ကို အိမ်ပြန်ပို့ပြီး ကြောင်နှင့်အတူ ပြန်မောင်းခဲ့သည်။


"အား… ပျော်စရာမွေးစရာလေးပဲ။" ကျန်းရှန့်ရှင်သည် အညောင်းဆန့်ပြီး အမှောင်စင်္ကြံထဲကို လျှောက်သွားသည်။ "ညီမ အစားအသောက်ကောင်းစားရတယ်၊ ဖျော်ဖြေပွဲကြည့်ရတယ်၊ ပြီးတော့ ကြောင်တစ်ကောင်ကို ကယ်ခဲ့တယ်…"


'ဂေးမြင်ကွင်းကိုလည်း သူမမျက်မြင်တွေ့ခဲ့သေးတယ်။'


'ဒါပေမဲ့ ငါပြောလို့မရဘူး။'


"ဂရုစိုက်သွား၊ ခဏနေဦး" ကျန်းကျင်ယန်သည် သူ့ညီမနောက်ကို အမြန်လိုက်ပြီး သူမလက်ကောက်ဝတ်ကို ဖမ်းကိုင်ပြီး အလွန်ကြင်နာသောလေသံဖြင့် ပြောသည်။ "စင်္ကြံက အရမ်းမှောင်တယ်၊ အစ်ကို မင်းကို တွဲကူပေးမယ်။"


ကျန်းရှန့်ရှင်သည် တုန်ယင်လောက်အောင် ပြင်းပြင်းထန်ထန် ရယ်မောလိုက်သည်။ "အစ်ကိုက အမှောင်ကြောက်လို့ပါ။"


ကျန်းကျင်ယန်က တည်ငြိမ်စွာ ငြင်းဆိုခဲ့သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ"


ကျန်းရှန့်ရှင်က တိတ်တဆိတ် ပြောသည်။ "မနေ့က ရုပ်ရှင်ထဲကလို စင်္ကြံမှာ သရဲရှိတယ်"


"ပြောမနေနဲ့တော့။" ကျန်းကျင်ယန်သည် သူမကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


'မင်းက လုံးဝချစ်စရာမကောင်းဘူး။ မင်းအစ်ကိုက မင်းကို ကြိုးကြိုးစားစား ပြုစုပျိုးထောင်ထားတာ ရှက်စရာပဲ။'


ကျန်းရှန့်ရှင်သည် ရယ်ပြီး ကျန်းကျင်ယန်၏လက်မောင်းကိုချိတ်ကာ ပြောသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ… ညီမ မခြောက်လန့်တော့ပါဘူး။"


'ငါ့အစ်ကိုကို မစ္စတာကျန်းလို့ သန်မာတဲ့လူက တကယ်ချစ်ဖို့ လိုတယ်။'


ယနေ့သည် ဟိုတယ်၏ လစဉ်ပုံမှန် စစ်ဆေးခြင်းဖြစ်ပြီး စီနီယာခေါင်းဆောင်များသည် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းများကို စစ်ဆေးရန် ဟိုတယ်၏ ထောင့်တိုင်းသို့ သွားရောက်ကာ စီမံခန့်ခွဲရေးအစည်းအဝေးတွင် ဤကာလအတွင်း တွေ့ရှိရသည့် ပြဿနာများကို တင်ပြပါသည်။


ကျန်းယွီချွမ်းသည် ရုပ်ဖျက်ပြီး တိုင်းခမ်းလှည့်လည်နေသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ သူ့ကို လေးလေးစားစား နှုတ်ဆက်နေသော လက်အောက်ငယ်သားတစ်စုက ဝန်းရံထားပြီး ရှေ့တွင် ခံ့ညားစွာ လျှောက်လှမ်းခဲ့သည်...


ထို့အပြင် လူတိုင်းသည် သူဌေးကျန်း အပြစ်ရှာမည်ကို စိုးရိမ်နေသည်။ သူဌေးကျန်းသည် အလွန်ချောမောသော်လည်း အလွန်အေးစက်နေခဲ့သည်။ သူ့ဘေးတွင် မတ်တတ်ရပ်နေရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။ ထို့အပြင် လက်တလော ဤရေခဲတောင်ကြီးဘေး၌ ရေခဲတောင်သေးလေး ပေါ်လာခဲ့သည်။ နှစ်ယောက်သား အမူအရာမဲ့သောမျက်နှာများဖြင့် အတူတူရပ်နေကာ တစ်ယောက်သည် အေးစက်စက် အမှားကို ရှာဖွေနေပြီး တခြားတစ်ယောက်သည် အေးစက်စက် မှတ်စုများကိုရေးမှတ်နေသည်။


ဤအေးစက်စက်စုံတွဲ အလုပ်အတူတူလုပ်တာက တကယ်ကြောက်စရာကောင်းသည်။


ကျန်းကျင်ယန်သည် လေးနက်သောမျက်နှာဖြင့် ကျန်းယွီချွမ်း၏နောက်သို့ လိုက်သွားပြီး မှတ်စုစာအုပ်လေးကို လက်ထဲတွင်ကိုင်ထားသည်။


ကျန်းရှန့်ရှင် မွေးနေ့ကုန်လွန်သွားတာ လဝက်ကြာသွားခဲ့ပြီး ဒဏ်ရာရသောကြောင်လေး ကောင်းကောင်းမွန်မွန် ပြန်လည်ကောင်းမွန်သွားပုံရသည်။ ကြောင်ကလေး လုံးဝပြန်လည်ကောင်းမွန်သွားသောအခါ ကျန်းယွီချွမ်းသည် ကြောင်လေးကို လာတွေ့ရန် ကျန်းကျင်ယန်ကို သူ့ညီမအား ခေါ်လာနိုင်ကြောင်း တစ်ခေါက်ပြောဖူးပြီး ကျန်းကျင်ယန်က ပျော်ရွှင်စွာ သဘောတူခဲ့သည်။


ဒါဆို နှင်းဘောလုံးကို မင်းအိမ်မှာလိုက်ကြည့်ဖို့ ငါ့ကို ဘယ်အချိန်မှ ဖိတ်မှာလဲ။ ဟမ်…


ကျန်းကျင်ယန် တွေးလိုက်ရင်း ကျန်းယွီချွမ်း၏ အရပ်မြင့်ပြီး အဖက်မလုပ်သောနောက်ကျောကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ဆွဲဆောင်မှုများနှင့် ပြည့်နေသင့်သော်လည်း တည်ငြိမ်ပြီး အထီးကျန်ဆန်နေခဲ့သည်။


သူ့ဘေးနား လျှောက်နေသော ဂျူနီယာမန်နေဂျာသည် ကျန်းကျင်ယန်ကို ကြည့်လိုက်ပြီးနောက် ရှက်ရွံ့ကာ ခေါင်းငုံ့လိုက်သည်။


ဤမျက်နှာပိုင်ရှင်သည် ယခုဘာတွေတွေးနေတယ်ဆိုတာ မည်သူမှမစဉ်းစားနိုင်ပေ။


အား… ငါ့အတွင်းခံက တင်ပါးနှစ်ခုကြားမှာ ကပ်နေပြန်ပြီ။ အရမ်းအဆင်မပြေသလို ခံစားရတယ်။


ဒီလိုအထည်မျိုးတွေ ငါမဝယ်လိုက်သင့်ဘူး။ ဝတ်ရတာ ကြည့်ကောင်းမဲ့ပုံပဲပေါက်တာ၊ ဒါပေမဲ့ လုံးဝအဆင်မပြေဘူး။ ငါ တစ်ခါတည်း ပုံစံငါးမျိုးတောင် ဝယ်လိုက်မိတာ။ ဒါတွေအားလုံး ငါးထည်ဝယ်ရင် ပို့ခအခမဲ့လို့ပြောတဲ့ ဆိုင်ရဲ့အမှားပဲ… ပြီးတော့ ဒါတွေကို ငါဝတ်ရင်တောင် ဘယ်သူမှ တွေ့မှာမှမဟုတ်တာ။


ငါ့ဖင်ကို ပွတ်တိုက်နေတဲ့ ခံစားချက်က တကယ်ကို စိတ်ညစ်စရာကောင်းတယ် ကျစ်... ဘယ်သူမှမကြည့်ခင် ငါ ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ငါ့အတွင်းခံဘောင်းဘီကို ဆွဲထုတ်ရမယ်၊ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။


ကျန်းကျင်ယန်သည် သူ့အရှိန်ကို လျှော့လိုက်ပြီး မည်သူမျှ သတိမပြုမိဘဲ နောက်သို့ ဆုတ်သွားခဲ့သည်။


အရမ်းကောင်းတယ်၊ နောက်မှာဘယ်သူမှမရှိဘူး၊ စောင့်ကြည့်ကင်မရာတွေကနေ မျက်ကွယ်ထောင့်မှာရှိနေလို့ ရှေ့ကနေ ဘယ်သူမှ နောက်ပြန်မလှည့်ကြည့်ဘူး။


ကျန်းကျင်ယန်သည် ညာလက်ကို နောက်သို့ ဆန့်ထုတ်လိုက်ပြီး သောင်းကျန်းနေသော အတွင်းခံဘောင်းဘီကို သူ၏ဘောင်းဘီရှည်မှတစ်ဆင့် ဆွဲထုတ်လိုက်သည်။


ဤစက္ကန့်ပိုင်းအတွင် အရှေ့မှာ လမ်းလျှောက်နေသော ကျန်းယွီချွမ်းက ရုတ်တရက် သူ့ခေါင်းကို လှည့်လိုက်သည်။


သူ့အကြည့်များသည် လူ့နံရံအလွှာများ၏ အတားအဆီးတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကျန်းကျင်ယန်၏ညာလက်ကို ရောက်သွားသည်။


အလွန်အမင်း ထိတ်လန့်မှုကြောင့် ကျန်းကျင်ယန်သည် သူ့ဘောင်းဘီကို တစ်စက္ကန့်လောက် ဆွဲထုတ်လိုက်သည့် အနေအထားတွင် အေးခဲသွားပြီး လူတိုင်း လှည့်မကြည့်မီ သူ့လက်ကို ပြန်ရုတ်လိုက်သည်။


ခဏနေပါဦး။ ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ။ ဒီလိုအချိန်မှာမှ မစ္စတာကျန်းက ဘာလို့နောက်ပြန်လှည့်လာရတာလဲ။


ကျန်းယွီချွမ်းသည် မျက်ခုံးပင့်ကာ ဘာမှမဖြစ်သွားသလို့ ပြန်လှည့်သွားပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ တခြားသူများသည် ရှုပ်ထွေးသောအမူအရာများဖြင့် သူ့နောက်သို့ လိုက်သွားကြသည်။


ကျန်းကျင်ယန်: "…"


အခုလေးတင် မစ္စတာကျန်းရဲ့မျက်လုံးတွေက လှောင်ပြောင်စိတ် ၄၀%၊ ရယ်ချင်စိတ် ၃၀%၊ ယုတ်မာစိတ် ၂၀% နဲ့ ပျော်ရွှင်မှု ၁၀% အတိအကျလင်းလက်သွားတယ်။


ငါထင်တာမမှားနိုင်ဘူး။ ငါက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ပါ။


အမှန်တော့ ပြီးခဲ့သောရက်အနည်းငယ်အတွင်း ကျန်းကျင်ယန်တွင် ထူးထူးဆန်းဆန်း ရူးသွပ်သော အတွေးတစ်ခုရှိခဲ့သည်။


မစ္စတာကျန်းက စိတ်ဖတ်နိုင်သလိုပဲ။


ကျန်းကျင်ယန်သည် "တင်ပါးနှစ်ခုကြားထဲ ချော်ဝင်နေသော အတွင်းခံဘောင်းဘီကို ဆွဲထုတ်ခြင်း" သို့မဟုတ် "တိတ်တဆိတ်လေလည်ခြင်း" ကဲ့သို့သော လျှို့ဝှက်စွာ တစ်ခုခုလုပ်လိုသည့်အခါတိုင်း အသေအချာမျက်မြင်တွေ့လေသည်။ ဤအရာများသည် အထူးသဖြင့် ညစ်ညမ်းနေသော်လည်း လူအများစု ရံဖန်ရံခါ ပြုလုပ်လေ့ရှိကြသည်။ သည်အချိန်မျိုးတွင် ကျန်းယွီချွမ်းသည် အသေးအဖွဲ အလုပ်ကိစ္စများ စီစဉ်ရန် သူ့ကို ချက်ချင်း ခေါ်တာ သို့မဟုတ် ရုတ်တရက် သူ့ကို စိုက်ကြည့်တတ်သည်။


ထို့ကြောင့် ယခု ကျန်းကျင်ယန်သည် သန့်စင်ခန်းထဲတွင် လေလည်တတ်သည် မှော်ဆန်ဆန် အလေ့အထကို တီထွင်လိုက်သည်။


ဤအကျင့်ကို မွေးမြူပြီးနောက် ကျန်းကျင်ယန်ငည် တစ်ရက်ကို တစ်ကြိမ်၊ နှစ်ကြိမ်ထက်ပိုပြီး သန့်စင်ခန်းသွားရတတ်သည်။ သူသည် လေလည်ရန် အထောက်အကူဖြစ်စေသော မုန်လာဥဖြူ၊ ပဲပိစပ် ဒါမှမဟုတ် တခြားအရာများကို ကံမကောင်းစွာ စားသုံးမိပါက မကြာခဏပင် သန့်စင်ခန်းသွားရလိမ့်မည်။ 


ထို့အပြင် အသေးအဖွဲကိစ္စများနှင့်ပတ်သက်လာလျှင် ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏အတွေးအမြင်များကို အမြဲတမ်း ခန့်မှန်းနိုင်ပုံရပြီး မယုံနိုင်လောက်အောင် ထောက်ထားတတ်သူဖြစ်သည်။


ဥပမာအားဖြင့် လူနှစ်ယောက်အတူတူစားသောအခါ ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏အကြိုက်ဆုံးဟင်းများကို အမြဲလိုလို မှာကြားလေ့ရှိပြီး ကျန်းကျင်ယန်စားတာ မစားတာကို အတိအကျသိနေပုံရသည်။ သူသည် ဟင်းပွဲတိုင်းတွင် ကြက်သွန်နီမထည့်ရန် စားပွဲထိုးကို အမြဲသတိပေးပြီး ရုံးကန်တင်းတွင် စားသောအခါ သူသည် မစားမီ ဟင်းပွဲများဆီမှ ကြက်သွန်နီများကို ဖယ်ပစ်သည်။


အဲဒါက သူကိုယ်တိုင် မစားတာကြောင့်လည်း ဖြစ်နိုင်တာပဲ။


တခြားဥပမာတစ်ခုအနေနှင့် ကျန်းကျင်ယန်သည် နေ့ခင်းဘက်အိပ်ငိုက်လာတိုင်း ကျန်းယွီချွမ်းသည် သူ့ကို အိပ်စက်ရန် နားနေခန်းရှိ ကုတင်သေးသေးလေးဆီသို့ ချက်ချင်းဆွဲဆောင်လေ့ရှိသည်...


အဲဒါက ကျန်းကျင်ယန် အရမ်းအိပ်ငိုက်နေတာကြောင့်လည်း ဖြစ်နိုင်တာပဲ။


တခြားဥပမာတစ်ခုအနေနှင့် ကျန်းကျင်ယန်သည် သူ့စိတ်ထဲတွင် ကျန်းယွီချွမ်းအကြောင်း မကောင်းသောစိတ်ကူးများ သို့မဟုတ် အပြင်းအထန်အပြစ်တင်ခြင်းများရှိတိုင်း ကျန်းယွီချွမ်းက သူ့ကိုယ်သူ ရုတ်တရက် သရော်တတ်သည်...


ဒါပေမဲ့ တချို့လူတွေက သူတို့ကိုယ်သူတို့ တစ်ယောက်တည်းရယ်တာ ဒါမှမဟုတ် တစ်ခုခုပြောရတာကို ကြိုက်တာမျိုး ဖြစ်နိုင်တာပဲ...


မစ္စတာကျန်းက တကယ်စိတ်ဖတ်နိုင်ရင် သူက တော်တော်ဆိုးတဲ့စိတ်ထားမျိုးရှိနိုင်တယ်…


ကျန်းကျင်ယန်သည် ကျန်းယွီချွမ်း၏နောက်သို့ လျှောက်သွားကာ တွေးတောနေသည်။ သူ ပိုတွေးလေလေ ပိုဆိုးသလို ခံစားရလေဖြစ်သည်။


ဘုရားရေ၊ ငါ သူ့အနားမှာရှိတဲ့အခါ ကြောက်စရာကောင်းတဲ့ကိစ္စတွေကို စိတ်ကူးလေ့ရှိတယ်။


မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သေချာစဉ်းစားကြည့်ရင် ဒါက တကယ်တော့ မဖြစ်နိုင်ဘူး။


မစ္စတာကျန်းက တကယ်စိတ်ဖတ်နိုင်ရင် ငါတွေးတာကိုဖတ်ပြီးတဲ့နောက်မှာ သူ ဘယ်လို တည်တည်ငြိမ်ငြိမ်နေနိုင်မှာလဲ။


ဟ… ဟုတ်တယ်၊ တကယ့်ရုပ်ဝါဒီတွေက ဒီလိုသဘာဝလွန်ဖြစ်ရပ်တွေကို မယုံဘူး။


ကျန်းကျင်ယန်သည် သတိမမူဘဲ လမ်းလျှောက်သွားနေကာ ရှေ့မှလျှောက်နေသော ကျန်းယွီချွမ်းက ရုတ်တရက် ရပ်လိုက်သည်။ သူသည် သတိမထားမိဘဲ ကျန်းယွီချွမ်း၏နောက်ကျောကို တည့်တည့်တိုက်မိသွားခဲ့သည်။


TK Team Chapter 39