【Volume 2 : လက်ထောက်လေး ၁၈】
Chapter 41
ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ ထိတ်လန့်တုန်လှုပ်သွားသည့်အသွင်အပြင်ကို အေးအေးဆေးဆေး စောင့်ကြည့်ရင်း အပြစ်ကင်းစွာ မေးသည်။ "ဘာလို့ ဒီလိုမျိုး ကိုယ့်ကိုကြည့်နေတာလဲ၊ ဒီနာမည်က တစ်ခုခုဖြစ်လို့လား။"
ကျန်းကျင်ယန်သည် စက်ရုပ်ကဲ့သို့ ခေါင်းယမ်းလိုက်သည်။ "ဘာမှမဖြစ်ပါဘူး… မစ္စတာကျန်း ဒီနာမည်ကို ဘယ်လိုများတွေးမိတာလဲ။"
ဘုရားရေ၊ ဒီကောင်က တကယ်ပဲ စိတ်ဖတ်နိုင်တာလား။
ကျန်းယွီချွမ်းသည် စိတ်မပါသောလေသံဖြင့် ပြောလာသည်။ "သူ့အမွေးတွေက ဖြူပြီး ခန္ဓာကိုယ်က အရမ်းသေးတော့ နှင်းဘောလုံးလေးနဲ့တူတယ်လေ။"
သို့သော် ကျန်းကျင်ယန်သည် ထိုအကြောင်းပြချက်ကြောင့် မယုံကြည်ခဲ့ပေ။
နှင်းအကြောင်းတွေးမိရင်တောင် စကားတစ်လုံးမကျန် တူနေစရာ အကြောင်းမရှိဘူး…
ကျန်းကျင်ယန်၏စိတ်တွေက ကမောက်ကမဖြစ်နေပြီး စိတ်ကူးများသည် ပျံ့လွင့်နေကာ ကျပန်းခန့်မှန်းချက်များ အများကြီး ထွက်ပေါ်လာသည်။ သို့သော် စိတ်ဖတ်နိုင်စွမ်းရှိပုံရသော ကျန်းယွီချွမ်းသည် ဤပြင်းထန်သောဦးနှောက်လှိုင်းကို အာရုံမခံစားနိုင်ပုံပေါ်သည်။ ယင်းအစား သူသည် စာရွက်စာတမ်းများထဲတွင် ခေါင်းငုံ့နေပြီး အလေးအနက် စတင်အလုပ်လုပ်နေသည်။
မဖြစ်ဘူး ငါ ဒါကို စမ်းသပ်ဖို့ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် ငါ အခုကစပြီး နေ့တိုင်း သံသယဖြစ်နေတော့မှာ…
ကျန်းကျင်ယန်သည် စိတ်လှုပ်ရှားစွာတွေးကာ သူ့ထိုင်ခုံတွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။
တစ်မိနစ်အကြာတွင် ကျန်းကျင်ယန်သည် စာရွက်စာတမ်းအဖုံးကို အခွင့်ကောင်းယူ၍ သူ့မျက်နှာကို တစ်ဖက်သို့လှည့်ပြီး ကျန်းယွီချွမ်းကို တင်းမာစွာ စိုက်ကြည့်ရင်း သူ့စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုခဲ့သည်။ 'ကျန်းယွီချွမ်း ငတုံးကြီး'
သို့သော် ကျန်းယွီချွမ်းသည် လုံးဝပြောင်းလဲခြင်းမရှိဘဲ သူ့အကြည့်သည် သူ့ရှေ့ရှိ စာရွက်စာတမ်းများကို အာရုံစိုက်နေခဲ့ပြီး သူ့မျက်ခုံးတွန့်သွားခြင်း၊ သူ့အမူအရာပြောင်းသွားခြင်းပင် မရှိပေ။
ကျန်းကျင်ယန်သည် စိတ်ထဲတွင် ကိုးကြိမ်ရွတ်ဆိုခဲ့သည်။ 'ကျန်းယွီချွမ်း ငတုံးကြီး၊ ငတုံးကြီး၊ ငတုံးကြီး…'
စာကြောင်းတစ်ခုလုံးကိုရွတ်ဖတ်ပြီးနောက် ကျန်းယွီချွမ်း၏မျက်နှာသည် အလွန်အားပြင်းသော လေအေးပေးစက်ကြောင့် အေးခဲသွားသကဲ့သို့ လုံးဝအေးစက်လျက်ရှိသည်။
ကျန်းကျင်ယန် နည်းနည်းစိတ်သက်သာရာရသွားသလို ခဏလောက်စဉ်းစားပြီး သူ့စိတ်ထဲမှာ ထပ်စမ်းကြည့်သည်။ 'မစ္စတာကျန်း၊ ငါ အတွင်းခံဘောင်းဘီကို တိတ်တဆိတ်ထပ်ဆွဲထုတ်ချင်တယ်။ ထပ်ပြီးချော်သွားပြန်ပြီ။ ငါ ဆွဲထုတ်တော့မယ်နော်။ ငါတကယ်ဆွဲထုတ်တော့မယ်။'
စမ်းသပ်မှုရလဒ်များ မှန်ကန်ပြီး ယုံကြည်စိတ်ချရစေရန်အတွက် ကျန်းကျင်ယန်က အတွင်းခံဘောင်းဘီကို အမှန်တကယ် ဆွဲထုတ်ခဲ့သည်။
သို့သော် ကျန်းယွီချွမ်းက သည်ဘက်ကိုပင် မကြည့်ခဲ့ပေ။
ကျန်းကျင်ယန်သည် ပို၍ သက်တောင့်သက်သာ ခံစားရပြီး သူ့ကိုယ်သူ စတင်ဖြေလျော့လိုက်ကာ မဆင်မခြင်အပြုအမူတွင် အရသာတွေ့နေသည်။ သူသည် စိတ်ထဲတွင် ရွတ်ဆိုနေခဲ့သည်။ 'ဥက္ကဋ္ဌကျန်း၊ ဥက္ကဋ္ဌကျန်း၊ ဥက္ကဋ္ဌကျန်းကို ခေါ်နေပါတယ်၊ နောက်ဆုံးသတင်းအချက်အရ နှစ်မီတာအကွာ အရှေ့တောင်ဘက်မှာ ဆာလောင်နေတဲ့ မြေခွေးမတစ်ကောင်ရှိတယ်။ မင်းရဲ့ Armstrong Cannon(Dick) ရဲ့ သူ့ကို မြန်မြန်ထိုးနှက်လိုက်ပါ။ လက်ခံရရှိရင် အကြောင်းပြန်ပေးပါ။ လက်ခံရရှိရင် အကြောင်းပြန်ပေးပါ။ ခေါ်ဆိုမှုပြီးဆုံးပါပြီ။'
ကျန်းယွီချွမ်းသည် မတုံ့ပြန်သေးဘဲ စာရွက်စာတမ်း၏နောက်စာမျက်နှာကို လှန်ကြည့်ပြီး လေးလေးနက်နက် ဖတ်နေပုံရသည်။
ကျန်းကျင်ယန်က ဆက်လက်စူးစမ်းသည်။ 'မစ္စတာကျန်း၊ ဒီည ကြောင်ကြည့်ဖို့ မင်းအိမ်ကို ငါသွားတဲ့အခါ မင်း ငါ့ကို ညအိပ်ခိုင်းဖို့ နည်းလမ်းရှာနိုင်မယ်လို့ မျှော်လင့်တယ်၊ ပြီးရင် ငါတို့…'
ကျန်းကျင်ယန်သည် စကားလုံး ၁၀,၀၀၀ ပါသော ညစ်ညမ်းဝတ္ထုတစ်ပုဒ်ကို သူ့စိတ်ထဲတွင် ချက်ချင်းမြင်ယောင်ခဲ့သည်။
သို့သော် ကျန်းယွီချွမ်း၏အမူအရာမှာ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ။
…အဟား… စိတ်ဖတ်နိုင်စွမ်းလုံးဝမရှိဘူး။ မဟုတ်ရင် ဘယ်လိုလုပ် တုံ့ပြန်မှုလုံးဝမရှိဘဲနေမှာလဲ။
ကျန်းကျင်ယန်သည် သူ့ကိုယ်သူ ဆယ်မိနစ်လောက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ပြီး 'ခါးသေးသေး'ကိုပင် စိတ်ထဲမှာ သီချင်းဆိုနေချိန် ကျန်းယွီချွမ်းသည် တရားထိုင်နေသော ဘုန်းကြီးတစ်ပါးလို ငြိမ်သက်နေပြီး အစအဆုံး မျက်နှာသေအမူအရာဖြင့် စာရွက်စာတမ်းများ၏ စာမျက်နှာတိုင်းကို လှန်ကြည့်နေသည်။
ဟုတ်ပြီ။ သတိရှိစရာမလိုတော့ဘူး။
ကျန်းကျင်ယန်သည် လုံးဝစိတ်သက်သာရာရသွာသည်။ သူသည် ဖုန်းထုတ်ပြီး WeChat တွင် သူ့ညီမထံသို့ စာပို့လိုက်ကာ ညနေပိုင်းတွင် ကြောင်လေးကိုကြည့်ရန် မစ္စတာကျန်း၏အိမ်ကိုသွားမှာဖြစ်ပြီး သူမကို ကျောင်းဆင်းလျှင် လာကြိုမည်ဟု စသဖြင့်… ပြောခဲ့သည်။
ကျန်းရှန့်ရှင်က ချက်ချင်းပြန်ဖြေသည်။ "ကောင်းပြီ။ \(^o^)"
ကျန်းကျင်ယန်: "အတန်းချိန်အတွင်း ဖုန်းကြည့်နေပြန်ပြီ။ ဖုန်းသိမ်းပြီး စာကိုအာရုံစိုက်စမ်း။ မင်းဖုန်းနဲ့ စကားမပြောတော့ဘူး။[စိတ်ဆိုး]"
ကျန်းရှန့်ရှင်သည် လုံးဝစိတ်ရှုပ်ထွေးသွားပြီး သူမဖုန်းကို တိတ်တဆိတ် အိတ်ထဲပြန်ထည့်လိုက်သည်: "…"
အတန်းချိန်အတွင်း အစ်ကိုပဲ အရင်ဆုံး စာပို့လာတာကို။
ငါ့အစ်ကိုက အရမ်း tsundere ဆန်တာပဲ။
တစ်ချိန်တည်းမှာပင် တစ်ဖက်တွင် ကျန်းယွီချွမ်းသည် သူ၏စားပွဲအောက်ရှိ အံဆွဲထဲမှ လျှို့ဝှက်ဆန်းကြယ်သော သားရေမှတ်စုစာအုပ်ကို ထုတ်ယူကာ အမူအရာမဲ့စွာ ဖွင့်လိုက်ပြီး စာမျက်နှာအများစုပေါ်တွင် ရေးခြစ်လိုက်လေသည်။
ထို့နောက် သူသည် ကျန်းကျင်ယန် နောက်တစ်ကြိမ် ခိုးမကြည့်ခင် မှတ်စုစာအုပ်ကို ပိတ်ပြီး နေရာတွင်ပြန်ထားလိုက်သည်။
ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ။
ပြင်းထန်သော မိုးသက်မုန်တိုင်းသည် တစ်နာရီမပြည့်မီ ဆက်လက်ဖြစ်ပွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
စိတ်ဖတ်ခြင်းအချက်ပေးသံကို ရုတ်သိမ်းလိုက်သည်နှင့် ကျန်းကျင်ယန်သည် ကြည်လင်သော ကောင်းကင်ကို စိတ်အခြေအနေကောင်းစွာဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်ကာ တွေးနေမိပြန်သည်။
ဒီမိုးက ကြာပန်းဖြူလေး အပြင်ထွက်ကစားဖို့ တမင်တကာတားဆီးထားတာ ဖြစ်နိုင်တယ်။
အခု မိုးရပ်သွားတဲ့ အကြောင်းရင်းက သူ ခရီးသွားဖို့ အစီအစဉ်ကို ဖျက်သိမ်းပြီး အခန်းထဲ ပြန်ဝင်အိပ်လိုက်တာကြောင့်ဖြစ်မယ်။ ကြာပန်းဖြူက ဂြိုဟ်ဆိုးတစ်ကောင်ကောင် ပြန်လည်ဝင်စားထားတာဖြစ်နိုင်တယ် ဟားဟားဟား…
ကျန်းကျင်ယန်သည် ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
လွန်ခဲ့တဲ့တစ်မိနစ်မှာ ငါ စိတ်ဖတ်သူလို့ထင်ခဲ့တယ်၊ နောက်ကျတော့ ငါ ဂြိုဟ်ဆိုးတစ်ကောင် ပြန်လည်ဝင်စားတယ်လို့ ထင်ပြန်တယ်… အား ငါ့ရဲ့အတွေးလွန်ခြင်းက ရောဂါတစ်ခုပဲ။ ငါ ပျောက်ကင်းအောင် ကုသဖို့ လိုနေပြီ။
တစ်နေ့တာအလုပ်များပြီးသွားပြီးနောက် ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းကိုတင်ကာ သူ့ညီမကို ကျောင်းတွင်ကြိုရန် မောင်းသွားခဲ့သည်။
ပုံမှန်အားဖြင့် စွမ်းအင်ပြည့်ဝသော ကျန်းရှန့်ရှင်သည် ယနေ့တွင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမသည် ဗိုက်ကို စိတ်ပျက်အားငယ်စွာ ဆုပ်ကိုင်ထားသည်။ ကားပေါ်တက်ပြီးနောက် မစ္စတာကျန်းကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ကားနောက်ခန်းတွင် လဲအိပ်ရန် မစောင့်နိုင်တော့ဘဲ နာကျင်မှုကြီးကို ခံစားနေရသကဲ့သို့ အသက်ရှူကျပ်နေခဲ့သည်။
"ဘာဖြစ်နေတာလဲ။ မင်း ဝမ်းလျှောတာလား။" ကျန်းကျင်ယန်က စိတ်ပူစွာ မေးသည်။
"မဟုတ်ဘူး..." ကျန်းရှန့်ရှင်သည် အားနည်းပြီး နာကျင်စွာ ဆိုသည်။ "ညီမဗိုက်က ဒီအတိုင်းနာလာပြီးတော့ ညီမ ရုတ်တရက် တစ်ခုခုဖြစ်သွားတာ… အစ်ကိုသိလား…"
ကျန်းကျင်ယန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါသိပါတယ်။ ဘာလို့ အရမ်းနာနေရတာလဲ"
ဒါကပုံမှန်မဟုတ်ဘူး…
ကျန်းရှန့်ရှင်သည် သေတော့မလို ညည်းတွားလိုက်သည်။ "နေ့လယ်က ညီမ ရေခဲရေသောက်ခဲ့တာကြောင့် ဖြစ်မယ်။ ညီမတောင့်မခံနိုင်တော့ဘူး။ အစ်ကို ညီမကို အိမ်အရင်ပို့ပြီးမှ ကြောင်ကြည့်ဖို့ မစ္စတာကျန်းအိမ်ကို လိုက်သွားလိုက်ပေါ့။"
"အမ်…" ကျန်းကျင်ယန် တုံ့ဆိုင်းသွားသည်။ "ဒါဆို နောက်နေ့မှသွားကြတာပေါ့။ နောက်နှစ်ရက်လောက်နေရင် ငါတို့အတူတူသွားလို့ရတာပဲ။"
"နှစ်ရက်လောက်နဲ့ ပြန်ကောင်းမှာမဟုတ်ဘူး။" ကျန်းရှန့်ရှင်သည် ကားခုံပေါ်ကို ရိုက်လိုက်ပြီး အပြင်းအထန် အော်ဟစ်လိုက်သည်။ "ညီမ တစ်ပတ်လောက် နာကျင်နေမှာ"
အစ်ကိုကို တစ်ယောက်တည်းသွားခိုင်းရင် တစ်ယောက်တည်းသွားလိုက်ပေါ့။ နားပူနားဆာလုပ်မနေနဲ့။
ကျန်းကျင်ယန်က သူမအတွက် စိတ်မကောင်းဖြစ်နေသည်။ "ငါမင်းကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားရမလား။"
"မလိုဘူး" ကျန်းရှန့်ရှင်သည် အားအင်များပြန်ရလာပြီး သူမလက်များကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ငြင်းဆန်သည်။ "ဆေးရုံက ဒါကို မကုသနိုင်ဘူး။ အနားယူဖို့ပဲ ညီမကိုအိမ်ပြန်ခေါ်သွားလိုက်ပါ။ ပြီးရင် အစ်ကို ကြောင်သွားကြည့်ပြီး ဓာတ်ပုံတွေရိုက်ပြီးတော့ ညီမကိုပို့ပေးခဲ့။ ဒါက အဖွဲ့အစည်းက ရဲဘော်ကျန်းအတွက် ပေးအပ်တဲ့တာဝန်ပဲ။"
ကျန်းကျင်ယန်သည် သူ့ညီမကို စည်းရုံး၍မရဘဲ သူမကို အိမ်သို့ အရင်ပို့ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
သူ့ညီမကို အပေါ်ထပ်က သူမအိပ်ခန်းသို့ ပို့ပြီး အိပ်ရန် ကူညီပေးပြီးနောက် ကျန်းကျင်ယန်သည် မီးဖိုချောင်ကို သွားကာ သကြားအညိုရောင်နှင့် ရေနွေးပူပူကို ပန်းကန်လုံးတစ်လုံးတွင် ရောမွှေပြီး ဆေးသေတ္တာထဲက အကိုက်အခဲပျောက်ဆေးကို ထုတ်ကာ iPad တစ်လုံးကို ကိုင်ပြီး နောက်ဆုံးတွင် တံခါးဝမှာ ထားခဲ့သော ကျန်းရှန့်ရှင်၏ကျောင်းလွယ်အိတ်ကို ကောက်ယူလိုက်သည်။ သူသည် ကျန်းရှန့်ရှင်၏အိပ်ရာဘေးတွင် ပစ္စည်းများအားလုံးကို ချလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။ "နာကျင်မှုအရမ်းဆိုးနေမှ ဆေးသောက်နော်။ မင်းသည်းခံနိုင်ရင် မသောက်တာ အကောင်းဆုံးပဲ။ မင်း iPad နဲ့ တစ်နာရီလောက်ပဲ ကစားလို့ရမယ်။ မင်း သက်သာတယ်လို့ ခံစားရတဲ့အခါ အိမ်စာလုပ်နေ။ မင်းအတွက် ပစ္စည်းအားလုံး ငါယူလာတယ်။"
"အစ်ကိုက အရမ်းကြင်နာတာပဲ။" ကျန်းရှန့်ရှင်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမမျက်လုံးများ တောက်ပလာကာ လက်မထောင်ပြလိုက်သည်။ "အစ်ကို့နေရာမှာ တခြားလူသာဆိုရင် ညီမကို 'ရေနွေးများများသောက်'လို့ပဲပြောပြီး ကိုယ့်ဟာကိုယ်အိပ်ရာထဲသွားခိုင်းမှာ။ ဘယ်သူမှ ဒီလိုစဉ်းစားပေးမှာမဟုတ်ဘူး။ အစ်ကိုက ဂေးဖြစ်ဖို့ တကယ်ထိုက်တန်သူပဲ။"
သူမစကားမဆုံးခင်မှာပင် တံခါးအပြင်ဘက်မှ အေးစက်စက်ရယ်သံတစ်ခု ထွက်လာသည်။
ကျန်းယွီချွမ်းက ဧည့်ခန်းထဲမှာ စောင့်နေသည်။
ကျန်းကျင်ယန်၏ မျက်နှာသည် ရုတ်တရက် နီရဲလာပြီး ဒေါသတကြီးပြောလိုက်သည်။ "မင်း အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောရင် ဒီလအတွက် မင်းမုန့်ဖိုးတွေ ဖျက်…"
ကျန်းရှန့်ရှင်သည် သူမဗိုက်ကို ကိုင်ပြီး ကုတင်ပေါ် လူးလိမ့်နေကာ အမြန်ကြားဖြတ်နှောင့်ယှက်လိုက်သည်။ "အိုး၊ အရမ်းနာတာပဲ…"
ကူကယ်ရာမဲ့စွာ ကျန်းကျင်ယန်သည် အိပ်ခန်းထဲမှ ထွက်လာပြီး ဆိုဖာခုတင်ပေါ်တွင် ထိုင်နေသော ကျန်းယွီချွမ်းကို ပြောလိုက်သည်။ "သွားရအောင် မစ္စတာကျန်း။"
အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည့် သေးငယ်သောတိုက်ခန်းဖြစ်သောကြောင့် ကျန်းကျင်ယန်သည် သူ့ညီမအား အိပ်ခန်းကို ပေးကာ ဧည့်ခန်းတွင် အိပ်ရန်အတွက် ဆိုဖာခုတင်တစ်လုံးကို ဝယ်ခဲ့သည်။ နေ့ခင်းဘက်တွင် ဆိုဖာအဖြစ် ခင်းထားပြီး ညဘက်တွင် ကြီးမားသောအိပ်ရာဖြစ်အောင် ဖြန့်နိုင်ကာ နေရာများစွာ သက်သာစေသည်။
ကျန်းယွီချွမ်းသည် ခေါင်းညိတ်ပြပြီး ဆိုဖာခုတင်ပေါ်ကနေ မတ်တတ်ထရပ်လိုက်သည်။ အိပ်ခန်းထဲမှ ကျန်းရှန့်ရှင်၏အသံထွက်လာသည်။ "အစ်ကို… ကြောင်ကလေးအတွက် အစ်ကိုဝယ်ထားတဲ့ အရုပ်တွေနဲ့ မုန့်တွေ ယူသွားဖို့ မမေ့နဲ့နော်"
"အဲဒါတွေက မင်းဝယ်ထားတာလေ။" ကျန်းကျင်ယန်သည် ကြိုတင်ပြင်ဆင်ထားပုံရပြီး တီဗီဘေးမှာ ချထားသော ဈေးဝယ်အိတ်တစ်လုံးကို ကောက်ယူကာ အေးစက်စက်သတိပေးလိုက်သည်။ အထဲတွင် ကြောင်အစာမျိုးစုံနှင့် အရုပ်လေးများရှိသည်။
ဟားဟား… ကံကောင်းလို့ ငါမမေ့ဘူး။ နှင်းဘောလုံးလေးအတွက် ဂရုတစိုက်ရွေးချယ်ထားတဲ့ နှုတ်ဆက်လက်ဆောင်လေးတွေ။
"ကောင်းပြီ ကောင်းပြီ၊ ညီမဝယ်ထားတာပါ… ဟုတ်ပါတယ်…" ကျန်းရှန့်ရှင်သညိ မရိုးသားစွာဝန်ခံပြီးနောက် စောင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး သူမ၏ယခင်အားနည်းပြီး နာကျင်မှုက ချက်ချင်းပျောက်ကွယ်သွားသည်။
သူမက လုံးဝကို အင်အားအပြည့်ဖြစ်နေသည်။
ဒါကို လုံးဝသတိမထားမိသော ကျန်းကျင်ယန်သည် စျေးဝယ်အိတ်များနှင့်အတူ အောက်ထပ်ကို ဆင်းသွားပြီး ကျန်းယွီချွမ်းသည် သူ့နောက်မှလိုက်လာကာ သူ၏နက်နဲသောအကြည့်များက သူ့နောက်ကျောကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။
သူ၏ပါးလွှာသောပုခုံးတစ်စုံသည် နောက်ကျောကို အနည်းငယ်ကွေးစေပြီး သူ၏ကျောရိုးကို ပို၍ဖြောင့်စင်းစေပါသည်။
ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပါးပါးခန္ဓာကိုယ်ထဲမှာ ခံနိုင်ရည်ရှိသော အင်အားတစ်ခုရှိသည်။ သန်မာသည်ဟုမထင်ရဘဲ အားနည်းပုံပေါ်သော်လည်း သူ့ထက် အားနည်းသူများကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားရင်း အချိန်အတော်ကြာ ကြံ့ကြံ့ခံနေခဲ့သည်။
ကျန်းယွီချွမ်းသည် သူ့ခြေလှမ်းများကို မြန်အောင်လှမ်းလိုက်ပြီး ကျန်းကျင်ယန်၏နောက်ကျောကနေ စင်တီမီတာအနည်းငယ်အကွာတွင် ရပ်လိုက်သည်။ သူသည် ကျန်းကျင်ယန်ကို ဖတ်ထားချင်စိတ်အား မခုခံနိုင်သလို သူ၏ခါးတစ်ဝိုက်တွင် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း ကျန်းကျင်ယန် လှည့်ကြည့်လာသောအခါ သူ တည်ငြိမ်စွာ ပြန်ရုတ်သိမ်းလိုက်သည်။
"မစ္စတာကျန်း…" ကျန်းကျင်ယန် လန့်သွားသည်။
စကားတစ်ခွန်းမှ မပြောဘဲ ငါ့အနောက်ကနေ ရုတ်တရက် ကပ်လိုက်လာတာ ဘာရည်ရွယ်ချက်ရှိလို့လဲ။ ဟမ်…
"ဘာမှမဟုတ်ပါဘူး" ကျန်းယွီချွမ်းသည် သူ့ကားသော့ခလုတ်ကို နှိပ်လိုက်ပြီး အေးစက်စက် ပြောသည်။ "ကားပေါ်တက်၊ ကိုယ်မောင်းမယ်။"
ကျန်းယွီချွမ်း၏ နေအိမ်သည် မြို့လယ်တွင် တည်ရှိပြီး တန်ဖိုးကြီးသော လူနေရပ်ကွက်တစ်ခုဖြစ်သည်။ ဤနေရာသည် ကျန်းကျင်ယန် ယခင်က ကြားဖူးနားဝရှိရုံမျှဖြင့် အံ့သြစရာကောင်းလောက်အောင် ဈေးကြီးသည်ဟု ကြားသိရသောအခါတွင် သူ့ဘဝတစ်လျှောက်လုံး လည်ပတ်ရန် အခွင့်အရေးမရှိလောက်ဘူးဟု ဝမ်းနည်းစွာ ညည်းညူခဲ့သည်။
သို့သော်……
ကျန်းယွီချွမ်း တံခါးဖွင့်လိုက်သည်နှင့် အဖြူရောင်သတ္တဝါလေးသည် လျှပ်စီးလက်သလို ပြေးထွက်လာပြီး ကျန်းယွီချွမ်း၏ရင်ခွင်ထဲသို့ ခုန်ဆင်းသွားသည်။ ၎င်း၏အပြစ်ကင်းစင်ပြီး မသိနားမလည်သောမျက်လုံးများက မိုးရွာပြီးနောက် ကြည်လင်သောကောင်းကင်ကဲ့သို့ အပြာရောင်ဖြစ်နေခဲ့သည်။
"..." ကျန်းကျင်ယန် အသက်ပြင်းပြင်းရှူလိုက်သည်။
ရို့ ရို့ ရို့ ရို့~ နှင်းဘောလုံးလေးရေ၊ ဖေဖေ မင်းကိုတွေ့ဖို့ ရောက်လာပြီ။
နှင်းဘောလုံးလေးသည် သူဒဏ်ရာရသောနေ့က သူ့ကို တစ်လမ်းလုံး ချီလာသော ကျန်းကျင်ယန်အား မှတ်မိပုံရသည်။ သူသည် လက်သည်းလေးတစ်ဖက်ကိုမြှောက်ပြီး ကျန်းကျင်ယန်ကို ညင်သာစွာ မြောင်သံထုတ်လိုက်သည်။
ကျန်းကျင်ယန်က အမူအရာမဲ့စွာရှိနေသည်: "…"
ဟေး ~ ဖေဖေ ရောက်နေပြီ ~ လိမ္မာလိုက်တဲ့ကလေး ~
ကျန်းယွီချွမ်းသည် နှင်းဘောလုံးလေးကို ပွေ့ချီကာ ဧည့်ခန်းထဲသို့ လျှောက်သွားရင်း သူ့မျက်လုံးများတွင် အန္တရာယ်ရှိသောအပြုံးဖြင့် လင်းလက်နေပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ "ဝင်ခဲ့လေ"
TK Team Chapter 41