Chapter 42
Viewers 2k

【Volume 2 : လက်ထောက်လေး ၁၉】


Chapter 42


ကျန်းကျင်ယန်သည် နှင်းဘောလုံးလေးအတွက် လက်ဆောင်ကို စိတ်လှုပ်ရှားစွာ သယ်ဆောင်သွားပြီး ကျန်းယွီချွမ်း၏ အိမ်သို့ ဝင်လာခဲ့သည်။


စတုရန်းမီတာ ၃၀၀ ကျော် ကျယ်ဝန်းသော နှစ်လွှာတိုက်ခန်းတွဲကို ကျန်းယွီချွမ်း၏ပုံမှန်သေးငယ်သောပုံစံနှင့် အလှဆင်ထားသော်လည်း အတွင်းကကြော့ရှင်းပြီး ဇိမ်ခံသောလေထုကို ဖုံးကွယ်မထားနိုင်ပါ။ ကျန်းကျင်ယန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာသည် စိတ်မဝင်စားသလို၊ ဂရုမစိုက်သလို ဖြစ်နေသော်လည်း သူ၏အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းငယ်လေးနှင့် ဆိုဖာခုတင်ကို မတွေးဘဲ မနေနိုင်ပေ။


ဆိုဖာခုတင်ပေါ်တွင် အနီးနားက စူပါမားကတ်တစ်ခုမှာ ဈေးရောင်းပွဲကြီးတစ်ခုအတွက် လက်ကမ်းစာစောင်တစ်ခု ချိတ်ဆွဲထားသည်။ သူသည် အဝတ်လျှော်ဆပ်ပြာဘူးကြီးများ၊ စက္ကူများနှင့် ချည်ခြေအိတ်သန့်သန့်များကို ဘောပင်ဖြင့် အမှတ်အသားပြုထားပြီး ဈေးနှုန်းများသက်သာနေချိန်တွင် သီတင်းပတ်ကုန်မှာ ဈေးဝယ်ထွက်ရန် စီစဉ်ခဲ့သည်။ ကျန်းယွီချွမ်း မြင်သွားပြီလားဟု သူတွေးနေမိသည်။


ဧည့်ခန်းထဲမှာ လေထုထဲတွင် ဝက်ပေါင်ခြောက်ကြော်၏ မီးခိုးငွေ့နံ့ခပ်သင်းသင်းလေး ကျန်နေဆဲဖြစ်သည်။ ကျန်းယွီချွမ်း အနံ့ရမလားမသိချေ။


ထို့အပြင် စင်္ကြံရှိအာရုံခံအလင်းသည် လွန်ခဲ့သောရက်အနည်းငယ်ကပျက်သွားခဲ့ပြီး မြေရာစီမံခန့်ခွဲရေးက ၎င်းကိုပြုပြင်ရန်အလွန်ပျင်းရိသောကြောင့် မည်သူမျှမပြုပြင်ကြပေ။


ကျစ်… နေရာတိုင်းမှာ ဆင်းရဲခြင်းရဲ့ အနံ့အသက်ထွက်နေတယ်။


ကျန်းယွီချွမ်း၏ ဇိမ်ခံအိမ်ကြီးတွင် မတ်တတ်ရပ်နေသော ကျန်းကျင်ယန်သည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။


ကံကောင်းထောက်မစွာ သူ၏လက်ရှိလစာက အရင်ကထက် ဆယ်ဆဖြစ်လာသည်။ သေသေချာချာ တွေးကြည့်လျှင် အိပ်မက်မက်သလိုခံစားရသည်။ သူ့ညီမလေးကို အခုမှစ၍ ပိုကောင်းမွန်သောဘဝမျိုး ပေးစွမ်းနိုင်လောက်သည်။


ကျန်းကျင်ယန်၏ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု စီးဆင်းလာသည်။ သူ မော့ကြည့်လိုက်သောအခါ သူ့အကြည့်က ကျန်းယွီချွမ်း၏အေးစက်စက်မျက်လုံးများနှင့် ဆုံမိသွားသည်။


"…သူ့ကိုကိုင်ထားဦး။" ခဏတာတိတ်ဆိတ်သွားပြီးနောက် ကျန်းယွီချွမ်းသည် သူ့လက်မောင်းထဲက နှင်းဘောလုံးလေးကို ကျန်းကျင်ယန်အား ပေးလိုက်သည်။


ကျန်းကျင်ယန်သည် သူ့လက်ထဲက ကြောင်လေးကို ဂရုတစိုက်ယူလိုက်သည်။ ကြောင်လေးသည် အရိုးမရှိလောက်အောင် အလွန်နူးညံ့သည်။ ပျော့ပျောင်းသောအမွေးက နွေးထွေးသော နှင်းမှုန်များကဲ့သို့ သူ့လက်ချောင်းများကို ပေါ့ပါးညင်သာစွာ ပွတ်တိုက်နေသည်။ 


"နှင်းဘောလုံးလေး" ကျန်းကျင်ယန် ခေါ်လိုက်ပြီး သူ့အသံက နှလုံးသားကို အရည်ပျော်နိုင်သလို အလွန်နူးညံ့နေသည်။


သူ့မျက်လုံးများက ချစ်ခင်ကြင်နာမှုအပြည့်ရှိသည်။


နှင်းဘောလုံးလေးသည် နှစ်ကြိမ်မြောင်ပြီး ကျန်းကျင်ယန်၏လက်ဖမိုးကိုလျှက်ရန် ၎င်း၏ပန်းရောင်လျှာလေးကို ဆန့်ထုတ်လိုက်သည်။ 


ဟေး… နှင်းဘောလုံးလေး၊ မင်းက မီးနဲ့ကစားနေတာပဲ။


ကျန်းကျင်ယန်၏ကြောင်ချစ်သောသဘောသဘာဝသည် အပြည့်အဝနိုးကြားလာခဲ့ပြီး သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ သူသည် နှင်းဘောလုံးနဖူးကို အနမ်းကြီးကြီးပေးပြီးနောက် သူ့ပုံစံကို လျစ်လျူရှူရင်း သူ့ရင်ဘတ်ပေါ် နှင်းဘောလုံးလေး၏နူးညံ့သောခန္ဓာကိုယ်ကို ဖိကပ်ပြီး အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။


ကြောင်နဲ့ကစားရတာ တကယ်ပျော်ဖို့ကောင်းတာပဲ။ ငါ နှာဘူးဖြစ်တော့မယ်။


"မင်း တကယ်ကြိုက်တာပဲ။" ကျန်းယွီချွမ်းက သုံးသပ်လိုက်သည်။


"အဟမ်း၊ အဆင်ပြေပါတယ်" ကျန်းကျင်ယန်သည် သူ့အပြုံးကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။ သူသည် အေးစက်စက်မျက်နှာဖြင့် နှင်းဘောလုံးလေးကို မြေပြင်ပေါ်ချလိုက်ပြီး စျေးဝယ်အိတ်ထဲမှ နှင်းဘောလုံးလေးအတွက်ယူလာသော လက်ဆောင်များကို ထုတ်ယူလိုက်သည်။ ငါးပုံစံကြောင်ဘီစကွတ်များ၊ တူနာကြောင်အစာဘူးများ၊ ကြောင်လက်ပုံစံကြောင်လေဆာထုတ်လွှတ်ခြင်းနှင့် အဖြူရောင်အမွေးပွများ၊ အပြာရောင်ကြောင်မျက်လုံးအရုပ်တို့ပါရှိသည်။ အကြည့်တစ်ချက်ဖြင့် ၎င်းသည် နှင်းဘောလုံးလေးနှင့် အတော်လေးဆင်တူပြီး အနည်းငယ်သေးရုံသာဖြစ်သည်။


နှင်းဘောလုံးလေး၊ ဖေဖေ့ကို မြန်မြန်ကျေးဇူးတင်လိုက်ပါဦး…


နှင်းဘောလုံးလေးသည် ချိုမြိန်စွာမြောင်လိုက်ပြီး ကြောင်ဘီစကွတ်ကို စားလိုက်ပြီးနောက် ကြောင်အရုပ်ကို စိတ်အားထက်သန်စွာ ကောက်ယူကာ ဧည့်ခန်းထဲက ကြောင်သစ်ပင်ပေါ်ကို ခုန်တက်ပြီး ကစားနေသည်။


၎င်း ခုန်တက်လိုက်သည်နှင့် ကြောင်ပင်ပေါ်က အိမ်ငယ်လေးထဲမှ နှင်းလိုဖြူဖွေးသောအမွေးနှင့် အပြာရောင်မျက်လုံးများရှိသော ကြောင်ကြီးတစ်ကောင် ထွက်လာခဲ့သည်။ ကြောင်သည် ကျန်းယွီချွမ်း ပျင်းရိစွာ မြောင်လိုက်ပြီး ကျန်းကျင်ယန်ကို ကြည့်ရန် ခေါင်းကိုစောင်းလိုက်သည်။


ကျန်းကျင်ယန်သည် ခဏလောက် ရပ်တန့်သွားပြီးနောက် မြန်မြန်ဆန်ဆန် မှတ်မိလိုက်သည်။ "ဒါက မစ္စတာလင်ရဲ့ကြောင် မဟုတ်ဘူးလား။"


ဒါက အလွန်ဈေးကြီးသော Ragdoll ကြောင်တစ်ကောင်ဖြစ်သည်။ ကျန်းကျင်ယန်သည် ကြောင်မွေးမြူရေးကို ဆက်သွယ်ခဲ့ပြီး လင်ဖုက ကြောင်ကို ရွေးပြီးသည့်နောက် ကျန်းကျင်ယန် သူ့အတွက် ဝယ်ပေးခဲ့သည်။ ကျန်းကျင်ယန်ကိုယ်တိုင် တစ်ကောင်လောက်မွေးချင်သော်လည်း အိမ်မှာမွေးထားရန် ပိုက်ဆံမရှိခဲ့ပေ။ ထို့ကြောင့် ကြောင်ကိုပို့ပေးရန်လမ်းတွင် သူ၏ဆာလောင်မှုကို ဖြည့်ဆည်းရန် ကြောင်နှင့် ခဏလောက် ကစားပြီး စူးချုံ၏အိမ်ကို တွန့်ဆုတ်စွာ ပို့ပေးခဲ့သည်။


နောက်တော့ လင်ဖုက ကြောင်ကို ဖုကွေးအာလို့ အမည်ပေးခဲ့တယ်လို့ ငါကြားတယ်။


နာမည်က ဆိုးလိုက်တာ။


"ဟုတ်တယ်" ကျန်းယွီချွမ်းသည် ကြောင်အစာဘူးနှစ်ဘူးကို လွယ်ကူစွာဖွင့်ရင်း ပြောလိုက်သည်။ "လင်ဖုက မစ္စတာစူးနဲ့ ရက်အနည်းငယ် အားလပ်ရက်ခရီးထွက်သွားလို့ သူ့ကြောင်ကို ကိုယ်နဲ့အတူထားခဲ့တာ။ ကိုယ့်ကိုယ်ပိုင်ကြောင်ကို မွေးကတည်းက လိုအပ်တဲ့ပစ္စည်းတွေအားလုံး ရှိပြီးသားလေ။"


"အိုး… ကျွန်တော်နားလည်ပြီ။" ကျန်းကျင်ယန် ခေါင်းညိတ်ပြလိုက်သည်။


'နှလုံးသားခိုးယူထားသောလက်ထောက်'၏ spin-off ကိုကြည့်ပြီးကတည်းက ကျန်းကျင်ယန်သည် အားလပ်ရက်အကြောင်းပြောတိုင်း Santorini ကို မတွေးဘဲ မနေနိုင်ပါ။


ကျန်းယွီချွမ်းက လျှို့ဝှက်ဆန်းကြယ်သောလေသံဖြင့် ထပ်ပြောသည်။ "သူက မစ္စတာစူးကို စစ်ချွမ်း-တိဗက် အဝေးပြေးလမ်းမကြီးတစ်လျှောက် စက်ဘီးစီးပြီး ခေါ်သွားတာ။"


ကျန်းကျင်ယန်သည် အံ့အားသင့်သွားပြီး ရယ်မောလုနီးပါးဖြစ်ခဲ့သည်: "…"


မစ္စတာလင်က စက်ဘီးတွေကို စွဲလမ်းနေတာလား။


ထို့နောက်တွင် ကျန်းကျင်ယန်သည် အွန်လိုင်းတွင် အလွန်ရေပန်းစားနေသော ဓာတ်ပုံများကို ပြန်အမှတ်ရခဲ့သည်။ ၎င်းမှာ စစ်ချွမ်း-တိဗက် အဝေးပြေးလမ်းမကြီးပေါ်တွင် စက်ဘီးစီးခြင်းမပြုမီနှင့် ပြုလုပ်ပြီးနောက် ချောမောလှပသောအမျိုးသားများနှင့် လှပသောအမျိုးသမီးများ၏ အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုများ ဖြစ်သည်။


စူးချုံ၏အသားဖြူပြီး အားနည်းသောအသွင်အပြင်ကို ပြန်အမှတ်ရသောအခါ ကျန်းကျင်ယန်သည် သူ့အတွက် ချွေးအေးများ ထွက်ကျလာသည်...


"ဖုကွေးအာ ဒီကိုလာ" ကျန်းကျင်ယန်သည် လှပသော Ragdoll ကြောင်ကို စိုက်ကြည့်ကာ ကြောင်ဘီစကွတ်များဖြင့် ဆွဲဆောင်ရန် ကြိုးစားနေသည်။


"ကိုယ် သူ့ကို အဲဒီလိုမခေါ်ဘူး။" ကျန်းယွီချွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "လင်ဖုပေးထားတဲ့နာမည်က အရမ်းဆိုးတယ်။'


"…ကျွန်တော်လည်းပဲ။" ကျန်းကျင်ယန်သည် ချက်ချင်းပင် ဆက်နွယ်နေသောဝိညာဉ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။


ကျန်းကျင်ယန်၏ လုပ်ဖော်ကိုင်ဖက်အားလုံးသည် မစ္စတာလင်နှင့် သူ့ဇနီး၏ အမာခံပရိသတ်များဖြစ်၍ ကျန်းကျင်ယန်သည် 'ဖုကွေးအာ' ဆိုသောနာမည်က Ragdoll ကြောင်များနှင့် မလိုက်ဖက်ဘူးဟု သွယ်ဝိုက်ပြီး အကြံပြုသောအခါ လူတိုင်းက 'ဖုကွေးအာ' ဆိုသောနာမည်သည် Ragdoll ကြောင်များနှင့် လိုက်ဖက်ရုံသာမကဘဲ အလွန်ချမ်းသာကြွယ်ဝ၊ ကြော့ရှင်းပြီး ခေတ်မီဆန်းပြားသော အသံလည်းထွက်ကာ အေးစက်စက်စရိုက်ရှိသော "ကျန်းကျင်ယန်"လို့နာမည်ထက် အများကြီးပိုကောင်းသည်ဟု အခိုင်အမာပြောဆိုကြသည်။ 


ကျန်းယွီချွမ်းသည် ရီမုတ်ကို ကောက်ယူပြီး တီဗီကို ဖွင့်လိုက်ရင်း ပြောသည်။ "သူ့ကို ပင်းရှန်း(ရေခဲတောင်)လို့ နာမည်အသစ်တစ်ခု ပေးထားတယ်။"


ကျန်းကျင်ယန်: "…"


အမ်… မစ္စတာကျန်း၊ ခင်ဗျားရွေးထားတဲ့နာမည်က ဖော်ပြဖို့ အတော်လေး ခက်တယ်။


သူနာမည်ပေးတာ မစ္စတာလင်နဲ့ ထူးမခြားနားပါပဲ။


Ragdoll ကြောင်သည် ကြောင်စာခွက်ကို ကုန်အောင်စားပြီး ၎င်းနှင့်ယှဉ်လျှင် အတော်လေးသေးငယ်သော နှင်းဘောလုံးလေးကို ၎င်းခန္ဓာကိုယ်အောက်တွင် ဖိထားလေသည်။


နှင်းဘောလုံးလေးသည် မြောင်ပြီး ရှောင်ရန် ရုန်းကန်လေသည်။


ကျန်းယွီချွမ်းသည် တီဗီရီမုတ်ပေါ်က ခလုတ်အနည်းငယ်ကို နှိပ်လိုက်ပြီး ကြောင်နှစ်ကောင်ကစားနေတာကို လက်ညှိုးထိုးပြကာ အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။ "ပင်းရှန်းနဲ့ နှင်းဘောလုံးလေး"


မိသားစုလေးယောက်က တကယ်ကို ရေခဲလို တောက်ပနေတာပဲ။


...ရေခဲတောင်(ပင်းရှန်း)နဲ့ နှင်းဘောလုံးဆိုတာ မစ္စတာကျန်းနဲ့ ငါပဲဆိုပြီး အတွေးလွန်နေမိသလား။


ကျန်းကျင်ယန်၏ နှလုံးသားသည် ရှင်းမပြနိုင်လောက်အောင် ခုန်ပေါက်နေပြီးမှ နှင်းဘောလုံးလေပေါ်မှ ပင်းရှန်းကို ဆွဲယူလိုက်ပြီး လက်တစ်ဖက်စီတွင် ကြောင်တစ်ကောင်ကို ကိုင်ထားကာ ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး ဘယ်ညာကို ပွတ်သပ်ရင်း ကြောင်များကို ပွတ်သပ်ခြင်း၏ ကောင်းကင်ဘုံမှာ အပြည့်အဝ နှစ်မြှုပ်လိုက်သလိုပင်။


ကျွတ် ကျွတ် ကျွတ်…ဒါက ဝိုင်နဲ့ အသားပွဲတော်တစ်ခုလိုပဲ။


ကျန်းကျင်ယန်သည် ပျော်ရွှင်မှုကြောင့် ရှက်သွေးဖြာသွားပြီး နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာကာ တည်ငြိမ်မှုကို လုံးဝမထိန်းထားနိုင်ခဲ့ပေ။


ဒီနတ်ဆိုးလေးနှစ်ကောင်ကို ငါတကယ် ဖျက်ဆီးပစ်ချင်ပြီ။ ခွင့်ပြုချက်မရှိဘဲ ငါ့မျက်နှာကို လျက်ရဲတယ်ပေါ့။


သို့သော် ဤငြိမ်းချမ်းပြီး နွေးထွေးသောအခိုက်အတန့်တွင် ရုတ်တရက် တီဗီမှ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တီးလုံးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


ကျန်းကျင်ယန်သည် လန့်သွားသော်လည်း မော့မကြည့်ရဲဘဲ ကြောင်ကို ပွတ်သပ်ရန် သူ့ကိုယ်သူ ဖိအားပေးထားခဲ့သည်။


"ဇာတ်ကားအတူတူကြည့်ကြရအောင်။" ကျန်းယွီချွမ်းသည် တည်ငြိမ်စွာ အဝေးထိန်းခလုတ်ကို ဘေးသို့ပစ်ချလိုက်သည်။


"ကောင်းပြီ။" ကျန်းကျင်ယန်သည် ကြောင်နှစ်ကောင်ကို တည့်တည့်စိုက်ကြည့်နေပြီး ဖန်သားပြင်ကို မကြည့်ဘဲနေသည်။


ကျန်းယွီချွမ်းသည် မျက်ခုံးတစ်ဖက်ပင့်ပြီး ဖြည်းဖြည်းချင်းရှင်းပြသည်။ "ဒီဇာတ်ကားက စွန့်ပစ်ထားတဲ့စက်ရုံတစ်ရုံမှာ မီးရှို့သတ်ခံခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းပါ။ သေရာကနေပြန်လာပြီးနောက် သူက အိပ်မက်တွေကို ကျူးကျော်ဝင်ရောက်ပြီး အဲဒီထဲမှာရှိတဲ့လူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နိုင်တဲ့စွမ်းရည်ကို ရရှိခဲ့တယ်။ သူ့ရဲ့ညာဘက်လက်က သံမဏိဓားငါးချောင်းနဲ့လုပ်ထားတဲ့ ကတ်ကြေးလက်တစ်ဖတ်ပဲ…" 


ကျန်းကျင်ယန်က ခက်ခက်ခဲခဲမျိုချလိုက်သည်။ "...အိုး"


ဘုရားရေ… ဒါက ကျန်းရှန့်ရှင် ပြီးခဲ့တဲ့ရက်အနည်းငယ်က ကြည့်ခဲ့တဲ့ "The Deadly Scissors" ဇာတ်ကားမဟုတ်ဘူးလား။


'နှလုံးသားခိုးယူထားသောလက်ထောက်'နဲ့ နာမည်ပေးပုံချင်း တူနေတဲ့အချိန်မှာ ဘာလို့ ဇာတ်ကွက်က ဒီလောက်ရက်စက်ရတာလဲ။


ရက်အနည်းငယ်က ကျန်းရှန့်ရှင်သည် ကျန်းကျင်ယန်ကို သူမနှင့်အတူ ဇာတ်ကားကြည့်ရန် ခဏလောက် ဆွဲခေါ်သွားခဲ့သော်လည်း ဇာတ်ကားက အလွန်ရက်စက်လွန်းသည်။ ကျန်းကျင်ယန်သည် အလွန်ကြောက်လွန်း၍ ငါးမိနစ်အကြာမှာ အပေါ့သွားချင်လာပြီး စိတ်မဝင်စားဘူးဆိုသော ဆင်ခြေပေးပြီး ထွက်ပြေးသွားခဲ့သည်... သို့သော် သူ ဘယ်လောက်ပဲ ရှောင်ရှားရန်ကြိုးစားပါစေ ကျန်းယွီချွမ်း၏အိမ်တွင် ယနေ့မျက်မြင်တွေ့နေရဆဲဖြစ်သည်။


ဒါက ဘယ်လိုဖြစ်နိုင်ခြေမျိုးလဲ။


သူ့ညီမသည် အတွင်းခံတောင် မကျန်တော့သည်အထိ သူ့အား ရောင်းစားလိုက်သည်ဆိုတာ လုံးဝမသိလိုက်ဘဲ ကျန်းကျင်ယန်သည် ကြောင်ကို ပွတ်သပ်ပေးဖို့ပဲ အာရုံစိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။


"မင်းကြောက်နေတာပဲ" ကျန်းယွီချွမ်းက တည်ငြိမ်စွာ သုံးသပ်လိုက်သည်။


"မကြောက်ပါဘူး။" ကျန်းကျင်ယန်သည် အားတင်းပြီး ပြုံးလိုက်ကာ မျက်လုံးများကို အောက်သို့ငုံ့ရင်း နှင်းဘောလုံးကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။


ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ မေးစေ့ကို လက်ချောင်းတစ်ချောင်းဖြင့် ညင်သာစွာ မြှောက်လိုက်ပြီး တစ်ဝက်ပြုံးကာ ပြောလိုက်သည်။ "ဒါဆို ဘာလို့ ခေါင်းမမော့ရဲတာလဲ" 


ကျန်းကျင်ယန်၏ မျက်နှာက ရဲတွတ်သွားသည်။ သူ၏ကြောက်တတ်သောစိတ်ကို ဖော်ထုတ်လိုက်၍လား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လားဆိုတာ သူမသိပေ။ သူက ဖန်သားပြင်ကို ခဏလောက် တောင့်တင်းစွာ စိုက်ကြည့်နေပြီးမှ နောက်ထပ်သွေးထွက်သံယို မြင်ကွင်းတစ်ခု မရောက်ခင် အမြန်မျက်နှာလွှဲလိုက်သည်။


တော်တော်ကြောက်တတ်တဲ့သူပဲ။


ကျန်းယွီချွမ်းသည် တိုးတိုးလေးရယ်လိုက်ပြီး ပတ်ဝန်းကျင်က အနည်းငယ် မရေမရာဖြစ်လာသည်။


"အဟမ်း... မစ္စတာကျန်း၊ ညဉ့်နက်နေပြီဆိုတော့ ကျွန်တော် အခုသွားတော့မယ်။" ကျန်းကျင်ယန်သည် ပျာယာခတ်နေသောအခြေအနေမှ မတ်တတ်ရပ်လိုက်ကာ ဆိုဖာပေါ်ရှိ သူ၏အပေါ်ဝတ်ကို ကောက်ယူလိုက်သည်။


"ကောင်းပြီ၊ မနက်ဖြန်တွေ့မယ်" ကျန်းယွီချွမ်းသည် ထရပ်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားရင်း ပြောလိုက်သည်။ သူသည် ဝှီးခနဲ ကုလားကာများကို ဘေးဖယ်လိုက်သောအခါ မျက်နှာကြက်မှ ကြမ်းပြင်ပြတင်းပေါက်များ အပြင်ဘက်တွင် မှောင်မိုက်နေသော ညတစ်ညကို ပေါ်လွင်စေပြီး မိုးစက်များက ပြတင်းပေါက်မှန်ပေါ်တွင် တဖျပ်ဖျပ်ကျနေသည်။


မိုးကြိုးမုန်တိုင်းများ ပြန်စနေလေသည်။


ညဉ့်နက်တဲ့အထိ မုန့်သွားစားတဲ့ ကံဆိုးသူတစ်ယောက်ရဲ့ ပြန်လည်ဝင်စားမှုပဲ ဖြစ်ရမယ်... ကျန်းကျင်ယန်သည် သူ့ကိုယ်သူ အာရုံလွှဲရန် အကြံတစ်ခု မြန်မြန်ရလိုက်သည်။


"မင်း မိုးညတစ္ဆေအကြောင်း ကြားဖူးလား။" ကျန်းယွီချွမ်းသည် လှည့်လိုက်ပြီး မြင်ကွင်းက ပေါ်လာသလို ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်ကို မိုးကြိုးများ ထိုးဖောက်သွားသည်။ "ဒါက မြို့ပြဒဏ္ဍာရီတစ်ခုပါ။ ဒီလိုမိုးရွာတဲ့နေ့တွေမှာ ပေါ်လာပြီး တစ်ယောက်တည်းရှိနေတဲ့ လူငယ်လေးတွေကို အဓိကထား တိုက်ခိုက်တယ်လို့ ပြောကြတယ်။"


နောက်ဆုံးတွင် လွှဲဖယ်နိုင်ခဲ့သော ကျန်းကျင်ယန်၏အာရုံကို ချက်ချင်းပဲ ပြန်ရုပ်သိမ်းခံလိုက်ရသည်...


"ဘာပဲဖြစ်ဖြစ် မင်းကြောက်မှာမဟုတ်ပါဘူးလေ။" ကျန်းယွီချွမ်းသည် တံခါးဆီ လျှောက်သွားပြီး ကျန်းကျင်ယန်အတွက် တံခါးဖွင့်ပေးရန် ဟန်ဆောင်လိုက်ပြီး သူ၏ရှင်းလင်းပြတ်သားပြီး အေးစက်သောအသံက ထူးဆန်းသည့်အဓိပ္ပာယ်နှင့် ရောယှက်နေသည်။ "ဒါနဲ့ ဓာတ်လှေကားမှာ သရဲခြောက်တယ်လို့ မကြာသေးခင်က ကြားထားတယ်"


ကျန်းကျင်ယန်သည် ဝင်ပေါက်တွင် တိတ်ဆိတ်စွာ မလှုပ်မယှက် ရပ်နေသည်: "..."


ကျန်းယွီချွမ်းက လေးနက်သော လေသံဖြင့် ပြောသည်။ "ဒါကြောင့် ဓာတ်လှေကားထဲမှာ ထူးဆန်းတဲ့လူတစ်ယောက် ရုတ်တရက် ပေါ်လာရင် အနီးဆုံးထပ်ခလုတ်ကို ချက်ချင်းနှိပ်ပြီး ဓာတ်လှေကားတံခါးတွေ ပွင့်တာနဲ့ ပြေးပါ။"


"ကောင်းပြီ၊ မစ္စတာကျန်း" ကျန်းကျင်ယန်သည် တည်ငြိမ်စွာ လှေကားမှဆင်းရန် ဆုံးဖြတ်လိုက်သည်။


"...ဒါပေမဲ့ မင်းလှေကားကနေလည်း ဘယ်တော့မှ မဆင်းသင့်ဘူး" ကျန်းယွီချွမ်းက ဆက်ပြောသည်။ "လှေကားတွေက ပိုပြီးရှုပ်ထွေးတယ်။ မင်း တစ်ခါသွားလိုက်တာနဲ့ လှေကားအောက်ခြေကို ဘယ်တော့မှ မရောက်တော့ဘူး။"


ကျန်းကျင်ယန်: "…"


ငါသိပြီ၊ မစ္စတာကျန်းက ဒီနေ့ သူ ဆေးမသောက်ခဲ့ဘူးပဲ။


"စင်္ကြံထဲမှာလည်း ကြာကြာမနေနဲ့နော်" ကျန်းယွီချွမ်းသည် ယုတ်မာသောအကြည့်နှင့် လေးနက်သောလေသံဖြင့် ပြောသည်။ "ဇာတ်လမ်းထဲက အိပ်မက်လူသတ်သမားနဲ့ မင်းတွေ့နိုင်တယ်"


ဒါတွေအားလုံးက အတော်လေး ရယ်စရာကောင်းသောအရာများဖြစ်သော်လည်း ဘယ်တော့မှ နောက်ပြောင်လေ့မရှိသည့် ကျန်းယွီချွမ်းသည် သူတို့ကို လေးနက်သောလေသံနှင့် ပြောသောအခါ သူတို့၏ကြောက်စရာကောင်းသော သက်ရောက်မှုက ချက်ချင်းပဲ အဆပေါင်းများစွာ တိုးလာခဲ့သည်...


ကျန်းကျင်ယန်၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။


သို့သော် ကြောက်ရွံ့မှုကြောင့် မဟုတ်ပါ။


သူ့ခန္ဓာကိုယ်ကို ကျန်းယွီချွမ်းဘက်သို့ မျက်နှာမူလိုက်ပြီး နံရံမီးအိမ်၏ နွေးထွေးသော အဝါရောင်အလင်းရောင်အောက်မှာ သူ၏ထူထဲသော မျက်တောင်မွှေးများက စိတ်လှုပ်ရှားစွာ တုန်ခါနေပြီး သူ့အသံကလည်း တုန်ယင်နေသည်။ "မစ္စတာကျန်း... ခင်ဗျားက ကျွန်တော့်ကို တမင်တကာ ခြောက်လှန့်နေတာပဲ။"


ကျန်းယွီချွမ်းက ညင်သာစွာ ရယ်မောလိုက်ပြီး ကျန်းကျင်ယန်၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ပါးပြင်ကဲ့သို့ ပူလောင်နေသော လည်ပင်းနောက်ဘက်ကို ကျန်လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ ထို့နောက် သူ ခေါင်းကို ငုံ့လိုက်ပြီး ပုံမှန်အားဖြင့် အရုပ်ကဲ့သို့ လှပသော်လည်း ခံစားချက်မဲ့သော သူ၏မျက်လုံးများသည် ပထမဆုံးအကြိမ် အနည်းငယ် ကွေးညွှတ်သွားပြီး သူ့အပြုံးသည် ညင်သာစွာ ထွက်ပေါ်လာကာ နှုတ်ခမ်းများသည် စင်တီမီတာဝက်ထက် မပိုသော အကွာအဝေးတွင် ရှိနေသည်။


"ဘယ်သူက အရူးလဲ" ကျန်းယွီချွမ်းက ညင်သာစွာမေးလိုက်သည်။


သူ၏ မျက်နှာပေါ်တွင် တစ်ဖက်လူ၏ ညင်သာစွာ အသက်ရှူသံနှင့် သူ့ခါးကို တင်းကျပ်စွာ ကိုင်ထားသောလက်၏ နွေးထွေးမှုကို ခံစားလိုက်ရသောအခါ ကျန်းကျင်ယန်၏ နှလုံးသားက ပြင်းထန်စွာ တဒိတ်ဒိတ်ခုန်သွားသည်။ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကိုတောင် သူနားမလည်နိုင်ခင်မှာပဲ နူးညံ့ပြီး အေးမြသော အထိအတွေ့တစ်ခုက ရုတ်တရက် သူ့နှုတ်ခမ်းကို ထိမှန်သွားသည်။ မိုးတိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလိုမျိုး သူ ခြေလက်များ ပြတ်သွားသလို ခံစားလိုက်ရသည်။ သူ့လက်များက ကျန်းယွီချွမ်း၏လည်ပင်းကို အလိုလိုရောက်သွားပြီး ခွာမလိုဖြစ်သော နှုတ်ခမ်းများက တစ်ဖက်လူ၏ စိတ်မရှည်သောအနမ်းကြောင့် ပိတ်ဆို့သွားသည်။ အသက်ရှူမဝသော ချိုမြိန်သည့် အထိအတွေ့တစ်ခုက သူ့အပေါ်မှာ လွှမ်းခြုံသွားပြီး ကျန်းကျင်ယန်သည် ယိုင်ထိုးသွားကာ နှစ်ယောက်သား တံခါးကို မှီလျက် အနမ်းက ပိုပိုပြီး ပြင်းထန်လာပြီး မမေ့နိုင်စရာ ဖြစ်လာသည်။


"ခဏလေး... မစ္စတာကျန်း..." ကျန်းကျင်ယန်သည် အနမ်းကြောင့် အတွေ့အကြုံမရှိသလို အသက်ရှူလည်း မဝဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်သည် သူ့ကို အလိုလိုတွန်းထုတ်လိုက်သော်လည်း သူ၏နှလုံးသားက ပိုမိုပြင်းထန်သော တိုးတက်မှုကို တောင့်တလာသည်။ "လွှတ်ဦး..."


မင်းလွှတ်လိုက်ရင် ယောက်ျားမဟုတ်တော့ဘူး။


ကျန်းယွီချွမ်းသည် မျက်လုံးများ မည်းမှောင်လာပြီး လှောင်ပြောင်လိုက်သည်။ သူသည် ကျန်းကျင်ယန်၏ မရိုးသားသော နှုတ်ခမ်းများကို ပြင်းပြင်းနမ်းလိုက်ပြီး သူ့ကို ပွေ့ချီကာ ဒုတိယထပ်ရှိ အိပ်ခန်းဆီသို့ လှေကားအတိုင်း တက်သွားသည်။


"မစ္စတာကျန်း၊ ခင်ဗျား ဘာလုပ်နေတာလဲ" ကျန်းကျင်ယန်သည် ရှေ့တိုးနောက်ငင် ရုန်းကန်နေပြီး သူ၏မျက်နှာအမူအရာမှာ ခုခံမှုနှင့် ထိတ်လန့်မှုတို့ ရောနှောနေသည်။


နောက်ဆုံးတော့ ရောက်လာပြီလား။ တကယ်ရောက်လာပြီလား။ ငါ့ရဲ့ဂန္ဓာပန်း ပေးရမဲ့နေ့ ရောက်လာပြီ အားးး... ငါအရမ်းရှက်တာပဲ။ အသက်ရှူလို့မရတော့ဘူး။ မစ္စတာကျန်း၊ ငါ့ကိုအမှန်အတိုင်းပြောပါ၊ မင်းငါ့ကို တိတ်တိတ်လေးချစ်နေတာကြာပြီမလား။ ငါမင်းကိုပြောပြမယ်၊ ငါလည်း မင်းကို တိတ်တိတ်လေးချစ်နေတာကြာပြီ။ မင်းဒီနေ့ငါနဲ့အိပ်မှာ၊ ဘာလို့ငါ့ကိုကြိုတင်အသိမပေးတာလဲ။ ဒီနေ့ည ငါဘာလိုးရှင်းမှမလိမ်းထားဘူး၊ ဒီနေ့ငါ့လက်တွေနည်းနည်းကြမ်းနေမလားမသိဘူး။ ပြီးတော့ ဒီနေ့ဝတ်ထားတဲ့အတွင်းခံနဲ့ ငါတကယ်ကျေနပ်မှုမရှိဘူး၊ ဘာလို့လဲဆိုတော့ နည်းနည်းဆွဲဆောင်မှုရှိလွန်းလို့ပဲ။ ငါ့ကို ပုံမှန်လိင်ဆက်ဆံလေ့ရှိတဲ့ပုံပေါက်စေတယ်၊ ဒါပေမဲ့ ငါကလိင်ဆက်ဆံမှုလုံးဝမရှိဘူးနော်။ အဲဒါက ငါ့ရဲ့ပထမဆုံးအနမ်း၊ မင်းကိုငါပြောပြရင် မင်းယုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါမင်းကိုသာမကြိုက်ရင် မင်းကိုငါဘယ်တော့မှနမ်းခွင့်မပြုဘူး၊ သေစမ်း၊ ပထမဆုံးအကြိမ်က အရမ်းနာတယ်လို့ ငါကြားဖူးတယ်၊ တကယ်အရမ်းနာတာလား။


အလွန်အမင်းတင်းမာမှုကြောင့် ကျန်းကျင်ယန်၏ အတွင်းစိတ်က မငြိမ်မသက်မှုများ ရေကြီးရေလျှံမှုလို ပေါက်ကွဲထွက်လာခဲ့သည်...


ပုဒ်ဖြတ်ပုဒ်ရပ်တောင် မရှိတော့ပေ။


"မင်းစကားပြောဆင်ခြင်ပါ။ တိတ်တိတ်နေ။" ကျန်းယွီချွမ်းသည် ပေါက်ထွက်တော့မလို အသက်ကိုပြင်းပြင်းရှူလိုက်သည်။


"…ကျွန်တော် ဘာမှမပြောရသေးဘူးလို့ ထင်တာပဲ။" ကျန်းကျင်ယန်သည် ရုတ်တရက် မှားယွင်းသလို ခံစားလိုက်ရသဖြင့် အဆောက်အအုံပေါ်မှ ခုန်ချချင်စိတ် ပေါက်သွားသည်။


TK Team Chapter 42