【Volume 2 : လက်ထောက်လေး ၂၁】
Chapter 44
သူ ကောင်းကောင်းနားမလည်သော်လည်း ကျန်းကျင်ယန်သည် သူ့စိတ်ထဲတွင် ရိုးရိုးသားသား ရေတွက်နေဆဲဖြစ်သည်။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်...
တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...
သူသည် အာရုံထွေပြားမှုမရှိဘဲ အလွန်အလေးအနက်ထားပြီး ရေတွက်နေခဲ့သည်။
ပြင်ဆင်မှုများ ပြီးခါနီးပြီဆိုတာမြင်တော့ ကျန်းယွီချွမ်းသည် ထိုလူကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းတင်းကျပ်ကျပ်ဖက်ကာ အနမ်းများနှင့် ကြင်နာစွာပွတ်သပ်မှုများဖြင့် သူ့ကို စိတ်အာရုံထွေပြားစေပြီးနောက် ဖြည်းဖြည်းချင်း အဓိကနေရာကိုသွားခဲ့သည်။
ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏တောင့်တင်းနေသောကျောကို ပွတ်သပ်ပေးရင်း သူ၏တည်ငြိမ်အေးဆေးသောမျက်လုံးများသည် ရမ္မက်၏နှိပ်စက်မှုကြောင့် အနည်းငယ်နီရဲနေသော်လည်း သူသည် လမ်းတစ်ဝက်တွင်ရပ်ပြီး စိတ်ရှည်လက်ရှည် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ "နာတယ်ဆိုရင် ကိုယ်ဖြည်းဖြည်းချင်းသွားပေးမယ်၊ မကြောက်ပါနဲ့။"
"အင်း… နာတယ်။" ကျန်းကျင်ယန်သည် နာကျင်စွာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရေတွက်ရသောအလုပ်ကိုလည်း လုံးဝမေ့သွားသည်။
'သူက ငါ့ယောက်ျားဖြစ်ထိုက်တယ်။ သူ အမြဲဂုဏ်ယူရတဲ့ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းက ပျောက်ဆုံးသွားမဲ့ လက္ခဏာမပြုရုံသာမက ငါနာကျင်နေမလားဆိုတာကိုတောင် ဂရုစိုက်ချင်စိတ်ရှိနေတယ်။'
'ဘယ်အချိန်မဆို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတဲ့ သာမန်ဥက္ကဋ္ဌတွေနဲ့ လုံးဝမတူဘူး။"
"..." သူအမြဲဂုဏ်ယူခဲ့ရသော ကျန်းယွီချွမ်း၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက ရုတ်တရက် ပျောက်ဆုံးသွားသည်။ သူ့နဖူးတွင် သွေးကြောများ အနည်းငယ်ထောင်ထလာသည်။ သူ့လှုပ်ရှားမှုများကို နှေးကွေးအောင် သူ့ကိုယ်သူ တွန်းအားပေးရင်း အံကြိတ်နေသောသွားကြားထဲမှ စကားသံထွက်လာသည်။ "မင်းစိတ်ထဲမှာ ရေတွက်နေ"
"ဟမ်…" 'ဒါပေမဲ့ ငါရေတွက်မနေမှန်း သူဘယ်လိုသိတာလဲ။' ကျန်းကျင်ယန်သည် ကြောင်တက်တက် ရေတွက်နေသော်လည်း သူ့အောက်မှ နာကျင်မှုနှင့် ထိုးဖောက်ခံရသော ထူးခြားမှုကြောင့် သူ၏သံသယများက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့သည်။
အစပိုင်းမှာ မသက်မသာဖြစ်မှုကို ခံနိုင်ရည်ရှိပြီးနောက် ကျန်းကျင်ယန်၏ ခန္ဓာကိုယ်အောက်တွင် စူးရှသောခံစားချက်တစ်ခု စတင်ခဲ့ပြီး သူ့ကျောရိုးတစ်လျှောက် တစ်လက်မချင်းစီ တက်လာခဲ့သည်။ အရေးကြီးသည့်အမှတ်တစ်ခုအထိ စုပုံလာပြီး ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူ့သွေးကြောများကနေတစ်ဆင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ပျံ့နှံ့သွားပြီး ဆဲလ်တိုင်းက နောက်ထပ်အရာများကို အော်ဟစ်တောင်းဆိုနေကြသည်။ သည်လိုအရာမျိုး တစ်ခါမှ မကြုံဖူးသည့်အတွက် ကျန်းကျင်ယန်သည် စိတ်ရှုပ်ထွေးစွာ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။ ပန်းရောင်ဘောပင်နှင့် ပေါ့ပေါ့ပါးပါး ရေးခြစ်ထားသလို သူ၏နီရဲနေသောမျက်လုံးအိမ်က လှပပြီး ဆွဲဆောင်မှုလည်း ရှိသည်။ သဘာဝမျက်ရည်များသည် သူ့မျက်လုံးထောင့်များတွင် စီးကျလာပြီး ကျဆင်းရန် ခြိမ်းခြောက်နေသည်။
မျက်နှာသည် သွေးဆောင်မှုဖြင့် ပြည့်နှက်နေတာ ထင်ရှားသော်လည်း သူသည် အပျော်အပါးရှောင်ရှားခြင်းနှင့် အေးစက်စက်အမူအရာကို ဟန်ဆောင်ရန် သူ့ကိုယ်သူ ဖိအားပေးခဲ့သည်။
"ကျွန်တော် မခံနိုင်တော့ဘူး၊ အား…" ကျန်းကျင်ယန်သည် သူ့မျက်နှာကို လက်နှင့်အုပ်ပြီး ရှက်ရွံ့စွာ တိုးတိုးလေး တောင်းဆိုသည်။ "ညင်သာဦး…"
"တကယ်ညင်သာစေချင်တာလား။" ကျန်းယွီချွမ်းသည် သူ့မျက်နှာကို ပိတ်ဆို့ထားသော ကျန်းကျင်ယန်၏လက်ကို ဖယ်လိုက်ပြီး ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသော တစ်ဖက်လူ၏ မျက်နှာကို ငေးကြည့်နေသည်။
ကျန်းကျင်ယန်က အော်လိုက်သည်။ "တကယ်…"
'သေချာပေါက်အတုအယောင်ပေါ့။ ငါ ယဉ်ကျေးရုံသက်သက်ပါ၊ အတည်မယူပါနဲ့။ ငါ့ရဲ့ဒီလှည့်စားတတ်တဲ့နတ်ဆိုးလေးကို မြန်မြန်လုပ်ထည့်လိုက်။ ငါ ဘယ်လောက်ပဲ အသနားခံပါစေ ဒါက ဒီလိုကိစ္စတွေကို စိတ်လှုပ်ရှားစေဖို့ လှည့်ကွက်လေးတစ်ခုပါပဲ။ ငါ့ကိုမလွှတ်လိုက်နဲ့။'
ကျန်းယွီချွမ်း၏မျက်လုံးများသည် မည်းနက်သွားပြီး တစ်စုံတစ်ယောက်ကို အရှင်လတ်လတ်စားတော့မလို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သည်။ စပရိန်ခင်းထားသောမွေ့ရာက အသံမြည်လာသည်။ ကျန်းကျင်ယန်သည် မျက်ရည်များစီးကျလာပြီး ညှာတာပေးရန် အသနားခံလေသည်။ "ဖြည်းဖြည်းလုပ်ပါ... ကျေးဇူးပြုပြီး..."
'အား… ဟုတ်တယ်။ ဒါက ငါလိုချင်တဲ့စည်းချက်ပဲ။ ငါ့ကို မသက်ညှာနဲ့။ လူတွေက ဘယ်လောက် ရဲရင့်လိုက်ကလဲ။ မြေကြီးက ဘယ်လောက် မြေဩဇာကောင်းလိုက်သလဲ။'
"ကျင်ယန်" ကျန်းယွီချွမ်းသည် အံကြိတ်ပြီး ဟိန်းဟောက်လိုက်သည်။ "ရေတွက်နေ"
'ငါ့ယောက်ျားရဲ့ထူးခြားမှုက တကယ်ထူးဆန်းတာပဲ…'
ကျန်းကျင်ယန်သည် ကောင်းကင်ဘုံကို ရောက်လုနီးပါး ခံစားရပြီး သက်တောင့်သက်သာရှိသွားသည်။ သူသည် ကျန်းယွီချွမ်း၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ပြီး သူ့စိတ်ထဲတွင် စတင်ရေတွက်နေခဲ့သည်။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်…
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်...
'ကောင်းတယ်။ ထပ်လုပ်။'
ကျန်းယွီချွမ်း: "…"
သည်လိုနှင့် မဖော်ပြနိုင်သော နာရီအနည်းငယ်ကြာပြီးနောက် ကျန်းကျင်ယန်သည် ကျန်းယွီချွမ်း၏ရင်ခွင်ထဲတွင် အင်းအားမဲ့စွာ ကွေးကွေးလေးလဲလျောင်းနေရင်း 'စုတ်ပြတ်နေသောအရုပ်လို လိင်ဆက်ဆံခံရခြင်း'ဆိုသည့် အောင်မြင်မှုကို ကျေနပ်အားရစွာ ထွန်းလင်းတောက်ပစေခဲ့သည်။
"ကျင်ယန်" သူတို့နှစ်ယောက်သည် ခဏလောက် ဖက်ထားပြီးနောက် ကျန်းယွီချွမ်းသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှောက်ပြီး ကျန်းကျင်ယန်ကို သူ့အောက်တွင် ပွေ့ဖက်ထားသည်။ သူ၏နက်မှောင်သောမျက်လုံးများက သူ့ကို စိုက်ကြည့်နေပြီး သူ၏နူးညံ့သောအသံသည် နွေးထွေးသောစမ်းရေကဲ့သို့ သူ့နားရွက်များဆီ စီးဆင်းလာသည်။ "ကိုယ့်ကို ဘာမှပြောစရာမရှိဘူးလား။"
ကျန်းကျင်ယန်လည်း ထထိုင်ပြီး ကျန်းယွီချွမ်း၏မျက်နှာကို ထိရန် လက်လှမ်းလိုက်ကာ တစ်စုံတစ်ခုပြောချင်သော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ "အမ်…"
'သေချာပေါက် ငါ့မှာ ပြောစရာအများကြီးရှိတာပေါ့၊ ဒါပေမဲ့ အဓိကက ငါနည်းနည်းရှက်တယ်။'
ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏လက်ကိုယူပြီး သူ့နှုတ်ခမ်းဖြင့် နမ်းလိုက်သည်။ သူ့မျက်လုံးများက “ဥပမာ… ‘ကိုယ် မင်းကိုချစ်တယ်’”ဟုပြောနေသကဲ့သို့ နွေးထွေးနေသည်။
ကျန်းကျင်ယန်သည် နှုတ်ခမ်းကိုသပ်ပြီး ပေါ့ပေါ့ပါးပါး ချောင်းဆိုလိုက်သည်။ "အဟမ်း… ငါ…"
'ငါက ကျန်းကျင်ယန်ပါ။'
'တိမ်တွေဆီကို…'
'လေပြေဆီကို…'
'မိုးကောင်းကင်ကို…'
'ကမ္ဘာမြေပြင်ကို…'
'ပန်းတွေနဲ့သက်တန့်တွေကို မျက်နှာမူပြီး ကျိန်ဆိုပါတယ်'
'ငါ့တစ်ဘဝလုံး…'
'ကျန်းယွီချွမ်းဆိုတဲ့ လူတစ်ယောက်တည်းသာ…'
'ချစ်တယ်'
'…ငါ ဒါကို တစ်ခေါက်လောက်တော့ ပြောချင်ပေမဲ့ အရမ်းရဲတင်းလွန်းတယ်လို့ ထင်သလိုပဲ။'
'ကျစ်… ဒါဆို ‘ငါမင်းကိုချစ်တယ်’လို့ပဲ ရိုးရိုးလေးပြောလိုက်တာပေါ့။’
'အေးစက်ပြီး ရှင်းလင်းတဲ့လေသံ၊ ချစ်ခင်မှုအပြည့်၊ ရှက်ရွံ့မှုအနည်းငယ်နဲ့ ပြောလိုက်မယ်။'
သို့သော် ခံစားချက်များကို စုစည်းရန် ကြိုးစားနေသော ကျန်းကျင်ယန်သည် ပါးစပ်မဟခင်မှာပဲ ကျန်းယွီချွမ်း၏ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူတို့၏အဝတ်မပါသော အသားအရေက ထိတွေ့သွားပြီး ကျန်းယွီချွမ်း၏ပြုံးရွှင်နေသောအသံက သူ့နားထဲတွင် ရုတ်တရက် မြည်လာသည်။ "ကိုယ်ရောပဲ။"
ကျန်းကျင်ယန် အံ့အားသင့်သွားသည်။ "…ငါ ဘာမှမပြောရသေးသလိုပဲနော်"
"ကိုယ့်တစ်ဘဝလုံး…" သူ့စကားများက သူ့အား ကြောက်လန့်သွားစေမည်ကို စိုးရိမ်နေသကဲ့သို့ ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူပြောသည့်စကားတိုင်းက သူ့အတွက် ရှင်းလင်းနေသည်။ "ကျန်းကျင်ယန်ဆိုတဲ့ လူတစ်ယောက်တည်းကိုသာ ချစ်တယ်"
"မင်း…" ကျန်းကျင်ယန်၏နှလုံးခုန်သံ မြန်သွားသည်။
"ကိုယ်လည်း တိမ်တိုက်ဆီကို၊ လေပြေဆီကို၊ မိုးကောင်းကင်ဆီကို၊ ကမ္ဘာမြေကြီးဆီကို…" ကျန်းယွီချွမ်းသည် ဒါကို အတော်လေး ပျော်စရာကောင်းသည်ဟု ထင်ရပြီး သူ့အသံထဲတွင် အပြုံးက ပို၍ကျယ်လာသည်။ "ပန်းတွေကို၊ သက်တန့်တွေကို ကျိန်ဆိုပါတယ်၊ ဟုတ်ပြီလား။"
ကျန်းကျင်ယန်သည် အသက်ရှူမဝသလိုဖြစ်သွားပြီး သူ့စိတ်တွေ ဗလာဖြစ်သွားကာ သူ့ခန္ဓာကိုယ်ထဲက သွေးများ ချက်ချင်းပဲ ဦးတည်ရာပြောင်းသွားသလို ခံစားရသည်: "..."
'ဘယ်လိုရူးကြောင်ကြောင်အရာလဲ'
ကျန်းယွီချွမ်းသည် မျက်မှောင်ကြုတ်ပြီး မပျော်မရွှင်ပြောလိုက်သည်။ "ဘယ်လိူရူးကြောင်ကြောင်အရာလဲတဲ့လား။"
ကျန်းကျင်ယန်သည် ချက်ချင်းပဲ မေ့လဲတော့မလိုဖြစ်သွားသည်။ "မင်း၊ မင်း၊ မင်း... မင်း ဘာဖြစ်နေတာလဲ။"
'စာရေးဆရာ။ စာရေးဆရာ… ဒီကနေထွက်သွားတော့။ ဒီဇာတ်ညွှန်းကို ရေးလို့မရဘူး။'
ကျန်းယွီချွမ်းသည် ခေါင်းကို စောင်းလိုက်ပြီး မျက်လုံးထဲမှာ ရွှတ်နောက်နောက် တောက်ပနေပြီး မူလတန်းကျောင်းသားတစ်ယောက်၏စာသားကို ရွတ်ဆိုနေသောလေသံနှင့် ထပ်ခါပြန်ပြောလိုက်သည်။ "စာရေးဆရာ။ စာရေးဆရာ… ဒီကနေထွက်သွားတော့။ ဒီဇာတ်ညွှန်းကို ရေးလို့မရဘူး။"
ကျန်းကျင်ယန်သည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး မယုံနိုင်စွာ ပါးစပ်ကို ဖြည်းဖြည်းချင်း ဟလိုက်သည်။
ဂျွတ်…
ကျန်းကျင်ယန်၏မေးရိုးလွဲသွားသည့်အသံဖြစ်သည်…
'ကယ်ပါဦး။ ငါ့ယောက်ျားက စိတ်တွေကို တကယ်ဖတ်နိုင်သလိုပဲ။'
ကျန်းယွီချွမ်းသည် သူ့မေးစေ့ကို ပြန်ဖိရန် လက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး သူ့မျက်ခုံးကိုပင့်တင်ရင်း လေးနက်သောလေသံဖြင့် ထပ်ပြောလိုက်သည်။ "ကယ်ပါဦး။ ငါ့ယောက်ျားက စိတ်တွေကို တကယ်ဖတ်နိုင်သလိုပဲ။"
"…လခွမ်း" ကျန်းကျင်ယန်သည် ကြောင်တက်တက် သူ့နှုတ်ခမ်းကို လှုပ်လိုက်ကာ သူ့ဝိညာဉ်သည် သူ့ခေါင်းထိပ်ကနေ ကောင်းကင်ထဲကို ပျံတက်သွားသလို ခံစားရသည်။
စိတ်က ကြည်လင်ပြီး တောက်ပနေသည်။
တစ်မိနစ်အကြာမှာတော့ ကျန်းကျင်ယန်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။
သူသည် လက်များကို အမြန်မြှောက်ပြီး သူ၏ပါးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ကာ တစ်ဖက်က ဘယ်ဘက်၊ တစ်ဖက်က ညာဘက်ပေါ်တွင်ရှိပြီး သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
'ကျန်းကျင်ယန်။ ဘာပဲဖြစ်ဖြစ်။ မင်းအရင်ဆုံး စိတ်ငြိမ်အောင်လုပ်ရမယ်။'
ကျန်းယွီချွမ်းက ခေါင်းညိတ်သဘောတူလိုက်သည်။ "ဟုတ်တယ်… ကျင်ယန်၊ ဘာပဲဖြစ်ဖြစ် မင်းအရင်ဆုံး စိတ်ငြိမ်အောင်လုပ်ရမယ်။"
"..." ကျန်းကျင်ယန်သည် ချက်ချင်းပဲ ကျန်းယွီချွမ်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
'သေစမ်း၊ ငါ့စကားတွေကို သံယောင်လိုက်ပြောနေတာ ရပ်လို့ရမလား။ ဒီလိုမျိုး ငါတို့တွေ ဘယ်လိုလုပ် အေးအေးချမ်းချမ်းနေနိုင်မှာလဲ။'
"ကိုယ် နောက်ထပ်သံယောင်မလိုက်တော့ဘူး။ ဒါမှ ကိုယ်တို့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနိုင်မှာ။" ကျန်းယွီချွမ်းသည် လက်မြှောက်ပြီး အရှုံးပေးလိုက်သည်။ "ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်မှားသွားတယ်။"
ကျန်းကျင်ယန်သည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး ခုတင်ပေါ်တွင် တင်ပါးဗလာဖြင့် ထိုင်လိုက်သည်။ ခဏလောက် စဉ်းစားပြီးသည့်နောက် အရေးတကြီးကိစ္စများထဲက အရေးကြီးဆုံးမေးခွန်းကို ရွေးထုတ်ပြီး မေးလိုက်သည်။ "မင်း ဘယ်အချိန်က စပြီးစိတ်ဖတ်တတ်တာလဲ။"
'သူ့ရဲ့လူပျိုဘဝကို ဆုံးရှုံးသွားလို့ စွမ်းအားတွေ နိုးထခဲ့တာများလား။'
ကျန်းယွီချွမ်းသည် ခေါင်းခါပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "ကိုယ့်လူပျိုဘဝကို ဆုံးရှုံးသွားလို့မဟုတ်ဘူး။ မွေးရာပါပါ။"
ကျန်းကျင်ယန် ချက်ချင်းသေလုမတတ်ဖြစ်သွားသည်: "..."
'သေစမ်း၊ လူပျိုဘဝအကြောင်း ငါ့ညည်းညူသံကိုတောင် သူကြားလိုက်တယ်။'
ပထမဦးစွာ ကျန်းကျင်ယန်သည် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်အမှတ်ရခဲ့သည်: "..."
'ရုတ်တရက်ကြီး ငါ့ကို တစ်ကနေတစ်ဆယ်၊ တစ်ဆယ်ကနေတစ်အထိ ရေတွက်ဖို့ ပြောတော့ နားမလည်နိုင်ခဲ့ဘူး… ဘာကြောင့်များလဲ။'
"ကိုယ် အားပျော့သွားမှာ စိုးလို့ပါ။" ကျန်းယွီချွမ်းက ရိုးသားစွာ ဝန်ခံလိုက်သည်။
"ပါးစပ်ပိတ်ထား။" ကျန်းကျင်ယန်၏ အေးစက်ပြီး အပျော်အပါရှောင်ရှားသော စိတ်သဘောထားသည် ပြတင်းပေါက်ကနေ လုံးဝ လွင့်ထွက်သွားသည်။ သူသည် ခေါင်းအုံးကို စိတ်ပျက်လက်ပျက်နှင့် ထုပြီး အော်ဟစ်လိုက်သည်။ "ငါ့ပါးစပ်ကနေ ဘာမှမပြောသရွေ့ မင်းမကြားသလို ဟန်ဆောင်နေလိုက်။"
သည်အရာက လက်ထောက်ကျန်းသည် မစ္စတာကျန်းနှင့် ပြောဖူးသမျှထဲ အရိုင်းဆုံးစကားဝိုင်းဖြစ်သည်…
'သူ တကယ်အလိုလိုက်ခံထားရတာပဲ။'
"ကောင်းပြီ" ကျန်းယွီချွမ်းသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး "ကိုယ် မကြားချင်ယောင်ဆောင်လိုက်ပါ့မယ်။"
ကျန်းကျင်ယန်သည် အချိန်အနည်းငယ်ကြာအောင် ပြန်လည်စဉ်းစားပြီး ယနေ့ဖြစ်ပျက်ခဲ့တာကို ပြန်စဉ်းစားလိုက်သောအခါ သူ့မျက်နှာက ချက်ချင်း အစိမ်းရောင်ပြောင်းသွားသည်။ "ဒါဆို ဒီမနက် ရုံးမှာ ငါမင်းကို စမ်းသပ်ခဲ့တယ်…"
"ပထမဆုံးအနေနဲ့ ကျန်းယွီချွမ်းက အရူးမဟုတ်ဘူး။" ကျန်းယွီချွမ်းသည် သူ့လက်ချောင်းများဖြင့် တည်ငြိမ်စွာ ရေတွက်ပြီး နက်ရှိုင်းအသံနှင့် ပြောလိုက်သည်။ "ဒုတိယ၊ မင်းတောင်းဆိုထားတဲ့အတိုင်း ‘Armstrong Cannon’(Dick)နဲ့ ကိုယ်မင်းကို ထိုးနှက်ပြီးပြီ။ တတိယ၊ အဲဒီသီချင်းက အရမ်းလှတာပဲ။ စတုတ္ထအချက်…" ကျန်းယွီချွမ်းသည် ကိုယ်ကိုကိုင်းပြီး ကျန်းကျင်ယန်၏နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်ရင်း ပြောသည်။ "မင်းကိုယ့်ကို စမ်းသပ်ချင်တယ်လို့ ပြောထားတယ်လေ။ ကိုယ့်ရဲ့အားနည်းချက်တွေကို ဘယ်လိုထုတ်ဖော်ရမှာလဲ အရူးလေး။"
ကျန်းကျင်ယန်၏မျက်နှာသည် ပေါင်းထားသော ကဏန်းလို နီရဲသွားပြီး သူ့ကိုယ်သူ ဖုံးအုပ်ရန် ခေါင်းအုံးတစ်လုံးကို ကောက်ယူလိုက်သည်။
'သေလိုက်ပါတော့။'
'ဒါဆို အရင်က ငါ စိတ်ကူးယဉ်ခဲ့တဲ့ ညစ်ညမ်းအကြောင်းအရာအားလုံးကိုလည်း သူသိနေတယ်လို့ ဆိုလိုတာလား။'
'ရှည်လျားလင်ကွန်းကားထဲမှာ playတာ၊ ကြမ်းပြင်ကနေမျက်နှာကျက်ပြတင်းပေါက်မှာ playတာ၊ ဘိလိယက်စားပွဲမှာ playတာ၊ ရုံးခန်းထဲမှာ playတာ၊ ရေကန်ဘေးကတဲမှာ playတာ၊ သုံးထပ်တိုက်လှေကားအုံမှာ playတာ၊ Santorini မှာ playတာတွေရောလား…'
ကျန်းယွီချွမ်းသည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး ကျန်းကျင်ယန်ကို နူးညံ့ပြီး ချစ်ခင်သောမျက်လုံးများဖြင့် ကြည့်နေသည်။
ကျန်းကျင်ယန်၏ မျက်နှာသည် စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေပြီး အဆောက်အအုံပေါ်မှ ခုန်ချချင်စိတ်တွေ တကယ်ပေါက်နေသည်: "…"
အဘယ်ကြောင့်ဆိုသော် ယခု သည်ကစားပွဲအားလုံးမှာ ရှက်စရာကစားပွဲဟုခေါ်သော တူညီသည့်နာမည်တစ်ခု ရှိနေလို့ပဲဖြစ်သည်...
"ဒါဆို... ဘာလို့ အစောကြီးကတည်းက ငါ့ကို မပြောရတာလဲ။" ကျန်းကျင်ယန်သည် နှာရှုပ်ကာ မကျေနပ်သလို ခံစားရသည်။ သူ့မျက်လုံးထဲက မျက်ရည်များ စုပုံလာပြီး နောက်ဆုံးတွင် အိပ်ရာခင်းပေါ်သို့ စီးကျသွားသည်။ "ငါ့ရဲ့ဟန်ဆောင်မှုက အရမ်းရယ်စရာကောင်းတယ်လို့ မင်းထင်နေတာလား။"
'ငါ့ကို ဒီလိုမျိုးသာမန်လူတစ်ယောက်လို ဆက်ဆံတာ အံ့ဩစရာမရှိပါဘူး…'
ကျန်းယွီချွမ်းသည် ခဏလောက် လေးလေးနက်နက် စဉ်းစားပြီး ပြေညလိုက်သည်။ "အဲဒါက အကြောင်းရင်းထဲက အစိတ်အပိုင်းတစ်ခုပါပဲ။"
ကျန်းကျင်ယန် အံ့အားသင့်သွားသည်: "..."
'သေလိုက်၊ မင်း တကယ်ဝန်ခံရဲတယ်လား။'
"မင်းက ပြောတာတစ်မျိုး တွေးတာမျိုးလုပ်တဲ့အခါ အရမ်းချစ်စရာကောင်းတယ်… ဒါပေမဲ့ အဲဒါက အကြောင်းရင်းရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုပါ။" ကျန်းယွီချွမ်းသည် သူ၏လက်ညှိုးနှင့်လက်မကိုသုံးပြီး အကွာအဝေးအနည်းငယ်ကို ညွှန်ပြလိုက်သည်။ သူ့မျက်လုံးများက အရင်ကထက် ပိုပြီးနူးညံ့လာသည်။ "ကျင်ယန်၊ ကိုယ်မင်းကိုတွေ့ဖူးခဲ့တာ ကြာလှပြီ။"
TK Team Chapter 44