(18)
Viewers 5k

Chapter (18)

မြောက်ဘက်မြို့နယ် တမင်နန်းတော်



နတ်ဆိုးနှင်ဌာနသည် ယခုညနေ နေဝင်ချိန်အထိ တစ်ရေးတစ်မော အိပ်ရသည့် အလေ့အကျင့်ကို တီထွင်ခဲ့သည်။ ယခုဆို နေ့နဲ့ညက ပြောင်းပြန်ဖြစ်ကာ ညပိုင်း လှုပ်ရှားရတာကို ကျင့်သားရနေပြီ ဖြစ်သည်။ စက္ကန့်တိုင်း နာရီတိုင်း ပိုမိုအားထက်သန်လာသူ ဟုန်ကျွင့် အပါအဝင် လူတိုင်းသည် ၂နာရီအတွင်း အကြိမ်တစ်ရာလောကိ သမ်းဝေကြပြီးပြီ။ 


ချိုးယုံစစ်နှင့် ဟုန်ကျွင့်တို့သည် လုံဝူစစ်တပ် တစ်ခုလုံးကို မြင်နိုင်သည့် အုတ်တံစက်မြိတ် ခေါင်မိုးပေါ်တွင် ထိုင်နေကြသည်။ အားထိုက်သည် ဟူရှန်း၏ အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေပြီး မော့ရစ်ကန်းသည် အိမ်နောက်ဖေးနှင့် ဟူရှန်းအခန်းကြားရှိ နံရံအနားတွင် နေရာယူထားသည်။


ညဘက်တွင် ဟူရှန်း အခန်းထဲက မီးများလင်းနေသေးသည်။ လုံဝူ စစ်တပ်စခန်းတွင် စစ်သားများစွာ နေထိုင်၏။ ဟူရှန်းသည် မြို့ထဲတွင် အိမ်တစ်လုံး ရှိသော်လည်း မကြာခဏဆိုသလို သူ့လက်အောက် ငယ်သားများနှင့်အတူ နေထိုင်ခဲ့သည်။ ဒီညက ဘာကြောင့်မှန်းမသိ တခါတရံ သံတိုင်တွေနဲ့ ဖုံးထားတဲ့ လှောင်အိမ်တွေကို ကြည့်ရင်း ဟိုဟိုဒီဒီ လျှောက်သွားနေကာ စိတ်ထဲမှာ တော်တော်လေး အဆင်မပြေပေ။ 


"မင်း ဘယ်ကလာတာလဲ" 


ဟူရှန်းသည် မြေခွေးငယ်လေးက ကျင့်ယွင်ဖြစ်ကြောင်း မယုံသော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် သနားသွားသည်။ မြေခွေးကလေးက ပြန်ဖြေ၏။ 


“စစ်သူကြီးဟူ... ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပြုနိုင်မလား” 


ဟူရှန်း ထိတ်လန့်မှု အပြည့်နဲ့ အော်လိုက်သည်။ အခန်း အပြင်ဘက်တွင်တော့ မော့ရစ်ကန်းနဲ့ အားထိုက်တို့ နှစ်ယောက်စလုံးက ရှေ့သို့လှမ်းထွက်ခါနီး ဖြစ်နေပြီ။ ထိုအချိန်တွင် လီကျင်လုံသည် ခြံဝင်းအတွင်း၌ ရပ်ကာ အထဲသို့မဝင်ရန် အချက်လှမ်းပြသည်။


"ခဏစောင့်!"


ထိုသို့ပြောပြီးနောက် လီကျင်လုံသည် နံရံ​ပေါ်ကို ခုန်တက်ကာ အမြင့် တစ်နေရာသို့ ပြေးတက်သွားခဲ့သည်။


"မင်း၊ မင်း... မင်းစကားပြောနိုင်လား!!" 


ဟူရှန်းတစ်ယောက် အိပ်မက်ဆိုးကြီး မက်နေတယ်လို့ ထင်တာကြောင့် လုံဝူစစ်သည်တစ်ယောက်က တံခါးလာခေါက်လေသည်။ 


"စစ်သူကြီးဟူ?"


ဟူရှန်း ခပ်မြန်မြန်ပြောပြီး အစောင့်ကို ဖယ်ထုတ်၍ မြေခွေးလေးကို ​ပြန်ကြည့်လိုက်သည်။ မြေခွေးလေးရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေပြီ။ 


"စစ်သူကြီးဟူ... ရှင် ကျွန်မကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ဆံတာ ကျွန်မ သိပါတယ်... ငါလည်း ကျွန််မသာ မိစ္ဆာမဟုတ်ခဲ့ရင် ဆိုပြီး တွေးဖူးတယ်..."


"မင်း၊ မင်း၊ မင်း..." 


ဟူရှန်းမှာ မထိန်းနိုင်ဘဲ နောက်ဆုတ်သွားကာ ကြောက်စိတ်တွေ အပြည့်နဲ့ သူ့မျက်လုံးတွေကလည်း တဆက်ဆက် တုန်ရီနေသည်။ 


"ကျွန်မတို့ ညီမသုံးယောက်က ရှင်းယန်မှာ လေ့ကျင့်ခဲ့ဖူးပါတယ်" မြေခွေးငယ်လေးက လှောင်အိမ်နားကို ချဉ်းကပ်လာပြီး။ 


"ကျွန်မ ဒီကမ္ဘာကြီးကို မြင်ချင်တယ် ဒါကြောင့် အစ်မအကြီးဆုံးနဲ့ ဒုတိယညီမက ကျွန်မကို ချန်အန်းကို ခေါ်လာခဲ့တယ်... ကျွန်မတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးဘူး ကျွန်မမှာ အားကိုးစရာလူလည်း မရှိဘူး... ကျွန်မ ကတိပေးပေမယ့် လီကျင်လုံက မလွှတ်​​ပေးခဲ့ဘူး…"


"ဒီကောင်က ငါ့ကို လိမ်တာ မဟုတ်ဘူး မင်းက တကယ်ကို မိစ္ဆာတစ်ကောင်ပဲ!"


"စစ်သူကြီးဟူ! ဗုဒ္ဓဘာသာဝင်တွေက လူ့ဘ၀မှာ ကုသိုလ်ကောင်းမှု ရှိတယ်လို့ မကြာခဏ ပြောကြတယ်.... ကျွန်မကို လွှတ်​ပေးရင် ရှင့်ရဲ့ ကရုဏာကို ဒီဘဝမှာ မြက်နဲ့ ချည်ထားရရင်တောင် ပြန်ဆပ်ပါ့မယ်... ကျွန်မရှင့်ကို တွေ့တုန်းက ဂါရဝပြုခဲ့တာကို မှတ်မိသေးလား?"


ဟူရှန်းသည် အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ သူသည် ဖန်လန်ပွဲတော် ချွီးရွှေတံတားအောက် မီးပုံးများ လွှတ်သည့် ည၊ လွန်ခဲ့သော သုံးနှစ်က ကျင့်ယွင်နှင့် ပထမဆုံး တွေ့ခဲ့သည့် ညကို သတိရမိသွားသည်။ ထိုညတွင် ကျင့်ယွင့်သည် မြေခွေးနတ်ဆိုးနှင့် စာ​ပေပညာရှင်တစ်ဦး၏ အကြောင်းကို ပုံပြင်တစ်ပုဒ် အဖြစ် ပြောပြခဲ့သည်။ ပုံပြင်ရဲ့ ယေဘုယျ အယူအဆမှာ အရည်အချင်းရှိ စာပေသမားနှင့် လှပသော အမျိုးသမီးတစ်ဦးသည် မတူညီသော လမ်းကြောင့် ခွဲခွာရခြင်းဖြစ်သည်။


ဟူရှန်း၏ မျက်လုံးများက သနားခြင်းအပြည့်ဖြင့်။ သူ ငယ်စဉ်ကတည်းက ထိုကဲ့သို့ ဆိုးရွားသော ဇာတ်လမ်းများကို ကြားသိခဲ့ရသော်လည်း သူ့ရှေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ဟုတ်ရဲ့လား သူ့ကိုသူ သံသယဖြစ်နေဆဲပင်။


လီကျင်လုံက အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားသည်။ ချိုးယုံစစ်နဲ့ ဟုန်ကျွင့်က ငြိမ်သက်စွာ တီးတိုးစကား ပြောနေကြသော်လည်း လီကျင်လုံကို တွေ့လိုက်သောအခါတွင် ချက်ချင်းပင် စကားစဲသွားကြသည်။


လီကျင်လုံ သူတို့နှစ်ယောက်ကို သံသယစိတ်ဖြင့် ကြည့်နေ၏။ တကယ်တော့ ဟုန်ကျွင့်သည် ချိုးယုံစစ်အား ဖျင်ကန်းလီ အကြောင်းကို မေးနေခြင်းပင်။ ၁၆ နှစ်အရွယ် လူငယ်လေးသည် အရာရာအတွက် စိတ်အားထက်သန်မှု အပြည့်ရှိနေသည်။ စပ်စုသည်။ လီကျင်လုံက မေးခွန်း မမေးခိုင်းလေလေ ဟုန်ကျွင့်မှာ ထိုအကြောင်းကို ပိုသိချင်လေလေ ဖြစ်သည်။ ချိုးယုံစစ်က သူ့အသံကို လျှော့ပြီး ဟုန်ကျွင့်အား အတိအကျ ဖော်ပြလိုက်သောကြောင့် ဟုန်ကျွင့်ခမျာ မျက်တောင်​လေး ခတ်သွားလေသည်။


"ဖုံးကွယ်ထားတာတွေ ရှိလား" လီကျင်လုံ လှမ်းမေးသည်။


"မရှိဘူး" ချိုးယုံစစ်က ကမန်းကတန်း ပြောသည်။


ဟုန်ကျွင့်ကလည်း ရှက်ပြီး "မရှိပါဘူး" ဟု ပြန်ဖြေ​လေသည်။


သူတို့နှစ်ယောက်သည် လီကျင်လုံ ထွက်ခွာရန် စောင့်ဆိုင်းနေသော်လည်း လီကျင်လုံက သူတို့ဘေးတွင် ထိုင်နေလေသည်။ ဟုန်ကျွင့်လည်ူ သူခိုးလူမိသွားသလိုမျိုး အပြစ်ရှိသလို ခံစားရကာ မထိုင်နိုင်တော့ပေ။


"မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့ ဒီအမှုကို စုံစမ်းစစ်ဆေးပြီးရင် အားလုံး ကောင်းကောင်းအနားယူပြီး မင်းပျော်ဖို့နေရာ ရှာရမှာပါ..."


လီကျင်လုံက ပြောကြား​လေသည်။ လီကျင်လုံသည် ဟုန်ကျွင့်နှင့် ချိုးယုံစစ်ကို ရုတ်တရက် စိုက်ကြည့်လာစဥ် ဟုန်ကျွင့်ကတော့ စိတ်ဝင်တစား ဖြစ်လာပြီး။ 


“ငါတို့ အခုနကမှ ပြန်ရောက်…”


ဟုန်ကျွင့် ပြောလို့မပြီးခင် ချိုးယုံစစ်က သူ့ကို ချက်ချင်း ဆွဲတားလိုက်လေသည်။ 


"... တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ဖို့ လိုအပ်တယ်လေ... ဒါကို အလုပ်ကြမ်းလို့ ဘယ်လိုပြောနိုင်ပါ့မလဲ"


ထိုအချိန်တွင် အမှောင်ထုထဲက မြေသားများ ဖောင်းပွနေပြီး တစ်စုံတစ်ခု ရောက်လာလေသည်။ ၎င်းက လုံဝူ စစ်တပ်အနီးသို့ ချဉ်းကပ်လာသောအခါတွင် အခင်းအကျင်းကို အရှိန်ပြင်းပြင်းနှင့် တိုက်မိကာ အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် အခြားနည်းဖြင့် လမ်းလွှဲကာ ဝင်းနံရံအောက်ကနေ ဝင်လာခဲ့လေသည်။


လီကျင်လုံက အဲဒါကို ချက်ချင်း သတိထားမိသည်။  


"ဘာသံလဲ?"


ဟုန်ကျွင့်နဲ့ ချိုးယုံစစ်တို့လည်း တုန်ခါမှု အနည်းငယ်ကို ခံစားလိုက်ရပြီး။


"ခေါင်းငုံ့ထားလိုက်... တစ်ခုခု လှုပ်သွားပြီ!"


ချန်အန်းမှာ မြေခွေးမိစ္ဆာ ရှိတယ်ဆိုတာ လူတိုင်းသိကြလို့ နံရံတွေ၊ အိမ်ခေါင်မိုး စတာတွေကို အာရုံစိုက်နေကြပေမယ့် မြေအောက်မှာ ငါးမျှားထားတဲ့ အရာတစ်ခုက ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။


"မြေပြင်က ဘယ်လို အကောင်တွေ သွားတတ်တာလဲ" 


လီကျင်လုံ လှည့်မေးလိုက်တော့ ဟုန်ကျွင့်လည်း ချက်ချင်း သတိရသွားသည်။ ထိုနေ့က သူသည် ဒီလို လိပ်နဂါသကို မိုင်နှစ်ဆယ်နီးပါးအထိ လိုက်ဖမ်းခဲ့တယ် မဟုတ်လား။ လီကျင်လုံလည်း ထိုအကြောင်းကို သိသောအခါ ချက်ချင်း ခုန်ဆင်းကာ အမိန့်ပေးလိုက်သည်။ 


"အားလုံး အိမ်နောက်ဖေးမှာ စုကြစို့!"


မြေပြင်က မြေးမှုန်မည်းတွေ တက်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် ပေါ်လာသည်။ နဖူးမှာ သွေးအမာရွတ်တွေနဲ့ အနက်ရောင် အဝတ်အစား ၀တ်ထားတဲ့ အမျိုးသားက တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလေ၏။ 


ဟူရှန်း၏ အခန်းတံခါးကို ကျယ်လောင်စွာ တွန်းဖွင့်လိုက်သော် လှောင်အိမ်တံခါးသည်လည်း ကျယ်လောင်စွာ ပွင့်လာသည်။ သူမခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိကာ မျက်နှာက ဖြူဖျော့နေသော ကျင့်ယွင်သည် ဟူရှန်းကို အိပ်ရာပေါ် တင်ပေးလိုက်သည်။ သူမမျက်လုံးတွေက မျက်ရည်များဖြင့် ဖုံးအုပ်ထားကာ စောင်တစ်ထည်ခြုံပေးရင်း တိုးတိုးလေး ပြောသည်။ 


"စစ်သူကြီးဟူ... ကျွန်မတကယ် တောင်းပန်ပါတယ်... ငါမလုပ်ချင်ခဲ့ပါဘူး..."


"မင်း သူ့အပေါ် ခံစားချက်တွေ ရှိနေတာလား"


ကျင့်ယွင် ရုတ်​တရက်​ လှည့်​ကြည့်​လိုက်​​ရင်း သူမ အရမ်းထိတ်​လန့်​သွားကာ မျက်​​မှောင်​ကြုတ်​သွားလေသည်။ 


"​ဖေး​အောင်လား?"


ဖေးအောင်: "အထက်လူကြီးတွေက မင်းကို ချန်အန်းမြို့ကနေ ချက်ချင်း ခေါ်ထုတ်သွားဖို့ ပြောတယ်" 


ကျင့်ယွင် သက်ပြင်းတစ်ချက် ချကာ မျက်ရည်များ ဝဲလာပြန်သည်။


"အစ်မအကြီးဆုံးနဲ့ ဒုတိယအစ်မ နှစ်ယောက်လုံး သူ့လက်ထဲမှာ ဆုံးသွားတယ်... ရှင့်ဒဏ်ရာတွေရော အဆင်ပြေရဲ့လား"


ဖေးအောင် ရှေ့သို့ တိုးလာကာ ကျင့်ယွင့်၏ မေးစေ့ကို ပင့်ယူဖို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ 


"ဒီတစ်ခါ နတ်ဆိုးနှင်ဌာနက ကြမ်းတမ်းတဲ့ကောင်တွေ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.... ခဏပဲစောင့် ငါ သူတို့အတွက် လက်စားချေ​ပေးမယ် သွားကြရအောင်"


ကျင့်ယွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူမ ဒဏ်ရာရနေသည်ကို မြင်လိုက်ရသဖြင့် ဖေးအောင် ထိတ်လန့်သွားကာ သူမကို ပွေ့ချီလိုက်သည်။ သူ့ဘယ်ဘက်လက်မှ ထွက်လာသော နတ်ဆိုးစွမ်းအားသည် သူမ၏ ဒဏ်ရာများကို ကုသရန် သူမ၏ ဦးခေါင်းထိပ်သို့ အဆက်မပြတ် ထိုးသွင်းခဲ့သည်။ ကျင့်ယွင် မျက်နှာသည်လည်း တဖြည်းဖြည်း အရောင်ပြောင်းလာသည်။


လူငါးဦးသည် ခြံဝင်းအတွင်းတွင် ပြန့်ကျဲလျက် နေရာယူထား၏။ မော့ရစ်ကန်းသည် ခြံဝင်းနံရံရဲ့ အမြင့်တွင်ရပ်နေကာ ၎င်း၏ရှည်လျားသော လေးကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ အခန်းအတွင်းရှိ မိစ္ဆာနှစ်ကောင်ကို ချိန်ရွယ်ထားသည်။ ချိုးယုံစစ်နဲ့ လီကျင်လုံတို့က တံခါးအပြင်ဘက်သို့ ထောက်ကာ သူတို့အထက်ခန်းမှလာသော စကားစမြည်ကို နားထောင်​နေကြသည်။


အားထိုက်နဲ့ ဟုန်ကျွင့်တို့ကတော့ အမှောင်ထဲတွင် ပုန်းနေကြပြီး တစ်ယောက်က ယပ်တောင်ကို အသင့် ကိုင်ထားကာ ကျန်တစ်ယောက်ကလည်း ဓားပျံသုံးစင်းကို ကိုင်ဆောင်ထားသည်။


"ကျွန်​​မတို့ ​ကြောက်​စရာကောင်းတဲ့ ရန်​သူကို ရင်​ဆိုင်​​နေရတာမလို့ ရှင့်ရဲ့ ကျင့်ကြံမှုတွေကို အလဟသ မဖြုန်းသင့်​ဘူး​"


ဖေးအောင်: "ဒီညပြီးရင် ငါ အဝေးကြီး ပျံသန်းပြီး ဘယ်တော့မှ ချန်အန်းကို ပြန်မလာတော့ဘူး.. မင်းနဲ့ငါ လေ့ကျင့်ပြီးရင် မင်းညီအစ်မတွေအတွက် လက်စားချေဖို့ ပြန်လာမယ်"


ကျင့်ယွင်လည်း ထိုစကားရဲ့ အဓိပ္ပာယ်ကို ရုတ်တရက် သဘောပေါက်သွားတာကြောင့် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်မေးလိုက်၏။ 


"ကျွန်မကို သတ်ဖို့ အမိန့်ပေးခဲ့ကြတာလား?"


"ငါဒီမှာရှိနေသရွေ့ မင်းကိုဘယ်သူမှ မထိနိုင်​စေရဘူး"


"အခြားညီမတွေကော ဘယ်လိုလဲ.. လီကျင်လုံ ဆက်ပြီး စုံစမ်း​နေမှာကို ကျွန်မ ကြောက်တယ်"


"မင်းရဲ့ ဒုတိယအစ်မရဲ့ အထောက်အပံ့ကြောင့်သာ မဟုတ်ရင် အလောင်းတွေ အားလုံး ပျောက်ကွယ်သွားတော့မှာပဲ....ဘယ်လိုစစ်ဆေးရမလဲ တစ်ယောက်​ပြီး တစ်ယောက် ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ဖို့က ဖြစ်နိုင်ပါ့မလား... တစ်နှစ်နှစ်တော့ လီကျင်လုံကို သင်္ချိုင်းမြေမရှိပဲ သေအောင် လုပ်ပေးလိုက်မယ်! ဒါကတောင် သူ့ကိုတော်တော် သက်ညှာပေးရာကျနေပြီ"


ထိုစကားကို ကြားသောအခါ ချိုးယုံစစ်နှင့် လီကျင်လုံတို့သည် တစ်ချိန်တည်းမှာပင် တင်းမာသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ လီကျင်လုံသည် သူ့လက်ထဲက ဓားကို မလွှတ်တမ်း ကိုင်ထားလေ၏။ 


ထိုအချိန်တွင် ဖေးအောင်သည် ကျင့်ယွင်ကို ပွေ့ဖက်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။


လီကျင်လုံ မလှုပ်ရှားမီတွင် မော့ရစ်ကန်းက မြှားတစ်စင်းကို အလွန်လျင်မြန်စွာ ပစ်လွှတ်ခဲ့လေပြီ။ မကြာမီတွင်ပင် အန္တရာယ်ကို သဘောပေါက်ခဲ့သော ကျင့်ယွင်သည် ဖေးအောင်ကို ဘေးသို့ တွန်းချကာ မြှားပစ်ခံရပြီးနောက် အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွား​တော့သည်။


"သူ့ကို တားထား!" လီကျင်လုံ အော်လိုက်သည်။


ဖေးအောင်ရဲ့ တုံ့ပြန်မှုက အတော်လေး မြန်သည်။ သူက ကျင့်ယွင်ကို မြှားထိမှန်သွားသည်နှင့် ချက်ချင်းပင် ကျင့်ယွင်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်လိုက်သည်။ လီကျင်လုံ သူ့ဓားကို ဆွဲထုတ်ပြီး ပြေးဝင်လာတာနဲ့ ဖေးအောင်ကလည်း ရုတ်တရက် လှည့်လာပြီး လီကျင်လုံကို ခုန်အုပ်လိုက်ပေ၏။ 


"သေပေတော့!"


လီကျင်လုံ ရှုံးသွားမည်ကို စိုးရိမ်သဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ မြှားများနှင့် ဓားပျံများကို ပစ်လွှတ်လိုက်လေသည်။ ဖေးအောင်က ရုတ်တရက် ဟောက်လိုက်ပြီးနောက် ရေငွေ့များအဖြစ် ပေါက်ကွဲထွက်ကာ အရပ်ရပ်သို့ ပြေးသွားသည်။


လီကျင်လုံက အနီးကပ်ဆုံး ဖြစ်ရာ ထိုထိုးနှက်မှုကြောင့် လွင့်သွားသည်။ ဟုန်ကျွင့်သည် သူ့ကိုယ်သူနဲ့ အားထိုက်ကို ကာကွယ်ရန် နတ်ရောင်အလင်း ငါးရောင်ကို ထုတ်လွှတ်လိုက်သည်။ လီကျင်လုံကို ကယ်တင်ရန် ခြေလှမ်းစခါနီးတွင် လီကျင်လုံမှာ ဓားရှည်ကို ကိုင်ဆောင်ကာ တိုင်ပေါ်သို့ ပြေးတက်သွားရင်း ဒေါသတကြီးနဲ့ ပြန်ဟိန်းဟောက်လေ၏။ 


"မင်းကသာ သေရတော့မယ့်သူပဲ!!"


လီကျင်လုံ သူ့ဓားကို ကိုင်ကာ ဖေးအောင်ဆီသို့ အပြေးအလွှား ပြေးဝင် တိုက်ခိုက်လိုက်သည်။ ဖေးအောင်က တင်းမာသော သူ့လက်ကို မြှောက်လိုက်ပြီး ဓားကို ဖမ်းထားလိုက်သည်။ သူက ဓားကို လိမ်ပြီး လီကျင်လုံအား ထပ်မံ ကန်ထုတ်လိုက်​ပြန်သည်။


"ဖေးအောင် မြန်မြန်ထွက်သွားတော့....ကျွန်မကိုတစ်ယောက်တည်း ထားခဲ့..." 


ကျင့်ယွင့်မှာ သေလုမြောပါး ဖြစ်နေပြီ။ ဖေးအောင်မှာ ပိုလို့တောင် ဒေါသထွက်သွားသည်။ 


"ငါသူတို့ကိုသတ်ပစ်မယ်!"


"မင်း​လောက်နဲ့လား?" အားထိုက်က လှောင်ပြောင်သည်။


ထိုအချိန်တွင် ဟုန်ကျွင့်က နတ်အလင်း ငါးရောင်ကို ရုတ်သိမ်းလိုက်ကာ အားထိုက်က အချိန်ကိုက်ပင် အပြာရောင် ခေါက်ယပ်​တောင်ကို ယမ်းခါကာ ဝှေ့ယမ်းလိုက်သည်။


လေဆင်နှာမောင်း တစ်ခု မြေပြင်ပေါ်တွင် ပေါက်ကွဲသွားသည်။ အားထိုက်က ​လေမုန်တိုင်းတစ်ခု ဖြစ်အောင် ဖန်တီးကာ ဖေးအောင် ထုတ်လွှတ်လိုက်သော ရေငွေ့များကို ခုခံလိုက်ချိန် ကျယ်လောင်သော အသံနှင့်အတူ ဟူရှန်း၏ အခန်းတံခါးများနှင့် ပြတင်းပေါက်များ အားလုံး ပျက်စီးသွားကာခဲ့သည်။


ထိုစဥ် မြှားသုံးစင်းကိုလည်း မော့ရစ်ကန်းက ပစ်ခတ်လိုက်လေရာ ဖေးအောင်ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ဖေးအောင်က သူ့ကိုယ်သူ ဧရာမငါးကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။


လီကျင်လုံ: "ဟုန်ကျွင့်! ဓားပျံ!"


ဟုန်ကျွင့်လည်း ဓားပျံများကို ထပ်ပြီး ပစ်ခတ်လိုက်ပြန်ရာ မြှားများနှင့် ဓားများအားလုံးက ဖေးအောင်ကို ထိသွားသည်။ ဧရာမလိပ်ငါးကြီးသည် အခန်း၏ နောက်ဘက်နံရံကို ဖြတ်၍ မြေပြင်ပေါ်သို့ တိုးဝင်သွားလေသည်။ ၎င်းက ဟုန်ကျွင့်၏ ဒုတိယမြောက် ဓားပျံဖြင့် လုံဝူစစ်တပ်မှ ပြေးထွက်လာခဲ့သည်။


ခဏအကြာတွင် လုံဝူစစ်တပ် တစ်ခုလုံးသည် ထိုအသံကို ကြားလိုက်ရပြီး မီးရှူးတိုင်များကို တစ်လုံးပြီးတစ်လုံး မြှောက်ကာ ထွက်လာကြ၏။  


လီကျင်လုံ: "လိုက်! ဒီတစ်ခါတော့ သူ့ကို မလွတ်စေနဲ့!"


ဖေးအောင် ခြံဝင်းအုတ်ရိုး အနောက်ကနေ ဖောက်ထွက်လာတဲ့ နေရာကို အားလုံးအတူ ပြေးလိုက်သွားကာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။ 


ဟုန်ကျွင့်: “ငါ့ရဲ့ဓား​နောက်ကို လိုက်!" 


အဲဒီအချိန်မှာပဲ ဖေးအောင်သည် မြေကြီးထဲက ထိုးထွက်လာကာ ဓားပျံနဲ့အတူ မြို့မြောက်ဘက်ကို ပြေးထွက်သွားသည်။ 


"နန်းတော်ထဲကို မသွား​စေနဲ့...လိုက်!"


နတ်ဆိုးနှင်ဌာနမှ လူတိုင်းသည် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ ဆက်လိုက်ကြသည်။ ပထမဆုံး ပျောက်သွားသော ဓားပျံကို ပြန်ယူရန်အတွက် ဟုန်ကျွင့်သည် ဤတစ်ကြိမ်တွင် ၎င်းကို မလွတ်စေလိုသောကြောင့် ချိတ်ကို ချက်ချင်းထုတ်ပြီး တံစက်မြိတ်ဆီသို့ ပြေးသွားခဲ့သည်။ အားလုံးလည်း ခုန်တက်လာပြီး ဟုန်ကျွင့်နောက်ကို လိုက်သွားသည်။


အားထိုက်က သူ့ခေါက်ယပ်​တောင်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းတော့ လေပြင်းက တိုက်ခတ်ပစ်သည်။ ထို့နောက် လူအုပ်နောက်ကို လိုက်သွားကာ ခြေလှမ်း အနည်းငယ်ဖြင့် ခုန်ချလိုက်သည်။


"မင်းတို့...ငါ့ကိုစောင့်ပါဦး!" ချိုးယုံစစ်က လှမ်းအော်သည်။ 


လီကျင်လုံ: "..."


ချိုးယုံစစ်သည် တံတိုင်းကို ကျော်တက်ရန် ကြိုးစားခဲ့သော်လည်း အနည်းငယ် ကြာပြီးတဲ့အထိ သူ့ခမျာ မတက်နိုင်ခဲ့သောကြောင့် လီကျင်လုံကလှည့်ကာ သူ့ကို ဆွဲတင်လိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူတို့ရှေ့က လူသုံးယောက်က ဘယ်ကိုမှ ပြေးသွားမှန်း မသိတော့ပေ။ 


"မြန်မြန်လိုက်!"


ဖေးအောင်သည် နန်းတော်ကို ရုတ်တရက် ကျော်ဖြတ်ကာ ဓားပျံဖြင့် မြို့မြောက်ဘက်သို့ ပြေးသွားသည်။ 


ဟုန်ကျွင့်: "သူမြို့ထဲက ထွက်သွားတော့မယ်... မြေပေါ် ရောက်နေပြီ!"


အားထိုက်: "ဟုန်ကျွင့်! ငါ့ကိုပို့ပေး!" 


ဟုန်ကျွင့်:"??"


ဖေးအောင်က လျင်မြန်လွန်းသဖြင့် အရှေ့မြောက် မြို့တံခါးဆီသို့ ရောက်သွားချေပြီ။ ဟုန်ကျွင့်လည်း စဉ်းစားရန် အချိန်မရှိသဖြင့် ချိတ်ကြိုးကို လွှင့်တင်ပြီး သူ့ကိုယ်သူလည်း ချိတ်ကြိုးဖြင့် လွှင့်တင်လိုက်သည်။


ထိုအခိုက် အားထိုက်သည် အိမ်ခေါင်မိုးမှ ခုန်ဆင်းကာ လေထဲတွင် လှည့်ပတ်နေသော ဟုန်ကျွင့်၏ လက်ကို လှမ်းဆွဲလိုက်သည်။ ဟုန်ကျွင့်လည်း ခွန်အားရှိသမျှကို အသုံးပြုကာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပြင်းထန်စွာ ဝှေ့ယမ်းကာ အားထိုက်ကို လေထဲမှ လွှင့်ပစ်လေသည်။ 


ထို့နောက် ချက်ချင်းပင် မော့ရစ်ကန်းကလည်း ခုန်ဆင်းလာပြီး ဟုန်ကျွင့်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဆိုလိုက်သည်။ 


"ဒုက္ခပေးမိပြီ!"


ဟုန်ကျွင့်လည်း နောက်တစ်ကြိမ် လှည့်လိုက်ပြီး မော့ရစ်ကန်းကို မြို့တံခါးအထိ ပစ်ချလိုက်သည်။ ညနက်နေပြီ ဖြစ်၍ ဂိတ်စောင့်အစောင့်များသည် ယနေ့ ချန်အန်းနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ပြောဆိုနေကြဆဲ ဖြစ်သည်။


"ဒီနေ့ လီကျင်လုံက မြေခွေးတစ်ကောင် ဖမ်းပြီး လုံဝူစစ်တပ်ဆီ ပို့လိုက်တယ်လို့ ကြားလိုက်တယ်... အဲဒါက မိစ္ဆာတစ်ကောင်တဲ့လေ ဟားဟားဟား--"


"ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ တွေးနေတာများလား... ရူးနေပြီ! မနက်ဖြန် ခွေးတစ်ကောင် ယူလာပေးရင် ဘယ်လိုလုပ်မလဲ...ဟားဟားဟား ..."


"ဘာသံလဲ?"


မြို့တံခါးစောင့် အမြောက်အမြားသည် မြေပြင်ပေါ်မှအော်သံများ၊ မြို့တံခါးရှေ့က အားထိုက်နဲ့ ဟုန်ကျွင့်တို့၏ အော်သံများကို ကြားလိုက်ရရာ စကားတွေရပ်ပြီး မြို့တံခါး​အောက်ကို ငုံ့ကြည့်ရန် ဆောလျင်စွာ ရောက်လာကြသည်။ တစ်ဖက်မှာလည်း ချိုးယုံစစ်နဲ့ လီကျင်လုံတို့က ပြေးလာနေဆဲပင်။


ဖေးအောင်သည် မြေပြင်ထဲက ဖောက်ထွက်ကာ ခုန်တက်လာ၏။ ၎င်းက ကျယ်လောင်စွာ ဟောက်ပြီး သွေးထွက်သံယို ပါးစပ်ကို ဖွင့်ကာ အစောင့်တွေကို အပိုင်းပိုင်း ဖြစ်သွားအောင် ကိုက်ခါနီးတွင် အားထိုက်က လေထဲမှ ပေါ်လာလေသည်။ 


အားထိုက်သည် သူ့အနောက်ကနေ စောင်းကို ဆွဲထုတ်လိုက်၏။ 


"ပြန်ဆင်းစမ်း!"


ထိုစကားကို ပြောပြီးနောက် အားထိုက်သည် စောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖေးအောင်ကို ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်သည်။


လူတိုင်း: "..."


အသံသည် မြေကြီးကိုပင် တုန်ခါသွားစေ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ပြင်းထန်သော အသံလှိုင်းတစ်ခု ပေါက်ကွဲသွားသလို အမြင့်သုံးပေနီးပါး ရှိသော လိပ်ငါးကြီးသည် မြို့ရိုးဆီသို့ ပျံသန်းသွားခဲ့သော်လည်း ပြန်လည် လွှင့်ပစ်ခံလိုက်ရတာကြောင့် ပေါက်ကွဲသံကြီးနဲ့အတူ မြို့​ပြင်ကို လွင့်ကျသွားလေသည်။ 


ဟုန်ကျွင့်: "မဟုတ်သေးပါဘူး တကယ်​ကြီး အရိုက်​ခံလိုက်ရတာလား!"


အားထိုက်: "အင်းလေ"


အားထိုက်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကာ မျှော်စင်ပေါ်သို့ တက်သွားသည်။ သူက အုတ်ခဲများပေါ်၌ ပျံသန်းကာ လေးကိုဖွင့်၍ ဖေးအောင်၏နဖူးကို မြှားသုံးချောင်းဖြင့် ပစ်သတ်လိုက်သည်။ မြှားများ မော့ရစ်ကန်းဆီသို့ ပြန်လွင့်သွားသောအခါတွင် သူ့​မျက်လုံးတစ်လုံး ကျွတ်ထွက်သွား၏။ 


ထို့နောက် ချက်ချင်းပင် ဖေးအောင်သည် မြို့အပြင်ဘက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ လီကျင်လုံ ဟစ်အော်လိုက်၏။ 


"တံခါးကို မြန်မြန်ဖွင့်!"


ဤအခိုက်အတန့်တွင် ဂိတ်စောင့်အများအပြား၏ နှလုံးသားများ ကြေမွသွားခဲ့လေပြီ။ 


လီကျင်လုံ: "နတ်ဆိုးနှင်ဌာနက အမှုလိုက်နေတယ်.... တံခါးမဖွင့်ရင် မင်းတို့တာဝန် ယူရမယ်!!"


မြို့တံခါးစောင့်က တံခါးကို အမြန်ဖွင့်လိုက်သော်လည်း လီကျင်လုံက စကားမပြောဘဲ ပြင်းပြင်းထန်ထန် အသက်ရှူနေသော ချိုးယုံစစ်ကို ဆွဲထုတ်ကာ ပြေးထွက်လာခဲ့သည်။


"မြင်းဘယ်မှာလဲ" လီကျင်လုံ လှည့်ကြည့်သည်။


"မိစ္ဆာ ဘယ်​ရောက်သွားလဲ"


မော့ရစ်ကန်းက အမှောင်ထဲမှာ လှည့်ပတ်ကြည့်နေသည်။ လီကျင်လုံက မြောက်ဘက်သို့ ညွှန်ပြလိုက်ပြီး မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း အချက်ပြလိုက်သည်။


"အားထိုက် မင်းက အရမ်းသန်မာတာပဲ!" ဟုန်ကျွင့် အံ့သြသွားသည်။


အားထိုက်က ကျိုးနွံစွာ ပြောသည်။  


"မဟုတ်တာ မဟုတ်တာ ငါ့ညီလေး မင်းလောက် မတော်ပါဘူး"


"မဟုတ်ပါဘူး.... မင်းရဲ့စောင်းက အရမ်းအစွမ်းထက်တယ်!" 


ဟုန်ကျွင့် အားထိုက်ရဲ့ လက်စွမ်းကို တကယ်သဘောကျလေသည်။ အထူးသဖြင့် စောင်းရိုက်ချက်ကို အရမ်းသဘောကျ၏။


"ငါတို့အားထိုက်က အနောက်တိုင်းဒေသတွေရဲ သခင်လေ......" 


ချိုးယုံစစ်က ကမန်းကတန်း သဘောဝငိတူလိုက်သည်။


အားထိုက်: "ဒါဆို လုံလောက်ပါပြီ!... ချိုးယုံစစ် မင်းဒီရက်ပိုင်း ငါတို့ရဲ့ မျောက်ကစားပွဲကို ကြည့်ရုံကလွဲလို့ ဘာမှမလုပ်ဘူး... အခု မင်းရဲ့ အရည်အချင်းကို ပြသဖို့ အချိန်ရောက်ပြီ!"


ချိုးယုံစစ်: "ငါတကယ် မလုပ်နိုင်ဘူး..."


"စကားပြောတာကို ရပ်လိုက်တော့!" လီကျင်လုံက စိတ်မရှည်စွာနဲ့ ဝင်အော်လိုက်၏။ 


"ဒီကို မြန်မြန်လာ! မြင်းတွေ့ပြီ!"


လီကျင်လုံနဲ့ မော့ရစ်ကန်းတို့က မြင်းများကို ဦးစီးပြီး ယူလာသည်။ ဟုန်ကျွင့်သည် ယခုတစ်ကြိမ်တွင် မိစ္ဆာတွေ နောက်တစ်ကြိမ် လွတ်မြောက်နိုင်ဦးမည်ဟု ထင်သောကြောင့် စိုးရိမ်နေခဲ့သည်။ ဒုတိယမြောက် ဓားပျံကို ပေးဆောင်ခဲ့ရသော်လည်း မြို့ပြင်တွင် မြင်းများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


လူတိုင်းသည် ၎င်းတို့၏ မြင်းများကိုစီးကာ တရားဝင် လမ်းတစ်လျှောက် လိုက်သွားကြသည်။


"ဘာလို့ မြင်းတွေရှိ​​နေတာလဲ" 


ဟုန်ကျွင့် သံသယနဲ့ မေး၏။


လီကျင်လုံ: "နေ့လည်ပိုင်းတုန်းက ပြင်ဆင်ထားတာ အရှေ့၊ တောင်၊ အနောက်၊ မြောက် တံခါးလေးပေါက်လုံးမှာ မြင်းတွေရှိတယ်"


စစ်မြင်းသည် မှောင်မိုက်သော ညအချိန်၌ မြောက်ဘက်တလျှောက် ပြေးထွက်သွားသည်။ ဖေးအောင်ကိုယ်ပေါ်က ဓားပျံသည် ပိုမိုတောက်ပလာပြီ။ ဖေးအာင်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားကာ ဆောင်းဦးရာသီ ရိတ်သိမ်းပြီးသော ဂျုံခင်းများကို ဖြတ်ပြေးသွားသည်။ ၎င်းက သိသိသာသာပင် မြောက်ဘက် တောင်များဆီသို့ ဦးတည်နေလေ၏။ 


လီကျင်လုံ: "ဒီဓားက မင်းရဲ့ဓားပျံကို ကောင်းကောင်း ဆက်သွယ်နိုင်တယ်"


လီကျင်လုံသည် လက်တစ်ဖက်တွင် ဇက်ကြိုးကို ထိန်းချုပ်ပြီး အခြားတစ်ဖက်တွင် ဓားကို ကိုင်ထားသည်။ ဓားကိုယ်ထည်သည် အလင်းရောင်တွေနဲ့ တောက်ပနေသောကြောင့် သူတို့ရှေ့က လမ်းကိုလည်း တောက်ပစေသည်။


ချိုးယုံစစ်: "သူတို့ကို တူညီတဲ့ ပစ္စည်းနဲ့ လုပ်ထားလို့ ဖြစ်နိုင်တယ်.... မှော်လက်နက်တွေက တူညီတဲ့ လက်နက်သန္ဓေသားကနေ ထွက်လာရင် အမြဲတမ်း ပဲ့တင်ထပ်နေလိမ့်မယ်"


လူတိုင်း မြင်းပေါ်၌ ထိုင်နေကာ တမင်နန်းတော်ရှေ့တွင် စိုးရိမ်တကြီး ရပ်နေကြသည်။ လီကျင်လုံရဲ့ မျက်ခုံးများကို ထုံးသွားကာ ဓားအလင်းက တည်ငြိမ်သွားသည်။ ထိုမိစ္ဆာက တမင်နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။ 


"တိုးဝင်မလား?" မော့ရစ်ကန်း မေးသည်။


လီကျင်လုံ? "ဝင်မယ်" 


ဟုန်ကျွင့်သည် ချိတ်နှင့် ကြိုးကို ပစ်တင်လိုက်ပြီး ဆယ်ပေမြင့်သော တမင်နန်းတော်၏ နောက်ဖေးနံရံကို ကျော်တက်လိုက်သည်။ လူတိုင်းကလည်း ချိတ်နှင့်ကြိုးကို အသုံးပြုကာ တစ်ယောက်ပြီး တစ်ယောက် ခုန်တက်ကြသည်။


တမင်နန်းတော်သည် လီလုန်ကျီး၏ နန်းတော်ဖြစ်သော်လည်း ရှင့်ချင်နန်းတော်ထက် လူကြိုက်နည်းသည်။ လီလုန်ကျီးက ဤနန်းတော်သို့ နေ့ဘက်တွင် လာခဲသည်။ ဤနန်းတော်သည် ချန်အန်းမြို့ အပြင်ဘက်တွင် ရှိ​နေတာကြောင့် နန်းတော်စောင့်ရန် လူရာဂဏန်းမျှသာ ရှိသည်။ လီကျင်လုံသည် သူ့နောက်သို့ လိုက်ရန် သူ့လက်အောက်ငယ်သားများထံ လှုံ့ဆော်ကာ ခန်းမများတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။


နန်းတော်ထဲရှိ လူများသည် အိပ်မောကျနေပြီဖြစ်၍ ကောင်းကင်၌ လရောင် အလင်းတန်းများက နန်းတော်အား သန့်ရှင်းပြီး လူဆိတ်ညံရာအရပ်အဖြစ်သို့ တောက်ပစေသည်။ လီကျင်လုံ၏ ဓားသည် ပိုတောက်ပလာခဲ့သည်။ ဆောင်းဦးလေက ပိတ်ပါး ကန့်လန့်ကာကို တိုက်ခတ်လာရာ နောက်ဘက် ခန်းမဝင်းထဲမှ အသံများ ဆက်တိုက် ထွက်လာသည်။


ဖေးအောင်သည် သေဆုံးသွားသော မြေခွေးလေးကို သူ့လက်ထဲတွင် ကိုင်ထားပြီး ခြံဝင်းထဲတွင် ဒူးထောက်ကာ ဝမ်းနည်းပူဆွေးနေသည့် အသံဗလံနှင့် ငိုကြွေးနေလေသည်။


"ဘာလို့... မင်းဒီလိုသေသွားရတာလဲ..." 


ဟုန်ကျွင့်မှာ ထိုငိုသံကို ကြားလိုက်သောအခါတွင် သူ့နှလုံးသားက နာကျင်သွားသလို ခံစားလိုက်ရသည်။ မော့ရစ်ကန်းက သူ့အတွေးများကို ခန့်မှန်းမိတာကြောင့် လက်တစ်ဖက်ကို ဟုန်ကျွငိ့ပခုံးပေါ် တင်လာခဲ့သည်။


လီကျင်လုံ: "မင်းတို့မှာ အထူးကျွမ်းကျင်မှု တစ်ခုခုရှိရင် အဲဒါတွေကို သုံးပါ.... မင်းတို့ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်မနေနဲ့ အထူးသဖြင့် မင်း ချိုးယုံစစ်...."


ချိုးယုံစစ်ခမျာ ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။


"ဒါ့အပြင်... အသက်ရှင်နေမယ်ဆိုရင် ပြန်သွားတဲ့အခါ စစ်ဆေးမေးမြန်း ခံရလိမ့်မယ်... ရန်သူကို တတ်နိုင်သမျှ အမြန်ဆုံး အနိုင်ယူပြီး ဒီနေရာက ပစ္စည်းတွေကို မဖျက်ဆီးပစ်စေနဲ့"


အားလုံးက "အင်း" လို့ တုံ့ပြန်လိုက်၏။ လီကျင်လုံ တွေးပြီး နောက်ပြန် လှည့်ကြည့်လိုက်သည်။ ဒီမှာ တခြားအရာတွေကို ထိခိုက်မိစေရင် ပိုဆိုးလိမ့်မယ်။ ထို့နောက် လက်ဟန်ခြေဟန်ပြပြီး လူအားလုံးသည် နန်းတော်၏ ထောင့်လေးထောင့်သို့ ထွက်ခွာသွားကြသည်။ လီကျင်လုံက ဓားကိုကိုင်ကာ ကွင်းပြင်ထဲသို့ လျှောက်သွားသည်။


ဟုန်ကျွင့်၊ မော့ရစ်ကန်းနဲ့ တခြားသူများ အားလုံးသည် လီကျင်လုံကို ထိတ်လန့်စွာ စိုက်ကြည့်နေကြ၏။ ဒီလီကျင်လုံသည် ရန်သူကို အချိန်တိုင်း ဆွဲဆောင်နေပါသည်။ ဟုန်ကျွင့်၏ ဓားပျံသည် ဖေးအောင်နောက်ကျော၌ ကပ်နေလျက် တောက်ပနေဆဲ ဖြစ်သည်။


လီကျင်လုံက ဖေးအောင်ထံသို့ လှမ်းသွားပြီးတဲ့နောက် ကျယ်ဝန်းသော ကွင်းပြင်ထဲက ၎င်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည်။


"လှုပ်ရှား​ကြရအောင်... ကိစ္စက ပြီးသွားပြီ ပြောစရာ မလိုတော့ဘူး"


ဖေးအောင်က ကြမ်းရှသောအသံဖြင့် "လီကျင်လုံ မင်းမှာ ချစ်သူရှိလား... မင်းချစ်သူက ဘယ်သူလဲ?"


လီကျင်လုံက တိတ်ဆိတ်နေပြီး သူ့မျက်လုံးများသည် ဖေးအောင်၏ လှုပ်ရှားမှုများကိုသာ စိုက်ကြည့်နေသည်။


"ဒီနေ့ မင်းတို့ငါ့ကို မသတ်နိုင်ရင် ငါအနာဂတ်မှာ မင်းချစ်သူရဲ့ အသားကို တစ်လက်မချင်း ကိုက်ပြီး သူမ အရေပြားကို နည်းနည်းချင်း အခွံခွာပစ်လိုက်မယ်.... သူမ အရွတ်တွေကို ဖြည်းဖြည်းချင်း ဆွဲထုတ်မယ် ....တစ်နေ့ကျရင် မင်းလည်ပင်းကို ညှစ်ဖို့ သူမရဲ့ အရွတ်တွေကို ငါသုံး​ပြမယ်" 


ဤသည်မှာ နတ်ဆိုး၏ မျက်လုံးများတွင် ပြင်းထန်သော မုန်းတီးမှုနှင့် ရန်လိုမုန်းတီးမှုတို့ကို ပထမဆုံးအကြိမ် တွေ့လိုက်ရပြီး အနက်ရောင်စွမ်းအင်ကို ထုတ်ပစ်လာတဲ့အထိ ခြိမ်းခြောက်နေပြီ ဖြစ်သည်။ ဖေးအောင်သည် ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်ရာ ၎င်းမျက်နှာက ပုံပျက်လာသည်။ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ချွန်ထက်သော သွားများဖြင့် ပြည့်နေသော ပါးစပ်ကို ပေါ်လွင်စေသည်။ လီကျင်လုံက သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ပြန်ဖြေလိုက်ပါ၏။ 


"သနားစရာပဲ.... မင်းမှာ အဲဒီနေ့မရှိ​တော့ဘူးလို့ ငါထင်တယ်" 


"ဒီနေ့ မင်းလက်ထဲမှာ ငါသေသွားရင်တောင်မှ ငါ့အတွက် ဒီသွေးရန်ငြိုးကို တစ်ယောက်ယောက်က သေချာပေါက် လက်စားချေလိမ့်မယ်!"


"ချလိုက်​တော့!" ချိုးယုံစစ်က ရုတ်တရက် လှမ်းအော်လိုက်သည်။


လီကျင်လုံ အမိန့်မပေးခဲ့ခင်မှာ လူတိုင်း လုံးဝ မျှော်လင့်မထားတဲ့ ချိုးယုံစစ်အသံက အရင် ထွက်ပေါ်လာခဲ့သည်။ 


ဟုန်ကျွင့်သည် ဖေးအောင် လီကျင်လုံကို အပြင်းအထန် တိုက်ခိုက်ပစ်မှာကို ကြောက်လန့်သွားသဖြင့် ဓားပျံ​ကို ချက်ချင်း လွှတ်ထုတ်ပစ်လိုက်သည်။ မရေမတွက်နိုင်တဲ့ တောက်ပ ချွန်ထက်တဲ့ သွားတွေဟာ ဖေးအောင်ရဲ့ လည်ချောင်းကနေ ရုတ်တရက် ပြေးထွက်လာတာကြောင့် လီကျင်လုံ ခြေတစ်လှမ်း ဆုတ်ခွာသွားပြီး ဓားကို ဝေ့ယမ်းလိုက်သည်။ ဟုန်ကျွင့်ကလည်း ကောင်းကင်ယံက အေးစက်ချွန်ထက်တဲ့ သွားတွေက ပိတ်ဆို့ဖို့ ဓားပျံကို ဖြတ်ပစ်လိုက်သည်။ ဓားပျံ လွင့်ပျံသွားကာ အရပ်ရပ်သို့ ပျံဝဲနေသော ချွန်ထက်သော သွားများကို ခုခံထားပေး၏။ 


ဟုန်ကျွင့် ရုတ်တရက် ဟစ်အော်လိုက်မိသည်။ 


"လီကျင်လုံ!"


ဤတစ်ကြိမ်တွင် လီကျင်လုံသည် ဖေးအောင်လက်မှ ရှောင်ရှားရန် ဆုတ်ခွာသွားခဲ့ပြီး အားလုံးက အတူတူ လုပ်ဆောင်ခဲ့ကြသော်လည်း ဖေးအောင်သည် မှားယွင်းသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ကာ တမင်နန်းတော်၏ နောက်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။


ချက်ချင်းဆိုသလို မော့ရစ်ကန်းသည် လက်သည်းခေါင်းများပါသော မြှားခုနစ်စင်းကို ပစ်လွှတ်လိုက်သည်။ တစ်ဆက်တည်း လေထဲ၌ လှည့်ကာ ဖေးအောင်နောက် လိုက်၍ နန်းတော်ထဲသို့ ပစ်လွှတ်လိုက်လေသည်။ ဟုန်ကျွင့်နဲ့ အားထိုက်တို့လည်း ပြေးဝင်လာကြသည်။


"ခဏနေ!" လီကျင်လုံ အော်တော့မယ့် အချိန်မှာပဲ ချိုးယုံစစ်က အရင် ဝင်ပြောလိုက်သည်။ 


"ဟုန်ကျွင့်ရဲ့ မှော်လက်နက်က အကြမ်းဆုံးပဲ... သူ့ကို စိတ်မပူပါနဲ့ ခေါင်းဆောင်... သွားရအောင်!"


လီကျင်လုံ၊ ချိုးယုံစစ်နှင့် မော့ရစ်ကန်းတို့သည် ချက်ချင်း ဝင်လာသည်။ သစ်သားတံခါးကို ဖေးအောင် ဖျက်ဆီးလိုက်ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာပြီး တစ်စုံတစ်ခု ပြုတ်ကျသွားသည်။ ထို့နောက် ချက်ချင်းပင် အားထိုက်သည် လက်တစ်ဖက်က ယပ်တောင်ကို ကိုင်ကာ သူ့လက်ချောင်းပေါ်ရှိ အနီ၊ အပြာ၊ အဝါနှင့် အစိမ်းရောင် လက်စွပ်များကို တစ်ပြိုင်နက်တည်း ထွန်းညှိကာ မြေပြင်ကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။


ကျယ်လောင်သော "ဗုန်းကနဲ" အသံကြီးသည် မြေပြင်တစ်လျှောက် တုန်ခါသွားပြီး အားထိုက်၏ စွမ်းအားက မြေအောက်ထဲအထိ တိုးဝင်သွားသည်။


ထိုအခါ ဖေးအောင်သည် မြေပြင်ပေါ်တွင် ပုန်းအောင်း မနေနိုင်တော့ဘဲ မြေကြီးထဲက ဖောက်ထွက်ကာ အားထိုက်ကို လှမ်းကိုင်လိုက်သည်။ ရုတ်တရက် ဟုန်ကျွင့်က အားထိုက်ရှေ့ကို ပြေးရပ်လိုက်ကာ ဖျက်ဆီး၍မရသော ငါးရောင်ခြယ်အလင်းကို အစွမ်းထက်သော ဒိုင်းတစ်ခုကဲ့သို့ လင်းလက်သွား​စေလေသည်။ စွမ်းအင်နှစ်ခု တိုက်မိတဲ့အခိုက်မှာ ဟုန်ကျွင့်က အော်လိုက်သည်။ 


"ထွက်သွားစမ်း---!"


ဖေးအောင်သည် နတ်အလင်း ငါးရောင်ရှိသော အလင်းရောင်ကို ထိမိသည့်အခိုက်တွင် ၎င်း၏ စွမ်းအင်များ ပေါက်ကွဲသွားပြီး နောက်သို့ ပျံလွင့်သွားခဲ့သည်။ ဖေးအောင်က နန်းတော်အတွင်း လှည့်ပတ်ကာ မရေမတွက်နိုင်သော ပရိဘောဂများနှင့် ကြွေထည်များကို ဖျက်စီးပစ်သည်။ တမင်နန်းတော် အပြင်ဘက်ရှိ အစောင့်များသည် ထိတ်လန့်တကြားဖြင့် လာရောက်စုံစမ်းရာ နေရာတိုင်းတွင် အော်ဟစ်လိုက်ကြ​တော့သည်။


"မင်းတို့..." 


လီကျင်လုံ ခန်းမထဲသို့ ပြေးဝင်လာခဲ့သည်။ မြေပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသော ပစ္စည်းများက လျော်ကြေးငွေ ဘယ်လောက် ပေးရတော့မလဲ မသိသောကြောင့် ချက်ချင်း မောင်းထုတ်ပြီး ရိုက်လိုက်သည်။ 


"သူ့ကို အပြင် ရိုက်ထုတ်!"


"ငါအစွမ်းကုန် ကြိုးစားပါ့မယ်!"


ဟုန်ကျွင့် အော်ရင်း ဖေးအောင်နောက်ကို အမြန်လိုက်သွားသည်။ မော့ရစ်ကန်းက သူ့လက်ကို ဆုပ်လျက် လက်သည်းထိပ်၌ မြှားခုနစ်စင်းကို ပြန်လည် စုပ်ယူလိုက်သည်။ ထို့နောက် နောက်ပြန်ဆုတ်သွားရင်း မြှားကို လက်တစ်ဆုပ်စာ ကိုင်လိုက်ကာ လေးကြိုးရှေ့မှာ အသင့်ဆွဲထား၏။ 


ဟုန်ကျွင့်ကလည်း လက်တစ်ဖက်တွင် ငါးရောင်ခြယ် ဒေါင်းမွေးကို ကိုင်ဆောင်ကာ ဓားပျံကို လက်တစ်ဖက်က ကိုင်ဆောင်ထားသည်။ ဓားပျံများကို ဥက္ကာပျံများကဲ့သို့ ဖေးအောင်ထံသို့ အလှည့်ကျ မရပ်မနား ပစ်ခတ်​​နေသည်။ အားထိုက်ကလည်း ၎င်း၏ခေါက်ယပ်​တောင်ကို သုံးကြိမ်ဝှေ့ယမ်းကာ လျှပ်စီး၊ နှင်းခဲများနှင့် သဲများပြည့်နေသော လေဆင်နှာမောင်းက သုံးကြိမ်ကြိမ် လှိမ့်ဆင်းလာခဲ့သည်။


ခန်းမနောက်ဘက်ရှိ ဖေးအောင်သည် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားသော် နံရံကိုဖြတ်၍ တစ်ဖက်ခန်းမဆီသို့ ထွက်ပြေးခါနီးတွင် မော့ရစ်ကန်း၏ မြှားသည်လည်း နောက်ဆုံးတွင် ညာဘက်လက်မှ လွတ်ထွက်သွား၏။ 


"ပြန်ဆုတ်သွား!" 


ဟုန်ကျွင့်သည် ဖေးအောင် ပြန်လွင့်လာတဲ့အချိန် မတိုက်မိစေရန် ရှေ့ဆုံးမှ လှမ်း၍ နောက်သို့ ဆုတ်သွားခဲ့သည်။ လက်သည်းခေါင်းမြှား ခုနစ်စင်းသည် စုစည်းကာ ပြင်းထန်သော အလင်းရောင်ဖြင့် တောက်လောင်လျက် ဖေးအောင်၏ ဝမ်းဗိုက်ကို ဖောက်လိုက်လေသည်။


ထို့နောက် လေဆင်နှာမောင်းက သုံးကြိမ် တိုက်ခတ်သွားရာ နံရံပြိုကျသွားသည့် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ဖေးအောင်ဟ တံတိုင်း အပြင်ဘက်က တမင်နန်းတော်၏ နောက်ဘက်ခန်းမအပြင်ဘက် ရင်ပြင်ဆီသို့ ဦးတည် ပြေးထွက်သွားသည်။