(8)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (8)

တောင်ကြား



ဦးလေးသုံးက မျက်မှောင် ကြုတ်လိုက်ပြီး 


"ခေါင်းပဲလား? ခန္ဓာကိုယ် မရှိဘူးလား?"


အမျိုးသမီးကလည်း ခေါင်းညိတ်ကာ 


"ဟုတ်တယ် ကြောက်စရာ ကောင်းတယ်လို့ မထင်ဘူးလား? အဲဒီနေရာ ပြိုကျပြီးကတည်းက ထွက်ပေါက်တွေ မရှိတော့ဘူး ခြင်တွေတောင် ဝင်လို့မရဘူး..... ရှင်တို့အဲဒီကို သွားချင်ရင်တော့ တွားသွားပြီးမှ သွားနိုင်လိမ့်မယ်... ကျွန်မအထင်တော့ အဲ့ကိုရောက်ရင်လည်း ကြည့်ပဲ ကြည့်နိုင်မယ် ထင်တယ်...အဲဒီနေရာကို ရောက်ဖူးတဲ့ လူအုပ်စုတွေ အများကြီး ရှိတယ် အဲဒီ့လူကြီးတွေလည်း တောင်ပြိုကျတာကို မြင်ရပြီး ခေါင်းပဲ ခါပြနိုင်တော့တယ်လေ”


ဦးလေးသုံးက မျက်နှာ​သေကို တစ်ချက်ကြည့်လိုက်တော့ တုံ့ပြန်မှု လုံးဝမပြဘဲ ပျင်းရိနေသလို ဖြစ်​နေတာကို တွေ့လိုက်ရတော့ သူက စားပွဲထိုးကို ဆက်ပြောလိုက်၏။ 


"တောင်မပြိုခင်မှာ တစ်ယောက်ယောက် ဝင်သွားဖူးတယ် မဟုတ်လား?"


"ရှိတာတော့ ရှိတယ် ဒါပေမဲ့ ရက်အနည်းငယ် ကြာအောင် ဝင်သွားပြီးတော့ ဘယ်လိုပုံစံနဲ့ ပြန်ထွက်လာတယ် ထင်လဲ? သူတို့နဲ့အတူ ဘာမှ ယူမလာဘူး.... သူတို့ လာတဲ့အခါတုန်းကတော့ အားလုံး ပျော်နေကြတာ ဒါပေမဲ့ ထွက်လာတော့ သူတို့ရဲ့ အဝတ်အစားတွေက သူတောင်းစားတွေလို နံစော်နေတာပဲ..... အဘိုးက ဟိုထဲမှာ မတွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောတယ်... ဘာလဲ ရှင်တို့ရော သွားစမ်းကြည့်ချင်လို့လား?”


"မင်းပြောတာကို ကြည့်ရသလောက်တော့ ရောက်တောင် ရောက်လာပြီပဲ... သွားတော့ ကြည့်ရမှာပေါ့ မဟုတ်ရင် ဒီခရီးက အချည်းနှီး ဖြစ်သွားလိမ့်မယ်"


ဦးလေးသုံးက ရယ်ပြီး ဘာမှ ထပ်မပြောတော့ချေ။ စားပွဲထိုးက အစားအသောက်တွေ ပြင်ဆင်ဖို့ မီးဖိုချောင်ဖက်ကို ထွက်သွားတဲ့အခါ ဖန့်ကျစ်က


"ကြည့်ရတာ ငါတို့သွားချင်တဲ့ နေရာက သိပ်မဆိုးဘူးလို့ ထင်ရတယ်.... ဒါပေမဲ့ ဒီကောင်မလေး ပြောတဲ့အတိုင်းဆို ငါတို့ ကားတစ်စီး ပြင်ဆင်ပြီး ပစ္စည်းတွေ သယ်သွားရင်တောင် တောင်ပေါ်ကို ရောက်ဖို့ တော်တော် ခက်လိမ့်မယ်"


"စက်ကိရိယာနဲ့ လောင်းတဲ့ နည်းလမ်းတွေ ရှိသလို စက်မပါတဲ့ လောင်းနည်းတွေလည်း ရှိတယ်.... စစ်မတ်ကာလခေတ်က သင်္ချိုင်းတွေက အများအားဖြင့် မြေကျင်းတွေထဲ တည့်တည့်ကြီး ပေါက်နေတဲ့ အုတ်ဂူတွေ မရှိဘဲ အတက်အဆင်းတွေနဲ့..... သင်္ချိုင်းက ဘယ်လောက်ကြီးလဲ ဘယ်လောက် နက်နက်အထိ မြုပ်ထားလဲ မသိရသေးဘူး.... သေချာတာကတော့ ငါတို့အရင်က ဖောက်ခဲ့ဖူးတဲ့ ဂူတွေနဲ့ မတူနိုင်ဘူး... တောင်ပေါ်မှာ မြေပြိုကျလာတော့ ပြုတ်ကျတဲ့ လူတွေရဲ့ ဦးခေါင်းတွေကို ကြည့်လိုက်ရင် ဒါက ဘိုးဘွားစဉ်ဆက် တစ္ဆေခေါင်းတွင်းလို့ ခေါ်တယ်.... သူတို့ ဒီလူတွေကို အရင်စတေးပြီး သင်္ချိုင်းတွင်းထဲ သွင်းခဲ့တာ ဖြစ်နိုင်တယ်” 


ဦးလေးသုံးက မြေပုံကိုထုတ်ပြီး စက်ဝိုင်း တစ်ဝိုင်းကိုဆွဲလျက် လက်ညှိုး ထိုးပြလာသည်။


“ဒီနေရာကို ကြည့်လိုက်.... ဒီနေရာက အဓိကသင်္ချိုင်း ပိုင်ရှင်ရဲ့ နေရာနဲ့ ဝေးနေသေးတယ်.... သင်္ချိုင်းကို အရင်ရောက်ဖူးတဲ့ သူတွေက နဂါးသွေးကြော ရှာဖွေတဲ့ နည်းလမ်းအတိုင်း လိုက်နာခဲ့ကြလိမ့်မယ်... အဲ့တော့ ဒီကိုရောက်ရင် ရပ်တန့်သွားလိမ့်မယ်.... ဒါက နဂါးခေါင်း... ပုံမှန်အခြေအနေ အရဆိုရင် သင်္ချိုင်းက ဒီအောက်ဖက်မှာ ရှိရမယ်.... ဒါပေမဲ့ နည်းနည်း ဆက်သွားပြီး ဒီကို တစ်ချက်ကြည့်လိုက်.... အဲဒီနေရာက ဟူလူအပေါက်ပဲ... ဆကိမဝင်ရင် ဂူထဲမှာ နဂါးခေါင်းအစစ် ရှိတယ်ဆိုတာ သိမှာမဟုတ်ဘူး.... ဒီသင်္ချိုင်းကို ဒီဇိုင်း ရေးဆွဲတဲ့သူတွေက နဂါးရှာတဲ့ အကြောင်း အများကြီး သိရမယ်.... သူတို့က သင်္ချိုင်းတူးဖို့ လာတဲ့ လူတွေအတွက်လည်း ထောင်ချောက်ကို ဒီမှာ အထူးတလည် ဆင်ထားကြမှာပဲ.... မမျှော်လင့်ထားဘူး ဆိုရင် ဒီနဂါးအတုရဲ့ ဦးခေါင်း အောက်မှာ ယန္တရားတွေ အများကြီးပါတဲ့ ထောင်ချောက်တစ်ခု ရှိရမယ်..."


သူတို့အားလုံး သင်္ချိုင်းဂူ အကြောင်းကို စူးစူးစိုက်စိုက်နဲ့ နားထောင် နေကြတာကို တွေ့ရတော့ ဦးလေးသုံးက ဆက်ပြောလေ၏။


"ငါတို့မှာ ဒီမြေပုံသာ မရှိရင် ငါတို့ဘိုးဘေးတွေ ဆင်းလာရင်တောင် သူတို့လာတဲ့အခါမှ အမှန်တရားကို သိရလိမ့်မယ်.... မနက်ဖြန် ငါတို့ ယူသွားသင့်တာတွေကို ယူသွားရမယ်... ပေါ့ပေါ့ပါးပါး ခရီးထွက်သလို အရင်ဆုံး ခြေရာခံကြမယ်.... အလုပ်မဖြစ်ဘူးဆိုမှ ငါတို့ပြန်လာပြီး ပစ္စည်းတွေ ရွှေ့မယ်"


အနည်းငယ် သောက်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့ကြသည်။


စက်ပစ္စည်းတွေကို ​ပြင်ဆင်ရမယ့် အချိန် ရောက်ပါပြီ။ ဒီခေတ်မှာ ရိုးရာ ​လော့ရန်​ဂေါ်ပြားကို မသုံးဖြစ်တော့ချေ။ ဦးလေးသုံးက ဂေါ်ပြားတစ်လတ်ကို ထုတ်လိုက်သည်။ ထိုဂေါ်ပြားကို အပိုင်းအလိုက် လိမ်ထားတဲ့ စတီးပိုက်တွေနဲ့ ပြုလုပ်ထားလေသည်။ သံမဏိ ပိုက်များစွာဖြင့် ပြုလုပ်ထားလို့ ၎င်းသည် သစ်သားဂေါ်ပြားထက် ပိုကောင်းပါသည်။ 


လက်ကိုင်ပါရှိသော လော့ရန် ဂေါ်ပြားကတော့ ပို၍ ဖုံးကွယ်ထားနိုင်သည်။ စစ်မတ်ကာလ၏ သင်္ချိုင်းဂူသည် အမြဲတမ်း ဆယ်မီတာအောက် ရှိသည်။ စတီးပိုက်များသည် ထုတ်ပြီး လူတစ်ဦးစီသည် ဂေါ်ပြားခေါင်း တစ်ခုစီကို တပ်ဆင်လိုက်သည်။


ဖန့်ကျစ်၌ ဦးခေါင်းတို ရိုင်ဖယ်တစ်လက် ရှိပြီး သူ့ခါးက သားရေခါးပတ်တွင် တင်းတင်းကြပ်ကြပ် ထည့်ထား​လေသည်။ ဤသေနတ်သည် မှောင်ခိုဈေးကွက်မှ ဝယ်ခဲ့သော နှစ်လုံးပြူးများထက် များစွာတိုသည်။ တခြားဘယ်သူမှ မမြင်နိုင်တော့အောင် ကျည်ဆန်တွေကို သူ့ကျောပိုးအိတ်ထဲမှာ ထည့်ထားလိုက်သည်။


ဦးလေးသုံးက သင်္ချိုင်းထဲမှာ နှစ်လုံးပြူး သေနတ်ကို သုံးရင် လှည့်တောင် လှည့်ချိန်မရတတ်ဘူးလို့ ပြောလေ၏။ ဖန့်ကျစ်ရဲ့ သေနတ်တိုသည် ပို၍ လက်တွေ့ကျ အသုံးဝင်သည်။ ဝူရှဲ့ကတော့ ကုဒ်ကင်မရာ တစ်လုံးနဲ့ ခဲတံ၊ စာအုပ်ကို ပြင်ဆင်ထားသည်။ သူ့မှာ ယူသွားစရာ သိပ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူက အလုပ်သင်ပဲလေ။


တစ်ညလုံး ပြောစရာစကား မရှိသလို ခရီးပင်ပန်းလာတဲ့ နေ့လည်းဖြစ်တာကြောင့် ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။ နိုးလာတဲ့အခါ အရိုးအဆစ်တွေ သက်တောင့်သက်သာ ရှိသွားလိုတောင် ခံစားလိုက်ရသည်။ မနက်စာကို အမြန်စားပြီး အစာခြောက်ထုပ်တွေ ထည့်ကာ ခရီးဆက်ခဲ့၏။  


စားပွဲထိုး အမျိုးသမီးက အရမ်း စိတ်အားထက်သန်​နေပြီး ရွာထဲကကလေး တစ်ယောက်ကို လမ်းပြအဖြစ် ခေါ်ပေးလေ၏။ တောင်လမ်းမှာ နှစ်နာရီကျော်လောက် လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ ကလေးက အရှေ့ကို လက်ညှိုးထိုးပြပြီး 


“အဲဒီနေရာပဲ”


လှမ်းကြည့်လိုက်တော့ မြေပြိုကျသွားတဲ့ နေရာကို သိသာမြင်ရလေသည်။ ပြိုကျထားတဲ့ နေရာက တောင်တန်းတစ်ခုနဲ့ တစ်ခုကြားမှာ ရှိနေကာ ဒီချောက်ကြီးဟာ အလွန်ရှည်လျားတဲ့ မြစ်တစ်စင်းလိုတောင် ဖြစ်နေပြီ။ မိုးရာသီတွင် ရွှံ့ပြိုမှုများကြောင့် မျောပါသွားကာ ယင်းတောင်တန်းများသည် လအတန်ကြာတော့ ခြောက်သွေ့သွားရာ အလယ်တွင် တိမ်ကောနေသည့် စမ်းချောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။


နှစ်ဖက်စလုံးရှိ တောင်များသည် အလွန်မတ်စောက်ပြီး သွားလာ၍ မရသည့်အပြင် တောင်များမှ ပြိုကျလာသော ကျောက်တုံးများဖြင့် အရှေ့ဘက်မြစ်ကို ပိတ်ဆို့ထားသည်။


ဝူရှဲ့ ကလေးရဲ့ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။


"ပြန်သွားဆော့တော့... မင်းအစ်မကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး"


ကလေးက သူ့လက်ကို ဆန့်တန်းပြီး 


"၅၀ပေး!"


ဝူရှဲ့ အံ့ဩသွားပေမယ့် ကလေးက ဘာမှ မပြောဘဲ လက်ကို ဆန့်တန်းပြီး သူ့ကိုပဲ စိုက်ကြည့်နေ၏။ 


၅၀က ဘာလဲ?


ဦးလေးသုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကာ ယွမ်ငွေ ၁၀၀ ကို ထုတ်ယူပေးလိုက်တော့ ထိုကလေးက ခုန်ပေါက် ခုန်ပေါက်ဖြင့် ထွက်ပြေးသွားခဲ့သည်။


ရုတ်တရတ် သတိလာပြီးမှာ ကျွန်တော်လည်း ပြုံးလိုက်မိသည်။ 


"အခု တောင်ပေါ်က ကောင်လေးတွေတောင် အရမ်းပါးနပ်လာပြီ"


"ငှက်တွေကြောင့် လူတွေသေကြတယ်" 


တခွေက ရေရွတ်လိုက်သည်။ ထိုအခါ ဖန့်ကျစ်က 


"မင်းက ပညာတတ်လား? ငှက်တွေကြောင့် လူတွေသေမယ်ပေါ့ မင်းပဲ သေလိုက်တော့"


ထို့နောက် စကားတစ်ခွန်းမှ မပြော​တော့​ဘဲ တောင်ကမ်းပါးရံကို တွယ်ဆင်းခဲ့ကြသည်။ ကျောက်က သိပ်မချော်ချေ။ အမျိုးသမီး ပြောသလို ကြောက်စရာ မကောင်းသလို သူမပြောခဲ့တဲ့ ခေါင်းတွေကိုလည်း မမြင်ရသေးချေ။ 


ပြိုကျမှုရဲ့ ချောက်ကြီးရဲ့ နောက်ကွယ်မှာ သစ်ပင်တွေ တဖြေးဖြေးနဲ့ ပြည့်လာပြီး အကွာအဝေး နီးလာတော့ ထူထပ်တဲ့ ဂေဟစနစ် တော်ကြီးကို တွေ့လိုက်ရတော့သည်။ ဘယ်လိုဖြစ်လာလဲတော့ မပြောတတ်ပေ။


အဲဒီအချိန်မှာ ပြိုကျနေတဲ့ တောင်စောင်းအောက်က ချောက်ထဲမှာ အဘိုးကြီးတစ်ယောက် ရေသွားခပ်နေတာကို တွေ့လိုက်ရသည်။ အနီးကပ် ကြည့်လိုက်တော့ သူတို့ဂူထဲ ခေါ်သွားတဲ့ အဘိုးအိုမှန်း သိလိုက်ရ၏။ 


အဘိုးကြီးလည်း သူတို့ကို ရုတ်တရက် မြင်လိုက်ရတော့ ထိတ်လန့်သွားသဖြင့် စမ်းချောင်းထဲသို့ ပြုတ်ကျလုမတတ် ဖြစ်သွားကာ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ ဖန့်ကျစ်က ကျိန်ဆဲပြီး သူ့သေနတ်တိုကို ထုတ်ကာ အဘိုးအိုရဲ့ ခြေရင်းက သဲခုံထဲ ပစ်ထည့်လိုက်လေသည်။ 


အဘိုးအိုက ကြောက်လန့်တကြား ထခုန်ပြီး ထွက်ပြေးပြန်သည်။ ဖန့်ကျစ်က သူ့ခြေရာတွေပေါ်မှာပဲ သုံးကြိမ်ဆက်တိုက် ပစ်ခတ်လိုက်သည်။ အဘိုးအိုက အတော်လေး ပါးနပ်ပေ၏။ တစ်ဖက်လူက သူ့ကိုကစားနေပြီး ထွက်ပြေးလို့ မလွတ်နိုင်မှန်း သိလိုက်တာနဲ့ မြေပြင်ပေါ် ဒူးထောက်ပြီး လဲကျသွားတော့သည်။ 


သူတို့ ကုန်းဆင်းအတိုင်း ဆင်းလာတော့ အဘိုးအိုက 


“သခင်ကြီးတို့ ခွင့်လွှတ်​ပေးပါ.... ဒီအဘိုးကြီးက တချို့အာရုံတွေကို စွဲဆောင်​ပေးဖို့ကလွဲပြီး ရွေးစရာ မရှိတော့လို့ပါ... သ သခင်ကြီးတို့က နတ်ဘုရားတွေလို လူတွေ ဖြစ်​​နေမယ်လို့ မမျှော်လင့်ထားဘူး... ဒီတစ်ခါတော့ တကယ် သိသွားပါပြီ"


အဘိုးကြီးက နှာရည်ယိုပြီး မျက်ရည်တွေ စီးကျကာ စကားပြောနေစဉ် ဦးလေးသုံးက ဝင်ပြောလိုက်သည်။ 


"ဘာလဲ... ကျုပ်အထင်တော့ ခင်ဗျားရဲ့ ဒီပုံစံနဲ့ဆို ဘာရွေးချယ်စရာ မရှိလို့လဲ? ခင်ဗျား ဘာလုပ်ချင်​နေတာလဲ?"


"အမှန်တိုင်း ပြောရရင် ငါတကယ် နေမကောင်းဖြစ်နေတာပါ... ငါ့ခန္ဓာကိုယ်က ကြမ်းတယ်လို့ ထင်ရပေမယ့် နေ့တိုင်းဆေးတွေ အများကြီးသောက်ရတယ်.... ကြည့်ကြည့်လိုက် ငါဆေးချက်ဖို့ ရေလာခပ်တာပါ"


သူက ရေဘူးကို ညွှန်ပြလိုက်သည်။


"တစ္ဆေအိုကြီး ခင်ဗျားကို မေးပါရစေ... ဘာလို့ ဒီဂူထဲမှာ ရုတ်တရက် ပျောက်သွားတာလဲ"


"ငါမင်းတို့ကို ပြော​ပြရင် ငါ့ကိုမသတ်ဘူး မဟုတ်လ?"


တစ္ဆေအိုကြီး ဆိုတဲ့ အဘိုးအိုက သူတို့ကို လှမ်းကြည့်လာသည်။


“စိတ်မပူပါနဲ့.... ကျုပ်တို့ကအခု တရားဥပဒေဘောင်ထဲမှာ ရှိနေတာပဲလေ” 


ဦးလေးသုံးက ခေါင်းညိတ်ကာ ဆိုလိုက်သည်မှာ။ 


“ခင်ဗျား ဝန်ခံရင် ခင်ဗျားကို သက်တောင့်သက်သာ ဆက်ဆံ​ပေးမယ်.... ဒါပေမဲ့ ခင်ဗျား ငြင်းရင်တော့ ခင်ဗျားကို တင်းတင်းကျပ်ကျပ် ဆက်ဆံရလိမ့်မယ်”


“ကောင်းပြီ ကောင်းပြီ ကျုပ်ဝန်ခံမယ်... တကယ်တော့ ဒါက ကြီးကြီးမားမား လျှိုဝှက်ချက်တော့ မဟုတ်ပါဘူး.... အပေါက်က တည့်တည့်ကြီးပဲ သွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဂူရဲ့ထိပ်မှာ အပေါက်တွေ အများကြီး ရှိတယ်.... တမင်တကာ လိုက်မရှာမိရင် တွေ့မှာ မဟုတ်ဘူး...ခင်ဗျားတို့တွေ သတိမထားမိခင် ကျုပ်က မတ်တတ်ထရပ်ပြီး အ​ပေါ်က ​တွင်းထဲကို တွားသွားဝင်နေလိုက်တယ်... လှေထွက်သွားတော့မှ ကျုပ် ပြန်ထွက်လာပြီး ဝီစီမှုတ်လိုက်တာ.... လွိတန့်တန့်က ဝီစီသံကို ကြားတော့ သစ်သားအင်တုံကို ကျုပ်ဆီ ဆွဲလာပြီး ဒီအတိုင်း ထွက်လာခဲ့တယ်.... အလုပ်ပြီးတဲ့အခါ လှေသမား လုလောင်အာ့က ကျုပ်ဝေစုကို ပေးလိမ့်မယ်.... ကျုပ်ရတာလည်း သိပ်တော့ မများပါဘူး"


ရုတ်တရက် တွေးမိလိုက်တာက။


"စကားမစပ် လုလောင်အာက ဘယ်မှာလဲ? သူက ဒီကသခင်ကြီးတွေရဲ့ လက်ထဲမှာလား?"


ဖန့်ကျစ်က ခေါင်းဖြတ်လိုက်တဲ့ အမူအရာကို လုပ်ပြလိုက်ပြီး 


"သူ့ကို ပို့​ပေးလိုက်ပြီ"


အဘိုးအိုက ခဏလောက် ထိတ်လန့်သွားပြီး သူ့ပေါင်ကို ရိုက်ချလိုက်ကာ


"သေသွားတာလည်း ကောင်းပါတယ်.... တကယ်တော့ ကျုပ်အဲ့ဒါကို မလုပ်ချင်ပါဘူး... ကျုပ်မလုပ်ရင် လောင်အာ့က ကျုပ်ကို လုပ်လိမ့်မယ်... ကျုပ်လည်း တကယ် မတတ်သာလို့ပါ... ကျုပ်ကို လွှတ်ပေးပါနော်"


ထိုအခါ ​ဦးလေးသုံးက 


“ခင်ဗျား ဘယ်မှာနေတာလဲ ဘာလို့ဒီကို ရေလာခပ်တာလဲ?”


အနီးနားက လှိုဏ်ဂူကို အဘိုးအိုက လက်ညှိုးထိုးပြပြီး 


"ဒွအဘိုးကြီးက အဲ့မှာနေတာပါ... လယ်မြေ မရှိဘူး သားကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားပြီး နေစရာ အိမ်လည်း မရှိဘူး.... အခု သေဖို့ စောင့်နေရတာ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ"


"ဒါဆို ခင်ဗျားက ဒီနေရာနဲ့ တော်တော် ရင်းနှီးနေပုံက.... ခင်ဗျားကို လွှတ်​ပေးလိုက်လို့က ရပါတယ်... ဒါပေမဲ့ ခင်ဗျား ကျုပ်တို့ကို နေရာတစ်နေရာဆီ ခေါ်သွားပေးရမယ်" 


ဦးလေးသုံးက တောအုပ်ကို ညွှန်ပြလိုက်သောအခါ အဘိုးအိုရဲ့ မျက်နှာက ကြောက်ရွံ့မှုနဲ့အတူ ရုတ်တရက် ပြောင်းလဲသွားလေသည်။


"သခင်ကြီးရေ.... ခင်ဗျားတို့ ဒီကိုလာတာ ဂူဖောက်ဖို့ဆိုတာ သေချာနေပြီပေါ့... ဒါပေမဲ့ အဲဒီနေရာကိုတော့ ဖောက်နိုင်မှာ မဟုတ်ဘူး! အဲဒီမှာ နတ်ဆိုးတွေ ရှိတယ်!"


ဒါကိုကြားတာနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။ အဲဒီအဘိုးကြီးက တစ်ခုခုတော့ သိနေမှာပဲ။ ဝူရှဲ့လိုပဲ ဦးလေးသုံးလည်း တွေးမိလေသည်။


“ဘာကို မြင်ဖူးလို့လဲ” 


“လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းကလည်း လူတစ်စုက ရှေးဟောင်းသုတေသန လုပ်ဖို့ဆိုပြီး လာပြောကြတဲ့ လူတွေကို ကျုပ်ခေါ်သွားပေးဖူးတယ်....ကြည့်လိုက်တာနဲ့ သင်္ချိုင်းဖောက်တော့မယ့် လူတွေမှန်း သိတယ်... ဒါပေမဲ့ ဒီကောင်တွေက တခြားသူတွေနဲ့ မတူဘူး။ အရင်က မြင်ဖူးတဲ့ လူတွေက သူခိုးလေးတွေ... အဲ့လူတွေက အားလုံးက သင်္ချိုင်းဂူကို မြင်တာနဲ့ လဲကျသွားတော့တာပဲ... အမှန်တိုင်းပြောရရင် အဲဒီရှေးဟောင်း သုသေသနအဖွဲ့ ပထမတစ်ချက်မှာတော့ သာမန်လူတွေ မဟုတ်တဲ့ အသွင်အပြင်မျိုး ရှိတယ်... အဲဒီလူတွေက ချောက်ထဲကို အရောက်သွားချင်ကြတယ်.... အဲဒီတုန်းက ကျုပ်တို့ရွာမှာ အဲဒီနေရာကို ရောက်ဖူးတဲ့လူက ကျုပ်တစ်ယောက်ပဲ ရှိတာ.... အဲဒီလူတွေက အရမ်းချမ်းသာတော့ ပိုက်ဆံ ဆယ်အုပ်ကို တစ်ခါတည်း ပေးနိုင်တယ်.... ငွေကို မြင်တော့ ကျုပ်လည်းကျေနပ်ပြီး တောထဲကို ခေါ်သွားပေးလိုက်တယ်.... ကျုပ်ရောက်နိုင်တဲ့ နေရာကို တည့်တည့် လျှောက်သွားလိုက်တော့ သူတို့က အရှေ့ကို ဆက်သွားချင်နေတယ် ဒါပေမဲ့ သူတို့ ပိုက်ဆံ၁၀အုပ် ထပ်ပေးနိုင်ရင်တောင် ကျုပ်အသက်နဲ့ မလဲနိုင်ဘူးလို့ ပြောခဲ့တယ်... သူတို့က ငွေအုပ် ၁၀၀ ပေးမယ်လို့ ပြောတော့ ကျုပ် ထပ်ငြင်းခဲ့တယ်... အဲဒီအချိန်မှာ သူတို့ခေါင်းဆောင်က လှည့်လာပြီး ကျုပ်ခေါင်းကို သေနတ်နဲ့ ချိန်ထားပါလေရော... ကျုပ်လည်း မတတ်သာတော့ သူတို့ကို ဆက်ခေါ်သွားပေးရတယ်"


သူက ခေါင်းကုတ်ပြီး ဆက်ပြောလေ၏။


"နောက်တော့ သူတို့ပြောတဲ့ အဲဒီ့နေရာကို ရောက်သွားခဲ့တယ်...အဲဒီလူတွေ အရမ်းပျော်ပြီးတော့ အောက်ထပ်မှာ တစ်ခုခု ရှိတယ်ဆိုပြီး ပြောနေကြသေးတယ်... ကျုပ်လည်း အဲဒီနေ့ညက အရမ်းသောက်မိတော့ တဲလေးတစ်လုံး ဆောက်ပြီး သတိမထားဘဲ လုံးဝ အိပ်ပျော်သွားခဲ့တယ်.... ဒါပေမဲ့ အိပ်ရာက နိုးလာတော့ အဲဒီလူတွေအားလုံး ပျောက်ကုန်ပြီ.... ပစ္စည်း​တွေအားလုံးက ရှိနေတုန်းပဲ.... မီးကလည်း မငြိမ်းသေးဘူး ကျုပ်လည်း ကြောက်လာရော နေရာတိုင်းကို အော်ဟစ်ကြည့်ပေမယ့် အချိန်အတော်ကြာအောင် ခေါ်ပြီးတဲ့ နောက်မှာ ဘယ်သူကမှ ဂရုမစိုက်ကြတဲ့အတွက် တစ်ခုခု မှားနေပြီလို့ ကျုပ်လည်း တွေးမိလိုက်တယ်... သူတို့ဒီမှာ မရှိ​တော့ဘူးလို့ ထင်တဲ့အတွက် ကျုပ်လည်း ထွက်ပြေးလာခဲ့တာ”


အဘိုးအိုသည် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို မြင်ယောင်ရင်း မျက်လုံးကို မှိတ်ကာ


"ခြေလှမ်း နည်းနည်းလောက် ပြေးပြီးတော့ တစ်ယောက်ယောက် လှမ်းခေါ်​နေတဲ့သံကို ကြားလိုက်ရတယ်... ပထမဆုံးအကြိမ် သူတို့အဖွဲ့ထဲက အမျိုးသမီးတစ်ဦး မျက်နှာချင်းဆိုင် တွေ့လိုက်ရတာပဲ....သူမက ကျုပ်ကို လက်ပြနှုတ်ဆက်လာတယ်... မနက်အစောကြီးမှာ ဘာလို့ ဘယ်သူမှ မရှိတော့တာလဲလို့ မေးတော့မယ့် အချိန်မှာ ရုတ်တရက် သူ့အနောက်က သွားတွေ ခြေသည်းတွေနဲ့ ကုတ်ဖဲ့ ကိုက်ဖြတ်ထားသလို သစ်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရတော့ သစ်ပင်ကို မော့ကြည့်လိုက်မိတယ်... အဲဒီသစ်ပင်ပေါ်မှာ အကုန်လုံး လူသေတွေနဲ့ ပြည့်ကျပ်နေတော့ မျက်လုံးတွေတောင် ပေါက်ထွက်ကုန်နေရော.... ကြောက်လွန်းလို့ ရွာပြန်မရောက်ခင်အထိ တစ်ရက်နဲ့ တစ်ညလောက် ပြေးခဲ့ရတယ်.... ခင်ဗျားပြောကြည့် အဲဒီသစ်ပင်က မကောင်းဆိုးဝါးသစ်ပင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား? ဒီအဘိုးကြီး ငါ ငယ်ငယ်ကတည်းက အမဲသားအခဲတွေကို စားပြီး ကြီးပြင်းလာခဲ့လို့ မဟုတ်ရင် အဲဒီမကောင်းဆိုးဝါး သစ်ပင်က ကျုပ်ကိုလည်း သတ်သွားမှာ”


ဦးလေးသုံးက သက်ပြင်းချရင်း 


“ခင်ဗျားလည်း အဲဒီ အသားကို စားတဲ့သူပဲပေါ့!” 


ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖန့်ကျစ်က ထိုလူကြီးကို သိသိကြီးနဲ့ ကြိုးချည်ထားလိုက်သည်။


အဘိုးအိုသည် လိုလားစွာ ကြိုးချည်ခံခဲ့သည်။ သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ သူ့အဆိုအရ သူပြောခဲ့သည့် နေရာကို ရောက်ရန် တစ်ရက်အချိန် ယူရမည်ဟု ဆိုသည်။ တခွေက အရှေ့ကလမ်းဖွင့်ပြီး ခြေလှမ်းတွေကို အရှိန်မြှင့်ကာ မြေပုံကို လှမ်းကြည့်ရင်း မြေပုံနဲ့ အဘိုးကြီးရဲ့ မှတ်ဉာဏ်အကူအညီနဲ့ သူတို့ အဲဒီနေရာကို ရောက်နိုင်မယ်လို့ မျှော်လင့်ထားသည်။ 


လမ်းလျှောက်လာရင်း နေ့တစ်ဝက်လောက် ကြာတော့ စကားပြောနိုင်ပေမယ့် နောက်တော့ မနေနိုင်တော့ဘဲ မျက်လုံးတွေ စိမ်းစိမ်းစိုစိုတွေကိုပဲ ကြည့်ရင်း မျက်လုံးတွေ မှိန်းသွားကာ အိပ်ချင်လာသလို ခံစားလာရသည်။ ရုတ်​တရက်​ အဘိုးကြီးက လမ်း​လျှောက်​တာ ရပ်​သွားလေသည်။


ထိုအခါ ဖန့်ကျစ်က


"ခင်ဗျား ဘာလှည့်စားချင်ပြန်ပြီလဲ"


အဘိုးအိုက တစ်ဖက်က ချုံပုတ်ထဲကို လှမ်းကြည့်ရင်း အသံတုန်တုန်နဲ့ 


"အဲ... အဲဒါက...ဘာလဲ"


သူတို့အားလုံး လှည့်ကြည့်လိုက်တော့ မြက်ခင်းပြင်မှာ လင်းလက်နေတဲ့ အရာက မိုဘိုင်းလ် ဖုန်းတစ်လုံး ဖြစ်​နေတာကို တွေ့လိုက်ရတော့သည်။