(29)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (29)

ခရမ်းရောင်ရွှေသေတ္တာ



အပြင်မှာ ဘာတွေဖြစ်ကုန်မှန်း မသိဘဲ အင်မတန် ဆူညံပွတ်နေသည်။ ဦး​​လေးသုံးကို မေးကြည့်ချင်ပေမယ့် ဦးလေးသုံးမှာ သူ့ဘေးက ခွေးခြေမှာ ငိုက်နေပြီး သူ့​ထက်တောင် ပိုအိပ်နေတာကို တွေ့လိုက်ရသည်။ ဝူရှဲ ကျန်းမာရေးဌာနရဲ့ အပြင်ဘက် ပြေးထွက်လာတော့ ရွာထဲက လူတွေဟာ လှည်းတွေ နွားတွေဆွဲပြီး တောင်ပေါ်ကို အပြေးအလွှား ပြေးတက်သွားတာကို တွေ့လိုက်ရသည်။


တောင်ပေါ်ကနေ ကောင်လေး တစ်ယောက်က ပြေးဆင်းလာပြီး အော်ပြောလေ၏။ 


“မကောင်းတော့ဘူး မကောင်းတော့ဘူး... တောင်ပေါ်မှာ မီး​လောင်​နေတယ်” 


ဝူရှဲ အံ့သြသွားသည်။ သူတို့အစောနက ရှို့ခဲ့တဲ့မီးကြောင့် တောမီး လောင်သွားတာလားလို့ တွေးမိလာ၏။ အပေါက်ကို မီးရှို့ခဲ့တုန်းက အချိန်ကို ပြန်တွေးကြည့်တော့ ပတ်ပတ်လည်မှာ မီးလောင်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိ မလုပ်ခဲ့မိသလိုပင်။ တောမီးတွေ ပျံ့ပြီး မီးဆက်လောင်နေတာက တကယ်ကို မသင့်တော်ချေ။ 


ဝူရှဲ နည်းနည်း ထိတ်လန့်သွားသလို ခံစားလိုက်ရတယ်။ တောမီးကြီးကြီး လောင်လို့ လူတစ်ယောက် နှစ်ယောက် သေတာက ပြဿနာ မဟုတ်ပေမယ့် ဒီနေရာမှာ သူတို့မြို့က လူတွေလိူ တောမီးကြိုတင် ကာကွယ်ရေး အသိ မရှိကြဘူး။ အခုတော့ ဒုက္ခ အကြီးကြီး ရောက်ပြီ။ 


ဝူရှဲ အလန့်တကြား ပြေးဝင်ကာ ဦးလေးသုံးကို ကမန်းကတန်း နိုးလိုက်သည်။ ထို့နောက် တူကြီးနှစ်ယောက် ကြံရာမရ ဆေးခန်းက ဆီးသွားဖို့လုပ်ထားတဲ့ အိမ်သာခွက် နှစ်လုံးကို မချလာရတော့သည်။ ဘာပစ္စည်းမှ ရှာမတွေ့ တော့တာကြောင့် တွေ့တာ ကောက်ယူက တောင်ပေါ်ကို ပြေးလိုက်သွားခဲ့၏။


ထိုအချိန်၌ ဖက်တီးသည် လက်ထဲတွင် လက်ဆေး ​ရေဇလုံကို ကိုင်ထား၏။ 


“ငါတို့ဒုက္ခရောက်နေပြီ.... မြန်မြန်လာ မီးငြိမ်းသတ်ဖို့ လိုက်ခဲ့တော့”


အော်ကာ မြည်းပေါ်မှ ခုန်ဆင်းကာ ရွာအဝင်ဝမှာ လှည်းကွေ့လိုက်တော့ တောင်တန်းတွေကို အဝေးက မြင်လိုက်ရသည်။ တတိယဦးလေးကတော့ အံသြသွားပြီး တိုးတိုးလေး ပြောသည်။


"မီးလာတဲဘလမ်းကို ကြည့်လိုက်....တကယ် ငါတို့လုပ်ခဲ့တဲ့ မီးညှိနေတာပဲ" 


သူ့ပါးစပ်ကို အလျင်စလို ဖုံးလိုက်ချိန် ရွာက လူတစ်ယောက်က သူတို့ရှေ့မှာ ပြန်ပြေးလာပြီး 


"အင်အားဖြည့်ဖို့ ရဲတွေ မြန်မြန် ခေါ်လိုက်တော့ ရှေ့ကတောင် ပြိုကျသွားပြီ"


မီးကြောင့် လှိုဏ်ဂူ ပြိုကျသွားနိုင်တယ်ဆိုတာ ကြား​​ကြားချင်းမှာပဲ အလောင်းစား အကောင်တွေ ဂူထဲက ထွက်လာရင် ဒုက္ခရောက်မှာကို စိုးရိမ်လာမိသည်။ သူတို့အမြန် ပြေးလာကြရင်း ရွှံ့မြေပြိုကျသော တောင်ကုန်းပေါ် ရောက်လာခဲ့သည်။ ဖက်တီးရဲ့ လက်များက နက်မှောင်ကာ မြည်း၏ တင်ပါးများလို ဖောရောင်နေပါသည်။


ရွာသူရွာသားများသည် တောမီး ကြိုတင်ကာကွယ်ရေး သင်တန်းကို မကြာခဏ တွေ့ကြုံဖူးကြပုံရပြီး တချို့မှာ တောအုပ်ထဲတွင် လမ်းဖွင့်ကြပြီး အချို့က ရေယူရန် လက်ဆေးရေဇလုံများကို သုံးကာ အထဲသို့ သယ်လာကြသည်။ အိုးများနှင့် ဇလုံများကို တွေ့ရသည့်အခါ ဒီအရှိန်နဲ့ဆို မီးငြိမ်းသတိဖို့ အချိန်အကြာကြီး ကြာမြင့်မှာ ဖြစ်သည်။ 


မီးလောင်တဲ့ နေရာကို ပြန်ရောက်ဖို့ နှစ်နာရီကြာကာ အဝေးက ရေကို ပြေးငင်နေရတာကြောင့် မငြိမ်းသတ်နိုင်တော့ချေ။


“ရွာသားတို့ ရေကို မသုံးကြပါတော့နဲ့... ဒီရေက လုံးဝမငြိမ်းနိုင်ဘူး မလိုအပ်တဲ့ အနစ်နာခံမှုတွေ မလုပ်ပါနဲ့လား... ရဲတွေ ရောက်လာတဲ့အထိ စောင့်ကြရင်ရော”


အဲဒီလူတွေက ဝူရှဲကို အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်လာပြီး လူကြီး တစ်ယောက်က ပြောလာ၏။ 


"ကောင်လေး.... ဒီရေက ငါတို့ သောက်ဖို့ သုံးကြတဲ့ရေတွေ.... မီးဘေးမှာ ရေမရှိရင် မြန်မြန် ခြောက်​ပြီး မီးကဆက်ပျံ​သွားလိမ့်မယ်.... မီးစာကို ပြတ်အောင် ဖြတ်ရမယ်.... မီးသာ ဒီဘက်ရောက်လာရင် ဘာပစ္စည်းမှ မကျန်တော့ဘဲ အကုန် လောင်ပြီး ငါတို့ပါ ပြာကျသွားနိုင်တယ်... မင်းနားမလည်ရင် ဘေးထွက်နေ.. ဒီနေရာမှာ လာရှုပ်မနေနဲ့!"


သူက ဆိုပြီးနောက် ဝူရှဲတို့လက်ထဲက အိမ်သာခွက်တွေကို ကြည့်ကာ ခေါင်းခါယမ်းသွားတော့သည်။


ဝူရှဲ သူ့ကိုယ်သူ ကြည့်လိုက်တော့ မျက်နှာတွေ နီရဲလာခဲ့သည်။ အနာဂတ်မှာ သူ့ထင်မြင်ချက်တွေကို ဘယ်တော့မှ ထုတ်ဖော်​တော့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် တွေးပြီး ခေါင်းငုံ့ကာ တောအုပ်ထဲကို လိုက်သွားခဲ့သည်။ လမ်းပေါ်ရှိ သစ်ပင်များ အားလုံး ခုတ်လှဲခံထားရသည်။ အမြန်လျှောက်လာရင်း တစ်နာရီခန့် အကြာတွင် အပူချိန်က သိသိသာသာ တက်လာတာကို ခံစားနိုင်နေပြီ ဖြစ်သည်။ အရှေ့က ကောင်းကင်မှာလည်း မီးခိုးမည်းတွေနဲ့ ပြည့်နေ၏။ 


ရွာသားတွေက မျက်နှာဖုံးတွေကို ဖယ်ထုတ်ပြီး ရေထဲမှာ နှစ်ကာ သူတို့မျက်နှာတွေအပေါ် ဖုံးထားကြသည်။ ဝူရှဲ ဖက်တီးကို ကြည့်လိုက်တော့ သူက အိတ်ကပ်ထဲကို နှိပ်နေ၏။ သူ့အဝတ်အစားတွေပေါ်မှာ အထည်တွေ သိပ်မရှိပေမယ့် သူစိတ်ထဲ တစ်ခုခုရှိတဲ့ပုံပေါ်ပြီး အပြင်ကို ဆွဲထုတ်လိုက်သည်။


၎င်းက ရွှေထည်ပိုးထည် တစ်ခုကို ဖက်တီးက ထိုအရာကို ရေစိမ်ပြီး သူ့မျက်နှာမှာ ကြိုးချည်ပြီး ကပ်ထားလိုက်၏။ ထို့နောက် ဂေါ်ပြားကောက်ပြီး ရွာသားတွေအတိုင်း အတုယူကာ မီးဘေးကာကွယ်ရေး မြောင်းများကို တူးတော့သည်။


တောမီးများသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး အလွန်လည်း အန္တရာယ်များလှသည်။ တောမီးကြီးများကို လေယာဉ်ဖြင့် ထိန်းချုပ်ရမှာ ဖြစ်သော်လည်း ထိန်းချုပ်မှုဟု ခေါ်သော အဓိပ္ပာယ်မှာ ၎င်းတို့ကိုယ်တိုင် မီးငြိမ်းသတ်နိုင်စေရန် ဖြစ်သည်။


ယခုကား မြို့ပြမီးများကဲ့သို့ မီးငြိမ်းသတ်ရန် မဖြစ်နိုင်ပေ။ ဤသစ်ပင်ကြီး ပေါက်ရန် နှစ် 20 ကျော် အချိန်ယူရသော်လည်း တောမီးသည် ဆယ်မိနစ်အတွင်း လောင်ကျွမ်းသွားနိုင်ပြီး အလွန်အမင်း ပျက်စီးစေနိုင်သည်။ ထို့အပြင် တောမီး၏ အတိုင်းအတာသည် ကျယ်ပြန့်လွန်း၏။ မီးကို တစ်နေရာမှာ ငြိမ်းသက်နေပါက မမြင်နိုင်သော အနားစွန်းမှ နောက်သို့ လျင်မြန်စွာ ကူးစက်သွားလိမ့်မည်။


သတိ ဝင်လာသောအခါတွင် လူသည် အလယ်ဗဟိုသို့ ရောက်ရှိနေပြီ ဖြစ်ကာ မီးဘေးသင့်၍ သေဆုံးရန်သာ စောင့်ဆိုင်းနေရ ပေလိမ့်မည်။


မီးအဝိုင်းခံထားရပြီး အကူအညီ တောင်းစရာလမ်း မရှိခဲ့သော မီးသတ်သမား တစ်စုအကြောင်း ပြောပြသည့် အမေရိကန် ရုပ်ရှင်တစ်ကားကိုပင် သတိရမိသွားသည်။ ဒီလိုအခြေအနေမျိုးက သူတို့အတွက်တော့ သေချာပေါက် ဖြစ်လာမှာ မဟုတ်ပါဘူး။ မီးလောင်တဲ့နေရာက သိပ်မကျယ်တော့ မီးကြိုတင်ကာကွယ်ရေး မြောင်းကို အမြန် တူးလို့ရသည်။


နေ့လည် ၂ နာရီလောက်အထိ ဝူရှဲတို့ တူးမြောင်း ဖောက်တဲ့နေရာမှာ အလုပ်လုပ် လိုက်ရသည်။ ထို့နောက် တောရိန်းဂျား ရဟတ်ယာဉ်က ကောင်းကင်မှာ ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ဝူရှဲတို့နေရာမှာ အစားထိုးဖို့ တောအုပ်ထဲကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်လာကြသည်။ တစ်ယောက်ယောက် မီးဘေးကြောင့် သေသွားမှာကို အထူးစိုးရိမ်မိသော်လည်း လူအရေအတွက်ကို ရေတွက်ကြည့်တော့ အနည်းငယ်သာ ဒဏ်ရာရသွားတာကို တွေ့ခဲ့ရသည်။ 


ရွာကို ပြန်ရောက်တဲ့အခါ တစ်ကိုယ်လုံး တုန်လှုပ်လုမတတ် ဗိုက်ဆာလွန်းလို့ ကလေးတစ်ယောက်ကို နှမ်းစေ့ပန်ကိတ်နှစ်ခုကို တစ်လုတ်တည်း အားရပါးရ စားပစ်လိုက်သည်။ အရသာရှိတဲ့ မုန့်တွေကို မစားဖူးလို့ စားနေရသလိုမျိုး မျက်ရည်ကျလုမတတ်ပင်။ 


ရွာက ပါတီအတွင်းရေးမှူးနဲ့တူတဲ့ သူကလည်း မြို့ကလူတွေထဲမှာ ဒီလောက် အသိဥာဏ် မြင့်မားတဲ့ လူတွေဟာ ရှားရှားပါးပါးလို့ ပြောပြီး သူတို့ကို ချီးကျူးတော့သည်။


ဝူရှဲကတော့ စိတ်ထဲမှာ ပြောနေမိ၏။ 'ကျေးဇူးပြုပြီး မချီးကျူးပါနဲ့တော့လို့... ထပ်ပြီး ချီးမွမ်းရင် တကယ် စိတ်မကောင်း ဖြစ်လာပြီ... ကျွန်တော်တို့က မီးရှို့ခဲ့တဲ့သူတွေ ဆိုတာသာ သိသွားရင် ပြေးလာပြီး လည်ပင်းညှစ်သတ်ချင်စိတ် ရှိသွားမယ်ဆိုတာ မင်း သိထားရမယ်နော်'


သူနာပြုဆရာမသည် ဖန့်ကျစ်ကို ပတ်တီးလဲပေးကာ ဒဏ်ရာကို ဆေးကြောပေးသည်။သူ၏အသက်ရှူမှုမှာ သိသိသာသာ သက်သာသွားသော်လည်း မနိုးသေးချေ။ အသက်အန္တရာယ် မရှိတာကြောင့် ဆရာဝန်က စိတ်ချရန် ပြောခဲ့သည်။ ဒဏ်ရာ အနည်းငယ် သက်သာလာပါက နောက်ပိုင်းတွင် မြို့က ဆေးရုံ အကြီးကြီးမှာ ရွေ့ပြောင်း ကုသနိုင်ကြောင်း ကြားလိုက်မှသာ နည်းနည်း စိတ်သက်သာရာ ရသွားခဲ့သည်။


ဦးလေးသုံးနှင့် ဝူရှဲလည်း တည်းခိုခန်းသို့ ပြန်လာကာ ရေချိုးပြီး ကောင်းကောင်း အနားယူရန် ပြင်လိုက်သည်။ အဝတ်မချွတ်မချင်း မသိလိုက်ပေမယ့် ချွတ်လိုက်တဲ့ အခါမှာတော့ အပေါ်အောက် ကြည့်လို့ရတဲ့ နေရာကောင်း မရှိသလောက် ဖြစ်နေသည်။ 


ကွဲအက်နေတဲ့ အသားအရေတွေနဲ့ လမ်းတစ်လျှောက်လုံး ပြေးလာတုန်းက သတိမထားမိခဲ့တဲ့ ဒဏ်ရာတွေပဲ ဖြစ်သည်။ အခုချိန်မှာတော့ အားလုံးက သူ့ကို သတိပေးနေသလို ခံစားနေရသည်။ ရေချိုးခန်းထဲက ထွက်လာတော့ ခြေထောက်တွေတောင် လှုပ်လို့မရတော့ပေ။ 


အိပ်ရာထဲ ပြန်ဝင်လိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတော့သည်။ အိပ်ရတာ အရမ်းကောင်းလွန်းလို့ နောက်နေ့ မွန်းတည့်တဲ့အထိ အိပ်ပျော့သွား၏။ သူနိုးလာတော့ ဖက်တီးနဲ့ ဦးလေးသုံးမှာ မိုးကြိုးပစ်ချသလို ဟောက်နေတာကို တွေ့လိုက်ရလေသည်။ 


မနက်စာစားဖို့ ဆင်းသွားပြီး စားပွဲထိုးကို မေးကြည့်တော့ မီးငြိမ်းသွားပြီ ဆိုတာ သိလိုက်ရသည်။ ဒီအတိုင်းအတာအရ တောမီး အသေးစားလို့သာ မှတ်ယူနိုင်ပြီး တပ်တွေ ပြန်ဆုတ်သွားကြပြီ။ ဒီသတင်းကြားတော့ နည်းနည်း စိတ်သက်သာလာပြီး ကျန်းမာရေးဌာနက လူတွေကို မေးကြည့်တော့ ဖန့်ကျစ်ကို ကျီနန်မှာရှိတဲ့ ချန်းဖူရှန်း ဆေးရုံကို ခေါ်သွားကြောင်း သိရသည်။ ဝူရှဲ သူ့ကို ကျေးဇူးတင်စကား ဆိုပြီး ဒီမှာ ကြာကြာနေလို့ မဖြစ်​တော့ဘူးလို့ ခံစားမိတဲ့အတွက် ပြန်သွားဖို့ ပြင်ဆင်ခဲ့သည်။


နောက်ရက် အနည်းငယ်ကြာတော့ ကျီနန်ကို ရောက်လာခဲ့သည်။ ဝူရှဲနဲ့ ဦးလေးသုံးသည် ဖန့်ကျစ်ကို ဆေးရုံတင်ထားရတဲ့ ဆေးရုံကို ပထမဦးစွာ သွားခဲ့သည်။ အန္တရာယ်က မလွတ်သေးဘဲ မေ့မြောနေတုန်းပဲ။ ဦးလေးသုံးနဲ့ ဝူရှဲလည်း ဒီမှာ ရက်အနည်းငယ်နေဖို့ ဆုံးဖြတ်လိုက်သည်။ 


ဖက်တီးနဲ့ကတော့ တောင်ပေါ်ကနေ ထွက်လာပြီးတာနဲ့ လမ်းခွဲခဲ့ကြကာ နောက်မှ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တစ်ခုစီ ချန်ထားခဲ့ကြသည်။ ဖက်တီးက ရွှေပိုးထည်စာကို ဦးလေးသုံးအား ပေးခဲ့သည်။ ဒီရက်ပိုင်းထဲ ဝူရှဲ ဆေးရုံကို ဖုန်းခေါ်ကြည့်တော့ ဖန့်ကျစ် မနိုးသေးကြောင်း သိရလေသည်။


ဝူရှဲလည်း သက်ပြင်းချလိုက်သည်။ အဲဒီအချိန်မှာတော့ ဦးလေးသုံးက ဆူပုတ်နေတဲ့ မျက်နှာနဲ့ ကျိန်ဆဲလိုက်တော့သည်။


"တစ်ယောက်ယောက်ဆီက လှည့်စားခံရတယ်လို့ပဲ... စိတ်ဆိုးလိုက်တာ!"


ရှေးဟောင်းဈေးကွက်မှာ လှည့်စားခံရတယ်လို့ ကြားလိုက်ရတာကြောင့် ဝူရှဲ အရမ်းအံ့သြသွားလေ၏။


“ဦးလေးသုံး....ဦးလေးရဲ့ အရည်အချင်းတွေနဲ့တောင် လှည့်စားခံခဲ့ရတယ်ပေါ့... ဆိုလိုတာက ဦးလေး လက်ပြောင်းပြီး ထုတ်ရောင်းလိုက်ရင်တောင် ပြဿနာ မရှိဘူးမလား?"


ဦးလေးသုံးက ရွှေဖုံးထားတဲ့ ပိုးထည်တစ်ရွက်ကို ထုတ်ယူလာပြီး 


"ဘာပဲဖြစ်ဖြစ် လက်ပြောင်းတာက လက်ပြောင်းတာပဲ.. ရှေးဟောင်းပစ္စည်းတွေ အကြောင်းကို ပြောနေတာ မဟုတ်ဘူး ဒီအကြောင်း ပြောနေတာ!!"


ဝူရှဲ ကုတင်ပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ 


"ဘာကြီး!! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"


"ဒါက လုံးဝမှန်တယ်.... ဒီအရာမှာပါတဲ့ ရွှေပါဝင်မှုကို စမ်းသပ်ဖို့ ငါ ပို့လိုက်တာ.... သန့်စင်မှုက အရမ်းမြင့်လွန်းတယ် အဲဒီတုန်းက ရွှေ သန့်စင်လို့ မရသေးဘူးလေ....ဒါက ပြီးပြည့်စုံလုနီးပါး ဖြစ်နေတဲ့ အတုပဲ!"


ဝူရှဲ မယုံရဲချေ။ ဦးလေးသုံးက သက်ပြင်းချရင်း 


"ငါအစောကတည်းက သံသယဝင်နေတာ ကြာပြီ.... အလောင်းကို သွေးတွေနဲ့ အနိုင်ယူနိုင်ရဲ့သားနဲ့ ပထမတော့ လူငယ်က ဘာလို့ မျက်စိစုံမှိတ်ပြီး ထွက်ပြေး​နေတာလဲလို့ တွေးနေတာ... နောက်ဆုံးတော့ သူ ငါတို့ဆီက ထွက်သွားတာက သူကိုယ်တိုင် တစ်ခုခု လုပ်ချင်ခဲ့တာ ဖြစ်မယ်"


ဝူရှဲလည်း အံ့သြသွားသည်။


"သူ ကျွန်​တော်တို့နဲ့ ကွဲကွာနေတဲ့ အချိန်မှာ ဘုရင်လုရှန်ရဲ့ ရုပ်အလောင်းကို ဂူထဲသွားပြီး ဖွင့်ခဲ့တာလား? ဒီရွှေနဲ့ ချည်ထားတဲ့ ပိုးထည်အတုကို အဲဒီထဲကို ထည့်ထားခဲ့တာလား? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက တစ်ယောက်တည်းလေ ပြီးတော့ သစ်ပင်အပေါက်ကို အဲဒီသံကြိုးတွေက စုတ်ပြဲနေတာ... တစ်ယောက်ယောက်က ဖွင့်ထားသရွေ့တော့ သဲလွန်စတွေကို ကျွန်တော်တို့ သေချာ​ပေါက် မြင်နိုင်မှာပဲကို"


ဦးလေးသုံးက 


"အခေါင်းရဲ့ နောက်ကျောကို မင်းမြင်လိုက်လား? အဲဒါက ဇောက်ထိုးပုံစံ တူးထားတာ... သစ်ပင်နောက်မှာ အပေါက်တစ်ပေါက် တူးပြီး ခေါင်းတလား နောက်ဘက်ကနေ ရွှေပိုးထည်ကို တိုက်ရိုက်ယူခဲ့တာ ဖြစ်နိုင်တယ်" 


ဦးလေးသုံးက သက်ပြင်းချရင်း 


"သနားစရာပဲ... ဒီလောကမှာ ငါ ဆယ်နှစ်ကျော် အတွေ့အကြုံ ရှိခဲ့ပေမယ့် ဒီလူက တကယ်ကို နားမလည်နိုင်လောက်အောင် ထူးချွန်နေတာပဲ... အစကတော့ သူ့ရုပ်ရည်အရ ဗိုလ်ချုပ် ဖာချိုရဲ့ သားစဉ်မြေးဆက်ပဲလို့ ထင်ခဲ့တာ... အခုတော့ သူ့ မူလဇစ်မြစ်က မရိုးရှင်းတာထက် အများကြီးပိုနေပြီ"


ဝူရှဲ သိပ်နားမလည်ဘဲ 


“ဒါဆို ဒီအထက်မှာ မှတ်တမ်းတင်ထားတဲ့ အရာတွေ အားလုံးဟာ အတု​တွေလား?” 


ဦးလေးသုံးက ဒေါသတကြီး ခေါင်းညိတ်ကာ


“တောင်တန်းနဲ့ပင်လယ်များ ကျမ်းဂန်ထဲကလိုပဲ... ဒီလိုပုံပြင်တွေက ယုံကြည် လက်ခံနိုင်စရာ မရှိပေမယ့် အဲဒီအချိန်တုန်းက ရှေးဟောင်းသင်္ချိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လေထုကြောင့် ငါတို့ ကူးစက်ခံရပြီး အမှန်ပဲလို့ ယုံကြည်သွားခဲ့တာ... ယခု ပြန်တွေးကြည့်ရင် ချို့ယွင်းချက်တွေ အများကြီးပဲ... စဉ်းစားကြည့်လိုက် မင်းအဆင့်နဲ့ဆို အရေးကြီးဆုံး စာပိုဒ်နှစ်ခုကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ? တခြားအရာတွေကိုတော့ မင်း နားမလည်ဘူးလေ... ဆိုလိုတာက အဲဒီစာပိုဒ်နှစ်ခုက သူ အထူးအားထုတ် ပြုလုပ်ထားတဲ့ ပညာရပ်တစ်ခုပဲ ဖြစ်ရမယ်"


ဝူရှဲ ပါးစပ်ကို ကျယ်ကျယ်ကြီး ဖွင့်ကာ အံ့ဩနေမိသည်။ ဦးလေးဖြစ်သူက သက်ပြင်းတစ်ချက် ချရင်း 


"လုရှန်နန်းတော်ရဲ့ လျှို့ဝှက်ချက်ကို သူတစ်ယောက်တည်း သိသွားပုံရတယ်.... အခုသင်္ချိုင်း ပြိုသွားပြီဆိုတော့ ဝင်ကြည့်ဖို့က မဖြစ်နိုင်တော့ဘူး"


ထိုအခိုက်အတန့်တွင် ဝူရှဲလည်း လှုံ့ဆော်ခံလိုက်ရသလို အငွေ့အသက်များ ထွက်ပေါ်လာပြီး 


"ဟုတ်သားပဲ... ကျွန်တော် မေ့တော့မလို့.... အဲဒါက အခွင့်အရေး မရှိတော့တာတော့ မဟုတ်ဘူး...ကျွန်တော် အပေါက်ထဲက တစ်ခုခု ယူလာခဲ့သေးတယ်" 


ပြောပြီး သူ့ကျောပိုးအိတ်ကို နှိုက်ရင်း ဆုတောင်းလိုက်ပါသည်။ ဒေါ်လာထောင်နဲ့ ချီပြီး မဆုံးရှုံးပါစေနဲ့လို့ ဆုတောင်းလိုက်စဥ် ကံကောင်းစွာပဲ ခရမ်းရောင် ရွှေသေတ္တာက ရှိနေတုန်းပဲ။ ပစ္စည်းကို ထုတ်ယူလိုက်ပြီး 


“ဒါပေါ့.... မြေခွေးအလောင်းဆီကနေ ယူလာခဲ့တဲ့ဟာ”


ထိုအခါ ဦးလေးသုံးက


"ဒါက ဝင်္ကပါပုံးပဲ.... အတွင်းက ပင်မနေရာကို သော့ခတ်ဖို့အတွက် သုံးထားတာ. ဒီသေတ္တာကို ဖွင့်ရခက်တယ် ကြည့်လိုက်" 


သူက အပေါ်ဆုံးအဖုံးကို လိမ်လိုက်ရာ သေတ္တာ အောက်ခြေရှိ လေးထောင့်အတုံးများက အတူတကွ ဖြန့်ထုတ်ကာ တစ်ခုစီတွင် နံပါတ်တစ်ခုစီပါသည့် ခေတ်ဟောင်း တယ်လီဖုန်း ဒိုင်ခွက်ကဲ့သို့ များစွာသော အပေါက်ရှစ်ပေါက်ပါသော လှည့်ကွက်တစ်ခုကို ဖော်ထုတ်လာ​တော့သည်။  


"ဒီသေတ္တာက ရှေးအကျဆုံး လျှို့ဝှက်သေတ္တာပဲ... အဲဒါကိုဖွင့်ဖို့ဆို စကားဝှက်ကို သိရမယ် ခဏစောင့် ကားပြင်ဆိုင်ကို သွားပြီး ဂက်စ်ဖြတ်စက်ကို ငှားပြီး ဖွင့်ကြည့်လိုက်ရအောင်"


ဦးလေးသုံးကတော့ အလျင်စလို ပြေးထွက်သွားလေ၏။ လှမ်း​အော်ဖို့တောင် အချိန် မရလိုက်ချေ။ စာလုံး ၈ လုံးပါတဲ့ password က 02200059 ဖြစ်နိုင်မလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အမေရိကန်လူရဲ့ ခါးပတ်က နံပါတ်ကို စမ်းကြည့်မယ်လို့ တွေးလိုက်သည်။ 


0-2-2-0-0-0-5-9 ကို ကျပန်း နှိပ်လိုက်တာနဲ့ ကလစ်ဆိုတဲ့ အသံတစ်ချက် ထွက်လာကာ အံသြနေစဥ် နာရီလက်တံ လှည့်သွားသလိုမျိုး သေတ္တာအဖုံးသည် အလိုအလျောက် ပွင့်လာခဲ့လေသည်။ 




ဘာသာပြန် - တူကြီးနှစ်ယောက် အစ်ကိုလေးဆီက အလိမ်ခံလိုက်ရတာ။ ခုနှစ်စင်ကြယ် နန်းတော် arc ပြီးပါပြီ။ နောက်တစ်ပိုင်းကို မူရင်းစာရေးဆရာအတိုင်း အပိုင်းထိုးပါမယ်နော်။ နောက် arc က 'ဒေါသပင်လယ်၌ နစ်မြုပ်နေသောသဲသောင်'