(6)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (6)

ဟိုင်နန်



ဦးလေးသုံးသည် ဆယ်ကျော်သက် အရွယ်တွင် ကမ္ဘာအနှံ့ ပြေးလွှား သွားခဲ့သည်။ သူသည် လောကကြီးထဲက အရာများစွာကို မြင်တွေ့ဖူးပြီး ယေဘူယျအားဖြင့် သူဘာမှ မလုပ်မီ အရာအားလုံးကို အစီအစဉ် ဆွဲထား​လေ့ရှိသည်။ ပြီးခဲ့သော အကြိမ်ကဲ့သို့ပင် သူသည် ဂူ​ဖောက်ရန်အတွက် ပြင်ဆင်မှု များစွာ ​ပြုလုပ်ခဲ့သည်။ 


တခါတရံ သူအရင်တုန်းကလို သတိကြီးလွန်းတယ်လို့ ထင်တဲ့အခါ 80%လောက်က အသုံးမ၀င်တဲ့ ပစ္စည်းတွေ အများကြီး ပါတတ်သည်။ ဒီတစ်ခါတော့ ဒီလောက် စိတ်မရှည်နိုင်တော့ဘူး ထင်ပါရဲ့။ ခရီးဆောင် လက်ဆွဲသေတ္တာကို ကောက်ယူပြီး ထွက်ပြေးသွားတာ သူပင် တားချိန် မရလိုက်ချေ။


“ဦး​လေးသုံး... သတိထားဦး!” 


သူ အော်ပြောလိုက်စဥ် တစ်ဖက်က အသံပြန်ပြုရင်း ဓာတ်လှေကားထဲသို့ ပြေးဝင်သွားခဲ့သည်။


ထိုစဥ် ဟိုတယ်ရဲ့ ဝန်ထမ်းတစ်ယောက်က သူ့ကို ဘေလ်ပေးဆောင်ဖို့ လာပြောရာ အဲဒီမြင်ကွင်းကိုမြင်တော့ သူက ပြုံးပြီးပြောလာ၏။


"မင်းဦးလေးက ဘာလို့ တူလေးဖြစ်တဲ့ မင်းထက် ပိုစိတ်ဆက်နေတာလဲ? မင်း သူ့ကို ထိန်းထားရဦးမယ် ထင်တယ်နော်"


ဝူရှဲလည်း ရှင်းပြလို့ မရတာနိုင်တာကြောင့် ပြုံးရုံသာ ပြုံးပြီး ဘေလ်ရှင်းဖို့ပဲ ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားရတော့သည်။ စုစုပေါင်း ယွမ်၄၀၀၀ ကျော် ကုန်ကျတယ်လေ။ အခုအချိန်ကျမှ ကျိန်ဆဲ​နေလို့လည်း မတတ်နိုင်တော့ပေ။ အဲဒီလူကြီ မရှင်းမလင်း ကိစ္စတွေကို မနေ့က ထပ်လုပ်ဖို့ ဆင်းသွားတာပဲ ဖြစ်မည်။ 


ဒီငွေစာရင်းကို ကြည့်လိုက်တော့ ဝူရှဲ နည်းနည်းတော့ စိတ်ပူမိသွားသည်။ ဒီရက်ပိုင်းမှာ ပိုက်ဆံတွေ အများကြီး ကုန်သွားပြီလေ။ အစတုန်းကတော့ ဦးလေးသုံးရဲ့ အိတ်ထဲမှာ အရမ်းပြည့်နေသေးပေမယ့် တလမ်းလုံး သုံးလာခဲ့လို့ ပိုက်ဆံတွေက ရေလိုကုန်သွားပြီ။ 


တောမီး လောင်သွားတဲ့ ရွာကို လှူလိုက်လို့ ပိုက်ဆံတွေ အကုန် သုံးပြီးသွားပြီ။ သူက အပြင်သွားတဲ့အခါ ​ငွေကတ်ကို ယူလာလေ့ မရှိပေ။ ကျောင်းတုန်းက ပုံစံမျိုးလို ပိုက်ဆံကို အရှက်မရှိ သုံးစွဲနေသလို ဖြစ်နေပြီ။ ဒီရက်ပိုင်း သူ့ပိုက်ဆံတွေကို ဦးလေးသုံးက သူ့ကုမ္ပဏီကို လွှဲပေးဖို့ တောင်းဆိုခဲ့​သေး​​သည်။


ခုနက သူ့ဖင်ကိုလှုပ်ပြီး ထွက်ပြေးသွားတဲ့ ပုံစံအရ ဒီအဖြစ်အပျက်ကို တွေးပြီး သူလည်း ကုန်သွားပြီဆိုတာ ဦးလေးသုံး သိပါ့မလားလို့ တွေးမိသည်။ ဒါမှမဟုတ် ဦးလေးသုံးတစ်ယောက် ပိုက်ဆံကုန်လို့ ထွက်ပြေးသွားတာလား။


ဝူရှဲ အရမ်း စိတ်မချမ်းသာသလို ဖြစ်သွားပြီး ပိုက်ဆံအိတ်ကို ထုတ်ကြည့်လိုက်တော့ နှလုံးခုန်​တောင် ရပ်သွား၏။ ပိုက်ဆံအမြန် သုံးရတာကို သိပ်ဂရုမစိုက်ပါဘူး။ ပိုက်ဆံအိတ်ထဲမှာ ငွေထောက်ခံစာ အနည်းငယ်ပဲ ရှိတော့သည်။ ဖန့်ကျစ်က ခုအထိ သတိမေ့မြောနေတာ သူ ဘယ်အချိန် နိုးလာမလဲဆိုတာလည်း မသိသေးဘူး။ 


ဆရာဝန်က ကြီးကြီးမားမား ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ မရှိဘူးလို့ ပြောပေမယ့် နိုးလာရင်တော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ကောင်းမွန်လာမှု အပေါ် အဓိက မူတည်​လေသည်။ လောလောဆယ်တော့ သူဒီကနေ ထွက်သွားလို့ မဖြစ်သေးဘူး။ မဟုတ်ရင် ဖန့်ကျစ်က တစ်ယောက်တည်း ဖြစ်သွားလိမ့်မည်။ ဒီနေရာမှာ လူနာစောင့် ခေါ်ဖို့ကလည်း ဒီလိုငွေနည်းနည်းလေးနဲ့ မဖြစ်နိုင်တာ သေချာလေ၏။ 


ဒုက္ခအပေးနိုင်ဆုံးကတော့ အခု ဂဏန်းလေးလုံးပါတဲ့ ဘေလ်က သူ့ရှေ့မှာ ရှိနေတာပင်။ ဒါက ဒီလိုအခြေအနေမှာ နည်းနည်းတော့ ဝမ်းနည်းစရာ ကောင်းနေတာတော့ အမှန်ပဲ။ ကျွန်တော့်မှာ ငွေအလုံအလောက် မရှိဘူးလို့ ရှက်ရွံ့စွာ ပြုံးရင်း နောက်မှ သူ့ဆီ ပို့ပေးလာပါ့မယ်ဟု ဆိုလိုက်သည်။ ဒီရက်တွေထဲ သူငွေချေခဲ့​တာ မြန်သောကြောင့် ဝန်ထမ်းက ပြုံးပြီးပြောလာခဲ့သည်။ 


"အဆင်ပြေပါတယ်... မနက်ဖြန်လည်း ဘာမှလုပ်စရာ မရှိဘူးဆိုတော့ ခင်ဗျား အလုပ်ကိုပဲ အရင်လုပ်လိုက်ပါ"


ဝန်ထမ်း ထွက်သွားသော် ဝူရှဲ အံကြိတ်လိုက်ရင်း လက်ရှိ ကိစ္စတွေကို တွေးကြည့်လိုက်သည်။ ဖန့်ကျစ်ရဲ့ ဆေးရုံမှာ ဆေးဖိုးဝါးခက နေ့တိုင်း လေးပုံတစ်ပုံလောက် ကုန်ကျတယ်။ ဒီကောင်လေးကို ပေးရတဲ့ ပိုက်ဆံက ဘယ်မှာ သွားရှာရမလဲ။ အဘိုးကြီးကို ဖုန်းသွားခေါ်လို့တော့ မဖြစ်ဘူး။ ခေါ်လိုက်ရင် သူ့ကို သေတဲ့အထိ ကြိမ်းမောင်းလိမ့်မယ်။ 


လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စီးပွားရေးတွေ အရမ်းမိုက်ခဲ့ပြီး ဦး​လေးလည်း သူ့အပေါ်ကို ကျေနပ်နေခဲ့ပြီ။ အခုတော့ မိမိမှာ ဦးလေးသုံး၏ စံနမူနာကို လိုက်နာပြီး ဂူဖောက်လောကထဲ ဝင်ခဲ့မိလေပြီ။


အခန်းထဲ ပြန်ရောက်တော့ အိတ်ထဲမှာ ရွှေချည် ကျောက်စိမ်း အခေါင်းအဖုံးကို ရုတ်တရက် မြင်လိုက်ရ၏။ ဦးလေးသုံးက ဒီပစ္စည်းကို အရမ်းဂရုစိုက်ပြီး ဆီစိမ်စာရွက်နဲ့ လေးငါးထပ်လောက် ထုပ်ထားလေသည်။ နောက်ဆယ်ရက်လောက် နေဖို့အတွက် သေသေချာချာ စီစဉ်ထားဖို့ လိုတယ်လို့ တွေးလိုက်မိသည်။ 


ကိုယ်အလေးချိန် တက်လာဖို့ နေ့တိုင်း ဒီမှာ အိပ်လိုက်စားလိုက် လုပ်နေတာက မဖြစ်သေးပါဘူး။ ဒါမှမဟုတ် ဒီပစ္စည်းကို ရောင်းဖို့ ရှေးဟောင်းဈေးကွက် တစ်ခုရှာပြီး ကျီနန်အနှံ့ ခရီးသွားဖို့ ပိုက်ဆံ နည်းနည်းလောက် သုံးလိုက်တာကလည်း အချိန်ဖြုန်းတာတော့ မဟုတ်ဘူးမလား။


အဲဒါကို တွေးကြည့်မိတဲ့အခါ အဓိပ္ပာယ်ရှိသလိုတော့ ခံစားရ၏။ အရင်က ခရီးထွက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့ပေမယ့် အခု အသေးအမွှား ဖြစ်ရပ်တစ်ခုက ဆိုရင် ဖန့်ကျစ် ဆေးသောက်စရာ မရှိတော့ရင် ဒုက္ခရောက်လိမ့်မယ်။ မမှောင်သေးဘူး ဆိုတော့ မြန်မြန်သွတ်သွတ် လုပ်မှ ဖြစ်မည်။ 


ဧည့်ခန်းထဲဆင်းပြီး ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့နေရာကို စားပွဲထိုးဆီ မေးကြည့်တော့ သူက ဒီနေရာမှာ ရှေးဟောင်းပစ္စည်း ဈေးကွက်ရှိကြောင်း ပြောကာ စိတ်အားထက်သန်စွာနဲ့ သူနဲ့အတူ အောက်ထပ် ဆင်းလာခဲ့၏။ ၎င်းက သူ့အတွက် တက္ကစီပါ ခေါ်လိုက်သေးသည်။ 


ကားပေါ်တက်ပြီးတာနဲ့ နောက်ထပ် ရှေးဟောင်းပစ္စည်းတွေ ရောင်းဝယ်တဲ့ နေရာကို မောင်းမေးပါလို့ ကားဆရာကို ပြောလိုက်သည်။ ကားဆရာက သဘောတူပြီး သူရဲကောင်းတောင်လို့ ခေါ်တဲ့ ဈေးကွက်ကို ပို့ပေးလာတာ တွေ့ရခေသည်။ ဒီနေရာလေးမှာ ဆန်းပြားတဲ့ ပစ္စည်းလေးတွေတော့ ရှိလေ၏။ 


လမ်းတစ်လျှောက် ထိုအစ်ကို ပြောတာကို နားထောင်ခဲ့ပုံအရ ဒီနေရာမှာ တော်ရုံတန်ရုံ ရှေးဟောင်းပစ္စည်း နဲ့ လက်ရေးမူ ပစ္စည်းတွေ ပေါများတယ်လို့ သိရသည်။ ဒီနေရာမှာ လူကများပြီး ဆူညံနေပေမယ့် အတုတွေ ပိုများလေသည်။ ဒီမှာဘာမှလုပ်စရာ မရှိရင် ဒီကဈေးရောင်းတဲ့ သူဌေးတွေနဲ့ စကားပြောပြီး ကြွားလုံးထုတ်နိုင်သည်။


လေးလံတဲ့ ကျောက်စိမ်း ခေါင်းတလား အဖုံးကို ကျောမှာလွယ်လျက် ဝူရှဲ ကားပေါ်ကနေ ဆင်းပြီး ပိုကြီးတဲ့ ဆိုင်တစ်ဆိုင်ကို ရှာဖို့ တွေးနေမိသည်။ ဒါက သာမန်လူတွေ ဝယ်နိုင်တဲ့ ပစ္စည်းတော့ မဟုတ်ဘူးလေ။ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးတွေက ပိုကြီးတဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ထားကြတာမို့လို့ သူတို့က ယုံလို့ရနိုင်သည်။ 


ကော်မရှင်ခ သူ့ကို 2% ပေးခိုင်းဖို့ အကြံပေးလိုက်မည်။ သူကလည်း ဒီလိုနေရာမှာ ကျွမ်းကျင်သူဖြစ်လို့ ဘယ်သူမှ လာလှည့်စားလို့ မရဘူး။ အပြန်လမ်းမှာ ဦးလေးသုံးနဲ့ ဆွေးနွေးခဲ့တာ ဒီပစ္စည်းက ဒေါ်လာတစ်သန်း တန်တယ်လို့ သိခဲ့ရသည်။ ဒီလိုပစ္စည်းဟာ ပေါက်ဈေး ရှိပေမယ့် စျေးကွက်မရှိလို့ ဒီလိုဈေးကြီးတဲ့ ပစ္စည်းကို ဘယ်သူကမှ ဝယ်ယူသွားဖို့ မလွယ်လောက်ဘူး။ 


နိုင်ငံခြားသား မဟုတ်ရင်ပေါ့။ ဒီပစ္စည်းက ကြီးလွန်းပြီး သေးသေးလေးတွေထက် ဝယ်ရတာ ပိုခက်လေသည်။ တစ်စုံတစ်ယောက်က တကယ် ဝယ်ချင်တယ်ဆိုရင် ယွမ် ၈၀၀,၀၀၀ ကျော်နဲ့ စွန့်လွှတ်ပစ်ပါ့မယ်လို့ တွေးထား၏။


ဒီနေရာမှာ သူက ယုံကြည်မှုအပြည့်နဲ့ လှည့်ကြည့်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ နောက်မှာတော့ ကြေးနံ့သာမီးဖိုကို တွေ့လိုက်ရ၏။ မီးဖိုပေါ်တွင် ရေးထွင်းထားတဲ့ အရုပ်တချို့ကိုလည်း ရေးထွင်းထားလေသည်။ ဝူရှဲ စိတ်လှုပ်ရှားပြီး အဲဒီဆိုင်ပေါ်က လူတွေက ငါးအကြီးကြီးတွေပဲလို့ သိလိုက်သည်။ ဦးလေးသုံးပြောခဲ့တဲ့ ပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲက ဝမ်ဗိုက်တွေ ဖောင်းနေတဲ့ ပန်းချီကားနဲ့ အလွန်ဆင်တူတာကြောင့် အနီးကပ်ကြည့်ဖို့ ခေါင်းငုံ့လိုက်တဲ့ အချိန်မှာ သူဌေးက ထွက်လာပြီး 


“ဟေး ဟေး မင်းဒီပေါ်က အကြောင်းအရာတွေကို သိတယ်လား... ဒါက ငါ့ဆိုင်မှာ အဖိုးတန်ပစ္စည်းတစ်ခုပဲ”


သူ့ရဲ့ လေယူလေသိမ်းက ပေကျင်းဘက်က လေသံဖြစ်သည်။ သူ့စကားသံ ထွက်လာတာကို ကြားတာနဲ့ပဲ ဝူရှဲလည်း ပြန်မေးလိုက်သည်။ 


"ဒီ​ပေါ်က ဘာရေးထားတာလဲ? ဘာလို့ ဒီလောက်တောင် ထူးဆန်းနေတာလဲ? ဟိုင်နန်ဘက်က လာတဲ့ပုံပဲ ဟုတ်တယ်မလား" 


အဲဒီလူက သူ့စကားကို ကြားတော့ သူ့အမူအရာက ချက်ချင်း ပြောင်းသွားပြီး သူ့ဆိုင်ထဲကို အမြန်ဖိတ်ခေါ်တော့သည်။ 


“ဒီနေ့တော့ ကျွမ်းကျင်သူနဲ့ တကယ်တွေ့တာပဲ... ဒီပစ္စည်းက ဒီမှာရှိနေတာ ကြာပြီ.... မင်း သူ့အရိပ်အယောင်ကို အရင်မြင်တာ မဆိုးဘူးလို့ ပြောရမယ်.... ဟုတ်တယ် အဲဒါက ဟိုင်နန်ဘက်က လာတာ"


ရှေးဟောင်းပစ္စည်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက နှုတ်ချိုချိုသာသာ ပြောရမည်။ သူ၏အမူအရာကို ကြည့်လိုက်လျှင် ယခု အမှန်အတိုင်း ပြောနေသလား သို့မဟုတ် ဤပစ္စည်းကို ရောင်းချင်နေလို့လား ဆိုတာကိုတော့ ဝူရှဲလည်း မသိပေ။ သူ့လက်ထဲမှာမို့ အချက်အလက်တွေ အများကြီး မရှိတာကြောင့် ကျွမ်းကျင်တဲ့သူလို ဟန်ဆောင်ရတာက သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်မိသွားလိမ့်မယ်။ ဒါကြောင့် သူက 


"ကျွန်တော်က မကျွမ်းကျင်ပါဘူး မကျွမ်းကျင်ပါဘူး.... ဟိုင်နန်ကလာတဲ့ ပစ္စည်းတစ်ခုကို တွေ့ဖူးလို့ စိတ်ထဲမှာ ထူးဆန်းသလို ခံစားရလို့ပါ.... ဒါကို ဘယ်လိုခေါ်လဲတောင် ကျွန်တော် မသိပါဘူးဗျာ"


အဲဒီလူက သူ့ကို ထိုင်ခိုင်းပြီး လက်ဖက်ရည် ခွက်ကို ငှဲ့လာပြီး 


“မင်းက နှိမ့်ချနေပေမယ့် တကယ်မသိရင်လည်း ကိစ္စမရှိပါဘူး.... ငါပြောပြမယ် ဒီနံ့သာအိုးကို ထွင်းထားတာက တစ္ဆေအမျိုးအစား တစ်မျိုးပဲ... ဒီအရာလို့ 'တားမြစ်မိန်းမပျို'လို့ ခေါ်တယ်.... သူ့ရဲ့ မူလအစကတော့ ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့ မင်းတကယ် စိတ်ဝင်စားတယ် ဆိုရင် ငါပြောပြရမလား"


သူ့ရဲ့ပြပွဲကို မြင်တော့ ဝူရှဲလည်း ဝယ်ချင်ယောင်ဆောင်ပြီး ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူက သူ့ကို စောင့်နေဆိုတဲ့ အမူအရာနဲ့ ပြတင်းပေါက်ကနေ နံသားအိုးကို ယူ၍ ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ မွှေးရနံ့တွေ နှာခေါင်းထဲ တိုးဝင်လာတော့ သူ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်သွားရာ ပြုံးပြီး ပြောလိုက်သည်။


"ဒီအနံ့က တစ်ခုခု ထူးခြားနေသလိုပဲ... အထဲမှာ ဘာအမွှေးအကြိုင်တွေ ရှိလို့လဲ?"


နံ့သာအိုးရဲ့ အဖုံးကိုဖွင့်လိုက်တာနဲ့ အနက်ရောင် ကျောက်တုံး သေးသေးလေးကို တွေ့လိုက်ရတာကြောင့် ဝူရှဲ အံ့သြသွားသည်။ သူ့ပုံစံကြောင့် တစ်ဖက်လူ ဂုဏ်ယူစွာပြုံးပြီး 


"ဒါက တားမြစ်မိန်းမပျိုရဲ့ အရိုးပဲ.... ဒီရနံ့ကို အရိုးရနံ့လို့ ခေါ်တယ်... ဒါက ပစ္စည်းကောင်းလေးပါပဲ... မင်းအိပ်တော့မယ် ဆိုရင် မင်းဘေးနားမှာ ထားပြီး အိပ်လိုက် ဒါဆို သက်တောင့်သက်သာ အိပ်ပျော်သွားလိမ့်မယ်"


ဝူရှဲ ရုတ်တရက် ရွံရှာသွားသလို ခံစားလိုက်ရပြီး 


"ဒီတားမြစ်မိန်းမပျိုက ဘာကြီးလဲ? သူ့အရိုးတွေနဲ့ အိပ်ရတာ အကျင့်ပျက်လွန်းတယ်မလား?"


ထိုအခါ တစ်ဖက် ပြုံးပြီး ပြောလာ၏။


"တားမြစ်မိန်းမပျိုက မကောင်းမှုတွေရဲ့ ယေဘူယျနာမည်နဲ့ ညီမျှတဲ့ ကြီးမားတဲ့ အယူအဆတစ်ခုပဲ.... အဲဒီမှာ လူတွေက နေမကောင်းတာဖြစ်ဖြစ် ဒဏ်ရာရတာဖြစ်ဖြစ် တားမြစ်မိန်းမပျို လုပ်တာလို့ ပြောကြတယ်... သူမကို ဘယ်လိုဖော်ပြရမလဲ ဒါမှမဟုတ် ဘာလဲဆိုတာ ပြောချင်ရင် တကယ်တော့ သူမကို နတ်ဆိုးတစ္ဆေလို့ ပြောလို့ရတယ်"


“အိုး ဒါဖြင့် ဒါ သူ့အရိုးတွေလား” 


ဝူရှဲ မျက်မှောင်ကြုတ်ပြီး မေးရင်း ဆက်ပြောလိုက်သည်။ 


“ဒါကြီးက ဘယ်က ရောက်လာတာလဲ? အဖုံးပေါ်က ပင်လယ် အညစ်အကြေးတွေကို ကြည့်လိုက်ရင် သူက ပင်လယ်စာလို့ ထင်ရတာပဲ”


အဲဒီလူက ရယ်ပြီးပြော၏။


"ဒါကိုများ မင်းက ပညာရှင် မဟုတ်ဘူးလို့ ပြောနေသေးတယ်.... ဟုတ်တယ် ဒီဟာကို တံငါသည်တစ်ယောက်က ဆယ်ယူလာမိတာ ဒါပေမယ့် ရှားရှားပါးပါး ဈေးကြီးတယ်နော်... ပင်လယ်ထဲမှာ စွန့်ပစ်ပစ္စည်းတချို့ ရှိနေပေမယ့် ဈေးကတော့ မတန်ဘူး စျေးပေါတယ်လေ"


သူ့မှာ ပိုက်ဆံလုံးဝ မရှိတာကြောင့် ဝူရှဲလည်း သက်ပြင်းချပြီး 


"ငါက အရမ်းတော်တလူ ဖြစ်နေပေမယ့် သနားစရာကောင်းလိုက်တာ ဒီပင်လယ်စာကို ကျွန်​တော် မလိုချင်ဘူး.... ခင်ဗျား တကယ်ရောင်းချင်ရင် အထဲမှာ အရိုးနံ့သာကို ရောင်းမလား"


ထိုလူ၏အမူအရာ ပြောင်းသွားကာ


"ဘယ်လိုလုပ် ဖြစ်မှာလဲ? ဒီအရိုးနံ့သာကို မင်းဝယ်လိုက်ရင် ငါက ဒီနံ့သာအိုးကို ဘယ်သူ့ သွားရောင်းရမှာလဲ?"


ဒီပစ္စည်းက နည်းနည်း မီးခိုးရောင် ပြောင်းနေတာ မြင်လိုက်ရတာနဲ့ ရောင်းမထွက်ဘဲ ရှိနေတာ ကြာနေပြီဆိုတာ ဝူရှဲ သိလိုက်ရသည်။ ဒီလိုမျိုး လူကြိုက်နည်းလွန်းပြီး ပြန်ရောင်းရခက်သည်။ ချမ်းသာတဲ့ ခေတ်မှာ ရွှေတွေလောက် ရှေးဟောင်းပစ္စည်းတွေက ရောင်းထွက်နိုင်ခြင်း မရှိပေ။ 


ထုံးစံအတိုင်း ဆိုင်ရှင်က ​ရောင်းမထွက်တဲ့ အရာအတွက် ဂရုမစိုက်တော့ပေ။ ဝူရှဲလည်း ခေါင်းယမ်းလိုက်သည်။ ဘာပဲပြောပြော ဒီပစ္စည်းဝယ်လိုက်တာက သူ့အတွက် အသုံးမဝင်ဘူးလေ။ ခေါင်းတလား အဖုံးကို ​ရောင်းထုတ်လိုက်ပြီး နောက်မှ ဝယ်သူနဲ့ ဆက်သွယ်နိုင်ရင် ဒီပစ္စည်းကို ဝယ်လို့လည်း အဆင်ပြေပါတယ်လို့ တွေးပြီး ဝူရှဲ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။ 


“အိုကေ အဲဒီအကြောင်းကို လောလောဆယ် ထားလိုက်.. ကျွန်တော် ခင်ဗျားကို ဒါပေးပြမယ်!"


သူပြောသည့်အတိုင်း ကျောက်စိမ်း အခေါင်းအဖုံးကို ကိုင်ကာ ထောင့်တစ်ထောင့်ကိုပဲ ထုတ်ပြလိုက်ကာ သူ့စွမ်းဆောင်ရည်ကို ကြည့်ခြင်းဖြင့် ကျွမ်းကျင်သူ ဟုတ်မဟုတ် သိနိုင်မည်ဖြစ်သည်။ ထိုသူက မြင်သည်နှင့် ချက်ချင်းပင် သူ့အမူအရာ ပြောင်းလဲသွားသည်။ 


ကျောက်စိမ်း အခေါင်းအဖုံးကို ပြန်ထုပ်လိုက်စဥ် တစ်ဖက်လူက မတ်တတ်ထရပ်ပြီး ဆိုင်တံခါးဝက ကလကာကို ဆွဲချလိုက်သည်။ လက်ဖက်ရည်ခွက်ကို သွန်ချကာ နောက်ထပ်တစ်ခွက် ယူလာပေး၏။ အနံ့ခံ​ကြည့်လိုက်တော့ ဝူရှဲက ဒါ အကောင်းဆုံးပဲလို့ တွေးမိလိုက်သည်။ဒါဆို သူတို့ရဲ့ အနေအထားက ပိုမြင့်တဲ့အဆင့်ကို ရောက်နေပြီလို့ ထင်ရပါပြီ။


ထိုလူက သူ့​ခေါင်းထဲက ချွေးတွေကို သုတ်လိုက်ပြီး 


"ဒီက ပညာရှင်ရဲ့ နာမည်က ဘာလဲဆိုတာ သိချင်ပါတယ်"


ဝူရှဲ ကြည့်လိုက်တော့ ဒီလူဟာ ရိုးရိုးရှေးဟောင်းပစ္စည်း အရောင်းသမား မဟုတ်ဘူးဆိုတာ သိလိုက်ရ၏။ သူကအရမ်း မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တယ်လေ။ ဒီအရာက ဂူထဲက ထွက်လာတယ် ဆိုတာကို တစ်ချက်လောက် ကြည့်ရုံနဲ့ သိသွားခဲ့သူပင်။ ဝူရှဲလည်း ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်ကာ။ 


"ကျွန်တော့် မျိုးရိုးနာမည်က ဝူပါ... သူဌေးရဲ့ နာမည်က ဘာများလဲ"


"မင်းငါ့ကို လောင်ဟိုင်လို့ ခေါ်လို့ရတယ်... ဒါဆို ဆရာဝူ မင်း လှုပ်ရှားမှာလား ဒါမှမဟုတ် ငါ့ကို ကြည့်စေချင်တာလား"


"လှုပ်ရှားမှာပါ (ရောင်းမယ်)... ဒါကို ဘေးနားထားထားရတာက နည်းနည်း လက်ပူတယ်"


သူက အခန်းထဲကို ခဏခဏ လှည့်ထွက်သွားပြီး တစ်ခါ ပြန်ထွက်လာကာ “ဒါပဲလား” လို့ မေးလာ၏။


ဝူရှဲလည်း ခေါင်းညိတ်လိုက်ပြီး


"ခင်ဗျား ဒီအပိုင်းကို မလွတ်စေနဲ့နော်... ဒါကမကြာသေးခင်ကမှ ဒယ်အိုးထဲက လတ်လတ်ဆတ်ဆတ် ဆယ်လာတာ ပူနေသေးတယ်" (မကြားသေးခင်ကမှ ဂူထဲက ထုတ်လာတာ) 


သူက ထိုင်ချလိုက်ပြီး တိုးတိုးလေး ပြောလာခဲ့သည်။ 


"ဆရာဝူ.... ငါက ရွှင်မြူးတဲ့သူတစ်ယောက်ပါ... မင်းက ဒီသူရဲကောင်းတောင် ဈေးကွက်ကြီးကို ဖယ်ထုတ်နိုင်တဲ့ တစ်ဦးတည်းသော သူတစ်ယောက်ပဲလို့ ငါပြောရဲတယ်.... ဒါပေမဲ့ မင်းကိုငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တော့မှ လေးလေးနက်နက် ငြင်းခုံမှာ မဟုတ်ဘူး... ဆိုတော့ ရတနာအတွက် စျေးနှုန်းကို မင်းငါ့ကို ပြောနိုင်တယ်... မင်းစိတ်ထဲက ဘာရှိလဲသာ ငါ့ကိုပြောစမ်းပါ..... ငါ့သူငယ်ချင်းကို ဖုန်းဆက်ပြီး မေးလိုက်မယ်"


အဲဒါကို ခဏလောက် စဉ်းစားပြီး ဒေါ်လာတစ်သန်း လိုချင်တယ်လို့ တွေးလိုက်သည်။ တခွေရဲ့ မိသားစုကို ယွမ် 300,000 ပေးရမှာဖြစ်ပြီး ဖန့်ကျစ်ကတော့ ဆေးရုံတက်ဖို့ အနည်းဆုံး ယွမ် 200,000 ပေးရမှာ ဖြစ်သည်။ ဖက်တီးကလည်း စာတစ်စောင် ချန်ထားတာ ပစ္စည်းတွေရောင်းပြီး ပေးရတဲ့ငွေကို ဖြတ်ပြီး တစ်သိန်းကျော်ကို သူ့ကို ပေးရမယ်တဲ့လေ။ 


ဒါကိုရဖို့ သူတို့အသက်ကို ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲ စဉ်းစားကြည့်တော့ မကူညီသော်လည်း နည်းပါးလွန်းသည်ဟု ခံစားရသည်။ ဒါပေမဲ့ ဦးလေးသုံးကတော့ ဂူဖောက်တာက ဒီအတိုင်းပဲဟု ပြော၏။ ဂူဖောက်ပြီးရင် ပစ္စည်းကောင်းတွေကို သယ်ထုတ်လာလို့ မရသလို သယ်ထုတ်လာရင်လည်း ရောင်းမထွက်တတ်ချေ။ 


တစ်သန်းနီးပါးဆိုလည်း မဆိုးဘူးလို့ ထင်မိသော်လည်း လောင်ဟိုင်က လက်ဟန်ခြေဟန်ပြပြီး သူပျော်နေတာတောင် မထိန်းနိုင်တာကို မြင်လိုက်ရတဲ့အခါ ဝူရှဲ စိတ်ဓာတ်ကျသွားသည်။ ဈေးက အရမ်းနည်းနေလို့များ ဖြစ်မလား။ သူကဖုန်းကို ထောင့်စွန်းလေးမှာ ပုန်းပြီး ပြောနေကာ ဖုန်းချလိုက်သည်။ ဖုန်းခေါ်လို့ အပြီးမှာပဲ သူအရမ်းပျော်သွားပြီး မျက်နှာက နီရဲလာခဲ့သည်။ 


"အဆင်ပြေပြီ! အဆင်ပြေပြီ! ဆရာဝူ မင်းကတော့ ကံကောင်းလိုက်တာ... တကယ့်လူတွေ ရှိတယ်... သူတို့ ဒီအရာကို စောင့်နေတာ... တစ်သန်းက မမြင့်ဘူး နှစ်သန်းကလည်း မနိမ့်ဘူး ငါမင်းကို ၁.၂ သန်းကို ကိုးကားပြီး ပြောထားပေးတယ် မင်းဘယ်လိုထင်လဲ?"


ဒီသတင်းကြားတော့ ဝူရှဲလည်း 'ခင်ဗျား ဘယ်လောက်နဲ့ သတင်းပေးထားလဲ သရဲပဲ သိလိမ့်မယ်'လို့ တွေးလိုက်မိသည်။ သူ့အတွက် နှစ်ဆတိုးပြီးမှ တခြားသူတွေကို သတင်းပို့တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မျှော်လင့်ထားတာထက် 200,000 ကျော်နေပြီလို့ တွေးမိပြီး စိတ်သက်သာရာ ရလိုက်မိသည်။ ဝူရှဲက ပြောလိုက်သည်။


"ဒါဆို ခင်ဗျားရဲ့ ခွဲတမ်းက စည်းမျဉ်းဟောင်းပဲလား" 


လောင်ဟိုင်က ပြုံးပြီးပြောလာ၏။


"အမှန်တိုင်းပြောရရင် သူတို့က ဟိုမှာ ငါ့အတွက် နည်းနည်းလေး ပြင်ဆင်ထားပြီးပြီ... 1.2 သန်းကို မင်းပဲ သိမ်းထားလိုက်....မင်းဦးခေါင်းမှာ ဒဏ်ရာတွေနဲ့ ဆိုတော့ ဒီပစ္စည်းကို သယ်ထုတ်လာဖို့က မလွယ်မှန်း သိပါတယ်... မငိး ငါ့ရဲ့ ကြင်နာမှုကို သတိရနေရမယ်နော် နောက်တစ်ခါ မင်းမှာ ဒီလိုမျိုးပစ္စည်းတွေ ရလာရင် သူများတွေဆီ မသွားနဲ့.. ငါ့ဆီပဲ တိုက်ရိုက် ပို့ပေးလိုက်... ငါ မင်းကို ၂ဆ ပေးမယ်... ငါ့နောက်ကွယ်က ဖောက်သည်က အရမ်းချမ်းသာတယ်ဆိုတာ မင်းသိထားရမယ်နော် သူများတွေလက်မခံနိုင်တဲ့ အရာတွေကို သူလက်ခံရဲတယ်... ခဏနေတော့ မင်းအတွက် ပိုက်ဆံကို ငါပြင်ဆင်​ပေးမယ်....ဒီ ၁.၂ သန်းအတွက် ငါ့ဆိုင်က သေးပေမယ့် ငါ့အကောင့်ထဲမှာ ပိုက်ဆံအလုံအလောက် ရှိသေးတော့ မင်းကို အရင်ပေးလိုက်မယ်"


ကြားလိုက်တာနဲ့ ဒီလေသံက တကယ့်ကို လေကြီးလှကြောင်း သိသာလေသည်။ ရှေးဟောင်းပစ္စည်းတွေက ဘုရင်ဖြစ်တယ် ဆိုတဲ့ စကားအတိုင်းပါပဲ။ ဒီလူ့လက်ထဲမှာ အရည်အချင်းတွေ ရှိနေတုန်းပဲလို့ တွေးမိပြီး ဝူရှဲ ကမန်းကတန်း ပြောလိုက်သည်။


"ခဏနေပါဦး... ဒါဆို ဒီတားမြစ်မီးဖိုကို ဘာလို့ ဈေးလျှော့မပေးတာလဲ? ကျွန်တော် ယူလိုက်မယ်လေ"


ထိုလူက ရယ်မောကာ လက်ဝှေ့ယမ်းကာ 


"မင်းကြိုက်ရင် ယူသွား ငါပေးလိုက်မယ်.... ရိုးရိုးသားသား ပြောရရင် ဒီပစ္စည်းအတွက် ငါးယွမ်ပဲ ပေးခဲ့ရတာ.... ငါမင်းကို အများ​ကြီးတောင်းပြီး လှည့်စားချင်ခဲ့တာ အဟားဟား"


နောက်သုံးနာရီ ကြာတော့ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံ အမြောက်အများ ဝင်လာတာတွေ့တော့ အရမ်းပျော်သွားခဲ့သည်။ ဟိုတယ်ကို ပြန်ရောက်တော့ တံခါးမှူးကိုတောင် မကြည့်ချင်တော့ပေ။ သူ့ခမျာ ငါးသန်း ဆွတ်ခူးနိုင်ခဲ့တဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေကာ သူ့မျက်လုံးများကို ဖွင့်တောင် မဖွင့်နိုင်တော့ချေ။


ငွေရှင်းပြီးတာနဲ့ ဘေလ်အားလုံးကို အရင်ရှင်းပြီး ဆေးရုံကိုသွားကာ ဖန့်ကျစ်အတွက် သူနာပြုအခကြေးငွေ တစ်လစာကို ပေးချေလိုက်သည်။ ဖက်တီးအတွက်လည်း ငွေလွှဲပြီးနောက် ဦးလေးသုံးက သူ့အပေါ် အကြွေးတွေ ရှိနေတာကြောင့် သူ့ဝေစုထဲကို လေးလေးနက်နက် ပေါင်းထည့်ကာ သူ့ကတ်သို့ လွှဲပြောင်းခဲ့သည်။ အားလုံးပြီးမှ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့၏။ 


နောက်ရက် အနည်းငယ် အတွင်းမှာတော့ လှပတဲ့ ဒေသခံဧည့်လမ်းညွှန် တစ်ယောက်ကို တွေ့ပြီး ကျီနန်မှာရှိတဲ့ နေရာမျိုးစုံကို အလည်အပတ် သွားခဲ့သည်။ ဒါပေမဲ့ ဟန်ကျိုးက လာတဲ့ သူ့အတွက် ယဉ်ကျေးမှုရှုခင်းတွေ အများကြီး မြင်ခဲ့ရတာကြောင့် ဒါတွေကို ပိုကြည့်ရလေ စိတ်ဝင်စားမှု နည်းလေလေ ဖြစ်လာသည်။


တံငါစက်ရုံ တစ်ခုရှာပြီး ငါးဖမ်းဖို့ ဆုံးဖြတ်လိုက်ပြန်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ဘဝမှာ သက်တောင့်သက်သာ အရှိဆုံး အချိန်ဖြစ်ပေမယ့် နည်းနည်း စျေးပေါသလိုပင်။ အခုလို စိတ်သက်သာရာ ရသွားတော့ ဂူဖောက်ရခြင်းရဲ့ စိတ်လှုပ်ရှားမှုကို တကယ် တမ်းတမိသွားပြန်လေ၏။ 


နောက်ထပ် ဘာမှမဖြစ်ဘဲ ဒီလိုပုပ်ပွနေတဲ့ ဘဝမှာ တစ်ပတ်လောက် နေခဲ့ရသည်။ တံငါစက်ရုံကနေ ပြန်ရောက်တာနဲ့ ဖုန်းမြည်သံ ကြားလိုက်ရသည်။ ဒီဟိုတယ်က သူ့ဖုန်းနံပါတ်ကို ဦးလေးသုံးပဲ သိတယ်။ ဒါကြောင့် သူ့အကြောင်းကို တစ်ခုခု ထုတ်ဖော်နိုင်လိုက်ပြီလို့ ထင်ခဲ့၏။ သူ ကောက်ကိုင် ကြည့်လိုက်တော့ တစ်ဖက်က လူစိမ်းတစ်ယောက်မှန်း သိလိုက်ရကာ သူပထမဆုံး ပြောလာတဲ့ စကားက 


"ဝူစန်းရှင် ဆိုတဲ့လူကို မင်းသိလား"


သူ့လေသံက အတော်လေး အရေးတကြီး ဖြစ်နေတော့ ဝူရှဲ မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။ 


"သိတယ်!! ခင်ဗျား ဘာပြောမလို့လဲ"


အဲဒီလူက “သူ ပျောက်နေတယ်” ဟုဆိုလာသည်။


ဒါကိုကြားတာနဲ့ တပြိုင်နက် ဝူရှဲ အံ့အားသင့်သွားပြီး 


"အဲ... အဲဒါ ပျောက်နေတယ်လို့ ဘယ်လိုလုပ် အတည်ပြုတာလဲ" 


ဝူရှဲ အလျင်အမြန် မေးလိုက်တဲ့အခါ အဲဒီလူက 


"သူ သင်္ဘောနဲ့ အဆက်အသွယ် ပြတ်နေတာ ဆယ်ရက်ရှိပြီ.... သူနဲ့ မင်း ဆက်ဆံရေးက ဘယ်လိုလဲ?"


"ကျွန်တော်က သူ့တူပါ"


"ဒါဆို မင်း ဟိုင်နန်ကို တတ်နိုင်သမျှ မြန်မြန်လေး ရောက်လာနိုင်မလား"