(35)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (35)

သွေးစာ



ထိုအခါ ဝူရှဲကလည်း ပြန်ပြောလိုက်သည်။


"ရောင်းနေတဲ့ ဆေးအမျိုးအစားက ကြက်ဟင်းခါးသီး ဖြစ်နေတာရော သိရဲ့လား? မင်း ဒီအကြောင်းကို ပြောပြောမပြောပြော ငါတို့ အခုထိ ဒုက္ခရောက်နေသေးတာကို မမေ့နဲ့... ဒီလို မသက်ဆိုင်တဲ့ အရာတွေကို လုပ်နေတာ ရှောင်ရမယ်!"


"စိတ်မပူပါနဲ့ ငါပြောမယ့် အရာက ငါတို့ရဲ့ လက်ရှိ အခြေအနေနဲ့ အများကြီး သက်ဆိုင်တယ်.... ဒီအစ်ကိုလေး ပြောတာကို မင်းအခုနက နားမထောင်ဘူးလား? ကောင်းကင်တံခါးထဲကို သွားတဲ့လမ်းက ကုန်းတက်ပဲ ကောင်းကင်နန်းတော်ရှိတဲ့ အခန်းကျယ်က အရမ်းမြင့်တယ်... အနည်းဆုံး ဆယ်မီတာကျော် မြင့်မှာ ဒီရှေးဟောင်း ဂူသင်္ချိုင်းက ဘယ်လောက်နက်လဲ မင်း စဉ်းစားကြည့်.... အခန်းရဲ့ထိပ်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုလုံးရဲ့ အနက်ရှိုင်းဆုံး အပိုင်း ဖြစ်နိုင်တယ်... အပြင်ကို ထွက်ချင်ရင် အဲဒီနေရာကနေ ငါတို့ဦးနှောက်ကို သုံးသင့်တယ်!”


ဒီစကားသံကို ကြားလိုက်ရတော့ ဝူရှဲ စိတ်တွေ ​ပြန်ကြည်လင်လာပြီး ခန့်မှန်းချက်တစ်ခု မြန်မြန်ဆန်ဆန် ချလိုက်တော့သည်။ ရေအောက် သင်္ချိုင်းထဲကို ဆင်းလာတုန်းက ရေပေါင်ချိန်ကို ကြည့်လိုက်တော့ အဲဒီတုန်းက ရေအောက် ၁၃ မီတာမှာ ရှိနေပြီ။ ရေကန်အောက်ခြေကနေ သူတို့ အခုရောက်နေတဲ့ နေရာကို အဲဒီတွက်ချက်မှုပေါ်မှာ မူတည်ပြီး ဆိုရလျှင် ဆယ်မီတာကျော် ဆင်းသွားတာ ဆိုတော့ ရေအောက် မီတာ ၂၀ နဲ့ ၃၀ ကြားမှာ ရှိရမယ်။ 


ဤနည်းဖြင့် တွက်ချက်ကြည့်ပါက ကောင်းကင်နန်းတော် စံပြအခန်းရဲ့ ထိပ်ဟာ ပင်လယ်အောက်ခြေမှ ဆယ်မီတာ အောက်သာ ကွာလိမ့်မည်။ ဒါဆိုရင်တော့ အမှန်ပဲ ဖက်တီးပြောတာ ဖြစ်နိုင်၏။


ဇာတ်လမ်းကို နားထောင်နေတာနဲ့ ဒီအသေးစိတ် အချက်အလက်တွေကို သတိမထားမိလိုက်ဘူး။ ဖက်တီးကို သဘောကျစွာ လှမ်းကြည့်လိုက်သည်။ ဒီလူက မဆင်မခြင် လုပ်တတ်ပုံ ပေါက်နေပေမယ့် တကယ်ကို ပွင့်လင်း မြင်သာမှုတော့ ရှိပုံပေါ်ပါ၏။ နောင်အနာဂတ်မှာ တချို့အရာတွေကို သူ့ဆီကနေ ဖုံးကွယ်ထားလို့ မရ​လောက်ဘူးပဲ။ ဒါကို တွေးပြီး ဝူရှဲက ပြောလိုက်သညိ။


"ဖက်တီး ဒီအချိန်မှာ ထောက်ပြနိုင်တာ မှန်ပေမယ့် အခုငါတို့ သိတော့လည်း အရေးမကြီးတော့ဘူး ငါတို့လက်ဗလာနဲ့ ဆယ်မီတာမြင့်တဲ့ မျက်နှာကျက် ရတနာထိပ်ကို မတက်နိုင်ဘူးလို့ မဆိုလိုပါဘူး... တက်ရင်တောင် ငါတို့ လက်ထဲမှာ ဘာမှမရှိဘူးလေ အပေါ်ထပ်က အုတ်မိုးကို ခွဲနိုင်တဲ့ သတ္တုပစ္စည်း နည်းနည်းကို အရင်ရှာပြီး ဂူဖောက်တဲ့ အစီအမံကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ကျန်နေသေးတယ်လို့ ငါ ထင်တယ်... အချိန်အကြာကြီး စောင့်လိုက်ရင် ဒီရေပြန်ကျမယ့် အချိန်ကို လွတ်သွားမှာ ကြောက်ရတယ်"


အဲဒီလို ပြောလိုက်ပေမယ့် ဝူရှဲလည်း တကယ်တော့ သေချာမသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းတလျှောက်မှာ မြင်လိုက်ရတဲ့ အသုဘပစ္စည်းတွေက ကြွေထည်နဲ့ ကျောက်ထည်တွေချည်းပဲ။ သတ္တုပစ္စည်း တစ်ခုတစ်​လေတောင်မှ မရှိဘူးလေ။ အဲဒါက နည်းနည်းတော့ ယုတ္တိမတန်ဘူး။ 


ဒီသင်္ချိုင်းရဲ့ ပိုင်ရှင်က ဒါကိုတမင်သက်သက် လုပ်ထားခဲ့တဲ့ အထူးအစီအစဥ် တစ်ခုပဲလို့တောင် ယောင်ဝါးဝါး ခံစားလာရသည်။ အခုတော့ ခန်းမနောက်ဖေးမှာသာ ဆက်ရှာလို့ ရတော့မည်။ မတွေ့ရင်တော့ မိုးနတ်မင်းက သူတို့ကို သေခိုင်းတော့မယ် ထင်ပါရဲ့။ 


ဝူရှဲ ပြောတာကို ကြားတော့ ဖက်တီးက ရယ်ပြီး 


"ဒါကို ငါစဉ်းစားဖူးတယ်... အခန်းကြီးရဲ့ ထောင့်တိုင်းမှာ ရွှေချထားတဲ့ 'ဖူ' ကြေးမှန်တွေ မရှိဘူးလား? မင်းလည်း ရှေးဟောင်းပစ္စည်း စုဆောင်းသူမို့ အဲဒီမှန်ပုံသဏ္ဌာန်ကို မင်းသိလောက်ပါတယ် ဟုတ်တယ်မလား? မှန်ခြေထောက်တွေကို ချွတ်လိုက်ရင်ရော အဲဒါက အရမ်းလေးရင် သံတူလိုမျိုး သေချာပေါက် သုံးလို့ရနိုင်​လောက်တယ်"


ဒီနာမည်ကို ကြားလိုက်ရတော့ အရမ်း ရင်းနှီးသွားသလိုတောင် ခံစားလိုက်ရသည်။ သူပြောတုန်းကတော့ ဒီလိုမျိုး တကယ် ကိုင်တွယ်ခဲ့ဖူးတာကို သတိရမိပေမယ့် ဘယ်လို ပုံစံလဲဆိုတာ အတိအကျ မမှတ်မိတော့ဘူး။ သူသည် အဓိပ္ပာယ်မဲ့ ပြောနေပုံ မပေါ်တော့ဘဲ ခပ်တည်တည်ပင်။ ဝူရှဲလည်း စိတ်သက်သာရာ ရသွားရာ မထိန်းနိုင်ဘဲ ဆက်ပြောလိုက်သည်။


"ကောင်းပြီ ဒီကိစ္စကို ဆုံးဖြတ်ကြရအောင်.... နောက်ကျလို့တော့ မဖြစ်ဘူး ငါတို့ချက်ချင်း လှုပ်ရှားရမယ် ဒါပေမဲ့ ငါတို့ အဲဒီနေရာကို ရောက်ပြီးရင်တော့ မင်း ဘာမှ မထိနဲ့... လုံးဝ လုံးဝပဲနော်... ဒီနေရာက အဖွဲ့အစည်း ယန္တရားတွေနဲ့ ပြည့်နေတာ... ငါတို့နောက်ထပ် သွားရမယ့် အချိန်တွေက အရှည်ကြီး ရှိနေသေးတယ်.... ဒါကြောင့် လူသေတစ်​ယောက်ရဲ့ ပစ္စည်းအတွက်နဲ့တော့ ကိုယ့်အသက်ကို လွှဲပြောင်းပေးလိုက်လို့ မဖြစ်ဘူး !"


အုတ်ခဲမှလွဲ၍ ဘာကိုမှ မထိရဘူးဟု ဆိုသံကို ဖက်တီးဖြစ်သူက ခေါင်းညိတ်ပြသည်။ တောက်ပနေသော ညလင်းပုလဲများဆီ အာရုံရောက်နေမှာ စိုးရိမ်သောကြောင့် အကြိမ်ပေါင်းများစွာ အလေးပေး ပြောသော်လည်း သူ့လုပ်နေတာကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟုသာ ပြောလာခဲ့သည်။ 


ဤနေရာရဲ့ သီးခြား ဖွဲ့စည်းပုံအကြောင်း သူတို့ကို ရှင်းရှင်းလင်းလင်း မေးပြီး ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေနဲ့ လိုအပ်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ အကြောင်း သူတို့ကို ပြောပြလိုက်သည်။ ပြီးတော့ သူတို့ သုံးယောက် အစီအစဉ်အတိုင်း ​​ကောင်းကင်တံခါးကို အရင်ရှာခဲ့သည်။ ဖက်တီးက အရှေ့မှသွားကာ နောက်ကျောမှာ မျက်နှာသေက လိုက်ပြီး ဝူရှဲကတော့ အလယ်မှာ ညှပ်လျက် ကျဉ်းမြောင်းတဲ့ ကောင်းကင်လမ်းထဲကို တည့်တည့် လျှောက်ဝင်သွားကြ၏။ 


မျက်နှာသေရဲ့ ဇာတ်ကြောင်း ပြောပြချက်ထဲမှာ ကြားသိခဲ့ရပေမယ့် ကိုယ်တိုင် ဝင်ကြည့်တဲ့အခါမှာတော့ မတူညီတဲ့ ခံစားချက်တစ်ခု ရှိခဲ့လာခဲ့သည်။ အစပိုင်းမှာတော့ မခံစားခဲ့ရပေမယ့် တဖြည်းဖြည်း လမ်းလျှောက်တဲ့ အခါမှာတော့ အနည်းငယ် ကျဉ်းသွားတယ်လို့ ခံစားလာရတော့သည်။ ရှီးထန် ကျာရှင်မှာရှိတဲ့ လမ်းသွယ်ထဲ ဝင်နေရသလိုပဲ။ 


ဒါပေမဲ့ ခဏလောက် လမ်းလျှောက်ပြီးနောက် ရှေ့ရော နောက်ရော မှုန်ဝါးလာပြီး ထိတ်လန့်လာသည်။ ဝူရှဲမှာ အလယ်မှ လမ်းလျှောက်နေကာ အမှောင်ကို မကြောက်ပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်း​နေသည်။ သူတို့အားလုံးရဲ့ ဖိနပ်သံတွေဟာ ရှည်လျား ကျဉ်းမြောင်းတဲ့ စင်္ကြံမှာ တဖျပ်ဖျပ် ခတ်သံတွေကို ထုတ်လွှတ်နေ၏။ သူ့နောက်မှာ သားရဲတစ်ကောင် ရှိနေသလိုမျိုး အရမ်း ထူးဆန်းနေတဲ့ ခံစားချက်မျိုးကို ပေးနေသည်။ ဒီလမ်းက ကျဉ်းကျဉ်းလေးမို့ လမ်းလျှောက်ရတာ အဆင်မပြေလို့ ညည်းညူရင်း ဖက်တီးက ပြောလေ၏။


“ဒီကျောက်တုံးလမ်းက အဆင်ကို မပြေဘူး... ဘယ်သူကများ ငါတို့လို ဖက်တီးတွေကို ခွဲခြားဆက်ဆံဖို့ ဆောက်ထားခဲ့တာများလား မသိဘူး...ဘာလို့ ဒီလောက် စိတ်ပျက်စရာ ကောင်းနေတာလဲ ဟမ် ကောင်းကင်ဘုံကို သွားတဲ့ လမ်းက ဒီအတိုင်းသာဆိုရင် မီလော်ဘုရား အပြင်ပြန်ထွက်စရာတောင် မလို​လောက်တော့ဘူး ” 


(မီလော် ဆိုတာ အသွေး အသံထွက်ပဲ ယူထားတာပါ အောက်မှာ ပုံထည့်ပေးထားတယ်နော်)


သို့နှင့် ဝူရှဲလည်း 


"မင်းဒီလိုပြောလို့ မရဘူး... သူ့မှာ ဒီပုံစံ ဒီဇိုင်းဆွဲထားတာ အကြောင်းပြချက် ရှိရမယ်... ဒါက သင်္ဘောထဲမှာ မြှုပ်နှံထားတာ သင်္ဘောဘယ်လောက်ပဲ ကြီးနေပါစေ ကန့်သတ်ချက်တော့ ရှိမှာ... နောက်ပြီး သူ့ရဲ့ ကောင်းကင်နန်း​တော်ကို မီးမောင်း ထိုးပြဖို့အတွက် လုပ်ခဲ့တာလို့ ငါထင်တာပဲ.... တခြားနေရာတွေကိုလည်း နေရာ ချွေတာရမယ်လေ အစဉ်အလာအရ ဂူဖောက်တဲ့ လူတွေက အမြဲတမ်း အရပ်ပုပုနဲ့ ပိန်​ကြတယ်... ဝတဲ့သူက ဒီလိုလုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ?”


ဒီစကားကြားတော့ ဖက်တီးက တော်တော် ဂုဏ်ယူသွားပြီး 


“သိပ်မှန်တယ်! ရွှေတံငါကျောင်းကို ရောက်တဲ့အခါ ခေတ်အဆက်ဆက် တခြားအရာတွေကလွဲလို့ မင်း ဖက်တီးငါက ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ နံပါတ်တစ်ပဲ... ဒါပေမဲ့ ဝတာက ဝတာပဲ ငါ့ရဲ့ အရည်အချင်းကို လုံးဝမထိခိုက်ဘူး ဟုတ်တယ်ဟုတ်... အဲဒါကို ခေါ်....အိုက်ယိုး!”


ဖက်တီးက ဒီလိုပြောလိုက်ပြီး ရုတ်တရက် လမ်းမလျှောက်နိုင်တော့ဘဲ သူ့ကိုယ်သူ သတိထားမိလာသည်။ ဝူရှဲ လှမ်းကြည့်လိုက်တော့ သူ့ပုခုံး နှစ်ဖက်စလုံးက ကျောက်နံရံတွေနဲ့ ဖိမိသွားပြီး လမ်းဘေးမှာ ပိတ်မိနေတာကြောင့် သွားလို့မရတော့ချေ။ ဝူရှဲ ရယ်မောလိုက်ကာ။


“မင်းကို ကြွားလုံးထုတ်ဖို့ ပြောခဲ့တဲ့အတွက် ငါမျက်နှာကိုပဲ ပါးရိုက်လိုက်ချင်တော့တယ်” 


ဖက်တီးက ရှေ့ကို တိုးသွားချင်ပေမယ့် ဘယ်လိုမှ ဖြတ်မကျော်နိုင်တော့ဘဲ ဖြစ်နေသည်။


"ဝူရှဲ... မရယ်သေးနဲ့ဦး မဟုတ်​သေးဘူး ငါ အခုနတုန်းက ချောချောမွေ့မွေ့ လမ်းလျှောက်နေတာလေ... ဘာလို့ ကပ်သွားတာလဲ"


ဝူရှဲလည်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း


"ကျောက်လမ်းက အလျားနဲ့ အနံက မတူတာဖြစ်မယ်.. မင်းစဝင်တုန်းက နည်းနည်း ကျယ်နေပေမယ့် အခု တဖြည်းဖြည်း ကျဉ်းလာပြီ... နောက်ပြန်လှည့်ပြီး ခြေလှမ်းနည်းနည်း လှမ်းကြည့်ပါလား"


ဖက်တီးက သူ့တင်ပါးကြီးများကို လိမ်ပြီး ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားကာ 


"မဟုတ်ဘူး မဟုတ်ဘူး... အဲဒါ အကြောင်းပြချက်တော့ မဟုတ်ဘူး... ဒီလမ်းက အရင်ကထက် သိသိသာသာ ကျဉ်းလာတယ်... ဒီနံရံက တစ်ခုခုမှားနေပြီ ထင်တယ်... ရှောင်ဝူ ကြည့်ရတာ တစ်ခုခု မကောင်း​တော့မှာကို ကြောက်ရတယ်နော်"


ဒီနံရံတွေကို ဂရုမစိုက်ဘဲ ရှေ့ကို လျှောက်လာရင်း ခေါင်းကို ငုံ့ထားလိုက်ချိန် ဖက်တီးပြောတာကို ကြားလိုက်ရတော့ နံရံက တကယ်ကြီး နည်းနည်း ကျဉ်းသွားတယ်လို့ ခံစားလာရတော့သည်။ ဝူရှဲ နံရံကို ဘယ်ညာလက်နဲ့ ထောက်​​ကြည့်လိုက်ပြီး ရုတ်တရက် ထူးထူးဆန်းဆန်း ခံစားမှုတစ်ခုက သူ့နှလုံးသားထဲ လှိုက်ဝင်လာ၏။ 


မျက်နှာသေက နံရံကိုထိရင်း ခေါင်းညိတ်လိုက်သည်။


"ဒါက တစ်ခုခု ပြောင်းလဲသွားပုံပဲ... အချိန်မရှိဘူး အရင် ထွက်သွားပြီး အစီအစဉ်တွေ ထပ်လုပ်ရအောင်!"


ဒါကိုကြားတော့ ဝူရှဲလည်း ဟာသသက်သက် မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် တွေးမိလာသည်။ ဒီနံရံကပ်ပြား နှစ်ချပ်ကြားမှာ ဖိကပ် ခံလိုက်ရရင် ပန်ကိတ်သုံးလုံး ဖြစ်သွားမှာမို့ လှည့်ပြီး ပြေးထွက်သွား​တော့သည်။ ဖက်တီးလည်း မြန်မြန် လှည့်ပြီး ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ဝူရှဲနဲ့ မျက်နှာသေတို့ နှစ်ယောက် ထွက်ပြေးသွားတာကို တွေ့လိုက်ရရာ သူက စိုးရိမ်တကြီးနဲ့ 


"ငါ့ကိုစောင့်ဦး ငါ့ကိုစောင့်ဦးဟ... ကိုယ့်ကိုကိုယ်ပဲ အဲ့လောက် အားပေးမနေနဲ့"


ဝူရှဲလည်း အရင်က ဒီလောက်မြန်မြန် မပြေးဖူးပါဘူး။ အရှေ့ကို ပစ်လဲလုမတတ် ပြေးလိုက်တာ ခွန်အားတွေ အကုန်နီးပါး ကုန်သွားတော့မလိုပဲ။ ထွက်ပေါက်နားကို ပြေးလိုက်တဲ့အခါ နံရံနှစ်ခုက ပိုနီးကပ်လာပြီး တစ်ဖက်ကို အသည်းအသန် ဖြတ်သွားရတော့သည်။ ပိုဆိုးတာက ကဏန်းတစ်ကောင်လို နီးနီးနားနား လမ်းလျှောက်နေရတာပဲ။ မျက်နှာသေက လျှို့ဝှက်တံခါးကို ဖွင့်ရန် လက်ဆွဲပြီး နှစ်ကြိမ်ခန့် ဖွင့်ပြီးနောက် ရုတ်တရက် ကျိန်ဆဲလိုက်ကာ ဝူရှဲဘက်သို့ လှည့်လာခဲ့သည်။ 


"တစ်ယောက်ယောက်က တံခါးအပြင်ဘက်က ရိုးတံကို ကပ်ထားလိုက်ပြီ!"


ဒီစကားကြားတော့ ဆူဖြိုးသူမျက်နှာက စိမ်းစိမ်းစိုစိုနဲ့ 


"ဒီငမိုက်သား ကောင်းကင်တံခါးတော့.. အခုတော့ ပြီးသွားပြီ... မင်းတို့တွေ အမြန်စဉ်းစားကြပါဦး မဟုတ်ရင် ငါတို့ညီအစ်ကိုတွေ ဒီနေ့ သူတို့ရာထူးကို ပြန်ယူရလိမ့်မယ်!"


ကျောက်တံတိုင်းကြီး တဖြည်းဖြည်း ကျော်လာတာကို မြင်လိုက်ရတော့ ဝူရှဲစိတ်တွေ အရမ်း လှိုင်းထသွားသည်။ ဒါကြီး စိတ်မသက်မသာ ဖြစ်ပြီး သေသွားရတာထက်တောင် ပိုဆိုးသွားလောက်သည်။ ဒါပေမဲ့ အခုချက်ချင်းက ဘာထလုပ်နိုင်မှာလဲ? မသေမျိုးတွေပဲ အဲဒါကို လုပ်နိုင်လောက်တယ်လေ။


"မင်း ဘာလုပ်နိုင်မှာလဲ? ရှေ့ကို ပြေးမလား မင်း မြန်မြန်ပြေးရင် အခွင့်အလမ်း ရှိလာလိမ့်မယ်!"


မျက်နှာသေက ဝူရှဲကို ဖမ်းဆွဲပြီး ခေါင်းယမ်းပြလိုက်သည်။


"အနည်းဆုံး ဆယ်မိနစ်လောက်တော့ ကြာလိမ့်မယ်... အရမ်းနောက်ကျသွားပြီ အပေါ် တက်ကြည့်ရအောင်!" 


ပြောပြီး နံရံနှစ်ဖက်ကို ခြေနှစ်ဖက်ပေါ် တင်ပြီး အပေါ်ကို တက်ကြည့်လိုက်သည်။ ဝူရှဲ အပေါ်ကို မော့ကြည့်လိုက်တော့ အမှောင်ကိုပဲ မြင်ရပြီး ပိုကျယ်လာတဲ့ အရိပ်အယောင်တောင် မတွေ့ရချေ။ အဲဒီတောင်တက်ရတာ ဘာအသုံးဝင်မှန်း မသိပေမယ့် အခုဒီမှာသေဖို့ စောင့်နေတာထက် ပိုကောင်းတယ်မလား။ ဝူရှဲ ဖက်တီးကိုပါ အတူတူ တက်ဖို့ ဖိတ်ခေါ်လိုက်သည်။


လူသွားလမ်းက ကျဉ်းလာပြီး ဖြစ်သော်လဘ်း တောင်တက်ရတာကတော့ လွယ်ပါ၏။ တက်သွားတာ ဆယ်မီတာ ကျော်ကျော်ကို မိနစ်အနည်းငယ် ကြာအောင် တက်ခဲ့ရသည်။ ထိုကြားထဲမှ ဖက်တီးဟာ စကားမပြောဘဲ မနေနိုင်စွာ ပြောလာခဲ့သေးသည်။ 


"အဲဒီအစ်ကိုလေး ဦးနှောက်က ထက်မြက်ချက်... အခုတော့ ပိုကောင်းသွားတာပေါ့ ငါတို့ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ အဲဒီအသွေးအသားတွေ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတဲ့ နာကျင်မှုကို ရှောင်ရှားဖို့တော့ လုပ်နိုင်သွားတာပေါ့"


ဖက်တီး တကယ်ကြီး အသစ်အဆန်းတွေ ထွင်ချင်နေတာလား ဆိုတာတော့ မပြောနိုင်ပေမယ့် အမဲသားလို အညှပ်ခံပြီး သေသွားရမှာက ဝူရှဲကို အတော်လေး ခေါင်းကြိမ်းစေသည်။ ဒါက သာယာတဲ့ ​သေနည်းတော့ မဟုတ်ဘူး​လေ။ ကိုယ့်ဦးခေါင်းခွံ ကွဲအက်သံကို မကြားဖူး​သေးလို့ ဖြစ်လိမ့်မည်။ သူကတော့ အညှပ်ခံပြီး သေရတာထက် ပြုတ်ကျပြီးသာ သေလိုက်ချင်သည်။


ဒီအချိန်မှာ မျက်နှာသေက ပြောလာ၏။ 


“အဲဒါတွေကို လျှောက်မစဉ်းစားနဲ့... ငါတို့မှာ အချိန်ရှိသေးတယ် ခေါင်းတလားအောက်က အပေါက်ကို မှတ်မိသေးလား?"


“ သေချာတာပေါ့ မှတ်မိတယ်... ဒါပေမဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲ?” 


ဖက်တီးက ပြောပြီးတာနဲ့ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသလိုဖြင့် ဆက်ပြောလိုက်၏။


“နားလည်ပြီ... မင်းဆိုလိုတာက စိတ်ဓာတ်ကို ဘယ်တော့မှ အရှုံးမပေးဖို့ သူ့ဆီကနေ သင်ယူရမှာလား? နောက်ဆုံး အခိုက်အတန့်အထိ အလျှော့မပေးဖို့ ဟုတ်တယ်မလား? "


မျက်နှာသေက


"မဟုတ်ဘူး...ဒီကမ္ဘာပေါ်မှာ ဂူဖောက်သူတွေအတွက် မြေအောက်နန်းတော်ကနေ မထွက်ခွာနိုင်ဘူး ဆိုတဲ့ နိယာမ မရှိဘူး... အဲဒီအစား ဂူဖောက်တဲ့ လူတွေက မြေအောက်နန်းတော်ရဲ့ နံရံတွေမှာ အပေါက်တွေကို တူးဖော်ခဲ့ကြမှာပဲ.. ဒါက အကြောင်းပြချက် တစ်ခုပဲ ရှိသေးတယ်.. လွတ်မြောက်ဖို့ မြေအောက်နန်းတော်ရဲ့ နံရံမှာ အပေါက်တူးဖို့ ဘယ်လို အခက်အခဲတွေ ရှိလဲဆိုတာလည်း ထည့်စဥ်းစားရမယ်"


ဝူရှဲလည်း အဲဒါကို ကြားပြီးချင်း နားလည်လိုက်တာနဲ့ 


“အဲဒီတွင်းတူးတဲ့သူတွေက ကျွန်​တော်တို့လို အခြေအနေမျိုး ရောက်ခဲ့လို့ ဒီတွင်းကို တူးခိုင်းခဲ့တယ်လို့ ခင်ဗျား ပြောနေတာလား?"


မျက်နှာသေရဲ့ လျင်မြန်သော တွေးခေါ်မှုကို ဝူရှဲ လေးစားမိပြီး သူအ​ပေါ်တက်ချင်တဲ့ အကြောင်းရင်းကိုလည်း သိသွားသည်။ ကြမ်းပြင်နှင့် နံရံနှစ်ခုလုံးကို စိမ်းပြာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ဖောက်ခွဲရေး ပစ္စည်းများ မရှိလျှင် အပေါက်ဖောက်ရန် နည်းလမ်း မရှိနိုင်ချေ။ တစ်ခုတည်းသော လုပ်နိုင်တဲ့ နေရာက မျက်နှာကျက်ကို လှမ်းမမြင်ရတဲ့ နေရာမှာပါပဲ။


စကားပြောနေရင်းနဲ့ အပေါ်ထပ်ကို တက်သွားတော့ အပေါ်ထပ်မှာ စိမ်းပြာရောင် အုတ်ခဲအလွှာတွေကို ခေါက်လိုက်မိရာ ဝူရှဲ အရမ်းဝမ်းသာသွားသည်။ တက်သွားဖို့ ကောင်းကောင်းကြီး မျှော်လင့်ထားခဲ့တာတော့ မမှားသွားဘူးပဲ။ ဒီလိုအုတ်တွေကို ဖိပြီး ဖြတ်လို့ရတယ်​လေ။ မှန်ကန်တဲ့ကိရိယာတွေ ရှိရင် အပေါက် လုပ်လို့ရလောက်၏။


ဒါပေမယ့် ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အမှောင်ထုက လွဲလို့ ဘာအပေါက်မှ မမြင်ရချေ။ သို့နှင့် ဖက်တီးလည်း 


"အိုး အစ်ကိုလေး... မင်းပြောကြည့် ဒီကျောက်လမ်းက ဒီလောက်ရှည်တာ စင်္ကြံရဲ့ တစ်ဖက်စွန်းမှာ ဝင်ပေါက်လုပ်ရင် ဘယ်လိုလုပ်​ကြမလဲ?"

 

“ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာသူတိုင်း ထွက်ပေါက်ကို အရင်ပြေးပြီး ထွက်ပေါက်တံခါး ပိတ်မိနေတာကို တွေ့ရင် ဂူသင်္ချိုင်းရဲ့ နံရံအပေါက်ထဲကို ဖောက်ထွင်းဝင်ရောက်ဖို့ နောက်ဆုံး နည်းလမ်းကို အသုံးပြုကြလိမ့်မယ်... အပေါက်က ဒီမှာပဲ ရှိရမယ်.. တကယ်လို့ သူတို့ဖောက်ထားတာက တခြား တစ်ဖက်မှာဆိုရင် ငါတို့လည်း အရှုံးကို ဝန်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး” 


မျက်နှာသေက ဒီစကားကို သက်တောင့်သက်သာပဲ ပြောသွားသည်။ ဒီတစ်ခါမှာတော့ ဝူရှဲနဲ့ ဖက်တီးတို့ရဲ့ အခြေအနေဟာ ခေါင်းငိုက်ကျနေပါ၏။ ကံကောင်း ထောက်မစွာပဲ ခန္ဓာကိုယ်ရဲ့ ရှေ့ရောနောက်မှာပါ လက်သီးဆုပ်ထားနိုင်တဲ့ ကျောက်ဘုတွေ ရှိနေပါသေးသည်။ ဖက်တီးကတော့ သူနဲ့ဝင်ဆံ့တဲ့ ကန့်သတ်ချက် ပြည့်လုနီးပါး ဖြစ်နေပါပြီ။ 


ဒီကွာဟချက်က သူ့ကို ဖိအားတွေ အများကြီး ပေးတယ်ဆိုတာ ဝူရှဲ မြင်နေရသည်။ အဆီတွေရဲ့ အချိုးက အရမ်းမြင့်နေသေးတယ်လို့ပဲ နှစ်သိမ့်ပေးလိုက်သည်။ နံရံက အရိုးတွေကို မထိသရွေ့တော့ ပြဿနာ မရှိပါဘူးလို့ ပြောလိုက်တောင် သူ့မျက်နှာက ပြာသွားကာ လက်ကို ဝှေ့ယမ်းပြီး ပေါက်ကရတွေ ရပ်လိုက်ဖို့ ပြန်ပြောလေ၏။


အပြင်ကနေ စပြီး ဆယ်မီတာ ကျော်ကျော်တက်ပေမယ့် ဘာမှမတွေ့ရ​သေးချေ။ တကယ်တော့ ဘေးတိုက် တက်ရတာထက် အမြင့်ကို တက်ရတာက စွမ်းအင် ပိုသုံးရသည်။ ခြေထောက်တွေ အားနည်းလာပြီး အကြိမ်ပေါင်းများစွာ ချော်လဲလုနီးပါး ဖြစ်သွား၏။ ဟိုဘက်ဒီဘက် နံရံကို နည်းနည်း ထပ်ပိတ်လာရင် ဒူးတွေ ကွေးလို့ မရလောက်တော့ဘူး။


ခြေလက်တွေ ရွေ့ဖို့ ပိုခက်လာတာက တွေးကြည့်ရုံနဲ့ အတော်လေး ခံရခက်သည်။ သူရှေ့မှာက မည်းမှောင်နေပြီ။ မျက်နှာသေ ပြောတဲ့အတိုင်း အပေါက်က စင်္ကြံလမ်းရဲ့ တစ်ဖက်မှာသာ ဆိုလျှင် သေခြင်းတရားကို ဘယ်လို ရင်ဆိုင်ရမလဲတောင် မသိတော့ချေ။ 


ဒါကိုသာ ​ကြိုသိခဲ့ရင် ပင်လယ်မျောက်ဆီက ကိုက်ခံရတာကမှ ပိုလွယ်လိမ့်ဦးမည်။ လူတွေက ဖုတ်ကောင်တွေ ဘယ်လောက်တောင် ကြောက်စရာကောင်းတယ် ဆိုတာကို ပြောလေ့ရှိသည်။ အခုတော့ ဒီမှာ အရှင်လတ်လတ် ကြိတ်ခံရတာထက် ဖုတ်ကောင် တစ်ဒါဇင်လောက်နဲ့ ကြုံရတာက ပိုအဆင်ချောမယ်လို့တောင် တွေးထင်လာပြီ။


အဲဒီအချိန်မှာတော့ အရှေ့က မျက်နှာသေဟာ သူ့လက်နှိပ်ဓာတ်မီးကို ရုတ်တရက် လင်းလာပြီး ကျော်တက်ဖို့ လှုံ့ဆော်ပေးလာသည်။ ဝူရှဲနဲ့ ဖက်တီးလည်း နောက်ဆုံးတော့ တွေ့ပြီထင်တယ် ဝမ်းသာအားရနဲ့ သူ့နံဘေးကို အမြန် သွားကြည့်လိုက်တော့ အံ့အားသင့်သွားကြသည်။ သူ့ခေါင်းပေါ်ရှိ အစိမ်းရောင် အုတ်ပေါ်တွင် သွေးစာတန်းတစ်ခု ရေးထားသည်။


"ဝူစန်းရှန်... ငါ့ကို ဒုက္ခပေးခဲ့တယ်... မတရားစွာ သေဖို့ကလွဲလို့ ရွေးစရာ မရှိတော့ဘူး... ကောင်းကင်နဲ့ မြေကြီးက သတ်သေပဲ... ရှဲ့လျန်ဟွမ်"


အဲဒါကို ဖတ်ပြီးချိန်မှာတော့ သိုင်းစာစဥ် ဝတ္ထုမဟုတ်ဘူးလို့ ချက်ချင်း သိလိုက်ကာ ဝူရှဲခမျာ ထိတ်လန့်သွားတော့သည်။


"ဒါက ဘာကိုဆိုလိုတာလဲ? ဒီလူက ဘယ်သူလဲ? ဦးလေးသုံးက သူ့ကို ထိခိုက်စေခဲ့တယ်လို့ ဘာလို့ ပြောတာလဲ?"


ထိုအခါ မျက်နှာသေက


"ဒီရှဲ့လျန်ဟွမ်က ရှေးဟောင်းသုတေသန အဖွဲ့ရဲ့ အဖွဲ့ဝင်... သူက မြွေမျက်ခုံးငါးကြေးရုပ်ကို လက်ထဲမှာ ကိုင်ထားပြီး သန္တာကျောက်တန်းမှာ သေဆုံးသွားခဲ့တဲ့ သူပဲ" 


ဝူရှဲ အာကနဲ ဖြစ်သွားသည်။ သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေပြန်ပြီ။ အဲဒီအချိန်မှာပဲ မျက်နှာသေက သူ့ကို တွန်းပြီး ပြောလာခဲ့၏။


"သူဒီမှာ စာတစ်စောင် ထားခဲ့ပြီး ဒီထဲမှာ မသေခဲ့ဘူး...ဆိုလိုတာက ဒီနားမှာ ပိတ်မိနေခဲ့တယ် ဓားပြလိုဏ်ဂူကလည်း အနီးနားမှာပဲ ရှိနေရမယ်....ငါတို့အခု သူ ဘာကိုဆိုလိုတာလဲ ဆိုတာ စဉ်းစားဖို့ အချိန် မရှိ​သေးဘူး... မြန်မြန် သွားကြရအောင်"


သို့နှင့် ခြေလှမ်း အနည်းငယ် ဆက်တက်လာပေမယ့် ခေါင်းထဲမှာတော့ တွေးတောနေသည်။ ရှဲ့လျန်ဟွမ် ဒီနာမည်ကို ဘာလို့ ဒီလောက် ရင်းနှီးနေတာလဲလို့ တွေးနေတုန်း ရုတ်တရတ် သူ့​အဖိုး ပြောခဲ့ဖူးလို့ ကြားဖူးသလို ရှိတာကို သတိရသွား၏။