(36)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (36)

ဒုက္ခမှ လွတ်မြောက်ပြီ



ထိုအကြောင်းကို သတိရလိုက်တာနဲ့ ရှဲ့လျန်ဟွမ်က ဘယ်သူလဲ ဆိုတာ ချက်ချင်း မှတ်မိသွားသည်။ ရှဲ့မိသားစုနဲ့ ဝူမိသားစုက အဆက်အသွယ်တွေ ရှိကြသည်။ ဝမ်းကွဲတွေကြားက ဆက်ဆံရေးလို့လည်း ပြောနိုင်သည်။ ကွာခြားချက်က ဒီမျိုးဆက်မှာ ဆိုရိုးစကားအတိုင်း လက်ပတ်နာရီ မိုင်သုံးထောင် ပြေးပြီးမှ ဝူရှဲတို့မျိုးဆက် ဖြစ်လာခဲ့လို့ ဝူရှဲ သူတို့နဲ့ သိပ်မရင်းနှီးပေမယ့် သူတို့ဟာ ဂူဖောက်လောကမှာ တိုက်ပွဲသမိုင်းရှည်တဲ့ မိသားစုတစ်ခုလည်း ဖြစ်ပါသည်။ 


ရှဲ့လျန်ဟွမ်ဟာ သူ့ရဲ့ဦးလေးသုံးနဲ့ အတော်လေးရင်းနှီးတဲ့ ဒုတိယမျိုးဆက် ဘိုးဘွားတစ်ဦး ဖြစ်ပုံရသည်။ ကြားဖူးတာ အကြိမ် အနည်းငယ် များပေမယ့် အဘိုးက ဦးလေးသုံးကို အပြစ်တင် ဆူပူတဲ့အခါ ရှဲ့မိသားစုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏ ထည့်ပြောခဲ့ပြီး ဦးလေးသုံးကြောင့် ဝူမိသားစုဟာ ဒီဘဝမှာ ရှဲ့မိသားစုရှေ့မှာ ဘယ်တော့မှ ခေါင်းမထောင်နိုင်​တော့ဘူးလို့လည်း ပြောခဲ့ဖူးသည်။ ဒီကလေးရှဲ့လျန်ဟွမ် ဦးလေးသုံးနဲ့ အတူ တစ်ခုခု ဖြစ်သွားတာကြောင့် နှမြောမိတယ်လို့လည်း ပြောဖူးသလိုပင်။ 


အခုစဉ်းစားကြည့်တော့ ရှဲ့လျန်ဟွမ်က အဲဒီလို သေသွားခဲ့တယ် ဆိုတာ သိလိုက်ရ၏။ အဘိုးက သူ့ကို ဦးလေးသုံးနဲ့ တွဲမနေဖို့ ပြောခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။ လတ်စသတ်တော့ ဦးလေးသုံးက အဲဒီကတည်းက ဂူဖောက်နေခဲ့တာကိုး။ 


ဖက်တီးက သူ့အား အနောက်ကနေ တွန်းထုတ်လိုက်တာကြောင့် ဆက်မတွေးနိုင်တော့ဘဲ သွားတွေကို အံကြိတ်ကာ ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ အုတ်နံရံရဲ့ ထိပ်ပေါ်မှာ မှောင်မဲနေတဲ့ အပေါက်ကြီး ပေါ်လာ၏။ ဖက်တီးက ဝမ်းသာအားရ အော်လိုက်သည်။ အခုအချိန်မှာ သူ့ရဲ့ အရှေ့နဲ့ အနောက်ဟာ ကျောက်နံရံတွေကြောင့် ပွန်းပဲ့ကုန်ရာ အနီရောင်များဖြင့် စွန်းထင်းနေခဲ့သည်။ 


ဝူရှဲလည်း သူ့ထက်တော့ ပိုကောင်းနေတာ မဟုတ်ချေ။ သူ့ခြေထောက်တွေ အတော်လေး အားနည်းနေပြီ။ ဒါပေမဲ့ အခု အလျင်စလို ဖြစ်နေလို့ ဂရုစိုက်ချိန်မရ။ အဲဒီအခိုက်မှာ မျက်နှာသေက အရင်တက်သွားပြီး အထဲကို ဝင်သွားသည်။ သူခိုးအပေါက်ရဲ့ နံရံနှစ်ခုကို သန်မာအောင် ကန်ထုတ်လိုက်ပြီး သူက ဝူရှဲကို ဆွဲတင်လိုက်သည်။


ဖက်တီးကတော့ နည်းနည်း အလုပ်များသွား၏။ ဝူရှဲ တစ်ယောက်တည်းနဲ့ သူ့ကို မဆွဲထုတ်နိုင်တော့ဘဲ ပြင်းထန်စွာ အော်ငေါက်ပြီး အစွမ်းကုန် ဆွဲထုတ်လိုက်ကာ သူ့နောက်ကျောပေါ်ရှိ အရေပြား အပိုင်းကြီးတစ်ခုဟာ သူ မရုန်းထွက်မီမှာပင် စုတ်ပြဲသွားခဲ့​လေသည်။


သူတို့ မတ်တပ်တရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်ချိန် ကြောက်လန့်တကြားဖြင့် မထိန်းနိုင်အောင် တုန်လှုပ်သွားတော့သည်။ နံရံနှစ်ခုကြားက ကျဉ်းမြောင်းတဲ့ ကွာဟချက်ပဲ ရှိတော့သည်။ တကယ်လို့များ မလွတ်မြောက်ရင် အခုဘယ်လို ဖြစ်သွားမလဲ ဆိုတာကို တွေးတောင် မတွေးရဲတော့ဘူး။ အချိန်တန်ရင် လမ်းဆုံးမှာ အမှန်ပဲ။ နောက်မိနစ် အနည်းငယ်ကြာလို့ အပေါက်ကို တွေ့ခဲ့ရင်တောင် အထဲကို ဝင်နိုင်မှာ မဟုတ်​တော့ဘူး။


တစ်ဖက်ကို မျှော်ကြည့်မိတော့ အပေါက်ဟာ အပေါ်ကနေ ဒေါင်လိုက် တူးထားပြီး လူတစ်ယောက်ရဲ့ အမြင့်လောက်သာ ရှိတာကို တွေ့လိုက်ရသည်။ အပေါက်က ချက်ချင်း ထောင့်ပြောင်းသွားပြီး အရှေ့ဖက်ကို ဦးတည်သွားခဲ့တာ တွေ့ရ၏။ အပေါ်က အပေါက် တစ်ခုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်သည်။ အားနည်းလာပြီး အချိန်အကြာကြီး မထိန်းနိုင်တော့တာကြောင့် မျက်နှာသေကို အမြန်တက်ဖို့ တိုက်တွန်းလိုက်ကြသည်။ 


သူတို့ သုံးယောက်က တောင်စောင်း တစ်လျှောက် တက်လာခဲ့ရာ ထပ်မံ အားစိုက်ထုတ်ဖို့ မခံနိုင်တော့ဘဲ ဂူနံရံကို မှီပြီး အသက်ပြင်းပြင်း ရှူနေရလေသည်။ 


အဲဒီအချိန်မှာ အောက်ခြေက ကျောက်နံရံတွေ လုံးလုံး ပိတ်သွားတဲ့ အသံတစ်ခုကို ကြားလိုက်ရတော့ အသက်ပြင်းပြင်းရှူပြီး ခြေသလုံးတွေကို ပွတ်သပ်လိုက်သည်။ ခြေသလုံး ကြွက်သားတွေကို ဖိချလိုက်ကာ စိတ်ကို ပြေလျော့အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။ အခုနတုန်းက စိတ်တွေ အရမ်းပူနေပေမယ့် အခု စိတ်လျှော့လိုက်တာနဲ့ နည်းနည်းမှိန်းပြီး မောပန်းလာသလို ခံစားရသည်။ 


ဖက်တီးမှာ ပြာတွေလို တကိုယ်လုံး ခွေခွေခွေလေး လဲကျသွားပြီး တစ်ဖက်က အသက်ရှူရင်း တစ်ဖက်ကလည်း ပြောနေသည်။ 


"ဒီတခေါက် ငါ့မှာ မှတ်ဉာဏ် ပိုကောင်းလာပြီ... ငါ ပြန်သွားတဲ့အခါ ပေါင်နည်းနည်း ကျသွားအောင် လုပ်ရမယ် မဟုတ်ရင် ငါ့နာမည် "王"ဝမ်ကို ဇောက်ထိုးရေးပစ်လိုက်မယ်!!"


ဒီအုတ်ကျင်း အကြောင်း သူတို့ ပြောနေကြတာကို ဝူရှဲလည်း ကြားလိုက်ရသည်။ တူးထားတဲ့ပုံစံက အတော်လေး ကောင်းပါ၏။ ဒီရှဲ့လျန်ဟွမ်ဟာ သာမန်ဘာမှ မလုပ်တတ်တဲ့လူတော့ မဟုတ်ဘူးပဲ။ အပေါက်တခုလုံးကို ဝူရှဲ ဓါတ်ပုံအနည်းငယ် ရိုက်လိုက်သည်။ အပေါက်ကို ကြည့်လိုက်လျှင် အပေါ်ဘက်ကို ကွန့်ကွေးနေတာ တွေ့၏။


ဗိသုကာပညာအရ ဆိုရလျှင် ဤနည်းလမ်းသည် သေးငယ်သော ပြိုကျမှု ဖြစ်သွားလျှင်ပင် အန္တရာယ် ကြီးကြီးမားမား ဖြစ်စေမည် မဟုတ်ပေ။ စွမ်းအင်ချွေတာရန် အတွက် ဖြောင့်ဖြောင့်တန်းတန်း တက်သွားပါက အပေါ်မှ အုတ်များအားလုံး ပြိုကျလာပြီး နောက်ဆုံးရလဒ်မှာ ကားတိုက်ခံလိုက်ရတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မည်။ 


ဖက်တီးက ခဏလောက် အနားယူပြီး မျက်နှာသေကို လှမ်းပြောလိုက်သည်။ 


"ငါပြောပါဦးမယ် အစ်ကိုလေး.. ဒါက ဘာဖြစ်နေတာလဲ? လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဝင်ခဲ့တာ ကောင်းကောင်းမွန်မွန်ပဲကို ဘာလို့ ဒီတစ်ခါတော့ ငါတို့ သေလုနီးပါး ဖြစ်သွားရတာလဲ? မင်းငါတို့ကို လမ်းမှားပြီး ခေါ်လာခဲ့တာလား !"


မျက်နှာသေ ခဏလောက် တွေးပြီး ပြောလာခဲ့သည်။ 


"တစ်စုံတစ်ယောက်က ကျောက်​ပြားထဲက ရှင်သန်းခြင်း တံခါးကို ညွှန်ပြတဲ့ အမှတ်အသားကို မပြောင်းထားဘူးဆိုရင် ဒါက မဖြစ်နိုင်ဘူး.... အခုအခြေအနေက ဘယ်လောက်တောင် အန္တရာယ်များလဲ ဆိုတာ ကြည့်လိုက် ငါထင်တာတော့ ငါတို့ သေခြင်းတံခါးထဲကို ဝင်ခဲ့မိကြတာပဲ”


ဖက်တီးလည်း အံ့ဩသွားပြီး 


"ငါတို့အ သက်ရှင်နေတယ် ဆိုတာ သိသွားပြီး ငါတို့ကို ထပ်ပြီး လုပ်ကြံဖို့ လာခဲ့တဲ့ အဲဒီမိန်းမများ ဖြစ်နိုင်မလား?"


ဝူရှဲ ခေါင်းခါပြလိုက်သည်။ သူမက ရက်စက်တာတော့ ဝန်ခံပါ၏။ သို့သော်လည်း သူမမှာ လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာကတည်းက တည်ရှိလာတဲ့ ရှေးဟောင်း သင်္ချိုင်းယန္တရားကို ပြောင်းလဲနိုင်စွမ်း ရှိမယ် မထင်ပါဘူး။ ဒါက တကယ်ကို ဒေါသထွက်စရာ ကောင်းပေမယ့် ဒီမှာ ပဉ္စမမြောက်လူ မရှိဘူးမလား။ အဲဒါကို တွေးကြည့်ရင်း မကူညီနိုင်ဘဲ သံသယ ဝင်မိတာက ဦးလေးသုံးများ ဖြစ်​နေမလား ဆိုတာပါပဲ။ (ယခင်ကြံစည်မှုကို ပြုလုပ်ပြီးနောက် ဦးလေးသုံးဟာ ဤရှေးဟောင်း ဂူသင်္ချိုင်းတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။)


မျက်နှာသေက ဝူရှဲရဲ့ စိုးရိမ်ပူပန်မှုများကို မြင်ပြီး လက်ဖြင့်ပုတ်ကာ 


"တကယ်တော့ ငါ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေးခေါ်မှုတစ်ခု ရှိတယ်... အရမ်းစိုးရိမ်နေတယ်ဆိုရင် ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပေးနိုင်တယ်"


သူက ဒီကိစ္စမှာ ပါဝင်သူတစ်ယောက် ဖြစ်ပြီး အရေးအကြီးဆုံး အပိုင်းကို ကိုယ်တိုင် ကြုံဖူးခဲ့တယ်လို့ ပြောလို့ရသည်။ သူ ထင်မြင်ချက် တချို့ပေးနိုင်ရင် ဝူရှဲငြင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝူရှဲ ခေါင်းညိတ်ပြီး ဆက်လုပ်ဖို့ တောင်းဆိုလိုက်သည်။ 


"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မင်းဦးလေးသုံးနဲ့ ရှဲ့လျန်ဟွမ်က တစ်ယောက်နဲ့ တစ်ယောက် သိပြီး အရမ်းကောင်းတဲ့ ဆက်ဆံရေးတွေတောင် ရှိခဲ့တယ် ဆိုလို့ရပေမဲ့ သူတို့က ထုတ်မပြခဲ့ဘူး...ငါတို့ပထမဆုံးအကြိမ် ရေအောက်ကို သွားတဲ့ အချိန်တုန့းရ ပင်လယ်အောက် သင်္ချိုင်းကို ပထမဆုံး သူရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်... ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ မပြောခဲ့ဘူး ဝူစန်းရှန်ကိုပဲ ပြောပြခဲ့တာ"


သူတို့နှစ်ယောက်လုံးဟာ ဂူဖောက်လောက မိသားစုတွေက မွေးဖွားလာသူတွေမို့ သဘာဝအတိုင်း ဒီအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ သူများတွေကို ဂရုမစိုက်ဘဲ ဒီရှေးဟောင်းသင်္ချိုင်းထဲကို ခိုးဝင်ဖို့အချိန်ကို ရှာတွေ့ခဲ့သည်။ သို့သော် ၎င်းတို့ ရှေးဟောင်း ဂူသင်္ချိုင်း အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပွားခဲ့ပုံရပြီး ဦးလေးသုံးက ရှဲ့လျန်ဟွမ်ကို သတ်ဖို့ ကြံစည်တဲ့ လူသတ်သမား ဖြစ်လာခဲ့သည်။


တိကျတဲ့ အ​ဖြစ်အပျက်ကို မသိနိုင်ပေမယ့် ရှဲ့လျန်ဟွမ်ဟာ စိတ်ဓာတ် ကျနေချိန်မှာတော့ စင်္ကြံရဲ့ အုတ်မိုးပေါ်မှာ သွေးစာတစ်စောင် ထားခဲ့ပြီး အုတ်အမိုးဟာ အခေါင်းပေါက် ဖြစ်နေကြောင်း ရုတ်တရက် တွေ့ရှိခဲ့ရသည်။ ဒါကြောင့် ဓားပြအပေါက်ဖောက်ပြီး သူ့အသက်ကို ကယ်တင်ခဲ့သည်။


ဝူရှဲလည်း ခေါင်းညိတ်လိုက်ပြီး ဒီအချက်အထိ ခွဲခြမ်းစိတ်ဖြာမှုဟာ အပြစ်ကင်းစင်တယ်လို့ ပြောနိုင်တာကြောင့် သူ့ကို ဆက်ပြောလိုက်သည်။ 


ရှဲ့လျန်ဟွမ်သည် ဤဓားပြပေါက်ကို အသုံးပြု၍ လွတ်မြောက်ရန် အလိုရှိခဲ့သည်။ သူသည် သူ၏ကိုယ်ပိုင် အတွေ့အကြုံကို အားကိုးကာ ရှုံးနိမ့်ပြီးနောက် နောက်ဆုံးတွင် ရှေးဟောင်း ဂူသင်္ချိုင်းတွင်းမှ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် သူက ဝူစန်းရှန်နဲ့ ချက်ချင်း စာရင်းရှင်းဖို့ သွားပေမယ့် အဲဒီအစား တစ်ဖက်ကလည်း သူ့ကိုသတ်ပစ်ခဲ့သည်။ ဝူစန်းရှန်က ရှဲ့လျန်ဟွမ်ရဲ့ အလောင်းကို သန္တာကျောက်တန်း တစ်ခုပေါ်တွင် တင်ခဲ့ပြီးနောက် မတော်တဆ သေဆုံးသွားသကဲ့သို့ ဖုံးကွယ်ထားခဲ့သည်။


သူ့သုံးသပ်ချက်ကို ကြားလိုက်ရတဲ့အခါ ဝူရှဲ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်မိပေမယ့် သူ့ကို ချေပဖို့ အကြောင်းပြချက် ရှာမတွေ့သလိုပဲ။ သူကလည်း ခန့်မှန်းချကိ တစ်ခုလို့ ပြောထားတဲ့အတွက် စိတ်ထဲက ဆုံးဖြတ်ချက်ချပြီး ဆက်နားထောင်နေလိုက်သည်။ 


ထို့နောက် ဝူစန်းရှန်သည် သူတို့အားလုံးကို မုန်တိုင်းရှောင်ရန် ရည်ရွယ်ချက် တစ်ခုခုဖြင့် ပင်လယ်​ရေအောက် ဂူသင်္ချိုင်းတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သူကတော့ အိပ်ချင်ယောင်ဆောင်ကာ ထိုအချိန်တွင် ကျန်းချီလင်သည် ကြွေထည်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီး အားလုံးကို ရေကန်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒါကို ဝူစန်းရှန် အနေနဲ့လည်း မမျှော်လင့်ထားခဲ့တာ ဖြစ်နိုင်သည်။


သူက ကောင်မလေး တစ္ဆေတစ်ကောင်လို ဟန်ဆောင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့တာကြောင့် ကျောက်ပြားရှေ့မှာ မော်ဒယ်လိုလုပ်ရင်း သူတို့ အခန်းထဲ ရောက်လာအောင် မှန်နောက်ကွယ်က လမ်းကြောင်းနဲ့ ဆွဲဆောင်ခဲ့တာ ဖြစ်နိုင်သည်။ 


သတိမေ့မြော သွားပြီးနောက် ဝူစန်းရှန် သူတို့ကို တစ်ခုခု လုပ်ခဲ့လောက်သည်။ အဲဒီ့နောက်ပိုင်း သူတို့ဘယ်လို ထွက်လာခဒ​ြတာလဲ သူများတွေ ဘာဖြစ်သွားလဲ မပြောနိုင်ပေမယ့် တခြားသူတွေလည်း ဝူစန်းရှန်လို မှတ်ဉာဏ်တွေ ပျောက်ကုန်မှာတော့ သေချာသည်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တစ်ယောက်နဲ့ တစ်ယောက် တွေ့ခဲ့တာကြောင့် ပြန်တွေ့တဲ့အခါ ကျန်းချီလင်ဘက်က အနည်းငယ် ရင်းနှီး​နေသလို ခံစားနေရခြင်း ဖြစ်သည်။ ဒါကိုကြားတော့ ဝူရှဲက 


"ဦးလေးသုံးက ဘာလို့ ခင်ဗျားတို့ကို မသတ်ခဲ့တာလဲ? အဲဒါ အကုန်ရှင်းပြလို့ မရဘူးလား?"


"ဒါကို ရှင်းမပြနိုင်ပေမယ့် အဲဒီအချိန်က သူငါတို့ကို သတ်ဖို့ မလိုအပ်ဘူးလို့ ထင်ထားလို့ ဖြစ်မယ်... ဘာကြောင့်လဲ ဆိုတော့ ငါတို့အားလုံးက ဘာမှ မသိထားလို့ပဲ"


တမင်တကာ အစီအစဥ်တွေကို ကြိုတင်ပြင်ဆင်ထားတဲ့ နတ်ဆိုးကြီး ဦးလေးသုံးအဖြစ် သူ့ယူဆချက်က ဝူရှဲကို လုံးဝ လက်မခံနိုင်ချေ။ သူ့အမြင်မှာတော့ ဦးလေးသုံးက အဲဒီလိုလူ မဟုတ်တာတော့ သေချာပါ၏။


ဖက်တီးက ထိုစကားကို ကြားသောအခါတွင် သူကတစ်ခုခုကို နိမိတ်ပုံပေါက်နေဖြင့် ပြောလာခဲ့သည်။ 


"ရှောင်ဝူ ငါ့မှာ ဒီကိစ္စကို ရှင်းပြနိုင်တဲ့ အရာတစ်ခုကို စဥ်းစားမိတယ် ဒါပေမဲ့ မင်းငါပြောတာကို ကြား​ပြီးရင်တော့ ငါ့ကို မရယ်နဲ့နော်"


ဝူရှဲ နားထောင်ကြည့်လိုက်သည်။ အခုက အတွေးအမြင်တွေ ဖော်ထုတ်ဖို့ အချိန်တန်ပြီလေ။ ဖက်တီးမှာလည်း ထက်မြက်တဲ့ ဦးနှောက်ရှိတာကြောင့် သူ တွေးလို့ မရတဲ့ အရာတစ်ခုခုကို စဥ်းစားပြီးသွားလား မပြောတတ်ချေ။ ဒါကြောင့် မြန်မြန် ပြောခိုင်းလိုက်သည်။ သူက လျှို့ဝှက်ဆန်းကြယ် ဟန်ဆောင်ပြီး တိုးတိုးလေး ပြောလေ၏။


"ဒီကိစ္စက တကယ်ကို ရိုးရှင်းတယ်လို့ ထင်တယ်နော်.. မင်းရဲ့ဦးလေးသုံး ဒီနေရာကို ရောက်ပြီးတဲ့ နောက်မှာ တစ်ခုခုကို သွားထိမိပြီး ထောင်ချောက်ထဲ ကျသွားတာ ဖြစ်မယ် အစ်ကိုလေး အစောက ပြောတယ်မလား မင်းရဲ့ဦးလေးသုံးက မိန်းကလေး ဆံပင်ဖြီးနေသလို လုပ်နေတယ်တဲ့... စဉ်းစားကြည့်ပါ ဒါက မင်းတို့ကို ကောင်းကင်တံခါးကို ရှာဖို့ တွန်းအားပေးတဲ့ နည်းလမ်း မဟုတ်ဘူးလား? ဒီကိစ္စကို ဘယ်သူက အသိဆုံးလဲ? သေချာပေါက် ဒီသင်္ချိုင်းထဲက သရဲအိုတစ်ကောင်ပဲ ဖြစ်မယ် မင်းရဲ့ ဦးလေးသုံးက တစ္ဆေသရဲဆီက ထိန်းချုပ်တာကို ခံခဲ့ရတာ ဖြစ်နိုင်တယ်...မင်း အဲဒီဦးလေးသုံးကို တွေ့ရင် ခွေးသွေးအိုးကို လောင်းပြီး အဲဒီသရဲတစ္ဆေကို တွန်းထုတ်လိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ”


သူစကားပြောရင်းနဲ့ ပိုပိုပြီး စိတ်ရှုပ်လာတာကို မြင်လိုက်ရတော့ ဝူရှဲ ဖြတ်ပြောလိုက်သည်။ 


"မင်းရှင်းပြတာက ပိုပိုပြီးတောင် ရှုပ်လာပြီ.. ငါ ဦးလေးသုံးနဲ့ နေလာတာ အနှစ် 20 ကျော်ပြီ သူ့ကို မိန်းမနဲ့တူတယ်လို့ တစ်ခါမှ မခံစားဖူးဘူး"


"အဲဒီတစ္ဆေက မိန်းမ ဖြစ်ရမယ်လို့ ငါမပြောခဲ့ဘူးနော်... ဒီစိတ်ရောဂါကို စစချင်းနဲ့ မတိုက်ခိုက်တဲ့ကာလဆိုပြီး ပိုင်းခြားနိုင်ပါတယ်... မင်းရဲ့ဦးလေးသုံးက တခြားသူတွေရှေ့မှာ သာမန် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နောက်ကွယ်မှာတော့ သူက အမဲရောင်ဝတ်ပြီး ချည်ထိုးနေနိုင်တာပဲ” 


ဖက်တီးက ပြောပြီး သူ့ရဲ့သစ်ခွ လက်ချောင်းတွေကို ရယ်စရာကောင်းစွာ လုပ်ပြလိုက်သည်။ 


“ အရှေ့တောင်မှာ ပန်းထိုးနေသေးတယ်လို့ မင်းထင်နေတာလား? အဓိပ္ပာယ်ကို မရှိဘူး” 


မျက်နှာသေက ဖက်တီးရဲ့ စကားကို နားထောင်ပြီး 


"မဟုတ်ဘူး... သူပြောတာ ဖြစ်နိုင်တယ်လို့ ငါထင်တယ်.... ရှေးဟောင်း ဂူသင်္ချိုင်းတွေမှာ ဒီလိုမျိုးတွေက ဖြစ်ပျက်နိုင်တယ်"


ဖက်တီးမှာ တစ်စုံတစ်ယောက် သဘောတူလာကြောင်းကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး 


"ကြည့်!! ဖက်တီးက ဘယ်တော့မှ အဓိပ္ပာယ် မရှိတာ မပြောဘူး.... ဒါက ရေအောက်ခြေ ဂူသင်္ချိုင်းနဲ့ ပတ်သက်မှု တစ်ခုခုတော့ ရှိလိမ့်မယ်.. ဖုန်းရွှေ ဖုန်းရွှေ... လေသံကြောင့် ရေတက်လာတယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ရေနဲ့တွေ့ရင် ရပ်တန့်နိုင်မယ်တဲ့ ဒါပေမဲ့ ရေတစ္ဆေက ဘာ့ကြောင့် အစားထိုးဖို့ လိုအပ်လဲ မင်းသိလား? သူ့ ရဲ့ဝိညာဉ်က ရေထဲကနေ အပြင်ကို မထွက်နိုင်လို့ပေါ့ ဖုန်းရွှေ အားကောင်းပေမယ့် သင်္ချိုင်းပိုင်ရှင်ကို အဆင်မပြေစေနိုင်ဘူး"


သူပြောတာကို နားထောင်လိုက်ပေမယ့် ဝူရှဲ မယုံနိုင်ဘဲနဲ့ ဆက်ပြောလိုက်သည်။ 


"ဒါမှမဟုတ် ငါတို့ဒီအတိုင်း အရင် မှတ်ထားလိုက်မယ်... တကယ်လို့ ဦးလေးသုံးကို ရှာတွေ့နိုင်ရင် အရင်ဆုံး ထွန်းတောက်တဲ့ ဗုဒ္ဓတံဆိပ်ကို ယူပြီး နဖူးပေါ် တင်လိုက်မယ်... ထိရောက်မှု ရှိမရှိ ကြည့်ကြတာပေါ့"


တစ်ယောက်စီတိုင်းက ကိုယ့်အတွေးတွေကို တင်ပြကြ၏။ အဲဒီအချိန်မှာ အားလုံး ငြိမ်သက်သွားကြသည်။ ဖက်တီးက သူ့လက်ပတ်နာရီကို ကြည့်ပြီး 


"ငါတို့အစည်းအဝေးကို ဒီမှာ မထိုင်ရအောင်... ငါပြောသလိုသာ ဆိုရင် ငါတို့ ဒီမှာ ဗိုက်ဆာ​ပြီး ​သေလိမ့်မယ်... သေသွားရင်တောင် ဝိညာဉ်က မလွတ်မြောက်နိုင်သလို ပြန်လည်း မမွေးဖွားနိုင်တော့တဲ့ အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်"


ဖက်တီးလည်း အဲဒီလိုပြောရင်း သူက ကျောကိုကုတ်ပြီး ဝူရှဲကို ပြောလာခဲ့သည်။ 


"ရှောင်ဝူ... ဒီရှေးဟောင်း ဂူသင်္ချိုင်းထဲကို ဝင်ပြီးတော့ ဘယ်အချိန်က စလာလဲတော့ မသိဘူး... ခန္ဓာကိုယ်က အရမ်း ယားယံလာတာကို မခံစားရဘူးလား?"