(9)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (9)

ကျောက်တုံးလူသား



လမ်းတလျှောက် ထုံကျင်နေတဲ့ အနေအထားမျိုးတွေ ဖြတ်သန်းခဲ့ရတာကြောင့် ဒီအရာက အရှေ့မှာ ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရရင် လူအနည်းငယ်က ချက်ချင်း တုံ့ပြန်နိုင်ဖို့ ခက်လိမ့်မည်။ 


သူနဲ့ လောင်းယန်သည် ၎င်းနှင့်အကွာအဝေးကို ခြားထားရန် နောက်ပြန် ဆုတ်သွားချင်သော်လည်း ခဏလောက်အထိ သူတို့ခြေထောက်များကို မလှုပ်ရှားနိုင်ဘဲ သူတို့နှလုံးခုန်သံများသာ ခံစားရပြီး တစ်ကိုယ်လုံးလည်း အလွန်တောင့်တင်းနေပါ၏။


လောင်းယန်က သူ့ထက် အနည်းငယ် ပိုသတ္တိရှိ၍ အသက်ပြင်းပြင်း ရှူပြီးနောက် လူကို အော်ပြောလိုက်သည်။


“မင်း မင်းက ဘယ်သူလဲ” 


ထိုလူက လုံးဝမတုံ့ပြန်ဘဲ ကျောက်တုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။


လောင်းယန်က အသံကို လျှော့ပြီး 


"သူဘာလို့ ငါတို့ကို လျစ်လျူရှုတယ်လို့ ထင်လဲ? လောင်ဝူ အဘိုးကြီးလျိုပြောတာ မှန်နေပြီး ငါတို့ ယင်စစ်သားတွေနဲ့ တွေ့နေတာများလား?"


လေပြင်း တိုက်ခတ်သွားပြီး ဝူရှဲလည်း နည်းနည်းတော့ သတိဝင်လာခဲ့သည်။ သူက ဆိုလိုက်၏။ 


"တအား ကောက်ချက်မချနဲ့ဦး... အဲဒါကြီးကို မကြောက်နဲ့... ငါတို့ စကားမစခင် သေချာကြည့်ရအောင်" 


ပြောပြီး လက်နှိပ်ဓာတ်မီးကို ထုတ်၍ ထိုးကြည့်လိုက်သည်။


ထို "လူ" သည် ထူးဆန်းသော ရှေးခေတ်အဝတ်အစားများကို ၀တ်ဆင်ထားပြီး သူ၏လက်ဗလာမှာ ဖြူဖွေးနေပြီး မြောင်းအလယ်တွင် ထုံကျဉ်စွာ ရပ်နေလေသည်။ မှိန်ဖျော့ဖျော့ အရိပ်မှာ တောင်ထိပ်ကနေ ဖြာကျနေပြီး အင်မတန် ထူးဆန်းစွာနေသည်။ လက်နှိပ်ဓာတ်မီး လင်းလာသောအခါတွင်ပင် သူက လုံးဝ တုံ့ပြန်လာခြင်း မရှိပေ။


အဲဒီအချိန်မှာ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။ တကယ်တော့ ဒီလူရဲ့ ခန္ဓာကိုယ်ဟာ အစိမ်းရောင် အညှိတွေနဲ့ ဖုံးလွှမ်းနေခဲ့တာ ဖြစ်လေ၏။ 


လူဆိုရင် ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်မှာ ရေညှိပေါက်ဖို့ မ​ဖြစ်နိုင်ဘူး မဟုတ်လား။ သေသေချာချာ ကြည့်လိုက်တော့ အဲဒီ "လူ" ဟာ "အသား" မဟုတ်ဘဲ ကျောက်တုံးနဲ့ ထွင်းထုထားပုံပေါ်ပါသည်။ ဒါပေမဲ့ သူ့ရဲ့ ထွင်းထုနည်းက လက်တွေ့ဆန်လွန်းပြီး အလင်းရောင် မလုံလောက်တဲ့အခါမှ အစစ်အမှန် လူတစ်ယောက်လို မြင်နေရပြီး နားလည်မှု လွဲသွားစေသည်။ 


ဒီကျောက်တုံးလူသားဟာ မယုံနိုင်လောက်အောင် လက်ရာမြောက်ပြီး အသက် ဝင်လွန်းတာကြောင့် အဝေးကနေ လှမ်းကြည့်မယ်ဆိုရင်တောင် မြင်ကွင်းက ကြောက်စရာ ကောင်းနေသေးပြီး ချွေးတလုံးလုံးနဲ့ ကြက်သီးထစေ၏။


ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် လမ်းလျှောက်လာရင်း ဤ "ကျောက်တုံးလူသားကြီး" ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ အပျက်အစီးများထဲတွင် ကြေမွသွားတာကို တွေ့လိုက်ရသည်။ အပေါ်မှ ကျောက်တုံးများ ပြုတ်ကျလာခြင်းကြောင့် ပြိုကျသွားတာ ဖြစ်နိုင်သည်။ ဦးခေါင်း အစိတ်အပိုင်းမှာ လည်ပင်းတစ်ပိုင်းသာ ကျန်ရစ်ခဲ့သည်။ လှမ်းကြည့်လိုက်တော့ ချောက်ကမ်းပါးထိပ်မှာ ကျောက်တုံးကြီး တစ်တုံးရှိနေတာကို တွေ့လိုက်ရပေမယ့် တောင်တစ်ခုလုံး တိမ်းစောင်းသွားကာ မျက်စိကွယ်ရာကို ရောက်သွားတာမို့ တကယ့်အခြေအနေကို မမြင်ရချေ။


ဟန်ယဉ်ကျေးမှုပုံစံ မဟုတ်သည့် ကျောက်တုံးလူသား၏ လက်များသည် ဗလာဖြစ်​​နေပြီးး သူ့ခန္ဓာကိုယ်ပေါ်တွင် ထွင်းထားသောအဝတ်အစားတွင် မြွေနှစ်ထပ်ပုံစံကို တွေ့ဖူးသည်။ ကျောက်တုံးကြီး၏ ဦးခေါင်း ပျောက်ဆုံး၍ လဲကျသောအခါ ကွဲသွားနိုင်သည်။


ဒါကိုမြင်ပြီးတာနဲ့ ဒီအရာဟာ အတူ မြှုပ်နှံခံထားရတဲ့ ကျောက်တုံးလူသားရုပ် ဖြစ်နိုင်တယ်ဆိုတာ သေချာသွားပြီ။ ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့ ကျောက်တုံးလူသားရုပ်တွေက အပေါ်ကနေ ပြိုကျသွားပြီး အပေါ်မှာ တစ်ခုခု ရှိနေပုံရသည်။


လောင်းယန်သည် စိတ်မရှည်တော့ဘဲ သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင် ပေါ့ပေါ့ဆဆ တွားသွား တက်နေပြီ ဖြစ်သည်။ ဝူရှဲသူ့နောက်မှလိုက်ကာ ချောက်ကမ်းပါးပေါ်က လျှောစောက်တစ်လျှောက် ဖြည်းဖြည်းချင်း ရွေ့လျားသွားကာ မကြာမီပင်ပြိုကျသည့် နေရာသို့ ​ရောက်သွားခဲ့သည်။


တောင်နံရံမှာ တူးထားတဲ့ တွင်းက တိမ်ပုံရသည်။ ဂူထဲမှာလည်း အလားတူ ကျောက်ရုပ်တွေ အများကြီးရှိနေ၏။ ထူးဆန်းတာက အဲဒီကျောက်ရုပ်တွေရဲ့ ဦးခေါင်းတွေ ပျောက်ဆုံးနေတာပဲ ဖြစ်ကာ လူ့အရိုးစုကို လည်ပင်းတစ်ဝိုက်တွင် ထားရှိပြီး အဆစ်များကို ရွှံ့များဖြင့် ဖုံးအုပ်ထားသည်။


ဒီအရုပ်တွေကို လူ့ဦးခေါင်းလို့ ခေါ်တယ် ဆိုတာ သူသိပါသည်။ ရှေးခေတ်က စစ်ပွဲတွေ အတွင်းမှာ တစ်ကိုယ်လုံးကို အကြွေးပြန်တောင်းဖို့ သို့မဟုတ် အလောင်းကို ပြန်သယ်ဖို့ ခဲယဉ်းလွန်းတဲ့အတွက် ဦးခေါင်းတွေကို ဖြတ်ပြီး မြေမြှုပ်ဖို့ ကျောက်တုံးတွေပေါ်မှာ တင်ထားတတ်ကာ သက်ရှိပုဂ္ဂိုလ်များအဖြစ် ထားတတ်သည်။ 


အနောက် ကျိုးမင်းဆက်တွင် မူလက နံရံဆေးရေးပန်းချီများ ရှိခဲ့သော်လည်း မိုးရေကြောင့် မသိသာသော အရောင်များက ရွှံ့တုံးများ အဖြစ်သို့ မျောပါသွားခဲ့သည်။ လိုဏ်ဂူ၏ အောက်ခြေက တောင်ပေါ်တွင် ထုလုပ်ထားသည့် ကိုယ်လုံးကိုယ်ထည် တစ်ခုရှိသည်။ သို့သော် လက်တစ်ဖက်နှင့် ပခုံးတစ်ဝက်ကိုသာ ချန်ထားခဲ့နိုင်သည်။


ပြိုကျမှုအလယ်မှာ ဘောလုံးအရွယ်အစားရှိတဲ့ နက်မှောင်တဲ့ အပေါက်ကြီး တစ်ပေါက်ကွဲထွက်လာသည်။ စိတ်ကြွဆေးပြားလေး စားလိုက်ရသလို ဓာတ်မီးယူပြီး အထဲကို ဓာတ်မီးနဲ့ တောက်လိုက်တော့ အထဲမှာ ကျယ်ပြောလှတဲ့ နေရာလွတ်ကြီး တစ်ခုရှိနေတာကို တွေ့လိုက်ရသည။


ဝူရှဲဟာ ဒီကျောက်ရုပ်ထုကြီးရဲ့ နောက်ကွယ်မှာ ရှေးကျတဲ့ ဂူသင်္ချိုင်းတစ်ခု ရှိနိုင်တယ်လို့ သူ့ရဲ့ ပင်ကိုယ်စိတ်က ပြောပြနေ၏။ အဲဒါက လောင်းယန်ပြောပြထားတဲ့ ကြီးမားတဲ့ သင်္ချိုင်းတွင်းကြီးရဲ့ အဓိကပင်မဂူသင်္ချိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဝင်​ပြီးသွား​​ပြီလဲတော့ သူလည်း မသိချေ။ 


ယေဘူယျအားဖြင့် ပြောရလျှင် ဒီလိုနေရာမျိုးတွင် ဂူသင်္ချိုင်း ဆောက်ရန် တွေးခေါ်နိုင်သော သင်္ချိုင်းပိုင်ရှင်သည် ထင်ရှားသော အမှတ်အသား တစ်ခုရှိရမည် ဖြစ်သော်လည်း ဤကဲ့သို့သော နေရာမျိုးတွင် ဂူသင်္ချိုင်းအားလုံးကို ဖောက်ထုတ်နိုင်သော လူသည် ဂူဖောက်လောကရဲ့ သခင်များ အကြားထဲက သခင်တစ်ယောက်သာ ဖြစ်လိမ့်မည်။ သာမန် ဂူဖောက်သူ​တွေသာဆိုရင် ဒီကျာကျစ်လျှိုမြောင်ထဲမှာ အကြိမ်ရာနဲ့ချီ အပြန်ပြန် အလှန်လှန် လျှောက်သွားခဲ့ရင်တောင် ခေါင်းထက်မှာ တခြားအရာတစ်ခုခု ရှိနေတာကို ဘယ်တုန်းကမှ စိတ်ကူးယဥ်မိလိမ့်မည် မဟုတ်။ 


သူနဲ့ လောင်းယန်ပေါင်းပြီး ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဦးတည်ရာက အနီးအနားမှာ ရှိနေတယ် မဟုတ်လား။ အထဲမှာ ဘာမှမရှိရင် ပြန်ထွက်ဖို့ လမ်းမရှိတော့ဘူး။ သူတို့အလုပ်က အပေါက်တွေ မဖောက်ထားရင် ဒုက္ခရောက်လိမ့်မယ် ဆိုတာပဲ။ 


နှစ်ယောက်လုံးက ပိန်ပိန်ပါးပါးမို့ သူကခေါင်းနဲ့ အပေါက်ထဲကို အရင် တွားဝင်သွားသည်။ အပေါက်က နင်းဖို့ မြင့်လွန်းတော့ နံရံမှာ ကပ်ထားရသည်။ ဝူရှဲ သူ့အတွက် ဓာတ်မီးနဲ့ ထိုးပြလိုက်တော့ သူက ထအော်၏။ 


"ဖာ့စ်! အထဲမှာ ရေသေတွေ ရှိတယ်ဟ!"


ဝူရှဲ ခေါင်းငုံ့ပြီး အတွင်းဘက်ကို လှမ်းကြည့်လိုက်တော့ ထွင်းထုထားသည့် ကြီးမားသော ကျောက်တုံး အခန်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ အပေါ်ထပ်တွင် နံရံဆေးရေး ပန်းချီများ သဲလွန်စများ ရှိနေသည်။ ရေမျက်နှာပြင်သည် အလွန်မြင့်မားပြီး ဂူရဲ့မျက်နှာကျက် အစွန်းကိုပင် ထိလုနီးပါး ဖြစ်နေတာကို လှမ်းမြင်နိုင်သည်။ ရေထဲမှာ နစ်မြုပ်နေတဲ့ ကျောက်နံရံလေးဘက်စလုံးမှာ တူးထားတဲ့ တွင်းတိမ်တိမ်တွေ၊ ခေါင်းမပါတဲ့ ကျောက်တုံးရုပ်တွေနဲ့ ပြည့်နှက်နေပြီး မိုးရေကြောင့် ရေစုပုံနေတာလားတော့ မသိရချေ။ မိုးရွာလာသောအခါ ဤအပေါက်၏ အဝင်ပေါက်မှ မိုးရေတွေ စီးဆင်းလာတာလား သို့မဟုတ် တခြားအကြောင်းအရင်း တစ်ခုရှိသေးလား မသိနိုင်ပေ။


လောင်းယန်က သူဒီကို နောက်ဆုံးအကြိမ် ရောက်လာတုန်းက ကျောက်ရုပ်တွေ ပြိုကျခဲ့တာ မရှိဘူးလို့ ပြောခဲ့သည်။ ဒီတွက်ချက်မှုအရ လွင့်သွားတဲ့ အပေါက်ဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဖောက်ထားတာ ဖြစ်နိုင်သလို ဒီရေကလည်း မိုးရေမဖြစ်နိုင်ဘူးလို့ ဆို၏။ 


ဝူရှဲသူ့ကို သတိထားဖို့ ပြောခဲ့ပေမယ့် လောင်းယန်က သူ့ရဲ့ ရေခံနိုင်ရည်ကောင်းတာကို အခွင့်ကောင်းယူပြီး ဂူနံရံကနေ လွှတ်ချလိုက်တာနဲ့ ရေထဲ ခုန်ချလိုက်ပါ​တော့သည်။ ရေက ရုတ်တရက် သူ့ရင်ဘတ်အထိ ရောက်သွားတော့ သူ လန့်ပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။


လောင်းယန်လုပ်နေပုံကို ကြည့်လိုက်တော့ ရေက အရမ်းနက်နေတာကို ဝူရှဲလည်း သဘောပေါက်သွားသည်။ 


"မင်း ရေအောက်ခြေကို နင်းကြည့်! ဘယ်လိုလဲ? ရွှံ့လား ကျောက်လား?" 


"ရေအောက်ခြေကို နင်းလို့မရဘူး... သောက်ကျိုးနည်း! ဒီရေက အရမ်းအေးတာပဲကွ!"


ကျောပိုးအိတ် နှစ်ခုလုံးထဲမှ ရေစိုခံ မိုးကာအိတ်များကို ထုတ်ယူကာ ကျောပိုးအိတ်များကို ထုပ်လိုက်သည်။ ကျောပိုးအိတ်တစ်လုံးကို လောင်းယန်ဆီ ပေးကာ နောက်တစ်လုံးကို သူကိုယ်တိုင် သယ်ဆောင်ပြီးနောက် ရေထဲသို့ ဂရုတစိုက် ဆင်းလိုက်သည်။ ချက်ချင်းပင် ခြေဖဝါးပေါ်မှ လေအေးများ ထွက်ပေါ်လာရာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံးတောင် တုန်လှုပ်သွားသည်။


သူ့ခြေထောက် အောက်မှာ ဘာမှမရှိသလို အရမ်းနက်လေ၏။ သူ့ကိုယ်သူ ပြန်တွေးမိတော့ ရေထဲမှာ အလုပ်လုပ်ရဖို့ ကြိုမတွေးထားတာကြောင့် ကိုင်တွယ်ဖြေရှင်းဖို့ စက်ပစ္စည်းတွေလည်း မပြင်ဆင်ထားခဲ့ချေ။ ဓာတ်မီးကို တစ်ဖက်ကကိုင်ရင်း ကူးခတ်တာကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ 


အကြိမ်အနည်းငယ် ရေကူးပြီးနောက် အတွင်းအကျဆုံး ကျောက်နံရံတွင် ကျောက်တံခါး ပွင့်​နေတာကို တွေ့လိုက်ရသည်။


ကျောက်တံခါးသည် ရေမျက်နှာပြင်ကြောင့် အလွန်နိမ့်နေ၏။ ထို​တိုတောင်းသော တံခါးအတွင်းတွင် အနက်ရောင် ကျဲ​ဖောင့်ကားနှစ်စီးစာခန့်ရှိ ကျောက်တုံးကြီး တစ်တုံးရှိသည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည့် နေရာတိုင်းတွင် ကြမ်းတမ်းသော ပြုပြင်မှုလက္ခဏာများ ရှိသည့် ခဲပြာရောင် ကျောက်နံရံများကို တွေ့ရသည်။ အပိုင်းများစွာတွင် ပန်းချီကားများ ပါရှိသော်လည်း ပန်းချီကားများမှာ စုတ်ပြဲနေပြီး လုံးဝ မမြင်ရ​တော့ပေ။


အထဲမှာ ဆယ်မီတာကျော်ကျော် ရေကူးပြီးတဲ့အခါ ကျောက်လမ်းဟာ ၉၀ ဒီဂရီ ညာဘက်ထောင့်ကို ရုတ်တရက် လှည့်သွားလေ၏။ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အထဲမှာ ကြောက်စရာ ကောင်းလောက်အောင် နက်ရှိုင်းနေတာကို တွေ့လိုက်ရသည်။ မရပ်နိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ကမူးရှူးထိုး ဝင်သွားလို့က မဖြစ်သေး။ 


တကယ်တော့ လက်ရှိ အခြေအနေအရ ဆိုရင် အတွင်းထဲကို ပိုဝင်သွားရင် ငတုံးအလုပ် ဖြစ်သွားလိမ့်မည်။ ရေက အရမ်းနက်ပြီး ရေထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မမြင်ရဘူးလေ။ နည်းနည်းတော့ ကြောက်စရာ ကောင်းနေသည်။ နောက်တစ်ခုက ရေထဲက တစ်ခုခုထွက်လာရင် သစ်သားတစ်ခြမ်း ဆိုရင်တောင် သူ့​ကို သေတဲ့အထိ ကြောက်လန့်သွားစေနိုင်သည်။


လောင်းယန်က အနီးနားက ကျောက်နံရံတွေကို ကြည့်ပြီး 


"ဒီသင်္ချိုင်းက တော်တော်ကြီးပေမယ့် ပြုပြင်ထားတာ အရမ်းကြမ်းတာကို မင်းသတိထားမိလား? ဒီကျောက်တုံးပေါ်က လူရုပ်တွေကို ကြည့်လိုက် အမှိုက်တွေအတိုင်းပဲ... တစ်ခုချင်းစီက တစ်ရုပ်ထက် တစ်ရုပ် ပိုရုပ်ဆိုး​နေတယ်... လုံးဝ မပြုပြင်ရသေးရင် ထားပါတော့ ဒီသင်္ချိုင်းပိုင်ရှင်က ဘယ်လိုလုပ်ရမှန်းကို မသိသလို ပိုက်ဆံလည်း မရှိပုံပဲ... တောင်ကိုဖွင့်ပြီးတာနဲ့ အလှဆင်ဖို့ ပိုက်ဆံတောင် မသုံးနိုင်တော့ဘူး"


[TN - သူတောင် ပိုက်ဆံမရှိလို့ သူများဂူ သွားဖောက်နေရတာကို 😂]


"ဒါက ဂူဗိမာန်တစ်ခုလုံးရဲ့ အပြင်ဘက် အကျဆုံးအပိုင်း ဖြစ်နိုင်တယ်... ဒီနေရာမှာ မပြီးသေးတဲ့ ကျောက်တုံးရုပ်တွေ အများကြီး ရှိ​နေတာကို မင်းမြင်တယ်မလား? ဒါက ဂူဗိမာန်ထဲက လက်သမားဆရာတွေ ထုလုပ်ထားတဲ့ နေရာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်.... ဒီထက်ပို ဆက်သွားကြည့်မယ် ပိုရှင်းသွားလိမ့်မယ်.."


သူတို့ ရှေ့ကိုဆက်ပြီး မိနစ်အနည်းငယ်ကြာ ကူးခတ်ခဲ့ကြသည်။ အလှည့်အပြောင်း ရေလမ်းကြောင်းတွေကို ဖြတ်ကျော်ပြီးချိန်မှာတော့ ရေထဲမှာ တစ်ခုခု စိမ့်ထွက်နေသလိုမျိုး ရှေ့က အမှောင်ထဲကနေ တဗွမ်းဗွမ်း ရေသံတွေကို ကြားလိုက်ရသည်။


ဝူရှဲ လောင်းယန်ရဲ့ လက်ကို လှမ်းဆွဲကိုင်လိုက်သည်။ လက်ထဲတွင်ရှိသော ဓာတ်မီးကို ရေသံ၏ ဦးတည်ရာဆီသို့ လှည့်လိုက်သည်နှင့် ချက်ချင်းပင် ရေမျက်နှာပြင်ပေါ်တွင် တြိဂံပုံအမှတ်အသားတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ရေထဲသို့ နစ်မြုပ်သွားသည်။


အဲဒါဘာလဲဆိုတာ သူမသိရ​သေးခင်မှာ လောင်းယန်က သူ့လက်ကို လှမ်းရိုက်လိုက်ပြီး လှည့်ပြေးတော့သည်။ 


"ပြေး!"