Chapter (24)
လီရှန့်တောင်
ဟုန်ကျွင့် ထိုညတွင် နောက်ထပ် အိပ်မက်ဆိုးတစ်ခု မက်ခဲ့ပြန်သည်။
အိပ်မက်ထဲတွင် တုဟန်ချင်း၏ တစ်ကိုယ်လုံး မီးလောင်နေပြီး အရေပြားများ အက်ကွဲကာ သွေးများလည်း ထွက်လာနေသည်။ အရေပြားအောက်ရှိ နာကျင်နေသော မြေခွေးတစ်ကောင်သည် လူ့ခန္ဓာကိုယ်မှ ရုန်းထွက်ရန် ရုန်းကန်နေရင်း သနားစရာကောင်းတဲ့ ငိုကြွေးသံကို ထုတိလွှင့်လိုက်သည်။
"အား-!"
ဟုန်ကျွင့် အလန့်တကြားဖြင့် ထထိုင်လိုက်သည်။
"ဟုန်ကျွင့်?"
မော့ရစ်ကန်းက အသံနဲ့အတူ အခန်း အပြင်ဘက်မှ လျင်မြန်စွာ ပြေးဝင်လာပြီး ပြိုလဲတော့မည့် ဟုန်ကျွင့်လက်ကို ဖမ်းဆွဲလိုက်သည်။ ဟုန်ကျွင့် ဖြည်းညှင်းစွာ အသက်ရှုသွင်းရင်း မောဟိုက်နေ၏။ ဒါဟာ သူ့ရဲ့ ဒုတိယအိပ်မက်ဆိုးပဲ။
“သမင်ဖြူက ထွက်သွားတဲ့ညကစပြီး မြက်ခင်းပြင်ရဲ့ အိပ်မက်ဆိုးတွေက နေရာတိုင်းကို တဟုန်းဟုန်း တောက်လောင်နေတာ”
မော့ရစ်ကန်း တိုးတိုးလေး ပြောပြသည်။ ဟုန်ကျွင့် ရေတစ်ခွက်ကို လောင်းပြီး အဝသောက်လိုက်သည်။ လက်ဖက်ရည်ခွက်ပေါ်က စာလုံးအနည်းငယ်ကို တိတ်တိတ်လေးရွတ်ရင်း ရေသောက်ပြီးနောက် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ဟုန်ကျွင့်: "မင်း ဘာကိုဆိုလိုတာလဲ"
"ဝံပုလွေဖြူက နေ့ကိုစောင့်တယ်... သမင်ဖြူက ညကိုစောင့်တယ်... သမင်ဖြူတွေ အမှောင်ထဲမှာ ပျောက်ကွယ်သွားတဲ့အခါ အိမ်ကထွက်သွားတဲ့ ကလေးတွေက အိပ်မက်ဆိုးတွေ မက်ကြလိမ့်မယ်တဲ့.... မင်း အိမ်လွမ်းနေတာလား"
ဟုန်ကျွင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ မော့ရစ်ကန်း ဟုန်ကျွင့်ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
"လူတွေက ကြီးပြင်းလာတဲ့အခါ အိမ်ကနေ အမြဲလိုလို ထွက်သွားကြရတာပဲလေ..."
"ဟုတ်တယ်"
မော့ရစ်ကန်းရဲ့ နှစ်သိမ့်စကားအတွက် ဟုန်ကျွင့်လည်း ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
နောက်နေ့ မနက်စောစောမှာ ဟုန်ကျွင့် ရေတွင်းနားမှာ ထိုင်ပြီး သွားတိုက်နေခဲ့သည်။ ပထမဆုံး နိုးလာတဲ့ ငါးကြင်းနတ်ဆိုးက မနေ့ညက ဖြစ်ပျက်ခဲ့တာကို သိသွားပြီး ဆူလေသည်။
“အဲဒီမိစ္ဆာကို မင်းက ဘာဂရုစိုက်နေတာလဲ... ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်း မဟုတ်တဲ့သူတိုင်းကို ဂရုစိုက်နေရလား?"
ဟုန်ကျွင့်က သူ့ပါးစပ်ကို သုတ်လိုက်ပြီး ခဏလောက် စဉ်းစားနေသည်။
"တကယ်တော့ ငါက နတ်ဆိုးတစ်ယောက်ပဲ မဟုတ်ဘူးလား တစ်နေ့တော့ ခေါင်းဆောင်လည်း သိသွားမှာပဲ"
"မင်းက အဲ့မြေခွေးတွေနဲ့ မတူဘူး... ခေါင်းဆောင်က ငါ့ကို မထီမဲ့မြင်ပြုတာ မဟုတ်ဘူး အဲဒီတုန်းက မင်းအဖေဆီ ခိုလှုံဖို့ မြေခွေးတွေက မလာခဲ့ဘူးလေ... သူတို့ကိုယ်တိုင် သူတို့မျိုးနွယ်ကို ဦးဆောင်ချင်ခဲ့တာ အသားစားတဲ့အခါ သတ္တဝါတိုင်းက တူညီတယ်လို့ မမြင်ဖူးဘူး”
"အဲ့ဒါက မတူဘူး... အသားမစားတာက သနားလို့ အသားစားတာက ဒုက္ခပင်လယ်ထဲက ကယ်တင်ဖို့ပဲတဲ့... ချင်းရှူံက အဲ့လိုပြောတယ်"
"မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်"
ချိုးယုံစစ်နဲ့ လီကျင်လုံတို့က အနောက်မှာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေကြတာကြောင့် ဟုန်ကျွင့်နဲ့ ငါးကြင်းနတ်ဆိုးတို့လည်း စကားစဲသွားကြသည်။ ထိုအချိန်တွင် မော့ရစ်ကန်းက အပြင်မှဝင်လာလေရာ လီကျင်လုံက ချက်ချင်း လှည့်မေးလိုက်သည်။
"ပြီးပြီလား?"
မော့ရစ်ကန်းက ခေါင်းညိတ်လေသည်။
ဟုန်ကျွင့်: "မင်းတို့ဘာတွေ လုပ်နေတာလဲ?"
မော့ရစ်ကန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီး နောက်မှသိလိမ့်မည်ကို ညွှန်ပြကာ "ရှူး" ဟူသော အမူအရာ လုပ်ပြသည်။
လီကျင်လုံ: "ကရုဏာထားစေချင်တဲ့ စကားတွေပဲ ကြားနေရတယ်... မနက်စာ အရင်စားရအောင် စားပြီးရင် အဝတ်အစားလဲမယ်"
မနေ့ညက ဟုန်ကျွင့်ရဲ့ နှလုံးသားထဲက နာကျည်းမှုတွေက ကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။ ဟုန်ကျွင့်မှာ လီကျင်လုံကို မျက်နှာချင်းဆိုင်ရတာ အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။ သို့သော် လီကျင်လုံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အားလုံးကို တရားဝင်ဝတ်စုံအဖြစ် ပြောင်းလဲဝတ်ရန် အမိန့်ပေးလိုက်သည်။
နတ်ဆိုးနှင်ဌာနရဲ့ တရားဝင်ဝတ်စုံကို ဧကရာဇ်နှင့် ကိုယ်လုပ်တော် ယန်မှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သည့် ဘရိုကိတ်ဖြင့် ပြုလုပ်ထားသည်။ အပြာနုရောင် အချောထည်ဖြင့် ပြုလုပ်ထားသည့် စစ်ဝတ်ဂုံနှင့် အင်္ကျီလက်ပြတ်များရှိပြီး ကျယ်ပြန့်သော ပခုံးနှင့် ခါးကျဉ်းမြောင်းသော သူအတွက် ခါးပတ်၊ ၀တ်ရုံရှည်က ရှည်လျားပြီး အနက်ရောင် စစ်ဖိနပ်ကို ပေါ်လွင်စေသည်။ ပြင်းထန်သော လေနှင့်အတူ ခြေလှမ်းများ လှမ်းရာတွင် ပိုမိုအဆင်ပြေစေသည်။
လူတိုင်းက မှန်ရှေ့မှာ ရပ်ပြီး တစ်ယောက်ပြီး တစ်ယောက် အဝတ်အစားတွေ ၀တ်ဆင်နေကြသည်။ စာပေ ပညာရှင်၏ ၀တ်စုံကိုသာ ၀တ်ဆင်လေ့ရှိသော ချိုးယုံစစ်ပင် ဤတရားဝင်ဝတ်စုံကို ဝတ်သောအခါတွင် သူ၏ သူရဲကောင်း ဆန်သော အရှိန်အဝါကို ပြသနေခဲ့သည်။ ငါးယောက်ထဲမှာ ဟုန်ကျွင့်က အချောဆုံးနဲ့ ချစ်ဖို့ အကောင်းဆုံးပင်။
ဟုန်ကျွင့်မှာ ချန်အန်းသို့ရောက်ကတည်းက လက်ပြတ်အကျီကြမ်းကို ဝတ်ထားရတာ ကျင့်သားရနေပြီ။ သူ့အပေါ်ပိုင်းသည် ဖြူဖျော့နေပြီး အောက်ပိုင်းသည် ပြာလဲ့လဲ့နေကာ သာမန်လူတစ်ယောက်လိုပင်။ ဟုန်ကျွင့်သည် အခြေခံကောင်းများဖြင့် မွေးဖွားလာသော လူငယ်တစ်ယောက်လို ၀တ်ဆင်နိုင်သည်။ ယခု သူသည် ဇးထည်ဝါသော အထည်ကို ပြောင်းလဲသွားသဖြင့် ဝမ်ရှဲ့၏ တပည့်တစ်ဦး၏ အသွင်အပြင် ရှိနေသည်။
"လည်ပင်းက နည်းနည်းတင်းနေတယ်..."
ရလဒ်အနေနဲ့ ဟုန်ကျွင့်က သူ့ရဲ့ လျှို့ဝှက်ချက်ကို သူ ပါးစပ်ဖွင့်ဟပြီး ထုတ်ဖော်လိုက်ပါ၏။ လီကျင်လုံလည်း ရှေ့ကို လှမ်းပြီး ဟုန်ကျွင့်ကို ကူညီပေးရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
"ငါကော်လံကို မေ့သွားတယ်"
လီကျင်လုံသည် ယခင်က အပ်ချုပ်သမားအား ဤနေရာသို့ တစ်ကြိမ်လာရောက်ရန် အထူးတောင်းဆိုခဲ့ပြီး ၎င်းကိုပြုလုပ်ရန် အချိန်ပိုပေးခဲ့ရသည်။ ထိုအချိန်တွင် ဟုန်ကျွင့်က ထိုနေရာတွင် မရှိခဲ့ပေ။ ယခု အဝတ်အစားများက ခန္ဓာကိုယ်နှင့် အလွန်ကွက်တိ ကျနေသောကြောင့် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရကာ မေးလာသည်။
"ကျွန်တော့်ခန္ဓာကိုယ်ကို ဘယ်သူမှ မတိုင်းတာခဲ့ပါဘူး"
လီကျင်လုံ အနည်းငယ် ရှက်သွားပြီး ချောင်းဆိုးကာ လူတိုင်းအား လှည့်မေးလိုက်သည်။
"ကြည့်ကြည့်.... တော်ကျလား"
"ခေါင်းဆောင်ရဲ့ အမြင်က တကယ်ကို စွဲမက်စရာကောင်းပါပေတယ်"
ဟုန်ကျွင့်က လီကျင်လုံကို သံသယဖြင့် ကြည့်ကာ ထပ်မေးပြန်သည်။
"ငါ့ခန္ဓာကိုယ် အရွယ်အစားကို မင်းဘယ်လိုသိလဲ"
"ကောင်းပြီ ဆက်မမေးနဲ့တော့..."
လီကျင်လုံသည် ခပ်သေးသေး ရေချိုးဝတ်ရုံနှင့်တူသော အဝတ်တစ်ထည်ကို ပေးကာ အခန်းအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"မင်းက ပိန်လို့.... ဒါက ကျန်တဲ့ပိတ်နဲ့ ငါနောက်ထပ် ဝတ်စုံတစ်ထည် ထပ်ထုတ်လိုက်တယ်"
"ကျောက်ကျစ်လုံ---!"
ဟုန်ကျွင့် ဝတ်စုံလေးကို ယူကာ စူးစူးရဲရဲ အော်လိုက်သည်။
"ဘာလဲ? ဘာလဲ?"
ကျောက်ကျစ်လုံ အသည်းအသန် ပြေးထွက်လာသည်။ နှစ်အတော်ကြာအောင် နေထိုင်ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် အ၀တ်အစား ဝတ်ထားရတော့မည်မို့ စိတ်ပျော်နေသည်။ လီကျင်လုံက သူ့ကိုလည်း မေ့မထားခဲ့တာကြောင့် ချက်ချင်းပင် ရွှင်လန်းသွားပြီး ရေချိုးဝတ်စုံကို မြေပြင်ပေါ်တွင် ဖြန့်လိုက်သည်။ အမွှေးရှည်ခြေထောက်တစ်ဖက်ကို ဆန့်၍ ဝတ်ဆင်လိုက်သည်။ ဝတ်ရုံကို ဝတ်ပြီးနောက် ခါးပတ်ကို တင်းတင်းကျပ်ကျပ် ပတ်ကာ သူ့အမြီးကို ဖော်ထား၏။ လီကျင်လုံက ဝိညာဥ်ထွက်ပန်း ဝတ်မှုန်များကို သယ်ဆောင်ရန် အိတ်ငယ်တစ်လုံးလည်း ပေးထားသည်။
လူတိုင်း မရယ်နိုင်တော့ပေ။ ငါးကြင်းနတ်ဆိုးက “ငါ့ကို ကြည့်စမ်းပါဦး…” လို့ ပြန်ပြောပြီး ကိုယ်လုံးပေါ်မှန်ရှေ့ကို ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။
လီကျင်လုံ: "ဒီနေ့ အားလုံးအတူတကွ လုပ်ဆောင်ကြရအောင် ဒါက အသက်နဲ့ သေခြင်းနဲ့ ဆိုင်တဲ့နေ့ပဲ... ဝိညာဉ်စွန့်တဲ့ ဝတ်မှုန်ကို သိမ်းကျုံး မသုံးပါနဲ့"
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။ လက်နက်ကို တပ်ဆင်ကာ အပြင်ထွက်ရန် ပြင်ဆင်နေကြသည့်အခိုက် ဟုန်ကျွင့်၏ နှလုံးသားက ကျယ်လောင်စွာ ခုန်လိုက်မိသည်။ ထိုညက လီကျင်လုံ ပြောသည့်စကားကို ပြန်တွေးလိုက်မိသည်။ လီကျင်လုံကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ လီကျင်လုံက သူ့ကို နှစ်သိမ့်ပေးသလိုမျိုး သူ့မျက်လုံးမှတစ်ဆင့် အပြုံးတစ်ပွင့် ပေးလိုက်သည်။
.......
နံနက်စောစောတွင် လီရှန့်မှ တိမ်များနှင့် ရေတံခွန်မှ ရေမှုန်များသည် တောင်တက်သမားများ၏ အဝတ်အစားများ စိုစွတ်စေ၏။ ရထားလုံး၏ လမ်းဘေးတွင်တော့ ရှန်ဝူစစ်တပ်မှ အစောင့်က ဆောလျင်စွာ ပြောလာခဲ့သည်။
"စစ်သူကြီး ရထားလုံးပေါ် တက်ပါတော့!"
ဖန်းချန်ချင်သည် လီရှန့်ပေါ်သို့ ချိုင်းထောက်များဖြင့် တက်ရင်း ခြေတစ်လှမ်း ဆုတ်ကာ ဧကရာဇ်နန်းတော်ဘက်ဆီသို့ လျှောက်သွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဆင်ပြေပါတယ် မင်းတို့ငါ့ကို စောင့်ကြည့်နေတာလား?"
စစ်သည်များသည် ဘာမျှပြန်မပြောရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဖန်းချန်ချင် တရားဝင်လမ်းအတိုင်း လျှောက်သွားသည်ကိုသာ ငုံ့ကြည့်လိုက်သည်။ ဖန်းချန်ချင်၏ မိဘများသည် ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပြီး သူ၏မိခင်၏ အဖိုးဖြစ်သူ လီလင်ဖူသည် အန်းရှီသို့ ပြည်နှင်ဒဏ် ခံခဲ့ရသည်။ သူသည် မသန်စွမ်းသော်လည်း ကောင်းရှန်းကျစ် လက်ထက်တွင် သူ၏ အံ့သြဖွယ် စွမ်းရည်များကို ပြသခဲ့သည်။ ရှောင်ပေါ်လုနဲ့ တပေါ်လုတို့ကို တစ်ခုပြီးတစ်ခု အုပ်ချုပ်ခဲ့ပြီး ဆယ့်သုံးနှစ်ကြာသောအခါ သူသည် ကဲရှူးဟန့်နှင့် ယှဉ်နိုင်သော သန်မာသော နန်းတွင်း ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
ဖန်းချန်ချင်သည် တိုက်ပွဲများစွာကို အောင်မြင်ခဲ့ပြီး အနောက်တိုင်း ဒေသများတွင် စစ်ပွဲအတွက် အစီအစဉ် မရှိသလောက်ပင် ဖြစ်သည်။ လူတိုင်းသည် လီကျင်လုံကို ရယ်မောကြသော်လည်း ပျော့ပျောင်းပြီး ပိန်လှီသော ဖန်းချန်ချင်ကိုတော့ ဘယ်သောအခါမှ မရယ်ဝံ့ကြပေ။
ဖန်းချန်ချင်သည် မြို့တော်တွင် အလုပ်မလုပ်သော်လည်း သူ့သခင် နန်းတွင်းသို့ ပြန်ရောက်သည့်နေ့တွင် သူသည် လီလုန်ကျီးထံ စကားလုံးပေါင်း ၁၀၀၀၀ နီးပါးကို အောက်မေ့ဖွယ်အမှတ်တရအဖြစ် တင်ပြကာ နယ်စပ်ခြံစည်းရိုးများကို ပြုပြင်ပေးရန်၊ စစ်သည်များအား အုပ်ချုပ်ခွင့်ရရန် တောင်းဆိုခဲ့သည်။ အိမ်ပြန်ခွင့် ရလာပြီးနောက် သူသည် စစ်သံမှူးစခန်းနှင့် တပ်ထဲတွင် အလွန်နာမည်ကြီးလာခဲ့သည်။
မိန်းမစိုးသည် မြူမှိုင်းနေသော ချင်းဟွာနန်းတော်သို့ အလျင်အမြန် ဝင်လာခဲ့သည်။ ထိုအချိန်တွင် လီလုန်ကျီးသည် ယန်ယွိဟွမ်နှင့် အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာ မိန်းမစိုးမှာ မအော်ဝံ့ပေ။ ဖန်းချန်ချင်သည် သူ၏တုတ်ဖြင့် ပြေးဝင်လာမည်ကိုလည်း စိုးရိမ်နေရသည်။ အပြင်ဘက်က အစောင့်အကြပ်ကလည်း သူ့ကို မတားရဲကြဘူး။
မိန်းမစိုးက အသံမဖော်ဝံ့ဘဲ ပါးစပ်ကို ဖွင့်ဟကာ အလွန်အမင်း စိုးရိမ်နေသည်။
"မင်းမှာ ပြောစရာရှိရင်ပြော မတွန့်ဆုတ်နဲ့"
လီလုန်ကျီးအသံသည် တဲထဲမှ ထွက်လာ၏။ သူနိုးနေပြီ။
"ဘယ်အချိန်ရှိပြီလဲ" ယန်ယွိဟွမ်က ပျင်းရိစွာမေးသည်။
"စစ်သူကြီး ဖန်းချန်ချင်က ဘုရင်မင်းမြတ်ထံ အစီရင်ခံဖို့ အရေးတကြီး ကိစ္စရှိတယ်ဆိုပြီး အပြင်မှာ စောင့်နေပါတယ်..."
ဒါကိုကြားတော့ လီလုန်ကျီးက ချက်ချင်း ထထိုင်လိုက်ပြီး။
"တစ်ခုခု ဖြစ်ပြန်ပြီလား... မဖြစ်လောက်ပါဘူး ချန်ချန်က သံတမန် မပို့သေးဘူး မဟုတ်လား... စစ်ဌာနက သူ့ကို လာခိုင်းတာ ဖြစ်နိုင်တယ်"
လီလုန်ကျီးက ခဏစဉ်းစားပြီး။
"ကော်ကျုံး... ဘယ်မှာလဲ ကော်ကျုံးဆီကို ဘာလို့ အရင်မသွားတာလဲ"
မိန်းမစိုး: "ထန်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်လို့ ပြောပါတယ်..."
လီလုန်ကျီးက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြီး
"ဘာဖြစ်နေတာလဲ... ပြော.... သူ ဘယ်တုန်းက ရောက်လာတာလဲ?"
“မနေ့ညက ဒုတိယနာရီမှာ တောင်ခြေကနေ တစ်လှမ်းချင်း လှမ်းတက်လာတာပါ”
မိန်းမစိုးက ပြန်ဖြေလေသည်။
ယန်ယွိဟွမ်: "စစ်သူကြီးဖန်းရဲ့ ခြေထောက်တွေက အဆင်မပြေဘူးလေ...သူ ဘယ်လိုလုပ် တက်လာတာလဲ?"
ထိုအခါ လီလုန်ကျီးလည်း သူ့ကိုယ်သူ နဂါး၀တ်ရုံဖြင့် ခြုံထားရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဆံနွယ်များကိုဖြင့် ဖြာချထားလျက် အိပ်ဆောင်မှ ထွက်လာခဲ့သည်။ ဘေးခန်းတွင်တော့ ဖန်းချန်ချင်သည် ချိုင်းထောက်ကို မှီကာ မောဟိုက်နေပြီး လီလုန်ကျီးအား လေးနက်သော မျက်နှာထားဖြင့် ကြည့်နေသည်။
"မလောပါနဲ့...." လီလုန်ကျီးက သူ့ကို နှစ်သိမ့်ပေးရင်း။
"ငါ့ကို ထိုင်ခွင့်ပေးပါဦး... စစ်သူကြီးဖန်းကို ရေတစ်ခွက် မြန်မြန် ပေးလိုက်စမ်း! စစ်သူကြီးဖန်း ဖြည်းဖြည်း ပြောပါ"
ဖန်းချန်ချင်မှာ တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်သည်။ လီလုန်ကျီးသည် သူ့အသွင်အပြင်ကို ကောင်းမွန်စွာ ဂရုစိုက်လေ့ ရှိသော်လည်း အသက်က ခြောက်ဆယ်ကျော်နေပြီ ဖြစ်ရာ အိုမင်းခြင်း လက္ခဏာများက မလွဲမသွေ ပြသနေပါပြီ။ ဖန်းချန်ချင်သည် ငယ်ရွယ်သေးသော်လည်း လီလုန်ကျီထက်ပင် အနည်းငယ် အသက်ကြီးနေပုံပေါက်သည်။
"ဒီနေ့ လီရှန့်ကို ငါတက်လာတုန်းက..."
ဖန်းချန်ချင်သည် အပေါ်ရုံ ခြုံထားသော အဝတ်အထည်ကို ယူလိုက်ပြီး ချွေးတွေကို သုတ်လိုက်သည်။ ရေသောက်ပြီးနောက် အနည်းငယ် အသက်ရှူ ချောင်သွားလေသည်။
"ဘာလို့လဲတော့ မသိပေမယ့် အဲဒီတုန်းက ဘုရင်မင်းမြတ်ရဲ့ သူရဲကောင်းဆန်တဲ့ အသွင်အပြင်ကို သတိရသွားစေတယ်... ."
"ဘယ်နှစ်ရဲ့ သူရဲကောင်းဆန်တဲ့ အသွင်အပြင်လဲ" လီလုန်ကျီးက ရယ်၏။
"ထန်နဂါး ပထမနှစ်.... လင်ယန်နန်းတော်ရှေ့မှာ တွေ့ဆုံခဲ့တဲ့ နှစ်ပေါ့..."
လီလုန်ကျီးသည် မနက်စောစော နိုးလာခဲ့သော်လည်း ဖန်းချန်ချင်က သူနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့နှစ်ကို တကယ် သတိရနေတယ် ဆိုတာ ကြားတော့ သူချက်ချင်း အားရပါးက ရယ်မောလိုက်လေသည်။ ဧကရာဇ်တစ်ပါးလို အချိန်အတော်ကြာအောင် နေခဲ့ရရာ သူ့ဗီဇက အဟောင်းတွေ အကြောင်း အရင်ပြောခဲ့တာက စကားလမ်းကြောင်းကို ချောမွေ့စေပါသည်။ ကျန်တာကိုသာ ပြောပြရငိး လွယ်ကူလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
"မင်းသာ မပြောဘူးဆိုရင် ငါ မေ့လုနီးပါး ဖြစ်သွားမှာပဲ"
လီကျင်လုံက ပြုံးပြီး မိန်းမစိုးပေးတဲ့ ဂျင်ဆင်းဟင်းရည်ကို ယူပြီး တစ်ကျိတ် သောက်လိုက်သည်။
"ကောင်းပြီ... ချန်ချင်ကိုလည်း ပန်းကန်တစ်လုံး ယူလာပေးလိုက်ပါ"
ထိုနှစ်တွင် လီရှန်ဖူနှင့် ကဲဖူတို့သည် ယွိလင်စစ်တပ်ကို ပုန်ကန်ရန် အကြံအစည်ကို လိုက်နာကြပြီး ဝူကျောက်ကို အတုယူကာ ဧကရာဇ်အဖြစ် နန်းတက်လိုသော ဧကရာဇ်ဝေကို သတ်ပစ်ခဲ့သည်။ လီလုန်ကျီးနှင့် မင်းသမီးထိုက်ဖျင်တို့သည် လင်ယန်းဆရာ၏ လက်အောက်တွင် တွေ့ဆုံကြပြီး လီမိသားစုအား သေသည်အထိ ဒုက္ခပေးခဲ့သော မင်းသမီးအန်းလဲ့၊ ဝူယန်ရွှိ၊ ရှန့်ကွမ်းဝမ်အာတို့ကို သတ်ရန် နန်းတော်ထဲသို့ ပြေးဝင်ကာ လီမိသားစုကို ပြန်လည် သိမ်းပိုက်ခဲ့သည်။
အတိတ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပျက်သွားသလို ထင်ရသော်လည်း ဖန်းချန်ချင်က ဇာတ်လမ်း အဟောင်းများကို ပြန်ပြောနေသည်ကို ကြားရသောအခါ လီလုန်ကျီး သူ့စိတ်အားထက်သန်စွာ တွေးတောကြည့်လိုက်သည်။
"ခိုင်းယွမ်ရဲ့ ပထမနှစ်လည်း ရှိသေးတယ်"
ဖန်းချန်ချင်က ဆက်ပြောလေသည်။ အတိအကျ မှတ်မိရင် အဲဒါက လီလုန်ကျီး နောက်ထပ် အာဏာသိမ်းပြီး မင်းသမီးထိုက်ဖျင်ကို သတ်တဲ့နှစ်ပေါ့။ ထိုအချိန်မှစ၍ တန်မင်းဆက်၏ သာယာဝပြောသော ခေတ်ကို တရားဝင် စတင်ခဲ့သည်။
"ချင်ချန်... ဒီနေ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ခေတ်ကြီးဆိုတာ မင်းသိထားရမယ်... လူတွေကို ကောင်းချီးပေးနေတဲ့ နှစ်မှာ ဓားကို ငါမသုံးနိုင်ရင် ကောင်းမှာပဲ"
လီလုန်ကျီးသည် ဖန်းချန်ချင်ထံမှ အရိပ်အမြွက်အချို့ကို ကြားခဲ့ပြီးပြီမလို့ ဘာပဲဖြစ်ဖြစ် တရားရုံးတွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် မဖြစ်စေလိုကြောင်းလည်း အရိပ်အမြွက် ပြန်လည် ပြောကြားခဲ့သည်။
"ဘုရင်မင်းမြတ်က ပညာရှိလှပါတယ်"
ဖန်းချန်ချင် ချက်ချင်း ပြန်ပြောလေသည်။
"ချန်ချင်က ဘုရင်မင်းမြတ်အကြောင်း တွေးနေပေမယ့် ကိုယ့်အကြောင်းကိုတော့ တွေးမနေနိုင်ခဲ့ဘူး"
လီလုန်ကျီး၏ မျက်ခုံးများသည် အနည်းငယ် ရှုံ့တွသွားသည်။
ဖန်းချန်ချင်: "စစ်သူကြီး ကောင်းရှန်းကျစ်ရဲ့ တဲထဲကို ဝင်ပြီးကတည်းက စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို နှစ်အနည်းငယ် အတွင်းမှာပဲ တရားရုံးက ဖုံးကွယ်ထားခဲ့တယ် ဆိုတာ ချင်ချန် မသိခဲ့ဘူး"
လီလုန်ကျီး: "မဟုတ်ဘူး... အခြားသူတွေရဲ့ လိမ်ညာမှုကို ဖော်ထုတ်ဖို့ လိမ်ညာမှု အနည်းငယ်နဲ့ စတင်ရတာတွေ ရှိတယ်"
"ဒီနှစ်တွေမှာ ချန်ချင်က ဘုရင်မင်းမြတ်ကို လှည့်စားဖူးတာများ ရှိလား"
"တစ်လောကလုံးမှာ မင်းက အခြေအနေ ဘယ်လိုပဲရှိရှိ အမှန်အတိုင်း ပြောတတ်တဲ့သူပဲ"
လီလုံကျီး၏ လေသံမှာ မေးခွန်း မထုတ်နိုင်သော ဘုန်းအာနုဘော်ဖြင့် ပြည့်နှက်နေသည်။
"နားမထောင်ချင်ပေမယ့် မင်းက ဘယ်တော့မှ မလိမ်ညာတတ်တဲ့သူပဲ... ချန်အန်းမှာ ဖြစ်ခဲ့တာတွေရောပေါ့"
လီလုန်ကျီးသည် ငယ်စဉ်ကပင် ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်ပြီး ၎င်း၏မွေးရပ်မြေတွင် ယခုနှစ်များအတွင်း နူးညံ့သိမ်မွေ့စွာ ဖြတ်သန်းခဲ့ရသော်လည်း အမှားအမှန်ကို ရင်ဆိုင်ရာတွင် ကြည်လင် ပြတ်သားသောစိတ် ရှိနေဆဲဖြစ်သည်။
ဖန်းချန်ချင်က တုန်ရီနေတဲ့လက်ကို မြှောက်လိုက်ပြီး သူ့လည်ပင်းကို ညွှန်ပြလိုက်သည်။
"ချန်ချင်က ဒီနေ့ မုသားပြောစရာ ပြောခဲ့တာရှိရင် ဒီလည်ပင်းကနေ ဦးခေါင်းကို ယူဖို့ ဘုရင်မင်းမြတ်ကို ခွင့်တောင်းချင်ပါတယ်... ချန်ချင် ဘာမှ မငြီးညူပါဘူး"
လီလုန်ကျီးမှာ ဖန်းချန်ချင်တစ်ယောက် ဘယ်လို ဆေးအမျိုးအစားကို မှားသောက်ခဲ့လဲ မသိသောကြောင့် မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် ဆိုလာခဲ့သည်။
“ပြောပါ”
......
နံနက် ၃ နာရီတွင် မြို့မြောက်ဘက်ရှိ တော်ဝင် စာမေးပွဲခန်း၌ “ဒိန်းဒိန်းဒန်း” ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျောင်းသားပေါင်း ၂,၅၀၀ နီးပါးကို ကွင်းအတွင်းသို့ ဝင်ရောက်စေခဲ့သည်။ စင်္ကြံလမ်းများက ချိတ်ဆက်ထားပြီး တံခါးများအတွင်း ကောင်းကင် သစ်ကိုင်းများနှင့် မြေကြီးအကိုင်းအခက်များ ရှိနေသည်ကိုပင် မြင်နိုင်သည်။
ကျောင်းသားများသည် အပြင်ဘက်တွင် ရှာဖွေကြပြီး တံဆိပ်ပြားများကို လက်ခံရရှိသောအခါ စာမေးပွဲ စစ်ဆေးသူသည် အပြင်မှနေ၍ တံဆိပ်ပြား၏ အထောက်အထားကို စစ်ဆေးပြီးနောက် ဝင်ရောက် ဖြေဆိုသူသည် ဖြေဆိုသူ တံဆိပ်ပြားကို ထပ်မံချိတ်ဆွဲခဲ့သည်။ အတန်းတစ်ခုစီအတွက် အခန်းများကို ပိတ်ပြီးနောက် စာမေးပွဲခန်းကြီးက အလွန်တိတ်ဆိတ်သွားသည်။
အတောင်လို ဖြန့်ကျက်ထားသော နန်းဆောင်တွေထဲ အတောင်တစ်ခုစီကို အလင်းပြတင်းပေါက် တစ်ခုဖြင့် လုံး၀ ကာရံထားပြီး အစေခံများသည် အစားအစာများ ပို့ဆောင်ပေးကာ ရေအိမ်သွားချင်လျှင် ကိုယ်တိုင် လိုက်ပို့ပေးမည်။ စာသင်သားများက ဤတောင်ပံ ဖြေဆိုခန်းထဲတွင် သုံးရက် ပြည့်တဲ့အထိ နေရမည်ဖြစ်သည်။
ဂိုဒေါင်ထဲတွင်တော့ လူတချို့သည် အိပ်ပျော်နေသော အစေခံများကို ထောင့်စွန်းသို့ ဆွဲခေါ်ကာ ၎င်းတို့၏ တရားဝင် ယူနီဖောင်းများ အထက်မှ အစေခံ အဝတ်အစားများကို ထပ်၀တ်ထားကြသည်။
"စကြရအောင်...."
ငါးကြင်းနတ်ဆိုးသည် ရေကန်ထဲတွင် ပုန်းအောင်းပြီးနောက် ဆေးမှုန့်ကို စတင်ဖြန့်ဝေကာ လူတိုင်းကို သီးခြားစီ ချထားခဲ့သည်။
ဟုန်ကျွင့် ခေါင်းငုံ့ကာ စင်္ကြံတစ်လျှောက် လျင်မြန်စွာ လျှောက်သွားသည်။ တောင်ပံတစ်ဖက်မှ လှမ်းကြည့်လျှင် မတိုင်ခင်က ချိုးယုံစစ် လုပ်ထားသည့် အမှတ်အသားကို တွေ့တိုင်း သူက ဓားပျံဖြင့် အခြားအမှတ်အသား တစ်ခုကို တံခါးဘောင်ပေါ်တွင် အသာအယာ ထွင်းထားခဲ့သည်။
အားထိုက်သည်လည်း ခေါင်းငုံ့ကာ တံခါးတစ်ဖက်စီမှ ဖြတ်သွားရင်း ပေါ့ပေါ့ဆဆ လိုက်ကြည့်ဟန် ဆောင်လိုက်သည်။
"ဟေ့"
စင်္ကြံလမ်းအတိုင်း ဖြတ်သွားသောအခါ အားထိုက်ကို အစောင့်တစ်ယောက်မှ ရှာဖွေတွေ့ရှိ သွားခဲ့သည်။
“ဒီကို ခဏလောက် လာခဲ့”
အားထိုက် ဖြတ်လျှောက်လာသော စာမေးပွဲ အခန်းစောင့်က စာမေးပွဲခန်း အပြင်ဘက်ကို လှည့်ပတ်ကြည့်နေတာ ဘာကြောင့်လဲလို့ မေးလာသည်။ အားထိုက်လည်း လက်တစ်ဖက် အနောက်ကနေ ထွက်လာပြီး သူ့ဝတ်လုံရဲ့ ထောင့်ကို ဆွဲတင်လိုက်၏။
စစ်ဆေးသူ- "?"
စာမေးပွဲ အစောင့် နောက်ကြောင်း ပြန်ကြည့်ခါနီးမှာ ငါးကြင်းနတ်ဆိုးက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ပန်းဝတ်မှုန်တို့ကို ခါယမ်းလိုက်လေသည်။
"မြင်မြင်ချင်း ချမ်းသာကြပါစေ--"
စစ်ဆေးသူ နှာချေနေစဥ် အားထိုက် ချက်ချင်းလှည့်၍ ငါးကြင်းနတ်ဆိုးနဲ့အတူ ထောင့်တစ်နေရာသို့ ထွက်ပြေးသွားလေသည်။
စစ်ဆေးသူ- "??"
......
"ရပ်လိုက်ပါ..မင်းကိုဘာလို့ မတွေ့ထူးတာလဲ..."
နောက်ထပ် အစောင့်တစ်ယောက်က ချိုးယုံစစ်ကို တားလိုက်ပြန်သည်။
"နှုတ်ဆက်ပါတယ်!" ငါးကြင်းနတ်ဆိုးက ထပ်ပြောပြန်၏။
ဟုန်ကျွင့် တောင်ပံတစ်ခုမှ ဖြတ်သွားကာ အတွင်းကို တစ်ချက် ကြည့်လိုက်ရာ တုဟန်ချင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ တုဟန်ချင်းက ငြိမ်ငြိမ်ကလေး ထိုင်နေကာ ဟုန်ကျွင့် တခဏမျှ တုံ့ဆိုင်းသွားပြီး ဘေးခန်းမှ ဖြတ်သွားခဲ့သည်။
လီကျင်လုံသည် စင်္ကြံအနောက်ဘက်မှ တိတ်တဆိတ် လှည့်ထွက်ကာ ဟုန်ကျွင့် နောက်ကျောကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ မထင်မှတ်ပဲ ဟုန်ကျွင့်က နောက်ပြန် လှည့်လာပြီး လီကျင်လုံလည်း ချက်ချင်းပဲ စင်္ကြံနောက်ကို လိုက်သွားပြန်၏။
ဟုန်ကျွင့် ဓားပျံတစ်လက်ကို ကိုင်ထားပြီး ခဏလောက် တုံ့ဆိုင်းနေတာကို တွေ့လိုက်ရသည်။ နောက်ဆုံးမှာတော့ အမှတ်အသားတစ်ခုကို ရက်စက်စွာ ထွင်းထုလိုက်စဥ် သူ့မျက်လုံးတွေ နီရဲလာလေသည်။ အဲဒီနောက် ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။
ခဏအကြာတွင် မော့ရစ်ကန်း အလျင်အမြန် လျှောက်လာကာ ခေါင်းငုံ့ကာ တံခါးအပြင်ဘက်ရှိ အမှတ်အသားကို မြင်ပြီးနောက် အခန်းတွင်းသို့ ချောင်းကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သာက အမှတ်အသားကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ကာ လှည့်ထွက်သွားခဲ့သည်။
လီကျင်လုံ: "..."
လီကျင်လုံ ထွက်ခွာခါနီးတွင် အားထိုက်က အလားတူပင် တုဟန်ချင်း၏ တံခါးကို စစ်ဆေးရန် ထွက်လာခဲ့သည်။ ချိုးယုံစစ် တစ်ယောက်ကတော့ စင်္ကြံကို လှည့်ကြည့်လိုက်တော့ လီကျင်လုံကို ဝင်တိုက်လုနီးပါး ဖြစ်သွားတာကြောင့် ခဏတာမျှ ထိတ်လန့်သွားလေသည်။
"ဟေး ခေါင်းဆောင်?" ချိုးယုံစစ် ပြုံးလိုက်သည်။
"ငါ့ရဲ့စိုးရိမ်မှုတွေက အချည်းနှီး ဖြစ်သွားပုံရတယ်... မင်းအားလုံးက ဟုန်ကျွင့်ကို အရမ်းကာကွယ်ပေးကြတာပဲ"
ချိုးယုံစစ် ပြုံးပြီးပြောလေသည်။
"ငါက ပျက်စီးမှာကို ကြောက်လို့ပါ... ခေါင်းဆောင်က အားလုံးက အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းဘေးမှာပဲ ရှိနေမှာပဲ"
ချိုးယုံစစ် ပြောပြီးနောက် လုရွှမ် ပုခုံးကို ပုတ်လိုက်သည်။ တံခါးများ အားလုံးကို အမှတ်အသား ပြုပြီးနောက် လူတိုင်းသည် ၎င်းတို့ကို ရေတွက်ရန် ဂိုဒေါင်အပြင်သို့ ထွက်သွားကြသည်။
လီကျင်လုံ: "အခန်း၂၆၆ခန်း အားလုံးအဆင်သင့် ဖြစ်နေပြီ... ခေါင်းလောင်း တီးတာကို စောင့်ရအောင်"
ဟုန်ကျွင့် တိတ်ဆိတ်နေ၏။ ဘယ်သူမှ စကားမပြောကြတာကြောင့် ပတ်ဝန်းကျင် လေထုက အနည်းငယ် ထူးဆန်းသွားသည်။ လီကျင်လုံ တစ်လှမ်းနှစ်လှမ်း လျှောက်ကာ ဟုန်ကျွင့်ပခုံးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
"ဒီတစ်ခါ ကိစ္စတွေပြီးရင် အားလုံး သွားပျော်ကြမယ်လေ ဘယ်ကိုသွားချင်လဲ"
"တကယ်လား?!"
ဟုန်ကျွင့် အံ့သြသွား၏။ သို့သော် မျက်လုံးတွေကို ကြည့်လိုက်လျှင် ပျော်ရွှင်သွားပုံ ပေါ်လေသည်။ လီကျင်လုံ၏ နှုတ်ခမ်းထောင့်များ တုန်လှုပ်သွားပြီး 'မင်း စိတ်ညစ်တာတွေရော' ဟူ၍ တွေးလိုက်သည်။
"ဖျင်ကန်းလီ!" ချိုးယုံစစ် ချက်ချင်း ပြောလိုက်သည်။
လီကျင်လုံ: "..."
"ဖျင်ကန်းလီ" အားထိုက်ကလည်း ပြုံးပြီးပြောသည်။
ဟုန်ကျွင့်: "ဖျင်ကန်းလီဆို အဆင်ပြေရဲ့လား? ကျွန်တော် တကယ် မရောက်ဖူးသေးဘူး... တကယ်လို့ ခေါင်းဆောင်က မကြိုက်ရင်လည်း ..."
မော့ရစ်ကန်း: "ဒါဆို ဖျင်ကန်းလီပေါ့... တစ်ညလုံးနေစရာ မလိုပါဘူး... ငါတို့ ကခုန်တာတွေ ကြည့်ပြီး သီချင်းတွေ နားထောင်လို့ရတယ်... ဖျင်ကန်းလီက ဒီလိုနေရာမျိုးလည်း ဟုတ်တယ်.... မလား?"
လီကျင်လုံ: "မင်းပါ သွားချင်နေတာလား?"
လီကျင်လုံခမျာ ဤလက်အောက်ငယ်သားများ ၎င်းတို့၏ ဦးနှောက်ထဲတွင် ဘာတွေ ထည့်ထားသလဲ လုံးဝ နားမလည်နိုင်တော့ပေ။
မော့ရစ်ကန်း: "အမ် ဒါ ငါ့ရဲ့ပထမဆုံးအကြိမ် လည်ပတ်တာပဲလေ... မေ့လိုက်ပါ နောက်မှပြောကြတာပေါ့ ဒါပေမဲ့ အရက်သောက်ပြီး သီချင်းနားထောင်တာက အဆင်ပြေတယ်မလား"
ငါးကြင်းနတ်ဆိုးက "ဖျင်ကန်းလီ အဆင်ပြေရဲ့လား အဲဒီက ပန်းချီကားတွေကို ငါ အရမ်း ကြည့်ချင်တယ်"
"ဒါဆို ဖျင်ကန်းလီပေါ့ပဲ!" ချိုးယုံစစ်က ထပ်ပြောပြန်သည်။
"ကောင်းပြီ-!"
အားလုံးက ဝမ်းသာအားရဖြစ်ပြီး ငြိမ်သက်နေသော တစ်ဦးတည်းသော သူမှာ လီကျင်လုံပဲ ဖြစ်လေသည်။ သူက နဖူးပေါ်ကိုသာ လက်တင်ထားလိုက်ရ၏။ ဤအခိုက်အတန့်တွင် ခေါင်းလောင်းသံက "ဒိန်းဒိန်းဒန်း" ဟု မြည်လာကာ လူတိုင်း ချက်ချင်းထကာ ပြင်ဆင်ကြသည်။
ဒုတိယအချိန်တွင် ခေါင်းလောင်းသံ မြည်သောအခါ စာမေးပွဲ ဖြေဆိုသူများသည် စာရွက်များကို လက်ထဲတွင် ကိုင်ဆောင်ကာ အခန်းထဲသို့ အမြန်လျှောက်သွားကာ စာမေးပွဲစာရွက်များကို ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ကြသည်။ လီကျင်လုံတို့လည်း နောက်တစ်ခန်းကို အမြန်လျှောက်သွားပြီး တောင်ပံတွေ အားလုံးကို လှည့်ကြည့်လိုက်သည်။
နေရောင်က ထိန်ထိန်လင်းနေပြီး ဖြစ်သလို ဟုန်ကျွင့်ရဲ့ လက်ဖဝါးတွေကလည်း ချွေးတွေ ထွက်နေပြီ။ အပြင်မှာ တစ်ယောက်ယောက်က ဟစ်အော်လိုက်သည်။
"ရေလာ ပို့ပါပြီ!"
လူအားလုံးသည် အစေခံများနှင့် ရောနှောကာ ဝင်သွားကြသည်။ သူတို့က ခေါင်းငုံ့ကာ ရေအိုးများကို ထမ်း၍ ထွက်လာကြပြီး အစောင့်များက တောင်းနှင့် ရေအိုးများကို ရှာဖွေစစ်ဆေးသည်။ လီကျင်လုံက ဘယ်လက်နှင့် ရေပုံးကို ကိုင်ဆောင်ထားကာ ညာဘက်လက်ထဲ၌ ဝိညာဥ်ဆေးမှုန့်ကို ကိုင်ထား၏။ အမှတ်အသားရှိသော တံခါးအပြင်ဘက် ရောက်သော် အမှုန့်ကို ထည့်၍ အစောင့်အရှောက် ပေးသော ရေခွက်ထဲ ထည့်ကာ ပြတင်းပေါက်မှ ပေးလိုက်သည်။
အခန်းတစ်ရာနီးပါးကို ထိုနည်းအတိုင်း လုပ်လိုက်ရရာ လူတိုင်း ပင်ပန်းလွန်းလို့ ချွေးတွေတောင် ထွက်ကျနေပြီ။ ဂိုဒေါင်သို့ ပြန်ရောက်သောအခါ လီကျင်လုံသည် အချိန်ကုန်လုနီးပါးဖြစ်သည်ကို မြင်လိုက်ရကာ ခပ်တိုးတိုး အမိန့်ပေး၏။
"စမယ်!"
လူတိုင်း နံရံကို ကျော်တက်ကာ စာမေးပွဲခန်း၏ ဦးတည်ရာဘက်သို့ ထွက်လာကြပြီး ရင်တမမ ဖြစ်နေကြသည်။ ဤကြိုးစားအားထုတ်မှုအားလုံးပြီးနောက် နေ့တာ အများစု ကုန်ဆုံးခဲ့သည်။ ဆောင်းဦး မွန်းလွဲပိုင်းက အနည်းငယ်အေးနေသေးသည်။ ဟုန်ကျွင့်သည် ရေမသောက်မှာ သို့မဟုတ် ဆေးမလုံလောက်တော့မည်ကို စိုးရွံ့နေ၏။ ယခုတော့ လီကျင်လုံက ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ထပ်မံ ပြင်ဆင်လာခဲ့ရာ အလွန်အမြော်အမြင် ကြီးလှကြောင်း ချီးကျူးမိလေသည်။
လီကျင်လုံသည် ခဏတာ စိတ်ရှည်စွာ စောင့်ဆိုင်းကာ အသက်ပြင်းပြင်း ရှူနေသည်။ မကြာမီမှာပင် လမ်းပေါ်၌ ရထားလုံးသံများ ထွက်ပေါ်လာကာ ကောင်းလိရှစ်နဲ့ တော်ဝင် စာမေးပွဲအတွက် တာဝန်ရှိသူများ ရောက်ရှိလာကြသည်။ လီကျင်လုံဟာ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ကြောင်း ချက်ချင်း ပြောလာသည်။
"လှုပ်ရှားကြစို့!"
ဟုန်ကျွင့်: "ခဏစောင့်ပါဦး... ကျွန်တော် နည်းနည်းကြောက်တယ် သူတို့က ဒီလောက်မြန်မြန် မထွက်လာသင့်ဘူး... ခဏစောင့်ရအောင်"
လီကျင်လုံ: "ငါသောက်ခဲ့ဖူးတဲ့ ရေနဲ့ မင်းရဲ့ဆေးကို စမ်းသပ်ခဲ့ပြီးပြီ ဆေးက လုံလောက်တယ်"
ဟုန်ကျွင့် : "သူတို့ မသောက်မှာကို ကြောက်တာ"
လီကျင်လုံ - "မနက်ခင်းတုန်းက မော့ရစ်ကန်း ထွက်သွားတယ် ဆိုတာက ကော်ကျစ်ကျန့် တစ်ခုလုံးရဲ့ မနက်စာထဲကို 40% နီးပါး ထည့်ခိုင်းခဲ့တာ"
မော့ရစ်ကန်းမှလွဲ၍ လူတိုင်းက တုန်ရီသွား၏။ ချိုးယုံစစ်က ဦးစွာ ဆိုလေသည်။
"ခေါင်းဆောင်.... ဒီနေ့ကစပြီး ငါမင်းနောက်ကို လိုက်ခဲ့မယ်နော် "
အားထိုက် "ဒါက ဘယ်သူပါလိမ့်!"
လီကျင်လုံက နှိမ့်ချစွာပြောသည်
"မင်းတို့ကို ရယ်ရအောင် လုပ်မိသွားပြီ... အခုတော့ ပိုလေးနက်ရမယ် သွားကြရအောင်"
စကားပြောပြီးနောက် လီကျင်လုံသည် နက်ပြာရောင် အစေခံဝတ်စုံကို ချွတ်လိုက်ပြီး ဧကရာဇ်မင်းမြတ်က ပေးထားသည့် တရားဝင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ကျန်လူများကလည်း သူ့အတိုင်း လိုက်လုပ်ခဲ့၏။ သူတို့ရဲ့ တရားဝင်အဝတ်တွေကို ထုတ်ဖော်ပြီးတဲ့အခါ လီကျင်လုံ စာမေးပွဲ အခန်းတွေဆီ လျှောက်သွားတော့သည်။