Chapter (25)
စာမေးပွဲအခန်းထဲ ကောက်ချက်ချချက်
ကောင်းလိရှစ်သည် ယဥ်ကျေးမှုဆိုင်ရာ အမတ်ကြီး၊ ဝတ်ပြုရေးဆိုင်ရာ အမတ်ကြီး၊ ဝမ်ယွမ်နှင့် ဟုန်ဝမ်နန်းဆောင်က ပညာရှင်ကြီးနှစ်ဦးတို့ နှင့်အတူ အဆိုပါနေရာကို လူကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပါသည်။ အားလုံး ရောက်လာပြီးတာနဲ့ စာမေးပွဲခန်း အလယ်မှာ စုပြီး ရယ်မောရင်း စကားစမြည်ပြောရင်း အပြင်ကနေ အသံတစ်ခု ထွက်လာခဲ့သည်။
"တော်ဝင်စာမေးပွဲခန်းထဲကို ပျင်းရိသူတွေကို ဝင်ခွင့်မပြုဘူး!"
"နတ်ဆိုးနှင်ဌာနက တရားဝင်လုပ်ငန်း ထမ်းဆောင်နေတယ်... မဆိုင်တဲ့သူတိုင်း ဝေးဝေးမှာ နေပါ!"
ကောင်းလိရှစ်: "..."
စစ်ဆေးသူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ရာ သူတို့အားလုံးလည်း စင်္ကြံလမ်းမှထွက်ကာ တံခါးအပြင်ဘက်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ချိုးယုံစစ်က ကျယ်လောင်သော အသံဖြင့် အော်လိုက်ပေ၏။
"တလီတရားရုံး... နတ်ဆိုးနှင်ဌာနက ဌာနခေါင်းဆောင် လီကျင်လုံ ရောက်ရှိလာပါပြီ--"
လီကျင်လုံ: "..."
ကောင်းလိရှစ်: "လီကျင်လုံ မင်း ဒါ ဘာလုပ်နေတာလဲ?"
အစောင့်များသည် သူ့အား တားဆီးရန် ရှေ့တိုးလာသော်လည်း ဟုန်ကျွင့်က လီကျင်လုံ နောက်ကွယ်မှနေ၍ သူ၏ နတ်အလင်းငါးရောင်ကို ထုတ်လွှတ်လိုက်သည်။ ဒါကို သာမန်လူသားတွေ အနေနဲ့ ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲဖ။ သူတို့ကို ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။ တစ်ခဏချင်းတွင် စာမေးပွဲခန်းရှေ့တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အစောင့်များသည် ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်ကာ လီကျင်လုံနှင့် သူ့နောက်မှ လူလေးဦးကို ဝိုင်းထားလိုက်သည်။
စာမေးပွဲမှူးများ အံ့အားသင့်သွားကြသည်။ လီကျင်လုံ၏ အပေါင်းအဖော်များက မည်သို့သော နည်းလမ်းကို သုံးခဲ့သလဲ မသိခဲ့ကြသော်ငြား ထိုညက သူပြောခဲ့သည့် စကားသာ အမှန်ဆိုလျှင် ဤလူအုပ်စုနဲ့အတူ ကပ်ဆိုးကြီးကို သယ်ဆောင်လာသူက လီကျင်လုံ ဖြစ်သည်ဟု ကောင်းလိရှစ်က ဆိုခဲ့သည်။ ခုနက မှော်ဖြစ်ဖြစ် လှည့်စားတာပဲဖြစ်ဖြစ် ပြဿနာဖြစ်လာရင် တံခါးစောင့်က သူတို့ကို မထိန်းနိုင်တော့မှာကို ကြောက်လာသည်။ ဒါကြောင့် သူ့ကို တည်ငြိမ်အောင် အရင်လုပ်ရမယ်။
"သူ့ကို ဝင်ခွင့်ပေးလိုက်!"
ကောင်းလိရှစ် ပြတ်ပြတ်သားသား ပြောသည်။ လူတိုင်း စာမေးပွဲခန်းထဲသို့ ဝင်သောအခါတွင် လီကျင်လုံသည် ကောင်းလိရှစ်ကို နှိမ့်ချခြင်း သို့မဟုတ် သည်းခံခြင်း မရှိဘဲ ဦးစွာ အလေးပြုခဲ့သည်။
ကောင်းလိရှစ်: "လီကျင်လုံ မင်းရဲ့ နတ်ဆိုးနှင်ဌာနကို တရားဝင် ဖျက်သိမ်းလိုက်ပြီ မင်းအတွက် ကျန်နေသေးတဲ့ အချိန်က ပြန်ပြီး ပစ္စည်းတွေရွှေ့ဖို့ပဲ... မင်း ဘာလို့ ဒီမှာ ပြဿနာ လာရှာနေသေးတာလဲ?"
ဝတ်ပြုရေးဆိုင်ရာ အမတ်ကြီးသည် အေးစက်စွာ ဟစ်အော်ကာ လီကျင်လုံအား သူ့မျက်နှာပေါ်က လှောင်ပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ ထိုမှသာ နတ်ဆိုးနှင်ဌာနရှိ လူတိုင်းသည်လည်း အဖြစ်အပျက်ကို သိသွားကြပြီး အလွန်အံ့သြစွာဖြင့် လီကျင်လုံကို ကြည့်လိုက်ကြသည်။
လီကျင်လုံ: "တော်ဝင်စာမေးပွဲကို ကြီးကြပ်ကွပ်ကဲပြီး စာမေးပွဲခန်းထဲက မိစ္ဆာတွေကို ဖယ်ရှားဖို့ ဘုရင်မင်းမြတ်ရဲ့ အမိန့်နဲ့ ဒီနေ့ ဒီကို ရောက်လာခဲ့တာ!"
စစ်ဆေးသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အချို့က ရယ်မောကြလေသည်။
"လီကျင်လုံ မင်းက ရူးနေလား ငါ မင်းအတွက် သမားတော် ပင့်ပေးရဦးမလား..."
လီကျင်လုံ: "ဘုရင်မင်းမြတ်ဟာ လီရှန့်တောင်ကနေ ပြန်လာနေပြီ... ကျွန်တော်တို့ကတော့ သူ့ကို မစောင့်တော့ဘူး ကျေးဇူးပြုပြီး ခင်ဗျားတို့အားလုံးကို သက်သေအဖြစ် ခေါ်ယူချင်တယ်"
ထိုသို့ပြောပြီးနောက် လူစုလူဝေးကို လျစ်လျူရှုကာ ကောင်းလိရှစ်က အရင်ဆိုလိုက်သည်။
"လီကျင်လုံ မင်း ဘာတွေလုပ်နေတာလဲ"
ဟုန်ကျွင့်နှင့် အခြားသူများက နောက်မှ လိုက်လာကြပြီး ကောင်းလိရှစ် အပါအဝင် အမှုထမ်း အရာရှိများကို အမြန် ဖမ်းလိုက်ကြသည်။
"လီကျင်လုံ! တော်ဝင်စာမေးပွဲ အခန်းက တိုင်းပြည်ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ နေရာပဲ... ဘယ်သူကမင်းကို ဒီမှာ မာနကြီးဖို့ ခွင့်ပြုထားလို့လဲ!"
အတောင်ပံတစ်ခုစီတွင် စာသင်သားများသည် အပြင်ဘက်က ငြင်းခုံသံများကို ကြားလိုက်ကြပြီး စူးစူးစိုက်စိုက် ကြည့်ရန် ပြတင်းပေါက်ဆီသို့ ရောက်လာကြသည်။ လီကျင်လုံ အမြန်လမ်းလျှောက်လာသည်ကို မြင်တော့ ကောင်းလိရှစ်က ဆိုလေသည်။
"လီကျင်လုံ! မင်းက အရူးပဲ! မြန်မြန်လာပြီး သူ့ကို ဖမ်းလိုက်ကြစမ်း"
"ဘယ်သူက လုပ်ရဲလဲ!"
ဟုန်ကျွင့် ထွက်ပြောပြီးတာနဲ့ အစောင့်တွေအားလုံး ရှေ့ကို မလှမ်းဝံ့တော့ပေ။ လီကျင်လုံလည်း အခန်းတစ်ခန်းရှေ့ သွားပြီး ကန်ထည့်လိုက်သည်။ ထိုကန်ချက်ကြောင့် တံခါးသော့ကို ချက်ချင်း ချိုးဖျက်ပစ်သလို ဖြစ်သွားသည်။
"ဘာဖြစ်တာလဲ!"
အထဲမှ စာသင်သား တစ်ယောက်က လီကျင်လုံကို ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ဟုန်ကျွင့်၏ နှလုံးခုန်သံက ဆောင့်ခုန်သွားကာ သူ့တစ်ကိုယ်လုံး အေးစက်နေသော ရေအေးများက ခေါင်းမှ ခြေဖျားအထိ လောင်းချခံလိုက်ရသလို ခံစားလိုက်ရကာ ပတ်ဝန်းကျင် တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။ လူတိုင်းရဲ့ စိတ်ထဲမှာ တစ်ပြိုင်တည်း တွေးလိုက်မိတာက 'သွားပြီ' ဆိုတဲ့ အတွေးပင်။
"ကျွန်တော် တံခါးမှားကန်မိလို့ တောင်းပန်ပါတယ်"
လူတိုင်း: "..."
လီကျင်လုံ တံခါးကို ထပ်ခေါက်လိုက်သော် ကောင်းလိရှစ် သည်းမခံနိုင်တော့ဘဲ ဟစ်အော်လိုက်သည်။
"လီကျင်လုံ!"
လီကျင်လုံ ဘေးသို့ ထွက်သွားပြီး ကောင်းလိရှစ်လည်း ခဏမျှ တိတ်ဆိတ်သွားသည်။ အခန်းတစ်ခန်းရှေ့ ရောက်သော် ပြန့်ကျဲနေသော စာသင်သား၏ အဝတ်အစားများ အောက်တွင် မီးခိုးရောင် မြေခွေးတစ်ကောင် လဲလျောင်းနေတာကို တွေ့လိုက်ရလေသည်။ ဟုန်ကျွင့် ဝမ်းသာအားရ ဖြစ်သွားကာ ကျန်လူတိုင်း သက်ပြင်းချလိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ကောင်းလိရှစ်မှာ စာမေးပွဲ စစ်ဆေးသူတွေကို လှမ်းကြည့်ရင်း ခြေလှမ်း၂လှမ်းလောကိ နောက်ပြန်ဆုတ်မိသွားသည်။
“ဒါ…ဒါ…” ဝတ်ပြုရေးဆိုင်ရာ အမတ်ကြီးလည်း တုန်လှုပ်သွားပြီး။
“ဒါက ဘာတွေ ဖြစ်ကုန်တာလဲ?"
"လူတွေ ဘယ်မှာလဲ?!" စာမေးပွဲမှူးကလည်း အော်သည်။
လီကျင်လုံ လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးနှင် ဌာနရှိလူတိုင်းသည် သဲလွန်စများကို ရှာဖွေရန် အရှိန်မြှင့်လိုက်ကြသည်။ မော့ရစ်ကန်းလည်း ဤနေရာတွင် ချုပ်ကိုင်နိုင်သူ မရှိဘူးဟု မထင်မှတ်ထားရာ ခေါင်းခါယမ်းလိုက်မိသည်။ ဘေးက စာမေးပွဲခန်းက လှမ်းကြည့်လိုက်တော့ ချိုးယုံစစ်က သူ့ကို နောက်ပြန်တွန်းလိုက်ပြီး ဟုန်ကျွင့်က တံခါးသော့ကို ပြန်လှည့်ခတ်လိုက်သည်။
"မြေခွေးကို ဖမ်း!" လီကျင်လုံက အေးစက်စွာပြောပြီး။
"မင်းက ခါးပတ်နဲ့ အဝတ်အစားတွေကို သွားယူလိုက်ဖို့ နောက်ခန်းတွေကို လိုက်သွားလိုက်ပါ..."
"နောက်ထပ် ရှိသေးတာလား?!" စာမေးပွဲမှူးက အံ့အားသင့်စွာ ပြောသည်။
ထိုအချိန်တွင် ကောင်းလိရှစ် ကြောင်အနေချိန်မှ ပြန်ကောင်းမလာခင်မှာ လီကျင်လုံက တံခါးကို ကန်ဖွင့်လိုက်ပြီးပြီ။
"ခဏနေဦး!"
"ဘာကိုစောင့်နေရမှာလဲ!! စစ်သူကြီးကောင်း ထန်မင်းဆက်ရဲ့ တော်ဝင်စာမေးပွဲမှာ ပါဝင်ခဲ့တဲ့သူတွေက တကယ်တော့ မြေခွေးအုပ်စုပဲ... အနာဂတ်မှာ ညီလာခံထဲ မိစ္ဆာတွေ ပြည့်လာမှာကို မင်း လုံးဝ မကြောက်ဘူးလား"
အဲဒီစကားလုံးက စာမေးပွဲမှူးတွေ၊ အမတ်ကြီးတွေနဲ့ တာဝန်ရှိ အမှုထမ်း အရာရှိတွေရဲ့ နောက်ကျော တစ်ခု ချမ်းတုန်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်လိုက်သလိုပါပဲ။
"ကြည့်!"
လီကျင်လုံ တံခါးများစွာကို တစ်ခုပြီးတစ်ခု ကန်ဖွင့်ကာ လူတိုင်းကို ဦးစွာကြည့်ရှုခွင့် ပေးပြီးနောက် မော့ရစ်ကန်းကို မြေခွေးများ ဖမ်းခဲ့ခိုင်းသည်။ ချိုးယုံစစ်သည် ကျောင်းဝင်းအတွင်း မှော်စက္ကူဖြင့် မှော်အဝိုင်းတစ်ခုကို ပြုလုပ်ပြီး အိပ်နေသော မြေခွေးအားလုံးကို ပစ်ချလိုက်သည်။
"နေဦး!"
မြေခွေးတွေ ပိုပိုပြီးများလာသည်။ ကောင်းလိရှစ်မှာ လုံးဝကို စိတ်ရှုပ်ထွေးသွားလေသည်။
"လီကျင်လုံ! ဒါက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြစမ်း!..."
ဟုန်ကျွင့် : " ငါ့ကိုလည်း ကန်ခိုင်းပါဦး "
လီကျင်လုံ- "ကန်ဖွင့်လိုက်.... အားထိုက် မင်းနဲ့ တခြားသူတွေက ကျန်တဲ့အကောင်တွေကို ဖမ်းလာခဲ့"
"ရပ်စမ်း.... ရပ်စမ်း"
လီကျင်လုံ တံခါးကို ကန်ဖွင့်လိုက်တိုင်း အမတ်လောင်းများသည် မြေခွေးများအဖြစ်သို့ ပြောင်းလဲသွားတတ်တာကြောင့် လူတိုင်းလိုလို အထိတ်တလန့် ဖြစ်နေကြလေပြီ။
"လီကျင်လုံ မင်းဘယ်လို မှော်ပညာကို လာသုံးနေတာလဲ !"
ဟုန်ကျွင့် တံခါးကို နှစ်ကြိမ်သုံးခါလောက် တံခါးကိုဖွင့်ပြီးနောက် မြေခွေးများကို ဆွဲထုတ်လာသည်။ လီကျင်လုံသည် တံခါးတွေကို ဖျက်ဆီးလိုသော ဆန္ဒကို ကျေနပ်စွာ ကန်ပြီးနောက် မြေခွေးကို နှစ်ကောင်သုံးကောင် ဆက်တိုက် ဆွဲထုတ်လာလေသည်။ ထို့နောက် ယဥ်ကျေးမှုဆိုင်ရာ အမတ်ကြီးက ဟစ်အော်လာလေသည်။
"ဒီကိစ္စကို ငါ့ကိုရှင်းပြပါ!"
လီကျင်လုံ - "နတ်ဆိုးနှင်ဌာနက ခင်ဗျားဌာနရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး... ဒါကြောင့် သွားပြီးတော့ အပြစ်ပေးရေး အမတ်ကြီးကို ဖိတ်လိုက်ပါ"
ကောင်းလိရှစ်က ဒေါသတကြီး ဟောက်လေသည်။
"လီကျင်လုံ ဒါ မင်းရဲ့ မှော်ပညာပဲ မင်း... မင်း လက်စားချေနေတာ!"
လီကျင်လုံ ရပ်လိုက်ပြီး ကောင်းလိရှစ်ကို အေးစက်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူ လှည့်ကြည့်လာသောအခါ ကောင်းလိရှစ်နှင့် အခြားသူများ ချက်ချင်း ထိတ်လန့်သွားကာ ခြေတစ်လှမ်း ဆုတ်မိသွား၏။ အကြောင်းမှာ သူတို့လည်း မြေခွေးများလို ကန်ကျောက်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် စာမေးပွဲခန်းအတွင်း အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
"ဘုရင်မင်းမြတ် ရောက်ရှိလာပါပြီ--!"
စာမေးပွဲခန်း တစ်ခုလုံး ဘာဖြစ်နေမှန်း မသိသော အမတ်လောင်းများသည် လီလုန်ကျီး၏ မျက်နှာအစစ်ကို မြင်ရရန် အပြေးအလွှားဖြင့် ပြတင်းပေါက်ဆီသို့ ပြေးကြသည်။ ယခုအချိန်တွင် လီလုန်ကျီးသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ထားပြီး ရှေ့သို့ လှမ်းလာသည်။ ဖန်းချန်ချင်ကလည်း လီလုံကျီးနောက်တွင် ချိုင်းထောက်ဖြင့် လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
လီလုံကျီးသည် ပွင့်လင်းသော နေရာမှ ဖြတ်သွားသောအခါတွင် သူက မှော်ပုံစံရှိသည့် မြေခွေးကို ငုံ့ကြည့်နေ၏။ သူ့မျက်လုံးများက တုန်ရီစွာဖြင့် ဖန်းချန်ချင်ကို ပြန်ကြည့်သော်လည်း ဖန်းချန်ချင်က "ကြွပါ" ဟူသည့် အမူအရာ လုပ်ပြလာသည်။
"အရှင်မင်းကြီးကို ဂါဝရပြုပါတယ်"
လီလုန်ကျီး ရောက်လာပြီမလို့ အားလုံးက အတူတူ ဦးညွှတ် အလေးပြုကြသည်။ ထိုစဥ် လီကျင်လုံက လက်သီးဆုပ်ပြီး ဆိုလေ၏။
"အရှင်မင်းမြတ်... စစ်သူကြီးကောင်းနဲ့ တခြားသူတွေက ဒီမြေခွေးမိစ္ဆာတွေကို ဖမ်းဖို့ ကျွန်တော်တို့ကို ကူညီပေးနေကြတာပါ"
လီလုန်ကျီးလည်း ကောင်းလိရှစ်ကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။
"ဒါက တကယ်ပဲလား?"
ကောင်းလိရှစ်မှာ မထိန်းနိုင် မသိမ်းနိုင် တုန်တုန်ယင်ယင် ဖြစ်နေသည်။ လီကျင်လုံရဲ့ လှုပ်ရှားမှုနဲ့ လှည့်ကွက်တွေက လှပလွန်းသဖြင့် သူ ခေါင်းညိတ်ပြရမလို ဖြစ်နေသော်လည်း သူပြောရုံသာ တတ်နိုင်သည်။
"ဟုတ်....ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးလည်း မသိ.... ဘာကြောင့်...."
"တံခါးဖွင့်! ငါကြည့်လိုက်မယ်"
လီလုန်ကျီး အခြားတံခါးရှေ့မှာ ရပ်နေလိုက်သည်။ စစ်ဆေးသူသည် သော့ကို ယူသွားသော်လည်း သူ့လက်များက လှုပ်ရမ်းနေတာကြောင့် သော့ကို မဖွင့်နိုင်ပေ။ သို့နှင့် လီလုန်ကျီးက ရှေ့သို့ ပြေးသွားကာ သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။
လီလုန်ကျီး အခန်းထဲကို အမြန်ဝင်သွားသည်။ လီကျင်လုံခမျာ သူ့ကို တားချင်ပေမယ့် ဖန်းချန်ချင်က အဆင်ပြေကြောင်း အချက်ပြလာ၏။ ဧကရာဇ်မင်းမြတ်၏ ဘုန်းအာနုဘော်သည် ထိုနေရာတွင် ရှိနေဆဲ ဖြစ်သောကြောင့် လီလုန်ကျီးသည် တောင်ပံထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကာ မြေခွေးများကို ကြည့်ရှုခဲ့သည်။
"ဘယ်လောက်လဲ?"
"အရှင်မင်းကြီး စုစုပေါင်း ၂၆၆ ကောင် ရှိပါတယ်"
လီကျင်လုံ ပြန်ဖြေလိုက်သည်။ လီလုံကျီး၏ မျက်လုံးများက ဒေါသအရိပ်များဖြင့် ပြည့်နေတော့၏။ နောက်တံခါးကို ရောက်သောအခါတွင် အခြားသူများက သူတံခါးဖွင့်မှာကို မစောင့်နေရဲတော့ဘဲ တံခါးများကို ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း သူတို့အားလုံးသည် မြေခွေးများ ဖြစ်နေသည်။
တစ်နာရီကြာပြီးနောက် စာမေးပွဲခန်း၏ ပွင့်လင်းသော နေရာတွင် မြေခွေးတောင်တန်းငယ်များဖြင့် ပြည့်နှက်လာသည်။ ဟုန်ကျွင့် ပေးသော ဆေးသည် အလွန်လေးလံသဖြင့် မြေခွေးမိစ္ဆာတွေ ခဏတာ မနိုးလာပေ။ လီလုန်ကျီးက ထိုင်ခုံပေါ်ထိုင်လျက် လီလုန်ကျီးကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ တိတ်တဆိတ် ကြောက်ရွံ့မှုတချို့ ရှိနေခဲ့သည်။
"ဒါက မင်းအတွက်..."
လီကျင်လုံသည် မြေခွေးလေးတစ်ကောင်ကို ကိုင်ဆောင်ကာ ဟုန်ကျွင့်အား ပေးလာ၏။ ၎င်း၏ရှေ့ ခြေထောက်တွင် ကျောက်စိမ်းပြား တစ်ခုကို ကြိုးနဲ့ ချည်ထားလေသည်။ ဟုန်ကျွင့် စိတ်သက်သာရာရပြီး ကျေးဇူးတင်ကြောင်း ပြောတော့မယ့်အချိန်မှာ လီကျင်လုံက အရင်ပြောလာပါသည်။
"ငါကတောင် မင်းကို ကျေးဇူးတင်ရမှာပါ... ဟုန်ကျွင့်"
......
တော်ဝင်စာကျက်ချိန်၌ လှောင်အိမ်ထဲမှ မြေခွေးလေးသည် နိုးလာကာ ရုတ်တရက် တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ကိုယ်သူ လှောင်အိမ်ထဲ ရောက်နေကြောင်း သိလိုက်သောအခါ ဘယ်ညာ ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့" ဟုန်ကျွင့်ရဲ့ အသံက စာသင်ခန်းနားကနေ ထွက်ပေါ်လာသည်။
"ဒီမှာ ပုန်းနေတာ လုံခြုံပါတယ်... သူတို့ မင်းကို ရှာမတွေ့ဘူး"
မြေခွေးလေး၏ အမွှေးများသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အနှံ့ ထောင်တက်သွားကာ ဟုန်ကျွင့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ဟုန်ကျွင့်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် ခြေနှစ်ချောင်းကို တွဲလျောင်းချထားပြီး ချစ်စရာကောင်းသော ပုံသဏ္ဌာန်ဖြင့် ထိုင်နေသည်။
"တောင်းပန်ပါတယ်... မင်းတို့ရဲ့ အထောက်အထားတွေကို သိဖို့အတွက် ငါ အဲဒီနေ့က ကော်ကျစ်ကျန့် ကျောင်းတော်ထဲကို ဝင်လာခဲ့တာ"
မြေခွေးလေး" "မင်း...မင်း...မင်းကဘယ်သူလဲ"
"နတ်ဆိုးနှင်သူ" ဟုန်ကျွင့် အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"မင်းငါ့ကိုလိမ်တယ်!"
ဟုန်ကျွင့်: "ဒါပေမဲ့ မင်းအသက်ကို ငါလည်း ကယ်ခဲ့တယ်လေ... မဟုတ်ရင် မင်း အခု သေသွားလောက်ပြီ"
"သူတို့ ဘယ်မှာလဲ" မြေခွေးလေး တုန်လှုပ်သွားသည်။
"သူတို့အားလုံး ပေါ်လာပြီ...မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ"
မြေခွေးလေးသည် ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်လာသည်။ ဟုန်ကျွင့်က ခေါင်းကို လှည့်ကာ ပြုံးပြလေသည်။
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ပြောပြရင် ငါမင်းကို လွှတ်ပေးပါမယ်"
မြေခွေးလေး တိတ်ဆိတ်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေပြီး အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေ၏။
"မသိဘူး" မြေခွေးက "ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါနော်..."
ဟုန်ကျွင့်: "မင်းက စာသင်သားတွေ အများကြီးကို သတ်ပစ်လိုက်ပြီလေ... မင်းအပြစ်မရှိဘူးလို့ မပြောနိုင်မှာ ငါကြောက်တယ်"
မြေခွေးလေးက "ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး! ငါတကယ်မလုပ်ခဲ့ဘူး!"
ဟုန်ကျွင့်: "မင်းရဲ့ တခြားအဖွဲ့ဝင်တွေ ဘယ်မှာလဲ"
မြေခွေးက စကားရပ်သွားသည်။
ဟုန်ကျွင့်: "မင်းက စာသင်သားပေါင်း ၂၆၆ ယောက်ကို သတ်ခဲ့တဲ့ မြေခွေးတွေထဲမှာ ပါဝင်နေတယ်... အဲဒီအထဲမှာ ထန်မင်းဆက်အတွက် အနာဂတ် အရာရှိတွေလည်း ပါနိုင်တယ်"
မြေခွေးလေးက "ဒါပေမဲ့ ငါတကယ် မလုပ်ခဲ့ပါဘူး... သူတို့ရဲ့ အနှစ်သာရကို စုပ်ယူဖို့ ငါ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူး ငါရောက်တဲ့ အချိန်မှာ အဲ့ကောင်လေးက တခြားမျိုးနွယ်တူတွေဆီက စုပ်ယူခံရလို့ ခြောက်နေပြီ"
ဟုန်ကျွင့် တုန်တုန်ယင်ယင်ဖြင့် မထိန်းနိုင်ဘဲ လက်သီးဆုပ်မိသွားသည်။ သူ့နောက်ကျောမှ အမွေးအမျှင်များ ထောင်တက်လာသလိုပင် ခံစားလိုက်ရသည်။
"သူတို့က ငါ့ကို အဲ့စာသင်သား နေရာမှာ အစားထိုးခိုင်းတယ် အဲဒါကို ငါလည်း မတတ်သာလို့ လုပ်ခဲ့တာပါ... ဟုန်ကျွင့် ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ!"
ဟုန်ကျွင့် ပြတင်းပေါက်မှ ခုန်ဆင်းကာ သက်ပြင်းချလိုက်လေသည်။ မြေခွေးလေးကို ကြည့်ရင်း သူ့မျက်လုံးများတွင် အပြစ်ရှိစိတ် အနည်းငယ် ရှိနေသည်။
"တောင်းပန်ပါတယ်" ဟုန်ကျွင့် နောက်ဆုံးတွင် တောင်းပန်စကားသာ ပြောခဲ့သည်။
သူ့လက်ကို ဆန့်တန်းပြီး ဆေးမှုန့်ကို ဖြန်းချင်ပေမယ့် မြေခွေးက သူ့လက်ညှိုးကို ကိုက်ပစ်လေ၏။ တခဏချင်းမှာပဲ မြေခွေးလေးလည်း အိပ်ပျော်သွားကာ လီကျင်လုံ စာအုပ်စင်နောက်ကနေ အမြန် ပြေးထွက်လာခဲ့သည်။
"ဒဏ်ရာရသွားတာလား" လီကျင်လုံ အလောတကြီး ပြောလာသည်။
"ငါ့ကိုကြည့်ခွင့်ပေး!"
ဟုန်ကျွင့်က အကိုက်ခံလိုက်ရသော လက်ညိုးကို ကိုင်လိုက်စဥ် လီကျင်လုံက သူ့လက်ကို ကမန်းကတမ်း ဆွဲယူကြည့်လိုက်လေသည်။
ဟုန်ကျွင့်: "ကိစ္စမရှိပါဘူး ကျွန်တော် တောင်ပေါ်မှာတုန်းက တိရိစ္ဆာန်တွေဆီက အကိုက်ခံရဖူးပါတယ်"
လီလုန်ကျီးလည်း စာအုပ်စင်နောက်ကွယ်မှ ထွက်လာသည်။ သူလည်း ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ကြားလိုက်ရမှာ သေချာနေပါပြီ။ ဟုန်ကျွင့် မတ်တပ်ထရပ်ပြီး လီကျင်လုံကလှည့်၍ ဂါဝရပြုလိုက်သည်။
"အရှင်မင်းကြီး ဒီမြေခွေးကောင်ကို ဟုန်ကျွင့်အတွက် သနားညှာတာပေးဖို့ တောင်းပန်ချင်ပါတယ် သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး..."
လီလုန်ကျီးက သူ့ဝတ်ရုံတွေကို ဝေ့ယမ်းလိုက်၏။
"ဆုံးဖြတ်ချက်ချဖို့က မင်းအပေါ်မှာပဲ မူတည်တယ်"
ယခုအချိန်တွင် လီလုံကျီးသည် နေရောင်အောက်တွင် ရပ်နေလျက် ရှိ၏။ သူသည် အသက်တော်တော် ကြီးသွားပုံရပြီး တော်ဝင်စာမေးပွဲ နယ်မြေထဲမှ ဖြည်းညှင်းစွာ လျှောက်လာရင်း သူ့ခြေလှမ်းများက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ဟုန်ကျွင့်လည်း သက်ပြင်းချကာ လီလုန်ကျီးနဲ့ လီကျင်လုံတို့နောက်ကို လိုက်သွားခဲ့သည်။
"ငါ့မျက်စိနဲ့သာ မမြင်ခဲ့ရင်...." လီလုန်ကျီးက ရှေ့ကို လှမ်းရင်း ဆိုလာသည်။
"ဒီလိုရယ်စရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ငါ့ဘဝမှာ ဘယ်တော့မှ မယုံမိမှာကို ကြောက်ရတယ်"
နေဝင်ရီတရော အချိန်တွင် ယန်ယွိဟွမ်သည် ရှင့်ချင်နန်းတော်၏ အနောက်ဘက် ခန်းမဆောင်၏ ဝန်းရံတာပေါ်တွင် ရပ်နေကာ ပွင့်လင်းသော ကွင်းပြင် နေရာအလယ်တွင် စုပြုံနေသော အိပ်နေသည့် မြေခွေးများကို ကြည့်ကာ သူမမျက်လုံးများသည် ထိတ်လန့်မှုအပြည့်နှင့် တုန်တုန်ရီရီ ဖြစ်နေလေ၏။ သခင်မကော်ကော်နှင့် ယန်ကော်ကျုံးတို့၏ မျက်နှာများသည်လည်း ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ ဖန်းချန်ချင်နဲ့ ကောင်းလိရှစ်က ဘယ်ညာ နေရာယူထားကာ တော်ဝင်စာမေးပွဲ အတွင်း မိန်းမစိုးများသည် ကုလားထိုင်အများအပြားကို နန်းတော်မှ ရွှေ့ကာ ဟွားချင်နန်းတော်မှ ပြန်လာသော တော်ဝင်မျိုးနွယ်များကို ထိုင်ရန် ချပေးခဲ့သည်။
"စစ်သူကြီးဖန်းက ပြောခဲ့တာလား..."
ယန်ယွိဟွမ်မှာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ဖန်းချန်ချင်: "အတိအကျပဲ... သူတို့က တော်ဝင်စာမေးပွဲ စာသင်သားတွေ အဖြစ်နဲ့ သူ့ကိုယ်သူ ရုပ်ဖျက်ပြီး ကျွန်တော်တို့ ထန်မင်းဆက်ကို နှောင့်ယှက်ချင်တဲ့ မြေခွေးနတ်ဆိုးတွေပဲ"
မြေခွေးအစုအဝေးရှေ့မှာတော့ ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းတို့ဟာ လက်နက်တစ်ခုစီ ကိုင်ထားပြီး မြေခွေးမိစ္ဆာတွေ ချက်ချင်း နိုးထလာပါက တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ။
လီလုန်ကျီးက ၎င်းတို့ကို မကြည့်ပေ။ မြေခွေးတွေ အနားက ဖြတ်သွားသောအခါ သက်ပြင်းချလေ၏။ ထို့နောက် လှေကားထစ်များပေါ်ရှိ မြင့်မားသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ အားလုံးကို ကြည့်လိုက်သည်။ သူက ယန်ယွိဟွမ်ရဲ့ လက်တစ်ဖက်ကို သူ့လက်ထဲ ဆုပ်ကိုင်ထားလိုက်ကာ သူ့နောက်က လိုက်လာနေသော လီကျင်လုံအား လှည့်ပြောလိုက်သည်။
"လီကျင်လုံ... လူတိုင်းကို ပြောလိုက်ပါ..."
လီကျင်လုံ: "ဘုရင်မင်းမြတ်... ကွေဖေး... အားလုံးပဲ ဒီကိစ္စက ဟုန်ကျွင့် ချန်အန်းမြို့ထဲကို ဝင်လာတဲ့ အချိန်ကစပြီး ရှင်းပြရပါမယ်....."
လီကျင်လုံသည် လှေကားထစ်များ၏ ခြေရင်းတွင်ရပ်ကာ ဟုန်ကျွင့် ချန်အန်းသို့ ရောက်ရှိလာပြီး ဖေးအောင်ကို တွေ့ရှိသည့်နေ့မှ စတင်၍ ပြောပြလိုက်သည်။ ဖျင်ကန်းလီ အကြောင်း ပြောသောအခါ ယန်ယွိဟွမ်က မျက်မှောင်ကြုတ်ကာ ပြောလေသည်။
"မင်း ဖျင်ကန်းလီမှာ ရှိနေတာကို ငါမြင်ခဲ့တယ်... မင်း ဒီအမှုကို စုံစမ်းနေတာလား?"
လီကျင်လုံ: "..."
လီကျင်လုံက သူ့သွားတွေကို အံကြိတ်ကာ ဆက်ပြောပြသည်။
"ဟုတ်တယ်.... ကျွန်တော် ဖျင်ကန်းလီမှာ မိစ္ဆာအငွေ့အသက် ရှိနေတယ်ဆိုတာ ရှာတွေ့ခဲ့တာပါ..."
ဒါက ဧကရာဇ်မင်းကို လှည့်စားတဲ့ ရာဇ၀တ်မှုပဲ။ အားထိုက်တို့ လက်အောက်ငယ်သားတွေ အားလုံးက ဒီအချက်ကို တစ်ချိန်တည်းမှာ တွေးခဲ့ကြပေမယ့် လီကျင်လုံက နာမည်ကောင်းကို ပြန်ရဖို့အတွက် အခွင့်အရေး ရနေပြီမလို့ တိတ်ဆိတ်နေခဲ့သည်။ ဟုန်ကျွင့်တစ်ယောက်တည်းသာ "မဟုတ်ဘူး" ဟု ပြောလုနီးပါး ဖြစ်သော်လည်း လီကျင်လုံ၏ အကြည့်ကြောင့် ရပ်တန့်သွားခဲ့သည်။
ထို့နောက် လီကျင်လုံသည် ဖျင်ကန်းလီသို့ ဝင်ရောက်လာကာ မြေခွေးမိစ္ဆာကို ရှာဖွေကာ ဖေးအောင်ကို ရှာဖွေရန် သဲလွန်စများကို လိုက်လျှောက်ခဲ့သော်လည်း ဟုန်ကျွင့်၏ ပျောက်ဆုံးသွားသော ဓားပျံကို ပြန်မတွေ့ခဲ့ပေ။ ထိုအချိန်တွင် ဟူရှန်းနဲ့ မြို့တံခါးစောင့် စစ်သည်တို့အား သူပြောတာတွေက မှားယွင်းသော အကြောင်းအရာများ မဟုတ်ကြောင်း သက်သေပြရန် ဆင့်ခေါ်ခဲ့သည်။
လီလုန်ကျီးနှင့် မိဖုရားယန်တို့သည် ဖြစ်စဉ်တစ်ခုလုံးကြောင့် ထိတ်လန့်တုန်လှုပ်နေကာ သခင်မကော်ကော်ကလည်း စိုးရိမ်နေသော အသံဖြင့် မေးလာ၏။
"မင်းတို့ တိုက်ခိုက်ရင်း တမင်နန်းတော်ကို ရောက်သွားကြတာလား"
ယန်ကော်ကျုံးက မျက်မှောင်ကြုတ်ပြီး ဝင်ပြောသည်။
"ဒီမြေခွေးတွေက တကယ်ပဲ အမတ်လောင်းတွေ ဖြစ်ပြီး မျက်စိမှိတ် အစားသွင်း ခံခဲ့ရတယ် ဆိုတာကို မင်းဘယ်လို အတည်ပြုနိုင်မှာလဲ..."
လီလုန်ကျီးက သူ့လက်ကို မြှောက်လိုက်ပြီး: "ငယ ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပြီးပြီ... အဲဒါကို သံသယရှိစရာ မလိုတော့ဘူး... လီကျင်လုံ ဆက်လုပ်ပါ"
လီကျင်လုံက တမင်နန်းတော်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသည်။
"အဲ့မိစ္ဆာက နှိမ်နင်းဖို့ အရမ်းခက်ခဲပါတယ်... သူ့ရဲ့ ရုန်းကန်မှုအတွင်း တမင်နန်းတော်က ရွှေနဲ့ လက်ဝတ်ရတနာတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်.... ကျင်လုံ တကယ်ကို ထိတ်လန့်မိတာက..."
"ဒီနေ့ မင်းလုပ်ထားတဲ့ လုပ်ရပ်ကြောင့် ငါ အဲဒါကို ငါဖြေလျှော့ပေးပြီးသားမို့ စိတ်မပူနဲ့..."
နတ်ဆိုးနှင်ဌာနက လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ နောက်ဆုံးတော့ သူတို့ ငွေကို မဆုံးရှုံးတော့ဘူးလေ။ တကယ်တော့ လီလုန်ကျီးသည် ဖန်းချန်ချင်ဆီကနေ အမှုတစ်ခုလုံး၏ အသေးစိတ်ပြောပြချက်ကို တစ်ကြိမ်ကြားခဲ့ပြီးဖြစ်သော်လည်း ယခု လီကျင်လုံထံမှ ကြားလိုက်ရသည်မှာ ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
နောက်ဆုံးမှာတော့ လီကျင်လုံက ပြောလာသည်။
"ဒီမြေခွေးမိစ္ဆာတွေက တော်ဝင်နန်းတွင်းမှာ ဒုက္ခရောက်ပြီး အရမ်းဆိုးရွားတဲ့ အကျင့်တွေကို လုပ်နေကြတယ်.... သူတို့ကို ဒီနေရာကနေ ဖယ်ရှားပေးဖို့ ဘုရင်မင်းမြတ်ရဲ့ ဘုန်းအာနုဘော်ကို ကျွန်တော်မျိုး အလေးအနက်ထား တောင်းဆိုပါတယ်"
"ဒါက မင်းလက်ထဲ အပ်ထားလိုက်ပြီ" လီလုန်ကျီးက အေးစက်စွာ ပြောလေ၏။
"သေဆုံးသွားတဲ့ စာသင်သား ကိုယ်စားလှယ်လောင်းတွေအတွက် ဝန်ကြီးဌာနက ပင်စင်ထုတ်ပေးပြီး သူတို့ရဲ့ မိသားစုတွေကို အကြောင်းကြားပေးမှာပါ"
ဝတ်ပြုရေးဌာနက အမတ်ကြီးသည် ကတိကိုလက်ခံရန် ဆောလျင်စွာ ဦးညွှတ်လိုက်သည်။ ယန်ယွိဟွမ်၏ မျက်လုံးများသည် စာသင်သားတွေ အတွက် သည်းမခံနိုင်မှု အပြည့်နှင့် သက်ပြင်းချလိုက်သည်။
"ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သား လေးယောက်ထဲက တစ်ယောက်က ရီးစီးအိုက်လို့ ခေါ်ပါတယ်...သူက ပါးရှားနိုင်ငံဟောင်းကပါ"
"ရီးစီးအိုက် ဟုတ်လား?" လီလုန်ကျီးလည်း ဒါကို ကြားတော့ သူ့အမူအရာက ပြောင်းသွားတော့သည်။
"နင်နျဲ့ရှစ်နဲ့ ဘယ်လို ဆက်ဆံရေးရှိလဲ"
"အဖေပါ"
အားထိုက် ရှေ့ကို တိုးလာပြီး လီလုန်ကျီးကို ဦးညွှတ်လိုက်ပါသည်။ လီလုန်ကျီးကလည်း အားထိုက်ကိုကြည့်ကာ တည်ငြိမ်စွာ ဆိုလေ၏။
"ပြန်လာပြီလား?"
အားထိုက်လည်း သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့... ထန်ပြည်ကြီးအတွက် အစွမ်းကုန် လုပ်ပေးပါ့မယ်"
လီလုန်ကျီးသည် အမှတ်ရစရာတွေထဲ ပြန်လည် အောက်မေ့ သတိရသွားသလိုပဲ ငြိမ်သက်သွား၏။
"ထိုက်ကဲလားရှစ်က ကျောက်ရှန်း လက်အောက်မှာ ပညာသင်ကြားပြီး မီးအတတ်ပညာကို ကျွမ်းကျင်တယ်.... မြေခွေးမိစ္ဆာတွေကို မီးရှို့တာလောက်တော့ သူလုပ်နိုင်မှာပါ"
ဒါကိုကြားတော့ ယန်ယွိဟွမ်၊ ယန်ကော်ကျုံးနဲ့ သခင်မကော်ကော်တို့အားလုံး သည်းမခံနိုင်တဲ့ အမူအရာတွေ ပြခဲ့ကြပေမယ့် လီလုန်ကျီးက ခါးသီးစွာ ပြောလေ၏။
"မီးရှို့ပစ်!"
မြေခွေးမိစ္ဆာများသည် လူတွေကို လှည့်စားပြီး အမတ်လောင်းတွေကို အစားထိုးနိုင် လိုက်မယ်ဆိုရင် ဖန်မင်းဆက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာလည်း ဆုံးရှုံးသွားမှာ ဖြစ်သည်။ ဒါမျိုးကို တော်ဝင်စာမေးပွဲမှာ လာလုပ်နေတာ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။
ထို့ကြောင့် လီကျင်လုံက နောက်ပြန်ဆုတ်သွားပြီး မီးရှို့နိုင်ကြောင်း ညွှန်ပြရန် အားထိုက်ဘက်ကို လက်ဟန်ပြခဲ့သည်။ သူက ဟုန်ကျွင့်ဘက်ကိုလည်း တိုးတိုးလေး ပြောလိုက်သေးသည်။
"မင်းမကြည့်ချင်ရင် ခဏလောက် ရှောင်နေလို့ရတယ်"
ဟုန်ကျွင့်: "ကိစ္စမရှိပါဘူး"
အားထိုက်သည် ရင်ပြင်ပေါ်တွင် ရပ်လျက် ရှိ၏။ နေဝင်ရီတရော အချိန်တွင် သူ့လက်ထဲက ထောင်ပေါင်းများစွာသော မီးတောက်နီများ ပေါက်ကွဲ ထွက်လာသည်။ သူ့လက်ထဲတွင် ခေါက်ယပ်တောင်ကို လှုပ်ခါလိုက်ပြီး မီးတောက်များကို ပေါင်းစပ်သွားစေသည်။ ထို့နောက် လေပြင်းများ တိုက်ခတ်လာခဲ့ကာ လေဆင်နှာမောင်းအဖြစ် မြေခွေးမိစ္ဆာဆီ ပြေးဝင်သွား၏။
မီးလောင်ကျွမ်းသွားသောအခါတွင် မြေခွေးနှစ်ရာကျော်သည် ဝမ်းနည်းပူဆွေးသော ညည်းတွားသံများကို ထုတ်လွှတ်လိုက်လေသည်။ ဤတော့မှ အချင်းချင်း လန့်နိုးလာကာ ရုန်းကန်ကြသည်။ သို့သော် အသက်အနည်းငယ်မျှပင် မလွတ်နိုင်တော့ဘဲ အော်ဟစ်သံများ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ မီးတောက်သည် ညှော်နံ့နှင့် အရိုး အက်ကွဲသံများကို သယ်ဆောင်လာကာ ကောင်းကင်သို့ မီးတောက်များ လျှံတက်လာသည်။ မြေခွေးအားလုံး သေဆုံးပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်လိုက်သလို မီးခိုးလုံးက ထိုးတက်သွားသည်။
လီလုန်ကျီး တုန်တုန်ယင်ယင် ဖြစ်သွားသလို ကျောင်းကွင်းထဲရှိ လူတိုင်း၏ မျက်နှာအရောင်များလည်း တစ်ပြိုင်နက် အရောင် ပြောင်းသွားကြသည်။
သေခါနီးတွင် မြေခွေးနတ်ဆိုးမှ လွှတ်မြောက်လာသော ဒေါသနှင့် ရန်လိုမှုကဲ့သို့ တန်ခိုးသည် အဆုံးမရှိသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားပေသည်။ ၎င်းတို့က အနက်ရောင် မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားရာ မမျှော်လင့်ထားတာကြောင့် လီကျင်လုံ ချက်ချင်း အော်လိုက်သည်။
“အရှင်မင်းကြီးကို ကာကွယ်ကြ!"
ထိုအချိန်တွင် ဟုန်ကျွင့်လည်း သူ့နှလုံးသားက ပေါက်ကွဲလုတော့မည့် ပြင်းထန်သော နာကြည်းမှုကို ခံစားလိုက်ရသည်။ ဝမ်းနည်းမှုနှင့် ဒေါသစသည့် စိတ်ခံစားမှုများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုစဥ် လီကျင်လုံက ချက်ချင်းပင် သူ့ကိုလှမ်းဆွဲ၍ သူ့နောက်ကွယ်မှာ အကာအကွယ်ပေးခဲ့သည်။
ဟုန်ကျွင့်ရှေ့မှာ လီကျင်လုံ ရပ်လိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော နာကြည်းမှုများ ဆက်လက် ငြိမ်သက်သွားကာ အနက်ရောင် မီးတောက်များ ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းတို့သည် ဥက္ကာပျံကဲ့သို့ လမ်းကြောင်း အမျိုးမျိုး ပြောင်းလဲကာ ကောင်းကင်သို့ ပစ်လွှတ်ရင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယန်ယွိဟွမ် မျက်မှောင်ကြုတ်ပြီး "ဒါက ဘာလဲ?"
မော့ရစ်ကန်း: "မွန်မြတ်တဲ့ မိဖုရားကို ပြန်လည် ဖြေကြားပါတယ်... ဒါက မိစ္ဆာတွေဆီက အနှစ်သာရနဲ့ အသွေးကို စုပ်ယူခံရလိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ ဝိညာဥ်တွေရဲ့ နာကျည်းမှုပါပဲ.... အခု မိစ္ဆာတွေကို သတ်လိုက်ပြီဆိုတော့ သူတို့အောက်မှာ သေဆုံးသွားတဲ့ ကိုယ်စားလောင်းတွေရဲ့ ဝိညာဉ်တွေလည်း ကောင်းကင် သွေးပြန်ကြောတွေအထိ လွတ်မြောက်သွားပါပြီ စိတ်ပူစရာ မလိုတော့ပါဘူး"
ည၏အမှောင်ထုအောက်တွင် မြေခွေးမိစ္ဆာတို့၏ အလောင်းများ မီးလောင်ကျွမ်းကာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ကျောင်းတော်မြေပြင်တွင် မည်သူမျှ စကားမပြောရဲကြဘဲ လူတိုင်းက အတွေးကိုယ်စီဖြင့် တွေးနေကြသည်။