Chapter 215
အတိအကျကို လူယုတ်မာဘဲ။
သူက စကားမပြောလာဘဲ သူမလက်များကြားတွင်သာ အသံတိတ်နေသည်။ လရောင်အောက်တွင် သူ၏နူးညံ့စွာပိတ်ထားသောမျက်လုံးများက အထိမခံကာ အကူအညီမဲ့နေပုံပေါ်သည်။
ချန်ရုံက ငုံ့ကြည့်ကာ သူ့မျက်ခုံးများကြားသို့ အနမ်းတစ်ခုပေးလိုက်သည်။ ထို့နောက် သူမက သူမှားယွင်းစွာလုပ်ခဲ့မိသော အရာအားလုံးကို ပြန်တွေးမိသွားကာ မထိန်းနိုင်ဘဲ သူ့ကိုဆူလိုက်သည်။
“အရှင်က ရှင်းရှင်းလင်းလင်းကြီးကို အလိုလိုက်ခံထားရပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတာဘဲ၊ ကိုယ့်ကိုကိုယ်အထင်ကြီးရတာကိုလဲ သဘောကျသေး၊ အခုလည်း ကိုယ့်ကိုကိုယ်နေမကောင်းဖြစ်အောင်နေပြီး ကလေးတစ်ယောက်လိုလာပြုမူနေတယ်”
သူက သူမလက်များကြားတွင်လူးလွန့်ပြီး ပြန်လည်ချေပလာသည်။
“ကိုယ့်မှာ လောကသိအမည်တောင် မရှိသေး တာကို၊ ကိုယ်လူကြီးမဟုတ်သေးဘူး”
အကြောင်းအရင်းတစ်ချို့ကြောင့် သူဒီလိုပြောသည်ကိုကြားသောအခါ ချန်ရုံကအော်ရယ်လိုက်မိသည်။ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ပိုပိုပြီးရွှင်မြူးလာလေသည်။
သူမက ရုတ်တရက်ရပ်ကာ လှော်ခပ်သံများကြားရသောနေရာဆီသို့ ခေါင်းထောင်ကြည့်လိုက်သည်။
သူမက အသံလာသောနေရာဆီ မျက်စိမှေးကြည့်လိုက်သည်။ သူမမြင်ကွင်း၏အဆုံးတွင် လှေအနည်းငယ်က ဖြေးဖြေးချင်းပေါ်လာ၏။
“တစ်ယောက်ယောက်လာနေပြီ”
သူမက သတိကြီးစွာ ဝမ်ဟုန်ကိုပြောပြလိုက်သည်။
ထိုလှေများက သူတို့ဆီတည့်တည့်လာနေသော်လည်း ဝမ်ဟုန်က ဘာမှပြန်မဖြေလာပေ။
ချန်ရုံက မတ်မတ်ထိုင်ပြီး မျက်တောင်မခတ်ဘဲ ထိုလူများကိုစိုက်ကြည့်နေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လှေများက သူတို့နားရောက်လာသည်။ သူမ ဘာမှမပြောနိုင်ခင်မှာဘဲ ဩဇာပါသောအသံတစ်ခုထွက်လာသည်။
“အရှင် လား”
၎င်းက ရင်းနှီးနေသောအသံဖြစ်သည်။
“လာခဲ့”
သူမလက်ကြားမှ ယောက်ျားကပြောလာသည်။
ယောက်ျားအနည်းငယ်က ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။
“တကယ့်ကို အရှင်ဘဲ”
သူတို့ချန်ရုံ၏လှေသို့ရောက်လာချိန်တွင် ဝမ်ဟုန်က မတ်တပ်ရပ်နေပြီဖြစ်သည်။ အစေခံကောင်လေးအနည်းငယ်က နောက်ထပ်လှေတစ်စီးကို အနားကပ်ကာ ဝမ်ဟုန်ကိုခြုံထည်ခြုံပေးပြီး ထိုလှေပေါ်သို့ကူးနိုင်ရန် ကူညီပေးလိုက်သည်။
ဝမ်ဟုန်က မလှုပ်လာပေ။ သူကခေါင်းလှည့်ကာ သူ၏ခြုံထည်ကို သူမကိုပေးလာပြီး နူးညံ့စွာပြောလာသည်။
“ထပ်ပြီးခြုံထားလိုက်”
ချန်ရုံ ခြုံပြီးသောအခါမှ သူက သူမဆီလက်ဆန့်လာပြီး ပိုကြီးသောလှေဆီသွားလိုက်သည်။
သူတို့ရောက်လာသောအခါ အစေခံများက လှေဦးနှင့် ပဲ့ပိုင်းတွင် မီးတုတ်များထွန်းလိုက်ကြသည်။ တခနအတွင်းတွင် ရဲရဲတောက်နေသော မီးတောက်သံများကသာ ညအမှောင်ထဲတွင် အသံထွက်လာသည်။
ဝမ်ဟုန်၏အပြုံးက ဖျော့တော့ကာ သူ့မျက်လုံးများကတောက်ပနေသည်။ သူ၏အပြုအမူများက တိကျသေချာသောအတွေ့အကြုံနှင့် ဉာဏ်ထက်မှုများကိုဖော်ပြနေပေသည်။ ပိုအရေးကြီးသောအရာက သူကနောက်ထပ်နှာမချေတော့ခြင်းပင်။....ချန်ရုံက သူ့ကိုမလွှတ်ပေးခင် သံသယဝင်စွာကြည့်ပြီး သူက ဒီလိုမျိုးအပေါစားလှည့်ကွက်ကိုလုပ်ရန် အလွန်ဂုဏ်ယူနေတာဘဲဟု ဆုံးဖြတ်လိုက်သည်။
အားကောင်းသောယောက်ျားများက လှေကိုလှော်ခပ်လိုက်ကြသည်။ ရေလှိုင်းများက အဖြူရောင်မျဉ်းတစ်ကြောင်းလိုပင် အလျားလိုက်ဖြစ်ပေါ်လာသည်။
ရှုခင်းကို ခံစားနေရင်း ချန်ရုံကရုတ်တရက်အော်ပြောလိုက်သည်။
“ကျွန်မတို့တွေ ဦးတည်ချက်အမှားကြီးကိုသွားမိနေပြီ”
“ကျွန်မတို့ လမ်းမှားနေပြီလို့”
သူမက အစောင့်များကိုအော်ပြောလိုက်သည်။
ကျန့်ခန်း အရှေ့တောင်ဘက်တွင်ရှိကာ မြစ်ကမ်းဘေးတွင်ကျက်စားတတ်သည့် ကြီးမားသောငှက်များကိုရှာခြင်းဖြင့် ကျန့်ခန်းကိုတွေ့နိုင်သည်။ သို့သော်က လှေကအနောက်မြောက်ဘက်ကိုသွားနေခြင်းဖြစ်သည်။
သူတို့က သူမ၏အော်သံကိုမကြားကာ နားကန်းနေသလိုပင်။
ချန်ရုံက ဝမ်ဟုန်ကိုလှည့်ကြည့်ကာ အော်ပြောလိုက်သည်။
“ကျွန်မတို့သွားတဲ့ဘက်က တကယ်မှားနေပြီ”
သူမက ကောင်းကင်ကိုညွှန်ပြလိုက်သည်။
“ကြည့်၊ အဲ့ဒီငှက်ကြီးတွေက ဟိုဘက်မှာ ကျွန်မတို့တွေကျန့်ခန်းကိုပြန်ဖို့ အခြားလမ်းကနေသွားရမယ်”
သူမ၏အရင်ဘဝတွင် ရန်မင်းနှင့်အတူ သူ၏စူးစမ်းလေ့လာရေးခရီးများကိုလိုက်သွားဖူးသည်။ တပ်မှူးတစ်ယောက်အနေဖြင့် ရန်မင်းက မြေပြင်အနေအထားကို ကျွမ်းကျင်နေရန်လိုအပ်သည်။ ချန်ရုံကလည်းသူနှင့် ဘာသာစကားတစ်မျိုးတည်းကို မျှဝေလိုသောကြောင့် အခြေခံဗဟုသုတတစ်ချို့ကိုသင်ယူခဲ့သည်။ သူမက ကျန့်ခန်းရှိတော်ဝင်မျိုးနွယ်များထက် ပိုပြီးဗဟုသုတရှိသည်ဟုဆိုနိုင်သည်။
သူမမျက်လုံးများက အလွန်ရိုးသားလို့လား၊ သူမလေသံက အလွန်ယုံကြည်ချက်ရှိနေလို့ဘဲလားမသိ ဝမ်ဟုန်က ဖြေးဖြေးချင်းခေါင်းလှည့်လာသည်။
သူ၏မျက်လုံးများ၊ နှင်းများဖုံးလွှမ်းနေသည့် တောင်ထွတ်များနှင့်ဆင်သော ထိုမျက်လုံးများသည် သူမကိုအသံတိတ်ကြည့်လာ၏။
သူကချန်ရုံကို တော်ဝင်မျိုးနွယ်များတွင်သာရှိသော တင့်တယ်သည့်အမူအရာဖြင့်ပြုံးပြလာသည်။
“ကိုယ်တို့တွေ လမ်းမှားနေတာမဟုတ်ဘူး”
ချန်ရုံ၏ဝိုင်းစက်နေသောမျက်လုံးများကိုကြည့်ကာ သူကထပ်ပြောလာသည်။
“ကိုယ်တို့တွေ ကျန့်ခန်းကိုပြန်သွားစရာမလိုတော့ဘူး”
ထိုသို့ပြောပြီးနောက် သူကလှည့်ထွက်သွားသည်။
“ဘာပြောတယ်”
ချန်ရုံက အံ့အားတကြီးတောင်းဆိုလိုက်သည်။ သူမကနှုတ်ခမ်းကိုက်ကာ ထပ်မေးလာသည်။
“အရှင် ဘာ ဘာကိုပြောလိုက်တာလဲ”
ဝမ်ဟုန်က စားပွဲပေါ်မှ ဝိုင်တစ်ခွက်ကိုယူကာ ချန်ရုံဆီကမ်းပေးလာသည်။
“မစိုးရိမ်ပါနဲ့၊ ကိုယ်တို့တွေ ဒီညကျန့်ခန်းကိုပြန်မှာမဟုတ်ဘူး”
“ဒါဆိုရင် ကျွန်မတို့ဘယ်ကိုသွားနေတာလဲ”
ချန်ရုံက သူမ၏ဒေါသကိုမနည်းဖိနှိပ်လိုက်ရသည်။
သူမက သူမ၏ရည်မွန်မှုကိုဆက်ထိန်းထားရန် ဂရုမစိုက်နိုင်တော့သည်ကို သတိမပြုမိပေ။ နောက်ဆုံးတွင် သူမကနိမ့်ကျသလိုခံစားနေရသည်ကို ရပ်တန့်လိုက်ကာ လူတွေကသူမကိုဘယ်လိုကြည့်နေပါစေ ခေါင်းမငုံ့နေတော့ပေ။ ထို့အပြင် လူများ၏ပြောစကားများကြောင့် အသံတိတ်ပြီးနေတာမျိုးကို လည်း ဆက်မလုပ်တော့ပေ။
သူမက သတိမပြုမိသော်ငြား ဝမ်ဟုန်ကသတိပြုမိပေသည်။
သူက ဒေါသထွက်နေသည့် ချန်ရုံကို တိတ်တဆိတ်ကြည့်ပြီး နှုတ်ခမ်းများကိုကွေးကာပြောလိုက်သည်။
“နန်ယန်ကို”
ခနလောက်ရပ်သွားပြီးနောက် သူကထပ်ပြောလိုက်သည်။
“ကိုယ်တို့တွေ နန်ယန်ကိုသွားနေတာ၊ ကမ်းကပ်ရင် ကမ်းခြေမှာရထားလုံးတွေစောင့်နေလိမ့်မယ်”
“ဘာပြောလိုက်တယ်”
ချန်ရုံက အံကြိတ်လိုက်သည်။
“ကျွန်မတို့တွေ နန်ယန်ကိုသွားနေတာလား၊ ဘယ်သူကရှင်နဲ့ နန်ယန်ကိုသွားချင်နေလို့လဲ”
သူမအသံက ဒေါသကြောင့်တုန်ရီနေ၏။
“ဝမ်ချီလန် ကျွန်မကိုပြောပြပါဦး၊ ကျွန်မကရှင်နဲ့အတူနန်ယန်ကိုလိုက်မယ်လို့ ဘယ်တုန်းကများ သဘောတူခဲ့လို့လဲ”
သူမ၏ဝိုင်းစက်နေသောမျက်လုံးများကိုကြည့်ပြီး ဝမ်ဟုန်ကဝိုင်တစ်ငုံသောက်လိုက်သည်။ ဘာအဖြေမှပြန်မရသောအခါ ချန်ရုံက ဒေါသတကြီးဖြင့် သူ၏ဝိုင်ကိုဆွဲလုလိုက်သည်။
ဝမ်ဟုန်က သူ့ဝိုင်ခွက်လုခံရသည်ကို စိတ်ထဲမထားပေ။ သူကနောက်ကိုမှီပြီး ကောင်းကင်မှလကိုသာ အသံတိတ်ကြည့်နေလိုက်သည်။
“အရှင်မင်းကြီးအကြောင်းကို ကိုယ်အသိဆုံးဘဲ”
သူမက အရှင်မင်းကြီးအကြောင်းကို သူပြောလာမည်ဟု မမျှော်လင့်ထားပေ။ ချန်ရုံက သူပြောသည်ကိုနားထောင်ရန် ဆန္ဒမရှိစွာသူမဒေါသကိုပြန်ဖိနှိပ်လိုက်သည်။
“သူက ကိစ္စတွေကိုလုပ်တဲ့အခါ တစ်မျိုးတစ်ဖုံစိတ်လိုက်မာန်ပါဖြစ်လေ့ရှိတယ်”
ဝမ်ဟုန်ကစပြောပြလာသည်။
“လူတစ်ယောက်က စိတ်လိုက်မာန်ပါဖြစ်ပြီဆိုရင် သူက ကိစ္စတွေကိုချက်ချင်းလုပ်ချလိုက်ဖို့မစောင့်နိုင်တော့ဘူး၊ သူ့မှာရေရှည်အစီအစဉ်ဆိုပြီးမရှိဘူး အဲ့ဒါကြောင့် ဘယ်သူဖြစ်ဖြစ်၊ဘာကိစ္စမဆို တစ်လ၊ ဒါမှမဟုတ် နှစ်လကြာသွားတာနဲ့ ချောင်ထိုးခံလိုက်ရတာဘဲ”
သူက ချန်ရုံကိုလှည့်ကြည့်လာကာ သူ့မျက်လုံးများက လရောင်အောက်တွင်ကွေးညွှတ်နေသည်။
“မင်း မမြင်မိဘူးလား အားရုံ၊ သူက မင်းကိစ္စတွေကိုအရမ်းအာရုံစိုက်နေတာ၊ ကိုယ်မင်းကို ခနလောက်ခပ်လျိုလျိုနေဖို့ နန်ယန်ကိုခေါ်သွားချင်တာ၊ပြီးရင် တလ၊နှစ်လအတွင်း ကိုယ်တို့ပြန်လာကြမယ်”
ဝမ်ဟုန်က ချန်ရုံဒေါသဖြင့်အံကြိတ်ထားသည်ကို ကြည့်လိုက်သည်။ သူမက သူ၏ပြုံးနေသောမျက်နှာကို သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတွင် သူ့လည်ပင်းအားခုန်အုပ်လိုက်သည်။
သူမသူ့ကိုလည်ပင်းညှစ်နေသော်လည်းထူးဆန်းစွာပင် အစောင့်များက သူမကိုလျစ်လျူရှူထားကာ တစ်ဖက်ကိုခေါင်းလှည့်ထားကြသည်။
ချန်ရုံ၏လက်များက ဝမ်ဟုန်လည်ပင်းနားကပ်လာသောအခါ သူကနှာချေတာကို မရပ်တော့ပေ။
“ဟန်ဆောင်မနေနဲ့၊ ကျွန်မ ရှင့်လှည့်ကွက်ထဲကျမှာမဟုတ်ဘူး”
သူမကိုပြန်ဖြေလာသည်မှာ နှာချေသံများသာဖြစ်သည်။
ချန်ရုံက သူ၏လည်ပင်းအား ဆုပ်ကိုင်ထားမှုကို သတိလက်လွတ် လျော့ပေးကာ သူ့ကိုငုံ့ကြည့်လိုက်သည်။
မမျှော်လင့်စွာပင် သူမအောက်မှယောက်ျားသည် ကျယ်လောင်စွာရယ်လာ၏။ သူကအလွန်ရယ်နေသောကြောင့် ချောင်းပါဆိုး သွားသည်။
သူ၏စကားသံကတောင် ပျော်ရွှင်နေပုံပေါ်သည်။
“ အားရုံ ကိုယ့်ကို မင်းတကယ်ချစ်တာဘဲ”
ချန်ရုံက သူ့ကိုကိုက်ရန်ခေါင်းငုံ့လိုက်သည်။
“ဟိတ် ကိုယ့်နားရွက်ကို မကိုက်နဲ့လေ”
သူမက သူ၏ရယ်သံကိုကြားလိုက်ရသည်။
“အရင်တစ်ကြိမ်တုန်းက မင်းချန်ထားခဲ့တဲ့ ဒဏ်ရာအကြောင်းကို ကိုယ်တစ်နေ့လုံးရှင်းပြလိုက်ရတယ်၊ မင်းသာ ကိုယ့်နားရွက်ကိုက်လိုက်ရင် ကိုယ်သူတို့ကို ဘာပြောရမလဲမသိတော့ဘူး”
ချန်ရုံက အမျက်ခြောင်းခြောင်းထွက်လာသည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ကာ မထိန်းနိုင်ဘဲအော်လိုက်တော့သည်။
“ကျွန်မရှင့်နဲ့ ကစားနေတာမဟုတ်ဘူး”
သူမက သူ့ကိုတွန်းထုတ်ကာ နောက်ကျောပေးလိုက်သည်။သူမမျက်လုံးများက ဒေါသဖြင့်နီရဲနေ၏။
ဤအချိန်တွင် နွေးထွေးမှုတစ်ခုက သူမနောက်မှဖက်တွယ်လာသည်။ သူက သူမကိုဖက်ကာ သူ့မေးစေ့ကိုသူမပေါ်တွင်တင်ပြီး ညင်သာစွာဖျောင်းဖျလာသည်။
“အားရုံ ဒေါသမထွက်ပါနဲ့”
သူက အားနည်းစွာပြုံးလိုက်သည်။
“မင်းက အရမ်းခေါင်းမာတာဘဲ၊ အသိအသာကြီး မင်းကိုယ့်ကိုချစ်နေတာတောင်မှ ဝမ်းနည်းနေတုန်းဘဲ ကိုယ့်ဆီကနေထွက်မပြေးနိုင်ဘူးဆိုတာ သိနေတာတောင်မှ ရုန်းကန်ချင်နေတုန်း”
သူကသူမနောက်မှဖက်ကာ ရေရွတ်လာသည်။
“ကိုယ်တကယ်ဘဲ အဲ့ဒီအသုံးမကျတဲ့ အင်ပါယာကို မကြိုက်ဘူး၊ သူကကိုယ်ဂရုစိုက်တဲ့ဘယ်ကိစ္စမဆို နှာခေါင်းထိုးနေလို့ရတယ်၊ ဒါပေမယ့် သူကဘာလို့မင်းကိစ္စတွေကိုဘဲ အာရုံစိုက်နေတာလဲ၊ တကယ်လို့သူသာ မင်းကို ပျော်တော်ဆက်ကောင်လေးတွေဆက်ချီးမြှင့်နေမယ်ဆိုရင် ကိုယ်စိတ်လွတ်ပြီး အဲ့ဒီစပ်စုလွန်းတဲ့လူယုတ်မာကိုသတ်မိလိမ့်မယ်”
အခုမှသာ သူတစ်နေ့လုံးဘာကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို ချန်ရုံသိသွားသည်။ သူမရယ်ချင်မိသော်ငြား ဒေါသလည်းထွက်မိပေသည်။
သိပ်မကြာခင်မှာဘဲ သူမကတွေးကြည့်လိုက်သည်။
အရှင်မင်းကြီးက ငါ့ကိုအာရုံမစိုက်တော့ရင်လည်း မကောင်းတာမဟုတ်ပါဘူး၊ အနည်းဆုံးတော့သူက စိတ်ပြောင်းပြီး ငါ့ကိုချီးမြှင့်ထားတာတွေကို ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး.....သူမက အင်ပါယာ၏စိတ်အပြောင်းအလဲမြန်မှုကို ကြောက်ရွံ့နေဆဲဖြစ်သည်။ ဒီနေ့အရှင်မင်းကြီးနှင့်ရှိခဲ့ချိန်တွင် သူမကိုချွေးစေးများထွက်လာစေပေသည်။
ထို့အပြင် ပြီးသွားတာက ပြီးသွားပြီဖြစ်သည်။ ဝမ်းနည်းနေ၍ဘာမှမထူးတော့ပေ။
သူမက သူမခါးပေါ်မှ ဝမ်ဟုန်လက်ကိုဖယ်ကာ မေးလိုက်သည်။
“ရှင်တကယ်ဘဲ နန်ယန်ကိုသွားမလို့လား”
“ဒါပေါ့”
သူက ပိုတင်းတင်းကြပ်ကြပ်ဖက်လာပြီး ပျင်းရိနေသောလေသံဖြင့် ပြန်ဖြေသည်။
“ပရိယာယ်များတဲ့ တောယုန်တစ်ကောင်မှာ တွင်းသုံးတွင်းရှိတယ်၊ ကိုယ်မြေယာတစ်ချို့ဝယ်ပြီး အဲ့ဒီမှာထားထားတယ်”
အကြောင်းအရင်းတစ်ချို့ကြောင့် သူဒီလိုပြောသည်ကိုကြားသောအခါ ချန်ရုံကအေးစိမ့်စိမ့်ခံစားမိသွားသည်။
ဝမ်ဟုန်ကပြုံးကာ သူမ၏ဖြောင့်တန်းနေသောနောက်ကျောကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
“အခုဆို သူပုန်တွေက သူတို့ဦးတည်ချက်ကိုပြောင်းလိုက်ပြီ၊ နန်ယန်ကဘေးကင်းတဲ့နေရာတစ်ခုဖြစ်လာပြီဆိုတော့ ကိုယ်လည်း ပြန်သွားပြီး တစ်ချက်လောက်ကြည့်ချင်မိသား”
သူက ချန်ရုံဆီတိုးလာကာ သူမနားနားတွင် တခစ်ခစ်ရယ်လိုက်သည်။
“သဘောတူတယ်မလား အချစ်လေး”
ချန်ရုံက သူ့ကိုလျစ်လျူရှုထားလိုက်သည်။
ဒီအချိန်တွင် သူမနောက်မှ ယောက်ျားကသက်ပြင်းချလာသည်။
“ကျောက်မျက်ရတနာတစ်ချို့ကို ကျန့်ခန်းမှာမြုပ်ထားပြီး ဒါကဒုတိယတွင်းဘဲ၊ ဒါဆိုရင် တတိယကျင်းကဘယ်မှာများလဲ”
သူက ချန်ရုံကိုအပြုံးတစ်ခုနှင့်လှည့်လာသည်။
“တတိယကျင်းကို ကိုယ်တို့ဘယ်နေရာမှစီစဉ်သင့်လဲ၊ အချစ်လေး”
“ကျွန်မမသိဘူး”
သူမက ပြတ်သားစွာပြန်ဖြေလိုက်သည်။
သူက သူမခါးကိုပုတ်ပြီး ပွင့်ပွင့်လင်းလင်းတွေးဆလာသည်။
“ကိုယ်တို့ဘာလုပ်နိုင်လဲ၊ နန်ယန်ကမြေကို တစ်စုံတစ်ယောက်ရဲ့ အမည်အောက်မှာထားထားတယ်၊ ကျန့်ခန်းက မြေကလည်း အခြားသူငယ်ချင်းတစ်ယောက်အမည်အောက်မှာဘဲ တတိယကျင်းကိုလုံခြုံအောင် ဘယ်သူ့အမည်ကို ကိုယ်တို့သုံးရမလဲ”
ထိုသို့ပြောပြီးနောက် သူကချန်ရုံဘက်လှည့်ကာ မေးလာသည်။
“ဘယ်သူ့နာမည်ဆိုကောင်းမယ်လို့ မင်းထင်လဲ”
“ကျွန်မမသိဘူး”
ဝမ်ဟုန်က ရယ်လာသည်။
“မင်းက ဉာဏ်မထက်ဘူးဘဲ အချစ်လေး၊ ဘာကိုမှမသိဘူး”
ချန်ရုံက ရုတ်တရက်ရယ်လိုက်သည်။
သူမက သူ့ကိုလှည့်ကြည့်လာသည်။ သူမ၏ပါးချိုင့်များထင်းနေသော အပြုံးက ရေသူမတစ်ယောက်လိုပင်ဖြစ်ကာ သူမအသံကလည်းသဘာဝအတိုင်း ပျော့ပျောင်းမှုကိုသယ်ဆောင်ထား၏။
“တကယ်ပါဘဲ ချီလန် ရှင်က လောကမှာနာမည်ကြီးတဲ့ ပညာရှိတစ်ယောက်ဖြစ်နေတာတောင်မှ ငွေဒင်္ဂါအနံ့တွေကို အာရုံစိုက်နေတုန်းလား၊ ရှင့်ရဲ့ဂုဏ်သတင်းကိုစွန်းထင်းသွားမှာ မစိုးရိမ်ဘူးလား”
ဝမ်ဟုန်က သွားဖြူဖြူများပေါ်သည်အထိ ပြုံးလာသည်။ သူကမြစ်ထဲမှရေကိုဆွဲလိုက်ပြီး ပြောလာသည်။
“အားရုံ ယောက်ျားအစစ်တွေက နိုင်ခြင်း၊ရှူံးခြင်တွေကိုမတွေးကြဘူး၊ အရာအားလုံးကိုမင်းလက်ထဲမှာထည့်ထားမှ ခက်ခဲတဲ့အခြေအနေတွေမှာ ရှေ့တိုးရမလား၊နောက်ဆုတ်ရမလားဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာ၊ ဘယ်သူ့ကိုမှ၊ဘာကိုမှကြောက်စရာမလိုတော့ဘူး၊ ဒါက ပညာရှိတစ်ယောက်ရဲ့ဟန်ဘဲ”
သူက ချန်ရုံကိုလွှတ်ပေးလိုက်ပြီး ကောင်းကင်ထက်တွင် တောက်ပနေသောလကိုမော့ကြည့်ကာ ဖျော့တော့တော့ပြုံးလိုက်သည်။
“ဒီည ကိုယ်တို့တွေမှာ တောက်ပနေတဲ့လမင်းနဲ့ အလှလေးပါရှိနေတာဘဲ၊ အားရုံ မင်းကိုယ့်အတွက် သီချင်းတစ်ပုဒ်မတီးပေးချင်ဘူးလား”
သူပြောရုံသာရှိသေးသော်လည်း အစောင့်တစ်ယောက်က ဗျပ်စောင်းကို ချန်ရုံဆီယူပေးလာသည်။
ချန်ရုံက ဝမ်ဟုန်ကိုစိတ်ဆိုးနေသဖြင့် သူမကခေါင်းမာစွာပြန်ပြောလိုက်သည်။
“ကျွန်မစိတ်မပါဘူး၊ မတီးချင်ဘူး”
ဝမ်ဟုန်က ကသိကအောင့်မဖြစ်သွားပေ။ သူကဒီအတိုင်းပြုံးပြီး ပြန်ပြောလာသည်။
“မင်းမကြိုက်ဘူးပေါ့၊ အချစ်လေး ဒါပေမယ့်မင်းခင်ပွန်းက ကြိုက်တယ်လေ”
သူကထိုင်ချကာ အစောင့်လက်ထဲမှ ဗျပ်စောင်းကိုယူလိုက်သည်။ သိပ်မကြာခင်မှာဘဲ သူ၏သွယ်လျသောလက်ချောင်းများကြားတွင် ဗျပ်စောင်းသံစဉ်တစ်ခုဖြစ်ပေါ်လာသည်။
သူဝန်ခံထားသလိုပင် သူ၏သံစဉ်က အေးဆေးမှု၊ ပျော်ရွှင်မှု၊ အောင်ပွဲခံမှုများဖြင့် ပြည့်နေပေသည်။
ချန်ရုံက မနေနိုင်ဘဲ သူ့ကိုကြည့်နေမိသည်။
ဝမ်ဟုန်က သူမကိုမမြင်ပေ။
သူ၏အကြည့်က အောက်ဘက်တွင်သာရှိနေသည်။ သူ၏ခန့်ညားသောအသွင်အပြင်က တော်ဝင်ဆန်သလို သိမ်မွေ့နူးညံ့နေ၏။ သူ၏ကြည်လင်သောမျက်လုံးများက မသန့်စင်ခြင်းနှင့် ဆိုးယုတ်ခြင်းများကို ရှောင်ဖယ်ထားသလိုပင်။
သူ၏အရောင်အဝါကြောင့် ဆွဲဆောင်ခံလိုက်ရသလိုပင် ပိုးစုန်းကြူးအနည်းငယ်က အနားကပ်လာကာ သူ့လက်များနားတွင် ကခုန်လာကြသည်။
“အိုးး ဒီလိုနောက်ကျတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီးလှေတစ်စီးရှိနေတာလဲ”
ဤအချိန်တွင် အစောင့်ကရေရွတ်လာသည်။
ချန်ရုံက လှည့်ကြည့်လိုက်သည်။ သေချာစွာပင် မြစ်၏အခြားတစ်ဖက်တွင် အလင်းရောင်တစ်ခုရှိနေသည်။ ဂရုတစိုက်ကြည့်လိုက်သောအခါ အမှန်တကယ်ကိုလှေတစ်စီးဖြစ်သည်။
ရုတ်တရက်ဆိုပင် အခြားလှေတစ်စီးပေါ်မှ ဖြောင့်မတ်သောအသံတစ်ခုထွက်ပေါ်လာသည်။
“ဗျပ်စောင်းတီးတဲ့ သခင်က ဘယ်သူများလဲ၊ ဘာလို့ခင်ဗျားရဲ့ သံစဉ်က လေပြေလေးတွေတိုက်နေတဲ့ လရောင်အောက်မှာလွင့်မျောနေရတာလဲ၊ နှောင့်ယှက်မိလို့ခွင့်လွှတ်ပါ ခင်ဗျားရဲ့ ဗျပ်စောင်းစွမ်းရည်က ပြိုင်ဘက်ကင်းပါတယ်၊ ဒါပေမယ့် ခင်ဗျားရဲ့အောင်ပွဲခံနေတဲ့ သံစဉ်က အနည်းငယ် ပေါ့ပြက်ပြက်မနိုင်နေဘူးလား”
သူ၏အသံက တိတ်ဆိတ်နေသော ညတွင် ဟိန်းထွက်လာသည်။
ဝမ်ဟုန်က မျက်ခုံးတောင်မပင့်သွားပေ။ သူကကျက်သရေရှိစွာ လက်ရုတ်လိုက်ပြီး ဗျပ်စောင်းသံက ရပ်တန့်လာသည်။
ဂရုမစိုက်သော အမူအရာဖြင့် သူကမော့ကြည့်လိုက်ပြီး ပြုံးပျော်စွာပြန်ဖြေလိုက်သည်။
“ခင်ဗျား မျှတမှုမရှိဘူးဘဲ အရှင်၊ ဒီလူရဲ့အချစ်က အခုအတူရှိနေပြီး သူမက ဒီလူလိုချင်တဲ့ အရာအားလုံးဘဲ၊ အဲ့ဒါကြောင့် ဒီလူရဲ့သံစဉ်က ပျော်ရွှင်ပြီး ပေါ့ပါးနေတာဘဲ”
သူ၏အဖြေက တစ်ဖက်လူအား ခနရပ်သွားစေပြီးနောက် အော်ရယ်သွားစေသည်။