Chapter 214
သူမ ရေပြင်၏အစွန်းသို့ ရောက်လာသောအခါ လှေငယ်တစ်စီးက သူမခြေထောက်နားတွင်မြင့်ချည်နိမ့်ချည်ရှိနေ၏။ သူမကခုန်ချလိုက်ကာ သူ့ဆီကိုလှော်သွားရန် ဝါးလုံးကိုယူလိုက်သည်။
သူမက မကြာခင်တွင် သူ့ဘက်သို့ရောက်လာသည်။
အနီးကပ်ကြည့်လိုက်သောအခါ ချန်ရုံက အမြဲတမ်းပြုံးနေသောသူ၏မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် နှုတ်ဆိတ်နေသော စိတ်ညှိုးငယ်မှုကိုမြင်လိုက်ရသည်။
၎င်းက အလွန်မှေးမိန်ပြီး ဖျော့တော့နေသော်ငြား တစ်မျိုးတစ်ဖုံအားဖြင့် သူမ၏နှလုံးသားကို တဒုတ်ဒုတ်ကိုက်ခဲလာစေသည်။
သူမက အလျင်အမြန်ပင် ခေါင်းလှည့်ပြီး သူမကိုယ်သူမပြန်ထိန်းလိုက်သည်။
ညနေခင်း၏လေညှင်းတွင် သူကလရောင်တောက်နေသောလှိုင်းများကို ငေးမောနေပြီး နူးညံ့စွာ မှတ်ချက်ပြုလာသည်။
“မင်းနောက်ကျတယ်နော်”
သူတို့က အချိန်တစ်ခုတွင်မချိန်းထားကြောင်း ချန်ရုံက ပြန်လည်ငြင်းဆိုချင်သော်လည်း သူ၏နူးညံ့သောအသံက သူမဆီလွင့်မျောလာသည်။
“ဒါက ပထမဆုံးအကြိမ်ဘဲ”
သူကဖြေးဖြေးချင်း လှည့်လာ၏။ အမှောင်ထဲတွင် သူ၏မျက်လုံးများက တလက်လက်တောက်နေသည်။
ချန်ရုံက သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များကို ထပ်မံမြင်လိုက်လေသည်။
“ကျွန်မ…”
သူက ယဉ်ကျေးသိမ်မွေ့စွာ သူမဆီလက်ဆန့်လာပြီး တီးတိုးသံနီးပါးအသံဖြင့် ရေရွတ်လာသည်။
“လာ၊ ကိုယ်နဲ့ တစ်ချက်လောက် လှေစီးရအောင်”
သူမက ခနလောက်တွေဝေသွားပြီးနောက် သူမလက်ကို သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။
သူက သူမ၏နူးညံ့သောလက်လေးကို ခပ်ဖွဖွအုပ်ကိုင်ပြီး တစ်ချက်ဆွဲလာသည်။
သူမက ဤအခွင့်အရေးကိုယူကာ သူ၏လှေပေါ်ခုန်တက်လိုက်သည်။
သူက သူမလက်ကိုလွှတ်ပြီး အဝေးမှတောင်ထွတ်များကိုကြည့်ကာ နူးနူးညံ့ညံ့မေးလာသည်။
“မင်းကိုယ့်အတွက် လှော်ပေးမလား”
ချန်ရုံက ဝါးလုံးကိုယူရန် ကွေးလိုက်သည်။
ဝါးလုံးက ရေထဲကိုထိုးလိုက်ပြီးမကြာခင်တွင် လှေက မြှားတစ်စင်းလိုပင် ရှေ့သို့ထွက်သွားကာ ငွေရောင်အလင်းထဲတွင် ရေကိုတဗွမ်းဗွမ်းစင်သွားစေသည်။
သူမက သူ့ကိုမကြည့်ခင်တွင် အကြိမ်အနည်းငယ်လှော်လိုက်သည်။ သူမက သူ့ကိုကြည့်နေသည်ကို သိနေသလိုပင် သူက တိုးညှင်းစွာပြောလာသည်။
“အားရုံ မင်း ကိုယ်ပုလွေမှုတ်တာကို နားထောင်ချင်လား”
သူမ၏အဖြေကို စောင့်မနေဘဲ သူက ဝတ်ရုံထဲမှ ကျောက်စိမ်းပုလွေကိုထုတ်ကာ နှုတ်ခမ်းနားတွင်ကပ်လိုက်သည်။
ချန်ရုံက ပြတ်တောင်းပြတ်တောင်းဖြစ်နေသော လရောင်နှင့် ရေထဲမှသူတို့၏ပုံရိပ်များကို ငုံ့ကြည့်နေလိုက်သည်။ ဝါးလုံးနစ်သွားသောအကြိမ်တိုင်းတွင် ပုံရိပ်သုံးခုက ကျိုးပျက်သွားကာ ထို့နောက် ပြန်ဆက်လာပြီး ထပ်မံကာ ကွဲကွာသွားပြန်သည်။
ဤအချိန်တွင် မိုးကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် သူ၏ပုလွေသံတစ်ခုသာရှိနေသည်။
အခုက ဘယ်အချိန်ရှိနေပြီလဲဆိုသည်ကို သူမ သိချင်မိသွားသည်။
ပုလွေသံက တဖြေးဖြေးရပ်တန့်လာသောအခါ လှေက မြစ်၏အလယ်သို့ရောက်ရှိနေပြီဖြစ်သည်။ ချန်ရုံက ခေါင်းမော့ကာ သူမကိုနောက်ကျောပေးထားသည့် ရှည်လျားသောပုံရိပ်ကို ကြည့်နေလိုက်သည်။ သူမကနှုတ်ခမ်းကိုကိုက်ကာ မေးလိုက်သည်။
“ဘာလို့ အရှင်ရဲ့အစေခံတွေကို မတွေ့မိတာလဲ”
သူမက ဘာအဖြေကိုမှ မရရှိလာပေ။
သူမက ခေါင်းငုံ့ပြီး လှေလှော်ရန်သာ အာရုံစိုက်လိုက်သည်။ သူတို့က ဖြေးဖြေးချင်း တောင်များဆီသို့ရောက်ရှိလာသည်။ အင်းစက်ပိုးကောင်များ၏ ကျည်ကျည်ကျာကျာသံများကို နားထောင်ရင်း သူမက တိုးတိတ်စွာပြောလာသည်။
“အရှင်မင်းမြတ်က ကျွန်မကိုမေးလာတယ်”
“လူတွေက သူ့ကို အရှင်ရဲ့လက်ထပ်မှုကို သတိပေးလာကြတယ်လို့ ပြောတယ်”
သူမကရပ်ကာ သူမကိုယ်သူမ ပြုံးစေလိုက်သည်။
“ကျွန်မက သူ့ကို အမိန့်ပြန်တမ်းတစ်ခုထုတ်စေချင်လားလို့လဲ မေးလာတယ်၊ သူက စုတ်တံကိုလှုပ်ပြီး တံဆိပ်တုံးထုလိုက်ရုံဘဲလိုတာ၊ ကျွန်မက ဝမ်သခင်မဖြစ်လာလိမ့်မယ်တဲ့”
“ကမ်းလှမ်းတာကို ကျွန်မငြင်းလိုက်တယ်”
ချန်ရုံက သူ့ကိုမော့ကြည့်လာသည်။ သူမ၏မျက်လုံးများက တောက်ပနေကာ သူမအပြုံးများကနောင်တရှိမနေပေ။
“ကျွန်မ ပြန်ပြောလိုက်တယ်၊ တကယ်လို့ ကျွန်မက အရှင့်ကို လက်ထပ်လိုက်နိုင်ရင်တောင်မှ အဲ့ဒီနေရာမှာ အေးအေးချမ်းချမ်းထိုင်ရမှာမဟုတ်ဘူးလို့”
နှုတ်ခမ်းနားတွင် ကျောက်စိမ်းပုလွေကို ကပ်ထားသော ခန့်ညားသည့် ယောက်ျားက ဖြေးဖြေးချင်းနောက်လှည့်လာသည်။
အမှောင်ထဲတွင် သူ၏မျက်လုံးများက ကောင်းကင်ပေါ်မှကြယ်များလိုပင် တလက်လက်တောက်နေသည်။
သူက သူမကိုကြည့်ကာ ဖြေးဖြေးချင်း ပြုံးလာသည်။
သူ၏အပြုံးက လောကကြီး၏ပူဆွေးမှုကို လွင့်စင်သွားစေသည့် နွေဦးလေပြေကဲ့သို့ပင်ဖြစ်သည်။
သူက ကျောက်စိမ်းပုလွေကို ဝတ်ရုံထဲသို့ ပြန်ထည့်လိုက်ပြီး ချန်ရုံအား သိမ်မွေ့စွာကြည့်လာသည်။
“ကိုယ်သိတယ်”
သူက သူမကိုပြုံးပြလာသည်။ သူ၏ဝတ်ရုံဖြူက ရေပေါ်တွင်မျောပါနေသလို တဖျတ်ဖျတ်ခပ်နေသည်။
“မင်းကိုဆုချီးမြှောက်ပြီး တစ်နာရီတောင်မကြာဘူး၊ အရှင်မင်းကြီးက နောက်ထပ်တော်ဝင်အမိန့်တော်တစ်ခုကို ထုတ်ပြန်လိုက်တယ်”
ချန်ရုံ၏မျက်လုံးများက ပြူးကျယ်သွားသည်။
သူမ၏ သိချင်ပြီးစိတ်ပူပန်နေသော အကြည့်ကိုမြင်သောအခါ ဝမ်ဟုန်၏မျက်လုံးများက ထွက်ကာစလခြမ်းလေးလိုပင် ကွေးညွှတ်သွားသည်။
“အရှင်မင်းမြတ်က မင်းအတွက် ခပ်ချောချော လုလင်ပျိုသုံးယောက်ကို ချီးမြှောက်ချင်နေတာ”
သူ့အသံက စိမ့်စမ်းရေလိုပင် စီးဆင်းလာသည်။
“ဒါပေမယ့် သူတို့ကို မင်းဆီကိုမပို့နိုင်သေးခင်မှာဘဲ.....ကိုယ်က ကြားဖြတ်ပြီးတော့ သူတို့ကို ချင်းလင်မင်းသမီးဆီပို့လိုက်ပြီ”
ဝမ်ဟုန်က ချန်ရုံကို ပြုံးပြီးသာ ကြည့်နေလိုက်သည်။
လရောင်အောက်တွင် သူကလက်နှစ်ဖက်ပိုက်ကာ ရပ်နေပြီး ဖျော့ဖျော့ပြုံးနေသည်မှာ ဘာကိုမှမစိုးရိမ်မကြောင့်ကြနေသလိုပင်။
ထို့အပြင် ချန်ရုံသူ့ကိုအချိန်အကြာရှိသိခဲ့ပုံအရ သူက သူမကိုဒီလိုကြည့်နေသောအခါတိုင်းသည် သူက သူမစိတ်ကိုဖတ်ချင်နေ၍ဖြစ်သည်။
သူမက သူ့ကိုမယုတ်မလွန်အပြုံးတစ်ခုပြုံးပြပြီး ရှေ့မှအမှောင်ထုကိုသာစိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဘာမှမဖြစ်သလိုပင်ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်မကိုကိုယ့်သွေးရင်းကလေးယူဖို့ ခွင့်ပြုနေတာဘဲ”
သူမက ဝမ်ဟုန်အား အရှင်မင်းကြီးသည် သူမကိုမျိုးဆက်ရှိလာစေချင်ကြောင်း......ကလေးရှိသောမိန်းမတွင် အရာအားလုံးရှိကြောင်း ပြောပြချင်မိသည်။ အခုမှစ၍ သူမကအထီးမကျန်တော့သလို အကူအညီလည်းမဲ့မှာမဟုတ်တော့ပေ။ သျေချာပေါက်ပင် သူမက ယောက်ျားများ၏အဖော်ပြုပေးမှုမရှိဘဲ ကောင်းကောင်းလုပ်နိုင်ပေသည်။
ချန်ရုံ၏အသံက ကျေးဇူးတင်သည့်ပုံတောင်ပေါက်နေကာ အခြားဘာအဓိပ္ပါယ်ကိုမှ ဆိုလိုချင်သည့်ပုံမပေါ်ပေ။
ဝမ်ဟုန်၏ အပြုံးက မသိသာစွာ တောင့်တင်းသွားသည်။
သူက အဝေးကိုလှည့်လိုက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးဆုံနေသောနေရာကို စိုက်ကြည့်နေလိုက်သည်။
တစ်ခနကြာသွားပြီးနောက် သူကပြောလာသည်။
“အရှင်မင်းကြီးက မင်းကို တကယ် ကောင်းကောင်းဆက်ဆံပေးတာဘဲ”
သူက သူ့အသံကိုတည်ငြိမ်စေချင်သော်လည်း သူထုတ်ပြောလိုက်သောအခါ သူ့အသံက အနည်းနှင့်အများ ဒေါသသံပါနေ၏။
ဆန့်ကျင်ဘက်အားဖြင့် ချန်ရုံသည် သူ့အသံထဲမှစိတ်မချမ်းသာမှုကိုကြားလိုက်ရသောအခါ ကျေနပ်အားရသွားသည်။
သူမအော်ရယ်လိုက်ချင်သော်လည်း တွေးကြည့်လိုက်သောအခါ နှုတ်ခမ်းများကိုစေ့ပြီး ပြောလိုက်သည်။
“ဟုတ်တယ်”
ဤအဖြေနှင့် သူမကဝမ်ဟုန်အား ပျော်ရွှင်စွာပြောလာသည်။
“အရှင်မင်းကြီးက ကျွန်မကို မြေဧကတစ်ထောင်အပြင် အသက်ရှူမှားလောက်တဲ့ အိမ်တော်တစ်ခုကိုပါပေးလာသေးတယ်၊ နောက်ဆုံးတော့ ဒီတစ်ကြိမ်မှာ ကျွန်မ ကျန့်ခန်းမှာအေးချမ်းမှုကိုရှာတွေ့သွားပြီ”
လရောင်ကျသောညတွင် ဝမ်ဟုန်၏နှုတ်ခမ်းများက ထင်ရှားသောအပြုံးတစ်ခုအဖြစ်ကွေးညွှတ်လာသည်။
ချန်ရုံ၏ သူမ၏တဖျတ်ဖျတ်လှုပ်နေသော ဆံပင်ကိုဘေးသို့သပ်လိုက်ပြီး ရှေ့ကိုကြည့်ကာပြောလိုက်သည်။
“အခုကျွန်မမှာ အိမ်ပိုင်၊မြေပိုင်ရှိလာပြီ၊ အနာဂတ်မှာ ကလေးတောင်မှရှိလာဦးမယ်....ချန်အိမ်တော်ရဲ့ အားရုံက နောက်ဆုံးမှာ သူမ လိုချင်တာတွေအားလုံးကို ရသွားပြီဘဲ”
“မင်းလိုချင်ခဲ့တဲ့ အရာအားလုံးလား”
ဝမ်ဟုန်၏အသံက နိမ့်ကာမရွှင်မပျဖြစ်နေ၏။ သူက မျက်လုံးများကိုမှေးကာ ချန်ရုံအား အန္တရာယ်ရှိစွာ ကြည့်လိုက်သည်။
ချန်ရုံက သူ့ကိုမကြည့်နေသောကြောင့် သူ၏အမူအရာက နိမိတ်မကောင်းသောအလှည့်အပြောင်းဖြစ်သွားသည်ကို မသိပေ။ သူမက ခေါင်းညိတ်ပြီး သွက်လက်စွာပြန်ဖြေလိုက်သည်။
“ဟုတ်တယ် နောက်ဆုံးတော့ ကျွန်မဘဝမှာလိုချင်ခဲ့တာတွေကို ရသွားပြီ”
သူမက ခေါင်းစောင်းပြီး လတ်ဆတ်စွာရယ်မောလာသည်။
“ကျွန်မကိုယ်ကျွန်မ သာမာန်စာသင်သားတစ်ယောက်ကို လက်ထပ်ရရုံနဲ့ ကျေနပ်တင်းတိမ်သွားပြီလို့ ထင်ထားခဲ့တာ၊ သူ့ကိုချမ်းသာမှုတည်ဆောက်နိုင်အောင် ကူညီပေးပြီး ထက်မြက်တဲ့ကလေးတစ်ယောက်မွေးမယ်ပေါ့၊ မထင်ခဲ့မိဘူး ကျွန်မအရှင့်ကိုပြောပြခဲ့ဖူးပါတယ်; ကျွန်မလက်ထဲမှာ အားလပ်ချိန်တွေရှိလာပြီဆိုရင် ကျွန်မခင်ပွန်းရဲ့ နှလုံးသားကို စွဲကိုင်ထားဖို့အတွက် ဘာလုပ်ရမလဲဆိုတာတောင် စဉ်းစားမိလိမ့်မယ်၊ အဲ့လိုမှသာ သူကအိမ်တော်တွင်းကို ကိုယ်လုပ်တော်တွေခေါ်မသွင်းလာတော့မှာလေ”
သူမ ပြောလိုက်သည်ကိုသတိထားမိသောအခါ သူမ ကိုယ်သူမချောင်းဟန့်လိုက်မိသည်။
သူမင ငုံ့ကြည့်ကာ ရေကိုထိုးရန် ဝါးလုံးယူလိုက်သည်။ အနည်းငယ်လောက် လှော်ခပ်ကာရေလှိုင်းထစေလိုက်ပြီးနောက်တွင် သူမ၏အပြုံးကတောက်ပနေသည် ။
“တစ်ခါတုန်းက ကျွန်မကိုယ်ကျွန်မ ဘာကိုလိုချင်တာလဲဆိုတာကို သံသယဖြစ်ခဲ့ဖူးတယ်၊ အရှင်မင်းကြီးက ကျွန်မကိုဒီလိုကောင်းကောင်းဆက်ဆံလိမ့်မယ်လို့ နည်းနည်းတောင်မမျှော်လင့်ခဲ့ဖူးဘူး၊ မိသားစုတစ်ခုရှိရတာရဲ့ ပျော်ရွှင်မှုကို ကျွန်မမသိရင်တောင်မှ အိမ်ပိုင်မြေပိုင်ရှိပြီး ကလေးကိုမွေးဖွားပျိုးထောင်ခွင့်ရနေရင် အဆင်ပြေနေတုန်းပါဘဲ”
သူမက ဝမ်ဟုန်ကိုလှည့်ကြည့်လာရာ သူ့တစ်ကိုယ်လုံးက အလွန်တိတ်ဆိတ်နေပြီး အကြည့်များကလည်းအေးစက်နေသည်ကို ထပ်မံမျက်နှာချင်းဆိုင်လိုက်ရသည်။ ချန်ရုံက စိတ်ကောင်းဝင်နေတာလား၊ ဂရုဘဲမစိုက်တာလားမသိ၊ သူမကသူ့ကို မျက်စိမှိတ်ပြီး ကျီစယ်လိုစွာခေါ်လာသည်။
“ချီလန်”
သူမက အောက်ဘက်ကိုမျက်နှာလွှဲလိုက်ပြီး သူမလက်များကအတူတကွလိမ်ကျစ်နေသည်။
“ချီလန် အရှင်ကျွန်မကို တစ်ခုလောက်ကတိပေးနိုင်မလား”
“ကိုယ်ကတိမပေးဘူး ”
ချန်ရုံက သူ့ကိုအံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
“ကျွန်မ ဘာမှမပြောရသေးဘူးလေ”
ဝမ်ဟုန်၏နှုတ်ခမ်းများတွင် မပြုံးချင်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။
“မင်းက ကိုယ့်ကို တကယ်လို့ မင်းမှာကိုယ့်ကလေးကိုကိုယ်ဝန်ရလာရင် ကလေးကမင်းနဲ့အတူနေပြီး ကိုယ်နဲ့ဘာမှမသက်ဆိုင်ဘူးဆိုပြီး ကတိပေးစေချင်နေတာမလား”
ချန်ရုံ၏အထင်ကြီးကာ မချင့်မရဲဖြစ်နေသော အမူအရာကိုမြင်သောအခါ သူက တိုးညှင်းစွာပြောလိုက်သည်။
“အဲ့ဒီကလေးက သူမမွေးခင်ကတည်းကတောင် လန်ယာဝမ်အိမ်တော်က အလိုမရှိတဲ့ ပထမဆုံးဆက်ခံသူဖြစ်လာမယ်ဆိုတာ တွေးကြည့်လိုက်ဦး”
သူ့အသံက နူးညံ့ကာပေါ့ပါးနေဆဲဖြစ်သော်ငြား သိသိသာသာကိုအေးစက်နေသည်။ ချန်ရုံက စကားပြောရန်ထက် ပိုဉာဏ်ထက်သည်ကို တွေးမိလိုက်သည်။ သူမကအလျင်အမြန်ပင် ပါးစပ်ပိတ်ကာ သူ့ကိုကျောပေးလိုက်သည်။
သို့သော်ငြား သူမကအပြုံးများဖြင့်ရစ်ခွေနေဆဲဖြစ်သည်။ ဤအချိန်တွင် သူမ၏ကောင်းမွန်သော အနာဂတ်အကြောင်းတွေးမိသောအခါ စိတ်လှုပ်ရှားနေမိဆဲပင်။
“ချန်အိမ်တော်ကအားရုံ၊ မင်းရင်ထဲမှာရှိနေတဲ့ ဘယ်လိုမျှော်လင့်ချက်ကိုမဆို မျှော်လင့်မနေနဲ့တော့”
ဝမ်ဟုန်က ပြောလာသည်။
အံ့အားသင့်စွာဖြင့် ချန်ရုံက သူဆက်ပြောသည်ကို နားထောင်ရန် နောက်လှည့်လာသည်။
“မင်းအနားကိုကပ်လာတဲ့ ဘယ်ယောက်ျားကိုမဆို ငါသတ်ပစ်မှာမလို့”
သူက ရုတ်တရက်ချန်ရုံဘက်လှည့်လာကာ သူမဝတ်စုံပေါ်တွင်မရှိသည့် ဖုန်မှုန့်ကိုညင်သာစွာ ဖယ်ပေးလာသည်။
“အဲ့ဒါကြောင့်မလို့ မင်းဘဝမှာ မင်းရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ အမွေတွေကိုဆက်ခံဖို့ ဘာကလေးမှရှိလာမှာမဟုတ်ဘူး”
သူက ဒေါသက သူ့နှလုံးသားကို မဖုံးလွှမ်းလာခင် ထပြောလိုက်ကာ ချန်ရုံကို ဒေါသထွက်မည့်အခွင့်အရေးတောင်မပေးချေ။ ဝမ်ဟုန်က လှေဦးဆီသွားကာ နောက်မလှည့်ဘဲ အမိန့်ပေးလာသည်။
“မြန်မြန်လှော်”
ချန်ရုံက တတွတ်တွတ်ရေရွတ်လုနီးပါးဖြစ်လာသည်။
'ကျွန်မကလည်း ရှင်ကလွဲပြီး ဘယ်ယောက်ျားကိုမှ ကျွန်မအနားပေးကပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူးနော်'
သို့သော် သူမက ထုတ်မပြောလိုက်ဘဲ သူ၏ခြယ်လှယ်လွန်းကာ အကြင်နာတရားကင်းမဲ့သော ပုံစံများကိုသာ အသံတိတ်ဒေါသထွက်နေလိုက်သည်။
သူမက နှုတ်ခမ်းစေ့ကာ ဝါးလုံးကို ရေထဲသို့ဆောင့်ရိုက်လိုက်သည်။
ပေါ့ပါးသောလှေက ရှေ့သို့လှစ်ခနဲထွက်သွားကာ မကြာမီတွင် သူတို့၏နောက်မှ မြစ်ကမ်းပါးကို ချန်ထားခဲ့သည်။
ဝမ်ဟုန်က ဘာမှမပြောသလို ချန်ရုံကလည်း တူညီစွာပင်နှုတ်ဆိတ်နေလိုက်သည်။ ဤအချိန်တွင် ရေစီးသံနှင့် ဝါးလုံးရိုက်သံများ၊အင်းစက်ပိုးကောင်နှင့် တောရိုင်းကောင်း များ၏အော်မြည်သံများသာ ရှိနေသည်။
ဝမ်ဟုန်က အလွန်ဒေါသထွက်လာသည်။ လှေဦးတွင် ခနရပ်နေပြီးနောက် သူကရုတ်တရက် လေကိုထိုးကာ ဆဲရေးလိုက်သည်။
“ချီးလိုဘဲ”
၎င်းက ချန်ရုံအား သူ့ကိုလှည့်ကြည့်လာစေသည်။
သူ၏ခန့်ညားသောမျက်နှာက လရောင်အောက်တွင် မည်းပြာနေသည်။ သူကအံကြိတ်လိုက်သည်။
“အကုန်လုံးက အဲ့ဒီရူးနေတဲ့ အရှင်မင်းကြီး ကြောင့်ဘဲ”
ချန်ရုံက ပြန်လည်ငြင်းခုန်လိုစိတ်ကို ဖိနှိပ်လိုက်သည်။
ဤအချိန်တွင် ဝမ်ဟုန်ကခက်ထန်စွာဖြင့် သူမကိုကျော်ပြီး စားပွဲဆီသွားကာ တင်းတင်းပိတ်ထားသော ဝိုင်ကရားကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ သူကဝိုင်ကရားကိုမကာ အားရပါးရမော့ချလိုက်သည်။
သူ၏ဝိုင်သောက်သံများကိုကြားလိုက်သောအခါ ချန်ရုံကမနေနိုင်ဘဲ ပြောလာသည်။
“မသောက်နဲ့တော့”
သူမက သူ့လက်ထဲမှဝိုင်ကိုဆွဲယူကာ အော်ပြောလိုက်သည်။
“ကျွန်မတို့က မြစ်အလယ်မှာရောက်နေတာနော်၊ အရှင်ရေနစ်ချင်နေတာလား”
ဝမ်ဟုန်က သူမဝိုင်ယူသွားသည်ကို ခွင့်ပြုလိုက်ပြီး နောက်ကျောပေးကာ စိတ်ကောက်လိုက်သည်။
“အရှင်ဖျားတာကရော သက်သာလာပြီလား”
ဒီတစ်ကြိမ်တွင် ချန်ရုံကမေးလာသည်။
“ဒီမှာလေပြင်းတယ် နေမကောင်းမဖြစ်စေနဲ့”
သူမက သူ့ကိုမသိမ်းသွင်းခင် ခနရပ်လိုက်သည်။
“ပြန်ရအောင်”
ထိုယောက်ျားက သူမကို ဘာတုံ့ပြန်မှုမှမပေးလာပေ။
သူက ခေါင်းတောင်မလှည့်လာဘဲ ကလေးတစ်ယောက်လိုစူအောင့်နေသည်ကို မြင်လိုက်ရသောအခါ သူမ မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
“ရှင်ဖျားတာက သက်သာသေးတာမဟုတ်ဘူး...တကယ်ဘဲ အရှင်က ကိုယ့်ကိုကိုယ်ဘယ်လိုချစ်ရမလဲဆိုတာ မသိဘူးဘဲ”
သူမကို နောက်ကျောပေးထားသော ထိုယောက်ျားက လှုပ်တောင်မလှုပ်လာပေ။
ချန်ရုံက သူနှာချေသည်ကို ကြားလိုက်ရသည့်အချိန်အထိ သူ့ကိုစိုက်ကြည့်နေလိုက်သည်။
သူမက ဘာလုပ်ရမလဲမသိဖြစ်နေဆဲတွင်သူက နှစ်ခါထပ်ပြီး နှာချေလာသည်။
သူမက အမြန်သွားကာ သူ၏ဝတ်ရုံစများကိုဆွဲချပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။
“အေးတယ်မလား ၊ ပြန်ရအောင်”
သူက နောက်မလှည့်လာသေးသော်လည်း သူမ၏ထိုင်ခုံဆီမှအဆွဲခံလိုက်ရသောအခါ သူ၏လှုပ်ရှားမှုများက အနည်းငယ်တွေဝေနေသည်ကို သူမ ခံစားလိုက်မိသည်။ သူမကစိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း တစ်ချိန်တည်းတွင် ရယ်ချင်မိသွားသည်။ သူမက သူနွေးသွားစေရန် လက်မောင်းများကိုပွေ့ဖက်ထားလိုက်သည်။
“ချီလန် မြစ်ထဲမှာအရမ်းလေပြင်းတာ၊ အအေးမိလိမ့်မယ်”
ဝမ်ဟုန်က သူမကိုလျစ်လျူရှုထားသည်။
ချန်ရုံလည်း မတတ်နိုင်တော့သောကြောင့် သူ့ကိုဆွဲခေါ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူ့ကိုဆွဲခေါ်ရန်လွယ်နေ၏။ သူမက ဝမ်ဟုန်ကို လှေနှင့်ဆက်ထားသော စားပွဲဆီခေါ်လာပြီး အပိုအဝတ်အထည်များကိုမတွေ့သောကြောင့် သူ့ကိုနွေးစေရန် အနောက်မှသာဆက်ပြီးဖက်ထားပေးလိုက်သည်။
သူမလက်ကြားရှိ ယောက်ျားက ထပ်ခါတလဲလဲနှာချေလာသည်။
သူမက စိုးရိမ်တကြီးထိုင်ချလိုက်ပြီး သူ့နဖူးကိုထိလိုက်သည်။
“ဘာလို့ရှင်နဲ့ အတူ အစေခံတွေကိုမခေါ်လာတာလဲ”
သူမက အပြစ်တင်လိုက်သည်။