Chapter (34)
ဒုက္ခမှလွတ်မြောက်စေသော မှော်လက်နက်
မော့ရစ်ကန်း: "ပြဿနာပဲ... အားထိုက် ဘယ်ရောက်သွားတာလဲ"
ချိုးယုံစစ်: "ဒါ မကောင်းဘူးလား? အနည်းဆုံးတော့ သူက အန္တရာယ် မရှိသေးဘူးလေ"
ဟုန်ကျွင့်က မျက်မှောင်ကြုတ်ပြီး "မင်းတို့ ဘယ်လို အလိမ်ခံလိုက်ရတာတုန်း"
ထိုညတွင် လူတိုင်း လမ်းခွဲပြီးနောက် လီကျင်လုံ၊ မော့ရစ်ကန်းနှင့် ချိုးယုံစစ်တို့သည် ငါးကြင်းနတ်ဆိုးဆီက သတင်းမရရှိမီတွင် ထောင်ချောက်ထဲသို့ ကျရောက်သွားကြပြီ။ ကျုံးအောက်ရှိ နောက်ထပ် ဥမင်လိုဏ်ခေါင်း၊ ငန်းရိုင်းမျှော်စင်နှင့် မနီးမဝေးက လူနေအဆောက်အအုံတစ်ခုနှင့် မြို့အပြင်ဘက်ရှိ လှိုဏ်ဂူတစ်ခုတွင် ဟုန်ကျွင့်နှင့် အားထိုက်တို့ မြင်ခဲ့သည့် တူညီသော မှော်အစီအရင် စက်ဝိုင်းတစ်ခုကို ရေးဆွဲထားတာ တွေ့ခဲ့ရသည်။
ငါးကြင်းနတ်ဆိုးသည် အားထိုက်ကိုသာ တွေ့ရှိပြီးနောက် အခြားသူများ၏ နေရာကို သိရှိရန် မြစ်တစ်ဝိုက်တွင် ရှာဖွေခဲ့သေးသည်။
မော့ရစ်ကန်းနှင့် ချိုးယုံစစ်တို့သည် စစ်ဆေးရန်အတွက် မှော်အစီအရင် စက်ဝိုင်းအတွင်းသို့ စွမ်းအားများ ထိုးသွင်းလိုက်စဥ် သွေးစက်များဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လီကျင်လုံသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း ခံရချိန်တွင် မလွတ်မြောက်နိုင်သောကြောင့် ရဲရင့်စွာ ဆုံးဖြတ်ချက်ချကာ တိုက်ခိုက်ရင်း အားနည်းကာ သတိလစ်သွားခြင်း ဖြစ်နိုင်သည်။
ဟုန်ကျွင့်နှင့် အားထိုက်တို့သာလျှင် အကြေးခွံများကို ကောက်ယူခဲ့ပြီး မှော်အစီအရင် စက်ဝိုင်းမှ ဤနေရာသို့ တယ်လီပို့ခြင်း ရလဒ်ကို ရှောင်ရှားခဲ့သည်။
"ဒါပေမဲ့ သာမာန်လူတွေက မှော်အစီအရင် အဝိုင်းထဲကို ဝိညာဉ်စွမ်းအားတွေ ထည့်ထားပြီးတာနဲ့ ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးလေ.... ဘယ်လိုအကျိုး သက်ရောက်မှုရှိလဲ ဆိုတာကို သိအောင် ကြိုးစားသင့်လား"
မော့ရစ်ကန်းက ပထမဦးစွာ အကြံပေးလာသည်။ ဟုန်ကျွင့်လည်း သဘောတူလိုက်လေ၏။
"ဟုတ်တယ်....ဒါဆို ငါတို့က သာမာန်လူတွေ မဟုတ်ဘူး ဒါပေမယ့် ကျောက်ကျစ်လုံကျ ဘယ်ရောက်သွားတာလဲ"
......
ငါးကြင်းနတ်ဆိုးသည် ဝတ်မှုန်များ ပြည့်နေသော အိတ်ကို ကိုင်ဆောင်ကာ အမှောင်ထဲ လှည့်ပတ်ကြည့်ရှုနေသည်။ မှောင်မိုက်သော လမ်းရှည်ကြီး တစ်လျှောက် လျှောက်ရင်း နတ်ဆိုးနှင်ဌာန အပြင်ဘက်သို့ ပြေးသွားကာ။
"ဟုန်ကျွင့်! မင်းဘယ်မှာလဲ!"
"အစ်ကိုကျောက်ကျစ်လုံ?"
"အား-"
ငါးကြင်းနတ်ဆိုးမှာ အလွန်ထိတ်လန့်သွားသဖြင့် ထအော်လိုက်ပြီး လှည့်ကြည့်လိုက်တော့ အားထိုက် ဖြစ်နေသည်။ ခဏကြာတော့ လူတစ်ယောက်နဲ့ ငါးတစ်ကောင် ဟင်းလင်းပြင်မှာ ကြောင်တောင်တောင်ဖြင့် ရပ်နေကြ၏။
အားထိုက်: "အခုတော့ ကောင်းရော ဟုန်ကျွင့်ပါ ပျောက်နေပြီ"
ကမ္ဘာကြီးက ကြီးမားသည်။ ဟုန်ကျွင့်ကို ဆုံးရှုံးလိုက်ရကြောင်း ယောင်ကျင်းနန်းတော်က သခင်ကြီးသာ သိသွားရင် လူသတ်လိမ့်မယ်။ သူ့ကိုပါ သတ်ပစ်လိမ့်မယ်လို့ ငါးကြင်းနတ်ဆိုးက ထင်နေပါပြီ။ ငါးကင်၊ ငါးကြော် ဒါမှမဟုတ် ရှဉ့်ကြော်ငါးနဲ့ပဲဖြစ်ဖြစ်။ တွေးရင်းတွေးရင်း ငါးတစ်ကိုယ်လုံး ရုတ်တရက် တုန်လှုပ်သွား၏။
ငါးကြင်းနတ်ဆိုး: "မင်း ဘာလို့ ဟုန်ကျွင့်နဲ့ အတူ ရှိမနေရတာလဲ!"
“ကျွန်တော် အရမ်းအိပ်ငိုက်နေတယ်လေ... နေ့ရောညပါ မအိပ်ခဲ့ရတော့ တံတားအောက်မှာ ခဏလေး အိပ်ပျော်သွားတာ"
ငါးကြင်းနတ်ဆိုး: "ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ!"
အားထိုက်က ငါးကြင်းနတ်ဆိုးကို မထိတ်လန့်စေရန် အချက်ပြရန် သူ့လက်ကို ဝှေ့ယမ်းပြသည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီး ပြိုလဲနေရင်တောင် တစ်စုံတစ်ဦးကိုတော့ အမြန်ရှာတွေ့မှာပါပဲ။
အားထိုက်: “သွားကြရအောင်... ကျွန်တော်တို့မှာ သဲလွန်စတွေ ရှိနေပြီပဲ”
အားထိုက်သည် ကျင်းချွီ တံတားအောက်သို့ ငါးကြင်းနတ်ဆိုးကို ခေါ်ဆောင်လာခဲ့ပြီး တံတားအောက်ခြေရှိ မှော်အစီအရင် စက်ဝန်းကို တစ်ချက် ကြည့်လိုက်သည်။
"ဒါက နေရာပဲ... ငါ့နောက်ကို လိုက်ခဲ့"
လူတစ်ယောက်နှင့် ငါးတစ်ကောင်သည် ရှေ့သို့ ဆက်လျှောက်သွားကာ ငါးကြင်းနတ်ဆိုးက
"ကျွန်တော် ဖျင်ကန်းလီကနေ ဖြတ်သွားတော့ ဝင်ကြည့်ဖို့ တွေးနေသေးတယ်..."
အားထိုက် သူ့လက်ကို နဖူးပေါ်တင်ပြီး "မင်းကိုဘယ်သူမှ အပြစ်မတင်ပါဘူး... မင်းက နတ်ဆိုးနှင်သူ မဟုတ်ဘူးလေ"
"ဒါပေမယ့် ငါ့တာဝန်က ဟုန်ကျွင့်ကို ကာကွယ်ဖို့ပဲ"
အားထိုက် : "..."
"မအော်နဲ့.... ဒီမှာကြည့်"
အားထိုက် ရပ်လိုက်ပြီး သူ့ရှေ့မှ မှော်အစီအရင် စက်ဝိုင်းတစ်ခု ရှိနေသည်။
ငါးကြင်းနတ်ဆိုးလည်း မှော်အစီအရင် စက်ဝိုင်းကို တစ်ချက် ကြည့်လိုက်သည်။ အားထိုက်သည် ဥမင်လိုဏ်ခေါင်း၏ အတိမ်အနက် ရှိရာသို့ လျှောက်သွားကာ မှော်အစီအရင် အဝိုင်းလေးခုကို အစီအစဥ်လိုက်၍ စီထားသည်အား တွေ့လိုက်ရကာ ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့်၏ ခြေရာများကိုလည်း သတိပြုမိသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဟုန်ကျွင့်၏ ယခင်လမ်းအတိုင်း လိုက်ကာ လွတ်နေသောဂူဆီသို့ ရောက်လာခဲ့သည်။
အားထိုက် အတွင်းမှ ကြေးနီပြားကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းက ဗလာဖြစ်နေသည်။
ငါးကြင်းနတ်ဆိုးသည် ၎င်းကို အကြာကြီး မိုက်မဲစွာ ကြည့်ပြီးနောက် ခြေတစ့ချောင်းကို မြှောက်ကာ အထဲသို့ လှမ်းဝင်ရန် ကြိုးစားသော်လည်း ဘာမှမလုပ်ဖြစ်ပေ။ အားထိုက်က သူနဲ့ ဟုန်ကျွင့် မှော်အစီအရင်အား ပထမဆုံးတွေ့ရှိသည့် နေ့ကို ပြန်စဥ်းစားကြည့်နေသည်။
ဤအစီအရင်က ယခုအခါ လူတိုင်း၏ ပျောက်ဆုံးမှုနှင့် နီးကပ်စွာ ဆက်စပ်နေပုံရသည်။ ငါးကြင်းနတ်ဆိုးအား မေးခွန်းတွေမေးဖို့ စောင့်မနေဘဲ အားထိုက် သူ့ရဲ့ မှော်အစွမ်းကို အစီအရင်ထဲကို ဖြည်းညှင်းစွာ သွန်းလောင်းလိုက်ပါ၏။
မှော်အစီအရင် စက်ဝိုင်းသည် လင်းထိန်သွားသော်လည်း အလယ်ဗဟိုရှိ သွေးတစ်စက်၏ စွမ်းအားမရှိဘဲ လမ်းကြောင်းကို ဖွင့်၍မရပေ။
တစ်ချိန်တည်းမှာပင် ဂူ၏ထိပ်ရှိ မှော်အစီအရင် အဝိုင်းသည်လည်း လင်းထိန်နေသည်။ မြေအောက်ရှိ နတ်ဆိုးနှင်ဌာနက လူများသည် မှော်လက်နက်များကို ထိန်းချုပ်ကာ မှော်အစီအရင် အဝိုင်း၏ အလင်းရောင်ကို အနီးကပ် ကြည့်နေကြသည်။
"...မဖြစ်ဘူး..." အားထိုက်၏ အသံသည် တိုးတိုးလေး ထွက်ပေါ်လာပြီး။
"...အစီအရင် မျက်လုံးမရှိဘဲ အစီအရင် ဖွဲ့စည်းမှုကို အသက်သွင်းလို့ မရနိုင်ဘူး"
လီကျင်လုံ: "အားထိုက် မသွားနဲ့ဦး.... ဝင်လည်းမလာနဲ့!"
ငါးကြင်းနတ်ဆိုးရဲ့ အသံက “ကံဆိုးတဲ့ တစ္ဆေရဲ့ အသံကို ငါ ကြားနေရသလိုပဲ"
လီကျင်လုံ: "..."
အားထိုက်: "မင်း စိတ်ထင်နေလို့ဖြစ်မယ်..."
အားလုံးက ရှေ့ကို ပြေးသွားကြပြီး ချိုးယုံစစ်က ဟစ်အော်သည်။
"အားထိုက်! မင်းနောက်က စောင့်နေ!"
"ပြီးတော့ ဟိုငတုံးလေးရော"
ငါးကြင်းနတ်ဆိုးက အသံက ဆက်ပြောသည်။ ချိုးယုံစစ်ခမျာ သူ့နဖူးကို ကိုင်ထားပြီး အနည်းငယ် စိတ်ညစ်သွားသည်။
"တကယ်တော့ သူက ငါတို့ကို နာမည်ပြောင်ပေးလိုက်ပြီ...."
"ကျောက်ကျစ်လုံ!" ဟုန်ကျွင့် အော်လိုက်တော့။
"ဟုန်ကျွင့်! အဲ့ဒါ ဟုန်ကျွင့်ပဲ--!"
ငါးကြင်းနတ်ဆိုးသာမက ဤတစ်ကြိမ်တွင်တော့ အားထိုက်လည်း ရွှင်မြူးစွာ ကခုန်လုနီးပါး ဖြစ်သွားသည်။
"ဟုန်ကျွင့်! မင်းရှိလား"
မှော်စွမ်းအားသည် ပို့ဆောင်ခြင်း အစီအရင်ကို ဖြတ်သန်းသွားကာ လူများကို တယ်လီပို့ခြင်း မပြုနိုင်သော်လည်း နှစ်ဖက်စလုံး၏ အသံများကို ကြားရပေသည်။ ငါးကြင်းနတ်ဆိုးက ဟစ်အော်လေ၏။
"ဟုန်ကျွင့်... မင်းဒဏ်ရာ ရသွားသေးလား?"
ဟုန်ကျွင့်က သူ့နားကို ဖုံးပြီး "မရပါဘူး.... အားလုံး အဆင်ပြေရဲ့လား မင်းဘယ်ရောက်နေတာလဲ"
ငါးကြင်းနတ်ဆိုး : "ငါ စျေးဝယ်ဖို့ အနောက်ဈေးကို သွားခဲ့တယ်... ဒီည ဘာစားချင်လဲ"
အားထိုက် စိုးရိမ်တကြီးနဲ့: "ကျောက်ကျစ်လုံ ထွက်သွားစမ်းကွာ!...ခေါင်းဆောင် ဘာဖြစ်ကုန်တာလဲ"
လီကျင်လုံက ရှေ့ကို တိုးလာကာ ခေါင်းကို မော့၍ အကြောင်းစုံကို အတိုချုံးပြောပြသည်။ အားထိုက်က ခေါင်းတစ်ချက်ညိတ်ပြီး။
“ဒါဆို ငါတို့ သွေးစက်တွေ ရှာရသေးတယ်…”
ချိုးယုံစစ်: "မဟုတ်ဘူး... မဟုတ်ဘူး... ဒီစက်ဝိုင်းက အခုအသက်သွင်းဖို့ လက်လှမ်းမမီနိုင်လောက်ဘူး မင်းပြန်ဝင်လာရင် အပြင်ကို မထွက်နိုင်တော့ဘူး"
သခင်မကော်နှင့် ပါ့ရှာ့ ထွက်သွားသောအခါတွင် သူတို့သည် ဤမှော်အစီအရင်အဝိုင်းကို ဘယ်တော့မှ မသုံးနိုင်တော့ပေ။ ဒါကြောင့် ထွက်ခွာသွားလိုလျှင် အခြားနည်းလမ်းများ ရှိသင့်သည်။
လီကျင်လုံ: "အားထိုက်... မင်း အစီအရင် ပိုင်ရှင်အစစ်ကို လိုက်ရှာပါ.... မင်း သူ့ကို ရှာတွေ့ပြီးရင် သူမကို စောင့်ရှောက်ပေးထားစမ်းပါ... သူမကို ဘယ်လို ထိန်းထားရပါစေ ကြိုက်တဲ့နည်းလမ်းသား သုံး! ငါတို့ ဒီနေရာမှာ နည်းလမ်းတစ်ခု စဉ်းစားထားမယ်"
အားထိုက်က တုံ့ပြန်သံ ပေးပြီး ငါးကြင်းနတ်ဆိုးနဲ့ ထွက်သွားခဲ့သည်။
ထိုနေ့တွင် လေပြင်းများ တိုက်ခတ်နေ၍ ချန်အန်းမြို့တစ်ခွင်သို့ လေအေးများက ဝေ့ယမ်းနေသည်။ အားထိုက်သည် ငါးကြင်းနတ်ဆိုးကို ကျောပေါ်တင်ကာ သခင်မကော်၏ စံအိမ်သို့ ဦးတည်သွားသော်လည်း သူမက ပျောက်သွားပြီ။ ဘုရင်မင်းမြတ်နှင့် ကြင်ယာတော်က လိရှန်းတောင်သို့ သွားကြောင်း ဆိုလေသည်။ အားထိုက်လည်း မြေအောက်ဈေးက မြင်းငှားပြီး လိရှန်းတောင်သို့ ပြေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ဂူထဲမှာ အချိန်တွေ တဖြည်းဖြည်း ကုန်သွားသည်။ လူတိုင်းသည် စကားတစ်ခွန်းမှ မပြောဘဲ ဒဏ်ရာများကို ကုစားရန် ကံကြမ္မာကိုသာ အသုံးပြုနေကြရသည်။
လီကျင်လုံက အသက်ပြင်းပြင်း ရှူပြီး ဟုန်ကျွင့်ကို မေးလိုက်သည်။
"မင်း ဘယ်လောက်ထိ ပြန်ကောင်းလာပြီလဲ?"
ဟုန်ကျွင့်က အလျင်မြန်ဆုံး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ယခုအခါ သူ၏ ကျင့်ကြံမှု၏ 20% နီးပါးသို့ ပြန်လည်ရောက်ရှိသွားကာ ဓားပျံများကို တဖြည်းဖြည်း ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ချိုးယုံစစ်က ဆိုသည်။
"သခင်မကော် ဆွဲသွားတဲ့ စာလုံးကို မှတ်မိလား အဲဒါကို စမ်းကြည့်လို့ရတယ်"
လီကျင်လုံက သူ့မှတ်ဥာဏ်ထဲကအတိုင်း အခြေခံပြီး မြေပြင်ပေါ်မှာ ဆွဲပြလေသည်။
"ဒီစာလုံးကို ငါလည်း နားမလည်ဘူး မှန်မလားတော့ မသိဘူး"
ချိုးယုံစစ်က အဲဒါကို ခဏလောက် ကြည့်ပြီးတော့ သူ့လက်ချောင်းတွေကို ဝေ့ယမ်းလိုက်သည်။ စုတ်တံနဲ့ စက်ဝိုင်းပုံလုပ်ကာ လေထဲမှာ သင်္ကေတတွေဆွဲဖို့ ကြိုးစားလေ၏။ ဟုန်ကျွင့်သည် သွေးကန်ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ သခင်မကော် ပြောသည်ကို မတွေးဘဲမနေနိုင်ချေ။
"သူ့အဖေက ငါ့ညီမကို သတ်လိုက်တာ ဒီနေ့တော့ အရာအားလုံး ငါ့လက်ထဲမှာပဲ..."
မကြာသေးမီက ယန်ယွိဟွမ်နှင့် တွေ့ဆုံသောအခါက ယန်ယွိဟွမ်သည် သူ့ဖခင်အား တစ်နည်းနည်းဖြင့် သိနေပုံရသည်ဟု ခံစားမိလေသည်။ သူမက တစ်နည်းအားဖြင့် ဧကရာဇ်ကြင်ယာတော် ဖြစ်ကာ သခင်မကော်ကလည်း သူ့ဖခင်ကို သိနေသည်။
ဒီအကြောင်းအရာကို ချုံမင် ကိုယ်တိုင်က မပြောပြပေမယ့် ဟုန်ကျွင့်ကတော့ သူ့မိဘတွေ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေချင်နေဆဲပါပဲ။ တဖြည်းဖြည်းနဲ့ သူ ဝိညာဥ်ထွက်ပန်းရဲ့ ဝတ်မှုန်ကို အနံ့ခံတဲ့နေ့မှာ မြင်ခဲ့ရတဲ့ ပုံရိပ်ယောင်တွေကို တွေးလိုက်မိသည်။
အဲဒါ သူ့မိဘတွေလား။ ဟုန်ကျွင့် လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ တွေးနေ၏။
"ဟုန်ကျွင့်?"
ချိုးယုံစစ်က ဟုန်ကျွင့်ကို သူ့အတွေးထဲကနေ ဆွဲထုတ်လိုက်ပါ၏။ လီကျင်လုံလည်း မျက်မှောင်တစ်ချက် ကြုတ်ပြီး ဆိုသည်။
"သူ အရမ်းပင်ပန်းနေပြီ"
ဟုန်ကျွင့် မော့ကြည့်လိုက်တော့ သူတို့ သုံးယောက်က သူ့ကို ရှုပ်ယှက်ခတ်နေသော အကြည့်များဖြင့် ကြည့်နေတာကို တွေ့ရလေသည်။ မော့ရစ်ကန်းက ဆိုလာသည်။
"ပျက်ပြယ်သွားနိုင်တဲ့ မှော်စွမ်းအင် တစ်ခုခု ရှိလား"
ချိုးယုံစစ် သူ့စုတ်တံကို ကောက်ကိုင်လိုက်ပြီး မှင်စာလုံးကို လေထဲမှာ ဆွဲထုတ်လိုက်ပေမယ့် လူတွေကို အဝေး ပို့လို့မရဘူး ဖြစ်နေသည်။ သခင်မကော် ပို့ဆောင်ခြင်း အစီအရင်ကို သုံးရန် လက်ညှိုးကို မြှောက်လိုက်သောအခါ လက်စွပ်သည် တောက်ပလာသောကြောင့် လေထုအနှံ့ ပဲ့တင်ထပ်နေသည့် ပြင်ပကမ္ဘာတွင် မှော်လက်နက်အချို့ ရှိရမည်ကို သတိရမိသွားသည်။
ဤစာလုံးပေါင်းသည် 'တုံ့ပြန်မှု' ၏ စွမ်းအားကို အသုံးပြု၍ ပို့ဆောင်ခြင်းအစီအရင်ကို သုံးခြင်း ဖြစ်ပေလိမ့်မည်။ ချိုးယုံစစ်က သူ့ခေါင်းကို မော့လိုက်ပြီး။
"အစီအရင်ထဲမှာ သွေးကန်ရှိတယ် သွေးတစ်စက်က သော့ဖွင့်သလိုပဲ.... သွေးကန်ကို အစီအရင်အနေနဲ့ သုံးဖို့ သွေးတစ်စက်ကို သုံးကြည့်ရအောင်.... သွေးစက်က တံခါးသော့ ဆိုရင် သွေးပင်လယ်က မှော်အစီအရင်ကို ဖွင့်လိုက်တာနဲ့ လူတွေအကုန်လုံးကို သယ်ထုတ်သွားနိုင်လောက်တယ်"
ဟုန်ကျွင့်လည်း သူ ချိုးယုံစစ် ပြောခဲ့တဲ့ နိယာမကို မြန်မြန်နားလည်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
"တစ်နည်းအားဖြင့် ပြောရရင် အပြင်မှာ သော့ခတ်ထားရမှာပေါ့"
ချိုးယုံစစ် ခေါင်းညိတ်ပြီး မေးသည် "သခင်မကော် သိမ်းသွားတဲ့ နတ်အလင်းငါးရောင်ကို မင်း ဆက်သွယ်နိုင်လား"
"ငါ စမ်းကြည့်ပါ့မယ်။"
ဟုန်ကျွင့်သည် ချိုးယုံစစ်၏ လက်နောက်ဘက်သို့ သူ့လက်ကို တင်လိုက်ပြီး ခဏလောက် စမ်းသပ်ပြီးနောက် ခေါင်းယမ်းကာ ဆိုလိုက်သည်။
“မရဘူး”
လူတိုင်းက အတွေးပျောက်ပြီး မော့ရစ်ကန်းက ထပ်ပြောလာသည်။
"ကျောက်ကျစ်လုံ ယူလာတဲ့ ဝိညာဉ်ထွက်ပန်းရဲ့ ဝတ်မှုန်ကို သုံးလို့ရလောက်လား"
"မှော်လက်နက်တွေနဲ့ လိုက်ဖက်ညီရမှမယ်" ချိုးယုံစစ်က စိုးရိမ်တကြီးနဲ့ ပြောသည်။
"မှော်လက်နက်တွေမှာ အချင်းချင်း ပဲ့တင်ထပ်တဲ့ လက္ခဏာတွေ ရှိရမယ်..."
ဟုန်ကျွင့်:"ဟုတ်တယ်!"
အားလုံးက ပြုံးပြီး ဟုန်ကျွင့်ကို ကြည့်လိုက်ရာ သူလည်း ချက်ချင်း သဘောပေါက်သွားသည်။
"မသေမျိုး ဓားပျံက လေးစင်းရှိတယ်.... နောက်ဆုံးတစ်ခုက သခင်မကော်ဆီမှာပဲ ဖြစ်ရမယ် ငါလုပ်ပါရစေ!"
ထိုစကားကို ပြောပြီးနောက် လုရွှမ် သူ့အင်္ကျီတွေကို လှန်လိုက်ပြီး စမ်းကြည့်ဖို့ လုပ်သည်။ လီကျင်လုံက ချက်ချင်းပဲ ဝင်ဆိုလေ၏။
"အပြင်မထွက်ခင် အပြည့်အဝ ပြင်ဆင်ထားလိုက်ပါ.... နောက်တစ်ခုက သခင်မကော်နဲ့တွေ့ရင် မိုက်မဲတဲ့စကား မပြောဘဲ အရင်ဆုံး တိုက်ခိုက်ကြမယ်.... သူမက မိစ္ဆာတစ်ကောင်ပဲ ငါတို့ မလွတ်မြောက်နိုင်ဘူး ဆိုတာ သက်သေပြလိမ့်မယ်.... ဘာပဲဖြစ်ဖြစ် တိုက်ပွဲက ဖြစ်လာလိမ့်မယ်"
လီရှန်တောင်၊ ဟွာချင်းရေကူးကန်၊ ညအချိန်၌။
လီလုန်ကျီးက ရေကူးကန်ထဲတွင် ရေစိမ်နေသည်။ နည်းနည်း ကူးခတ်ပြီးနောက် အတော်ကြာအောင် မောပန်းနေပြီ ဖြစ်သည်။ ယန်ယွိဟွမ်က ပုလဲမှုန့်ကို ငွေဓားဖြင့်ခြစ်ကာ အနားတွင် ကပ်လျက် ဆိုသည်။
"အရှင်မင်းကြီး အရင်ကိစ္စကို တွေးနေသေးတာလား"
"ငါစိုးရိမ်တယ်" လီလုန်ကျီးက သက်ပြင်းချလိုက်ပြီး။
"အမျိုးသားရေးကိစ္စက ငါတို့ကို အပ်နှင်းထားတုန်းပဲ.... ဒါပေမဲ့ မင်းပြောတဲ့ မိစ္ဆာတွေ... ဟန်အာက သူတို့ကို ဘယ်လို ကိုင်တွယ်နိုင်မှာလဲ"
ယန်ယွိဟွမ်က ပြုံးပြီးပြောသည်။
"တိရန်ကျယ်ရဲ့ အမိန့်နဲ့ လီကျင်လုံရဲ့ အကူအညီကြောင့်နဲ့ဆို ကြီးကြီးမားမား ပြဿနာ ရှိလာမှာ မဟုတ်ပါဘူး "
လီလုန်ကျီး: "မိစ္ဆာတွေအကုန်လုံးက ငါ့ဆီ ပြေးတက်လာနေတယ်.... အဲဒီနေ့ကို တွေးကြည့်ရင် ကြောက်စိတ်က မထိန်းနိုင်တော့ဘူး"
ယန်ယွိဟွမ်: "ဒါကြောင့် ဘုရင်မင်းမြတ်ရဲ့ ကောင်းချီးပေးမှုကို ကျေးဇူးတင်ပါတယ်လို့ ပြောတာပေါ့.... ကျွန်မတို့ ထန်မင်းဆက်ကို ဘုရားရှင်က ကောင်းချီးပေးပါစေ.... ဒီကလေးတွေလည်း နတ်ဆိုးတွေကို အချိန်မီ ဖယ်ရှားနိုင်ပါစေ"
လီလုန်ကျီးက ရယ်မောပြီး "အဲဒီနေ့က မြေခွေးမိစ္ဆာရဲ့ ဒုက္ခအပြီးမှာ ကော်ကျုံးက ငါ့ကို စကားနည်းနည်းပြောခဲ့တယ် ဒီစကားကြားတော့ ငါ ပိုလို့တောင် စိတ်ပူသွားတယ်"
"ဘာတွေပြောနေလို့လဲ" ယန်ယွိဟွမ်က အံ့အားသင့်စွာဖြင့် ဆက်ပြောသည်။
"တကယ်တမ်း သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် သူက ဒါကို အလေးအနက် မထားဘူး"
"သူက ပြောတယ်..." လီလုန်ကျီးက တော်တော် ထိတ်လန့်သွားပုံရပြီး
"နတ်ဆိုးနှင်ဌာနမှာရှိတဲ့ လူတိုင်းက အရည်အချင်းရှိပြီး သာမန်စစ်သားတွေလိုပဲ.... ပြိုင်ဘက်က ဘယ်သူလို့ထင်လဲ ထိုက်ကဲလားကို ဥပမာတစ်ခုအနေနဲ့ ယူကြည့်လိုက်.... တစ်ရာတန်ရင် ဟုတ်တယ် ဒီလူတွေက ထန်မင်းဆက်ကို သစ္စာစောင့်သိတဲ့အခါ သူတို့ဟာ စံနမူနာယူစရာပဲ... သစ္စာမစောင့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?"
ယန်ယွိဟွမ် ပြောစရာ စကား ပျောက်ရှသွားသည်။
လီလုန်ကျီး: "လူတိုင်းမှာ စိတ်ခံစားမှု ခုနစ်ခုနဲ့ ဆန္ဒခြောက်ခုရှိပါတယ်...အရင်တုန်းကတော့ ကျုံးရှူး၊ ရှန်ရှူး နဲ့ လက်အောက်ခံပြည်နယ်သုံးခုကို စစ်ဆေးပြီး ဟန်ချက်ညီအောင် ထိန်းကျောင်းဖို့ လက်အောက်ခံ ပြည်နယ်တွေရဲ့ အင်အားကို လျှော့ချခဲ့တယ်.... နတ်ဆိုးနှင်ဌာနမှာ လူအင်အား အများကြီးမရှိဘူး တစ်ခုခု မှားသွားရင် ဘယ်သူက စစ်ဆေးမှာလဲ?"
ယန်ယွိဟွမ်က ခဏလောက် စဉ်းစားပြီး။
"လီကျင်လုံ နဲ့ သူ့ဘေးနားက ကလေးက ကြည်လင်တဲ့ မျက်လုံးတွေနဲ့ သန့်ရှင်းတဲ့ လေတွေရှိတယ်.... သူတို့က ချန်အန်းကို ဒုက္ခမရောက်စေမှာ သေချာတယ်"
"ဒါကို ငါပြောခဲ့တာပဲ... ဒါပေမယ့် အခုမှ ဆယ်နှစ်၊ အခုကနေ အနှစ်တစ်ရာ ဒါမှမဟုတ် အခုကနေ မျိုးဆက်တစ်ထောင်တောင် ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်တဲ့ နည်းလမ်းက လူတွေရဲ့ အမြင်ပေါ်မှာ အမြဲတမ်း အခြေထာယခံလို့ မရဘူး.... ငါ့ကို အစိုးရိမ်ရဆုံးက ဘာလဲသိလား"
ယန်ယွိဟွမ်က ပြုံးပြီး "အချိန်ယူကြည့်ပါ.... နည်းလမ်းက အမြဲရှိမှာ မှန်ကန်တဲ့ ဝန်ကြီးချုပ်နဲ့ ဌာနခေါင်းဆောင်တွေလည်း ရှိနေတာပဲမလား..."
သူစကားပြောနေတုန်း ယန်ယွိဟွမ်ရဲ့ လက်ထဲက ငွေရောင်ဓားတစ်လက်က ရုတ်တရက် တောက်ပလာပြီး "ချွင်းကနဲ" အသံထွက်လာရာ လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့ တစ်ချိန်တည်းတွင် လန့်သွားသည်။
ယန်ယွိဟွမ်က မျက်မှောင်ကြုတ်ပြီး "ဘာဖြစ်နေတာလဲ..... "
"မြန်မြန်ချလိုက်! ဘယ်က ရောက်လာတာလဲ"
ယန်ယွိဟွမ်က ပုလဲမှုန့်ခြစ်ဖို့ သုံးတဲ့ ငွေဓားကို ချလိုက်ပြီး။
"အစ်မကြီးရဲ့ အိမ်မှာ တွေ့ခဲ့တာ ပုလဲမှုန့် ရောစပ်နေတဲ့ အချိန်မှာ သူမအခန်းထဲကပဲ ယူသွားလိုက်တာ"
"မင်းသူမကို မေးဖူးလား" လီလုန်ကျီးက ထိတ်လန့်တကြား မေးလိုက်သည်။
"ဒါက ဘယ်လိုမှော်လက်နက် အမျိုးအစားလဲ"
ငွေရောင်ဓားသည် ပိုတောက်ပလာပြီး လေထဲသို့ ဖြည်းညှင်းစွာ တုန်ခါလာသည်။ ဓားသည် လီလုန်ကျီးဆီသို့ ညွှန်ပြပြီး မတွန့်ဆုတ်တော့တဲ့ လူတစ်ယောက်လို ရေကန်ထဲသို့ ထိုးဆင်းသွာယကာ ရုတ်တရက် လှည့်ကာ လီလုန်ကျီး၏ ရှေ့တွင် ရပ်သွားသည်။ ယန်ယွိဟွမ်သည် စိုစွတ်နေပြီးသော ဂါဝန်ဖြင့် သူမ၏ခန္ဓာကိုယ်ကို လီလုန်ကျီးနှင့် နီးကပ်ထားသည်။ လီလုန်ကျီးကို မှီကာ နှစ်ယောက်သား ပျံသန်းနေသော ဓားကို ကြည့်ရင်း ရင်မောလာသည်။
ငွေဓားသည် နေရာတိုင်းတွင် လျှပ်စစ်အလင်းရောင်ဖြင့် ရုတ်တရက် တောက်ပလာသည်။ ထိုအခိုက် ဝုန်းကနဲ ပေါက်ကွဲသံနဲ့အတူ လီကျင်လုံတစ်ယောက် လျှပ်စီးလက်သွားသလို လေထဲကနေ ပြေးထွက်လာလေသည်။
လီကျင်လုံသည် သွေးများဖြင့် ဖုံးလွှမ်းထားဆဲဖြစ်ကာ ရေကန်ထဲသို့ ပြုတ်ကျလာသည်နှင့် ယန်ယွိဟွမ် အော်လိုက်သည်။
"လာကြပါဦး!"
လီလုန်ကျီး: "လာစမ်း မြန်မြန်လာကြစမ်း!"
"ဒီမှာ..."
နောက်အခိုက်အတန့်တွင် ချိုးယုံစစ်နှင့် ချိုးယုံစစ်တို့ ရေကန်ထဲသို့ ပက်လက်လန်ကျပြီးနောက် တောက်ပသော အလင်းရောင်နဲ့အတူ ဟုန်ကျွင့်လည်း ရေကန်ထဲသို့ ပြုတ်ကျသွားသည်။
"အရမ်းနာတယ်--!"
ဟုန်ကျွင့်ရဲ့ နားရွက်က ဒဏ်ရာက မပျောက်သေးဘဲ ရေပူစမ်းထဲက ရေကို စိမ်လိုက်ရတာကြောင့် နာကျင်စွာ အော်လိုက်ရသည်။ သူတို့ လေးယောက်လုံး ရေကန်ထဲ လှဲချလိုက်သည်။ ဟုန်ကျွင့်က ယန်ယွိဟွမ်ခြေကို လှမ်းနင်းပြီး မတော်တဆ ပစ်လဲသွား၏။
"ဘယ်သူလဲ?!"
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဦးလေး......"
"ဒါ ဘုရင်မင်းမြတ်ပဲ!" လီကျင်လုံ ချက်ချင်း အော်လိုက်သည်။
လီလုန်ကျီး အကြာကြီး ငြိမ်သက်စွာ ငေးကြည့်နေသည်။ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့သည် မျက်နှာများကို ကမန်းကတမ်း သုတ်ကာ ဟုန်ကျွင့်ကို ဆွဲတင်လိုက်သည်။
"လူသတ်သမား ရှိတယ်--!"
"လူသတ်သမားကို ဖမ်း!"
ထိုအချိန်တွင် ရှန်ဝူ စစ်တပ်အစောင့်များ အားလုံးသည် အားကောင်းမောင်းသန်သော လေးတံများကို ကိုင်ဆောင်ကာ အကြောင်းပြချက် မတောင်းဘဲ ဆွဲထုတ်လိုက်ကြသည်။
"ခဏနေ..."
လီကျင်လုံ စကားမပြောမီ လီလုန်ကျီးက အရင်ဝင်တားလိုက်သည်။
"ရပ်စမ်း မင်းတို့ရဲ့လက်နက်တွေကို ချလိုက်!"
လီကျင်လုံလည်း မောဟိုက်ကာ ရေကန်ထဲမှ တုန်လှုပ်စွာ ထရပ်လိုက်သည်။
"အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်..."
ယန်ယွိဟွမ်: "မင်းတို့ဘာဖြစ်နေတာလဲ ဒဏ်ရာရထားကြတာလား?"
"မြေခွေးမိစ္ဆာကို လိုက်ရှာနေတာပါ..."
လီကျင်လုံသည် သခင်မကော် အလျင်အမြန် ရောက်လာသည်ကို မြင်လိုက်သောအခါတွင် စကားစလုဆဲဆဲမှာပဲ အမိန့်ပေးသံအဖြစ် ပြောင်းလဲလိုက်ရသည်။
"လုပ်တော့!"
လီကျင်လုံက လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့ကို လျစ်လျူရှုပြီး အော်လိုက်ရာ များမကြာမီတွင် မော့ရစ်ကန်းသည် ၎င်း၏မြှားကို ကိုင်လိုက်ပြီး ချိုးယုံစစ်ကလည်း စုတ်တံကို ကိုင်ကာ ဝှေ့ယမ်းလိုက်သည်။ မှင်၏ ကာရံထားသော မြှားခုနစ်စင်း လွင့်ပျံသွားကာ ချင်းဟွာရေကန်၏ အရှေ့သည် မှင်မြင်ကွင်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
သခင်မကော်က မစဉ်းစားဘဲ သူမ၏ ၀တ်ရုံအင်္ကျီလက်ကို လှန်လိုက်ရာ လက်သည်းထိပ် မြှားခုနစ်စင်းသည် ချက်ချင်း နောက်ပြန်ဆုတ်သွားကာ သူမ၏ မျက်လုံးများသည် တောက်ပသော အလင်းရောင်ဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“သူတို့ကို သတ်ပစ်လိုက်!!"
ချင်ဟွား ရေကူးကန်ရှေ့တွင် ရှန်ဝူ တပ်သားအားလုံးသည် လေးကိုင်းကိုကွေးပြီး လေးမြှားများကို တစ်ချိန်တည်းတွင် "ဝှစ်ကနဲ" အသံများဖြင့် ဖြစ်လွှတ်လိုက်သည်။ မြှားမိုးရွာနေသည့်ကြား လီလုန်ကျီးပင် ရေကန်ထဲတွင် ရပ်နေဆဲ ဖြစ်လေ၏။
တစ်ချိန်တည်းမှာပင် အားထိုက်သည် ငါးကြင်းနတ်ဆိုးကို သူ့နောက်ကျောပေါ် တင်ကာ လီရှန်တောင်တစ်လျှောက်လုံး သူ့မြင်းကို ပြေးလွှားစေသည်။ ထိုအခိုက် အဝေးမှ ပေါက်ကွဲသံကို ရုတ်တရက်ကြားလိုက်ရပြီး ရှန်ဝူ တပ်သားများအားလုံး ဟွားချင်နန်းတော်ဆီသို့ ပြေးသွားကြသည်။
"ဘုရင်မင်းမြတ်ကို ကာကွယ်ကြ--!"
အားထိုက်လည်း နေရာတိုင်းတွင် အော်ဟစ်သံများကို ကြားလိုက်ရပြီး မြှားတွေကြားကပဲ ဟွာချင်နန်းတော်ထဲသို့ ပြေးဝင်သွား၏။ ငါးကြင်းနတ်ဆိုးက သူ့နောက်မှနေ၍ ဟစ်အော်သည်။
"မြှားတွေကို သတိထားဦးဟ.... ငါ့မှာ အကာအကွယ် ကြေးခွံတွေ မပါဘူးနော်"
အားထိုက်: "ဘာဖြစ်နေတာလဲ?!... ငါတို့လူတွေက ငါတို့ကို ပြန်တိုက်နေတာလားဟ!!"
နေရာတိုင်းတွင် ရှန်းဝူစစ်တပ်မှ စစ်သားများ အချင်းချင်း သတ်ဖြတ်ခြင်းနှင့်အတူ မြင်ကွင်းသည် အင်မတန် ရုန်းရင်းဆန်ခတ် ဖြစ်နေ၏။ ဟွားချင်ရေကန်တွင်လည်း ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ခေါင်မိုးပြိုကျလာလေရာ အသံက မြေကြီး ပြိုကျလာသကဲ့သို့ ဖြစ်နေသည်။
"သခင်မကော်က ငါ့ကို သတ်ဖို့ ကြံနေတာပဲ!"
လီလုန်ကျီးသည် အခြေအနေကို အခြေခံ၍ ခေါင်းစဉ်ကို လျင်မြန်စွာနှင့် တိကျစွာ ဖြတ်တောက်လိုက်သည်။
"နေရာမှာတင် ခေါင်းဖြတ်စေ!"
လီကျင်လုံ: "အရှင်မင်းကြီး.... အခြေအနေက အရေးတကြီးပါပဲ တိုက်ပွဲဖြစ်ရင်..."
လီလုန်ကျီးက နဂါးဝတ်ရုံကို ၀တ်ထားပြီး သူ့ဆံပင်တွေက ရှုပ်ပွနေသည်။ သူက လီကျင်လုံကို ဖမ်းကိုင်လိုက်ပြီး။
"စကားတိုတိုပြောစမ်း!"
“ပျက်စီးမိမှာကို ကြောက်တယ်…”
"မင်းကြိုက်သလို ဖျက်စီးပစ်လိုက်!"
လီလုန်ကျီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အားလုံးကို ချက်ချင်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ပါ၏။
"ရှန်ဝူစစ်တပ်... ညီအကိုတွေရဲ့ အသက်ကို မထိခိုက်စေနဲ့ မိစ္ဆာကို ဖမ်းကြစမ်း!"
ဟုန်ကျွင့်၊ ချိုးယုံစစ်နှင့် မော့ရစ်ကန်းတို့သည် တစ်ချိန်တည်းတွင် သခင်မကော်၏နောက်သို့ လိုက်သွားကြသည်။
ထိုအချိန်တွင် ရှန်ဝူစစ်တပ်မှ စစ်သားများသည် နန်းတော်အပြင်ဘက်မှ အပြေးအလွှား ပြေးလာကြပြီး သခင်မကော် ရှေ့သို့ ရောက်သောအခါ အားလုံးက ၎င်းတို့အားလုံး ဆန့်ကျင်ဘက်သို့ လှည့်သွားကြသည်။
ချိုးယုံစစ်က "ငါ ဦးဆောင်ပါ့မယ်... ငါ့နောက်ကို လိုက်ခဲ့....ကြိုက်သလို ဖျက်ဆီးလိုက်လို့ ဘုရင်မင်းမြတ်က ပြောခဲ့တယ်မလား!"
ထို့နောက် ချိုးယုံစစ်က သူ့လက်ထဲက စုတ်တံကို ဝှေ့ယမ်းလိုက်သည်။
ဟွားချင်နန်းတော် တစ်ခုလုံး လှုပ်ခါသွားသည်။ ရှုခင်းများ၊ ထိုထွင်းထုထားသော ခြံစည်းရိုးပန်းချီ အဆောက်အဦ၊ ရှုခင်းသားရဲ၏ ပန်းချီကား၊ ကြွေပုလင်းပေါ်က ပန်းချီ၊ နန်းတော်မီးပုံးပေါ်ရှိ ပုံဆွဲထားသော အမျိုးသမီးများ အားလုံးအပြင် ခြင်္သေ့များ၊ လင်းယုန်များ၊ ငါးများနှင့် နဂါးများပင်လျှင် တစ်ကောင်ပြီး တစ်ကောင် ပျံထွက်သွားပြီး သခင်မကော် ရှေ့ရှိ စစ်သားများကို နတ်အလင်းများနှယ် ပစ်ခတ်ခဲ့သည်။
ရှန်ဝူစစ်တပ်မှ စစ်သားများသည် ပျံထွက်လာသော ရောင်စုံနဂါးကြီးကြောင့် ချက်ချင်းပင် အသက်မရှူနိုင်တော့ပေ။ အရွယ်အစားက ကြီးမားကာ ၎င်း လှည့်ပတ်လိုက်သည်နှင့် စစ်သားများကို ခဏအတွင်း ပြိုလဲကျသွားသည်။
"မင်းတို့မှာ ဒီလိုလှည့်ကွက်လည်း ရှိသေးတယ်လား?!"
ချိုးယုံစစ်- "ကျွန်တော် ဒါကို သုံးချင်ပါတယ်... ဂူထဲမှာ ပန်းချီကားတွေ ရှိလို့လား"
သခင်မကော်က ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ မြေပြင်မှ မြေခွေးတစ်ကောင် တက်လာပြီး တိုင်တစ်တိုင်ကို ရိုက်ချလိုက်သည်။ ဝုန်းကနဲ အသံနဲ့အတူ အနက်ရောင် မီးတောက်များက သူ့ပါးစပ်မှ ပေါက်ထွက်လာရာ မြေပြင်ပေါ်တွင် လူးလိမ့်နေသော ရှန်ဝူစစ်တပ်မှ စစ်သည်များသည် မီးပင်လယ်ထဲတွင် အော်ဟစ်နေသည်အား မြင်လိုက်ရလေသည်။
"ကောင်းပြီ.... ကြိုက်သလို ဖျက်စီးကြတာပေါ့!"
မော့ရစ်ကန်းက ခြေလှမ်းအနည်းငယ် လှမ်းကာ ခုန်တက်လိုက်သည်။ သူက လေထဲတွင် ပျံသွားကာ ခေါင်းနှင့်ခြေတို့ကို လှည့်၍ လေးရှည်ကို လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်အထိ ဆွဲကွေးလိုက်သည်။ ထို့နောက် တခဏချင်းတွင် လေးမြှားတစ်စင်းကို အစီအရီ ပစ်လွှတ်လိုက်လေသည်။ မြှားများက မြေခွေးမိစ္ဆာဆီသို့ တိတိကျကျ ပြေးဝင်သွား၏။
"မင်း လှုပ်ရှားတော့မလား" လီကျင်လုံက မေးသည်။
"ခဏစောင့်!" ဟုန်ကျွင့်က မြေခွေးမိစ္ဆာရဲ့ အမြီးကို ရေတွက်နေတုန်းပဲ။
"တစ်...နှစ်...သုံး....ရှစ်ချောင်းရှိတယ်.... တစ်ချောင်းလျော့နေတယ်"
မြေခွေးမိစ္ဆာက ဟောက်ရင်း မော့ရစ်ကန်း လက်သည်းထိပ် မြှားခုနစ်ချောင်းကို သတိထား၍ ဟွားချင်နန်းတော်တစ်ဝိုက်တွင် လှည့်ပတ်ကာ ရှောင်ရှားလိုက်သည်။ ၎င်းက အနီရောင် ယွန်းထည် သစ်သားတိုင်များကို ဖြိုချလိုက်ပြီး အားလုံးက အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားသည်။
ဟုန်ကျွင့် အမြင့်တစ်နေရာကို ခြေလှမ်းအနည်းငယ် ခုန်တက်လိုက်စဥ် လီကျင်လုံက လှမ်းအော်လာသည်။
"ဟုန်ကျွင့်! ဘာလုပ်နေတာလဲ ဓားပျံကို လွှတ်လိုက်တော့လေ!"
ဟုန်ကျွင့်က လီကျင်လုံဆီသို့ "တွန်း" အမူအရာလုပ်ပြသော်လည်း လီကျင်လုံက သိပ်နားမလည်သေး။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ကျွင့်ခမျာလည်း သူ့ကိုယ်သူ စိုးရိမ်စိတ်များ ပေါ်လွင်နေသည်။
လီကျင်လုံ ခေါင်းကို လှည့်၍ ကြည့်လိုက်သော် အမြီးရှစ်ချောင်းရှိသော ကောင်းကင်မြေခွေး၏ လည်ပင်းတွင် ချည်နှောင်ထားသော ဒေါင်းငှက်မွှေးကို တွေ့လိုက်သည်။
လီကျင်လုံ: "သူ့ရဲ့ နတ်အလင်းငါးရောင်ကို ပြန်ယူမယ်!.... အဲဒါက မြေခွေးမိစ္ဆာရဲ့ လည်ပင်းပေါ်မှာ"