(35)
Viewers 5k

Chapter (35)

ဓားပျံက တစ်စင်းအဖြစ် ပေါင်းစပ်



နေဝင်ရီတရော အချိန်ဖြစ်သည်။ နေရာတိုင်း၌ ရှန်ဝူစစ်တပ်က စစ်သည်များ အသိစိတ် ပြန်ဝင်လာကာ လီလုန်ကျီးကို ကာကွယ်၍ မြေခွေးမိစ္ဆာကို နှိမ်နင်းဖို့ အလိုရှိလာကြသည်။ 


"အရှင်မင်းမြတ်!" လီကျင်လုံ လှည့်ပြီး အော်လိုက်သည်။ 


"ထွက်မလာပါနဲ့ မြန်မြန်ပြန်သွား!"


"ငါကိုယ်တော်ကို ဂရုမစိုက်နဲ့!" 


လီလုန်ကျီးက ဧကရာဇ်ဓားကို ကိုင်ဆောင်ကာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ရှေ့သို့ ပြေးလာသော စစ်သည်များနှင့်အတူ တိုက်ခိုက်ကာ စင်္ကြံအတွင်းမှ အသိစိတ်ပျောက်နေသော သူ့စစ်သားများကို ဖယ်ထုတ်ပစ်ခဲ့သည်။


သူ့​ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။ ဧကရာဇ်မင်း သေဆုံးပြီးသည်နှင့် ထန်မင်းဆက် တစ်ခုလုံး ကမောက်ကမ ဖြစ်ကာ မိစ္ဆာတွေရဲ့ အကြံအစည်ကို ပြီးမြောက်စေမိလိမ့်မည်။ လက်ရှိအချိန်၌ လီကျင်လုံ၏ တစ်ခုတည်းသော အတွေးမှာ တက်လာပြီး တိုက်ခိုက်လိုသော ဘယ်နတ်မဆို လာရောက်ကူညီပေးဖို့ပါပဲ။ 


"မင်္ဂလာပါ ဟိုင်းမြန်ဟော်ပီ- ချစ်လှစွာသော စစ်သည်တို့!"


ရုတ်တရက် လေပွေတစ်ခုသည် မြေပြင်မှ ရုန်းထလာကာ ဟွားချင်နန်းတော်ရှိ စဉ့်ကြွပ်ပြားများကို လူးလှိမ့်သိမ်းကျုံးယူသွားသည်။ မြေကြီး ကွဲအက်သွားသည့် ပုံစံဖြင့် လေပွေက နန်းတော်ရှေ့ရှိ ရင်ပြင်ကို ချက်ချင်း ရှင်းထုတ်ပစ်လိုက်သည်။


"အားထိုက်!" အားလုံးက တညီတညွတ်တည်း ကြွေးကြော်ကြသည်။


"အခုမှပဲ လာတော့တယ်!" 


လီကျင်လုံက ဟောက်လိုက်သည်။ 


အားထိုက် တံခါးကို ဘယ်ဘက်နှင့် ညာဘက်သို့ တွန်းဖွင့်လိုက်ရာ လေပြင်းသည် အုတ်ခဲများ၊ နှင်းများနှင့်အတူ ရောကာ နေရာတိုင်းသို့ လွင့်စင်သွားလေ၏။ ကျယ်လောင်သော အသံများ ထွက်ပေါ်လာကာ မုန်တိုင်းကြီးသည် ဟွားချင်နန်းတော်ထဲသို့ တိုးဝင်လာ​တော့သည်။ ထို့နောက် မော့ရစ်ကန်းက အော်လိုက်သည်။ 


"ခေါင်းဆောင်!"


သူတို့နှစ်ဦးသည် တစ်ချိန်တည်းတွင် စင်္ကြံလမ်းထဲမှ ပြေးထွက်လာကြသည်။ မော့ရစ်ကန်းက ဘေးတိုက်လှည့်ကာ မြှားခုနစ်စင်းကို အဆက်မပြတ် ပစ်ခတ်နေစဥ် လီကျင်လုံက မြှားတွေကို ကိုယ်ဖော့သိုင်းဖြင့် နင်းရင်း မြှားတစ်စင်းကို လက်ကကိုင်လျက် ပြိုကျနေသော သစ်သားတိုင်ပေါ်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ မြေခွေးမိစ္ဆာ၏ လှုပ်ရှားမှုများ စိုက်ကြည့်နေသည်။ 


အားထိုက်နှင့် ချိုးယုံစစ်တို့သည် သခင်မကော်၏ အမြှီး၈ ချောင်းကို ဦးတည် တိုက်ခိုက်နေစဥ် မော့ရစ်ကန်းက ရှေ့သို့ ပြေးကာ မြှားလေးစင်းဖြင့် ပစ်ခတ်လိုက်သည်။ ထိုအခိုက် မြေခွေးမိစ္ဆာက နောက်ပြန်လှည့်လာ၍ မီးတောက်များကို တံတွေးထွေးကာ ပိတ်ဆို့ထားလိုက်သည်။ ၎င်းက နောက်ပြန်ဆုတ်သွားသော်လည်း လည်ပင်း၌ မြှားသုံးချောင်း ထိမှန်သွားသည်။ 


၎င်းက တခဏချင်းမှာပဲ ကောင်းကင်နဲ့ မြေကြီးကြား၌ပင် ပျောက်ကွယ်သွား၏။ လီကျင်လုံရဲ့ မျက်လုံးထဲမှာတော့ တောက်ပနေတဲ့ ဒေါင်းအမွေးပဲ ကျန်တော့ပြီး မြှားတစ်စင်းကို ပစ်လိုက်သည်။ တစ်ဆက်တည်း လေးကိုကွေးပြီး မြှားတစ်ချောင်းကို ထပ်ဆွဲလိုက်ပြန်သည်။ 


မြေခွေးမိစ္ဆာက မော့ရစ်ကန်းရဲ့မြှားကို ရှောင်နေချိန်မှာပဲ လီကျင်လုံရဲ့ နတ်မြှားက သူ့ရဲ့လည်ပင်းကို ​ဖြတ်သန်းလိုက်တဲ့အတွက် ပြတ်သားတဲ့ အသံထွက်လာပြီး ကြိုးက ပြတ်တောက်သွားပါ၏။


မြေခွေးမိစ္ဆာ ကျယ်လောင်စွာ ဟောက်လိုက်သည်။ ကျောက်စိမ်း ဒေါင်းအမွေးသည် မြေပြင်ပေါ်သို့ကျလာပြီး တစ်ချိန်တည်းမှာပင် လီကျင်လုံ ဒုတိယမြှားကို ပစ်လွှတ်လိုက်လေ​ပြီ။ မြှားသည် အလွန်လျင်မြန်သွားပြီး ဒေါင်းအမွေးအစွန်းကို ထိမှန်ကာ ပြတ်သားသော "ချွင်းကနဲ" အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ လှည့်ပတ်ကာ ကျသွားသည်။ တကယ်တော့ တံစက်မြိတ်က ဟုန်ကျွင့်ဆီသို့ ပျံသန်းသွားခြင်းပင်။ 


ဟုန်ကျွင့်: "ကျေးဇူးပဲ!"


ထို့နောက် ချက်ချင်းပင် ဟုန်ကျွင့်သည် အုတ်ကြွပ်အစွန်းမှ ချော်ထွက်ကာ လင်းယုန်ငှက်ကဲ့သို့ ပျံသန်းရင်း လေထဲတွင် လှိမ့်နေသော ဒေါင်းအမွေးများကို ချက်ချင်း ဖမ်းထားလိုက်သည်။ မြေခွေးမိစ္ဆာက အနက်ရောင်မီးကို မှုတ်ထုတ်လိုက်သော်လည်း ဟုန်ကျွင့်က ၎င်းကို အလင်းငါးရောင်ဖြင့် ပိတ်ဆို့ထား၏။ လက်တစ်ဖက်က ချိတ်ကို ထုတ်ကာ ဆန့်ကျင်ဘက် တံစက်မြိတ်ဆီသို့ ပျံသန်းသွားပြန်သည်။


မြေခွေးမိစ္ဆာက ခုန်အုပ်​တော့မလို လုပ်ရင်း ကြွေပြားခေါင်မိုးဆီသို့ ပြေးသွားကာ ချက်ချင်းပင် ဟုန်ကျွင့်ဘက်သို့ လှည့်၍ ပြေးလာ၏။ မြေခွေးမိစ္ဆာက ဟွားချင်နန်းတော်ထိပ်သို့ အမြန်ပြေးသွားသည်ကို တွေ့လိုက်ရသည်။


"ဟုန်ကျွင့်! မင်းအလှည့်ရောက်ပြီ!" ငါးကြင်းနတ်ဆိုး အော်လိုက်သည်။


ဟုန်ကျွင့်: "မင်းဘယ်တုန်းက ရောက်လာတာလဲ..... ဝိညာဉ်ထွက်ပန်းဝတ်မှုန်ရော!"


"……"


"ကျဲလိုက်!" လီကျင်လုံ အော်လိုက်သည်။


ငါးကြင်းနတ်ဆိုး: "ဒါဆို ငါလုပ်မယ်..."


အားလုံး: "အပိုစကားတွေ ရပ်လိုက်တော့!"


ရှန်ဝူစစ်တပ်မှ စစ်သားများ ထပ်မံ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် နတ်ဆိုးနှင်ဌာနမှ လူတိုင်းသည် လီလုန်ကျီးရှေ့သို့ ဆုတ်ခွာသွားကြပြီး ငါးကြင်းနတ်ဆိုးသည်လည်း အားထိုက်ပုခုံးပေါ်မှ ခုန်ထွက်လာသည်။


"ဒါ... ဒါက ဘာလဲ" လီလုန်ကျီး ထိတ်လန့်စွာ မေးလိုက်သည်။


ငါးကြင်းနတ်ဆိုးသည် လှည့်ပတ်ကာ ပြေပြစ်သော "ငါးကြင်းအမြီး" ဖြင့် ဝေ့ယမ်း၍ ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်များကို ဖြန့်ကြက်ချလိုက်​ဘေသည်။ လူတိုင်း အသက်ရှုကြပ်သွားပြီး ရှန်ဝူစစ်တပ်မှ စစ်သည်များသည် တစ်ယောက်ပြီး တစ်ယောက် နှာချေလိုက်ကြ​တော့သည်။


မြေခွေးမိစ္ဆာ ထွက်သွားသည်နှင့် တပြိုင်နက် မူလက လီလုန်ကျီးကို တိုက်ခိုက်ရန် လက်နက်များ ကိုင်ဆောင်ထားသော စစ်သည်များ ရပ်တန့်သွားသည်။ သူတို့သည် ဝိညာဥ်ထွက်ပန်း၏ ဝတ်မှုန်တွေကြောင့် ရုတ်တရက် မြေခွေးမိစ္ဆာ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားကြသည်။


"အရှင်မင်းမြတ်ဆီ မရောက်စေနဲ့!" 


လီကျင်လုံသည် လီလုန်ကျီးတစ်ယောက် သူ့ကတိကို မေ့သွားမှာကို ကြောက်မိသည်။ အခုက အရာအားလုံး ပျက်စီးရတောမယ့်ကိန်း ဆိုက်နေပြီ မဟုတ်ပါလား။ 


ဟုန်ကျွင့်သည် သူ၏ဘယ်လက်တွင် ရောင်စုံနတ်အလင်း ငါးရောင်နှင့် ညာလက်၌ ဓားပျံကိုကိုင်ကာ ခေါင်မိုးထိပ်မှ အမြန်ခုန်ဆင်းလိုက်သည်။ မြေခွေးမိစ္ဆာ၏ ၎င်း၏ခြေရင်းအောက်ရှိ အုတ်ခဲများနှင့် အုတ်ကြွပ်များ အားလုံးကို ဖျက်စီးပစ်သည်။ ၎င်းက ဟုန်ကျွင့်နောက်သို့ လိုက်လာရင်း ရုတ်တရက် ရပ်တန့်သွားကာ ဟုန်ကျွင့်ကလည်း ဓားပျံလေးစင်းကို ညာလက်ဖြင့် ခါယမ်းကာ မြေခွေးမိစ္ဆာ၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည်။


မြေခွေးမိစ္ဆာကြောင့် မတုန်လှုပ်ရုံမကဘဲ ဟုန်ကျွင့် အသက် ပြင်းပြင်းထန်ထန် ရှူရှိုက်ပြီး တိုးတိုး ပြောလိုက်သေးသည်။ 


"အမြီးရှစ်ချောင်းလား? မင်းက မိစ္ဆာဘုရင် မဖြစ်နိုင်ဘူး!!"


မြေခွေးမိစ္ဆာက လှောင်ပြောင်ပြီး ပြင်းပြင်းထန်ထန် ပြောလာသည်။ 


"ငါ့အမြီးတစ်ချောင်းကို ဘယ်သူဖြတ်ခဲ့တာလဲ မင်းသိလား"


ဟုန်ကျွင့် လန့်သွားသည်။ မြေခွေးမိစ္ဆာက ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်ဟလိုက်လေရာ အနက်ရောင်မီးက ရုတ်တရက် မုန်တိုင်းတစ်ခုလို လှိမ့်ဝင်လာတော့သည်။ ဟုန်ကျွင့်လည်း နတ်အလင်းငါးရောင်ကို လှည့်၍ အတားအဆီး တစ်ခုကို ချက်ချင်း ဖွင့်လိုက်သည်။ ဟွာချင်နန်းတော်၏ ပင်မခန်းမသည် အနက်ရောင်မီးကြောင့် ပျက်စီးသွားခဲ့ပေမယ့် အတားအဆီး နောက်ကွယ်ရှိ ဟုန်ကျွင့်ကတော့ လုံးဝ ပျက်စီးသွားခြင်း မရှိပေ။


မြေခွေးမိစ္ဆာက ဟုန်ကျွင့်ကို ဗြောင်ကျကျ ကြည့်နေပေမယ့် ဟုန်ကျွင့်ကတော့ မေးလိုက်သည်။ 


"မြေခွေးမိစ္ဆာ.... မင်းကို တစ်ခုလောက် မေးပါရစေ ငါ့အဖေကို ဘယ်လိုသိတာလဲ"


မြေခွေးမိစ္ဆာ: "မင်း ငါ့ကို မေးခွန်းတစ်ခုမေးဖို့ ထိုက်တန်လို့လား... ချုံမင် ဒီခွေးကောင်"


"ငါ့အဖေကို မဆဲနဲ့!"


ဟုန်ကျွင့် ဒေါသထွက်လာသည်။ သူ့ညာလက်ရှိ မသေမျိုး ဓားပျံလေးစင်းသည် လေ၊ မိုးခြိမ်းသံ၊ မြေကြီးနှင့် မီးတို့ ပေါက်ကွဲသွား၏။ ဓားလေးစင်းက ပေါင်းစပ်သွားကာ အလင်းတန်းတွေနဲ့အတူ ဆက်လက်၍ ဆန့်ထွက်ကာ ခြောက်ပေနီးပါးရှည်သော မော့ဓားရှည် အဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားရှည်မှာ အလင်းရောင်များဖြင့် ထွန်းတောက်လာခဲ့ရာ မြေခွေးမိစ္ဆာကလည်း ဒေါသတကြီးနှင့် ဟောက်လိုက်သည်။ 


"ဒါ..... ဒီဓား လာပြန်ပြီ--!"


မြေခွေးမိစ္ဆာက ဟုန်ကျွင့်ဆီသို့ အပြေးအလွှား ဝင်သွားခဲ့သည်။ ဟုန်ကျွင့်ကလည်း သူ၏ဘယ်ဘက်လက်တွင် ဒေါင်းအမွေးကို ကိုင်ဆောင်ကာ ၎င်းက အလင်းဒိုင်း တစ်ခုအဖြစ်သို့ ချက်ချင်းပြောင်း၍ မြေခွေးမိစ္ဆာ၏ ချွန်ထက်သော ခြေသည်းများ သူ့ပခုံးနှင့် လှမ်းကိုင်လိုက်တဲ့အချိန် ဝင်ကာထားလိုက်သည်။ စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး မြေခွေးမိစ္ဆာကို ခေါက်ချလိုက်သည်။ အရပ်သုံးပေရှိ ​မော့ဓားရှည်သည် ကြီးမားသော ခန္ဓာကိုယ်ကြီးအား အောက်ခြေမှ အပေါ်သို့ ဆွဲခြစ်ပစ်လိုက်သည်။ 


မြေခွေးမိစ္ဆာသည် နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်ကာ လေထုထဲတွင် အနက်ရောင်မီးကို လွှတ်လိုက်သော်လည်း မော့ဓားက လေထုကို အမှန်တကယ် ဆုတ်ဖြဲပစ်လိုက်သလို နောက်အခိုက်အတန့်တွင် အနက်ရောင်မီးသည် စက္ကူကဲ့သို့ အားနည်းသည်။ မော့ဓား၏ စွမ်းအားအောက်တွင် မြေခွေးမိစ္ဆာ၏ အမြီးရှစ်ချောင်းလည်း ခံနိုင်ရည်မရှိ​တော့ဘဲ စက္ကူကဲ့သို့ ကျိုးသွားကာ ခရမ်းရောင် အနက်ရောင် သွေးများ ထွက်ကျလာ​တော့သည်။ 


ဟုန်ကျွင့် ထပ်အော်လိုက်ပြီး ဒုတိယဓားစွမ်းအင်ကို ဖန်တီးလိုက်ရာ မြေခွေးမိစ္ဆာ၏ မျက်လုံးထဲတွင် ကြောက်စိတ်တစ်ခု ပေါ်လာသည်။ ဟွားချင်နန်းတော်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားပြီး ဓားစွမ်းအင်သည် နန်းတော်အပြင်ဘက် တောင်ပေါ်ဆီအထိ ပြေးထွက်သွားလေရာ သစ်ပင်များ ပြိုကျကာ ကျောက်တုံးများပါ ပေါက်ကွဲသွားသည်။ မြေပြိုကျသည့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လိရှန်းတောင်အောက်ရှိ နက်ရှိုင်းသောချိုင့်ဝှမ်းကို ပြည့်သွားစေတဲ့ ချောက်ကမ်းပါးတစ်ဝက် ပြိုကျသွား​လေသည်။


လူတိုင်းကို ပြေးကြည့်လိုက်သောအခါ ဘေးဘက် ခန်းမဆောင်နှင့် ချောက်ကမ်းပါး ပြိုကျသွားသည်ကို မြင်တွေ့ခဲ့ရပြီး လုံးဝ အရှက်ရသွားခဲ့သည်။


လီကျင်လုံ: "မင်း...မင်း...ဟုန်ကျွင့်? မင်းဘယ်လို စွမ်းအင်ကို သုံးလိုက်တာလဲ?"


ဟုန်ကျွင့်က မော့ဓားကို ကိုင်ထားရင်း အသက်မရှူနိုင်ဘဲ မောဟိုက်နေသည်။ 


"သူက အရင်... ကျွန်​တော့်​အဖေကို အရင် ကျိန်ဆဲခဲ့တာ"


“မြန်မြန်လိုက်!” 


အားထိုက်ကအရင် အသိစိတ်တွေ ပြန်ဝင်လာပြီးနောက် ဟစ်အော်လိုက်သည်။ လီကျင်လုံနှင့် အားထိုက်မှလွဲ၍ ကျန်လူများက အသိမဝင်သေး။ အမြီး၈ ချောင်း မြေခွေးသည် အားမလျော့တော့ဘဲ ခုနစ်ချောင်း ရှိသော မြေခွေးအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ခန်းထဲသို့ တောက်လျှောက် ပြေးဝင်သွား၏။ နှစ်ယောက်သားက အလျင်အမြန် လိုက်သွားခဲ့ကြသည်။ .


ဟုန်ကျွင့်: "ခဏနေပါဦး.... အမြီးတွေ အားလုံးကို တစ်ခုပြီးတစ်ခု ဖြတ်ပစ်ရမှာ မဟုတ်ရင် အဲဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး... ခဏစောင့်ဦးလေ... ခေါင်းဆောင်!"


ပုံမှန်အားဖြင့် ဟုန်ကျွင့်သည် မသေနိုင်သော ဓားပျံဓားကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီးနောက် အချိန်အတော်ကြာအောင် အသုံးပြုနိုင်သေးသည်။ သို့သော် သူသည် ယခင်က ဒဏ်ရာရခဲ့ပြီး မြေခွေးမိစ္ဆာဆီကလည်း စွမ်းအင် စုပ်ယူခြင်းကို ခံခဲ့ရတဲ့အတွက် ယခုအခါတွင် သူ အတော်လေး ပင်ပန်းနေပြီး မတည်မငြိမ်ဖြစ်လုနီးပါး ဖြစ်နေပါ​ပြီ။


"သွားရအောင်!"


မော့ရစ်ကန်းက သူ့ကိုကူညီဖို့ ရှေ့ကို တိုးလာပြီး သူတို့နောက်ကို အမြန်လိုက်သွားသည်။


.......


ခန်းမနောက်ဖေးတွင်တော့ လေက ကန့်လန့်ကာကို မှုတ်ထုတ်လိုက်သည်။ ယန်ယွိဟွမ်သည် ခန်းမအတွင်း၌ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော်လည်း မီးခိုးရောင် မြေခွေးတစ်ကောင်သာ ဝင်လာခဲ့သည်။


ယန်ယွိဟွမ် လန့်သွားပြီး တုန်တုန်ယင်ယင်အသံဖြင့် ခေါ်လိုက်သည်။ 


"အစ်မ?"


ဟွာချင်ရေကူးကန်ထဲက ပြဿနာတွေကို သူမ အနီးကပ် မကြည့်ခင် လီလုန်ကျီးက ပုန်းခိုဖို့အတွက် သူမအား အနောက်ခန်းမကို အလျင်အမြန် ခေါ်သွားခဲ့သည်။ ဘယ်လိုအခြေအနေမျိုးမှာမှ အပြင်မထွက်လာဖို့လည်ူ အမိန့်ထုတ်ခဲ့ပါ၏။ အပြင်ဘက်တွင် တိုက်ခိုက်သံများနှင့် ကျယ်လောင်သော ဆူညံသံများကို ကြားလိုက်ရတော့ ယန်ယွိဟွမ် တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိသော်ကြား မထင်မှတ်ဘဲ ဝင်ရောက်လာသူမှာ ဧရာမ မြေခွေးတစ်ကောင် ဖြစ်​နေသည်။


လီကျင်လုံ နဲ့ တခြားသူတွေက သခင်မကော်အား တိုက်ခိုက်နေကြတာကို မြင်လိုက်ရတော့ အကြမ်းဖျင်းတော့ ခန့်မှန်းမိပေမယ့် သူမရှေ့က မီးခိုးရောင် မြေခွေးကြီးဟာ နေ့ရောညပါ သူမနဲ့ ပေါင်းဖက်တဲ့ အစ်မကြီး ဖြစ်တယ်ဆိုတာ သူမ မယုံနိုင် ဖြစ်နေပါသည်။ 


မြေခွေးမိစ္ဆာက သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေတာကို မြင်လိုက်ရတော့ သူမမျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာခဲ့သည်။ ယန်ယွိဟွမ်သည် မောဟိုက်ကာ တုန်ရီနေသောလက်ကို မြှောက်လိုက်သောအခါ မြေခွေးမိစ္ဆာကလည်း သူ့ခေါင်းကို ငုံ့ကာ ယန်ယွီဟွမ်လက်ကို နှာသီးဖျားဖြင့် ညင်သာစွာ ထိလိုက်သည်။


“အစ်မ…” သူ့မျက်လုံးများမှ မျက်ရည်များ လိမ့်ဆင်းလာကာ အသံက ဆို့နင့်လာသည်။ 


“ဘယ်အချိန်ကတည်းကလဲ…”


လူတိုင်း လိုက်မီသွားသောအခါ လီလုန်ကျီးလည်း လူအုပ်ထဲက ထွက်လာသည်။ ယန်ယွိဟွမ် လီလုန်ကျီးကို လှည့်ကြည့်လိုက်တော့ ထိုလူ၏ မျက်လုံးများက ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။ 


ဟုန်ကျွင့်က မော့ဓားကို ကိုင်ထားကာ မတ်တတ်သာ ရပ်နိုင်ခဲ့သော်လည်း မြေခွေးမိစ္ဆာက သူ့ကိုမြင်သည်နှင့် ဟောက်ကာ ၎င်းမျက်လုံးများထဲက အနီရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ ယန်ယွိဟွမ်ရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး လီကျင်လုံလည်း အထိတ်တလန့်ဖြင့် အော်လိုက်၏။ 


"မကောင်းတော့ဘူး!"


ငါးကြင်းနတ်ဆိုးက ဝိညာဉ်ထွက်ပန်းရဲ့ ဝတ်မှုန်ကို ဖြန့်ကြဲတော့မယ့် အချိန်မှာပဲ မြေခွေးမိစ္ဆာက သူတို့ထက် ပိုမြန်လာပြီး အာရုံပျံ့လွင့်နေတဲ့ ယန်ယွိဟွမ်ကို ချက်ချင်း ကိုက်ချပစ်လိုက်သည်။ 


"ချစ်ကြင်ယာတော်--!"


ယန်ယွိဟွမ်က အသာ လှည့်ကာ ကြည့်သော်လည်း မြေခွေးမိစ္ဆာ၏ ပါးစပ်ကို ဆုပ်ကိုင်ကာ နောက်ခန်းနံရံကို ရိုက်ချိုးကာ ထွက်သွားလေသည်။ မြေခွေးမိစ္ဆာက တောထဲသို့ ပြေးဝင်သွားသည်အား တွေ့လိုက်ရပြီး ၎င်းက အားလုံးကို ကျောခိုင်းလျက် ပြေးထွက်သွားရာ မီးခိုးရောင် အမွေးများနှင့် တစ်သားတည်းကျကာ ညဘက်တွင် ပျောက်ကွယ်သွားကြသည်။


လီကျင်လုံ: "..."


လီလုန်ကျီးသည် ကျိုးနေသောနံရံကို ကိုင်ထားရင်း အသက်ရှူမဝနိုင် ဖြစ်နေသည်။ လီကျင်လုံလည်း ဧကရာဇ်မင်းကို ကမန်းကတန်း ဆုပ်ကိုင်ကာ နောက်ပြန်ဆွဲထုတ်လိုက်ရာ အားလုံးက တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက်သာ ကြည့်နေနိုင်တော့၏။ ဟုန်ကျွင့်ဆိုလျှင် သူ၏ခွန်အားတွေ အကုန်ကုန်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်မိသည်။ 


"ဘာလုပ်ရ​တော့မလဲ"


ဟွားချင်နန်းတော်၊ ဘေးဘက်ခန်းမများ၊ အမိုးအကာများနှင့် အနောက်ဘက် ခန်းမတို့သည် မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ် သွားကဲ့သို့ လုံးဝပျက်စီးသွားပြီ။ သူတို့သည် ထန်မင်းဆက်၏ ပထမဆုံးသော အဆောက်အအုံကို ဖြိုဖျက်သည့် အဖွဲ့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး ၎င်းတို့သည် မည်သည့်နေရာတွင်မဆို ဖြိုချဖျက်ဆီးပစ်ခဲ့သည်။ 


လီကျင်လုံလည်း သူ့အဖွဲ့သားတွေရဲ့ ဒုက္ခရောက်တာကို မြင်တော့ ဒေါသကို လုံးလုံး ပျောက်သွား၏။ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဧကရာဇ်မင်းသည် " ဖျက်ဆီးပစ်လိုက်" ဟူသော စကားကို ဘယ်သောအခါမှ မမေ့ပစ်ဖို့ပါပဲ။ 


"ပြောစမ်း.... ဘာဖြစ်နေတာလဲ" 


လီလုန်ကျီးသည် ဆံပင်တွေ အနည်းငယ် ရှုပ်ပွနေကာ ခြေဗလာနဲ့ အပျက်အစီးတွေကြားမှာ ထိုင်ရင်း မေးလေသည်။ 


"ဘုရင်မင်းမြတ်..." ရှန်ဝူစစ်တပ်က ညွှန်ကြားချက်တွေ တောင်းဖို့ ရောက်လာပေမယ့် လီလုန်ကျီးက ဒေါသတကြီးနဲ့ အော်ငေါက်ပစ်လိုက်သည်။ 


"ထွက်သွားစမ်း! အမှိုက်တွေ... မင်းတို့ကို ပြုစုပျိုးထောင်ထားတာ ဘာအကျိုးရှိလဲ?"


"အရှင်မင်းမြတ်...."


လီကျင်လုံက ဦးညွှတ်ပြီး လက်သီးများကို ဆုပ်ထားသည်။


"သူတို့နဲ့ ဘာမှမဆိုင်ပါဘူး.... မြေခွေးမိစ္ဆာရဲ့ စွမ်းအားက အားကောင်းနေလို့ပါ" 


ဟုန်ကျွင့်က တိုင်ရှေ့မှာ မှီပြီး ရေဆာသလို ခံစားနေရတာကြောင့် ခြောက်ကပ်စွာ ပြောလာသည်။ 


"လူအချင်းချင်း မသတ်ခဲ့တာပဲ တအား ကောင်းနေပါပြီ...."


လီလုန်ကျီး: "သခင်မကော်က မိစ္ဆာဆိုတာကို သိရဲ့သားနဲ့ မင်းတို့ဘာလို့ ဘာမှမပြောတာလဲ"


လီကျင်လုံ: "ကျွန်တော်တို့မှာ ရွေးချယ်စရာ ရှိရင်.... ဒီမှာရော အခုရော ဘယ်တော့မှ စွန့်စားမှာမဟုတ်ပါဘူး"


စကားပြောအပြီးတွင် လီကျင်လုံသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူလေ့လာခဲ့သော အရာများအား ပြောပြခဲ့လေရာ လီလုန်ကျီး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုလှိုင်းများ တစ်ခုပြီးတစ်ခု ထိုးတက်လာခဲ့လေတော့သည်။ 


အားလုံးက တိတ်ဆိတ်နေပြီး လီလုန်ကျီးကို ကြည့်နေကြသည်။ ဟုန်ကျွင့်လည်း ကြည့်နေရင်း ဒီဧကရာဇ်က အသက်ခြောက်ဆယ့်ခြောက်နှစ်ရှိနေပြီဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိ အစက်အပြောက်များကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူ့အသက်အရွယ်ကြောင့် အင်မတန် စိတ်ဓာတ်ကျနေပုံရသည်။


လီလုန်ကျီး: "နတ်ဆိုးနှင်ဌာန... ချန်အန်းပြန်ဖို့ ငါ့နောက်ကို လိုက်ခဲ့ပါ.... ကြင်ယာတော်ရဲ့ နေရာကို ရှာဖို့ မြို့ပြင်ထွက်ပြီး စစ်တမန် ခြောက်ယောက်ကို အမိန့်ပေးရလိမ့်မယ်... လီကျင်လုံ မင်းက ဟွားချင်နန်းတော်မှာ ရှိတဲ့ ချပ်ဝတ်တန်ဆာကို သွားယူလာခဲ့..." 


နာရီဝက်အကြာတွင် သံချပ်ကာသံများ ထွက်ပေါ်လာပြီး ညဘက်တွင် မီးရှူးမီးပန်းများစွာလည်း ထွက်ပေါ်လာသည်။


အားလုံး အနားယူနေချိန်မှာ ဟုန်ကျွင့်ခမျာ ရေငတ်ပြီး ဆာလောင်နေတာကြောင့် နေရခက်လညသည်။ ကံကောင်းထောက်မစွာပဲ ဟွားချင်နန်းတော်မှာ ဘာစားရမှန်း မသိတဲ့ အရာကို စားသုံးပြီးနောက်မှ အနည်းငယ် ပိုကောင်းလာခဲ့သည်။ 


"ပြန်သွားတော့မှာပါ" 


ဟုန်ကျွင့်ဘေးမှ ဖြတ်သွားသောအခါ လီကျင်လုံက ပြောလိုက်သည်။ 


"ချန်အန်းကို ပြန်ရောက်ရင် ထပ်စားပေါ့"


လီလုန်ကျီးသည် ဧကရာဇ်မင်း၏ နဂါးချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ အနက်ရောင် ချပ်ဝတ်တန်ဆာ ဦးထုပ်ကို နောက်မှ တွန်းထုတ်လိုက်သောအခည သူ၏ချောမောသော မျက်နှာကို ပေါ်လွင်လာစေသည်။


ထိုစဥ် သံတမန်တစ်ဦး ဟွားချင်နန်းတော်ထဲသို့ လျင်မြန်စွာ ပြေးလာပြီး အော်လိုက်သည်။


"သတင်းပို့ပါတယ်--" 


လီလုန်ကျီးက လေးနက်သော လေသံဖြင့် "ပြော!"


သံတမန်က လီကျင်လုံ နဲ့ သူ့နောက်က အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ရပ်နေရာ လီလုန်ကျီးက ထပ်ဆို၏။ 


"ပြော.... မဟုတ်ရင် မင်းရဲ့ခေါင်းကို ငါ​ဖြတ်ပစ်မယ်!"


ဟုန်ကျွင့်လည်း ဤမြေကြီးပေါ်ရှိ ဧကရာဇ် အသက်ကြီးသော်လည်း သူ၏ စွမ်းအားမှာ ရှိသေးသည်ဟု တွေးလိုက်မိသည်။ 


"ချန်အန်း... မှာ အနက်ရောင် စွမ်းအင်တွေနဲ့ ပြည့်နေပါတယ်" ဟု သံတမန်က တုန်လှုပ်စွာဖြင့် ပြန်ပြောသည်။ 


"မြို့တံခါးတွေ ဖွင့်လို့မရပါဘူး လူတိုင်းက... မိစ္ဆာတွေကြောင်း ရူးသွပ်နေကြပါတယ်"


ဒါကိုကြားတော့ အားလုံးက ရုတ်တရက် ချမ်းတုန်သွားသလို ခံစားလိုက်ရသည်။ သခင်မကော်က အတော်လေး အတင့်ရဲလှသည်။ သူမက ချန်အန်းထဲကိုတောင် အရောက်သွားခဲ့သေး၏။ လီလုန်ကျီး လီကျင်ဘုံဘက် လှည့်ကြည့်လိုက်တော့ လီကျင်လုံလည်း အံကြိတ်ကာ ပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ 


"ဘုရင်မင်းမြတ် မျှော်လင့်ထားသလို ဖြစ်လာနိုင်တယ်" 


သေမင်း၏ တိတ်ဆိတ်ငြိမ်သက်မှု​ကြားတွင် လီလုန်ကျီး၏ တုန်တုန်ယင်ယင် အသံက ထွက်ပေါ်လာသည်။ 


"ဒါက ရဲတင်းလွန်းတယ်... မြေခွေးမိစ္ဆာက ငါ အဲဒါကို ဘာမှမလုပ်နိုင်​တော့ဘူးလို့ ထင်နေတာလား?"


အားလုံးက စိတ်ရှုပ်နေပြီး ဤမေးခွန်းကိုတော့ မဖြေဝံ့ကြပေ။ အချိန်အတော် ကြာပြီးနောက် လီလုန်ကျီးသည် ဟွားချင်နန်းတော်မှ ခြေလှမ်းစလှမ်းကာ ရင်ဘတ်ထဲမှ အသက်ရှူမဝသလို ခံစားလိုက်ရသည်။


နန်းတော်အပြင်ဘက်တွင် မီးထွန်းညှိထားပြီး ရံဖန်ရံခါတွင် ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်ကြောင့် နိုးမလာသေးသော စစ်သားများလည်း ရှိသည်။ တချို့က မြေခွေးမိစ္ဆာ၏ စွမ်းအားများ ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် ဟွားချင် နန်းတော်အပြီးတွင် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ခန့်မှန်းပြောဆိုကြသည်။ ရှန်ဝူစစ်တပ်သည် ကြီးမားသော ဘေးဥပဒ်ကို ဖြစ်စေခဲ့သည်ကို လူတိုင်း သိသောကြောင့် ဘာမှမပြောဝံ့ဘဲ ဧကရာဇ်ထွက်မည့်အချိန်ကို စောင့်မျှော်နေကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။


လီလုန်ကျီးသည် နန်းတော်ရှေ့ ရင်ပြင်တွင် အကြာကြီး ငြိမ်သက်စွာ ရပ်နေပြီးမှ ပြောလိုက်သည်။


"သတင်းပို့ ဘယ်မှာလဲ"  


“ဒီမှာ!” သံတမန်တွေ တစ်ယောက်ပြီး တစိယောက် ထွက်လာသည်။


"ကော်ကျစ်ယိကို သတင်းပို့ဖို့ လော့ယန်ကို မြန်မြန်သွား.... ကဲရှူးဟန့်ကို သတင်းပို့ဖို့ ထုံးကွမ်းကို သွားပြီးတော့.... တပ်တွေကို ချန်အန်းမှာရှိတဲ့ မင်းသားချန်ဆီ ပို့!!"


လီကျင်လုံ၏ အမူအရာ ပြောင်းသွားသည်။ 


"အရှင်မင်းမြတ်!"


"မင်း ချန်အန်းကို အနိုင်ယူနိုင်မလား" လီလုန်ကျီး အေးစက်စွာ ပြောလာသည်။


"အရှင်မင်းမြတ်... လော့ယန်၊ ထုံးကွမ်းနဲ့ တခြားနေရာတွေက တပ်တွေကို ရုပ်သိမ်းလိုက်ရင် ပြောင်းလဲသွားမှာကို ကျွန်တော် ကြောက်မိပါတယ်.... ကျွန်တော် စမ်းကြည့်ဖို့ ဆန္ဒရှိပါတယ်"


လီလုန်ကျီး ထိုလူငယ်ဘက်ကို လှည့်ကြည့်လိုက်တော့ လီကျင်လုံက ခေါင်းညိတ်လိုက်သည်။ လီလုန်ကျီး နတ်ဆိုးနှင်ဌာနရှိ လူများကို နောက်တစ်ကြိမ် ပြန်ကြည့်သောအခါ ကျန်လူများကလည်း ငြိမ်သက်သွားကြပြီး လီလုန်ကျီးကို လှမ်းကြည့်​နေကြသည်။


ဟုန်ကျွင့်:"အရှင့်ရဲ့ ဇနီးကို ကယ်တင်နိုင်မှာပါ"


"ရှူး....." 


မော့ရစ်ကန်းလည်း ဟုန်ကျွင့်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ဟုန်ကျွင့်ကတော့ ကြင်ယာတော်ယန်ဟာ ​​လူကောင်းတစ်ယောက်လို့ အမြဲလိုလို ခံစားခဲ့ရ၏။ သူမဟာ မြေခွေးမိစ္ဆာ မဟုတ်သရွေ့ အခုလို ဖြစ်သွားရတဲ့အတွက် သူမအတွက် အရမ်းစိတ်မကောင်း ဖြစ်မိမှာပါပဲ။


"ဒါဆို မင်းတို့ အနားယူဖို့ လိုသေးလား" လီလုန်ကျီးက မေးသည်။


လီကျင်လုံ: "အလျင်စလို ချီတက်ဖို့ မလိုပါဘူး

... အရုဏ်မတက်ခင် ချန်အန်းကို ရောက်နိုင်မှာပါ"


လီလုန်ကျီး: "ရှန်ဝူစစ်တပ်က အမိန့်နာခံ!! ထွက်ခွာ!"


တတိယအချီ အချိန်တွင် ရှန်ဝူတပ်သားနှစ်ထောင်သည် လီရှန်မှ ထွက်ခွာကာ ချန်အန်းသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။ နတ်ဆိုးနှင် ဌာနရှိလူတိုင်းသည် ၎င်းတို့၏ မြင်းများပေါ်မှ ပြေးတက်ကာ လိုက်ကြသည်။ ဟုန်ကျွင့်လည်း သူ့မြင်းကိုစီးကာ လီကျင်လုံနောက် လိုက်မေး၏။ 


"ခေါင်းဆောင်... ကျုံးအပြင်ဘက် ရေလမ်းကို ဖြတ်ချင်လား" 


လီကျင်လုံက ခေါင်းညိတ်ပြပြီး "ဟုန်ကျွင့်.... မင်းပြောတဲ့အတိုင်း မြေခွေးရဲ့ နှလုံးကို နှလုံးမီးအိမ်နဲ့ ချိုးဖျက်နိုင်တာ သေချာရဲ့လား"


"ဖြစ်နိုင်တယ်" ဟုန်ကျွင့်က သိပ်မသေချာသဖြင့် တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေသည်။ 


"ခင်ဗျား သည်းမခံနိုင်မှာ ကြောက်တာ" 


ယခင်က ဂူအတွင်း၌ လီကျင်လုံ၏ နှလုံးမီးအိမ် စွမ်းအားကြောင့် နဂါးမိစ္ဆာတွေ ပြင်းထန်သော အလင်းရောင်အောက် သေဆုံးခဲ့ရသည်။ မိစ္ဆာတွေသည် လုံးဝနီးပါး ဖယ်ရှားခံခဲ့ရပြီး ပေါက်ကွဲသွားသည့် စွမ်းအားသည် မမြင်နိုင်သော အရာများကို ဖျက်ဆီးနိုင်လုနီးပါး ဖြစ်ခဲ့သည်။ 


မမြင်နိုင်သော အရာဝတ္ထုများထဲ လက်ရှိ အကြောက်ဆုံးအရာမှာ မြေခွေးမိစ္ဆာ၏ မှော်ပညာပင်။ ဆိုးယုတ်သော ဝိညာဉ်များ၊ နတ်ဆိုးများ စသည့် တိုက်ခိုက်မှုများကို နတ်အလင်းငါးရောင်က ပိတ်ဆို့ထား၍ မရပါ။ တောင်နှင့် မြစ်ချောင်းတို့ကိုလည်း မပိတ်နိုင်ပေ။ လက်သည်းထိပ်မြှား ခုနစ်စင်းက မချိုးနိုင်သလို လေပွေယပ်တောင်ကလည်း အဝေးအထိ မရွေ့နိုင်ပါဘူး။ 


 ...ဒါပေမဲ့ နှလုံးမီးအိမ်ကတော့ အလုပ်လုပ်ပုံရသည်။ 


စမ်းသပ်ဖို့ အချိန် မရှိတော့ရုံသာ။ ချိုးယုံစစ်က ဒီအကြံအစည်ကို ပထမဆုံး အဆိုပြုတဲ့လူ ဖြစ်ကာ ဒီနေရာက အဆင်မပြေဘူးလို့ ထင်တာကြောင့် လမ်းရှာဖို့ မြို့ပြင်ကို ပြန်သွားခဲ့ကြသည်။ 


မြေခွေးမိစ္ဆာက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ချန်အန်းမှာရှိတဲ့ အိမ်ထောင်စု 600,000 လုံးကို မထိန်းချုပ်နိုင်လောက်ချေ။ တစ်ကြိမ်နှစ်ခါလောက် သူတို့ရဲ့ တက်ကြွမှုကို ကျိန်းသေ ဖျက်ဆီးနိုင်ပစ်မယ် ဆိုရင်တောင် ချန်အန်း တစ်ခုလုံးကိုတော့ မလုပ်နိုင်ဘူးလို့ ယုံကြည်ပါသည်။ 


ဒါကြောင့် ကြိုးစားကြည့်နိုင်သည်။


လီကျင်လုံ: "မြင်းတွေ ပြောင်းမယ်... ဟုန်ကျွင့် ဒီကိုလာခဲ့"


မြင်းနှစ်ကောင် နီးကပ်လာသည်နှင့်အမျှ ဟုန်ကျွင်သည် နောက်သို့လှည့်ကာ မြင်းပေါ်မှ ခုန်ဆင်း၍ လီကျင်လုံနောက်တွင် အတိအကျ နေရာယူလိုက်လေသည်။


"မင်းရဲ့ ဓားပျံက တကယ်ကို အစွမ်းထက်လွန်းတယ်" လီကျင်လုံက သူ့သံဦးထုပ်ကို တွန်းလိုက်ပြီး ခေါင်းကို လှည့်ကာ ဆိုသည်။ 


"မင်း အရမ်းပင်ပန်းနေပြီ... ဒါက မင်းခွန်အားတွေ ပြင်းပြင်းထန်ထန် ပျက်စီးနေတယ်ဆိုတာ ပြနေတာပဲ... ဒါကြောင့် မင်း အလွယ်တကူ မသုံးသင့်ဘူး"


ဟုန်ကျွင့်: "ဧကရာဇ်က ဆန္ဒရှိတဲ့အတိုင်း ဖျက်ဆီးပစ်နိုင်တယ်လို့ ပြောတယ်မလား?"


"မင်းသတိထားရမှာက ဒီလိုဓားမျိုးသာ မဟုတ်ရင် မင်းရဲ့ဓားစွမ်းအင် တစ်ချောင်းတောင် မထွက်ရသေးခင် လမ်းတစ်ဝက်မှာပဲ ဖြတ်ခံရလိမ့်မယ်... ပြီးတော့ မြေခွေးမိစ္ဆာက ကြောက်စရာကောင်းလွန်းတယ်"


ဟုန်ကျွင့် အဲဒီညက မြို့ပြင်မှာ ဖေးအောင်ကို လိုက်ဖမ်းတဲ့အခါ ချန်အန်းမြို့တံခါးကို ဓားတစ်ချောင်းတည်းနဲ့ ဖြတ်တောင်မိမှာ ကြောက်လို့ ကြုံသလို မသုံးရဲခဲ့ချေ။ နောက်ပြီး ဓားပျံ ထပ်ပျောက်သွားမှာကိုလည်း ကြောက်ရသေးသည်။ 


"နှလုံးမီးအိမ်သုံးနည်း သင်ပေးမလား"


"ကျွန်​တော်အရင် ကြိုးစား​ကြည့်မယ်" ဟုန်ကျွင့် ပြန်ဖြေသည်။


သူ့လက်ထဲတွင် ဒေါင်းအမွေးကို ကိုင်ထားပြီး သူသည် နတ်အလင်းတန်း ငါးရောင်ကို လီကျင်လုံ၏ ခါးတွင် ချိတ်ပေးလိုက်သည်။ သူ့လက်များကို ကွေးလျက် လီကျင်လုံအား ရစ်ပတ်ကာ လက်တစ်ဖက်က ကျောနှင့် နောက်လက်တစ်ဖက်ကတော့ ရင်ဘတ်ပေါ်တွင် ဖိထားသည်။ ထိုအချိန်တွင် လီကျင်လုံ၏ အေးစက်သော ချပ်ဝတ်တန်ဆာအောက်တွင် သူ၏သွေးနွေး ကိုယ်ထည်အတွင်းမှ နှလုံးက ပြင်းထန်စွာ ခုန်နေသည်။


ရောင်စုံ အလင်းငါးရောင်သည် လီကျင်လုံ၏ ရင်ဘတ်ကို ထွင်းဖောက်ဝင်ရောက်ပြီး သူ၏ သွေးကြောများ အတွင်းသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာရာ အလွန်မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။ သို့သော် ပထမဆုံး ထိတွေ့လိုက်သည့်အချိန်၌ နတ်အလင်းက ဆုတ်သွားသည်။ ထိုအခိုက် ဟုန်ကျွင့် တစ်ဖက်လူ၏ နှလုံးသားအတွင်း တောက်လောင်နေသည့် အလင်းရောင်ကို ခံစားနိုင်ခဲ့ပြီး အလင်းငါးရောင်သည် အလွန်နှေးကွေးစွာ သူ့ခန္ဓာကိုယ်၏ သွေးကြောတစ်လျှောက် ဖြည်းညင်းစွာ စီးဆင်းသွားသည်။ 


"ရပြီ!.... ခင်ဗျား ကိုယ်​တိုင်​လည်း ခံစားရတယ်မလား"


လီကျင်လုံ 'အင်း' ဟု အသံပြုလာသည်။ သွေးကန်ထဲမှ လွတ်မြောက်ပြီးနောက် နှလုံးမီးအိမ်က သူ့ကို ကာကွယ်နိုင်နေပြီဟု ခံစားလိုက်ရသော်လည်း နောက်ပိုင်းတွင် အပြောင်းအလဲများက မြန်ဆန်လွန်းသဖြင့် ၎င်းကို ခဏတာမျှ ကိုင်တွယ်ရန်ပင် ခက်ခဲသွားခဲ့သည်။ 


ဟုန်ကျွင့် လီကျင်လုံကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ဖိလိုက်သည်။


"အရင်ဆုံး... ခန္ဓာကိုယ်ထဲက မှော်စွမ်းအားကို ယူပြီး နှလုံးဆီမီးခွက်ကို လက်ထဲက ရှောင်ယင် နှလုံးသွေးကြော တစ်လျှောက်ကနေ လည်ချောင်းကို ဖြတ်သွားအောင်လုပ်.... ယွမ်ချွမ်အရွတ်နှစ်ခုကို ဖြတ်ပြီး ညာဘက်လက်ထဲကို ပို့လိုက်...."


ရှင်းပြနေစဉ်တွင် ဟုန်ကျွင့်သည် သူ့လက်ချောင်းကို ၎င်း၏ ဘယ်ဘက်ရင်အုံမှ ညာဘက်ကို ရွေ့လျားပေးသည်။ လီကျင်လုံသည် သိုင်းပညာ လေ့ကျင့်စဉ်နေအတွင်း သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများ၏ တည်နေရာကို အကြမ်းဖျင်း သိခဲ့သော်လည်း အတည်ပြုလိုသေးသဖြင့် ချပ်ဝတ်တန်ဆာကို ဖယ်ရှားပစ်ချင်ခဲ့သည်။ ချပ်ဝတ်တန်ဆာပေါ်၌ ဟုန်ကျွင့်၏ ညာလက်ကို သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ သွေးကြောများတစ်လျှောက် ပွတ်ဆွဲကာ မေးလိုက်သည်။ 


"မှန်လား?"


"အွန်း"


ဟုန်ကျွင့်သည် လီကျင်လုံရဲ့ ညာလက်ကို ကိုင်လိုက်ပြီး လီကျင်လုံလည်း မြင်းဇက်ကြိုးကို လွှတ်လိုက်သည်။ တစ်ဆက်တည်း သူ့ရဲ့ ညာလက်ဖဝါးကို ဟုန်ကျွင့်လက်ဖဝါးပေါ်မှာ တင်လိုက်ပြီး သူတို့ရဲ့ လက်ချောင်းတွေကို သွယ်ယှက်လိုက်၏။ 


ဟုန်ကျွင့်ရဲ့ နှလုံးခုန်သံက ရုတ်တရက် ခုန်ပေါက်သွားပြီး သူ့လက်ထဲမှာ နွေးထွေးတဲ့ အလင်းတန်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။


"ဟုတ်ပြီ" လီကျင်လုံက ပြုံးပြီး "ကျေးဇူးတင်ပါတယ် ဆရာငယ်လေး"


ဟုန်ကျွင့်:"အာ..."


လီကျင်လုံက သူ့လက်ချောင်းတွေကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ကြိမ်၌ ဖြေလျော့ပေးလိုက်သည်။ 


"ငါ ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ့မယ်" 


ဟုန်ကျွင့်မှာ ဤကဲ့သို့ လက်ချောင်းများ သွယ်တန်းမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူ့မျက်နှာသည် ရုတ်တရက် နီရဲလာသော်လည်း ယခုပင် လီကျင်လုံက ၎င်းတို့ကြားတွင် တိတ်တိတ်ဆိတ်ဆိတ် နှင့် ရှုပ်ထွေးသော ခံစားချက်မျိုး ရှိနေသည်ဟု ခံစားလာရသည်။


"ဓား ဓားကို ကိုင်ထားပြီး စမ်းကြည့်ပါဦး" ဟုန်ကျွင့် ထပ်ပြောသည်။


"ကုန်းနှီးပေါ်မှာ စမ်းကြည့်မယ်....ငါ့ကို တစ်ချက်လောက် ကူပေးပါဦး"


မြင်းပြေးနေစဉ်တွင် ဟုန်ကျွင့်သည် ကုန်းနှီးပေါ်မှ ဉာဏ်ပညာဓားကို ဓားအိမ်ထဲမှ ချွတ်လိုက်ပြီး လီကျင်လုံကလည်း နှလုံးဆီမီးခွက်ကို သူ့ညာလက်ထဲသို့ လွှဲပြောင်းနေသည်။ 


"လွှတ်ပြီး ဓားပေါ်ကို သွန်းလောင်းချလိုက်...." 


မှောင်မိုက်သောညတွင် မြင်းကောင်ရေ နှစ်ထောင်ကျော် ပြေးလွှားနေခဲ့သည်။ လီကျင်လုံသည် ဉာဏ်ပညာဓားထဲသို့ နှလုံးမီးခွက်ကို သွန်းလောင်းပြီး ရုတ်တရက် သူ့လက်ထဲမှ ဓားသည် တောက်ပလာကာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ပစ်လိုက်သည်။ ၎င်းက မှောင်မိုက်သောည၌ မီးပြတိုက်က အလင်းကဲ့သို့ ထွန်းလင်းတောက်ပလျက် ရှိ၏။ 


ရှန်ဝူ စစ်တပ်က ရုတ်တရက် အော်လိုက်ပြီး ကျန်တဲ့ နတ်​ဆိုးနှင်ဌာနက လူတိုင်းကလည်ူ သူတို့နောက်ကို လိုက်ပြီး အော်ကြသည်။ 


"အဆင်​ပြေသားပဲ ခေါင်းဆောင်!"


"ဟေး.... ခေါင်းဆောင်က မရိုးရှင်းဘူးပဲ!"


"ခေါင်းဆောင်က တောက်ပနေတာ!" ဟုန်ကျွင့်က လူတိုင်းကို ပြုံးပြလိုက်သည်။ 


လီကျင်လုံ: "..."


ဟုန်ကျွင့်ရဲ့ စကားကြောင့် လီကျင်လုံသည် မရယ်နိုင် မငိုနိုင်ဖြင့် ခေါင်းလှည့်ကာ မေးလိုက်သည်။ 


"ဒီလိုလား?"


ဟုန်ကျွင့်: "ဒီလှည့်ကွက်တစ်ခုပဲ ကျွန်တော်သိတာ... ချုံမင် အရင်က ကျွန်တော့်ကို သင်ပေးခဲ့တာလေ ကျန်တာတွေကို ဖြည်းဖြည်းချင်း စဉ်းစားရမှာပေါ့"


လီကျင်လုံ: "ဒါဆိုလုံလောက်ပါပြီ..... ညီအစ်ကိုတို့ သွားကြရအောင်"


မြင်းများသည် အနီးနားရှိ ချန်အန်းမြို့သို့ အပြေးအလွှား ပြေးထွက်သွားကာ မိုးမလင်းမီတွင် လွင်ပြင်သည်လည်း အမှောင်ထဲ ထိုးကျသွားသည်။