အပိုင်း 217
Viewers 24k

Chapter 217
အံ့အားသင့်ခြင်း


လှည်းတန်းကြီး မြို့ထဲမဝင်လာခင်တွင် တစ်စုံတစ်ယောက်က သူအား ချန်ရုံ၏အထောက်အထားအသစ်အကြောင်းကို ‌သတင်းပို့လာခဲ့သည်။

ကြိုဆိုနှုတ်ဆက်ပြီးနောက် သူက သူမကို နက်နက်ရှိုင်းရှိုင်းအရိုအသေပေးလာပြီး ဖော်ရွှေစွာပြောလာသည်။

“တစ်စိတ်လောက် ခွင့်ပြုပါ”
သူက ဝမ်ဟုန်၏ရှေ့တွင် သူမအား သူဆုံခဲ့ဖူးသမျှထဲတွင် အရေးကြီးဆုံးတစ်ယောက်ဖြစ်သကဲ့သို့ အရိုအသေပေးလာသည်။

ဤကဲ့သို့အပြုအမူမှာ ရှားပါးသည်။ အစပိုင်းတွင် ချန်ရုံကတွေဝေသွား၏။ သို့သော် မကြာခင်မှာဘဲ သူမကတွေးမိကာ နှာခေါင်းရှုံ့လိုက်သည်။
'ဟုတ်သား၊ သူက နန်ယန်ရဲ့မင်းသားကို ခစားတဲ့သူဘဲ....နန်ယန်မင်းသားက သူ့ရဲ့တော်ဝင်မျိုးနွယ်အထောက်အပံ့တွေကို ဆုံးရှုံးသွားတဲ့အပြင် ဟူစစ်သည်တွေရဲ့ မွှေနှောက်ဖျက်ဆီးတာကို ခံလိုက်ရတော့ အရှင်မင်းကြီးမျက်နှာသာပေးတာကိုခံရတဲ့ အမျိုးသမီးကို ကပ်ဖားရပ်ဖားမလုပ်ဘဲ မနေနိုင်ဘူးပေါ့'

သူမကို ဝမ်ဟုန်က ဤအချိန်တွင်ညီမျှအောင်လုပ်ရမည်ဟု ဘာကြောင့်ပြောခဲ့သည်ကို နောက်ဆုံးတွင်နားလည်သွားသည်။

ကျန်းရှန့်နှင့် အခြားသူများက စာသင်သား၏အမေးကိုကြားသောအခါ ချန်ရုံကိုထိတ်လန့်တကြားကြည့်လာကြသည်။

ကျန်းရှန့်၏မျက်လုံးများက သူတို့အတိတ်၌တွေ့ခဲ့ရစဉ်ကဲ့သို့ပင် ကြည်လင်နေဆဲဖြစ်သည်။ သူကကြည့်နေရင်း ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားသည်။

သူတစ်ယောက်တည်းကသာ ချန်ရုံကိုမှတ်မိသွားခြင်းမဟုတ်ပေ။ လူတစ်ဒါဇင်လောက်က အနောက်ဘက်တွင် ရေရွတ်လာကြသည်။
“တော်ဝင်အိမ်တော်ဝန်ကို နည်းနည်းရင်းနှီးနေသလိုဘဲ”


“ငါ သူမကိုအရင်တုန်းကတွေ့ဖူးတယ်၊ သူမက ချန်အိမ်တော်ခွဲက ကိုယ်လုပ်တော်ဖွားသမီးဘဲ၊ အရင်တစ်ခါနန်ယန်ကို အဝိုင်းခံရတုန်းကလည်း သူမဘဲ ထွက်လမ်းကိုဦးဆောင်ခဲ့တာမလား၊ အဲ့ဒီအချိန်တည်းက အရှင်မင်းကြီးကသူမကို ‌မြင့်မြင့်တွေးလာတာဖြစ်လိမ့်မယ်”

“ဒါဆိုတကယ်ကို သူမဘဲ”

“ဘဝဆိုတာ ခန့်မှန်းလို့မရဘူးဘဲ၊ မျက်စိတစ်မှိတ်အတွင်းမှာ ဒီအဆင့်အတန်းနိမ့်တဲ့ မိန်းကလေးက လန်ယာဝမ်ချီနဲ့ ရထားလုံးတစ်စီးထဲမှာ ထိုင်နိုင်ခဲ့ပြီ”

ချန်ရုံက အံ့အားသင့်မှုများနှင့် မနာလိုနေသောတီးတိုးသံများကြားတွင် ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်သည်။ သူမက စာသင်သားကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။

စာသင်သားက ကျန်းရှန့်နှင့် ခြေနှစ်လှမ်းအကွာရောက်သည်အထိသွားကာ သူ့ကိုပြောလိုက်သည်။
“ဒီအမျိုးသမီးက ငါ့ကိုသဘောမကျဘူး၊ မင်း သွားပြီး သူမကိုစကားပြောလိုက်ပါ”

ကျန်းရှန့်က ချန်ရုံကိုစိတ်ရှုပ်ထွေးနေသောအကြည့်တစ်ချက်ပေးလာကာ အတော်ကြာပြီးမှပြန်ဖြေလာသည်။
“ဟုတ်ကဲ့ပါ”

သူက သူ့ဘာသာတွေးလိုက်သည်။
'တော်ဝင်အိမ်တော်ဝန်က ငါ့ကိုသဘောကျမှာပါ၊ အရင်တစ်ခါ နန်ယန်မင်းသားအိမ်တော်မှာ ဆုံခဲ့တုန်းကဆို သူမက တမင်တကာ ငါ့ကိုပြုံးပြခဲ့သေးတယ်‌'

ယောက်ျားတစ်ယောက်အနေဖြင့် သူမ၏အပြုံးက သာမာန်အပြုံးမဟုတ်သည်ကို အလိုလိုသိစိတ်ကယုံကြည်နေပေသည်။

သူ၏အတွေးရထားကြီးက သူ့ကိုနောက်ကောက်ကျန်စေခဲ့ကာ သူကအလျင်အမြန်ပင် အမှီလိုက်သွားသည်။

ဤအချိန်တွင် လှည်းတန်းကြီးက မြို့ထဲဝင်နေပြီဖြစ်သည်။ စာသင်သားက သူ့ဘေးနားသို့လျှောက်လာကာ တောင်ရောက်မြောက်ရောက် ပြောနေဆဲဖြစ်သည်။
“အရှင်မင်းသားက ကိုယ်တိုင်ကိုယ်ကျလာချင်ခဲ့တာပါ၊ ကံမကောင်းစွာနဲ့ဘဲ သူကအအေးပတ်သွားတယ်လေ၊ ကျွန်တော်တို့ကြိုဆိုနှုတ်ဆက်ရာမှာ လစ်လပ်တာများရှိနေခဲ့ရင် ကြိုပြီးတောင်းပန်ပါတယ်ဗျာ”

သူက ချန်ရုံကိုကြည့်ကာ ထပ်ပြုံးပြလာသည်။
“‌တော်ဝင်အိမ်တော်ဝန်ရဲ့ ဂုဏ်သတင်းကို ကျွန်တော်ကြားဖူးတာ ကြာပါပြီ၊ တကယ်ကို သူတို့ပြောကြတဲ့အတိုင်းပါဘဲ၊ နန်ယန်ကိုလာတဲ့ အလည်ခရီးမှာ ပျော်ပျော်ရွှင်ရွှင်နေပါနော်”

သူ၏ အဆုံးမရှိသော နှုတ်ဆက်မှုကြားတွင် ချန်ရုံက ‌အရှေ့ဘက်မှ ရင်းနှီးနေသောလမ်းများနှင့် ပျားပန်းခပ်လှုပ်ရှားနေသော လူအုပ်ကြီးကိုကြည့်ကာ တခနလောက်စိတ်လွင့်သွားသည်။

ဝမ်ဟုန်နှင့် ချန်ရုံတို့သည် နန်ယန်အိမ်‌တော်သို့ ရိုသေလေးစားသောအမူအရာဖြင့် ဖိတ်ခေါ်ခံရသည်။

မျက်စိတမှိတ်အတွင်းမှာပင် ညဘက်သို့ရောက်လာသည်။

ချန်ရုံကရေချိုးသန့်စင်ပြီး အဝတ်အစားလဲကာ ပျော်တော်ဆက်အနည်းငယ်နောက်မှ လိုက်ကာ အရှေ့ဘက်ရှိ ခန်းမကြီးဆီသို့ သွားလိုက်သည်။

အခုချိန်တွင် ခန်းမကြီးသည် တောက်ပနေသောမီးအိမ်များ၊ ပျော်ရွှင်မှုအရိပ်ယောင်များဖြင့် ပြည့်နေသည်။ ဤပွဲသည် ဝမ်ဟုန်နှင့်သူမကို ကြိုဆိုရန်အတွက် နန်ယန်ဝမ်က လုပ်ပေးသော ညစာစားပွဲဖြစ်သည်။
(နန်ယန်ဝမ်-နန်ယန်ဘုရင်)

တစ်ခနကြာပြီးနောက် ချန်ရုံက ခန်းမကြီး၏ အဓိကဝင်ပေါက်ဆီရောက်လာသည်။ အတွေ့အကြုံရှိသော ဆယ်ကျော်သက်တစ်ယောက်က အော်ပြောလာသည်။
“တော်ဝင်အိမ်တော်ဝန် ရောက်လာပါပြီ”

ကြေညာသံထွက်လာသောအခါ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။

ချန်ရုံက အနည်းငယ်ပြုံးလိုက်ကာ အထဲသို့လှမ်းလိုက်သည်။

ခန်းမ၏အမိုးခုံးတွင် ဖယောင်းတိုင်နှင့် မီးအိမ်တို့၏အလင်းရောင်များက တစ်ခုနှင့်တစ်ခုထပ်နေကော ခန်းမကြီးက အဖြူရောင်တောက်ပနေသည်။

ခန်းမထဲတွင် လူတစ်ရာကျော်ရှိနေသည်။ ဤအချိန်တွင် ချန်ရုံဝင်လာသောအခါ သူတို့ကတစ်ချိန်တည်းလှည့်လာပြီး သူမကိုကြည့်လာကြသည်။

အဝလွန်နေသော နန်ယန်ဝမ်က ခန်းမ၏ အလယ်တွင်ထိုင်နေသည်။ သူက သောက်စရာတစ်ခွက်ကိုကိုင်ထားသည်။ သူက ချန်ရုံလာသည်ကို သတိမပြုမိသလိုပင် သူမကိုမော့မကြည့်လာပေ။

ထိုအရာကို မြင်သောအခါ ချန်ရုံကအေးစက်စွာပြုံးလိုက်သည်။ သူမ၏ခြေလှမ်းများက တံခါးဘောင်ထဲဝင်ရုံသာရှိသော်လည်း ရပ်သွားသည်။

သူမက တံခါးဝတွင် ထိုအတိုင်းရပ်နေလိုက်သည်။ လူတိုင်း၏အကြည့်ရှေ့တွင် သူမက ‌ကောင်ငယ်လေးကိုမေးလိုက်သည်။
“အရှင်ချီလန်ရောက်ပြီလား”
သူမအသံက ကြည်လင်ပြီး ရှင်းလင်းနေကာ မျက်နှာက ပြုံးရွှင်နေ၏။

သူမအသံက တမင်ရည်ရွယ်ထားခြင်းမရှိသော်လည်း ခန်းမထဲရှိလူတိုင်းကိုသတိပြုမိသွားစေသည်။ ဘယ်လိုလုပ်ပြီးအမှန်တရားကို မကြားနိုင်မှာလဲ။

ဧည့်ခံပွဲတွင် နန်ယန်မြို့မှ တော်ဝင်မျိုးနွယ်အားလုံးရှိနေကာ သတင်းများကိုကြားထားကြသည်။ ဒီတော်ဝင်အိမ်တော်ဝန်က မိန်းမပျက်တစ်ယောက်ဖြစ်ရုံသာမက အရိုင်းဆန်သောအဒေါ်လေး*လည်းဖြစ်သည်ဟု သူတို့သိထားကြသည်။ သူမသည် ဝမ်ဟုန်နှင့်သာမက အရှင်မင်းကြီးနှင့်ပါ ဆက်ဆံရေးရှိသည်။
(Tn:romantic aunt-အိပ်ရာဖော်ပါဘဲ ရာထူးဂုဏ်ဒြပ်မရှိတဲ့ပျော်တော်ဆက်ပါ၊ ဂုဏ်ဒြပ်မရှိသောကြောင့် တချို့နေရာတွေ အဒေါ်လေးလို့သုံးကြပါတယ်)

သူတို့ ဤအရာကို ဖျတ်ခနဲကြည့်လိုက်သောအခါ ဤတော်ဝင်အိမ်တော်ဝန်က ဘယ်ထုံးရိုးစဉ်လာကိုမှ စောင့်ထိန်းခြင်းမရှိဘဲ တကယ်ကိုတံခါးဝတွင်ရပ်ကာ အရှင်ချီလန်၏အမည်ကိုတောင် ထုတ်ပြောလာသေးပေသည်။

တိတ်ဆိတ်မှုထဲတွင် အစေခံငယ်လေးက အဝေးကိုကြည့်ကာ ချက်ချင်းပင်ချန်ရုံအားပြန်ဖြေလာသည်။
“အရှင်မလေးကို ပြန်ဖြေပါတယ် အရှင်ချီလန်ရောက်လာပါပြီ”

ချန်ရုံက သူ့အကြည့်နောက် လိုက်ကြည့်လိုက်သည်။

သေချာပေါက်ပင် ဝတ်ရုံဖြူနှင့် ယောကျာ်းတစ်ယောက်လျှောက်လာသည်။ ဝမ်ဟုန်ပင်ဖြစ်သည်။

သူ့အနောက်တွင် မိန်းမလှအနည်းငယ်ကလိုက်ပါလာကာ သေချာကြည့်မည်ဆိုပါက ထိုမိန်းကလေးများသည် နန်ယန်မြို့မှ အထက်တန်းလွှာမှ သခင်‌မလေးများဖြစ်ပုံပေါ်သည်။

ဝမ်ဟုန်က ခန်းမဆီသို့ရောက်လာကာ သူကအလင်းရောင်များအလယ်တွင် ရပ်လိုက်သည်နှင့် တံခါးဝ၌ရပ်နေသောချန်ရုံအားနှုတ်ခမ်းများကိုကွေးပြီး အပြုံးတစ်ခုထုတ်ပြလာသည်။

အပြုံးက ဖျော့သော်လည်း တိမ်များကိုဖြတ်တိုက်သွားသည့် လေပြေလေးလိုပင် လမင်းကြီးအားပို၍တောက်ပလာစေသည်။ ဤလိုအပြုံးမျိုးနှင့် ဝတ်ရုံအဖြူက လရောင်အောက်တွင် နှစ်ခုပေါင်းလိုက်သောအခါ တကယ်ကို လေထဲမှရိုက်ချက်တစ်ခုဖြစ်သည်။

ချန်ရုံက သူ့ကိုပြန်ပြုံးပြလိုက်သည်။

သူမက ခြေလှမ်းလှမ်းကာ လူအုပ်ကိုစိုက်ကြည့်လိုက်သည်။ သူမက ခန်းမထဲမဝင်ရုံသာမက ဝမ်ဟုန်ကိုတောင်သွားကြိုဆိုလိုက်သည်။

ချန်ရုံက သူ့ဆီလျှောက်လာကာ ‌မိန်းကလေးများကိုစိုက်ကြည့်ပြီးနောက် လက်ဆန့်ကာ သူ၏ဝတ်ရုံဖြူကို ပြင်ပေးလိုက်သည်။ အလွန်ရင်းနှီးသောသူများနှင့် တူညီစွာပင် သူ့ဝတ်ရုံကို ပြင်ဆင်ပေးလာပြီး ပြုံးကာပြောလာသည်။
“ဘာလို့ရောက်လာတာလဲ”

ဝမ်ဟုန်က ပုံမှန်နေ့များနှင့် ကွဲပြားနေသော သူမ၏အပြုအမူကို အသံတိတ်ကြည့်ကာ ပြန်ဖြေလိုက်သည်။
“ကိုယ် မလာရဘူးလား”

ချန်ရုံက သူ့ကိုထပ်ထုလာပြီး တောက်ပစွာပြုံးကာ သူ့ရှေ့မှလျှောက်သွားသည်။
“သွားရအောင် နန်ယန်မင်းသားကို အကြာကြီးမစောင့်ခိုင်းပါနဲ့”
ထို့နောက် သူမက ခန်းမဆီလျှောက်သွားသည်။

ဝမ်ဟုန်က ချန်ရုံကဲ့သို့မိန်းမတစ်ယောက်က သူရှေ့မှဦးဆောင်ကာ လျှောက်သွားသည်ကို ဂရုမစိုက်ပုံပေါ်သောအခါ မိန်းကလေးများက ကြက်သေသေသွားကြသည်။ သူမကိုယ်သူမ ပြက်ရယ်ပြုရန် ဒီလိုမာနကြီးကာ တူညီသောအပြုအမူကို အသုံးပြုခဲ့သည်။

နေဝင်လာသောအခါ ဝမ်ဟုန်က နှုတ်ခမ်းစေ့ ပြီး သူမနောက်မှနေ၍ ခန်းမဆီသို့သွားလိုက်သည်။

ဒီတစ်ကြိမ်တွင် သခင်မ‌လေးများက မနေနိုင်တော့ပေ။ သူတို့က ပြောချင်သည်များကို မြိုချကာ သူ့နောက်မှလိုက်သွားကြသည်။ သူတို့က သူ့ကိုဂုဏ်ပြုဧည့်ခံချင်တာဖြစ်သည်။ အခုတွင် ချန်ရုံကမွှေနှောက်သွားလေသည်။ သူတို့အားလုံးက သူမ၏အတိတ်အခြေအနေကို သိထားကြသည်။ ရုတ်တရက်ဆိုသလို သခင်မလေးများက အနည်းငယ်ဆန္ဒမရှိဖြစ်လာကြသည်။ချန်ရုံက

အရှင်ချီလန်ရဲ့ အရှေ့ကနေသွားနေပြီး သူတို့ကျတော့ အရှင်ရဲ့အနောက်ကနေလိုက်နေရသည်လေ။

သူတို့အရှေ့မှနေ၍ ခန်းမဆီသွားနေသော ဝမ်ဟုန်၏ပုံရိပ်ကိုကြည့်ကာ မျက်နှာဝိုင်းဝိုင်းနှင့် မျက်နှာအဆီများအနည်းငယ်ရှိပြီး ကောင်းမွန်သောမျက်လုံးများရှိသည့် ‌မိန်းမငယ်က ဒေါသတကြီးပြောလာသည်။
“အရှင်ချီလန်က ဘယ်လိုဖြစ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ရတာလဲ”

ထိုမိန်းကလေး၏အသံက မာနကြီးနေကာ သူမ၏အပြုအမူကလည်း မွေးရာပါအထက်စီးဆန်နေသည်။ သူမက နန်ယန်ဝမ်၏သမီးဖြစ်ကာ မနာလိုစိတ်များ တစ်ဖွားဖွားဖြစ်နေပေသည်။

သူမအသံကိုကြားသောအခါ ကျန်သခင်မငယ်လေးများကလည့် ဒေါသထွက်လာပြီး ပြစ်တင်ပြောဆိုလာကြသည်။

သူတို့၏ စွပ်စွဲချက်များကြားတွင် ချန်ရုံနှင့်ဝမ်ဟုန်တို့သည် တစ်ယောက်နောက်မှ တစ်ယောက်သွားသည်မှ နှစ်ယောက်သားအတူတူသွားကြသည်အဖြစ် ပြောင်းလဲသွားလေသည်။

ဝမ်ဟုန်တစ်ယောက်တည်းနှင့်တင် အိမ်တော်တစ်ခုလုံးကို စိုးမိုးနိုင်သည်ဖြစ်ရာ ချန်ရုံ၏ခြားနားသော အပြုအမူကိုပြောနေစရာလိုသေးလို့လား။ အချိန်ခနလောက်တွင် နန်ယန်ဝမ်က ခေါင်းမော့လာကာ ဘေးချင်းယှဉ်ပြီးဝင်လာသော သူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

ချန်ရုံနှင့် နှစ်‌ယောက်သားက ငါးလှမ်း၊ခြောက်လှမ်းလောက်သာ လာရသေးချိန်တွင် ခန်းမကြီးက တိတ်ဆိတ်နေရာမှ အသက်ဝင်လာသည်။ လူအုပ်ကြားတွင် ချန်ရုံနှင့် ဝမ်ဟုန်တို့က ဘယ်ဘက်တန်း၏ ပထမဆုံးအတန်းဆီလာကာ သူတို့နေရာတွင်ထိုင်လိုက်ကြသည်။

ဝမ်ဟုန်၏ မျိုးနွယ်ကဘာများလဲ။ သူ၏လှုပ်ရှားမှုတိုင်းတွင် သူ့ကိုယ်ပိုင်တင့်တယ်မှုမျိုးရှိနေ၏။

ချန်ရုံကရော၊ အချိန်တစ်ခုကြာအောင် လူတိုင်းက သူမကိုစိုက်ကြည့်နေကြ၏။ သူမအားပိုကြည့်လေလေ နန်ယန်ရှိမင်းမျိုးမင်းနွယ်ဝင်များက ပို၍စိတ်ပိုင်းဖြတ်လာကြကာ အသံများကဖြေးဖြေးချင်းတိုးလာသည်။ ယနေ့လောကကြီးသည် ရှင်ဘုရင်နှင့် မြင်း၊ လောကကြီးနှင့်...
သူတို့ရှေ့မှ ဤမိန်းကလေးဖြစ်သည်ကို သိထားရပေမည်။ ၎င်းက မကြုံစဖူးအရာဖြစ်ပြီး လောကကြီးထဲသာမြင်နိုင်၏။ တစ်ချိန်တည်းတွင် သူမက ဝမ်မျိုးနွယ်၊စစ်မာမျိုးနွယ်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိနေသည်။ ၎င်းအမျိုးသမီးက အံ့ဩစရာပင်ဖြစ်သည်ဟု ‌မင်းမျိုးမင်းနွယ်ဝင်များက ခံစားမိလာသည်။

ချန်ရုံကိုကြည့်ပြီးနောက် နန်ယန်ဝမ်၏ ဝတိုနေသောမျက်နှာက ရုတ်တရက်တွန့်လိမ်လာသည်။

ဤအချိန်တွင် သူ့ဘေးမှကန့်လန်ကာက သူ့ကိုထိလာသည်။ ဒီအထိအတွေ့က နန်ယန်ဝမ်ကို သတိပြန်ဝင်သွားစေသည်။ သူကရယ်မောပြီး ဝိုင်ခွက်ကိုင်ကာထရပ်ပြီး ပြောလိုက်သည်။
“လာ လာ၊ လာကြ သောက်ကြရအောင်’


သူက ဝိုင်သောက်လိုက်ပြီးနောက် ခွက်ကိုပြန်ဖြည့်ကာ ဝမ်ဟုန်ဘက်လှည့်လာသည်။
“ချီလန်နဲ့ ငါက နန်ယန်နဲ့ဆက်ဆံရေးတစ်ခုရှိနေတယ်ဆိုတာ အမှန်ဘဲ၊ မနှစ်တုန်းကသာ တကယ်လို့ တူတူမဟုတ်ခဲ့ဘူးဆိုရင် ကျိုးပျက်သွားမှာမဟုတ်ဘူး ၊ နန်ယန်ကိုဆက်ပြီးငြိမ်းချမ်းစေရအောင်၊ လာကြ ငါတို့ရဲ့အရှင်ချီလန်ကို တစ်ခွက်လောက်ဂုဏ်ပြုကြမယ်”

"မလုပ်ရဲပါဘူး‌ဗျာ"

နန်ယန်က ဝိုင်ပြန်ဖြည့်လိုက်ပြီးနောက် ချန်ရုံဘက်ကို ထပ်လှည့်လာလေသည်။

ဤအချိန်တွင် ချန်ရုံနောက်၌ အပျော်မယ်များက ကန့်လန့်ကာ*ကိုယူလာကြသည်။ သို့သော် ဝမ်ရယ်*ကစကားပြောတော့မည်ကိုမြင်သောအခါ ရပ်လိုက်ကြသည်။
(Tn:ဝမ်ရယ်က နန်ယန်ဝမ်ပါဘဲ၊ ကန့်လန့်ကာက ပွဲတစ်ခုတက်ပြီဆိုရင် သခင်မလေးတွေကို ယောက်ျားလေးတွေ တိုက်ရိုက်မမြင်ရအောင် ခြားထားပေးတဲ့အရာပါ)

နန်ယန်ဝမ်က ပြုံးကာ ချန်ရုံကိုကြည့်လာသည်။ သူကအလွန်ပြုံးနေသောကြောင့် မျက်နှာဝဝပေါ်တွင် မျက်စိများကပျောက်ကာ မျဉ်းဖြောင့်နီးပါးဖြစ်လာသည်။
သူက ဝိုင်ခွက်ကိုကိုင်ကာ ရယ်မောလာသည်။
“အဲ့ဒီနေ့တုန်းကဆို သမားတော်ကွမ်းလုက ဟူစစ်သည်တွေကြားထဲကို အပြေးဝင်သွားတာလေ၊ သူကအထက်စီးဆန်နေပေမယ့် ဒီဘုရင်က သူ့ကိုထူးခြားတဲ့သူဘဲလို့ သိနေခဲ့တယ်၊ ဟားဟား ဒီဘုရင်မမှားခဲ့ဘူးဘဲ၊ လာ လာ ဒီဘုရင်ကို တစ်ခွက်လောက်သောက်ပေးပါဦး”

သူကပြုံးပျော်ကာ ယဉ်ကျေးနေပြီး သူ့အသံတွင်ကြင်နာသောအရိပ်အယောင်များသန်းနေသည်။

သူက သူမအား သူမ၏အခုချိန်တွင်ရရှိနေသော စည်းစိမ်ဂုဏ်ဒြပ်များသည် နန်ယန်မှစတင်ရရှိလာခဲ့ခြင်းဖြစ်ကြောင်း သတိပေးနေသည်ကို ချန်ရုံနားလည်သည်။ ထို့အပြင် သူမကလည်း အဆင့်အတန်းရှိသောလူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ အခုချိန်တွင် ရှိသော သူမ၏မျက်နှာကိုသာ ဂရုစိုက်ရပေမည်၊ အတိတ်ကပြီးသွားပြီဖြစ်သည်။ သူက ၎င်းကိုဖုံးကွယ်ပြီး မေ့ထားရုံသာတတ်နိုင်၏။

သူက အခုလေးတင် ချန်ရုံ၏အပြုအမူကို မြင်ထားသောကြောင့်ဖြစ်နိုင်သည်။သူမကိုဖိနှိပ်ကာ သူမနှင့်အတူ တစ်ခွက်သောက်စေချင်တေသည်။

ချန်ရုံကလည်း ဝိုင်ခွက်ကိုမြှောက်လိုက်သည်။

သူမကပြုံးပြကာ လက်ထဲရှိဝိုင်ခွက်ကိုမူ ဂရုမစိုက်စွာ သောက်လိုက်သည်။ ဝိုင်သောက်ပြီးနောက် ခွက်အလွတ်‌ကိုအထက်အောက်လှန်ပြကာ သူမမျက်လုံးများက နန်ယန်ဝမ်ဆီရောက်လာသည်။ တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူမအကြည့်များက နန်ယန်ဝမ်၏လက်မတွင် ဝတ်ထားသော ကျောက်စိမ်းလက်စွပ်ဆီရောက်လာ၏။

ဤကျောက်စိမ်းလက်စွပ်သည် ရှေးအချိန်များတည်းက လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းပစ္စည်းမျိုးမဟုတ်ပေ။ သို့သော်ငြား ၎င်းက နန်ယန်ဝမ်တစ်ယောက် အမြတ်တနိုးထားပြီး နှစ်ပေါင်းများစွာဝတ်ဆင်ခဲ့သောလက်စွပ်ဖြစ်သည်။

ချန်ရုံ၏မျက်လုံးထဲတွင် နန်ယန်ဝမ်နှင့်လက်ထောက်များကို မြင်နေရသည်။ နန်ယန်ဝမ်က အေးစက်စွာပြုံးနေ၏။ ဝိုင်ကိုသောက်လိုက်ပြီးနောက် သူကပြန်ထိုင်လိုက်သည်။

သူမက ‌ပိုက်ဆံနဲ့ ကျောက်မျက်ရတနာတွေကို ကြိုက်နိုင်မလား၊ မဆိုးပါဘူး ပိုက်ဆံကိုကြိုက်တာဘဲ။

နန်ယန်ဝမ်က ရင်ထဲမှအစိုင်အခဲကြီးကိုချပြီး အလွန်ပျော်ရွှင်စွာပြုံးလိုက်သည်။ သူက နေရာမှ‌ဆင်းလာပြီး မင်းမျိုးမင်းနွယ်ဝင်များနှင့် ဝိုင်ဖလှယ်နေလိုက်သည်။

ဝမ်ဟုန်က ဝိုင်ခွက်ကိုဖြေးညှင်းစွာချလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလာသည်။
“အားရုံ ကိုယ့်ရဲ့အင်အားကိုငှားယူချင်တာက ပိုင်ဆိုင်မှုတစ်ချို့ရဖို့အတွက်လား”


ချန်ရုံက အပျော်မယ်များအား ကန့်လန်ကာ ကာစေလိုက်ပြီးနောက် ဝိုင်တစ်ငုံသောက်ကာ အသံတိုးတိုးဖြင့် သူ့ကိုပြောလာသည်။
“တစ်ခုက ပိုင်ဆိုင်မှုတွေရဖို့ဘဲ၊ လက်စားချေတာက နောက်တစ်ခု”

ဝမ်ဟုန်က ရယ်မောလာသည်။