Chapter 218
သူက ချန်ရုံဘက်သို့လှည့်ကာ သတိလက်လွတ်ဖြင့်စိုက်ကြည့်နေပြီး သူ့စိတ်ထဲတွင်ချီးကျူးလိုက်မိသည်။
'ဒီမိန်းကလေးက သက်တူရွယ်တူမိန်းကလေးတွေထက် ပိုပြီးစွမ်းရည်ရှိတာဘဲ...အခုချိန်တွင် သူတို့က နန်ယန်ဝမ်ဆီသို့ရောက်နေပြီဖြစ်သည်။ နန်ယန်ဝမ်ကိုယ်တိုင်ကလည်း ကြမ်းတမ်းကာ အစိုးမရသော စိတ်နေသဘောထားရှိသည်။ အခုချိန်နှင့် နန်ယန်ဝမ်နဲ့ ကစားနေတာက ဘာအဓိပ္ပါယ်ရှိမှာလဲ၊ ထိုအစား နန်ယန်ဝမ်တစ်ယောက်စိတ်သက်သာရာရသွားစေရန် အကျိုးကျေးဇူးတစ်ချို့ တောင်းဆိုပြီး ထပ်မံကျူးကျော်ဝင်ရောက်နိုင်ရန် အခွင့်ကောင်းကို စောင့်နေလိုက်သည်က ပိုအဆင်ပြေပေသည်။
ထိုသို့ပြောပြီးပါက အကယ်၍သူမတွင်ယခင်ကျော်ကြားမှုများ မရှိလျှင်တောင်မှ နန်ယန်ဝမ်က အမျိုးသမီးတစ်ယောက်ကို သံသယမရှိသလို သူမကလည်း ခြိမ်းခြောက်မှု၏ရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်စွမ်းမရှိမည်ကို စိုးရိမ်မိသည်။
ဤမိန်းကလေးက တကယ်ကိုပင် သူနှင့်အနည်းငယ်တူ၏။
ထို့နောက် ဂုဏ်ပြုညစာစားပွဲတွင် ချန်ရုံကဲ့သို့ အရာမျိုးထပ်မရှိတော့ပေ။
ညနေခင်းတွင် ချန်ရုံနှင့်ဝမ်ဟုန်က နန်းတော်၏ ယခင်ဝမ်အိမ်တော်တွင် ရှိနေကြသည်။ ပြီးခဲ့သည့်နှစ်က ဝမ်ဟုန်ကျန့်ခန်းကို ပြန်သွားခဲ့သည်။ နန်ယန်တွင်နေထိုင်သည့် ဝမ်မျိုးရိုးအမည်နှင့်လူအားလုံးက သူနှင့်လိုက်ပါလာကြသော်လည်း အိမ်တော်ကအလွတ်ဖြစ်နေဆဲဖြစ်သောကြောင့် ဂရုစိုက်ရန် အစေခံတစ်ချို့ကို ချန်ထားခဲ့သည်။
ချန်ရုံက အခန်းသို့ပြန်ရောက်ရုံသာရှိသေးချိန်တွင် ရထားလုံးအုပ်စုလိုက်က ဘေးတံခါးမှဝင်လာသည်။သူမကို မေးလာသောသူက အရာတစ်ခုယူလာသည်။
အပြုံးက ပွင့်လင်းတောက်ပနေကာ သူက ချန်ရုံဆီ ပိုနစ်မြုပ်လာသည်။ သူ လေးစားစွာဖြင့် သစ်မွှေးသားဖြင့်ပြုလုပ်ထားသော သေတ္တာတစ်လုံးကို ဆက်သလာသည်။
“ဒါက ကျွန်တော်မျိုးတို့ မင်းသားက သမားတော်ကွမ်းလုအတွက် ပေးတဲ့ လက်ဆောင်ငယ်လေးပါ”
သစ်သားသေတ္တာကို မဖွင့်ဘဲနှင့် ချန်ရုံက ၎င်းသည် နန်ယန်ဝမ်၏ နာယွီလက်စွပ်ဖြစ်သည်သိလိုက်သည်။
ဤလက်စွပ်က ဘာမှမဟုတ်ပေ။ အဓိကသော့ချက်မှာ ဤသစ်သားသေတ္တာကို ကျန်းရှန့်၏နှင့် နန်ယန်ဝမ်ကတော်၏အစေခံများ နောက်တွင် ထားထားပြီး သစ်သားသေတ္တာကို ရထားလုံးပေါ်မှ ရွေ့နေကြဆဲဖြစ်သည်။
၎င်းက စေတနာသေးသေးလေးမဟုတ်ပေ။ သေတ္တာ၏အရွယ်အစားက တစ်ဝက်သာရွှေ့ရသေးသော်လည်း ခြံဝင်းတစ်ခုလုံးပြည့်နေပြီဖြစ်သည်။
နန်ယန်ဝမ်က တကယ်ကိုနှလုံးသားရှိပုံပေါ်သည်။
ဤပိုက်ဆံများသည် သူမအား ကျန့်ခန်းတွင် နှစ်ပေါင်းများစွာ နေထိုင်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။ ထိုနေ့တွင် စွင်းယန်နှင့် ဆွေးနွေးခဲ့ရာ အကယ်၍လျန်ထျန်းကျွမ်းဇီရှိနေလျှင်တောင်မှ ပိုက်ဆံမရှိဟု သူမတွေးခဲ့သေးသည်။
သူမ၏ဘဝတွင် စားစရာနှင့် အဝတ်အစားများအတွက် ပူပန်နေစရာမလိုချေ။
ချန်ရုံက အေးစက်နေကာ တကယ့်မင်းမျိုးမင်းနွယ်ဝင်များနှင့် မတူစွာပင် သူမက ဤအရာများကြောင့် ပျော်ရွှင်နေသည်။ ဤအရာများကသာ သူမအား အစစ်အမှန်စိတ်အေးချမ်းသာမှုကိုယူဆောင်လာပေးနိုင်သည်။
စိတ်ကျေနပ်နေသော အပြုံးနှင့် ချန်ရုံက သစ်သားသေတ္တာများဆီ ဖြေးဖြေးချင်းလျှောက်သွားသည်။
သူမ၏ အပြုံးကို ဝမ်အိမ်ေတာ်၏လူများတွေ့သောအခါ ရုတ်တရက်သူတို့ကလည်း ပျော်ရွှင်စွာပြုံးလာကြသည်။
စိတ်မဝင်စားကာ မျက်စိဖမ်းစားနေသဖြင့် ပြုံးပြီးရင်းပြုံးနေသော ကျန်းရှန့်က ရယ်မောပြီးနောက်တွင် မနေနိုင်ဘဲ သူမကိုတိတ်တဆိတ်ကြည့်လာသည်။
သူ့ရှေ့မှ ဤမိန်းကလေးသည် ဂျင်လူမျိုးများကြားတွင် နာမည်ကြီးတစ်ဦးဖြစ်သည်။ သူမ၏မွေးဖွားမှုက အလွန်နိမ့်ကျသော်ငြား နန်ယန်ဝမ်ကတောင် အလေးထားဆက်ဆံခြင်းကို ခံရ၏။ လောကကြီးထဲတွင် အေးစက်ကာ လူကြီးလူကောင်းဆန်သောလူများကြားတွင်တောင် ဒါကသဘာဝအတိုင်းဖြစ်နေလျှင်တောင်မှ ကလေးမွေးရန်အလိုရှိနေကြဆဲပင်။ သူမက သခင်မတစ်ယောက်ကဲ့သို့ အဆင့်အတန်းမမြင့်မားတော့မည်ကို သူစိုးရိမ်မိသည်။
အရေးကြီးဆုံးမှာ အခြားသူများက ဘဝင်မြင့်ကာ အောက်တန်းကျနေချိန်တွင် သူမကကောင်းမွန်စွာနေ၏။ သူမနှင့် ဝမ်ချီလန်တို့၏အပြုအမူကိုကြည့်ပါက သူမက အမြင့်ကိုတွယ်တက်နေခြင်းဖြစ်သည်ကို သိနိုင်သည်။ သူမကနာမည်ကြီးသောလမ်းပေါ်တွင် လျှောက်နေခြင်းဖြစ်သည်။ ၎င်းကအလွန်တန်ဖိုးကြီးကာ ဘယ်သူကမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ချန်ရုံက တစ်ဖက်သို့လှည့်သွားသည်။
ကျန်းရှန်းကအလျင်အမြန်ပင် အရိုအသေပေးလာသည်။ သူကခေါင်းကိုတောင်ငုံ့လာသော်ငြား ဖြောင့်တန်းသောနောက်ကျောရှိကာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပွင့်ပွင့်လင်းလင်း ရယ်မောနေဆဲဖြစ်သည်။ ထို့နောက် သူက သူမရှေ့တွင် အပြုအမူကိုထိန်းလိုက်သည်။
ချန်ရုံက သူ့လက်ကိုကိုင်ကာ အရှေ့မှသစ်သားသေတ္တာဆီလှည့်လာသည်။သူမက ခေါင်းညိတ်ကာ ပြုံးလာသည်။
“ကျေးဇူးပါ”
ပြန်ဖြေသံမကြားသောအခါ ချန်ရုံက ကျန်းရှန့်ကိုလှည့်ကြည့်လာသည်။
“ဘာတွေ တွေးနေတာလဲ”
"ဘာများလဲ"
ကျန်းရှန့်က သတိပြန်ဝင်လာသောအခါ အသံနိမ့်ပြီးချန်ရုံကိုမေးလာသည်။
“ချန်အိမ်တော်ရဲ့သခင်သုံး၊ ချန်သခင်လေးရော အဆင်ပြေရဲ့လားမသိဘူး”
ချန်စန်းလန်လား
ချန်ရုံက ကျန်းရှန့်ကို ခပ်ဖျော့ဖျော့သာကြည့်လိုက်ပြီး ဘာမှပြန်မဖြေလိုက်ပေ။
ကျန်းရှန့်က မော့ကြည့်လာသောအခါ သူမအကြည့်ကိုမြင်သွားသည်။ တစ်မျိုးတစ်ဖုံအားဖြင့် သူကအနည်းငယ်ရှက်သွားသည်။ သူ၏လျှာကအာစေးမိနေကာ ကျန်းရှန့်ကအော်ပြောလာသည်။
“ကျွန်တော့်မျိုးရိုးက ကျန်းပါ၊ ချန်သခင်မလေးကို အရင်တုန်းကတွေ့ခဲ့ဖူးပါတယ်....”
သူကတံတွေးမြိုချပြီး မျက်စိများက ချန်ရုံကိုဂရုတစိုက်ကြည့်ကာ သူတို့အရင်ကဆုံခဲ့ဖူးသည်ကို ပြန်သတိပေးချင်နေပုံပင်။
ချန်ရုံက သူ့ခေါင်းကိုထုကာ အလေးမထားသလိုပြုံးလိုက်သည်။ သူမက ကျန်းရှန့်ကို လျစ်လျူရှုကာ အခန်းထဲသို့ဝင်သွားသည်။
ကျန်းရှန့်က နောက်မှခြေလှမ်းအနည်းငယ်လောက်လိုက်သည်။ နန်ယန်ဝမ်အိမ်တော်၏အစေခံများနှင့် ဝေးရာသို့ရောက်လာသောအခါ သူကအသံလျော့ပြီးပြောလာသည်။
“ကျွန်တော်၊ .....ကျွန်တော် သမားတော်ကို အဆုံးထိ ချည်နှောင်ချင်ပါတယ်”
သူက ချန်ရုံဆီမှပြန်ဖြေခြင်းကို အချိန်အတော်ကြာအောင် မကြားခဲ့ရသောအခါ သူကစကားတစ်ခွန်းတည်းကိုသာ ပြောလာသည်။
ကျန်းရှန့်က ဘုရားတလိုက်ပြီး မော့ကြည့်ကာ ချန်ရုံကိုကြည့်လိုက်သည်။ သို့သော် သူမက သူမနှလုံးသားကိုဆုံးရှုံးသွားပြီဖြစ်သည်။
ဤအချိန်တွင် ချန်ရုံက ကျန်းရှန့်၏ကြေညာချက်ကြောင့်ကြောင်အနေ၏။
ဤယောက်ျားသည် သူမချဉ်းကပ်ခဲ့ကာ လက်ထပ်လိုခဲ့သူဖြစ်သည်။
မမျှော်လင့်စွာဘဲ တစ်နှစ်အတွင်းတွင် သူကနောက်တွင်ရပ်နေရကာ အလွန်နိမ့်ကျသောကြောင့် သူ၏အမျိုးသမီးပေါ်တွင်သာ မှီခိုရပေမည်။
....နန်ယန်ဝမ်၏ အန္တာရယ်များပုံပေါ်သည့် ဤဘက်တော်သည့် အခုချိန်တွင် လောကကြီး၏အမြင်ကိုလျစ်လျူရှုကာ သူမကို သူကိုယ်တိုင်ချဉ်းကပ်လာခဲ့သည်။ သူ၏အသွင်အပြင်က မှန်ကာ ဂုဏ်သတင်းကဖြောင့်မတ်နေသည်။အကယ်၍ သူမက လောကတွင်နာမည်အကြီးဆုံးဖြစ်နေလျှင်တောင်မှ သူကဲ့သို့နိမ့်ကျသူက အမြင့်ကိုတက်ကာ အလိုရှိသမျှ လုပ်ချင်မိသည်။
အရင်တုန်းက သူမဤယောက်ျားကိုလက်ထပ်ချင်ခဲ့သည်။ ကံကောင်းစွာဖြင့် သူကအလိုမရှိခဲ့ပေ။ သူမ ထိုအရာကိုမယုံကြည်နိုင်သေးပေ။ အကယ်၍သူမသာ သူ့ကိုလက်ထပ်လိုက်ပါက သူ့ကိုမှီပြီးအမြင့်ကိုတွယ်တက်နေချင်နေသည်ဟု ထင်သွားမလား။ ထို့အပြင် ဤယောက်ျားက ချန်စန်းလန်နှင့် ဆက်ဆံရေးကောင်းရှိသည်။ 'တူရာတူရာစု'ဆိုသည့် စကားတောင်ရှိခဲ့ပေသည်။ ကြက်ဘဲတစ်အုပ်စုက လည်ဆန့်နိုင်မယ်လို့ သူမ ဘယ်လိုများတွေးခဲ့မိတာလဲ။
လောကကြီးတွင် ဂုဏ်သတင်းနှင့် ကံတရားကိုဂရုမစိုက်သောသူများသည် လောကအားမထုတ်ဖော်ပြသလို၊ နဂါးဆီတွယ်တက်ကာ ဇာမဏီကိုချည်နှောင်တာမျိုးကိုလည်း မလုပ်ကြပေ။ ဇနီးဖြစ်သူ၏မိသားစုကိုလည်း လက်ဆောင်*အဖြစ်မမှတ်ယူကြသည်ကို နာမည်ကြီးများတွင်သာ တွေ့နိုင်သည်။
(Tn:နဂါးဖမ်း၊ဇာမဏီဖမ်းတယ်ဆိုတာက ချူစားကပ်စားပြီး အမြင့်တက်တာကိုပြောချင်တာပါ၊
ဇနီးမိသားစုကို လက်ဆောင်အဖြစ်မှတ်တယ်ဆိုတာက ဇနီးသည်ဘက်ကမိသားစုအင်အားကိုမှီခိုတာပါ)
သူမက လူကြီးလူကောင်းကိုလက်ထပ်ပြီး ကောင်းမွန်သောဘဝတွင်သာ နေထိုင်လို၏။ သူမပြန်လည်မွေးဖွားလာကတည်းက ဤအရာသည်သာ သူမ၏ဦးတည်ချက်ဖြစ်သည်။
အခုချိန်တွင် ဤအိပ်မက်ကပြိုကွဲသွားပြီဖြစ်သည်။
လောကတွင် ဂုဏ်ယူရသောလူကောင်းတစ်ယောက်ရှိပါက အကယ်၍သူကအေးစက်နေလျှင်တောင် သူက သူ၏ရည်မှန်းချက်ကိုလက်လျှော့မည်မဟုတ်သည်ကို သူမသိသေးသည်။
သို့သော်ငြား သူမက မိန်းကလေးတစ်ယောက်သာဖြစ်သည်။ သူမက ဘယ်လိုလုပ်ပြီးထိုကဲ့သို့လူတစ်ယောက်ဖြစ်နိုင်မှာလဲ။
အကယ်၍သာ ဝမ်ဟုန်ကဲ့သို့လူမရှိလာပါက ဖြစ်နိုင်သည်မှာ သူမနောက်တွင်ရှိနေသောဤယောက်ျားကိုလက်ထပ်မိပေလိမ့်မည်။
ထိုအကြောင်းကိုတွေးမိသောအခါ ချန်ရုံက တစ်ကိုယ်လုံးအေးစက်လာသလို ခံစားမိလာသည်။
သူမအချိန်တော်ကြာ အလိုရှိနေခဲ့သော အိပ်မက်မှာ ဘဝကြောင့်ထုချေခံလိုက်ရသည်မှာ တကယ်ကိုသက်တောင့်သက်သာမရှိပေ။
ကျန်းရှန့်ကစောင့်ပြီးရင်း စောင့်နေကာ ရှက်ရွံ့လာသည်။ သူကတစ်ခါတစ်လေတွင်ခါးသီးစွာပြုံးကာ တစ်ခါတစ်လေတွင် ချန်ရုံအားကြည့်နေတတ်သည်။
ကျန်းရှန့်က သူမကိုတိတ်ဆိတ်စွာကြည့်နေပြီး နောက်ဆုံးတွင်မနေနိုင်ဘဲခေါ်လာသည်။
“သမားတော် ၊သမားတော်”
သူ လေးကြိမ်တိတိခေါ်လိုက်မှ ချန်ရုံက သတိပြန်ဝင်လာသည်။
သူမက မျက်တောင်ခတ်ကာ ပြန်မလှည့်ဘဲ ပြောလိုက်သည်။ သူမအသံက အနည်းငယ်အေးစက်ကာ ထူးဆန်းနေ၏။
“ပြန်တော့”
"ဘာကို"
ကျန်းရှန့်၏ရှေ့နောက်မညီမှုကိုတွေ့သောအခါ ချန်ရုံကတီးတိုးဆိုလာသည်။
“သွားတော့ ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒါကိုအခြားသူတွေသိမှမဟုတ်ဘူး၊ အရင်တိုင်းဘဲ ဆက်နေလို့ရတယ်”
ကျန်းရှန့်က အစတွင်ငြိမ်သက်နေသော်လည်း ချန်ရုံ သူ့အတွက်တွေးထားပေးသည်ကို ကြားသောအခါ မသက်မသာဖြစ်လာသည်။ သူကပြောလိုက်သည် ။
“သမားတော်က ကြင်နာလွန်းပါတယ်”
ခနရပ်ပြီးနောက် သူကအံကြိတ်ကာ ဆက်ပြောသည်။
“ဒီနိမ့်ကျတဲ့သူက အလိုရှိ.....”
ဒီတစ်ကြိမ်တွင် သူကသစ္စာရှိသည်ကို ထုတ်ပြချင်နေသလိုပင် သူ့အသံက ကျယ်လောင်နေသည်။
သူပြောပြီးသည်ကို စောင့်ကာ ချန်ရုံက အေးစက်စွာအော်ပြောလိုက်သည်။
“ပြန်သွားတော့”
သူမအသံက သူ့ကိုဖြတ်ပြောလာသည်။
ကျန်းရှန့်နှင့် အစေခံများက တိတ်ဆိတ်သွားချိန်တွင် ချန်ရုံကပြန်သွားရန်လုပ်လိုက်သည်။ သူမကမေးကိုမော့ကာ ဖြူဖျော့နေသောမျက်နှာနှင့် ကျန်းရှန့်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက်ဝတ်ရုံစကိုမကာ ထွက်သွားလိုက်သည်။
ကျန်းရှန့်က ထိုအတိုင်းခနရပ်နေပြီးနောက်တွင် ခေါင်းငိုက်ကျသွားသည်။
ကျန်းရှန့်နှင့် အခြားသူများက ထွက်သွားချိန်တွင် အပြင်ဘက်မှဝမ်ဟုန်၏အသံထွက်လာသည်။
“လာကြ”
ချန်ရုံက ပြိုကျလုမတတ်ပင်။
ထိုအရာက သူမ၏ပိုင်ဆိုင်မှုဖြစ်သည်။
ချန်ရုံက လဲပြိုနေရာမှ ထရပ်လိုက်ရာ ဒဏ်ရာရနေသောသူများတောင် အလျင်အမြန်ထွက်ရန် မေ့သွားကြသည်။
တံခါးဆီသို့အမြန်သွားကာ ချန်ရုံကတံခါးဘောင်ကိုအားယူပြီး ဝမ်ဟုန်ကိုသတိဖြင့်စိုက်ကြည့်လိုက်သည်။
ဤအစေခံများက အမှန်ကိုပစ္စည်းများကိုသယ်ပြီး သူမအခန်းထဲသို့ ထိုးသွင်းနေကြသည်။
ဝမ်ဟုန်က သစ်သားသေတ္တာများကို တစ်ချက်ကြည့်ကာ ချန်ရုံကိုလှည့်ကြည့်လာသည်။
သူက အခုလေးတင် သတိကြီးစွာကြည့်နေသည့်အကြည့်များကို ပြန်ရုတ်သိမ်းသွားသောချန်ရုံကို မျက်နှာချင်းဆိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူနားလည်သွားသည်။သူ၏ပုံရိပ်က သူမကိုဖုံးကွယ်လာသည်အထိ သူကအနားတိုးလာ၏။ ထို့နောက် အလွန်ညင်သာစွာ သက်ပြင်းချလိုက်သည်။
“အချစ်က ကိုယ့်ကိုခုခံနေတာလား”
ချန်ရုံက ချက်ချင်းပင်ခေါင်းမော့ကာ ပြုံးပြလိုက်သည်။ သူမအနေဖြင့် ထိုအရာကိုငြင်းဆန်ရလိမ့်မည်။
သို့သော်ငြား သူ၏ကြည်လင်ရှင်းလင်းနေသောမျက်လုံးများကြောင့် သူမကြောင်သွားသည်။
သူမ၏အကြည့်တွင် ဝမ်ဟုန်ကပြုံးကာ လှည့်ထွက်သွားသည်။
သူ၏ဝတ်ရုံဖြူနှင့် ခန့်ညားသောနောက်ကျောကိုကြည့်ကာ ချန်ရုံ၏နှုတ်ခမ်းများလှုပ်လာသည်။ အဆုံးတွင် သူမကဘာမှမပြောလိုက်ပေ။
တစ်ညအိပ်ပြီးနောက်တွင် ဝမ်ဟုန်အပေါ်ချန်ရုံ၏တောင်းပန်စိတ်က လွင့်မျောသွားသည်။ ဤယောက်ျားက သူကိုယ်ပိုင်ကန့်သတ်ချက်ကိုထိကာ ခြိမ်းခြောက်ပြီးပြန်ပေးဆွဲနိုင်ရန် ဘာမဆိုလုပ်ခဲ့သည်။ အဲ့ဒါက သူကဘဲ မှားယွင်းသလိုလုပ်တာကနေ တားဆီးပေးလိုက်လား၊ အချိန်အကြာကြီးတိုင်အောင် သူ့ကိုယ်သူသာ အဆင်မပြေဖြစ်အောင် ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။
ကိုယ်လက်သန့်စင်ပြီးနောက် ချန်ရုံကခြံထဲရှိ ဝမ်ဟုန်၏လူများကိုခေါ်လိုက်သည်။
“အခုချိန်မှာ မောယန်ရဲ့အခြေအနေကဘယ်လိုလဲ”
သူမက ရုတ်တရက်ကြီး မောယန်အကြောင်းပြောလာလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ပေ။ ခနကြာပြီးမှကျမ်းပြုစုသူက ရှေ့တိုးကာ ပြန်ဖြေလာသည်။
“အားလုံးက ပုံမှန်အတိုင်းပါဘဲ၊ ဟူလူမျိုးက အနားယူသွားပြီဆိုတော့ မြို့ထဲမှာလူနည်းနည်းဘဲရှိတော့တယ်”
ချန်ရုံကခေါင်းညိတ်လိုက်သည်။ သူမက ကျမ်းပြုစုသူကို ယဉ်ကျေးစွာပြောလိုက်သည်။
“ညီလာခံက လွှတ်လိုက်တဲ့ မြို့အရှင်က လမ်းမှာရောက်နေပြီလို့ကြားတယ်”
သူမ ဤအရာကိုပြောသောအခါ လူတိုင်းက တစ်ချိန်တည်းတွင် သူမကိုစိုက်ကြည့်လာကြသည်။
ချန်ရုံက သူမဘာပြောလိုက်သည်ကို သတိထားမိပုံမရပေ။ သူမကဆက်ပြောလိုက်သည်။
“ပြည်သူတွေကို ငွေကြေးတွေယူပြီး မြို့အရှင်ကို သွားတွေ့ဖို့လည်း ကျွန်မပြောခဲ့ပြီးပြီ၊ ပြီးရင် ချီလန်နဲ့ကျွန်မက မောယန်မြို့မှာ မြေဝယ်ဖို့စီစဉ်ထားတယ်”
သူမက အခုလေးတင်အစေခံများသယ်လာသည့် ငွေသေတ္တာအလုံးသုံးရာကိုညွှန်ပြလိုက်သည်။ ဤအလုံးသုံးရာမှ တစ်ဝက်လောက်သည် နန်ယန်ဝမ်တစ်ယောက် မနေ့ညတွင်ပို့လာခြင်းဖြစ်သည်။
ကျမ်းပြုစုသူက ပြန်မဖြေဘဲ ခေါင်းလှည့်ကာ တံခါးတွင်ရပ်နေသော လန်ကျွင်းအားကြည့်လိုက်သည်။
(Tn:လန်ကျွင်းက ဝမ်ဟုန်ပါဘဲ၊ အရှင်သခင်လို့ခေါ်တာပါ)
ဝမ်ဟုန်ကပြုံးကာ ချန်ရုံကိုကြည့်နေလိုက်သည်။ သူ၏ကြည်လင်သောမျက်လုံးများတွင် ချန်ရုံ၏အပြုံးကိုမြင်နေရသည်။
သူက သူမကိုထပ်မတွေ့နိုင်တော့သည်ကို သူမသိသည်။ သို့သော်က ထိုအရာကကောင်းပေသည်။ ပြောင်းလဲမှုအားလုံးကိုချုပ်ကိုင်ရသည်ကို နေသားကျနေသော ယောက်ျားတစ်ယောက်အတွက် လူမသိသူမသိေနရန်ဆိုသည်မှာ အမြဲစိတ်ဝင်စားစရာကောင်းပေသည်။
ထို့ပြင် အချစ်တွင်ကျဆုံးနေသော သူမကို သူဖောက်မြင်နိုင်ရန်လိုအပ်သည်။