ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (22)
ဆက်ပြီး တက်ရမယ်
ဝူရှဲလည်း လောင်းယန်ရဲ့ အမူအရာက တစ်ခုခု မှားယွင်းနေတာကို မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ထူးထူးခြားခြား သံသယတစ်ခု ပေါ်လာတာကြောင့် သူ့နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်သည်။ လောင်းယန်ခမျာ ဝူရှဲကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်ကာ တုန်တုန်ယင်ယင်နဲ့ ရပ်နေ၏။
သူတို့နှစ်ယောက်လုံး ပြေးသွားပြီး အခုနက ဘာဖြစ်တာလဲလို့ မေးလိုက်သည်။
လောင်းယန်က သစ်ပင်ကို ကြည့်ပြီး သူတို့ဘက်ကိုလည်း သံသယစိတ်ဖြင့် ကြည့်လိုက်ကာ
“မသိဘူး...တကယ် ထူးဆန်းတယ်... ဒီသစ်ပင်ကို အခုနတုန်းက မြင်လိုက်တာနဲ့ ရူးသွားသလိုပဲ... ရုတ်တရက်ကြီး အဲ့သစ်ပင်ပေါ်ကို တက်ချင်သလို ဖြစ်သွားတယ်"
တက်ချင်တယ်? ဝူရှဲ လောင်းယန်ကို မယုံသင်္ကာနဲ့ ကြည့်လိုက်သည်။ ထို့နောက် သစ်ပင်ကို မော့ကြည့်ပြီး ကိုယ့်ကိုကိုယ် တွေးကြည့်မိတာက မင်းက မျောက်မဟုတ်ဘူး ကြည့်လိုက်ရုံနဲ့ ဘာလို့ သစ်ပင်ပေါ် ချင်တက်ရတာလဲလို့ပင်။ သို့သော် သူမေးမိတော့
“မင်း ဒီဟာကြီးဆီက အငွေ့အသက်တွေ ကူးစက်ခံနေရတာလား? ရှည်တဲ့ဟာကို မြင်တာနဲ့ တက်ချင်သွားအောင်လေ!"
လောင်းယန်က ခေါင်းခါလိုက်ပြီး
"ငါလည်း မသိဘူး"
ဆရာလျောင်က ကြေးနီပင်ကို ကြည့်ပြီး ပြောလာခဲ့သည်။
"ဒီကြီးက အရမ်းကြီးတော့ နည်းနည်းတော့ ဆိုးလိမ့်မယ်... ငါတို့ ကြည့်တဲ့အခါ သတိထားပြီး မထိမိအောင် ကြိုးစားကြတာပေါ့"
လောင်းယန်လည်း ခေါင်းညိတ် သဘောတူပြီး မီးတုတ်ကို မြှောက်ကာ ကြေးနီပင်ကြီး၏ အမြစ်ဆီသို့ လျှောက်သွားကြသည်။
ကြေးသစ်ပင်များသည် အလွန်ရှားပါးသော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည်။ သူ့မှတ်ဉာဏ်တွင် စန်းရှင်သွေး၌ တူးဖော်တွေ့ရှိသည့် အရာမှ တခြားဘယ်နေရာတွင်မှ မတွေ့ရတော့ပေ။ ထိုအကြောင်းကို မှတ်တမ်းရုပ်ရှင်များမှ အနည်းငယ် လေ့လာသိရှိခဲ့ရသည်။ ရှေးဟောင်း သုတေသန အသိုင်းအဝိုင်းက ယင်းအကြောင်းရင်းနှင့် ပတ်သက်၍ အပြီးသတ် ကောက်ချက် မချနိုင်သေးဘဲ အထင်အမြင်များစွာသာ ရှိနေခဲ့သည်။
အနီးကပ် ကြည့်လိုက်လျှင် ကြေးနီပင်၏ မျက်နှာပြင်သည် ချောမွေ့ခြင်း မရှိသည့်အပြင် ကြေးနီနတ်ဘုရားကို ကိုယ်စားပြုသည့် မြွေအမွှာပုံများဖြင့် ဖုံးအုပ်ထားတာကို တွေ့နိုင်သည်။
ဆရာလျောင်က အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလာ၏။
"ဒီလိုကြီးတဲ့ဟာကြီးက ယဇ်ပူဖော်တဲ့ အိုးတောင်ဖြစ်ကောင်း ဖြစ်နိုင်တယ်... ရှန့်နဲ့ ကျိုးမင်းဆက် ဝန်းကျင်လောက်ကပဲ ဖြစ်မယ် ယဇ်ပူဇော်တဲ့ ထုံးတမ်းစဉ်လာတွေမှာ သူ့ရဲ့ သီးသန့် အသုံးပြုမှုက အရမ်းရှေးကျတော့ ငါ့ရဲ့ဗဟုသုတထက် သာလွန်ပြီကွာ..."
ဒါက သူတို့ဒီကို မရောက်မီက အဘိုးအိုပြောခဲ့တဲ့ စကားနဲ့ အလွန်နီးစပ်သော်လည်း ရှန့်နဲ့ ကျိုးမင်းဆက်များ အနီးတွင် ရှန့်မင်းဆက်သည် လွန်ခဲ့သောနှစ်ပေါင်း 600 ကျော်က ဖြစ်ပြီး ကျိုးမင်းဆက်က လွန်ခဲ့သော ၅၂၂ နှစ်ခန့်က ဖြစ်သည်။ ဒါလွန်ခဲ့တဲ့အနှစ် 1,100 ကျော်က ကိစ္စဖြစ်နေပြီ။ နောက်ထပ် နှစ်400ကို ပေါင်းထည့်လိုက်လျှင် နှစ်ပေါင်းတစ်ရာကျော်ကြာ မှတ်တမ်းတင်ထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်း တစ်ခုလုံး၏ ထက်ဝက်နီးပါးကို တွက်ချက်ထားသည့် ဤစီရင်ချက်သည် ဘာမှမပြောရလောက်အောင်ပင် ဖြစ်နေ၏။
ဝူရှဲလည်း သူ့ကို ပိုတိတိကျကျ သိနိုင်မလား? ရှန့်နဲ့ ကျိုး ဘယ်မင်းဆက်တွေက ဘယ်ခေတ်ကလဲ ဆိုတာ ပြောပြနိုင်မလားလို့ မေးလိုက်သည်။
ဆရာလျောင်လည်း သူ့လက်ကို ဖြန့်ပြီး သူဘာမှ လုပ်နိုင်တာ မရှိတော့ဘူးလို့ ပြောလေသည်။
"ဒါကြီးက သာမန်မျက်စိနဲ့ မမြင်နိုင်တာမလို့ ငါ မင်းအတွက်ပဲ ခန့်မှန်းကြည့်လို့ပဲ ရတယ်... သံချေးအရောင်က အမည်းရောင် ပြောင်းနေပြီ အဲဒါက သံဖြူကြေးတွေ ဖြစ်နိုင်တယ်... ခဲသွပ်ကြေးနဲ့ ခဲကြေးဝါတွေကို ကြည့်လိုက် ဒါက အနောက် ကျိုးမင်းဆက်က ဖြစ်နိုင်တယ် ... ဖြစ်နိုင်ခြေမှာ အမြင့်ဆုံး ဖြစ်နိုင်ချေ 50%ပဲ ကျန်တဲ့ 50% ကိုတော့ ငါလည်း မပြောပြနိုင်ဘူး.... ငါတို့ လုပ်ငန်းရဲ့ စည်းမျဉ်းတွေအကြောင်း မင်းလည်း သိပါတယ်... ငါဒီလောက် သိတာကတင် တော်တော်လေး ကောင်းနေပြီ... အသေးစိတ် အချက်အလက်တွေကို ကြည့်လိုက်ရင် ကျပန်း မှန်းဆလို့တော့ ရပါတယ်"
ရှေးဟောင်းပစ္စည်းလုပ်ခြင်း လုပ်ငန်းတွင် မင်းဆက်များကြားတွင် ပိုင်းခြားထားသော မျဥ်းများစွာ ရှိပါသည်။ စုန့် မင်းဆက် နောက်ပိုင်းတွင် ရှေးဟောင်းပစ္စည်း အများအပြားကို ထုတ်လုပ်လာခဲ့သည်။ ထန်မင်းဆက် မတိုင်မီကဆို ရှေးဟောင်းပစ္စည်း အနည်းငယ်သာ ရှိပြီး စုန့်နဲ့ ကျိုး မင်းဆက်များတွင် လုံးဝနီးပါး မရှိခဲ့ပေ။ ဒီလိုမျိုးအကြောင်းကို သူကသိပ်မသိတာကြောင့် ဆရာလျောင်က သူ့ထက် အများကြီးသာတယ်လို့ ဆိုရမည်။
သူပြောတာတွေ အများကြီး ကြားခဲ့ရပေမယ့် ဝူရှဲ သေချာ နားမလည်သေးပေ။ ဒါကြောင့် ဝူရှဲ ဆက်မေးလိုက်သည်။
"အနောက် ကျိုးမင်းဆက်ကို အခြေခံပြီး ခင်ဗျား အကဲဖြတ်ကြည့်လို့ ရလား? အနောက် ကျိုးမင်းဆက်ရဲ့ ကြေးလက်မှုပညာ သီအိုရီအရဆို ဒီလိုအရာကြီးကို ထုတ်လုပ်နိုင်လောက်လား?"
ဆရာကြီးလျောင်က
"ဒီမေးခွန်းကို ငါလည်း မဖြေနိုင်ဘူး... အဲဒီတုန်းက ကြေးထည်တွေကို ထောင်ဖန့် (မြေအိုးပုံစံခွက်) နဲ့ လုပ်ရတယ် ဆိုတာလောက်ပဲ ငါသိထားတယ်... ထောင်ဖန့်တစ်ခုကို လုပ်နိုင်သရွေ့ အချောထည်တွေကို ထုလုပ်လို့ရတယ် ဒါပေမဲ့ အဲဒီပစ္စည်းတွေက အရမ်းကြီးပြီး ရိုးရာလက်မှုပညာကို အသုံးပြုပြီး ဖန်တီးလို့ မရမှာကိုတော့ စိုးရိမ်ရတယ်”
လောင်းယန်က “ဆရာကြီး... ဒီဟာက သမိုင်းမတင်မီက ယဉ်ကျေးမှုရဲ့ အမွေအနှစ်လို့ ထင်လား? ကျုပ် သတင်းစာထဲမှာ တွေ့ဖူးပါတယ်... လွန်ခဲ့တဲ့ နှစ်သန်းပေါင်းရာနဲ့ချီတဲ့ ကျောက်မီးသွေးတွင်းတချို့ကနေ သံချောင်းတွေ တူးထုတ်လာကြတယ်တဲ့... အဲဒါတွေကို အကြီးကြီးတွေ... အဲဒီတုန်းက 'လူတွေ' က အဲ့လောက် အကြီးကြီးတွေကိုတော့ မလုပ်နိုင်ဘူးမလား?"
ထိုအခါ ဆရာလျောင်က ခေါင်းယမ်းရင်း ဆိုလာ၏။
“ဆရာကြီးတို့ နှစ်ယောက် အထင်မသေးကြပါနဲ့.... ဘီစီ ၁၀၀၀ ကနေ အေဒီ ပထမနှစ်အထိ ကာလကို သမိုင်းရဲ့ အံ့ဖွယ်ခေတ်လို့ ခေါ်တယ်... အဲဒီတုန်းက မဖြစ်နိုင်တဲ့အရာတွေ အများအပြားကို ရှေးလူကြီးတွေက တည်ဆောက်ခဲ့တာ....မဟာတံတိုင်း၊ ပိရမစ်၊ ချင်ရှစ်ဟွမ်ရဲ့ ဂူဗိမာန်၊ ပါပီမျှော်စင်... မင်းတို့ပြောကြည့် ဒီကြေးသစ်ပင်ကို သူတို့ မသွန်းနိုင်ဘူးလို့ ပြောရမယ်ဆိုရင်တော့ ပြောရခက်တယ် မဟုတ်ဘူးလား? ပြောရရင်တော့ ငါတို့ ဘိုးဘွားစဉ်ဆက်က အဲဒီတုန်းကတောင် ကြေးဝါကို သွန်းလုပ်နိုင်နေပြီ... ဧကရာဇ်က အမိန့်ပေးရင် အောက်ခြေက လူတွေ နာကျင်ခံစားရင်း လုပ်ကြရမှာပဲ ဒါကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်လို့မရဘူးဆိုတာ မဖြစ်နိုင်ဘူးလေ”
[ဘာသာပြန် - ပါပီမျှော်စင်က အသွေး အသံထွက် ယူထားပါတယ်။ အဲဒီမျှော်စင်က ခရစ်ယာန်ကျမ်းစာထဲမှာပါတဲ့ ကောင်းကင်ကို ထိတဲ့အထိ မြင့်တဲ့မျှော်စင်ပါ။ ဘာသာစကားတွေ ကွဲပြားသွားခဲ့ရတဲ့ အကြောင်းအရင်းလို့လည်း ဆိုပါတယ်။]
ဆရာလျောင် ပြောတာက အဓိပ္ပာယ်ရှိပေမယ့် သတ္တုဗေဒလုပ်ငန်းက အဲဒီတုန်းက နည်းတယ်မဟုတ်လား။ သုံးလို့ရတဲ့ ကြေးတွေရော အများကြီးရှိလို့လား။ ဧကရာဇ်ချင်ရှစ် (ချင်ရှစ်ဟွမ်)က ကမ္ဘာပေါ်က စစ်သည်တွေ အားလုံးကို စုရုံးပြီးမှသာ ရွှေရုပ်တု တစ်ဆယ့်နှစ်ရုပ်ကို သွန်းလုပ်နိုင်ခဲ့သည်။ ဒီအပင်က ရာနှင့်ချီသော ကြေးဝါများကို သုံးရမယ်ဆိုလျှင် ဒီလောက်များတဲ့ ကြေးထည်တွေကို ဘယ်ရတာလဲ။
ဝူရှဲ ဒီအကြောင်းကို ထပ်ခါတလဲလဲ တွေးနေပေမယ့် အကြောင်းပြချက်ကို မတွေးနိုင်ဘဲ တခြားအရာတစ်ခုကိုသာ သတိရသွားသည်။ သူဌေးလီ ခေါ် လီဖီးဖာရဲ့ စကားဝိုင်းကို ခိုးနားထောင်ကြည့်ခဲ့တဲ့ အခါတုန်းက ဒီရှေးဟောင်း ဂူသင်္ချိုင်းထဲက အရာတွေဟာ ဧကရာဇ်ချင်ရှစ် (ချင်ရှစ်ဟွမ်) ဂူဗိမာန်ထက် ပိုကောင်းတယ်လို့ ပြောနေတာကို ကြားလိုက်ရသေးသည်။ ဒါပေမဲ့ သူတို့ထွက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း ဘာပစ္စည်းကောင်းမှ မမြင်ခဲ့ပါဘူး။ ဒီလမ်းရဲ့အဆုံးကို ရောက်မှသာ ကောင်းတဲ့ အရာဆိုလို့ ဒီကြေးနီသာ ရှိသည်။ သို့သော် ဒါကြီးကိုက ဘယ်လို သယ်သွားရမှာလဲ။
ဒီသစ်ပင်က ဂူဖောက်တဲ့ အမှိုက်ကောက်သူ တစ်ထောင်အတွက် တစ်သက်လုံး အလုပ်မလုပ်ဘဲ ထိုင်စားရန် လုံလောက်သော်လည်း။
"မြစ်ချောင်းတောင်တန်းများမှတ်တမ်း" မှာ သူ့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခု ရေးထားရမယ်။ သူ့လိုလူတွေ အများကြီးကို ဝူရှဲလည်း တွေ့ဖူးပြီးပြီ။ သူ့ကို ဒီလိုမျိုး ပြောနိုင်စေမယ့် အရာတစ်ခုတော့ ရှိကိုရှိရမယ်။ ဒါပေမဲ့ အဲဒါက ဘာလဲ။ ဒီမှာရှိနေတာလား။
ယုတ္တိဗေဒအရ ပြောရလျှင် ဤနေရာသည် ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုလုံး၏ ဗဟိုဖြစ်သင့်သည်။ ဒါကြောင့် အံ့ဖွယ်ကောင်းတဲ့ အရာတွေ ရှိနေမယ်ဆိုရင် သူတို့အနီးအနားမှာ ရှိသင့်သည်။ သို့သော် ဤသစ်ပင်မှလွဲ၍ လီဖီးဖာ ကဲ့သို့သောလူများ နှစ်သက်နိုင်သောအရာမျိုး မရှိနေတာတော့ သေချာလေသည်။
ခဏနေဦး...သစ်ပင်?
ဝူရှဲ တွေးနေရင်းနဲ့ ရုတ်တရက် စိတ်တွေ ထကြွလာတော့သည်။ ခေါင်းပေါ်ကို မော့ကြည့်လိုက်ရင်း စဥ်းစားမိတာက သူ့ကို စွဲဆောင်နေတဲ့အရာက ဒီကြေးနီပင်ထဲမှာ ဝှက်ထားလို့များလား ဒါမှမဟုတ် ကြေးနီပင်ပေါ်မှာလား။
ရှေးခေတ် မြွေတိုင်းပြည်၏ ဘိုးဘေးများအတွက် ဤကြေးနီပင်ကြီးသည် အလွန်ကြီးမားသော ပရောဂျက်တစ်ခု မဟုတ်ဘဲ အံ့ဖွယ်တစ်ခုဟု ဆိုနိုင်သည်။ သူတို့ဘုရင်သည် သူတို့အရမ်းနီးတယ်လို့ ထင်ထားတဲ့ နေရာမှာ သူတို့ရဲ့ သင်္ချိုင်းဂူကို ထားမည်မဟုတ်ဘူးလို့ အာမခံချက် မရှိပေ။ အကယ်၍ ဒီအုတ်ဂူသည် အမှန်ပင် ရှေးခေတ်အုတ်ဂူဖြစ်လျှင် သင်္ချိုင်းပိုင်ရှင်၏ ခေါင်းတလားသည် ကြေးဝါပင်ပေါ်တွင် ရှိနိုင်ပြီး မြင်နိုင်သော ပစ္စည်းများ အားလုံးသည်လည်း ထိုပေါ်တွင် ရှိနေနိုင်သည်။
ဝူရှဲ လောင်းယန်တို့ နှစ်ယောက်ကို သူ့စိတ်ကူးအကြောင်း ပြောလိုက်တော့ နှစ်ယောက်စလုံးက အဓိပ္ပာယ် ရှိတယ်လို့ ထင်ကြသည်။ ဝူရှဲလည်း သူတို့ကို ဒီလိုဖြစ်ရင် တက်ကြည့်ချင်လားလို့ မေးလိုက်၏။
လောင်းယန်က သေချာပေါက် သဘောတူပြီး
"ငါတို့ ဒီအထိတောင် ရောက်လာပြီးပြီ... လှေကားထစ် နည်းနည်း ထပ်တက်လိုက်တာနဲ့ ကြီးကြီးမားမား ပြဿနာတော့ မရှိလောက်ပါဘူး ....အဲဒီအပေါ်မှာ အကိုင်းအခွတွေ အများကြီးရှိတယ်...ကြည့်ရတာ လှေကားထစ်လိုပဲ အများကြီး အားစိုက်ထုတ်စရာ မလိုပါဘူး"
ဝူရှဲမှာ တက်ဖို့ အဆင်ပြေပေမယ့် ဆရာလျောင်က မီးလောင်ထားတာကြောင့် မောပန်းနေပြီ။ သူ သစ်ပင်ပေါ် ထပ်တက်ရင် သူ့အသက်ရှူနှုန်းက အလုံပိတ်သွားမှာကို ကြောက်ရသည်။ အတက်အဆင်း မလုပ်နိုင်တဲ့ နေရာရောက်ရင် မိမိတို့မှာ သူ့ကို ပြုစုစောင့်ရှောက်နေရတာနဲ့ အနားယူချိန် ရမှာ မဟုတ်ချေ။
ဝူရှဲ ခေါင်းကိုလှည့်ပြီး သူ အောက်မှာ မစောင့်ခိုင်းပြီး သူတို့နှစ်ယောက်တည်း တက်သွားလည်း အဆင်ပြေကြောင်း ပြောချင်ပေမယ့် ကြည့်လိုက်တော့ ဆရာလျောင်က သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေတာကို တွေ့လိုက် ရပြီး သူက ဝူရှဲ ပုခုံးကိုလည်း ပုတ်လိုက်သည်။
"ရပါတယ် နောက်ဆုံးတော့ ဒီနေရာတောင် ရောက်လာပြီပဲကို... တက်သွားပြီး ကြည့်ကြည့်တာပေါ့!"
သူ့မျက်လုံးထဲမှာ ခိုင်မာတဲ့ အကြည့်တွေကို မြင်လိုက်ရတော့ ဝူရှဲလည်း သူ့ကို နှစ်သိမ့်ပေးဖို့ မလိုဘူးဆိုတာ သိလိုက်ရသည်။ ဒါကြောင့် အသုံးမဝင်တဲ့ ကြိုးပမ်းမှုတွေ လုပ်စရာ မလိုတော့ရာ ဝူရှဲလည်း ကျောပိုးအိတ်ကို တင်းတင်းကျပ်ကျပ် ချည်ပြီး မီးတုတ်ကို မြှောက်လိုက်ပြီး လောင်းယန်အား ပြောလိုက်သည်။
“ဒါဆိုငါတို့ ဆက်ကြရအောင်"
လောင်းယန်က သူ့အိတ်ထဲက လက်အိတ်ကို ၀တ်ထားပြီး ကြေးနီပင်ရဲ့ အကိုင်းအခက်တွေပေါ် ပထမဆုံး တက်နင်းပြီး တက်သွားခဲ့သည်။ ဆရာလျောင်နဲ့ ဝူရှဲလည်း သူ့စံနမူနာအတိုင်း လိုက်လျှောက်ပြီး တောက်လျှောက် လိုက်လာခဲ့ကြသည်။
သစ်ပင်အပေါ်က အကိုင်းအခက်တွေက အရမ်းကြပ်သလို သိပ်မထူတာကြောင့် တောင်တက်ဖို့က တော်တော်ကို လွယ်ပါ၏။ သူတို့တက်တဲ့လာအခါ လောင်းယန်က ဘာကိုမှ မတော်တဆ မနင်းမိအောင် သတိထားဖို့ သတိပေးလာခဲ့သည်။
ကြေးသစ်ပင်တံတိုင်းကို လှမ်းကြည့်လိုက်တော့ ဝူရှဲ ပိုရှင်းရှင်းလင်းလင်း မြင်လာရသည်။ ဤတိုးချဲ့ထားသော အကိုင်းအခက်များကို ပင်စည်နှင့် တချိန်တည်းတွင် သွန်းလုပ်ခဲ့ပြီး အဆစ်များသည် အတုမရှိသလို သဲလွန်စများ မရှိပေ။ ၎င်းက ချွတ်ယွင်းချက် မရှိသလိုပင်။ ဒါပေမဲ့ ဝူရှဲကို အံ့အားသင့်စေတဲ့ အရာကတော့ ပင်စည်အပေါ်က ထွင်းထုထားတဲ့ မြွေနှစ်ကောင်ကြားက ကွာဟချက်က အရမ်းနက်နဲပြီး ကိုယ်ခန္ဓာရဲ့ အနက်ဆုံးအပိုင်းအထိ ထွင်းထားသလိုမျိုး ခံစားနေရတာပါပဲ။ သစ်စည်အပေါ်က မြွေနှစ်ကောင်ကြားက ကွာဟချက်ကို သူ မမြင်ရချေ။
သစ်ပင်ပေါ်တက်ရတဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်လွန်းတာကြောင့် ချွေးစေးတွေ ထွက်လာသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ တွင်းကိုပင် မမြင်ရတော့ပေ။ တံခါးဘေးက မီးပလ္လင်အလင်းရောင်ကို ခပ်ဖျော့ဖျော့ လှမ်းမြင်နေရသည်။ ဒီလို အမြင့်ကနေ ကြည့်လိုက်တဲ့အခါ သူတို့တက်ခဲ့တာက အောက်ခြေမရှိတဲ့ တွင်းနက်ကြီးလိုပဲ။
အချိန်အတော်ကြာအောင် တွားသွားပြီးနောက် ဆရာလျောင်လည်း မောပန်းနွမ်းနယ်လာရာ ဝူရှဲ လောင်းယန်ကို ရပ်ခိုင်းလိုက်သည်။ ထို့နောက် လောင်းယန်အား မလောဖို့ လက်ဟန်ပြကာ ဆရာလျောင်ကို အနားယူခွင့် ပေးလိုက်သည်။
ဆရာလျောင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရပြီးတာနဲ့ ငုတ်တုတ် ထိုင်ချလိုက်ပါတော့သည်။ သူ့ခမျာ မောပန်းလွန်းလို့ ချွေးတွေ အတန်းလိုက် စီးကျနေပြီ။ လက်တွေ ခြေတွေလည်း တုန်တုန်ယင်ယင် ဖြစ်နေရာ မတ်တပ်ရပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။ ဝူရှဲ လေထဲမှာ ခြေထောက်တွေကို တွဲလောင်းချရင်း သစ်ကိုင်းလေးပေါ်မှာ ထိုင်နေကာ မတည်မငြိမ် ဖြစ်နေပေမယ့် ကောင်းကောင်း အနားယူဖို့က နည်းလမ်းမရှိပေ။
သူတို့ အရမ်းစိတ်လှုပ်ရှားနေတာကို မြင်တော့ လောင်းယန်က အစာခြောက်တွေကို ကျွန်တော်တို့ပါးစပ်ထဲ ထည့်ပြီး ဝါးခိုင်းလိုက်သည်။ သူက
"မင်းတို့ ဒီအတိုင်းဆို မရတော့ဘူး ဒီမှာက မီတာရာနဲ့ချီပြီး ထက်တပ်ရဦးမှာ... ဒီအားနဲ့ဆို သစ်ပင်ပေါ်မှာပဲ တစ်ညလောက် အိပ်လိုက်ရလိမ့်မယ်... လောင်ဝူ ငါတို့ စိတ်လျှော့ဖို့ ညစ်ပတ်တဲ့ဟာသ တစ်ခုခုကို ပြောကြမလား?"
ဝူရှဲမှာ စကားတောင် မပြောချင်တော့လောက်အောင် ပင်ပန်းလွန်းလို့ လက်ကိုသာ ဝေ့ယမ်းပြလိုက်လေသည်။
"သွားစမ်းပါ မင်း မပင်ပန်းဘူးလား? မင်းရဲ့ ခြေသလုံးတွေ တုန်နေတာကိုလည်း ကြည့်စမ်းပါဦး.... ညစ်ပတ်တဲ့ဟာသတွေ ပြောချင်ရင် မင်းဘာသာ ပြော! ငါ့မှာ ခွန်အားတွေ မရှိတော့ဘူး"
လောင်းယန်က ပြောင်းဖူးဘီစကစ်ကို တစ်ကိုက် ကိုက်လိုက်ပြီး
"ငါပြောမယ် ငါ ပြောပြမယ်... ဒါပေမဲ့ မင်းငါ့ကို မေးခွန်းတစ်ခု အရင်ဖြေရမယ်... လောင်းဝူ မင်း ဒီအရာကို ငါတို့တွေ့ခဲ့တဲ့ အကြောင်း အစိုးရကိုသာ အကြောင်းကြားလိုက်ရင် ငါတို့နာမည်တွေ ကြီးလာမယ်လို့ ထင်လား?"
ဒီအကြောင်းကို ဝူရှဲ တကယ် မသိတာကြောင့် မပြောတတ်ချေ။ သူက ဆရာလျောင်ဘက်ကို လှည့်ကြည့်လိုက်တော့ ဆရာလျောင်က မောဟိုက်နေရာမှ သူ့လက်ကို ဝှေ့ယမ်းလာပြီး
"ဆရာယန်... ကျောက်ထူကန်းလို့ ခေါ်တဲ့ ခြေသုံးချောင်းထောက် အိုးအကြောင်းကို မင်းကြားဖူးလား? သမိုင်းကြောင်းအရဆို အဲဒီနိုင်ငံတော် ရတနာကို ရှာတွေ့ခဲ့တဲ့ လူတွေက လယ်သမားနဲ့ ဆောက်လုပ်ရေးလုပ်သားတွေ... သူတို့နာမည်တွေ နာမည်ကြီးလာမယ် ဆိုရင်ကို စိတ်ဝင်စားဖို့ ကောင်းနေပြီလေ... ငါတို့လို အလုပ်သမားတွေကို ခွဲခြားဆက်ဆံဖို့လို့ မဆိုလိုပေမယ့် တရုတ်နာမည်ရှည်တွေက မတူဘူးလေ.... နိုင်ငံခြားသားတွေကတောင် တော်တော်လေး သွေးအေးတယ် မဟုတ်လား? ငါတို့နာမည်ကို ထည့်ကြေညာမယ်ထင်လား?"
လောင်းယန်က ခဏလောက် စဉ်းစားပြီး အဓိပ္ပာယ်ရှိတယ်ဆိုပြီး ထပ်မေးပြန်သည်။
“ဒါဆို နာမည်ပေးပိုင်ခွင့်တော့ ရှိတယ်လေ ဟုတ်တယ်မလား? ကျွန်းတစ်ကျွန်းကို ရှာတွေ့တဲ့သူကို ပထမဆုံး ရှာဖွေသူလို့ နာမည်ပေးကြတယ်မလား?”
ဆရာလျောင်က "ဒီလို စည်းကမ်းမျိုး ရှိပုံရတယ်.... ဒါပေမဲ့ ငါတကယ် မလေ့လာဖူးဘူး"
သို့နှင့် ဝူရှဲလည်း လောင်းယန်ကို ပြောလိုက်သည်။
"ဒါဆိုဘာလို့ ဒီလိုမေးနေသေးတုန်း? မင်းပိုက်ဆံမလောက်သေးဘူး ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေ လိုချင်တုန်းပဲလေ! လူတစ်ယောက်က သူ့မှာ လုပ်စရာမရှိရင် ဒီလိုနေရာမျိုး ရှာတွေ့နိုင်မယ်လို့များ မင်းစဥ်းစားနေတာလား? မင်းဘာလုပ်နေတယ် ဆိုတာကျ မရှင်းသေးဘဲနဲ့"
လောင်းယန်က “ဒီအချက်က တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်လို့ပါ.... ဒီလိုကြေးနီတိုင်ကြီးရဲ့ နာမည် ဘယ်လိုပေးမလဲ ဆိုတာကို မင်းတို့လည်း စဉ်းစားသင့်တယ်နော်... ဒီအကြောင်းကို နောက်နောင် ကြွားလုံးထုတ်တဲ့အခါ တူညီတဲ့ လုပ်ရည်ကိုင်ရည်ရှိဖို့ လိုတယ်လေ...."
ဝူရှဲကတော့ ဒီအချိန်မှာ ဒီလိုပျင်းစရာကောင်းတဲ့ အတွေးတွေကို မတွေးချင်ပါဘူး။ ဒါကြောင့်
"မင်းက ပထမဆုံး တွေ့တဲ့သူလို့ပဲ ထားပါတော့... မင်းပဲ သိမ်းလိုက် ငါမင်းလို စိတ်မဝင်စားဘူး"
လောင်းယန်က သစ်ပင်ကြီးကို ကြည့်ပြီး
"ဒါကို မြင်လိုက်တာနဲ့ ငါ့စိတ်ထဲမှာ စကားလုံးတစ်လုံး ပေါ်လာတယ်...မင်းကြည့် ဒီတိုင်ကို 'ငါထင်းတစ်ချောင်း ချစ်တယ်' လို့ ခေါ်လိုက်မယ်... ဘယ်လိုလဲ?"
ထိုအခါ ဝူရှဲလည်း ဒေါသတကြီးနဲ့ ပြန်ပြောလိုက်သည်။
"မင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ရုပ်ရှင်တွေ အများကြီး ကြည့်နေတယ်မလား? မင်းက ထင်းတစ်ချောင်းကို ချစ်တယ်ပေါ့? ဒီနာမည်နဲ့သာ မင်းအပြင်ထွက်သွားရင် လျှပ်စီးလက်ပြီး မိုးကြိုးပစ်ချနိုင်တယ် ဆိုတာ မင်းယုံလား?"
လောင်းယန်က ချက်ချင်း ပြုံးလိုက်ပြီး ဆရာလျောင်လည်း ဝမ်းသာအားရဖြင့် ခေါင်းခါလိုက်သည်။ ဒီလိုပြုံးနေရတဲ့ အချိန်မှာတော့ လူတိုင်းဟာ စိတ်အေးလက်အေး ဖြစ်သွားကြသည်။
သူတို့စားပြီးတာနဲ့ ခွန်အားတွေ ပြန်ရလာရာ လောင်းယန်က သူတို့ကို ဆက်လျှောက်ဖို့ တွန်းအားပေးလာတော့သည်။ ဝူရှဲ ခြေထောက်ကို မြှောက်ပြီး ထွက်ခွာခါနီးမှာ အောက်ခြေမှာ တစ်ခုခုမှားနေတာကို ရုတ်တရက် တွေ့လိုက်ရသည်။ တံခါးဘေးက မီးဖိုက ဘယ်လိုဖြစ်ပြီး ငြိမ်းသွားတာလဲ။
လောင်းယန်ကလည်း မျက်မှောင်ကြုတ်ပြီး
"လေတိုက်လို့ ငြိမ်းသွားတာများ ဖြစ်နိုင်လား?"
ဝူရှဲ ခေါင်းယမ်းပြီး ဆက်မပြောတော့ပေ။ ဒီမီးဖိုကြီးထဲက မီးဟာ သူအရင်က လုပ်ဖူးတာထက် အဆပေါင်းများစွာ ပိုကျွမ်းကျင်စွာ ဖိုခဲ့တာပင်။ လေကြောင့်တော့ မငြိမ်းနိုင်ဘူး။ အောက်ဖက်မှာ တစ်ခုခု ဖြစ်သွားတာများလား။
သူစဉ်းစားနေစဉ်မှာပင် ရုတ်တရက် ကြေးနီပင်ကြီး တစ်ခုလုံးကို တစ်စုံတစ်ခု ဝင်တိုက်မိသွားသလို လှုပ်ခါသွားလေသည်။ ဆရာလျောင်ခမျာ အေးစက်တဲ့လေကို မှုတ်ထုတ်လိုက်ပြီး ဘာဖြစ်သွားတာလဲလို့ ခပ်မြန်မြန်လေး မေးလာခဲ့သည်။
လောင်းယန်သည် သူတို့အား တိတ်တိတ်ဆိတ်ဆိတ် နေရန် အမူအရာလုပ်ပြကာ တံပိုးပုံသဏ္ဌာန် လက်ကို ပြုလုပ်၍ ကြေးနီနံရံပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် သူ့မျက်နှာပ သိသိသာသာ ပြောင်းလဲသွားကာ သူတို့အား တိုးတိုးလေး ပြောလာ၏။
"သေစမ်း! တစ်ခုခု ဒီပေါ်ကို တက်လာတာထင်တယ်!"
[ဘာသာပြန် - အရေးအသား အားနည်းချက်တွေ အရမ်းများနေမှန်း သိပါတယ်။ တရုတ်စာကလည်း လေ့လာနေတုန်းဖြစ်လို့ အမှားတွေပါခဲ့ရင် ခွင့်လွှတ်သည်းခံပေးကြဖို့ တောင်းဆိုပါတယ်နော်]