(39)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (39)

ကျူကျိုယင်း



လျှာရှည်ကြီးက သူ့နှာတံမှာ ကပ်နေပြီး မျက်လုံးတွေက တွန့်လိမ်နေတဲ့ အကြေးခွံတွေနဲ့ ပြည့်နေ၏။ ဒီထိတ်လန့်မှုကို တခြားသူတွေသိအောင် ဘယ်လို ဖော်ပြရမှန်းပင် မသိတော့ပေ။ ရုတ်တရက် နှလုံးခုန်ရပ်သွားသလို တစ်ကိုယ်လုံးက ကျောက်တုံးလို တောင့်တင်းသွားသည်။ 


ဒီစိတ်စွမ်းရည်ရဲ့ ကြီးမားလှတဲ့ စွမ်းအားကို ပထမဆုံးအကြိမ် ဝူရှဲ့ တကယ်ကို တွေ့ကြုံခံစားလိုက်ရပါပြီ။ သူ့သံသယတွေ အားလုံးကို ဖယ်ရှားပစ်ခဲ့ပေမယ့် ဒီစပါးအုံးနက်ကြီးဟာ တကယ့်ကို အစစ်အမှန်ပဲ။ အဲဒီကြေးခွံတွေက ထုတ်လွှတ်တဲ့ အနံ့အသက်တွေက လေထုထဲမှာ ပျံ့နေပြီး နံရံကို ပွတ်တိုက်နေတဲ့ အသံတွေလည်း ချို့ယွင်းချက် မရှိပေ။ ဒီအရာကြီး ရုတ်တရက် ဘယ်လိုပေါ်လာမှန်း တကယ်ကို တွေးကြည့်လို့ မရပေ။ အခုတုန်းက မီးဖွင့်လိုက်ပေမယ့် မတွေ့ရရာ လေထဲကနေ ထွက်လာတာများလား?ဟု တွေးမိလာသည်။


“လောင်းယန်” ကတော့ အပြင်ကနေ ဘာတွေ အော်ဟစ်နေလဲမသိ အော်နေသေးသော်လည်း ဝူရှဲ့ သူ့ကို ဂရုမစိုက်နိုင်တော့ဘဲ တွားသွားသတ္တဝါ တစ်ကောင်ရဲ့ ခံစားချက်မဲ့ အကြည့်ကိုသာ ခံစားနေရသည်။ အစတုန်းက သူရှိနေခဲ့တဲ့ ကျောက်တုံးအပေါက်ဟာ သေးငယ်သော်လည်း ယခုအခါ နဂါးနက်ကဲ့သို့ ဧရာမစပါးအုံးမြွေကြီး ရုတ်တရက် ပေါ်လာပြီး ရေဒီယို ကျွမ်းဘားကစားရန် နေရာပင် မရှိတော့ပေ။ ယခုအချိန်တွင် စပါးအုံးမြွေကြီးက ၎င်းရဲ့ပါးစပ်ကိုဖွင့်ကာ ပြုံးပြလိုက်သရွေ့ သူ့ဘက်က အရာအားလုံး ပြီးသွားပြီပဲ။


စပါးအုံးမြွေရဲ့ အနံ့ခံအာရုံနဲ့ အမြင်အာရုံက အရမ်းထိခိုက်လွယ်သည်။ ဘာအကြောင်းကြောင့်မှ မမြင်နိုင်တော့ပေ။ အခု သူတွေးနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ သူ့​ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို စိတ်မဝင်စားလို့ပါပဲ။ စပါးအုံးမြွေဟာ သေးလွန်းတဲ့ အရာတွေကို စားချင်ပုံမရပေ။ ဒါကြောင့် သူငြိမ်ငြိမ်ထိုင်ပြီး မထိတ်လန့်နေအောင် ကြိုးစားရမည်။ မြွေကြီးက သူ့ကို တစ်ယောက်တည်း လွှတ်ပေးလိုက်လို့ ရပေမယ့် ဒီလိုလည်း မလုပ်ချင်ပုံပင်။ ဒါဆိုရင် ဒီတစ်ခါတော့ သူလုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။


ဝူရှဲ့ တံတွေး မျိုချလိုက်မိသည်။ မတုန်မလှုပ် ထိုင်နေတုန်း လျှာရှည်ကြီးက သူ့နားရွက်ကို ထိလိုက်သည်နှင့် အလွန်အမင်း မနှစ်မြို့ဖွယ် တံတွေးများ ထွက်ကျလာသော်လည်း ကံကောင်းစွာပင် သူခေါင်းကို မော့ကာ စိုက်ကြည့်လိုက်စဥ် ၎င်းက ချက်ချင်း အနောက်က လောင်းယန်ရဲ့ ဓာတ်မီးရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။ 


“လောင်းယန်” သည် ဂူအဝင်ဝတွင် ပိတ်ဆို့နေသော ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းနေလေသည်။ စပါးအုံးမြွေက သူ့ကို မတိုက်ခိုက်ကြောင်းကို မြင်လိုက်ရသောအခါ ခေါင်းလှည့်ကာ သူ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ တစ်ခုခုမှားနေပြီ ဆိုတာကို သူချက်ချင်း သိလိုက်၏။ ဝင်ပေါက်ကို ပိတ်ဆို့ထားတာက ကျောက်တုံးကြီးသာ ဖြစ်သော်လည်း စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းလောက် ကြီးကာ မြွေကြီးကိုတော့ တားလို့ မရ​လောက်တော့ပေ။ ဝူရှဲ့ ​လောင်းယန်ရဲ့ ကျိန်ဆဲသံကို ကြားလိုက်ရပြီး သူက ကျောက်တုံးနောက်ကို အမြန်ပြန်ဆုတ်ပြီး ဓာတ်မီးကို ကလစ်တစ်ချက်နှိပ်ပြီး ပိတ်ချလိုက်လေ၏။ 


အနီးပတ်ဝန်းကျင်က ရုတ်တရက် မှောင်မိုက်သွားပြီး စပါးအုံးမြွေကြီးရဲ့ အဝါရောင် မျက်လုံးနှစ်လုံးကပဲ အမှောင်ထဲမှာ ဖြာကျနေခဲ့သည်။ သူက ဒေါသကို မ​ဖော်​ပြသေးသော်လည်း လှုပ်ရှားလိုက်ရာက ရုတ်တရက် လည်ပင်းကို ကျုံ့သွားပုံမှာ တိုက်ခိုက်လိုတဲ့ အမူအရာကို လုပ်​ပြလိုက်သလိုပင်။ 


TV ဖန်သားပြင်ပေါ်မှာ စပါးအုံးမြွေ အမဲလိုက်ခြင်းလုပ်ရပ်က ဝူရှဲ့စိတ်ထဲတွင် ပေါ်လာပြီး နောက်ဘာဆက်ဖြစ်မယ် ဆိုတာ ဝူရှဲ့ ချက်ချင်း သိလိုက်သည်။ ခဏမှာပင် စပါးအုံးမြွေရဲ့ လည်ပင်းကို ကျုံ့လျက် ကျည်ဆန်တစ်​ထောင့်လို ဝင်တိုးပစ်လိုက်တာကြောင့် ပေါက်ကွဲသံများ ထွက်လာပြီး ဂူကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။ ကျောက်တုံးကြီးသည် စွန်ရဲကဲ့သို့ လွင့်ထွက်သွားပြီး "လောင်းယန်"ရဲ့ အော်သံကို ကြားလိုက်ရပြီး နောက်မှ ကျောက်တုံးများ အချင်းချင်း ရိုက်ခတ်သံများပါ ကြားလိုက်ရသည်။


အပြင်မှာက တကယ်လောင်းယန် မဟုတ်မှန်း သိပေမယ့် ဒီအော်သံက သူ့ကို ထိတ်လန့်တကြားဖြစ်အောင် လုပ်နေတုန်းပဲ။ စပါးအုံးမြွေကြီးသည် ကျောက်တုံးကြီး အနောက်က အပေါက်ကို တွေ့ရှိသွားသော်လည်း ၎င်းရဲ့ဦးခေါင်းသည် ကြီးလွန်းသဖြင့် ရုန်းမထွက်နိုင်ပေ။ ၎င်းရဲ့ခန္ဓာကိုယ်ကလည်း ထိုအပေါက်နား ကွေးနေ၍ ဘယ်ညာ တွန့်လိမ်လျက်ရှိ၏။ ဝူရှဲ့မှာလည်း ​မြွေကြီးနဲ့ မရိုက်မိအောင် ကြိုးစားနေရှာသည်။ မဟုတ်ပါက သူ့အရိုးတွေ အားလုံးကို ကွဲစေမည်မှာ သေချာသည်။


အကြိမ်ကြိမ် ကြိုးစားမှုက မအောင်မြင်ပြီးနောက် စပါးအုံးမြွေလည်း တုန်လှုပ်လာပြီး ခေါင်းကို လှည့်ကာ အပေါက်ဘေးရှိ ကျောက်နံရံကို ရိုက်ချလိုက်သည်။ စပါးအုံးမြွေရဲ့ ခန္ဓာကိုယ်က အလွန်ကြောက်စရာ ကောင်းသောပုံ ပေါက်နေပြီ ဖြစ်သော်လည်း ယခုအခါ နဂါးတစ်ကောင်ကဲ့သို့ ကပြနေသဖြင့် ပို၍ပင် အံ့မခန်း ဖြစ်လာသည်။ ခဏအကြာတွင် အပေါက်က အက်ကွဲသွားပြီး ဧရာမစပါးအုံးမြွေကြီးရဲ့ ခေါင်းက ထွက်သွားသည်။ ၎င်း၏ အကြေးခွံများသည် ကျောက်နံရံနှင့် ပွတ်တိုက်ကာ အက်ကွဲနေသည့် ကျောက်တုံးတစ်ခုလုံးကို ညှစ်ထုတ်လိုက်သည်။


ဧရာမစပါးအုံး မြွေကြီးက သူ့ရှေ့က လမ်းကိုပိတ်ဆို့နေတဲ့ ကျောက်တုံး အားလုံးကို တွန်းဖယ်ပစ်လိုက်သည်။ စပါးအုံးမြွေကြီးနောက်ကို လိုက်ကြည့်လိုက်တော့ အပျက်အစီးပုံထဲမှာ “လောင်းယန်” လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးနီးပါး ကျောက်တုံးကြီး နောက်မှာ ဖိခံထားရပြီး အသက်ရှုမဝသလို ဖြစ်နေပြီ။ သူက ဝူရှဲ့ကိုတွေ့တော့ တစ်ခုခု ပြောချင်သလို အကြိမ်အနည်းငယ် ချောင်းဆိုးပေမယ့် ပါးစပ်ကိုဖွင့်လိုက်တာနဲ့ သူ့ပါးစပ်ထောင့်က သွေးတွေပဲ စီးကျလာ၏။ 


သူ့ဒဏ်ရာတွေကို ဝူရှဲ့ စစ်ဆေးပြီး ကျောက်တုံးကို ရွှေ့ဖို့ ကြိုးစားပေမယ့် တစ်ချက်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ် အောက်ပိုင်း ကြေမွသွားတာကို တွေ့လိုက်ရလေသည်။ သူ့ကို ကြည့်တောင် မကြည့်နိုင်တော့ဘဲ သက်ပြင်းချလိုက်ပြီး 


“မင်း… မင်းက ဘာပြောစရာရှိ​သေးလို့လဲ?"


သူက ဝူရှဲ့ကို မော့ကြည့်ရင်း အံကြိတ်ကာ ကျောက်တုံးအက်ကွဲရာကနေ သူဌေးဝမ်ဆီက ရလာတဲ့ ကျောပိုးအိတ်ကို ဆွဲထုတ်ပြီး ဝူရှဲ့ဆီ ပစ်ချ​ပေးလိုက်သည်။


ဝူရှဲ့ အိတ်ကို ယူလိုက်ပေမယ့် ဘယ်လို​ခံစားရမှန်း မသိတော့ပေ။ သူက ချောင်းဆိုးပြီး သွေးတွေ အများကြီး ထွက်လာတာကြောင့် စကားပြောချင်တာကို ရပ်ပြီး မျက်လုံးကို မှိတ်လိုက်လေသည်။ 


ဝူရှဲ့ ခေတ္တရပ်ပြီး အဲဒီနေ့က သူဘယ်လို ဖြတ်သန်းသွားခဲ့ရလဲလို့ မေးချင်မိသည်။ ရုတ်တရက် ကျယ်လောင်တဲ့ အသံနဲ့အတူ ဂူကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေ၏။ ဝူရှဲ့မှာ ထိုင်တောင် မထိုင်နိုင်တော့ပေ။ ထိပ်က ကွဲအက်နေသော ကျောက်များက အစီအရီ ပြိုကျလာနေပြီ။


အပြင်က မြွေကြီးတစ်ကောင်ဟာ သူ့ကို ထပ်ရိုက်တော့မလားလို့ တွေးပြီး အရမ်းထိတ်လန့်သွားပြီး လှိုဏ်ဂူထဲကနေ အမြန်ရုန်းထွက်လိုက်တယ်။ ထို"လောင်းယန်"က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာခဲ့သည်။


"လောင်ဝူ!"


ဝူရှဲ့လည်း သူဘာပြောချင်​နေမှန်းကို မသိလိုက်တာကြောင့် တခဏတာ အံ့အားသင့်သွားသည်။ ပြန်ကြည့်လိုက်တော့ သူ ပါးစပ်ဖွင့်နေတာကို တွေ့လိုက်ရ၏။ သို့သော်လည်း ရုတ်တရက် သူရှိနေတဲ့နေရာက ကျောက်တုံးတွေဟာ ရေတံခွန်လို ပြိုကျလာလေသည်။ အလင်းတန်းတစ်ခုက ရုတ်တရက် ထိုးကျလာခဲ့သလို ကျောက်စက်ထဲတွင် ပိတ်မိသွားသကဲ့သို့ အပျက်အစီးများထဲ ပျောက်ကွယ်သွားသည်။


သူ့နှလုံးသားတွေ တုန်ရီသွားပြီး ကြေကွဲသွားတဲ့ ခံစားချက်ကို ခံစားလိုက်ရပေမယ့် ဒီအချိန်မှာ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ အချိန်မရှိတော့ပေ။ ပြိုကျနေတဲ့ ကျောက်တုံးတွေကို ရှောင်ဖို့ အကြိမ်အနည်းငယ် လှိမ့်လိုက်ပြီး ဂူထဲက အမြန် ပြေးထွက်လာခဲ့သည်။ သို့သော် အနက်ရောင် အရိပ်အယောင်တွေနဲ့အတူ ထပ်ပြီး တိုက်မိပြန်သည်။ တစ်ဖက်ကို အမြန်ပြေးလိုက်သော်လည်း ဗုန်းခနဲ ချော်လဲသွား၏။ ထိုအခိုက် အရိပ်မည်းကြီးက တောင်ပေါ်ကို ရိုက်ခတ်သွားရာ တောင်နံရံတစ်ခုလုံး တုန်ခါသွားသလို ကျောက်ဆောင်တွေလည်း လွင့်ထွက်ကုန်သည်။ 


ပြင်းထန်လွန်းတဲ့ တိုက်မိမှုကို မြင်လိုက်ရတော့ ဝူရှဲ့လည်း ဒီမြွေ သေသွားနိုင်မလားလို့ တွေးမိသေးသည်။ လှည့်ကြည့်လိုက်တော့ အဲဒီလိုမဟုတ်မှန်း သိလိုက်ရ၏။ ကြေးနီပင်ပေါ်ကနေ တက်လာတဲ့ ဧရာမမြွေကြီးဟာ ကြေးနီသစ်ပင်ထဲက ထွက်လာတဲ့ မြွေနက်ကြီးနဲ့ ထိပ်တိုက်တွေ့နေခြင်းပင်။ အကြေးခွံပါးပါးရှိတဲ့ ဧရာမမြွေကြီးဟာ စပါးအုံးမြွေထက် အများကြီး ပိုကြီးပေမယ့် တိုက်ပွဲမှာ နည်းနည်းလေးမှ အသာစီးမရခဲ့ပါဘူး။ ဒါ့အပြင် သူတို့နှစ်​ကောင်လုံးက အနက်ရောင်မို့လို့ ဘယ်သူက ဘယ်​ကောင်လဲဆိုတာ ပြောရခက်ပေ၏။ ဝူရှဲ့မှာ ကြေးနီပင်တစ်ဝိုက်က အနက်ရောင် လေ​ပွေများကိုသာ မြင်တွေ့နေရသည်။ သူတို့က သစ်ပင်ရဲ့ ပတ်ပတ်လည်မှာ ကွေ့ကောက်ထားကာ အမြီးတွေက တဟုန်ထိုး ယိမ်းထိုးနေတာမို့ ပတ်ဝန်းကျင်ရှိ ကျောက်စက်ပန်းတွဲများနဲ့ ကျောက်စက်မိုးမျှော်များက အမြောက်များကဲ့သို့ လှည့်ပတ် ပျံသန်းနေ​တော့သည်။


ဝူရှဲ့မှာ ဒီလို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် အံသြစွာနဲ့ ငေးကြည့်နေမိသည်။ ရုတ်တရက် ၎င်းရဲ့အမြီးက သူ့ခြေဖဝါးနားဆီ တိုက်ရိုက် လွင့်ပျံလာပြီး သူရပ်နေတဲ့ ကျောက်တုံးကြီးကို ရိုက်ချပစ်လိုက်ရာ ကျောက်တုံး တစ်ခုလုံး ကျောက်မှုန့်တွေအဖြစ် ပြိုကျသွားလေ၏။ ဝူရှဲ့ တစ်ဖက်က လွတ်ကင်းရာကို လှမ်းဆွဲလိုက်ချင်ပေမယ့် မထင်မှတ်ဘဲ ကျောက်တုံးတွေ အားလုံးက ပြုတ်ထွက်သွားရာ ရုတ်တရက် သူဆုပ်ကိုင်ထားတဲ့ နေရာကလည်း ချောက်ထဲကို ပြုတ်ကျသွားတော့သည်။ 


မိနစ်အနည်းငယ် အတွင်း သေရေးရှင်ရေး ပြဿနာတွေကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရတာကြောင့် လောလောဆယ်တော့ မတုံ့ပြန်နိုင်ခဲ့ပေ။ သူ အော်ဟစ်ပြီး ပြုတ်ကျသွားစဥ် ရုတ်တရက် ဗွမ်းကနဲ အသံနဲ့အတူ ရေထဲကို တဟုန်ထိုး ပြုတ်ကျသွားတဲ့ မြည်သံကို ကြားလိုက်ရကာ တစ်ဆက်တည်း သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ 


ဟင်? ရေက ဘယ်က​ရောက်လာတာလဲ?


သူ့ကိုယ်သူ မထိန်းန်ုင်ခင်အထိ ရေထဲကို ခြောက်မီတာကနေ ခုနစ်မီတာထိ ထိုးဖောက်ဝင်သွားခဲ့သည်။ ရေထဲကို ရောက်သွားတဲ့အခါ ကိုယ်ဟန်အနေအထားကို မထိန်းနိုင်လိုက်ဘဲ လည်ပင်းကိ ကလစ်ဆိုတဲ့ အသံကို ကြားလိုက်ရ၏။ ကျိုးသွားသလားတော့ မသိ။ သူ့ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေ မရှိတော့ဘဲ ရေနက်ထဲကိုပဲ တည့်တည့်​ကြီး ထိုးကျသွားခဲ့သည်။ 


ဝူရှဲ့ သူ့အသိတွေ ကုန်ဆုံးသွား​တော့မယ့် အချိန်မှာတော့ ပုံရိပ်တစ်ခုက သူ့အနောက်ကနေ ကူးခတ်လာပြီး သူ့ကို မြှောက်ပေးကာ ရေပေါ်တက်နိုင်အောင် သယ်ထုတ်လာပေးသည်။ 


ပြန်လှည့်ကြည့်လိုက်ရာ လတ်စသတ်တော့ အောက်က လှိုဏ်ဂူထဲမှာ တစ်ချိန်လုံး ပုန်းနေခဲ့တဲ့ ဆရာလျောင် ဖြစ်နေခဲ့တာပဲ။ သူလည်း ရေတက်လာတာကြောင့် ဂူပေါက်ထဲက ထွက်လာတာ ဖြစ်နိုင်တယ်။ ပြုတ်ကျလာတဲ့ လူတစ်ယောက်ကို တွေ့တော့ ပြေးဆယ်ဖို့ လုပ်ခဲ့လိမ့်မည်။ 


ရေထဲက ထွက်လာပြီးနောက် တစ်ချိန်တည်းမှာပဲ သူတို့အရင်က တက်လာခဲ့တဲ့ တွင်းနက်ကြီးဟာ ရေကန်အဖြစ် ပြောင်းလဲသွားတာကို တွေ့လိုက်ရတော့သည်။ ဘယ်ကနေ ထွက်လာတဲ့ ရေတွေမှန်း မသိသော်လည်း ရေထဲမှာ ရေလှိုင်းတွေက တဟုန်ထိုး တက်လာပြီး ရေကလည်း အရှိန်အဟုန်နဲ့ တက်လာပါသေးသည်။ 


ဟိုဟိုဒီဒီကြည့်ရင်း တွေးကြည့်မိတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်က အဲဒီလူတွေ ဒီကိုလာတုန်းကလည်း ဒီရေကူးကန်ကြီး ရှိခဲ့တယ် မဟုတ်လား။ အခုလည်း အဲဒီလိုဖြစ်နေပြီ။ ဒီလိုသာဆို ပြန်သွားလို့ မရတော့ဘူးပေါ့။ 


သူရဲ့ရေထဲက အရည်အသွေးက ဆရာလျောင်ထက်တော့ ပိုကောင်းပါ၏။ ဆရာလျောင်က သူ့ကို ဆွဲထုတ်ပြီးတာနဲ့ ခွန်အားတွေအားလုံး ဆုံးရှုံးသွားရပြီး ချက်ချင်း နစ်မြုပ်သွားတော့မလို ဖြစ်သွားသည်။ ဝူရှဲ့လည်း သူ့ကို လှည့်မေးလိုက်သည်။ 


"ဘာ​တွေဖြစ်​နေတာလဲ?"


ဆရာလျောင်က အကြိမ်အနည်းငယ် ချောင်းဆိုးပြီးမှ ပြောလာ၏။ 


"အပြင်မှာ မိုးရွာ​နေတာ ဖြစ်မယ်... ဒါကြောင့် လျှပ်တပြက် ရေကြီးလာတာ။ ဒီရာသီမှာ မကြာခဏ ရေကြီးတာတွေ ရှိတယ်... ငါတို့ ဒီကို ရောက်တဲ့အချိန်တုန်းက မြေအောက်မြစ်ထဲမှာ ရေလျှံနေပြီ အဲဒီမြစ်က ဒီနေရာက နံရံတွေ ဂူတွေ အများကြီးနဲ့ ချိတ်ဆက်ထားတာ ဖြစ်မယ်... အမြင့်​ကြီးကနေ ရေကြီးတဲ့အခါ ရေတက်လာပြီး ဂူပေါက်တွေထဲကို ရေတွေ စိမ့်ကျသွားတယ်။ ရုတ်တရက် ရေကြီးပြီးတာနဲ့ ရေက ချက်ချင်း ကျသွားလိမ့်မယ်"


ဝူရှဲ့ကတော့ စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ အခုက ဘယ်ကိုသွားရမလဲ မသိသလို ဘယ်ကိုထွက်ရမှန်းလည်း မသိတော့ဘူး။ အပေါ်ကို မျှော်ကြည့်လိုက်တော့ အပေါ်ထပ်မှာ တိုက်နေ​သေးတဲ့ အရိပ်မည်းကြီးကို တွေ့လိုက်ရလေ၏။ “ကောင်းရော အခုတော့ တိုက်ပွဲက ဒီအဆင့်ကို ရောက်သွားပြီ” လို့စိတ်ထဲက ပြောလိုက်မိသည်။ နောက်ဆုံးတော့ ကျောက်တုံးတွေ ရေထဲကို ကျလာပြီမို့ တကယ့်ကို နဂါးရေကန်နဲ့ ကျားတွင်း ဖြစ်သွားပြီ။ သူတို့နှစ်ယောက်တော့ ဒီထဲမှာပဲ သေသွားရတော့မယ့်ပုံပဲ။ 


သူ့အတွေးတွေ မဆုံးခင်မှာ သူ့နားထဲ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး စပါးအုံးမြွေကြီး လဲကျသွားပြီး ရေထဲကို တည့်တည့် ထိုးကျသွား၏။ ခဏလောက်ကြာတော့ ရေတွေက နေရာအနှံ့ ပက်ဖျန်းသွားကာ ရေကန်ငယ်လေးကလည်း ပွက်ပွက်ဆူလာသလို ဖြစ်လာသည်။ 


ထို့နောက် ချက်ချင်းပင် အကြေးခွံကြီးသော မြွေကြီးသည် ကြေးနီပင်အောက်သို့ ဆင်းချလာခဲ့သည်။ ဆရာလျောင်လည်း မြွေကြီး၏ ခရမ်းရောင် မျက်လုံးကြီးကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး ရေထဲသို့ နစ်မြုပ်သွားရာ ဝူရှဲ့ သူ့ကို ဆွဲတင်လိုက်ရသည်။ ဆရာလျောင်က တုန်တုန်ယင်ယင်နှင့် ပြောလေသည်။ 


“အို၊ ဘုရားရေ ဒါကြီးက ဘယ်က ရောက်လာတာတုန်း?? ကျူကျိုယင်းကြီး မဟုတ်ဘူးလား!"


ဒီနာမည်ကို သူလည်း အရမ်းရင်းနှီး​နေတယ်လို့ ခံစားရလေရာ သူ့ကို ဆွဲထုတ်ပြီး ကြေးနီပင်အနောက်မှာ ပုန်းပြီး ဘာဖြစ်နေတာလဲလို့ မေးလိုကိသည်။ ဆရာလျောင်က လျှာကိုကိုက်ပြီး တိုးတိုးလေး ပြောပြသည်။ 


"ကျူကျိုယင်းက နဂါး... ရှေးခေတ်တုန်းက ဖယောင်းမြွေလို့ ခေါ်တယ်။ တကယ်တော့ ရှေးခေတ်တုန်းက အဆိပ်ပြင်းတဲ့ မြွေကြီးပဲ... ဧကရာဇ်ရွှမ့် ခေတ်တုန်းက ဆီမီးထွန်းဖို့ ဒီလိုအကောင်ကို သုံးခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မျိုးသုဉ်းသွားခဲ့ပြီ... ဘယ်လိုလုပ် ဒီနေရာမှာ နောက်ထပ်တစ်ကောင်က ရှိနေတာလဲ"


ဒါတွေကို ဝူရှဲ့ တစ်ခါမှ မသိခဲ့ဘူး။ အခုအချိန်မှာ ထူးဆန်းသလို ခံစားလာရသည်။ မသိတာတွေကို စိတ်ကူးယဉ်လို့ မရဘူးလေ။ ဒါကြောင့် ဒါက သူစိတ်ကူးယဥ်လိုက်လို့ ထွက်လာတဲ့အရာတော့ မဖြစ်နိုင်ဘူး။ ရှေးခေတ် ကြေးနီပင်မှာ အဆိပ်ပြင်းတဲ့ မြွေကြီးတစ်ကောင် ရှိခဲ့တာ အမှန်ပဲလား?


ဆရာလျောင်ကတော့ ဆက်ပြော​ပြသည်။ 


"ဒီလောက်ကြီးတဲ့ ကျူကျိုယင်းက ဘယ်နှစ်နှစ်လောက် အသက်ရှင်ခဲ့တာပါလိမ့်? မင်း သတိထားမိလား? ဒီကနေ ကြည့်လိုက်ရင် မျက်လုံးတစ်လုံးပဲ မြင်နိုင်တယ်... ကျူကျိုယင်ရဲ့ မျက်လုံးတွေက ရှည်လျားတယ် မင်းအခု မြင်နေရတာက မူလမျက်လုံးပဲ.... ယင်မျက်လုံးလို့ ခေါ်တဲ့ အဲဒီမျက်လုံးရဲ့ အပေါ်မှာ ပေါက်နေတဲ့ မျက်လုံးတစ်ခုလည်း ရှိတယ်။ ဒဏ္ဍာရီအရတော့ အနှစ်တစ်ထောင် သက်တမ်းရှိ ကျူကျိုယင်းရဲ့ ယင်မျက်လုံးက ငရဲနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားတယ်.... အဲဒါကို ဆက်ကြည့်​နေမယ် ဆိုရင်တော့ နတ်ဆိုးတွေကို စွဲလန်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ မင်းကို နတ်ဆိုးတွေက သိမ်းပို​က်သွားလိမ့်မယ်...နောက်ဆုံး လူဦးခေါင်းနဲ့ မြွေတစ်ကောင်ကောင် ဖြစ်သွားလိမ့်မယ်"


လောင်းယန်ရဲ့ မြွေနဲ့တူသော အမူအရာကို တွေးပြီးနောက် ဝူရှဲ့ခမျာ ရင်တွင်း၌ အေးခဲသွားသလို ခံစားလိုက်ရသည်။ အတွေးနဲ့အတူ တိတ်တဆိတ် ကြည့်လိုက်မိသည်။ ကံအားလျော်စွာပဲ ကျူကျိုယင်းရဲ့ အာရုံက သူတို့အပေါ်ကို ​လုံးဝ မရောက်နေပေ။ ပြီးတော့ စပါးအုံးမြွေကြီးက ရေအောက်မှာ ရှိနေတုန်းပဲဆိုတာ သိတာကြောင့် စပါးအုံးမြွေကြီး ရုတ်တရက် တိုက်ခိုက်လာမှာကို ကြောက်နေပုံဖြင့် ရေထဲကိုသာ စိုက်ကြည့်နေသည်။


ရေက တဖြေးဖြေး တက်လာပြီး သူတို့မှာလည်း ​ကျူကျိုယင်းရဲ့ ခန္ဓာကိုယ်နဲ့ တဖြည်းဖြည်း နီးလာသည်။ ဆရာလျောင်ကလည်း အရမ်းစိတ်လှုပ်ရှားနေ​ပြီ။ ဝူရှဲ့ ခေါင်းကို မော့ကြည့်လိုက်တော့ ဂူရဲ့ထိပ်မှာ ထွက်ပေါက်တစ်ခု ရှိနိုင်တာကို တွေ့လိုက်ရသည်။ ရေက မြင့်နေသရွေ့ လုံလောက်ပြီ။ သူတို့ အဲဒီကိုတက်ပြီး ထွက်သွားနိုင်ပေမယ့် ရေက ဘယ်လောက် မြင့်သွားနိုင်လဲတော့ မသိသေးပေ။ ဒါတောင်ထိပ်နဲ့ အရမ်းနီးနေလောက်ပြီ။ ခေါင်းတလားအခင်းအကျင်းကနေ ဖြတ်သွားတဲ့အခါတုန်းက ခေါင်းတလားထဲကို ရေစိမ်နေသည့် လက္ခဏာများ မရှိပေ။ ရေကသိပ်တော့ မမြင့်နိုင်ပေ။ ဘယ်ကိုသွားမယ်ဆိုတာ အတိအကျ မသိတာကြောင့် နည်းနည်းလောက်သာ ခန့်မှန်းလို့ရသည်။


ဝူရှဲ့ ဆရာလျောင်ကို တိုးတိုးလေး ပြောနေပေမယ့် သူက လုံး၀ နားမထောင်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာတော့ ချီကူ​​ကောင်ရဲ့ အခွံတွေဖြစ်တဲ့ ရေထဲက အဖြူရောင်မျက်နှာဖုံးတွေ လွင့်ပျံလာခဲ့သည်။ ရုတ်​တရက်​ လန့်ဖြတ်သွားရာ တစ်​ခု​ကောက်​ပြီး ကြည့်​လိုက်​တော့ ချီကူကောင်ဟာ အ​ပေါက်ထဲက လွတ်​သွားပြီး အတွင်းထဲမှာ​ ဘာပိုးကောင်မှ မရှိတော့ဘဲ ပျောက်​သွားလေပြီ။ 


"သောက်ကျိုးနည်းပဲဟေ့!"


ဝူရှဲ့ ကျိန်ဆဲလိုက်မိသည်။ ရေထဲမှာ အကြာကြီး ရေငုပ်ပြီး စပါးအုံးမြွေကြီး ဘာကြောင့် ​ပြန်ပေါ်မလာမှန်း ရုတ်တရက် သိလိုက်ရ​ပြီ။ ထို့ကြောင့် ဓာတ်မီးယူပြီး ရေထဲ ငုပ်ဆင်းကြည့်လိုက်သည်။ ချီကူကောင်တချို့မှာ မျက်နှာဖုံးများ ၀တ်ဆင်ထားသော်လည်း တချို့မှာ စပါးအုံးနက်ရဲ့ ခန္ဓာကိုယ်မှာ မျှော့တစ်ကောင်လို တွဲလျက် ရှိသည်။ တချို့မှာ အဖြူရောင် ပန်းပွင့်များလို ကျယ်ဝန်းသည့် အနက်ရောင် စပါးအုံးမြွေ၏ ဝမ်းဗိုက်ကို တွယ်ထားရာ ၎င်းရဲ့ဝမ်းဗိုက်က ကောင်းကင်သို့ မျက်နှာမူလျက် ရှိသည်။ စပါးအုံမြွေကြီးမှာ လှုပ်နေဆဲဖြစ်သော်လည်း ထိုအင်းဆက်များကို ဖယ်ရှားရန် နည်းလမ်းမရှိနေတာ ထင်ရှား​ပေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကျောက်တုံးနှင့် တွန်းတိုက်ပစ်ရာ ချီကူကောင်ရဲ့ မျက်နှာဖုံးကို ပွတ်တိုက်သွားသော်လည်း ပိုးကောင်မှာ ၎င်းခန္ဓာကိုယ်နှင့် ခိုင်မြဲစွာ တွယ်ကပ်နေဆဲ ဖြစ်ပြီး ကြည့်ရတာ အတော်လေး ထူးဆန်းလှသည်။ 


ချီကူကောင် တချို့ဟာ သူတို့ရဲ့ အနေအထားကို မထိန်းနိုင်ဘဲ လျင်မြန်စွာ ရွေ့လျားသွားကာ မြွေရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်သွား​နေကြသည်။ ပိုဆိုးသွားတာက ဝူရှဲ့လက်ထဲက ဓာတ်မီးကို သူတို့မြင်လိုက်တာနဲ့ ချီကူကောင်တွေ အားလုံး ရုတ်တရက် ရပ်သွားပြီးနောက် စပါးအုံးမြွေကြီးပေါ်ကနေ အမြန်ခုန်ထွက်လာတော့သည်။ ဝူရှဲ့ မတုံ့ပြန်နိုင်ခင်မှာ မျက်လုံးတွေ မှုန်ဝါးလာပြီး ပင်လယ်ထဲက ငါးကြီးကျောင်းကြီးလို ပိုးကောင်တွေ အားလုံးက သူ့ပတ်ဝန်းကျင်ကို ရောက်လာတော့သည်။


ဒီအရာတွေက ရေကူးတာ အရမ်းမြန်သည်။ မကောင်းတာ တွေ့တော့ လူက တုံ့ပြန်ဖို့ အချိန်မရှိတော့ပေ။ စိတ်ပျက်လက်ပျက်နဲ့ လက်ကို နောက်ပြန်ထောင်ပြီး လက်ဖဝါးကို အပြင်းအထန် ကိုက်ချလိုက်တော့သည်။ ကိုယ့်ကိုကိုယ် ဘာကြောင့် အရမ်းကိုက်ပစ်ရတာလဲ ဆိုတာကိုတောင် နားမလည်ဘူး။ ရုတ်​တရက်​ သွေးထွက်​သွား​တော့ လက်​ထဲက ​သွေး​တွေကို အညီအမျှ ဖြန့်​ပစ်ဖို့ ​ရေထဲ​ ဝှေ့ယမ်းလိုက်​၏။


ချီကူပိုးကောင်တွေဟာ သူ့သွေးကို မြင်တော့ အနားမကပ်လာရဲဘဲ ပြေးထွက်သွားရာ သူ့ရှေ့မှာ ပိုးကောင်တွေနံရံကို ဖွဲ့စည်းလိုက်ကြသည်။ ဒီပိုးကောင်တွေရဲ့ အကျုံးဝင်ပုံတွေဟာ လူတွေရဲ့မျက်နှာနဲ့ ခပ်ဆင်ဆင် တူတယ်လို့တောင် ယောင်ဝါးဝါး ခံစားလိုက်ရသည်။


ဆရာလျောင်က စကားမပြောဘဲ ကြေးနီသစ်ပင်ပေါ်ကို တက်ရင်း အရမ်းထိတ်လန့်သွားနေသည်။ ဝူရှဲ့လည်း ရေထဲမှာနေဖို့က ရွေးချယ်စရာ မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ ခေါင်းကို ရေထဲက ထုတ်ပစ်လိုက်တယ်။ ပြန်ကြည့်လိုက်တော့ ကျူကျိုယင်းက သူတို့ကို တွေ့သွားပြီ။ မြွေခေါင်းကြီးက သူတို့ဘက်ကို မျက်နှာမူလျက် ရှိပြီး လှည့်ကြည့်လိုက်ရာ သူ့ရဲ့ခရမ်းရောင်မျက်လုံးကို ပိတ်ထားပြီး တစ်ချိန်တည်းမှာပဲ ဘယ်အချိန်ကတည်းက ဖွင့်ထားမှန်း မသိသော သွေးနီရောင်မျက်လုံးကို အစားထိုးကာ သူတို့ကို အဆိပ်ပြင်းစွာ စိုက်ကြည့်နေသည်။



{ဘာသာပြန် - ကျူကျိုယင်းက ရှေးတရုတ်ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီလာ သားရဲတွေထဲက တစ်ကောင်ပါတဲ့။ တောင်နတ်ဘုရားလို့ သိကြပြီး လူမျက်နှာနဲ့ မြွေကိုယ်ထည် ရှိတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်ဖြစ်ပြီး ခန္ဓာကိုယ်က မိုင်ထောင်ပေါင်းများစွာ ရှည်လျားပါတယ်တဲ့။ သူရဲ့မျက်လုံး အလင်းရောင်က မြောက်ဝင်ရိုးစွန်းရဲ့ အမှောင်ကို​တောင် တောက်ပစေနိုင်တယ်ဆိုပဲ}