ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (47)
ဖန့်ကျစ်
ဝူရှဲ့ဟာ ဖန့်ကျစ်နဲ့အတူ ဦးလေးသုံးရဲ့ ဆိုင်မှာ ညနေ့ခင်းအထိ ထိုင်ပြီး သူတို့ရဲ့ အခြေအနေတွေ အကြောင်းကို တစ်ယောက်ကို တစ်ယောက် ပြောပြနေကြသည်။ ဝူရှဲ့ ဟိုင်နန်ကို မသွားခင် ဖန့်ကျစ် သတိပြန်ရလာပေမယ့် ဝူရှဲ့မှာ အလောတကြီး ထွက်သွားပြီး ဆေးရုံမှာ မိုဘိုင်းလ်ဖုန်းတစ်လုံးသာ ထားခဲ့သည်။ သို့နှင့် ထုံးစံအတိုင်း ပင်လယ်ထဲသွားပြီးနောက် ဖန့်ကျစ် သူ့ရှာမတွေ့ခဲ့ချေ။
ဖန့်ကျစ်ရဲ့ ကျန်းမာရေးသည် အလွန်ကောင်းမွန်ပြီး လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့တိုင် သူသည် တစ်လနီးပါး အိပ်ရာထဲတွင် လဲလျောင်းနေရဆဲ ဖြစ်သည်။ တွက်ချက်ကြည့်တော့ အဲဒီအချိန်တုန်းက ဝူရှဲ့တစ်ယောက် ရှန်းရှီးမှာ ရှိနေတဲ့ အချိန်ဖြစ်ကာ မပြောမဆိုနဲ့ ပျောက်သွားတဲ့ သူ့ရဲ့ဦးလေးသုံးကို တစ်ကမ္ဘာလုံး ပတ်ရှာနေခဲ့ချိန်က ဖြစ်မည်။
ဖန့်ကျစ် သူ့လက်မောင်းမှာ အနက်ရောင်လက်စည်းကို ၀တ်ထားတာတွေ့တော့ သူဘာလုပ်တာလဲလို့ မေးလိုက်သည်။ တခွေက သူ့ရဲ့ ညီအစ်ကိုတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ရက်လည် ခုနစ်ရက်မှာ မမီခဲ့ဘူးလို့ ပြောပြလေ၏။ အခုတော့ သူ့ကိုယ်သူ ပြုစုစောင့်ရှောက်ပြီးနောက် ပိုကောင်းလာတယ်လို့ ဆိုပါသည်။ ဝူရှဲ့လည်း သူပြောတော့မှ ရှန်းတုံကို သွားတဲ့အချိန်အား ပြန် ယတွေးပြီး စိတ်မကောင်း ဖြစ်မိသွားသည်။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုမှာတော့ ဒီအဖြစ်အပျက်ဟာ သူ့ကြောင့်ဖြစ်နေတုန်းဘဲ။ အဲဒီအချိန်တုန်းက ဒီကိစ္စကို ပိုအာရုံစိုက်ပြီး ဦးလေးသုံးကိုလည်း ပိုးထည်စာအုပ်ကို မပြခဲ့ဘူးဆိုရင် သူတို့ရဲ့ လက်ရှိ အခြေအနေဟာ သဘာဝကျကျ ကွာခြားသွားလိမ့်မယ်။
ဖန့်ကျစ်လည်း ဝူရှဲ့မျက်နှာ အပြောင်းအလဲကို မြင်ပြီး သူတွေးနေတာတွေကို မှန်းဆမိသွားပုံရရာ သူ့ပုခုံးကို ပုတ်ပြီးပြောလာခဲ့သည်။
"တတိယသခင်လေး (ရှောင်စန်းရယ်) ကျုပ်တို့ လုပ်ငန်းခွင်မှာက ဒါမျိုးကို ရှောင်လွှဲလို့ မရဘူးလေ... တခြားသူတွေကိုလည်း အပြစ်တင်လို့ မရဘူး"
ဝူရှဲ့မှာ 'ပြောတာက လွယ်လိုက်တာ တခွေကို သတ်လိုက်တာက မင်းမဟုတ်ဘူးလေ' လို့သာ တွေးပြီး သက်ပြင်းချလိုက်ရလေ၏။
အတန်ကြာ သက်ပြင်းချပြီးနောက် ဖန့်ကျစ်ကို မျက်မှောင် ကြုတ်သွားစေသည့် သူ့ဘက်ရှိ လတ်တလောအ ခြေအနေ အကြောင်းကို ပြောပြလိုက်သည်။ သူ့ထင်မြင်ချက်တွေကို ကြားပြီးတဲ့ နောက်မှာ ဖန့်ကျစ်ရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။ သူက ဦးလေးသုံးနဲ့ နှစ်အတော်ကြာအောင် လိုက်ခဲ့ပြီး သူ့ဦးလေးဟာ ဒီလိုလူမဟုတ်တာ သေချာကြောင်းနဲ့ တခြားသူတွေ ပြောတာကို နားမထောင်ဖို့ ပြောလာခဲ့သည်။
ဖန့်ကျစ်သည် ဦးလေးသုံးနောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး သူနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသောကြောင့် သဘာဝအားဖြင့် သူသည် တခြားလူတွေရဲ့ ပုတ်ခတ် စကားအချို့ကို နားမထောင်ပေ။ သို့နှင့် ဝူရှဲ့လည်း ဘာမှမပြောတော့ဘဲ အကြောင်းအရာ ပြောင်းပြီး သူ့မှာ ဘာအစီအစဥ်ရှိလဲ ဆိုတာ မေးလိုက်သည်။
ဖန့်ကျစ်က ခဏလောက် စဉ်းစားပြီးမှ ချောင်ရှားမှာ ဆက်ပြီး အသက်မွေးဖို့ စီစဉ်ထားတယ်လို့ ပြောလာခဲ့၏။ ဦးလေးသုံးရဲ့ လုပ်ငန်းက အဲဒီမှာရှိနေတုန်းပဲ။ လူတိုင်းလည်း သိတယ်။ ဒါပေမဲ့ ဝူရှဲ့ ပြောတာတွေကို ကြားပြီးနောက် မရိုးရှင်းဘူးလို့ ခံစားရတာကြောင့် ထပ်ခါထပ်ခါ မေးပြီးမှ သက်တောင့်သက်သာ ဖြစ်သွားလေသည်။
ဝူရှဲ့လည်း ခေါင်းညိတ်သည်။ ဒီမှာ အရာအားလုံးကို အခြေခံအားဖြင့် စစ်ကြည့်ဖူးပေမယ့် ဖန့်ကျစ် နဲ့ ဦးလေးသုံးကြားက ဆက်ဆံရေးက ပုံမှန်မဟုတ်တော့ပေ။ သူမသိတဲ့ ဆက်ဆံရေး များစွာလည်း ရှိတတ်၏။
ဖန့်ကျစ် ဖုန်းခဏဆက်ပြီးနောက် တစ်ဖက်က သူတို့ကို သတင်းစောင့်ခိုင်းလေသည်။ အစကတော့ ဆယ်ရက် ဒါမှမဟုတ် ရှစ်ရက်လောက်တော့ စောင့်ရမယ် ထင်နေခဲ့တာ။ မထင်မှတ်ဘဲ ၅ မိနစ်ကြာပြီးနောက် တစ်ဖက်က အကြောင်းပြန်လာသည်။ ဖန့်ကျစ်က မျက်မှောင်ကြုတ်ကာ
“တတိယသခင်လေး....သခင်လေး ကျုပ်နဲ့အတူ လိုက်ခဲ့ရမယ် ထင်တယ်”
ဝူရှဲ့ ခဏလောက် ထိတ်လန့်သွားပြီး စိတ်ထဲမှ ဘာဖြစ်သွားတာလဲလို့ တွေးလိုက်မိ၏။ တစ်ခုခုဖြစ်သွားတာလား။
ဖန်ကျစ်က "သခင်သုံးက ချောင်ရှားမှာ လူတစ်ယောက်နဲ့ တွေ့ပြီး သခင်လေးအတွက် မက်ဆေ့ချ်တစ်ခု ထားခဲ့တယ်တဲ့... ဒါပေမဲ့ သူက သခင်လေးကို လူကိုယ်တိုင် ပြောပြချင်နေတယ်...အဲဒါကြောင့် သခင်လေးကိုပါ ခေါ်လာခိုင်းတယ်"
“ဦးလေးသုံးက ကျွန်တော့်အတွက် စာတစ်စောင် ထားခဲ့တယ် ဟုတ်လား?”
ဝူရှဲ့ ထခုန်လုမတတ် ဖြစ်သွားသည်။ သူ ချောင်ရှားက ဘယ်သူ့ကိုမှ မဆက်သွယ်ဖူးတာမျိုးတော့ မဟုတ်ပေ။ ဘာကြောင့် ဒီကိစ္စကို ဘယ်သူမှ မပြောဖူးတာလဲ။
ဖန့်ကျစ်ရဲ့ အမူအရာက အရမ်းလေးနက်နေပြီး သူ့ကိုလည်း သိပ်မရှင်းပြချင်ပုံပဲ။
"ဟိုမှာ အရမ်းအရေးတကြီး ဖြစ်နေလို့ သခင်လေး ဘယ်လိုထင်လဲ? ကျုပ်တို့ဘယ်အချိန်လောက် ထွက်ခွာမလဲ?"
ဖန့်ကျစ်မှာ အရမ်းစိတ်လှုပ်ရှားနေခဲ့၏။ ဒီကိစ္စက မရိုးရှင်းဘူးလို့ ယောင်ဝါးဝါး ထင်မိပေမယ့် သူဒီလောက်ထိ စိတ်ပူနေဖို့တော့ မမျှော်လင့်ထားပေ။ ရလဒ်ကတော့ ဘာမှရှင်းပြမနေဘဲ အဲဒီနေ့ညမှာပဲ ချောင်ရှားကို ထွက်မယ့် ရထားပေါ် တက်ခဲ့လိုက်တော့သည်။
ရထားပေါ်တက်ပြီးနောက် ဖန့်ကျစ်အား ထိုကိစ္စအကြောင်း ထပ်မေးလိုက်သည်။ ဒီလောက် အလျင်လိုနေရင် ရထားစီးမယ့်အစား ဘာလို့ လေယာဉ်မစီးတာလဲ။
ဖန့်ကျစ်က အရမ်းစိတ်ရှုပ်နေတာကြောင့် ဝူရှဲ့လက်မောင်းကို လှမ်းပုတ်လိုက်ပြီး နောက်မှ သိပါလိမ့်မယ်လို့သာ ပြောခဲ့သည်။ သူ့နဖူးမှာ ချွေးတွေ ထွက်နေတာကိုလည်း မြင်ရ၏။ သူဘာတွေ စိတ်ပူနေလဲလို့ တွေးရင်း ပိုပိုပြီး ထူးဆန်းနေသလို ခံစားလာရတော့သည်။
ရထားသည် ဟန်ကျိုးမှ ထွက်ခွာခဲ့ပြီး ဟန်ကျိုးရှိ တခြားရထားဘူတာရုံသို့ ရောက်ရှိပြီး သုံးနာရီအကြာတွင် ကျင်းဟွာ ဘူတာရှေ့သို့ ရောက်ရှိခဲ့သည်။ ဒီအချိန်မှာ သည်းမခံနိုင်တော့ဘဲ ဘာဖြစ်သွားတာလဲလို့ မေးတော့မယ့် အချိန်မှာပဲ ငှားစီးလာတဲ့ ကားက ရုတ်တရက် ခေတ္တရပ်သွား၏။
[TN - ဘူတာက ဆင်းပြီး ကားငှားခဲ့ပုံပါပဲ]
အစိမ်းရောင်ကားတွေ ခေတ္တရပ်တာက သာမာန်ပါပဲ။ အဝေးကြီးကိုသွားဖို့ လက်မှတ်ဝယ်တဲ့အခါ လေယာဉ်မစီးရင် အနည်းဆုံး အမြန်ရထား စီးသင့်တယ်လို့ တွေးမိမှာပင်။ ဒါပေမဲ့ ဖန့်ကျစ်က လုံးဝကို အဲဒီစိတ်ကူးမရှိခဲ့ဘူး။ အခု ကားရပ်လိုက်တာနဲ့ တပြိုင်နက် သူ့စိတ်ထဲမှာ ကြည်နူးနေသလိုတောင် ဖြစ်နေသည်။ 'မင်းက အလျင်လိုနေတာ မဟုတ်ဘူးလား။ ကားကို ခဏရပ်လိုက်တာက မင်းကို သေစေမှာ' ဟူ၍ ဝူရှဲ့တစ်ယောက် တွေးနေလိုက်သည်။
မထင်မှတ်ပဲ ကားရပ်ပြီးတာနဲ့ ဖန့်ကျစ်က သူ့လက်ပုတ်ပြီး နောက်က လိုက်လာဖို့ လှုံ့ဆော်လေ၏။ ဝူရှဲ့ မတ်တပ်ထရပ်ပြီး သူဘယ်သွားမလို့လဲလို့ မေးချင်ပေမယ့် ဖန့်ကျစ်သည် ရုတ်တရက် လှိမ့်ပြီး ကားပြတင်းပေါက်ကနေ ခုန်ဆင်းသွားတော့သည်။
အဲဒါကိုမြင်တော့ 'မင်းက ဘာကောင်လဲဟ'လို့ တွေးလိုက်မိပြိလသည်။ ကားပေါ်ရှိ လူများလည်း အံ့သြတုန်လှုပ်သွားကာ ကြည့်ရန် မတ်တပ်ရပ်လိုက်ကြသည်။ ဖန့်ကျစ်က
"တတိယသခင်လေး ဘာကို စောင့်နေတာလဲ? မြန်မြန်ဆင်းလာ!"
ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အားလုံးက မတ်တပ်ရပ်ပြီး သူကိုကြည့်နေကြပြီ။ စိတ်ထဲမှ မနက်ဖြန် "City Express" ရဲ့ ရှေ့စာမျက်နှာမှာ သူ့မျက်နှာကြီး ပါလာတော့မှာပဲ တွေးရင်းနဲ့ပဲ သွားတွေကို အံကြိတ်ပြီး ခုန်ထွက်လိုက်တော့သည်။
လိဖော့ကားတွေက အရမ်းမြင့်တာမို့ သူခုန်ချလိုက်တာနဲ့ ချက်ချင်း ကျွမ်းပစ်သွားတော့သည်။ လှဲချလိုက်ချိန်မှာတော့ လမ်းဘေးက ခေါင်းအုံးပေါ် လှဲကျသွား၏။ ဖန့်ကျစ်က သူ့ ကို ကူညီပြီး ဆွဲထူပေးလိုက်သည်။
ထို့နောက် တစ်ဖက်က လယ်ကွင်းထဲကို ပြေးပြန်သည်။ လယ်ကွင်းကသင်း တစ်ခုပေါ်ကို တက်ပြီး လမ်းမပေါ်ကို ကွေ့လိုက်တော့ အဲဒီမှာ ဖော်ကားတစ်စင်း သူတို့ကို စောင့်နေပြီ။ ဖန့်ကျစ်က သူ့ကို ကားပေါ်ဆွဲတင်ပြီး ကားတံခါးကို ချက်ချင်း ဆွဲပိတ်ပစ်လိုက်သည်။
ဝူရှဲ့မှာ မောပန်းလွန်းလို့ အသက်ရှုမဝတော့ပေ။ ကားက ခရိုင်အဝေးပြေး လမ်းမပေါ်ကို မောင်းလာတဲ့အထိ စောင့်ပြီးမှ ကျိန်ဆဲပစ်လိုက်သည်။
“ခင်ဗျားရဲ့ လေယာဉ်က သောက်ကျိုးနည်ပဲ!! ဘာလုပ်နေတာလဲ”
ဖန့်ကျစ်လည်း အရမ်းပင်ပန်းနေပြီ။ သူက ဝူရှဲ့ကို ကြည့်ရင်း ပြုံးပြီးပြောလာသည်။
"စိတ်မဆိုးပါနဲ့....ကျုပ်လည်း ဒါပထမဆုံးအကြိမ် အရှက်ရတာပဲ...ဘယ်အချိန်မှ လွတ်မှာပါလိမ့်... လွတ်မြောက်ပါ့မလားတောင် မသိတော့ဘူး... "
သူပြောတာကို ကြားတော့ ဝူရှဲ့လည်း ကားနောက်ကို ကြည့်လိုက်ရာ တစ်လမ်းလုံး မည်းမှောင်နေပြီး ဘယ်သူမှလည်း သူ့ကို လိုက်ဖမ်းနေပုံမပေါ်ပါဘူး။
ဝူရှဲ့ နားမလည်ခဲ့ပါဘူး။ ဒါတွေအကုန်လုံးက စီစဉ်ထားတဲ့ အတိုင်းပဲ။ သို့နှင့် ဘာဖြစ်နေတာလဲလို့ မေးလိုက်တော့ သူက စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြောလာခဲ့သည်။
"ကားထဲမှာ ရဲတွေ ညှိနေတာ ရှိတယ်... သခင်သုံးက ဒီမှာ မရှိဘူး လယ်ကွင်းထဲက လူဆိုးဂိုဏ်းဟောင်းတွေကြားမှာ တစ္ဆေတစ်ကောင် ရှိနေတယ်"
ဆိုလိုတာက ရထားပေါ်မှာ ရဲတွေ ရှိတယ်။ ဦးလေးသုံးက ချောင်ရှားမှာ မရှိပါဘူး။ အခု ချောင်ရှားမှာ စီးပွားရေးတွေ ရှုပ်ပွနေပြီး ရှုပ်ထွေးအောင် အလုပ်တွေ လုပ်နေတဲ့လူကလည်း ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်။
စကားပြောနေရင်းနဲ့ ဝူရှဲ့ ကားသမားကို တစ်ချက် ကြည့်လိုက်သည်။ ဒရိုင်ဘာကိုက ခေတ္တငှားထားရလို့ သိပ်အများကြီး ပြောလို့မရမှန်း သိလိုက်တာကြောင့် ထပ်မမေးတော့ဘဲ အရသာငါးမျိုးပါတဲ့ ပုလင်းကို ခေါက်လိုက်သလို ခံစားလိုက်ရသည်။ အခု သူက ဘယ်သူလဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးနေမိ၏။ သေချာပေါက် သူက တရားခံပြေးတော့ မဟုတ်ဘူးလေ။
အဘိုးရေ ဒီနှစ်တွေထဲမှာ ဘာတွေ ဖြစ်သွားတာလဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က သူသည် စီးပွားရေးသမားငယ်တစ်ဦး ဖြစ်ခဲ့သေးသော်လည်း ရုတ်တရက် သင်္ချိုင်းဓားပြ အဖြစ်သို့ ပြောင်းလဲကာ ဖုတ်ကောင်တွေနဲ့ လက်ဝှေ့ထိုးရပြီး အခုလည်း ထွက်ပြေးလာရပြန်ပြီ။ ဘဝကြီးက တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။
ကားက ကျင်းဟွာမြို့ အနီးက ခရိုင်ငယ်လေးတစ်ခုဆီ မောင်းလာခဲ့သည်။ နှစ်ယောက်သား ကားပေါ်ကဆင်းပြီး ငွေပေးချေလိုက်၏။ ဖန့်ကျစ်က သူ့ကို အရွယ်အစားပိုသေးတဲ့ ၀တ်စုံအဟောင်းတွေဝယ်ဖို့ ခေါ်သွားခဲ့ပြီး ကိုယ့်ကိုကိုယ် မှန်ထဲမှာ ကြည့်လိုက်တော့ တော်တော် ချဥ်စုတ်နေတာကို တွေ့လိုက်ရလေသည်။ ဘတ်စ်ကား လက်မှတ်တွေ ထပ်ဝယ်လိုက်ကာ ယာယီနားပြီးနောက်မှ သူတို့အစောတုန်းက စီးလာတဲ့ကားက ရောက်လာသည်။
ဒီတစ်ခါတော့ အိပ်စင်ပါတဲ့ ရထားပေါ် ပြန်တက်လာခဲ့သည်။ ဖန့်ကျစ်သည် ရထားကိုကြည့်ရင်း သိသိသာသာပင် စိတ်အေးလက်အေးဖြင့်
"အဲဒီရဲအရာရှိတွေ အခုနတုန်းက ကျင်းဟွာဘူတာရုံမှာ ဆင်းသွားလောက်ပြီ... အခု အဝေးပြေးလမ်းမကြီးနဲ့ ပြည်နယ်လမ်းတွေရဲ့ အဆုံးမှာ ပိတ်ဆို့မှုတွေ ရှိနေတယ်... သူတို့လည်း ငါတို့ရထားအစ်ပေါ် တက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားလောက်ဘူး"
ဝူရှဲ့မှာလည်း ထွက်ပြေးသူ အနေနဲ့ ခရီးထွက်ရတာ ပထမဆုံး အကြိမ်ပါပဲ။ လက်တွေ ခြေထောက်တွေကို ဘယ်လို လှုပ်ရမှန်းတောင် မသိတော့အောင် ဖြစ်နေပြီ။ ဖန့်ကျစ် ပြောတာကိုကြားတော့ ဝူရှဲ့ တုန်လှုပ်ချောက်ချားသွားပြီး
“ဘာဖြစ်နေတာလဲ? ရဲတွေက ဘာလို့ ကျွန်တော်တို့ကို ပစ်မှတ်ထားရတာလဲ?...ကျွန်တော် မလုပ်.... အမ် မဟုတ်သေးဘူး... ကျွန်တော် လုပ်ခဲ့တဲ့ အရာတွေကို သာမာန်လူတွေ ရှာမတွေ့နိုင်ဘူးလို့ ပြောသင့်တယ် ထင်တယ်နော်?"
“ကျွန်တော်လည်း မသိဘူး” ဖန့်ကျစ်က
“နေ့လည်ပိုင်းတုန်းက ချောင်ရှားမှာရှိတဲ့ မြေအောက်ဘဏ်ကို ဖုန်းဆက်လိုက်တော့ သူဌေးက ကျုပ်အသံလို့ ကြားတာနဲ့ စကားနှစ်ခွန်းပဲ ပြောလာတယ်... ပထမက သခင်လေးကို ချက်ချင်း ချောင်ရှားကို ရောက်အောင် ခေါ်သွားခိုင်းတယ် သခင်သုံးဆီက မက်ဆေ့ခ်ျတစ်ခု ရထားတယ်တဲ့... ဒုတိယအချက်ကတော့ ချောင်ရှားမှာ အခြေအနေ တစ်ခုရှိတယ် ရဲတွေကို သတိထားဖို့ပြောပြီး ဖုန်းချသွားတာပဲ... အဲဒီသူဌေးက ဦးလေးရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်နေတာ အနှစ်သုံးဆယ်ရှိပြီ.... သူက လုံးဝကို အားကိုးအားထား ပြုလို့ရတယ်လို့ ကျွန်တော်ထင်တယ်.... ပြီးတော့ ကျွန်တော်က ဟန်ကျိုးနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးဘူး အရမ်းကြာနေရင် တစ်ခုခု ဖြစ်သွားမှာစိုးလို့ ကျွန်တော်တို့ ချောင်ရှားကို အရင်ပြန်ပြီးမှ ပြောမယ်လို့ဆိုပြီး..."
ဝူရှဲ့ စိတ်ပူနေတာကို မြင်တော့ သူက ဆက်ပြောလေသည်။
“ဘတ်စ်ကားပေါ်တက်ပြီး အရပ်ဝတ် လူတချို့ကို တွေ့တော့ ချက်ချင်း သူငယ်ချင်းကို ဖုန်းဆက်ပြီး ကားကိုခေါ်ပြီး လမ်းတွေအတိုင်း တတ်နိုင်သမျှ မြန်မြန် လိုက်လာခိုင်းလိုက်တာ... ခဏတဖြုတ် ရပ်နေတဲ့အချိန် ဒရိုင်ဘာက အချက်ပြပေးနေတာ တွေ့တော့ အခွင့်ကောင်းရောက်လာမှန်း သိတာနဲ့ သခင်လေးကိုပါ ကားပေါ်က ဆွဲချလိုက်တာ... ကားသမားက စကားတစ်ခွန်းမှ မပြောဖြစ်တာကို တွေ့တော့ သူလည်း ကျွန်တော်တို့လောကထဲက လူဆိုးလူမိုက်ပဲလို့ ပြောရမယ်... အဲလိုလူတွေရှေ့မှာ စကား အရမ်းများလို့ မဖြစ်ဘူး....ဒါပေမဲ့ ဒီသတိပေးချက်တွေကနေ သူတို့ဆီမှာ အဖမ်းမခံလိုက်ရဘူး... ဆိုလိုတာက ချောင်ရှားက ပြဿနာက ကျွန်တော်တို့နဲ့ အနည်းငယ်လောက်ပဲ သက်ဆိုင်လိမ့်မယ်။ ကျွန်တော်တို့လို ပုဇွန်လေးတွေ အားလုံးကို မုန်လာဥနီနဲ့ ပြုလုပ်ထားတာမို့ အရမ်းကြောက်နေဖို့ မလိုပါဘူး... သခင်လေး လုပ်တဲ့အရာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ အများဆုံးကတော့ အမှိုက်တစ်ခုလောက်ပါပဲ"
ဒါကိုကြားပြီးနောက်မှသာ ဝူရှဲ့လည်း နည်းနည်းသက်သာလာသလို ခံစားရလိုက်ရသည်။ ကျေးဇူးတင်တယ်လို့ ပြောတော့မယ့် အချိန်မှာပဲ ဖန့်ကျစ်က ထပ်ပြောလာခဲ့ပြန်၏။
"ချောင်ရှားမှာ တစ်ခုခု ဖြစ်သွားရင် မရေမတွက်နိုင်တဲ့ သဲလွန်စတွေ ရှိလာလိမ့်မယ်... အဲဒီအခါ သခင်သုံးလည်း သေချာပေါက် ပါဝင်လာလိမ့်မယ်။ အဲဒီသူဌေးကလည်း ရှင်းရှင်းလင်းလင်း မပြောသွားဘူး. ... ငလူးတဲ့မှ လောကကြီးထဲမှာ ဘာတွေဖြစ်နေတာလဲဟ... တကယ်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ အရမ်းချုပ်နှောင်ခံခဲ့ရပြီး မြေထဲကို တိုက်ရိုက် သွားခဲ့တာမျိုး မရှိခဲ့ပါဘူး... အရင်တုန်းက ကိစ္စတွေကလည်း ကြီးကြီးမားမား မဖြစ်လာနိုင်ဘူး.. ဘာတွေဖြစ်နေတာလဲ တကယ်ကို နားမလည်နိုင်တော့ဘူး”
“ဒါဆို ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ?” လို့ ဝူရှဲ့ အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်။
ဖန့်ကျစ်က "ကျွန်တော်တို့ ချောင်ရှားကို တိုက်ရိုက်သွားလို့ မရဘူး။ ကျဲကျန်းက ထွက်ပြီးရင် ရထားပေါ်က ဆင်းကြမယ်.... ပြီးရင် ချောင်ရှားဘေးက တောင်တွေဆီကို သွားမယ့် ခရီးဝေး ဘတ်စ်ကားစီးမယ်... သခင်သုံးက အဲဒီပြင်ဘက်မှာ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းတဲ့ နေရာတွေ အများကြီး ရှိတယ်... အဲဒီမှာ သူ့ကို ဆက်သွယ်ဖို့ ဘဏ်သူဌေးက လာတတ်တယ်.."
ဝူရှဲ့လည်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ရထားက တခြားဘူတာရုံသို့ ရောက်ရှိလာပြီး ခရီးသည်များကို တင်ဆောင်လာခဲ့သည်။ ဖန့်ကျစ်က မျက်စိမှိတ်ပြလိုက်ရာ ဝူရှဲ့လည်း ခေါင်းစဉ်ကို ချက်ချင်း ပြောင်းလိုက်၏။
သူတို့ စကားစမြည်ပြောရင်း ချန်ဖီအားစစ် အကြောင်း မသိလိုက်ဘဲ ပြောနေခဲ့သည်။ အဲဒီလူရဲ့ နာမည်က ချောင်ရှားမှာ တော်တော်လေး တော့ နာမည်ကြီးလေရာ ဖန့်ကျစ်လည်း သူ့အကြောင်း ကြားဖူးတာကြောင့်
"ဒီလူက အဲဒီမှာ သူ့ကိုယ်ပိုင်စီးပွားရေး ရှိတယ်... သူ မျက်မမြင်ဖြစ်ပြီးနောက် သူ့ကိုယ်ပိုင်လုပ်ငန်းကို ရပ်လိုက်တယ်လို့ ကြားတယ်။ ယဉ်ကျေးမှု တော်လှန်ရေး အပြီးမှာ နိုင်ငံခြားသားတွေကို ရှေးဟောင်းပစ္စည်း ပြန်ရောင်းဖို့ အလုပ်သင် နည်းနည်းလည်း ခေါ်ယူခဲ့သေးတယ်တဲ့ ဒီလူက အရမ်းမိုက်လွန်းတယ်... သူ့ရဲ့ပထမဆုံး အလုပ်သင်တွေ အားလုံးနီးပါး သေနတ်နဲ့ အပစ်ခံလိုက်ရတယ်လေ... သူက အသက်ကြီးပြီး မကောင်းတဲ့ ကောလဟာလတွေလည်း များတယ်။ သူနဲ့ ခပ်ဝေးဝေးမှာနေတာ အကောင်းဆုံးပဲ"
ဝူရှဲ့မှာ မျက်စိကန်းနေပုံမပေါ်တဲ့ ချန်ဖီအားစစ်ရဲ့ အသွင်အပြင်ကို တွေးပြီး ပိုတောင်ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ဖန့်ကျစ်ရဲ့ အစီအစဉ်အရ အလှည့်အပြောင်းများစွာ ကြုံရပြီးနောက် ချောင်ရှားအနီးရှိ ဖူရှို့တောင်တန်းသို့ ရောက်ခဲ့သည်။ အဲဒီနေရာက တကယ်ကောင်းတဲ့ နေရာဖြစ်ပြီး လမ်းတလျှောက် ရှုခင်းတွေက ချစ်စရာလှပေသည်။ ဖန့်ကျစ်က ဒီဧရိယာထဲမှာ နှစ်ပေါင်းများစွာ လှုပ်ရှားနေတာမို့ သူနဲ့ ရင်းနှီးပြီးသား ဖြစ်လေ၏။ နှစ်ယောက်သား မြို့ထဲရှိ ကုန်ခြောက်ဈေး တစ်ခုသို့ ရောက်လာခဲ့သည်။
၎င်းသည် လူ့ဘောင်ဟောင်းရှိ မြေအောက်ပါတီတစ်ခုနှင့်ပင် တူလေသည်။ ဝူရှဲ့သည် ဤနေရာဟာ စီးပွားရေးလုပ်လို့ ကောင်းမယ့် နေရာ မဟုတ်ကြောင်း ပထမတစ်ချက် ကြည့်ရုံဖြင့် သိနိုင်လေသည်။ သို့နှင့် ဖန့်ကျစ်သိထားသည့် ဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ ဆိုင်သည် အတွင်းနှင့် အပြင်တွင် ကွန်ပျူတာ အဟောင်းများကို ရောင်းချလျက် ရှိ၏။ အနောက်ဘက် နံရံကို တွန်းဖွင့်ထားပြီး အခန်းငယ်တစ်ခုလည်း ရှိနေသည်။ နှစ်ယောက်သား အထဲသို့ ရောက်သွားတော့ ဆိုင်နှစ်ခုကြားက ဗိသုကာလက်ရာ ကွာဟချက်တွေဟာ တစ်ချက် တစ်ချက် သိသာလာသည်။
လမ်းက လူနှစ်ယောက် ဘေးချင်းကပ်လျက် လမ်းလျှောက်သွားလို့ ရနိုင်တဲ့အထိ ထားရှိထားသည်။ အပေါ်ကနေ မိုးကာပုဆိုးများကို ဆွဲချထားပြီး အတွင်းဘက် နှစ်ဘက်စလုံးတွင် စင်တန်းများ ပါရှိကာ ၎င်းတို့အားလုံးသည် အသစ်တူးဖော် တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများသာ ဖြစ်လေသည်။
လူတော်တော်များများက ကုန်ပစ္စည်းတွေ လာကောက်နေကြတာကို တွေ့ရပြီး တာဝန်ခံက ဖန့်ကျစ်ကို သိလေ၏။ သူတို့ရောက်လာတာ မြင်တော့ လက်ထဲက ပစ္စည်းတွေကို ချလျက် ပြေးချလာကာ
“မင်းဘာလို့ အခုမှ ရောက်လာတာလဲ? အခြေခံပစ္စည်းတွေက အဆင်သင့် ဖြစ်နေပြီ မင်းတို့ဘယ်အချိန် ထွက်ကြမှာလဲ?"
"ပစ္စည်း? ဘာပစ္စည်းလဲ?"
ဖန့်ကျစ် အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသွားဟန်တူသည်။ ထိုလူသည်လည်း ခဏတာပင် ဆွံ့အ အံ့အားသင့်သွားကာ
"မင်းမသိဘူးလား?"
ဖန့်ကျစ် ဝူရှဲ့ကို ပြန်ကြည့်လိုက်သည်။ ဝူရှဲ့လည်း ဘာလို့ သူ့ကို စိုက်ကြည့်နေတာလဲ ဒါ ခင်ဗျားရဲ့ နယ်မြေပဲဆိုတဲ့ အကြည့်နဲ့ ပြန်စိုက်ကြည့်လိုက်တော့ ဖန့်ကျစ်လည်း တစ်ဖက်လူဆီ ပြန်လှည့်သွား၏။
"ခင်ဗျားဘာတွေ ပြင်ဆင်နေတာလဲ"
အဲဒီလူက "သခင်သုံးက လူငါးယောက်ကို ပြင်ဆင်ခိုင်းပြီး အလုပ်လုပ်ခိုင်းထားတယ်လေ မင်း မသိဘူးလား?"