Chapter (51)
အနက်ရောင် သံချပ်ကာ ခြင်္သေ့ဦးထုပ်
အိမ်နောက်ဖေးမှာ ဟုန်ကျွင့်က ကတ်ကြေးနဲ့ ရောက်လာပေမယ့် လုရွှီက ထပ်ပြီး အော်ငေါက်နေကော ဟုန်ကျွင့် မော့ရစ်ကန်းကို မထိနိုင်အောင် ပွေ့ဖက်ထားလိုက်ပါ၏။
"သူ့ကို ပတ်တီးမစည်းပေးခင် ငါ သူ့ဒဏ်ရာကို အရင် သန့်ရှင်းရမယ်"
ဟုန်ကျွင့်လည်း လုရွှီက သာမန်လူတစ်ယောက်လို မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားပြီး စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ဒါက ဆေးဖက်ဝင်ပစ္စည်းပါ"
လုရွှီက သံသယတွေအပြည့်နဲ့ ကြည့်နေသည်။ ဟုန်ကျွင့်လည်း တစ်ဖက်လူ ခဏတုံ့ဆိုင်းနေတဲ့ အချိန် သွေးရောင် ဆေးလုံးလေးကို ပြပြီး ဆေးတစ်လုံးပေးလိုက်သည်။
“ဒါကျွေးလိုက်... ဒီဆေးက ဒဏ်ရာတွေကို ကုသဖို့ အထူးဖော်စပ်ထားတာ နှလုံးကိုလည်း ကာကွယ်ပေးပါတယ်... မကြာခင် အဆင်ပြေသွားမှာ”
ငါးကြင်းနတ်ဆိုး: "ဟုန်ကျွင့်... အရမ်းမကျွေးနဲ့ ဒါက ဒုတိယအလုံး"
ဒီအဂ္ဂိရတ်ဆေးက ဖီးနစ်သဲဖြူဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။ ဖီးနစ်သဲဖြူဟာ ထူးဆန်းတဲ့ ဆေးဖက်ဝင် ပစ္စည်း ၇၂ မျိုး ရှိပြီး နှလုံးကို ကာကွယ်ပေးသလို ဒဏ်ရာတွေကိုလည်း သက်သာစေနိုင်ပါ၏။ လုရွှီမှာ မျက်မှောင်ကြုတ်ပြီး အဂ္ဂိရတ်ဆေးအနံ့ကို ရှူနေသော်လည်း သူ့မျက်လုံးတွေက သံသယတွေ ပြည့်နှက်နေပြီး ဟုန်ကျွင့်ကို ကြည့်ပြီး ဒါက ဘာဆေးအမျိုးအစားလဲလို့ မေးချင်နေသလိုပင်။
"သူ့အဖေရဲ့...."
ငါးကြင်းနတ်ဆိုးက ထပ်ခါထပ်ခါ အသံထွက်လာသည်။
ဟုန်ကျွင့်: "ကျောက် ကျစ် လုံ! သေချင်နေတာလား"
ငါးကြင်းနတ်ဆိုး - "မဟုတ်လို့လား ဖီးနစ်ဖြူကလည်း အမိုက်စားပဲလေ"
လုရွှီ: "..."
ထိုစဥ် မော့ရစ်ကန်းက ညည်းတွားလာလေ၏။ လုရွှီက ငါးကြင်းနတ်ဆိုးကို ကြည့်ပြီး ဟုန်ကျွင့်ကိုလည်း လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက အဂ္ဂိရတ်ဆေးကို အပိုင်းပိုင်းခွဲကာ မော့ရစ်ကန်း၏ပါးစပ်ထဲသို့ ကျွေးပြီးနောက် ရေတိုက်ကျွေးသည်။ ဟုန်ကျွင့်က ကတ်ကြေးယူကာ မော့ရစ်ကန်းရဲ့အဝတ်တွေကို ဖြတ်နေသည်။ ထိုစဉ် ငါးကြင်းနတ်ဆိုးက ဆိုလာ၏။
"ခေါင်းဆောင်လည်း မင်းအဖေရဲ့ ဟာကို တမင်နန်းတော် အပြင်ဘက်မှာ စားခဲ့တယ်လေ..."
ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို တံခါးအပြင်အထိ ကန်ထုတ်ပစ်လိုက်လေသည်။ အဲဒီနောက် ဟုန်ကျွင့် လုရွှီကို ကြည့်လိုက်ပြီး။
"သွား ရေသွားယူ... မင်းက သူ့ညီလား"
မော့ရစ်ကန်းမှာ ညီလေးငါးယောက် ရှိတယ်ဆိုတာ ဟုန်ကျွင့် သိပေမယ့် ဘယ်ညာကြည့်လိုက်ရင် သူတို့နှစ်ယောက် တူတယ်လို့ မထင်ရပေ။ လုရွှီက "ဟမ်" လို့ ပြောပြီး ဆေးကုန်သွားတဲ့အခါ ခေါင်းကို ငုံ့သွားလေသည်။ ထိုစဥ် မော့ရစ်ကန်းက နိုးလာပြီး။
"လမ်းမှာ ငါ သူ့ကို ကယ်တင်လိုက်တာ... သူ့နာမည်က လုရွှီတဲ့.. စကား အများကြီး မပြောတတ်ဘူး"
ဟုန်ကျွင့် မော့ရစ်ကန်း၏ အဝတ်အစားများကို ကူချွတ်ပေးလိုက်သည်။ မော့ရစ်ကန်းက သူ၏မျက်လုံးများကိုမှိတ်ထားပြီး တိုးတိုးလေးပြောလိုက်သည်။ လုရွှီ ရေယူလာစဥ် မော့ရစ်ကန်းက ဆို၏။
"ဟုန်ကျွင့်... ငါ့အတွက် သုတ်ပေးလိမ့်မယ်... လုရွှီ မင်းသွားပြီးတော့ အနားယူလိုက်ပါ..."
လုရွှီ လန့်သွားပေမယ့် မော့ရစ်ကန်းရဲ့ စကားကို တကယ် နားထောင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရေပုံးကိုချ၍ အခန်းထဲက ထွက်သွားပေမယ့် အဝေးကြီးကိုတော့ မထွက်သွားခဲ့ပေ။ ဟုန်ကျွင့်လည်း မော့ရစ်ကန်းရဲ့ ခန္ဓာကိုယ်ကို သုတ်လိုက်တော့ မော့ရစ်ကန်းက အတင်းပြုံးပြီး "တောင်းပန်ပါတယ်" လို့ ပြောလာ၏။
ဟုန်ကျွင့်ခမျာ မရယ်နိုင် မငိုနိုင်ဘဲ "အမ်... ငါတို့ဘာလို့ ရှက်နေရတာလဲ"
မော့ရစ်ကန်း: "ချင်ဟွာရေကန်မှာ ငါတို့ အချင်းချင်း တွေ့ဖူးတာပဲကို"
ဟုန်ကျွင့်က မော့ရစ်ကန်းရဲ့ ရင်ဘတ်ကို ပွတ်တိုက်ပေးလိုက်သည်။ မော့ရစ်ကန်း၏ တစ်ကိုယ်လုံးတွင် အမာရွတ်များ ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် ဓားဒဏ်ရာများ ရှိနေသည်။ ဟုန်ကျွင့် သူ့ကို နှစ်သိမ့်ပေးသည့် အနေဖြင့် စောင်တစ်ထည်နှင့် အုပ်ထားပေးလိုက်လေ၏။
တစ်ဖက်က ခန်းမထဲမှာတော့ လီကျင်လုံက ဇာတ်လမ်းတစ်ခုလုံးကို ပြောပြနေရပေသည်။ ကဲရှူးဟန့်မှာ မယုံကြည်နိုင်သော်လည်း အခုနတုန်းကမှ သူ့မျက်လုံးနဲ့ မြင်လိုက်ရတာကြောင့် ယုံလိုက်ရချေပြီ။
လီကျင်လုံ: "စစ်သူကြီး... ခင်ဗျား သက်သေလိုသေးလား.... ကျွန်တော့်ညီအစ်ကိုက အလောင်းတစ်ဝက်ကို ပြန်ယူလာခဲ့တယ် အခု အပြင်မှာ ရှိနေတယ် တစ်ချက်လောက် ပြောပြလို့ရတယ်"
ကဲရှူးဟန့်: "ယူလာခဲ့စမ်း!"
စစ်သည်များသည် ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ အိတ်တစ်လုံးကို ဆွဲယူလာကြလေ၏။ အိတ်ထဲမှ အလောင်းကို ထုတ်ပြီးနောက် လူတိုင်းက လက်နက်များ ကိုင်ဆောင်ကာ အလောင်းကို သတိရှိရှိနှင့် ကြည့်နေကြသည်။ လီကျင်လုံက ပညာရှိဓားကို ကောက်ကိုင်ကာ အိတ်ကို ဆွဲဖြဲလိုက်သည်။
လူတိုင်း: "..."
လီကျင်လုံ သူ့ဘာသာသူ တွေးနေခဲ့တာက မှားပြီး ဖမ်းမိသွားပြီ။
ဝံပုလွေကြီးသည် အလောင်းတစ္ဆေ စစ်တပ်ထံမှ ခန္ဓာကိုယ်တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း အလျင်စလို ဖြစ်နေခဲ့လေသည်။ အစက သူတို့သည် မူလခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းကို သိမ်းပိုက်လိုသော်လည်း မထင်မှတ်ပဲ အောက်ပိုင်းကို မှားယွင်းစွာ ဖမ်းမိသွားခဲ့သည်။
ထို့နောက် အလောင်းတစ္ဆေဟာ ခါးမှ ပြုတ်ထွက်သွားပြီး ခြေထောက် နှစ်ချောင်းသာ ကျန်တော့သည်။ ၎င်းက ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် လှည့်ပတ်ကာ နေရာကို လှည့်ပတ်သွားခဲ့သည်။ ထိုမြင်ကွင်းကို လူတိုင်း မြင်လိုက်သောအခါတွင် ချက်ချင်းဆိုသလိုပင် ထူးဆန်းပြီး ရယ်စရာကောင်းသွားသလို ခံစားလိုက်ရကာ နှလုံးသားထဲက ကြောက်စိတ်များပင် မရှိတော့ပေ။
သက်သေပြနိုင်သရွေ့ အဆင်ပြေတယ်လို့ တွေးထားတဲ့ လီကျင်လုံက ဓားကိုကိုင်ပြီး ကဲရှူးဟန့်ကို ကြည့်ဖို့ တွန်းအားပေးရင်း သူ့မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ထားစေသည်။
"မြန်မြန်သတ်လိုက်! ခေါင်းဆောင်လီ"
ခန်းမအတွင်းရှိ စစ်သားအားလုံး၏ မျက်လုံးများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ အလောင်းတစ္ဆေရဲ့ ခြေထောက်များက တွန့်လိမ်ကာ မြေပြင်ပေါ်တွင် လှည့်ပတ်ကာ ပြေးနေပြီး တစ်ဖက်မှ လူများ နီးကပ်လာသောအခါတွင် ဟန်ချက်မညီစွာ လှည့်ပတ်နေသည်ကို တွေ့ရသည်။ လီကျင်လုံက ပညာရှိဓားထဲသို့ နှလုံးမီးအိမ်၏ စွမ်းအားကို ထိုးသွင်းလိုက်ရာ ဓားက အရောင်တောက်လာသည်။ သို့သော် သတ်ချင်သော်လည်း ဘယ်လို သတ်လိုက်ရမလဲ မသိတော့ပေ။
"လီကျင်လုံ! သတ်လိုက်တော့လေ!"
ကဲရှူးဟန့်က အော်လိုက်သည်။ လီကျင်လုံ အလောင်းခြေထောက်ဘက် လှည့်ကြည့်လိုက်သော်လည်း အဆုံးတွင် သူ့ဓားကို ထိုခြေထောက်များ၏ ကြားထဲသို့ ထိုးသွင်းရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ချေ။ နောက်ဆုံးတော့ ခြေထောက်က ငြိမ်သွားပြီး လုံးဝ သေသွားပါတော့သည်။
လီကျင်လုံ သူ့နဖူးကို ကိုင်ထားပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"ကျွန်တော့်နာမည်ကို ရှင်းနေစရာ မလိုတော့ဘူး ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ အပြောခံရဖူးပြီးပြီပဲ ကျန်တာတော့ မင်းတို့ကိုယ်တိုင် ထိန်းလို့ရတယ်.. နတ်ဆိုးတွေ နှိမ်နင်းဖို့ လိုအပ်တဲ့နေရာတိုင်း ငါတို့ကို တစ်ချက်လောက် ပြောပြသင့်တယ်"
ခန်းမတွင်းရှိ လေထုသည် တခဏတာအတွင်း အလွန်ထူးဆန်းနေသဖြင့် လီကျင်လုံလည်း လူတိုင်းကို ထားခဲ့ကာ ဓားကို သိမ်း၍ မော့ရစ်ကန်း၏ အခန်းသို့ ပြန်သွားခဲ့သည်။
ဟုန်ကျွင့်နဲ့ လုရွှီတို့သည် ထမင်းဖြူပူပူဖြင့် ပြည့်နေသော ပဇလုံတစ်လုံးကို ကိုင်ထားလျက် ရှိသည်။ ထမင်းအပေါ်၌ အသီးအရွက်များနှင့် အသားများကို လှီးထည့်ထားပြီး နှစ်ယောက်လုံး ဗိုက်ဆာနေချိန်မို့ စားသောက်ရင်း ဘေးချင်းကပ် ထိုင်နေကြသည်။ မော့ရစ်ကန်းနဲ့ သူ့ဆက်ဆံရေးနှင့် ပတ်သက်၍ လုရွှီခမျာ ဟုန်ကျွင့်ကို အနည်းငယ်ရန်လိုပုံရသည်။ လီကျင်လုံ ရောက်လာသောအခါတွင်လည်း လုရွှီက သူ့ကို ရဲရဲကြီး ကြည့်နေပြန်သည်။
"ဒါက ငါတို့ရဲ့ ဌာနခေါင်းဆောင်ပဲ"
လီကျင်လုံက တံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွား၏။ မော့ရစ်ကန်း အိပ်ပျော်နေပြီဆိုတာ မြင်လိုက်ရတော့ လုရွှီကို လှည့်ကြည့်လိုက်သည်။
"ဒီညီလေး... ဒီည မင်းကြိုးစားမှုအတွက် ကျေးဇူးပါပဲ..."
ဟုန်ကျွင့်: "ကျွန်တော် ညစောင့်လိုက်မယ်... အားလုံးလည်း ပင်ပန်းနေပြီမလား"
လီကျင်လုံ: "မင်းဘာလို့ အရမ်းဂရုစိုက်နေတာလဲ သွားမယ် သွားမယ်"
ညဘက်တွင် စစ်သူကြီးအိမ်ရှိ မီးများက ထိန်ထိန်လင်းနေပြီး မည်သူမျှ အိပ်မပျော်ကြောင်း ထင်ရှားလေသည်။ လီကျင်လုံနဲ့ ဟုန်ကျွင့်တို့သည် ကုတင်နှစ်လုံးပါသော အခန်းတစ်ခုတွင် နေကြ၏။ ချန်အန်းက အိမ်ရှေ့စံ မင်းသားထံ စာတစ်စောင်ရေးကာ ဤတစ်ကြိမ်တွင် သူသည် မဆိုင်းမတွပင် စစ်သူကြီးရဲ့ စိတ်ဆန္ဒအကြောင်းလည်း ထည့်ရေးခဲ့သည်။ စာအိတ်ကို ဟုန်ကျွင့်က မနေ့ညကလိုပဲ စောင်ထဲမှာ လိပ်ထည့်ထားလိုက်သည်။
"မရေးနဲ့တော့.... အိပ်ရတော့မယ်..."
လီကျင်လုံ စာတစ်စောင်ကို တံဆိပ်နှိပ်ပြီးနောက် သူ့ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများစွာ နှင့် ဓားဒဏ်ရာ နှစ်ခုပါရှိတာကြောင့် မီးပိတ်ခါနီးတွင် သူ့ကိုယ်သူ ဆေးပြန်တိုက်ခဲ့ရသည်။
"ခင်ဗျား သူတို့ကို သွားမကူညီဘူးလား?"
လီကျင်လုံက ရပ်လိုက်ပြီး "မင်း ကိုယ့်ကို ဘာလုပ်စေချင်တာလဲ... အခုနကတင် အိပ်ခိုင်းပြီးတော့ အခုကျတော့ သွားကူညီခိုင်းနေပြန်ပြီ"
ဟုန်ကျွင့်: "သွားအိပ်ရအောင်ပါလေ... အလောင်းတစ္ဆေတွေ ထပ်လာမှာကို စိတ်ပူနေလို့ပါ... သူတို့ကို လျစ်လျူရှုထားရင် ရွာကို ထပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားရင် ဘယ်လိုလုပ်မလဲ"
"ကိုယ်လည်း သူတို့ကို ထပ်ခါထပ်ခါ မရိုက်နိုင်တော့ဘူး... နေရာတိုင်းကို လိုက်ဖမ်းရတာ ပင်ပန်းနေတုန်းပြီ ကဲရှူးဟန့်က ဟယ်ရှီးမှာရှိတဲ့ ခရိုင်နဲ့မြို့တွေက လူတွေအားလုံးကို ဖယ်ထုတ်ပြီးပြီ... သူတို့ကို ရွှေ့ပြောင်းဖို့ ကာကွယ်ရေးဌာနတွေ ထူထောင်ပြီး အတိုင်ပင်ခံတွေ စုဆောင်းနေပြီ... သူတို့တစ်ညလုံး တန်ပြန်စစ်ဆင်ဖို့ ဆွေးနွေးနေကြတယ်။ ဒီကိစ္စကို ထုတ်ဖော်ပြီးတာနဲ့ ကိုယ်တို့ စိတ်ပူစရာ မလိုဘူး စိတ်မပူပါနဲ့ ကိုယ်တို့ ဒီည အိပ်မပျော်နိုင်တော့ရင် ထပြီး အလုပ်လုပ်မယ်”
ဟုန်ကျွင့်က ယနေ့တွင် ဖုတ်ကောင်တပ်သား 100,000 ရောက်လာမှာကို စိုးရိမ်နေသေးသည်။ လီကျင်လုံ အိပ်ယာပေါ် လှဲလိုက်တဲ့အထိ ဟုန်ကျွင့်က အနည်းငယ် စိတ်မသက်မသာ ဖြစ်ကာ အိပ်ရခက်နေ၏။
"ခေါင်းဆောင်... ဒီနေ့ လူဘယ်လောက် သေသွားတာလဲ?"
"ပထမဆုံးအကြိမ် စစ်တိုက်ဖူးတာလား?"
ဟုန်ကျွင့်: "ဟုတ်တယ်"
ဒီနေ့ တိုက်ပွဲအပြီးမှာ လူပေါင်း သောင်းနဲ့ချီ သေဆုံးတာ မဟုတ်ပေမယ့် ထောင်ပေါင်းများစွာက အလောင်းတွေကို ဘယ်လို ပြန်ထုတ်ရမလဲ၊ စစ်မြေပြင်မှာ နှစ်ဖက်စလုံးက လက်တွေ ခြေတွေ ပြတ်ကုန်သည်လေ။
လီကျင်လုံ: "ဒါက ကိုယ့်အတွက်လည်း ပထမဆုံးအကြိမ်ပဲ... မကြောက်ပါနဲ့"
ဟုန်ကျွင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ အပြင်မှာ လေအေးက တဖန်ပြန်တိုက်ခတ်လာတော့ လီကျင်လုံဆီက ညည်းသံလေး ထွက်ပေါ်လာ၏။
"ကျစ်... အနောက်မြောက်ပိုင်းရဲ့ ဆောင်းရာသီက ဘာလို့ ဒီလောက် အေးနေရတာလဲ"
ဟုန်ကျွင့်: "ကျွန်တော့်နေရာကို လာခဲ့.... ဒီမှာ နွေးတယ်"
လီကျင်လုံလည်း အိပ်ရာထကာ စောင်ကို ဆွဲယူရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ ၎င်းတို့နှစ်ဦးသည် စောင်နှစ်ခုကို တစ်ခုနှင့်တစ်ခု ထပ်ကာ ခြုံလိုက်တော့မှပဲ နောက်ဆုံးတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
အမှောင်ထုထဲတွင် အရပ်ရပ်မှ လူသေကောင်တပ်သားများသည် လန်ကျိုးမြို့အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ မြင်းခွာသံများက တိတ်ဆိတ်နေလျက်သား။ တောကန္တာရက အေးစက်တဲ့ လေသံဟာ တစ္ဆေတစ်ကောင် အော်ငြီးနေသည့်နှယ်။ အရပ်မြင့်မြင့်ကြီးနဲ့ အလောင်းတစ္ဆေ တစ်ကောင်က မြင်းစီးပြီး မြို့ပြင်က တောင်ကုန်းပေါ် တက်သွားသည်။
ထိုသူသည် အရပ်ရှည်ပြီး အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အနက်ရောင်ခြင်္သေ့ပုံသဏ္ဌာန် ဦးထုပ်ကို ဆောင်းထား၏။ ချပ်ဝတ်တန်ဆာက ခိုင်ခံ့သော ရင်ဘတ်နှင့် ပခုံးများကိုသာ ဖုံးအုပ်ထားပြီး သူ၏သန်မာသောလက်မောင်းများကို ဖော်ထုတ်ထားသည်။ ခြောက်သွေ့သော အလောင်းတစ္ဆေများနှင့် မတူသည်မှာ ၎င်း၏ သွေးကြောများက အေးခဲပြီး နက်ပြာရောင် အလင်းစီးကြောင်းများ လင်းနေသည်။
သူ၏ အသားအရောင်မှာ အပြာရောင်နှင့် မီးခိုးရောင် ဖြစ်သည်။ သူ့မျက်လုံးများက အတွင်းထဲအထိ နက်ရှိုင်းစွာ တိုးဝင်နေပြီး သူ၏ သူငယ်အိမ်များက ၎င်းတို့၏ မူလပုံစံကို ထိန်းသိမ်းထားဆဲပင်။ သူ့မျက်နှာမှာ အက်ကွဲကြောင်းများ မရှိသည့်အပြင် သူ၏ မျက်ခုံး၊ ဆံပင်နှင့် လက်သည်းများသည်လည်း အသက်ရှင်နေသူနှင့် တူသည်။
ထိုသူသည် ဖယောင်းရုပ် တစ်ရုပ်ကဲ့သို့ပင်။ တစ်ခုတည်းသော အရာက ကိုယ်အပူချိန် မရှိခြင်းသာ။ နှင်းပွင့်များ သူ့အရေပြားပေါ်၌ ကြွေကျလာသော်လည်း သူ့ခန္ဓာကိုယ်သည် နှင်းဖုံးနေသော မီးခိုးရောင် ကျောက်တုံးကဲ့သို့ တောင့်တောင့်ကြီးပဲ ဖြစ်သည်။ ၎င်းသည် အဝေးက လန်ကျိုးမြို့ကို တိတ်တဆိတ် ကြည့်နေ၏။
နှင်းပွင့်များသည် ပို၍ပို၍ လေးလံလာကာ ပျံသန်းနေသော နှင်းပွင့်များကြားမှ ချစ်စရာကောင်းသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"နောက်ဆုံးတော့ စတင်ဖို့ အချိန်တန်ပြီပေါ့"
တစ်ဖက်ကနေ အမျိုးသားအသံက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောသည်။
"တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဖုတ်ကောင်တွေ အားလုံး ဒီကိုရောက်နေပြီ... မင်းဘယ်လိုထင်လဲ"
နောက်တစ်နေ့ နံနက်စောစော မိုးမလင်းမီတွင် “ဒန်းဒန်းဒန်း” ဟူသော သတိပေး ခေါင်းလောင်းသံက တစ်မြို့လုံး ကြားရလောက်တဲ့အထိ ထွက်ပေါ်လာသည်။ ဟုန်ကျွင့် ချက်ချင်း နိုးလာပြီး ဘေးနားကို လက်ဆန့်ချင်ခဲ့ပေမယ့် သူ့လက်ဖဝါးကို လီကျင်လုံက ဆုပ်ကိုင်ထားကာ ရင်ခွင်ထဲ ထည့်ထားတာ တွေ့လိုက်ရသည်။
နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် အိပ်နေခဲ့ကြ၏။ လီကျင်လုံသည် စောစောကတည်းက မျက်လုံးဖွင့်ထားခဲ့သူမို့ အပြင်မှ ထွက်လာသည့် ခြေသံကို ကြားလိုက်ရသည်။ လီကျင်လုံ ဟုန်ကျွင့်လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ပေါ်တွင် တင်ထားလိုက်သည်။
"စိတ်ပူစရာ မလိုပါဘူး"
လီကျင်လုံက ပြောသည်။
ဟုန်ကျွင့် လန့်နိုးလာပြီး "သူတို့လာနေပြီ"
လီကျင်လုံ: "ကိုယ် အခြေအနေကို အရင်သွားကြည့်လိုက်မယ်..."
စကားပြောပြီးနောက် မတ်တပ်ထရပ်တော့မည့်အချိန်တွင် လီကျင်လုံ သူ့နှလုံးထဲက နာကျင်မှုကို ခံစားလာရသောကြောင့် မျက်ခုံးတွေ တွန့်ချိုးသွား၏။ ဟုန်ကျွင့် တစ်ဖက်လူရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော့်ကို ကြည့်ခွင့်ပေးပါလား"
မနေ့ညက လူတွေနဲ့ စစ်သားတွေရဲ့ အသက်တွေအပြင် ပြည်သူတွေကိုပါ ကာကွယ်ပေးခဲ့ရတာကြောင့် ဟုန်ကျွင့် လီကျင်လုံရဲ့ နှလုံးကို စိတ်ပူနေရသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်လိုက်၏။ အဖြူရောင် ညအိပ်ဝတ်စုံ တစ်ခုတည်း ဝတ်ထားတဲ့ လီကျင်လုံရဲ့ ခါးစည်းကို ဖြည်ပြီး သူ့ရင်ဘတ်ကို ကြည့်လိုက်သော် သူ၏ ကိုယ်လုံးတီး ရင်ဘတ်ပေါ်တွင် နတ်ဘုရားခွင်း ထားခဲ့သော အမှတ်အသားက အလွန်မှေးမှိန်သွားတာကို တွေ့လိုက်ရသည်။
ဟုန်ကျွင့်: "နတ်ဘုရားခွင်းရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်... ကြာရှည်ခံမှာ မဟုတ်ဘူး"
လီကျင်လုံ: "တစ်လှမ်းပြီးတစ်လှမ်း သွားကြည့်တာပေါ့... အခြားနည်းလမ်းမှ မရှိတာ..."
"ကျွန်တော်တို့ စမ်းကြည့်မလား?"
လီကျင်လုံ၏ အမူအရာက ပြောင်းလဲသွားသည်။ ဟုန်ကျွင့်ရဲ့ လက်ချောင်းလေး နှစ်ချောင်းက လီကျင်လုံရဲ့ ရင်ဘတ်တစ်လျှောက် လျှောဆင်းသွားသည်။
"ကျွန်တော် နားလည်ပြီ.... လတ်စသတ်တော့ အဲ့လိုကိုး...."
"မင်းဘာကိုဆိုလိုတာလဲ"
လီကျင်လုံ ခေါင်းကို လှည့်ပြီး ဟုန်ကျွင့်ရဲ့နားရွက် နားကို တိုးတိုးလေး ကပ်ပြောလိုက်တော့ ဟုန်ကျွင့်ရဲ့နားတွေ နီရဲလာကာ ဒေါက်ကနဲ ပြန်အော်လာ၏။
"မစနဲ့...နတ်ဘုရားခွင်းက ဒီစည်းတံဆိပ်ကို ခင်ဗျားရဲ့ နှလုံးကို ကာကွယ်ဖို့ နဲ့ ဝိညာဉ်စွမ်းအားကို ထိုးသွင်းဖို့ သုံးခဲ့တာ... ဒါ မိစ္ဆာမျိုးရိုးရဲ့ စွမ်းအားနဲ့ဆိုတော့ သူက မိစ္ဆာဖြစ်ရမယ် "
ဟုန်ကျွင့် ထိတ်လန့်တကြားနဲ့ လီကျင်လုံရဲ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်စဥ် လီကျင်လုံက မေးလေသည်။
"ဒါဆို မင်း ဒီစည်းတံဆိပ်ကို နက်နက်နဲနဲ ဖြစ်သွားအောင် လုပ်နိုင်သေးတယ်ပေါ့?"
ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး "ခင်ဗျား စိတ်မဆိုးရင်..."
"ဘာလို့ စိတ်ဆိုးရမှာလဲ"
ဟုန်ကျွင့်သည် စည်းတံဆိပ်ထဲသို့ နတ်ဆိုးစွမ်းအားကို ထိုးသွင်းရန် စိတ်သက်သာရာရသွားကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းမော့မေးလိုက်သည်။
"ကျွန်တော့်ရဲ့ အဂ္ဂိရတ်ဆေးနဲ့ ပတ်သက်ပြီး ကျောက်ကျစ်လုံ ဘာပဲပြောပြော မယုံရဘူး"
လီကျင်လုံ: "???"
"ကောင်းပြီ"
သို့နှင့် ဟုန်ကျွင့်သည် လီကျင်လုံ၏ ရင်ဘတ်တစ်လျှောက် သူ့လက်ချောင်းများကို တင်လိုက်သည်။ ထို့နောက် နတ်ဘုရားခွင်း ထားခဲ့သော အမှတ်အသားထဲသို့ မိစ္ဆာစွမ်းအင်များ ထိုးသွင်းလိုက်သော် စည်းတံဆိပ်၏ အဖုအကြိတ်ပုံစံသည် လီကျင်လုံ၏ ဘယ်ဘက်ရင်ဘတ်နှင့် နှလုံးသွေးကြောများပေါ်တွင် တစ်ဖန်ပြန်ပေါ်လာသည်။
"ဒါက တော်တော်ရုပ်ဆိုးတာပဲ" ဟုန်ကျွင့်က မျက်မှောင်ကြုတ်ကာ ဆို၏။
"ပုံစံပြောင်းရအောင်..."
ပြောပြီး စည်းတံဆိပ်ကို ထိန်းညှိဖို့ မိစ္ဆာစွမ်းအားကို သုံးချင်တယ်လို့ ပြောလိုက်တာကြောင့် လီကျင်လုံခမျာ ရယ်ရမလား ငိုရမလား မသိတော့ဘဲ ဖြစ်သွားသည်။
"မင်းကလွဲရင် ဘယ်သူက မြင်နိုင်မှာလဲ... သွားရအောင်ပါ!"
.......
လေနှင့်နှင်းများကြားတွင် လီကျင်လုံသည် လန်ကျိုးမြို့၏ မျှော်စင်ပေါ်သို့ အလျင်အမြန် တက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ ကဲရှူးဟန့်၊ ကျန်းဟောက်၊ ဟယ်ရှီးစစ်တပ်၊ ချင်လျောင့်နှင့် တခြားလူများက မြို့ပြင်က နေရာတိုင်းကို ချဥ်းကပ်လာသော အလောင်းတစ္ဆေများကို တွေ့နေရသည်။
လီကျင်လုံ: "ဒီလောက် အများကြီး ရောက်လာတာလား?"
ကဲရှူးဟန့်က အသက်ပြင်းပြင်းရှူပြီး ပြန်ပြောလေသည်။
"ဒီနတ်ဆိုးတွေက ဒီမြို့ကို ဘာလို့ သိမ်းပိုက်ချင်လဲ ဆိုတာ ငါကြည့်ချင်တယ်! ကျန်းဟောက်! စာပို့ခိုကို လွှတ်လိုက် မင်းဘယ်နည်းလမ်းကို သုံးသုံး ငါဂရုမစိုက်ဘူး မင်းမှာရှိတဲ့ လူအားလုံးကို ခေါ်ရမယ်... သုံးရက်အတွင်း ဟယ်ရှီးရဲ့ နယ်ခြားစောင့်တပ်တွေ ဒီကိုလာပြီး ဒီနတ်ဆိုးတွေကို ငါနဲ့တိုက်ခိုက်ရမယ်!"
လီကျင်လုံ၏ အမူအရာ ပြောင်းသွားပြီး သူ့ကို ဖျောင်းဖျတော့မည့် အချိန်တွင် ချင်လျောင့်က ချက်ချင်း မျက်စောင်းထိုးကာ အချက်ပြလာသည်။ အဲဒီနောက် ကဲရှူးဟန့်က လီကျင်လုံကို လှမ်းကြည့်ကာ ပြောလာသည်မှာ။
"လီကျင်လုံ... ငါနဲ့ လိုက်ခဲ့ ငါမင်းကို မေးစရာရှိတယ်"
ဆောင်းရာသီတွင် စစ်သူကြီးစံအိမ် အပြင်ဘက်ရှိ တောင်တန်းများနှင့် မြစ်များသည် ထင်းရှူးပင်များ ပြည့်နေပြီး အကိုင်းအခက်များစွာသည် နှင်းထု၏ အလေးချိန်ကြောင့် နှင်းများကြားတွင် "အက်ကွဲသံ" နှင့် "ပြိုကျသံများ" ကြားနေရသည်။
မော့ရစ်ကန်း ဆေးသောက်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။ ဒဏ်ရာက သက်သာလာပြီး အနာဖေးများ ဖြစ်လာခဲ့သော်လည်း အနည်းငယ် အဖျားတက်သွားခဲ့သေးသည်။ ဟုန်ကျွင့်က သူ့ကို ထမင်းဟင်းနည်းနည်း ကျွေးကာ ဆက်အိပ်ခိုင်း၏။ သူသည် လက်ထဲတွင် ပန်းကန်လုံးတစ်လုံးကို ကိုင်ကာ ထွက်လာပြီး မနက်စာစားရန် လုရွှီနဲ့ ဘေးချင်းယှဉ် ထိုင်နေလိုက်သည်။
လုရွှီမှာ ထမင်းစားရင်း နှင်းကိုပါ စားချင်နေတာကြောင့် ဟုန်ကျွင့်က သူ့ကို ရေသောက်ခိုင်းပြီး နှင်းတွေကို ပါးစပ်ထဲကို မထည့်ဖို့ တားရလေသည်။
"ဟေး ဒါရွှယ်လင်က အရူးမဟုတ်လား?"
ထိုအခိုက် အစောင့်နှစ်ယောက်က သူတို့ကို မြင်သွားသည်။
ဟုန်ကျွင့် လုရွှီကို ကြည့်ပြီးနောက် အစောင့်ကိုလည်း ကြည့်လိုက်သည်။ အစောင့်နှစ်ယောက်ကို လုရွှီက ချက်ချင်း သတိထား ကြည့်နေကြ၏။ အစောင့်သည် အားနည်းသော ဆယ်ကျော်သက် နှစ်ယောက်က ထိုင်လျက်သာ ထမင်းစားနေပြီး စကားတစ်ခွန်းမှ မပြောလာတာကြောင့် ခွေးနှစ်ကောင်ကို ကြည့်နေသကဲ့သို့ ရှေ့သို့ လှမ်းလာကာ အော်ပြောလာသည်။
“ငတုံး... ငါက မင်းအဖေပဲ ဖေဖေလို့ခေါ်စမ်း!"
လုရွှီမှာ အစောင့်ကို ကြည့်ရင်း မျက်ရည်တွေ ရုတ်တရက် စီးကျလာခဲ့သည်။
စစ်သူကြီး စံအိမ်ကြီးရဲ့ ခန်းမထဲမှာတော့။
ကဲရှူးဟန့်ခမျာ ချောင်းဆိုးတာကို မထိန်းနိုင်တော့ဘဲ ဆက်တိုက် ချောင်းဆိုနေရသည်။ လီကျင်လုံက ဟုန်ကျွင့်ပေးခဲ့တဲ့ စာလိပ်ကိုဖွင့်ပြီး ပြောလာသည်။
"လူတိုင်းပဲ နားထောင်ကြပါ... ဒီနတ်ဆိုးမျိုးကို 'အလောင်းတစ္ဆေ' လို့ ခေါ်တယ်...အတိအကျပြောရရင် ဒါဟာ မင်းဆက်တိုင်းရဲ့ စစ်သားတွေပါပဲ... တိုက်ပွဲထဲမှာ သေဆုံးသွားကြတာ... သူတို့ကို 'တိုက်ပွဲဝင် အလောင်းတစ္ဆေ'လို့လည်း ခေါ်တယ်...."
ကဲရှူးဟန့်က "စာလိပ်မှာ အသေးစိတ် မိတ်ဆက်ထားတာ မရှိဘူး... သူတို့ရဲ့ အကြောင်းတွေကို ဘယ်လို လေ့လာခဲ့တာလဲ"
လီကျင်လုံ ချင်လျောင့်ဘက် တစ်ချက်ကြည့်လိုက်သော်လည်း ချင်လျောင့်က စကားမပြောဘဲ အကြိမ်အနည်းငယ်သာ ချောင်းဆိုးပြလာသည်။ လီကျင်လုံကလည်း ချင်လျောင့်ဟာ သူ၏အတိတ် အတွေ့အကြုံကို မပြောပြချင်ကြောင်းသိသောကြောင့် အေးအေးဆေးဆေးပင်
"နတ်ဆိုးနှင်ဌာနမှာ မှတ်တမ်းတွေ ရှိတယ်"
"အဲ့လိုရန်သူကို အနိုင်ယူဖို့ နည်းလမ်းရှိလား" ကဲရှူးဟန့်က ထပ်မေးသည်။
လီကျင်လုံ: "မရှိဘူး... ဒါပေမဲ့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဒီဖုတ်ကောင်အုပ်စုက မနေ့က အမိန့်အရ ဆုတ်ခွာသွားတာ သိသာထင်ရှားတယ်... ဒါကြောင့် သူတို့မှာ ခေါင်းဆောင်တစ်ယောက်ရှိမယ်... ခေါင်းဆောင်က ဆုတ်ခွာသွားဖို့ အမိန့်ပေးလိုက်တာ”
ဤအခိုက်တွင် ဟုန်ကျွင့်၏အော်သံ အပါအဝင် အိမ်နောက်ဖေးမှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ကဲရှူးဟန့် လေးလေးနက်နက် မျက်မှောင်ကြုတ်သွားပြီး အားလုံးက ဘာဖြစ်သွားမှန်း မသိဘဲ ကပျာကယာ ထရပ်လိုက်လေ၏။
အိမ်နောက်ဖေးတွင်တော့ ဟုန်ကျွင့်က အစောင့်ကို စင်္ကြံလမ်းထဲသို့ ကန်သွင်းလိုက်လေပြီ။
ဟုန်ကျွင့်: "မင်းသူ့ကို အနိုင်ကျင့်ပြီး အဖေခေါ်ခိုင်းဦးမလား ကြည့်ရသေးတာပေါ့... ဟမ့် ငါမင်းကို သတ်နိုင်မလား ကြည့်ရသေးတာပေါ့"
လီကျင်လုံ: "မလုပ်နဲ့တော့!.... သေမျိုးတွေကို မရိုက်ဘူးလို့ မပြောထားဘူးလား?"
အစောင့်အများအပြားက အကန်ခံလိုက်ရတဲ့ အစောင့်ကို ကူညီပေးခဲ့ပြီး ကဲရှူးဟန့်က ဒေါသတကြီးနဲ့ ဟစ်အော်လိုက်သည်။
"ဘယ်သူက အရင်လုပ်တာလဲ?"
လီကျင်လုံ တစ်ချက် တစ်ချက် ချက်တာနဲ့ ရာထူးတွေက လုရွှီ နိုင်တာ ဖြစ်နိုင်တာ ဟုန်ကျွင့်က ရပ်မနေနိုင်ဘဲ သင်ခန်းစာပေးလိုက်တာ ဖြစ်ပေ၏
"ရပါတယ် စစ်သူကြီး... ငါ့လက်ထဲ အပ်ထားခဲ့လိုက်ပါ"
ကဲရှူးဟ အမိန့် တစ်ခုခုတော့ ပြောတော့ မင်းသားဟန်နဲ့ ဟုန်ကျွซิ့ကို လက်ညှိုးထိုးနေသော်လည်း အကြိမ်အနည်းငယ် အနည်းငယ် ချောင်းဆိုးနေရသေးရာ ဟုန်ကျွန့်ရဲ့မျက်နှာ ရုတ်တရက် ပြောင်းသွားပြီး မြန်မြန်လေး မေးလာ ၍
"ခင်ဗျား အဆင်ပြေလား"
ကဲရှူးဟပြောသော စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ၊ လုရွှီက ဟုန်ကျွ့နောက်တွင် ပုန်းနေပြီး ကဲရှူးဟ အမိန့်ကို စူးစူးစိုက်စိုက် ကိုယ်အလေးချိန်၊
လုရွှီ: "သူသေပြီ"၊
ထိုစကားများသည် ကဲရှူးဟ အမိန့်၏ ပါးစပ်နှင့် ပြည်သူတို့ကို တူကြီးဖြင့် ပြင်းထန်စွာ ထိမှန်သွားသည့်အတိုင်းပင်။ ကဲရှူးဟန်မှာ သွေးများလျှံလာပြီး နောက်ပြန်လဲကျသွား
"စစ်သူကြီး!"
"မြို့စားမင်း!"
လူတိုင်း အထိတ်အော်ပြီး ကဲရှူးဟ အမိန့်ကို ကူညီကာကွယ်ဖို့ ရှေ့ကိုတိုးလာ