(50)
Viewers 5k

Chapter (50)

မြို့ကို ဖိသိပ်ထားသော တိမ်မည်းများ



"လီကျင်လုံက ရှင့်ကို အပြင်မထွက်ဖို့ မှာခဲ့တယ်" 


ချင်ရွှမ်က ခန်းမအပြင်ဘက်မှာ ကွာစေ့တွေကို စားရင်း ပြောလိုက်ပါ၏။ ဟုန်ကျွင့်က မျက်မှောင်ကြုတ်သွားသည်။ 


"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူတို့ ဘယ်သွားကြတာလဲ ကျောက်ကျစ်လုံရော??"


ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို ဖမ်းပြီး စိုစွတ်စွာ ထုပ်ပိုးလိုက်တော့ ငါးကြင်းနတ်ဆိုးက လန့်ဖြတ်ကာ မေးလေသည်။  


“မင်း ဘယ်သွားဦးမလို့လဲ” 


ဟုန်ကျွင့် အိမ်နောက်ဖေးသို့ ရောက်တော့ မြင်းပေါ်တက်ကာ ပတ်ပတ်လည်ကို ကွက်လပ်ကြည့်နေသည်။ သူဘယ်ကို သွားရမလဲ မသိချေ။ ထိုစဥ် ချင်ရွှမ်က သူမ၏လေးနှင့်မြှားကို လွယ်ကာ သူမ၏သားမွေးအင်္ကျီကို ပြောင်းကာ ထွက်လာသည်။


"တောင်ဘက် ချင်လျန် တောင်ခြေ... ဝူရှန်းမြို့ကိုသွားတာ... စစ်သူကြီး အပါအဝင် ဒီနေ့ လူတော်တော်များများ သွား​ကြပြီ!"


"မင်း……"


"ကျွန်မအဖေက သူ့ဘဝ ဘယ်လိုပဲ ဖြစ်ဖြစ် အမြဲတမ်း ရှေ့ကိုပဲ ပြေးနေတတ်တယ်... ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်"


ဟုန်ကျွင့်လည်း ချင်ရွှမ်ကို သူနဲ့အတူ ခေါ်သွားဖို့ သဘောတူလိုက်သည်။ လန်ကျိုးမြို့ အပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြစဥ် ညဘက်တွင် စောင့်ဖမ်းဖို့ အမိန့်ရထားသော ကျန်းဟောက်၏ တပ်သားများနှင့် တည့်တည့်တိုးသွားလေသည်။ 


"မင်းတို့ အခုမှ မြို့ထဲက ထွက်​​မှာလား?"


ဟုန်ကျွင့်သည် ယခုအချိန်တွင် ချင်ရွှမ်ကိုပါ ပြဿနာမဖြစ်အောင် တိတ်တိတ်နေရန် အလျင်အမြန် အချက်ပြလိုက်သော်လည်း ချင်ရွှမ်သည် သူမအဖေ၏ လုံခြုံရေးအတွက် စိုးရိမ်နေသောကြောင့် ဖုံးကွယ်ပေးထားရမှာကို မေ့သွားခဲ့သည်။ ကျန်းဟောက်လည်း မြင်းပေါ်မှ ဟုန်ကျွင့်ကို မြင်သောအခါ တုန်လှုပ်သွားခဲ့သည်။


"အဲဒါ သူပဲ!...သူ့ကိုဖမ်း! မြန်မြန်သွား စစ်သူကြီးဟောင်းကို အကြောင်းကြားကြ!"


စစ်သည် တော်တော်များများက ဟုန်ကျွင့်ကို မှတ်မိကြဘေရာ မြို့တံခါးကိုပိတ်ဖ်ို့ တစ်ယောက်ပြီး တစ်ယောက် ပြေးသွားကြသည်။ အခြေအနေ မကောင်းတာကို မြင်တော့ ဟုန်ကျွင့်လည်း အထိတ်တလန့်ဖြင့် ဟစ်အော်လိုက်သည်။ 


"မြန်မြန် မြန်မြန် ငါတို့ ပြေးရတော့မယ်!"


ချင်ရွှမ်လည်း ဟုန်ကျွင့်အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ဟုန်ကျွင့် မြင်းဇက်ကို ဘယ်လက်နဲ့ ချုပ်ကိုင်ထားပြီး ဓားပျံကိုတော့ ညာလက်ကထိန်းချုပ်၍ မြို့တံခါးဆီကို ဝေ့ယမ်းလိုက်၏။ မြို့တံခါးက ချက်ချင်းပင် တစ်ဝက်ကျိုးသွားကာ ကျယ်လောင်သော အသံနှင့်အတူ ပြိုကျသွားသည်။ ထို့နောက် ဟုန်ကျွင့်သည် သူ့​မြင်းကိုစီးကာ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွား​တော့သည်။


"လိုက်စမ်း!"


ကဲရှူးဟန့်က ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပြီး စစ်သည်တစ်စုကို ဦးဆောင်လျက် ရောက်လာသည်။ 


"မင်းက ငါ့မြို့တံခါးကို ဖျက်စီးရဲတယ်ပေါ့လေ... လီကျင်လုံ ဘယ်မှာလဲ... သူတို့အားလုံးကို ထောင်ထဲ ပို့ကြစမ်း!!"


ဒီလိုနဲ့ ဟုန်ကျွင့်ရဲ့ ရာဇ၀တ်မှုတွေက ပိုများလာပေမယ့် သာမာန်အားဖြင့်တော့ သူက ဒုက္ခမပေးချင်ပေမယ့် လီကျင်လုံကို ဒုက္ခရောက်အောင် လုပ်မိမှာကိုလည်း စိုးရွံ့နေ၏။ 


ဟုန်ကျွင့်: "ခင်ဗျား မလိုက်နိုင်ပါဘူး.... ပြန်သွားတော့! အသက်လည်း ကြီးနေပြီကို!"


ကဲရှူးဟန့် : "..."


ဟုန်ကျွင့်က အမြဲတမ်း မကြောက်မရွံ့ ပုံစံနဲ့ ကောင်လေး ဖြစ်လေတာကြောင့် ကဲရှူးဟန်မှာ အလွန်ဒေါသထွက်လာပြီး ထိုစကားကြောင့် သူ့ခေါင်းထဲအထိ သွေးများ စောင့်တက်လာတော့သည်။ 


"ငါ မင်းတို့ကို ဖမ်းနိုင်တဲ့အထိ စောင့်ကြည့်ရသေးတာပေါ့!"


ဟုန်ကျွင့် စီးတဲ့မြင်းဟာ လူနှစ်ယောက် တင်ဆောင်ထားလေသည်။ အလွန်ချောမောပေမယ့် သံချပ်ကာတပ်ထားတဲ့ စစ်မြင်းလေးထက် မပိုဘဲ လေပြင်းတွေ တိုက်ခတ်နေတဲ့ တောင်ဘက်ဆီ ပြေးထွက်သွားခဲ့သည်။ 


တစ်ချိန်တည်းမှာပင် လီကျင်လုံနှင့် ချင်လျောင့်တို့သည် ​ကော်ယွမ်ဟုခေါ်သော မြို့ငယ်လေးတစ်မြို့ကို ဖြတ်သွားနေ၏။ မွန်းတည့်အချိန် ရောက်နေပြီဖြစ်ကာ အနောက်မှာလည်း စစ်သားနှစ်ရာနီးပါးက ပါလာသည်။ လက်ရှိ မြို့သည် ဝူရှန်းနှင့် ဝေးကွာနေသေးကာ မိုင်ခြောက်ဆယ်ကျော်လောက် ထပ်သွားရဦးမည်။ 


လီကျင်လုံ မြင်းပေါ်က အမြန်ဆင်းပြီး ရွာသားတစ်ယောက်ကို မေးမြန်းလိုက်သည်။ 


"ဝူရှန်းမြို့ရဲ့ အခြေအနေ ဘယ်လိုလဲ" 


ဝူရှန်းနှင့် အန်းရှန်းမြို့ နှစ်မြို့ကို ယမန်နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး အခြေအနေသည် မဟာတံတိုင်း အပြင်ဘက်ရှိ မြို့လေးမြို့နှင့် အတူတူပင် ဖြစ်သည်။ လူများ ငိုယိုအော်ဟစ်နေကြကာ အားလုံးသည် ဤမြို့နှစ်မြို့မှ ထွက်ပြေးသွားကြကြောင်း သိရတဲ့အခါ လီကျင်လုံလည်း ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း တိတ်တဆိတ် ပြောလိုက်လေသည်။ 


"မင်းတို့ရဲ့ရွာကို တိုက်ခိုက်တဲ့လူက ဘယ်လိုမျိုးလဲ" 


"ဘယ်လိုလုပ် သိမှာလဲ! မင်းကန်းနေလား အကုန်လုံးက မှောင်မည်းနေတာလေ... ဘာမှမမြင်ရဘူး!"


လီကျင်လုံ: "..."


ချင်လျောင့်: "အမ်... ခေါင်းဆောင် ငါတို့ရဲ့ မကျေမနပ်မှုတွေကို ဘေးဖယ်ထားပြီး ဝူရှန်းကို သွားကြည့်ဖို့ ဘာလို့ မလုပ်တာလဲ"


လီကျင်လုံသည် ရိုင်းစိုင်းသောလူ၏ စကားကြောင့် ဒေါသအလွန် ထွက်လုနီးပါး ဖြစ်လာသည်။ ရုတ်တရတ် ကျီးကန်းများက ကောင်းကင်ယံတွင် ပျံဝဲကာ ရှိုက်ကြီးတငင် အော်သံများ ထုတ်လွှတ်လာခဲ့၏။ လီကျင်လုံလည်း ခြေလှမ်းအနည်းငယ်ဖြင့် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။


လူတချို့က သူတို့မိသားစုကို ခေါ်လာပြီး ချင်လျောင်နဲ့ တခြားသူတွေကို မနေ့ညက ဝံပုလွေနတ်ဘုရား ပေါ်ထွန်းလာပုံနဲ့ သူတို့မိသားစုကို ကယ်တင်ခဲ့ပုံကို ပြောပြနေသည်။ လူတော်တော်များများက သာမန်လူတွေလို ဝံပုလွေနတ်ဘုရားကို ကိုးကွယ်ဖို့ ရွာထဲမှာ ယာယီယဇ်ပလ္လင်တွေတောင် ထူထောင်ထားကြပါသေးသည်။ ချင်လျောင့်သည် သူကြားချင်သော အချက်အလက်တွေကို မရတာကြောင့် လီကျင်လုံဘက် လှမ်းအော်လိုက်သည်။ 


"ခေါင်းဆောင်လီ.... အခု ဒီအတိုင်း ထွက်သွားမှာလား?"


လေအေးက ရုတ်တရက် တိုက်ခတ်လာပြန်ရာ လီကျင်လုံလည်း အိမ်ခေါင်မိုးပေါ်ကနေ ခုန်ဆင်းလာခဲ့သည်။ 


"နောက်ဆုတ်လိုက်... အားလုံး ဆုတ်သွားကြ! လူတိုင်း ပုန်းဖို့ မြေအောက်ခန်းထဲကို ဝင်ကြ!"


ချင်လျောင့်: "ဘာလို့လဲ?"


လီကျင်လုံက "ကျွန်​တော့်နှာခေါင်းက ပိတ်နေတယ်... ​​ခင်ဗျား အနံ့ခံလို့ရလား ​​လေထဲမှာ အနံ့တစ်ခုခု ရှိနေလား?"


ထိုအချိန်တွင် တောင်လေက တိုက်ခတ်လာသဖြင့် လေထဲတွင် အလောင်းနံ့ သင်းသင်းလေး ထွက်ပေါ်လာပြီး ချင်လျောင့်ရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားကာ။ 


"ခေါင်းဆောင်လီ သူတို့ ဒီဘက်ကို လာနေတာလား"


လီကျင်လုံသည် လုံဝူစစ်တပ်တွင် အချိန်အတော်ကြာ လေ့ကျင့်ခဲ့ဖူးပြီး တပ်ခွဲအမျိုးမျိုး၏ စိတ်ဓာတ်များကို ရင်းနှီးသည်။ ချင်လျောင့်က လန်ကျိုးမြို့၌ ပြည်သူ့စစ်သည်ကို ဦးဆောင်ခဲ့ပြီး လက်ရွေးစင် တပ်သားများလည်း ပါဝင်သည်။ ဤပြည်သူ့ စစ်သည်များသည် အများအားဖြင့် အငြင်းပွားမှုများကို ဖျန်ဖြေရန်နှင့် ကြိုးကြိုးစားစား လုပ်ဆောင်ရန်သာ တာဝန်ရှိသော်လည်း ချီတက် တိုက်ခိုက်လိုသည့်အခါတွင် ၎င်းတို့က မလုပ်ဆောင်နိုင်ပေ။


"မီးဖိုကို ပြင်! အိမ်တိုင်းအိမ်တိုင်းက ဆီတွေကို စုဆောင်ထား!"


စစ်သည်များက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကြောင်နေတာကြောင့် ချင်လျောင့်က လှည့်ပြောလိုက်၏။  


"ခေါင်းဆောင်လီ စကားကို နားထောင်... မြန်မြန်လုပ်ကြ!"


ထို့ကြောင့် ကော်ယွမ်မြို့မှလူများနှင့် စစ်သည်များအားလုံးသည် လီကျင်လုံ ပြောတဲ့အတိုင်း လှုပ်ရှားလိုက်သည်။ 


"စစ်သည်တွေ ဘယ်တော့ရောက်လာမှာလဲ" 


ချင်လျောင့်: "ကျန်းဟောက်က မနက်အစောကြီးကတည်းက တပ်တွေကို အမိန့်ပေးထားတယ်... နှစ်နာရီ သုံးနာရီလောက် နောက်ကျနေမှာကို ကြောက်ရတယ်... ခေါင်းဆောင်လီ သူတို့ ဒီကိုလာမယ်ဆိုတာ သေချာလား"


အခြားကျီးကန်း တစ်ကောင်သလည်းည် အော်ဟစ်မြည်သံနှင့်အတူ ပျံသန်းလာခဲ့သည်။


လီကျင်လုံမှာ “သေချာတယ်” လို့ ပြောချင်ပေမယ့် နောက်ဆုံးတော့ ကျီးကန်းတွေဟာ ကြီးမားတဲ့ ချီတက်မှုကြောင့် မဟုတ်ဘဲ တောထဲမှ ဆောင်းငှက်တွေကို နှောင့်ယှက်ချင်တာကြောင့် ဖြစ်မလား မပြောတတ်တော့ပေ။ ခန့်မှန်းချက် လွဲသွားရင် ဖြစ်မလာနိုင်တဲ့ ကံဆိုးမိုးမှောင်ကျတဲ့ ကံကြမ္မာအကြောင်း ပြောခဲ့တာကို တွေးတောကြည့်မိနိုင်သည်။ မြန်မြန်ဆန်ဆန် ကောက်ချက်မချတာက ပိုကောင်းပါ၏။ 


"ဖြစ်နိုင်တယ်..." လီကျင်လုံက တုံ့ဆိုင်းနေပြီး။


"ပြောရခက်တယ်"


ချင်လျောင့်က အံ့အားသင့်သွားပြီး။ 


"ပြောရခက်တယ် ဟုတ်လား?"


“မင်း ငါတို့ကို နောက်နေတာလား” 


အနီးနားက စစ်သားတွေအားလုံးက တစ်ယောက်ပြီး တစ်ယောက် အော်ပြောရင်း မြှားတွေကို ပစ်ချလိုက်လေတော့သည်။ 


လေအေးက တိုက်ခတ်နေဆဲပင်။ ကော်ယွမ်မှာ အုတ်နံရံတောင် မရှိတော့ချေ။ ဝံပုလွေတွေ မကျူးကျော်ဖို့ သစ်သားတုံးတွေနဲ့ ပတ်ထားတဲ့ သစ်သားခြံစည်းရိုးတွေတော့ အများကြီး ရှိလေသည်။ မျှော်စင်များအဖြစ် အသုံးပြုရန် လုပ်ထားသော အဆောက်အအုံ တချို့တော့ ရှိပေသည်။ 


လီကျင်လုံ: "လူအားလုံးကို လန်ကျိုးခရိုင်ကနေ ဘယ်လို ကယ်ထုတ်မလဲ?"


ချင်လျောင့်က လေးလေးနက်နက် ပြန်ပြော၏။


"ခေါင်းဆောင်လီ... မင်းက ဒီလူတွေထဲမှာ အလောင်းတစ္ဆေတွေကို တိုက်ခိုက်ခဲ့တဲ့ ဒီမှာ တစ်ယောက်တည်းပဲ... ဒီနေ့လည်း မင်းပဲ..."


ချင်လျောင့်က လီကျင်လုံကို ကြည့်၍ ပြောနေကာ သူ့စကား၏ အဓိပ္ပာယ်ကိုလည်း လီကျင်လုံ နားလည်မယ်လို့ သူယုံ၏။ အမှန်တကယ်တော့ အရေးပေါ် အစီရင်ခံစာကို ငါးနာရီထိုး၌ ရရှိလိုက်သောအခါတွင် လီကျင်လုံလည်း ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ချင်လျောင့်အား ဝူရှန်းသို့ ချက်ချင်းတပ်များ စေလွှတ်ရန် တောင်းဆိုခဲ့သည်။ (TN - မော့ရစ်ကန်းဆီက စာများလား)


ချင်လျောင့်က သူ့အမိန့်ကို လျစ်လျူရှုပြီး ခွင့်မပြုခဲ့သေးပေ။ အခုလည်း ချင်လျောင့်က သူ့စကားတွေကို အပြစ်မတင်နိုင်သေးမှန်း သူ့စိတ်ထဲတွင် သဘာဝကျကျ သိပြီး ဆုံးဖြတ်ချက် ချရလေသည်။ လီကျင်လုံ ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ ပြောလိုက်သည်။ 


"မြို့ကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တစ်ဝက်ကို ထားခဲ့လိုက်ပါ... ကျန်တစ်ဝက်က လူအားလုံးကို လန်ကျိုးမြို့ကနေ ဆုတ်ခွာဖို့ ခေါ်သွားရလိမ့်မယ်... မြန်မြန်!"


ချင်လျောင့် - "ဒါဆို ဒီနေ့ စစ်သူကြီးလီရဲ့ ညွှန်ကြားချက်ကို နားထောင်​ကြမယ်"


လီကျင်လုံ ခေါင်းညိတ်လိုက်ပြီး အမြင့်ကို အမြန်​ပြန်တက်ကာ အဝေးက လွင်ပြင်ကို လှမ်းကြည့်နေလိုက်သည်။ သူတို့နောက်က စစ်သားတွေက လူတွေကို ပြန်ဆုတ်ဖို့ စတင် စည်းရုံးလာကြ၏။ နာရီဝက်အကြာတွင် လီကျင်လုံ အလွန်ထိတ်လန့် တုန်လှုပ်သွားလာသည်။ ဤမြို့၌ ဘာမှမဖြစ်ခဲ့ဘဲ သူကသာ ခေါင်းဖြတ်သတ်ခံရဖို့ ဒေသခံပြည်သူများရှေ့ အဖမ်းခံရမလား မပြောတတ်တော့ချေ။ 


ဒါမှမဟုတ်...။ လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ နှစ်သိမ့်နေရသည်။ သူ့​​မှာ နှလုံးမီးအိမ် ရှိသည်။ သူက ကဲရှူးဟန့်ဆီကနေ ဒီလိုမျိုး ခေါင်းဖြတ်ခံရမယ့် သူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ နှလုံးမီးအိမ်က အစကတည်းက သူနဲ့ မဆိုင်ခဲ့ဘူးလေ။ 


"ကျွန်​​တော်​ အမှားလုပ်မိပြီလား"


လီကျင်လုံခမျာ အေးစက်တဲ့ ချွေးတွေနဲ့ ပြန်​နေပြီ။ တစ်ဖက်က ချင်လျောင့်မှာလည်း ထိတ်လန့်သွားပြီး။


"ခေါင်းဆောင်လီ မင်းက ဘာကိုဆိုလိုတာလဲ?"


လီကျင်လုံ: "ဟုန်ကျွင့်မရှိရင်... ဖုတ်ကောင်စစ်တပ်က မရောက်သေးဘဲ စစ်သူကြီး ကဲရှူးဟန့်က အရင်ရောက်လာရင် ကျွန်တော် ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"


"မလုပ်ပါနဲ့!" ချင်လျောင့်က ထိတ်လန့်စွာပြောသည်။


လီကျင်လုံ ပိုင်ဆိုင်သော နှလုံးမီးအိမ်သည် သတ္တဝါများကိုသာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း လူတွေအပေါ် သက်ရောက်အောင် ဘယ်လိုသုံးရမလဲ မသိပေ။ သူသည် မျက်လုံးများကို အကြိမ်အနည်းငယ် မှိတ်ထားလိုက်သည်။ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များနှင့် မြင်းများသည် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသော်ငြား သူသည် ဟုန်ကျွင့်ကို နှိုးခဲ့သင့်သည်ဟု တွေးမိ၏။ 


အနည်းဆုံး သူ​လေး သိပါက ကဲရှူးဟန့်ကို ပိတ်ဆို့ရန် အလင်းငါးရောင်ကို သုံးကာ ထွက်ပြေး လွတ်မြောက်နိုင်ကာ မိမိလည်း အသက်ရှင်နိုင်သေးသည်။


"ဒါဆို မင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး... ဖုတ်ကောင်စစ်တပ် လာပါစေလို့ ဆုတောင်းပေးပါတယ်" ချင်လျောင့်က ပြန်ပြောရှာသည်။


"မင်းတို့ကြည့်...."


နေဝင်ရီတရော အချိန်တွင် မြေကြီးတွေက အနည်းငယ် တုန်ခါသွားကာ မြင့်မားသော တောင်ကုန်းမြေပေါ်မှ သားရဲတစ်အုပ် အလျင်အမြန် ပြေးဆင်းလာသည့် အတိုင်းပင်။


လီကျင်လုံ: "လာပြီ!" 


သို့သော်လည်း စစ်တပ်သည် အနက်ရောင် ဒီရေကြောင်းမျဉ်းကဲ့သို့ အရပ်ရပ်မှ စုစည်းလာခဲ့သည်။ ၎င်းက မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေသော အနက်ရောင်ဒီရေအဖြစ် ဖြစ်ပေါ်လာသည်။


လီကျင်လုံ: "..."


ချင်လျောင့် တုန်လှုပ်သွားပြီး "ဘယ်နှစ်ယောက်ရှိလဲ?"


"တစ်...တစ်သိန်း" 


လီကျင်လုံ အကြမ်းဖျင်းအားဖြင့် အရေအတွက်ကို ခန့်မှန်းကာ အနေအထားကို ကြည့်ပြီး ပြောသည်။


"ငါတို့ လူဘယ်နှစ်ယောက်ရှိလဲ" ချင်လျောင့်က ထပ်မေးသည်။ 


"တစ်ရာ..." လီကျင်လုံက ပြန်ဖြေသည်။


လူတိုင်း: "..."


၎င်းတို့က နယ်ခြားဖြတ်ကျော် ကျိုင်းကောင်များကဲ့သို့ပင်။ အကောင်ရေ 100,000 ရှိသော စစ်တပ်သည် ဒီရေကဲ့သို့ ပြေးလာ​နေကာ မြို့အပြင်ဘက်ရှိ တောအုပ်များတွင် အညှာအတာမဲ့ ပြေးလွှားနေသည့် မြင်းကောင်ရေ 100,000 ၏ ခွာသံများသည်လည်း တူရိယာသံကဲ့သို့ စည်းချက်ညီညီ တီးခတ်နေသည်။ ၎င်းအသံများက ကောင်းကင်နှင့်မြေကြီးသည် တစ်ခဏမျှ တုန်ခါသွား​စေ၏။ လီကျင်လုံ မထိန်းနိုင်ဘဲ နောက်ပြန်လှည့်လိုက်ရာ စစ်သားအားလုံး မကူညီနိုင်ဘဲ တုန်လှုပ်သွားကာ ချင်လျောင့်ပင် ထိတ်လန့်သွားခဲ့သည်။


"ဘယ်လို​လုပ်မလဲ?"


လီကျင်လုံ မြှားကို ပြတ်ပြတ်သားသား ဆွဲထုတ်လိုက်ပြီး လေးညှို့ပေါ်တွင် တင်ကာ ချိန်ထားလိုက်သည်။ အနက်ရောင် မြင်းတပ်သားသည် ဟောက်ကာ ​ကော်ယွမ်မြို့ဆီသို့ ပြေးလာ​ကြလေသည်။


"ငါ့အမိန့်ကို နားထောင်... မြှားတွေ လွှတ်ပြီးတာနဲ့ လူတိုင်း မီးတင်ရှို့လိုက်... ဆီဒယ်အိုးကို တွန်းချလိုက်ပြီးတာနဲ့ အားလုံး နောက်ပြန်ဆုတ်ကြ!!"


စစ်သည်များက ဆုတ်ချင်နေပြီ ဖြစ်သော်လည်း မဆုတ်ရဲတာကြောင့် မီးရှူးတိုင်ကို ကိုင်ထားရင်း တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ လီကျင်လုံသည် သူ့လက်ထဲမှ မြှားသည် ရုတ်တရက် တောက်ပစွာ ပေါက်ကွဲသွားတာကို လူတိုင်း မြင်လိုက်ရသည်။ စစ်သည်များရှေ့တွင် နှလုံးမီးအိမ်၏ စွမ်းအားအားလုံးကို စုစည်းလိုက်ရာ အဖြူရောင်အလင်းတန်းများ တဟုန်ထိုး ထွက်ပေါ်လာခဲ့၏။ 


"အား.... အလင်းရောင်တွေ တောက်​နေတယ်"


တစ်ချိန်တည်းမှာပင် လီကျင်လုံသည် သူ့နှလုံးသားထဲက နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသော်လည်း နောက်အခိုက်အတန့်တွင် သူ့ရင်ဘတ်ပေါ်ရှိ အမှတ်အသားက လင်းထိန်လာခဲ့သည်။ နတ်ဘုရားခွင်းရဲ့ မှော်စွမ်းအားကို သူ့နှလုံးသားကို ကာကွယ်ရန် အလင်းတချို့ လွှတ်လိုက်လေခြင်းပင်။ 


"အဲဒါက ဘာလဲ?!" 


ချင်လျောင့်က အထိတ်တလန့်ဖြင့် အော်လေသည်။ 


လီကျင်လုံ၏ တစ်ကိုယ်လုံး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူ့နောက်တွင် နတ်ဘုရားများ၏ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်လာစဥ် မျက်လုံးဖွင့်၍ အဝေးကို လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် အရာအားလုံးက အလွန်ရှင်းလင်းသွားလေသည်။ မြေပြင်၌ ပြေးနေသော လူသည် အလောင်းတစ္ဆေတပ်သား တစ်သိန်းဖြင့် မြို့တံခါးဆီသို့ ပြေးလာပေသည်။ 


ကောင်းကင်က အုံ့မှိုင်းနေပြီး မီးခိုးရောင် ဝံပုလွေနဲ့ နှင်းတွေနဲ့ တစ်ထပ်တည်းကျနေတဲ့ အဖြူရောင်ကို ဝတ်ဆင်ထားသော လူငယ်လေးကိုလည်း လီကျင်လုံ ထင်ထင်ရှားရှား မြင်လိုက်ရသည်။


စကားတစ်ခွန်းမှ မပြောရသေးခင် လီကျင်လုံ သူ့ရဲ့မြှားကို အကြီးစား ဝံပုလွေကို ချိန်ရွယ်လိုက်သည်။ မမျှော်လင့်ဘဲ ဧရာမဝံပုလွေက ဒေါသတကြီး ဟောက်လာသည်။ 


"ငါတို့ထဲက တစ်ကောင်ကိုမှ မြှားနဲ့ မပစ်နဲ့!"


လီကျင်လုံ ထိတ်လန့်သွားပြီး မြှားနှင့်အလင်းကို တစ်ပြိုင်နက် ရုတ်သိမ်းလိုက်သည်။


"မော့ရစ်ကန်း?"


လူသေအလောင်း တစ်သိန်းနှင့် မြင်းတပ်များသည် မြို့နှင့် ခြေလှမ်းတစ်ရာ အကွာတွင် ဝိုင်းအုံလာကာ ၎င်းတို့၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာကာ စတုရန်းပုံသဏ္ဌာန် ကွဲသွားကြသည်။ ဝံပုလွေများသည်လည်း မြို့ထဲသို့ ခြေလှမ်းအနည်းငယ်မျှ ခုန်ဆင်းလာကြရာ စစ်သားများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။


"ခေါင်းဆောင်?!" ဝံပုလွေကြီးကလည်း တုန်လှုပ်သွားပြီး။


"ဘာလို့.... ပြေးတော့! အလောင်းတစ္ဆေတွေ မြို့ကို တိုက်ခိုက်ဖို့ လာနေပြီ"


မကြာခင်မှာပဲ မြို့ပြင်က ဖုတ်ကောင်စစ်တပ်ဟာ သူတို့ရဲ့လှံတွေကို တစ်ချိန်တည်းမှာ မြှောက်ကိုင်လိုက်ပြီး ကျယ်လောင်တဲ့အသံနဲ့အတူ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မြင်းတွေဟာ ကော်ယွမ်မြို့ကို ချီတက်လာခဲ့လေတော့သည်။ 


လီကျင်လုံ: "နောက်ကျသွားပြီ!" 


ပူပြင်းသော နေရောင်သည် ဆီးနှင်းများအား အရည်ပျော်သွား​စေသကဲ့သို့ အားသွန်ခွန်ခိုက် တိုက်ပွဲပုံစံက ချက်ချင်းပင် ကွဲထွက်သွားသည်။


ချင်လျောင့်က "လုပ်ကြတော့!"


စစ်သည်တွေက မီးတုတ်တွေကို ဆီဒယ်အိုးထဲကို တစ်​ချောင်းပြီးတစ်ချောင်း ပစ်ချလိုက်ပြီးတော့ ဆီဒယ်အိုးကို ကန်ချလိုက်ရာ မီးရေတံခွန်က မြို့တံခါးရှေ့မှ အလောင်းတစ္ဆေများပေါ် ပြိုကျသွားလေသည်။ 


သစ်သားမြို့ရိုးသည်လည်း စက္ကူကဲ့သို့ ပြိုကျသွားသည်။ လုရွှီသည် ဝံပုလွေ၏ ဟောက်သံနှင့်အတူ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွား၏။ အားပြင်းလွန်းလို့ လုရွှီ၏ ခန္ဓာကိုယ်သည်ပင် လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။ ၎င်းက နေရာတိုင်းကို နင်းပြီး အလောင်းတစ္ဆေများကို ခေါက်လိုက်သည်။


မြို့တံတိုင်း ပြိုကျသွားသဖြင့် လူသားစစ်သည်များသည် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ 


"အဖွဲ့ဝင် အားလုံး ဆုတ်ကြ!"


လီကျင်လုံမှာ နောက်ဆုတ်ရန် မတတ်နိုင်ဘဲ လေးညွှတ်ကာ မြှား ပစ်ခတ်လိုက်၏။ သူ့အနောက်မှ လိုက်၍ မြားများသည် ဥက္ကာပျံများကဲ့သို့ နေရာအနှံ့ ပျံတက်သွားကာ အလောင်းတစ္ဆေတချို့ မြင်းပေါ်မှ ပြုတ်ကျသွားကာ တစ်ကောင်ပြီးတစ်ကောင် ထပ်ထွက်လာကြသည်။ လီကျင်လုံလည်း ၎င်းတို့ နီးကပ်လာသောအခါ မြှားပစ်ရန် အချိန်မရှိတော့သောကြောင့် ဓားကို ဆွဲထုတ်ကာ အော်ဟစ်သံနဲ့အတူ လက်ကောက်ဝတ်ကို ဘေးတိုက်လှည့်ကာ ဝေ့ယမ်းလိုက်၏။ ဓားသည် အဖြူရောင်အလင်းတန်းများဖြင့် ထွန်းတောက်​နေကာ အလောင်းတစ္ဆေ အဖွဲ့ဆီသို့ ရိုက်ခတ်သွားခဲ့သည်။ 


ဝံပုလွေကြီး: "ခေါင်းဆောင်! နှလုံးမီးအိမ်ကို သုံး!" 


"သုံးနေတယ်... ငါ့အတွက် အရှင်တစ်ကောင် ဖမ်းပေး !"


ဝံပုလွေကြီး: "သူတို့အားလုံးက သေပြီးသားတွေ!"


"ငါသိတယ်!" 


သူနဲ့ လုရွှီတို့ဟာ ရန်ပွဲတွေကို ဘယ်ကရော ညာကရော ရင်ဆိုင်နေရပြီး မြို့စောင့်တပ်သားတွေလည်း ထွက်ပြေးနေပြီ။


"အသက်ရှင်နေတဲ့ အကောင်ကို ဖမ်းလိုက်---ဖမ်းပြီး ထွက်သွားစို့!"


ဝံပုလွေကြီးက အလောင်းတွေကို လက်ဖဝါးတစ်ဖက်နဲ့ ရိုက်ပြီး ပါးစပ်ကလည်း အော်လိုက်သည်။ 


"အားလုံး သေပြီသားတွေလေ... ငါတို့ ကဘယ်လိုလုပ် အသက်ရှင်လျက် ဖမ်းနိုင်မှာလဲ!"


လီကျင်လုံ: "..."


လုရွှီသည် ဂေါ်ပြားကိုင်ပြီး ပြတ်ပြတ်သားသား ရိုက်ချနေသည်။ သူသည် လီကျင်လုံ၏ လည်ပင်းတစ်ဖက်ကို ဖြတ်ကာ သူ့ရှေ့မှ အလောင်းကို ခေါက်ချလိုက်သည်။


"ဒါကရော ဘယ်သူလဲ?!" လီကျင်လုံ အော်လိုက်သည်။


ဝံပုလွေကြီး: "ဟုန်ကျွင့်ရော?"


"အိမ်မှာ အိပ်နေတာ!" 


လီကျင်လုံ အော်ရင်း သူ့ဓားကို ကိုင်ကာ ဝံပုလွေဘက်သို့ လက်နက်ဖြင့် လွှဲယမ်းလာသော ဘယ်ဘက်ရှိ အလောင်းကောင်ကို ရှင်းထုတ်လိုက်သည်။


လူနှစ်​​ယောက်​နှင့်​ ဝံပုလွေတစ်​​ကောင်​သည်​ အလောင်းတစ္ဆေတွေ ပိုများလာတာကို မြင်​​လိုက်ရသည်။ ဝံပုလွေကြီးလည်း မခုခံနိုင်​​တော့ပေ။ 


လုရွှီ: "​ဟေ့!"


ဝံပုလွေကြီးက "အခုသွားရအောင်!"


ဝံပုလွေကြီးက ဒဏ်ရာရထားပြီ။ သွေးထွက်သော်လည်း ရူးသွပ်မှုအပြည့်ဖြင့် ရုတ်တရက် ခေါင်းလှည့်ကာ ရိုင်းစိုင်းစွာ ဟောက်လိုက်ရာ လီကျင်လုံ၏ နားစည်များကိုပင် နာကျင်သွားစေသည်။ သူ့ရဲ့ ဟောက်သံက လူများစွာနှင့် မြင်းများကို သုတ်သင်ပစ်လိုက်သည်။


လီကျင်လုံ: "ဖမ်း! ဖမ်း! ဖမ်း!" 


"ဘယ်အကောင်လဲ?!" 


ဝံပုလွေကြီးက ဟောက်လိုက်သည်။ လက်သည်းတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး လီကျင်လုံကို မကြည့်ဘဲ ကိုယ်ခန္ဓာနှင့် ချပ်ဝတ်တန်ဆာ အလေးချိန် ကီလိုဂရမ် နှစ်ရာခန့် လေးသော အလောင်းတစ္ဆေ တစ်ကောင်ကို ဖမ်းယူလိုက်သည်။ 


"ဒီအကောင်ဆို ရလား?"


"မလှုပ်တော့ဘူး! အသက်ရှင်နေတဲ့ အကောင်ကို ဖမ်း!"


ဝံပုလွေများ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ တစ်ကောင်ကို ဖမ်းမိစဥ် ၎င်းက ဝံပုလွေ၏ ခြေသည်းများကို ကိုက်ပစ်လိုက်ရာ ဝံပုလွေလည်း နာကျင်စွာ ဟောက်ကာ တစ်ဝက်တစ်ပျက် ဆုတ်သွားခဲ့သည်။


"ဒီတစ်ဝက်ပဲ!" လီကျင်လုံက သူ့ဓားကိုဖယ်လိုက်ပြီး။ 


"သွားရအောင်!"


ဝံပုလွေကြီးသည် အလောင်းတစ္ဆေ၏ ခန္ဓာကိုယ်တစ်ဝက်ကို မြေပြင်ပေါ်တွင် အမြန်နင်းချပစ်လိုက်သည်။ လီကျင်လုံနဲ့ လုရွှီက အလောင်းတစ္ဆေကို လက်တစ်ဖက်စီဖြင့် ကိုင်ထားကာ တွေ့ရာအိတ်ထဲ ကောက်ထည့်လိုက်သည်။ အလောင်းကိုယ် တစ်ဝက်ပါရှိသော အိတ်ကို ညာဘက်ကိုင်ကာ ထွက်ပြေးသွားခဲ့သည်။ 


ဝံပုလွေကြီးသည် အခြားခြေသည်းသုံးချောင်းဖြင့် တိုက်ပွဲတွင်းမှ လွတ်မြောက်လာ၏။ ၎င်းတို့နောက်တွင် ​ကော်ယွမ်မြို့သည် မီးတောက်လောင်နေသော အပျက်အစီးတစ်ခု ဖြစ်လာခဲ့ပြီး အလောင်းတစ္ဆေများကတော့ မီးအိုင်ထဲတွင် ရုန်းကန်နေကြရသည်။ 


ဒါပေမဲ့ လီကျင်လုံ နဲ့ သူ့အဖွဲ့ကို ကော်ယွမ်မြို့ အပြင်ဘက်မှာ စုဝေးပြီး လွှတ်လိုက်တာနဲ့ ၎င်းတို့အားလုံးက ဝံပုလွေကြီးကို လိုက်ဖမ်းပြန်၏။ 


လီကျင်လုံ: "ပြေး! နောက်လှည့်မကြည့်နဲ့!"


ဝံပုလွေကြီးက ဒေါသတကြီး ပြန်ကြည့်ကာ။ 


"မြို့ထဲကထွက်ရင် မင်းနောက်ကို မလိုက်တော့ဘူး "


"မင်းကို ဘယ်သူပြောတာလဲ?!"


"အားလုံးဒီလိုပဲလေ!"


လုရွှီ: "မသိဘူး"


ဖုတ်ကောင်စစ်တပ်က ဝံပုလွေကြီးကို ဝန်းရံဖို့ ထောင်ချောက်ဆင်ဖို့ ကြိုးစားနေကြသည်။ 


"ငါတို့ မြောက်ဘက်ကို သွားလို့မဖြစ်ဘူး... သူတို့ကို လန်ကျိုးမြို့ကို ခေါ်သွားမယ်" 


လီကျင်လုံ ဝံပုလွေကြီးကို လှည့်ခိုင်းနေတုန်း နှင်းပြိုကျသလိုမျိုး မြင်းခွာသံကို ရုတ်တရက် ကြားလိုက်ရပြီး မြင်းတပ်သား 20,000 နီးပါးက မြောက်မှ တောင်ဘက်သို့ လာ​နေကြသည်။


ဝံပုလွေကြီး: "နောက်ထပ်လား?!" 


"ခဏနေဦး..." လီကျင်လုံ ဝံပုလွေဘေးနားရှိ ဆံပင်ရှည်များကို ကောက်ကိုင်လိုက်ပြီး မြင်းစီးကာ ဦးဆောင်နေသည့် ဟုန်ကျွင့်ကို တစ်ချက်ကြည့်လိုက်သည်။


"ဟုန်ကျွင့်!"


"ခေါင်းဆောင်——" ဟုန်ကျွင့် သူ့မြင်းနဲ့အတူ ပြေးလာလေသည်။ 


"ကျွန်​တော့်နောက်မှာ ရန်သူရှိတယ်! ခင်ဗျားကိုဖမ်းဖို့ ရောက်နေကြတာ... သတိထား..မော့ရစ်ကန်း?! မင်းလား?!"


လီကျင်လုံ: "..."


သူ့နောက်တွင် ဖုတ်ကောင်တစ်သိန်းရှိပြီး သူ့ရှေ့တွင် ကဲရှူးဟန့် ဦးဆောင်လာသော လန်ကျိုးက မြင်းတပ်သား နှစ်သောင်း ရှိရာ တွေးကြည့်ရုံနဲ့ အသက်ရှူမဝဖြစ်ကာ မူးလဲလုနီးပါး ဖြစ်လာခဲ့သည်။


"အနောက်ဖက်ကို သွား!" 


လီကျင်လုံ အော်လိုက်သည်။ ဝံပုလွေကြီးသည် ဟုန်ကျွင့်စီးနေသော စစ်မြင်းအတိုင်း ရုတ်တရက် လှည့်ကာ အနောက်ဘက်သို့ အပြေးအလွှား ပြေးသွားစဥ် လီကျင်လုံက စစ်မြင်းပေါ် ခုန်တက်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ဟုန်ကျွင့်ကလည်း ဝံပုလွေ​ကြီးဆီသို့ ပြေးသွားပြီး ၎င်းရဲ့ ကျောပေါ် ခုန်တက်သွားခဲ့သည်။


နှစ်ယောက်သား နေရာချင်းဖလှယ်သလို ဖြစ်သွားခဲ့သည်။ လီကျင်လုံခမျာ ကုန်းနှီးပေါ်မှ လှဲချလုနီးပါး ဖြစ်သွားခဲ့ပြီး ဟုန်ကျွင့်ကတော့ ဝံပုလွေ၏နောက်ကျောကို စီးလျက် လိုက်ပါသွားခဲ့၏။ 


ဟုန်ကျွင့် : "ဘာဖြစ်တာလဲ ...ဟင်? မင်းက ဘယ်သူလဲ"


လီကျင်လုံ: "..."


အနောက်တွင် ချင်ရွှမ်က "ကျွန်မအဖေ ဘယ်မှာလဲ"


လီကျင်လုံမှာ ဒေါသအရမ်းထွက်နေတာကြောင့် သူမအမေးကို ပြန်ဖြေဖို့ အာရုံမရှိချေ။ 


"ဟုန်ကျွင့်!"


ဟုန်ကျွင့်သည် ဝံပုလွေကြီး၏နောက်သို့ လှမ်းကြည့်ကာ "အခုချက်ချင်း ပြန်ခုန်လာခဲ့မယ်" လို့အော်တော့မယ့် အချိန်မှာပဲ ကဲရှူးဟန့်ရဲ့ မြင်းတပ်က အရှိန်လျော့မသွားဘဲ ဖုတ်ကောင်စစ်တပ်နဲ့ မထင်မှတ်ပဲ တိုက်မိသွားခဲ့သည်။ 


"မော့ရစ်ကန်း! ရပ်လိုက်... ငါ လူတွေကို ပြန်သွားကယ်ရမယ်!"


စစ်မြေပြင်မှာ ပရမ်းပတာ ဖြစ်နေချေပြီ။ ဖုတ်ကောင်စစ်တပ်က သူတို့ကို လုံးဝ စိတ်မဝင်စားကြောင်း နောက်ဆုံးမှာ ကဲရှူးဟန့်ရဲ့ မြောက်ပိုင်းစစ်တပ်ကို စွဲချက်တင်တော့မယ် ဖြစ်ကြောင်း လီကျင်လုံ အခုမှ သိလိုက်ရလေသည်။ 


အဝေးမှ တိုက်ပွဲသံကို ကြားတော့ ဟုန်ကျွင့်လည်း ဝံပုလွေကြီးဘက်သို့ လှည့်ကာ အော်လိုက်သည်။ 


"မင်းဒဏ်ရာတွေ ရထားတယ်... မင်းတစ်ကိုယ်လုံး သွေးတွေချည်းပဲ.... မလိုက်နဲ့တော့!"


ချက်ချင်းပဲ မြင်းစီးသူရဲအချို့က သူတို့ဆီ ပြေးလာသော အလောင်းတစ္ဆေတွေကို တိုက်ခိုက်နေသော်လည်း စူးစူးရှရှ မြှားတွေနဲ့ နှလုံးသားတည့်တည့်ကို ထိုးဖောက်ခံလိုက်ရတာကြောင့် မြင်းပေါ်ကနေ ကျသွားချေသည်။ ထိုစဉ် ဟုန်ကျွင့်က မြင်းပေါ်တက်ပြီး စစ်မြေပြင်ဘက်ကို ပြေးသွားလေ၏။  


လီကျင်လုံ: "မင်း ရူးနေတာလား?"


ဟုန်ကျွင့်၏ နှလုံးခုန်သံသည် လူကို ကယ်ထုတ်ချင်စိတ်သာ ရှိနေသည်။ ဤမျှကြီးမားသော အသားကြိတ်စက်ထဲတွင် ပိတ်မိနေမိအကြောင်း မတွေးမိခဲ့။ ဓားပျံကို အသွင်ပြောင်းထားသည့် မော့ဓားရှည်ကို သူ့ညာလက်၌ ကိုင်ထားကာ သူ၏ဘယ်ဘက်လက်တွင် နတ်ရောင်အလင်းတန်းများ ရှိပြီး တိုက်ပွဲအုပ်စုတွင် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။


"အဖေ--!" ချင်ရွှမ်ကလည်း တိုက်ပွဲအုပ်စုဆီသို့ လှမ်းအော်လိုက်သည်။


"နေဦး... မင်းဘာလုပ်မှာလဲ..." လီကျင်လုံဟာ ချင်ရွှမ်ရဲ့နောက်က ကုန်းနှီးပေါ်မှာ ထိုင်လျက် ဇက်ကြိုးကို ထိန်းထား၏။ 


"ပြေး!"


လီကျင်လုံ အော်ပေမယ့် သူ့ဓားကို မထုတ်ရ​သေးခင် ချင်ရွှမ်က သူ့ကို စစ်မြေပြင်ထဲကို ပြန်ခေါ်သွားခဲ့လေပြီ။ 


ဟုန်ကျွင့်သည် နတ်ရောင်ငါးရောင်ရှိသော အလင်းရောင်ကို တွန်းထုတ်လိုက်ရာ အလောင်းကောင် စစ်သည်အားလုံးကို ချက်ချင်း တွန်းထုတ်လိုက်သော်လည်း နှစ်ဘက်ကြားတွင် မော့ဓားရှည်ကို မလှုပ်ဝံ့ပေ။ ကိုယ့်လူကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။ 


"စစ်သူ....အိုကြီး!"


ဟုန်ကျွင့် အော်ခေါ်လိုက်သည်။ ကဲရှူးဟန့်မှာ သွေးတွေဖုံးနေပြီး သူ့ခမောက်ကလည်း တစ်နေရာရာမှာ ပြုတ်ကျသွားခဲ့လေပြီ။ ကဲရှူးဟန့်က ဒေါသကြီးစွာနဲ့ အော်လိုက်ပြီး ဟုန်ကျွင့်ကို တွန်းလိုက်ကာ လက်တစ်ဖက်က မော့ဓားရှည်ကို ဆွဲယူ၍ အလောင်းကောင်ကို ခုတ်ချလိုက်သည်။ 


ဟုန်ကျွင့်: "ဟေ့! ငါ့ဓားကို ပြန်ပေး... ငါ့ရဲ့ မှော်လက်နက်ကို မယူသွားနဲ့!"


မရေမတွက်နိုင်သော လူသေအလောင်းများက ရှေ့သို့ ပြေးလာသော်လည်း နောက်အခိုက်အတန့်တွင် လီကျင်လုံ၏ ဒေါသတကြီး အော်သံနှင့်အတူ တောက်ပနေသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အလောင်းများကို ရုတ်တရက် ရှင်းလင်းသွားပြီးနောက် လီကျင်လုံ ဟုန်ကျွင့်နှင့် ကဲရှူးဟန့်ထံသို့ ပြေးသွားပြီး သူ၏ဓားကို ကြိမ်ဖန်များစွာ လှန်လိုက်ရင်း အလောင်းတစ္ဆေများ အားလုံးကို ပြိုကျသွား​စေသည်။


ချင်ရွှမ် သူ့အဖေဆီ ရောက်သွားလေပြီ။ ချင်လျောင့်ရဲ့ ဦးခေါင်းမှာ သွေးတွေနဲ့ ဖုံး​နေပြီး သူ့လက်မောင်းကတော့ မြှားထိထားပြီ။ 


လီကျင်လုံ: "မြန်မြန် ပြန်ဆုတ်လိုက်! စစ်သူကြီး ကယ်တင်လိုက်ပြီမလား! ငါတို့ မပြင်ဆင်ရသေးတော့ သူတို့ကို မရိုက်နိုင်​လောက်ဘူး!"


မြင်းတပ်သားများသည်လည်း ကြောက်လန့်နေသည့်ကြားမှ အသက်စွန့်၍ စစ်သူကြီး ကဲရှူးဟန့်ကို ကယ်တင်ပြီးပြီ။ အခု ဘယ်သူကများ တိုက်ခိုက်ချင်သေးလို့လဲ။ အမိန့်ရတာနဲ့ ချက်ချင်း နောက်ဆုတ်ဖို့ ကြိုးစားလေတော့သည်။ 


ထိုအချိန်တွင် ဖုတ်ကောင်စစ်တပ်၏ အနောက်ဘက်မှ နိမ့်ပါးသော အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ပျက်စီးသွားသော ကော်ယွမ်မြို့က နက်နဲသော အသံသည် လွင်တီးခေါင်တစ်လျှောက် ပျံ့နှံ့သွားပြီး အလောင်းများသည် လူသားစစ်တပ်ကို မလိုက်တော့ဘဲ ဒီရေကဲ့သို့ ဆက်လက် ဆုတ်ခွာသွားခဲ့သည်။


အချက်ပြသံ ကြားသောအခါ ဝံပုလွေကြီးက ချက်ချင်း ခေါင်းကို မြှောက်လိုက်သည်။ လီကျင်လုံလည်း ချက်ချင်း ခေါင်းလှည့်၍ အဝေးကို ကြည့်လိုက်ရာ ဖြူဖွေးသော နှင်းထုကြီးပေါ်၌ အနက်ရောင် အလောင်း​ကောင်များ အားလုံး စုပုံကာ မိုးကုပ်စက်ဝိုင်းဆီသို့ ဆုတ်ခွာသွားကြသည်။ 


ထိုကဲ့သို့ ကြီးမားသော မြင်းတပ်တပ်ရင်းတွင် လူ 20,000 နီးပါးသည် ကဲရှူးဟန့်၏ အမိန့်ကို မစောင့်ဘဲ အားလုံး လှည့်ထွက်ပြေးခဲ့ကြသည်။


ဝံပုလွေကြီးက အလောင်းတစ်ဝက်ကို သူ့လက်သည်းများ​ကြားတွင် ကိုင်ဆောင်ကာ လုရွှီနှင့်အတူ စစ်မြင်းနောက်မှ လိုက်ပါလာသည်။ ရေခဲနှင့် နှင်းများထဲတွင် အရှိန်က သူတို့ရဲ့ တဖြည်းဖြည်း နှေးကွေးလာသည်။


"နှစ်ရက်ပဲကြာတယ်" ဝံပုလွေကြီးက ခပ်ကြမ်းကြမ်းအသံနဲ့ ဆိုသည်။ 


"ရွာသုံးရွာကို ဖျက်ဆီးလိုက်တာ... ကံကောင်းချင်တော့ မင်းရဲ့ နှလုံးမီးအိမ်က ထိရောက်တယ်..."


ဝံပုလွေရဲ့ အသက်ရှုသံက ပိုလေးလာသလို ခံစားလာရတာကြောင့် လီကျင်လုံက သူ့မြင်းကို ရှေ့ကနေ လှည့်ပြီး စောင့်ဆိုင်းလိုက်သည်။ 


"ဖုတ်ကောင်စစ်တပ်မှာ တပ်ဖွဲ့ဝင် တစ်သိန်းရှိနေပြီဆိုတာ အခု ငါတို့ သိသွားပြီ... နောက်ထပ် ကျန်သေး​လောက်တယ်..."


"မော့ရစ်ကန်း?" ဟုန်ကျွင့် တစ်ဖက်လူ တစ်ခုခုမှားနေတာကို သတိထားမိလိုက်သည်။ 


ဝံပုလွေ၏ ခန္ဓာကိုယ်သည် ဆက်လက် ကျုံ့သွားကာ ၎င်း၏တစ်ကိုယ်လုံးမှ အလင်းရောင် ဖျော့ဖျော့​လေး ထွက်လာ၏။ လုရွှီက ၎င်း၏နောက်ကျောမှ ခုန်ဆင်းလိုက်စဥ် လူသားအသွင်သဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားသည့် မော့ရစ်ကန်းက ဆီးနှင်းထဲသို့ ခေါင်းငုံ့ကာ ပြိုလဲသွားတာကို တွေ့လိုက်ရသည်။


လုရွှီ အော်ဟစ်ပြီး ဖမ်းယူလိုက်သည်။ ထိုစဥ် မော့ရစ်ကန်း၏ ခန္ဓာကိုယ်အနှံ့ သွေးများ ဖြည်းညှင်းစွာ ပြန့်ကျဲလာသည်ကို တွေ့လိုက်ရကာ သွေးတွေက သူ့ပတ်ဝန်းကျင်က နှင်းမှုန်များထဲ စိမ့်ကျလာခဲ့သည်။ 


နှစ်နာရီအကြာတွင် လီကျင်လုံက မော့ရစ်ကန်းကို တစ်ဝက်တစ်ပျက် သယ်ဆောင်ကာ ကဲရှူးဟန့်၏ အိမ်ကြီးထဲသို့ ခေါ်လာခဲ့သည်။ ငါးကြင်းနတ်ဆိုးက ဆေးအိတ်ကို ဆွဲယူလာကာ ဟုန်ကျွင့်က မော့ရစ်ကန်း၏ သွေးထွက်နေတာတွေ ရပ်တန့်ရန်အတွက် အတွင်းမှဆေးများကို အမြန် ရှာဖွေခဲ့သည်။


အစေခံက ရေစိမ်ထားသော အဝတ်တစ်ထည်ကိုယူကာ ကဲရှူးဟန့်ရဲ့ ခေါင်းပေါ်မှ သွေးများကို သုတ်ပေးနေသည်။ ကဲရှူးဟန့်သည် ဆံပင်ဖြူများ တုန်လှုပ်နေတဲ့အထိ ကြောက်လန့်တကြားဖြင့် လီကျင်လုံကို စိုက်ကြည့်လျက် ရှိ၏။ 


"လီကျင်လုံ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း... ဘာ​တွေဖြစ်နေတာလဲ?... မင်းရဲ့ခေါင်းကို ငါမခုတ်ဘူး ခုန်ဟုန်ကျွင့် မင်းက ငါ့အသက်ကို ကယ်ခဲ့တယ် ငါ မင်းကို သေချာပေါက် ပြန်ဆပ်မယ်"


လီကျင်လုံသည် ဟုန်ကျွင့်အား မော့ရစ်ကန်းကို ဆေးကုပေးနေရန် အချက်ပြခဲ့သည်။ မော့ရစ်ကန်းကို အိမ်ကြီး၏ နောက်ဖေးသို့ ထမ်းစင်ပေါ်တင်ကာ ခေါ်သွားသောအခါ လုရွှီလည်း လှည့်ပတ်ကြည့်ရှုပြီး လိုက်သွားခဲ့​လေသည်။


"ဇာတ်လမ်းက အရှည်ကြီးပဲ..." 


လီကျင်လုံ၏ လက်များသည်လည်း သွေးစွန်းနေ၏။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် နှလုံးမီးအိမ်တစ်ခု ရှိနေသော်လည်း အပြင်ဘက်က ဒဏ်ရာများစွာ ရနေသဖြင့် သူ့ခမျာ မောပန်းနေပြီး ထိုင်ခုံပေါ် လဲကျသွားခဲ့သည်။ ကျန်းဟောက်နဲ့ ချင်လျောင့်တို့လည်း အမျိုးမျိုးသော စိတ်ဒဏ်ရာများဖြင့် လီကျင်လုံကို ကြည့်​နေကြသည်။