(54)
Viewers 5k

Chapter (54)

သူခိုးကို ဖမ်းပြီးတော့ ဘုရင်ကိုဖမ်း 



ကျန်းဟောက်လည်း သူ့အနောက်က ဆယ်လှမ်းလောက် လူတစ်ယောက် ရှိ​နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ သာမန်အခြေအနေမှာ တစ်စုံတစ်ယောက်က ရုတ်တရက် တိုက်ခိုက်လာတဲ့အခါ မအော်ပေမယ့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူက အော်နေသေးသည်။ ​အော်​​ဖို့​ မမေ့တဲ့အပြင် အရှိန်​ကလည်း အရမ်းမြန်​​နေ၏။ "အား.. " ဆိုတဲ့ စကားလုံး​လေး ထွက်​ကျလာ​တဲ့အချိန် ပန်းအိုးတစ်​လုံးက ကျန်းဟောက်ရဲ့ ​ခေါင်း​နောက်​ဘက်​ကို ထိသွားလေပြီ။ 


သာမာန်လူများသည် "သေလိုက်စမ်း" ဟုဟောက်ပြီးနောက် ၎င်းတို့လက်ထဲတွင် လက်နက်များ ကိုင်ဆောင်လာကာ လျှပ်စီးလက်သွားသလို ဝင်လာပေလိမ့်မည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်မှ မိုးခြိမ်းသံများလို တိုက်ခိုက်သံများ ထွက်ပေါ်လာသော်လည်း လုရွှီရဲ့ လုပ်ရပ်က လျှပ်စီးဖျတ်ကနဲ လက်သွားသကဲ့သို့ပင်။ ခဏနေတော့ ပန်းအိုးက ကျန်းဟောက်ခေါင်းကို နှုတ်ဆက်လေပြီ။ 


ကျန်းဟောက် ရုတ်တရက် သတိမထားမိလိုက်သောအခါတွင် သူ၏ မှော်စွမ်းအားကို ထုတ်လွှတ်ရန် အာရုံစိုက်ချိန်ပင် မရလိုက်ဘဲ သူ့ခေါင်းကို ပန်းအိုးက ရိုက်ချပစ်လိုက်တာကြောင့် လူက လဲကျသွား၏။ 


"မင်း သေမင်းကို ရှာနေတာလား..."


ကျန်းဟောက် တစ်ကိုယ်လုံး ရွှံ့နွံလူသားလို ဖြစ်သွားသည်။ သူက အမည်မသိ မ​ကောင်းဆိုးဝါးတစ်ကောင်၏ မူလပုံစံအတိုင်း တဆတ်ဆတ် တုန်ခါကာ တစ်ကိုယ်လုံးက ရွှံ့သံများ ထွက်လာသည့်အတိုင်း လုရွှီဘက်သို့ လှည့်လိုက်သည်။


လုရွှီ: "???"


လုရွှီအတွက်က ယခုလို မကောင်းဆိုးဝါးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဖြစ်သည်။ ကျန်းဟောက်၏ အဝတ်အစားများ စုတ်ပြဲသွားကာ သူ့အသားရောင်လည်း အညိုရောင် ပြောင်းသွားသည်။ ၎င်းက အစိမ်းရောင်လို အဝါရောင်လို အခိုးအငွေ့များစွာကို ထုတ်လွှတ်လိုက်တာကြောင့် စင်နောက်သို့ ပြေးဝင်သွားလိုက်သည်။ ရှေးဟောင်းပစ္စည်းတွေ ကြားကနေ လူတစ်ယောက်ရဲ့ နာမည်ကိုလည်း အော်ခေါ်နေ၏။ 


"ဟုန်ကျွင့်——!" 


လုရွှီလည်း စင်ကို မြှောက်လိုက်ပြီး ရွှံ့နွံပျော့ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းဟောက်ဘက်သို့ ချက်ချင်း ပစ်ချလိုက်သည်။ မမျှော်လင့်ဘဲ ကျန်းဟောက်က ရွေ့လျားနေသော ရွှံ့ရေကန်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့​ပြီ။ လုရွှီဆီသို့လည်း မြူခိုးများ ဖြန်းခနဲ မှုတ်ထုတ်နေသည်။ 


ထိုစဥ် အပြင်မှာ စောင့်နေတဲ့ စစ်သည်တွေလည်း အသံကြားတာကြောင့် ပြေးဝင်လာခဲ့သည်။ 


"လူသတ်သမား ရှိတယ်!"


လုရွှီ ဘာမှမပြောနိုင်သေးခင် စစ်သည်နှစ်ယောက်က ရွှံ့နွံမကောင်းဆိုးဝါးကို မြင်သောအခါ အသံကုန် အော်ဟစ်ပစ်လေ၏။ ထိုစဥ် ရွှံ့နွံများက ရှေ့သို့ ပြေးသွားကာ စစ်သားနှစ်ယောက်ကို ကိုက်ချပစ်လိုက်သည်။


အကိုက်ခံရသူသည် ခဏမျှပင် အသံထွက်ကာ အဆုံးထိ မအော်ဟစ်နိုင်ခဲ့။ သူ့ခန္ဓာကိုယ်အနှံ့ အရေပြားနှင့် ကြွက်သားများ ပုပ်ပွသွားကာ ရွှံ့နွံမကောင်းဆိုးဝါးဆီက အစားခံလိုက်ရသည်။ ၎င်းက အစာမကြေနိုင်သော သံချပ်ကာ အပိုင်းအစများစွာကို အန်ထုတ်၍ တံခါးခုံကို ဖြတ်ကျော်ကာ လုရွှီဆီသို့ ချဥ်းကပ်လာခဲ့သည်။ 


လုရွှမ် တုန်လှုပ်ခြောက်ခြားစွာဖြင့် လှည့်ပြေးလာခဲ့သည်။ တစ်ဖက်က သူ့ကို လွှတ်မပေးချင်ဘဲ ဥယျာဉ်ထဲအထိ အမြန်လိုက်လာသည်။ အသံကြားတော့ အိမ်အကူ အစေခံတွေလည်း ပြေးသွားသည်။ သူမတို့လည်း ရွှံ့တွေကို မြင်လိုက်ရတော့ အဆုတ်ထိပ်မှ အသံဖြင့် အော်ဟစ်ပြီး ထွက်ပြေးဖို့ ကြိုးစားပေမယ့် ရွှံ့နွံထဲ ခဏအတွင်း နစ်မြုပ်သွားခဲ့သည်။


ရွှံ့နွံမကောင်းဆိုးဝါး သက်ရှိလူတွေကို မျိုချနေချိန်မှာ လုရွှီလည်း ရွှံ့ထဲမှာ လူ့ဦးခေါင်းတစ်ခု ပေါ်လာပြီး ကျန်းဟောက်ရဲ့ ဦးခေါင်းပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ လုရွှီလည်း လူထူထပ်သောနေရာသို့ မပြေးရဲတော့ဘဲ ခြံထဲသို့ ပြေးဝင်ကာ ဂေါ်ပြားတစ်လတ်ကို ကောက်၍ ရွှံ့များပြည့်နေသော ဦးခေါင်းဆီသို့ ပြေးဝင်သွားခဲ့သည်။


"ဘာလို့ မင်းအပေါ်ကို မထိခိုက်ရတာလဲ!" ကျန်းဟောက် တုန်လှုပ်သွားသည်။ 


"ဒါ မဖြစ်နိုင်ဘူး!"


​အော်ပြောရင်း သူ့လက်တွေကို ရွှံ့ထဲက ဆွဲထုတ်ပြီး ရှေ့ကို ပြေးသွားပြန်၏။


လုရွှီ သူ့လက်ထဲက ဂေါ်ပြားကို သပ်သပ်ရပ်ရပ် ပွတ်ဆွဲရင်း ရိုက်ချလိုက်သည်။ ထိုအခါ ကျန်းဟောက်ဦးခေါင်းသည် ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားပြီး ခြံဝင်းနံရံကို ပြေးဆောင့်ကာ ပြုတ်ကျသွားခဲ့သည်။


လုရွှီလည်း ရွှံ့နွံမကောင်းဆိုးဝါးရဲ့ လက်မောင်းကို ရှောင်ရန် ခုန်လိုက်သည်။ မကောင်းဆိုးဝါးက ရွှံ့အဆိပ်တောက်များကို အဆက်မပြတ် ထုတ်လွှတ်နေကာ လုရွှီလည်း လှည့်ပတ်ပြေး၏။ ရွှံ့တွေက နေရာအနှံ့ ဖြန့်ကျက်ပြီး လိုက်ဖမ်းသော်လည်း လုရွှီက မျက်စိတစ်မှိတ်အတွင်း ဆယ်ကြိမ်နီးပါး ရှောင်လိုက် ရိုက်လိုက်၊ ရှောင်လိုက် ရိုက်လိုက်လုပ်ရင်း ရွှံ့များကို လေထဲသို့ တွန်းထုတ်ကာ ဥယျာဉ်ထဲမှ လွှင့်ပစ်လိုက်သည်။


လုရွှီ: "ဟုန်ကျွင့်!"


လုရွှီ ဂေါ်ပြားကိုကိုင်ကာ ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သူက တခဏမျှ စဉ်းစားပြီးနောက် ဂေါ်ပြားကို ကောက်ယူကာ ကဲရှူးဟန့်နဲ့ သူ့ဇနီးရှိရာ ခန်းမထဲသို့ အမြန်ပြန်လှည့်သွားခဲ့သည်။ 


.......


လေနှင့် ဆီးနှင်းများတွင် ငါးကြင်းနတ်ဆိုး တစ်ကောင် လျင်မြန်စွာ ပြေးလွှားနေသည်။ ၎င်းက လူသေကောင် ဖုတ်ကောင်ကြားသို့ အောင်အောင်မြင်မြင်နဲ့ တိုးဝင်သွားနိုင်ခဲ့ပါပြီ။ 


ရုတ်တရက် အဝေးမှ သံချပ်ကာ လှုပ်ရှားသံများကြားတော့ ငါးကြင်းနတ်ဆိုးက လှည့်ကြည့်လိုက်သည်။ အလောင်းစစ်သည် လှုပ်ရှားနေတာကို တွေ့သော် သူက မြေပြင်ပေါ်ကို ချက်ချင်း ပြုတ်ကျပြီး အမြီးကို ကြိမ်ဖန်များစွာ ခတ်ကာ သေချင်ယောင် ဆောင်နေတော့၏။ 


ပုပ်ပွနေသော စစ်မြင်းများသည် ကင်းလှည့်အစောင့်များစွာကို သယ်ဆောင်ကာ နေရာအနှံ့ လှည့်ပတ်ကာ အနောက်ဘက်သို့ ဖြတ်သန်းသွား​နေကြသည်။ အစောင့်များ ဖြတ်သွားပြီးနောက် ငါးကြင်းနတ်ဆိုးက အဖွဲ့တွေကြားထဲ တစ်ဖန် ခိုးဝင်ကာ အလောင်းကောင်များကို ကျော်ဖြတ်ရင်း တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။


စစ်သူကြီးတစ်ဦးသည် အရပ်မြင့်မြင့် မြင်းတစ်ကောင်ကိုစီးကာ လေအေးများ တိုက်ခတ်ရာ အရပ်၌ ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ကို နှင်းပွင့်များဖြင့် ဖုံးအုပ်ထား၏။ ငါးကြင်းနတ်ဆိုးသည် ကျောက်တုံးကြီးနောက်တွင် ပုန်းနေကာ သူ၏ငါးခေါင်းတစ်ဝက်ကို ဆန့်ထုတ်လျက် ထိုစစ်သူကြီးကို စိုက်ကြည့်နေသည်။


သူ့ခါးမှ ဓားကို ချွတ်ပစ်လိုက်တဲ့အခါ ဓားရှည်မှာ ဓားအပေါက် ငါးပေါက်ပါတာကို တွေ့လိုက်ရသည်။ ဓားဆီကနေ လေချွန်သံလို စူးစူးဝါးဝါး ဟစ်အော်သံများ ထွက်လာခဲ့ကာ ၎င်းအသံဟာ ထူးထူးခြားခြား သတ္တဝါရဲ့ ဟောက်သံလိုပါပဲ။ လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ပင် လှမ်းကြားရသည်။


အနက်ရောင် စွမ်းအင်များက အလောင်းစစ်သူကြီး၏ ခန္ဓာကိုယ်မှ ထွက်လာပြီး မီးတောက်ကဲ့သို့ ဓားကို ရစ်ပတ်လိုက်သည်။ ထိုအခါ ဓားဆီကနေ တဆက်ဆက် တုန်ခါနေသော အသံများ ထွက်ပေါ်လာခဲ့သည်။


မြို့တော်တံတိုင်း အောက်မှာတော့ လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ဟာ ထူးဆန်းတဲ့ အသံကို ရုတ်တရက် ကြားလိုက်ကြစဥ် ချက်ချင်း သတိကပ်သွားကြသည်။ အဲဒီအချိန်မှာ အဝေးမှာရှိတဲ့ အလောင်းစစ်သည် စစ်တပ်တွေဟာ အလွန်နှေးကွေးစွာ လှုပ်ရှားလာကြတာ တွေ့လိုက်ရ၏။ 


"ဘာဖြစ်နေတာလဲ" 


ဟုန်ကျွင့် တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပဲ သူ့နောက်က လန်ကျိုးမြို့ဆီကလည်း ရူးသွပ်သွား​သော အော်သံများ ထွက်လာလေသည်။ မြို့ထဲမှာ တစ်ခုခု ဖြစ်သွားပြီ။ လီကျင်လုံ တုံ့ဆိုင်းနေချိန်တွင် ငါးကြင်းနတ်ဆိုးက အမြန်ပြန်ပြေးချလာသည်။


“အဲဒီကောင်ကို ငါတွေ့ပြီ!!” 


ငါးကြင်းနတ်ဆိုးက သူမြင်ခဲ့ရတာတွေကို ပြောပြလိုက်သည်။ 


လီကျင်လုံ: "မြို့ထဲမှာ ဘာဖြစ်သွားမှန်း မသိဘူး... အတွင်းရော အပြင်မှာပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ် မြန်မြန်လုပ်"


အလောင်းစစ်သည်တွေက လေးထောင့် အခင်းအကျင်းကို စုစည်းထားသည်။ ဟုန်ကျွင့်လည်း လီကျင်လုံ အနောက်က အမြန်လိုက်ကာ မေးလိုက်သည်။ 


"မြို့ထဲကရော?"


လီကျင်လုံ: "မြို့ပြင်ကဟာတွေကို အရင် ရှင်းမယ်!"


တခဏချင်းမှာပဲ ဖုတ်ကောင်တွေရဲ့ စစ်တပ်ဖွဲ့စည်းမှုက အလွှာတစ်ခုပြီးတစ်ခု အရှေ့ဖက်ကနေ အနောက်ဖက်ကို ရွေ့လျားလာနေ၏။ သူတို့နှစ်ယောက် တောအုပ် အပြင်ဘက်သို့ ရောက်သွားသောအခါ ဟုန်ကျွင့်သည် ဓားပျံများကို ကြိုးဖြင့်ချည်ကာ ပစ်လွှတ်လိုက်သည်။ ဓားနှစ်ချောင်းကို အချင်းချင်း ရစ်ပတ်စေရင်း ချက်ချင်း ပြန်ဆွဲထုတ်လိုက်သည်။ 


လီကျင်လုံက ချက်ချင်း ဒူးထောက်ထိုင်ချလိုက်သည်။ သူက အလောင်းစစ်သည်ရဲ့ ခေါင်းပေါ် လက်ဖဝါးကို ဖိကာ သူ့နှလုံးမီးအိမ်ရဲ့ အလင်းရောင်ကို အလင်းထုတ်လိုက်သဖြင့် ရုန်းကန်နေသော အလောင်းစစ်သည်လည်း ငြိမ်သက်သွားပြီး ပြင်းထန်သော အလင်းရောင်ကြောင့် ကိစ္စတုံးသွားခဲ့သည်။ 


ထို့နောက် ဟုန်ကျွင့်သည် အစောကအတိုင်း နောက်တစ်ဦးကို ဆွဲထုတ်ပြန်၏။ နှလုံးမီးအိမ်အလင်းက အလောင်းစစ်သည်ကို အဆုံးသတ်ပေးလိုက်သည်။ လီကျင်လုံက လှံတစ်ချောင်းကို ကောက်ယူကာ ဟုန်ကျွင့်ဘက်လည်း တစ်ချောင်း ပစ်ပေးသည်။ နှစ်ယောက်သား တောအုပ်အောက်မှ ငုပ်လျှိုး၍ အလောင်းစစ်သည်တွေဘက် ကြောက်ရွံ့စွာ လှမ်းကြည့်ရင်း ချဥ်းကပ်သွားခဲ့သည်။ ထို့နောက် သူတို့သည် လှံကို ကိုင်ကာ လျင်မြန်စွာ ပြေးထွက်သွားကာ လေးထောင့်ပုံသဏ္ဌာန် တပ်ဖွဲ့ထဲသို့ ရောနှောသွားလေသည်။


အကွာအဝေး တစ်ခုတွင်တော့ အလောင်းစစ်သည် တစ္ဆေဘုရင်သည် နှင်း​တောင်ကုန်းပေါ်တွင် ရပ်နေ၏။ သူ့လက်ထဲက ဓားသည် တဟုန်ထိုး တုန်ခါသွားကာ အလောင်းစစ်သည်များက ရှည်လျားလှသော လှည့်ပတ်​ ပြေးနေသည့် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်ပေါ်လာသည်။ မြင်းတပ်သားများ တန်းစီပြီး နှင်းတောင်ကုန်းပြင်တွင် စုရုံးကြသည်။


ဟုန်ကျွင့်မှာ မြေကြီးပေါ်မှ အလောင်းစစ်သည်တွေနဲ့ တူအောင် ဘယ်လိုပြေးရမလဲ တွေးတောရင်း စိတ်ဒုက္ခရောက်နေသည်။ သူတို့ အတန်ကြာအောင် ပြေးပြီးနောက် ဟုန်ကျွင့်ရဲ့ ညာဘက်နေရာက မည်းမှောင်သွားခဲ့သည်။


သူ လှည့်ကြည့်လိုက်စဉ်တွင် လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်ကာ သူ့အား ခြေလျင်တပ်သားများထဲသို့ ဆွဲထည့်လိုက်သည်။ ဟုန်ကျွင့် ကြောက်လန့်တကြား ထအော်မယ်အလုပ် အနားက အသံတိုးတိုးကို ကြားလိုက်ရသည်။ 


"ကိုယ်ပါ!"


လီကျင်လုံသည် သူ့အား ခြေလျင်တပ်နှင့်အတူ ဘယ်ညာလှည့်ကာ သွားခိုင်းသည်။ အနည်းငယ် နောက်ပြန် ဆုတ်ပြီးနောက် တိုက်ခိုက်ရေး ဖွဲ့စည်းခြင်း၏ အလယ်ဗဟိုသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်ခဲ့သည်။


ဟုန်ကျွင့်အတွက်ကတော့ ဒီပုံစံက ဝင်္ကပါနဲ့တူနေပါပြီ။ လီကျင်လုံ ဘယ်လိုရှာတာလဲ။ အလောင်းစစ်သည် ဘုရင်ကို အခုထိ ရှာမတွေ့သေးဘူးလား။ လီကျင်လုံ ယခင်က တပ်၆တပ်နှင့် လေ့ကျင့်ခဲ့ကြောင်း သူအနည်းငယ်မျှ မစဥ်းစားမိခဲ့ပေ။ 


လီကျင်လုံဟာ ကျားစွမ်းအား ဖွဲ့စည်းမှု၊ မြွေပုံစံနှင့် လင်းယုန်တောင်ပံ ဖွဲ့စည်းခြင်းတို့ကို အလွန်အကျွမ်းတဝင် သိသည်။ အလောင်းကောင် ဘုရင်သည် အတွင်းပိုင်းကို မြွေပုံသဏ္ဍာန်နှင့် ဖွဲ့စည်းထားသည်။ 


လူနှစ်ယောက်သည် နှင်းတောင်ကုန်းဆီသို့ ဆက်လျှောက်လာပြီးနောက် ဓားဆီက လေချွန်သံများ ထွက်ပေါ်လာခဲ့ရာ ခြေလျင်တပ်များ အားလုံး ရပ်တန့်သွားကြသည်။


ဟုန်ကျွင့် ခလုတ်တိုက်လုနီးပါး ဖြစ်ခဲ့သော်လည်း လီကျင်လုံက ရပ်တန့်ရန် အသင့်ဖြစ်နေပြီ။ မျှော်လင့်ထားတဲ့အတိုင်း ထိုကောင်လေး ချော်လဲတော့မှာမို့ သူ့လက်ကို ဆန့်တန်းကာ မတ်တပ်ရပ်နိုင်ရန် ထိန်းထားပေးလိုက်သည်။ သူတို့ လှံနှစ်ဖက်ကို မြှောက်လိုက်ကာ နှင်းတောင်တန်းများနောက်တွင် ရပ်နေလေသည်။ အခုအချိန်မှာတော့ အလောင်းစစ်သည် ဘုရင်၏ ရုပ်ပုံကို ရှင်းရှင်းလင်းလင်း မြင်ရသည်။


ရှေ့တန်းရှိ မြင်းစီးသူရဲ အားလုံးသည် ၎င်းတို့၏ လက်နက်များကို မြှောက်ကာ အဝေးမှ လန်ကျိုးမြို့ကို ညွှန်ပြ​နေကြသည်။ မှောင်မိုက်သော ညကောင်းကင်ယံ၌ အနီရောင်မီးတောက်က မြို့ထဲမှ ထွက်ပေါ်လာ၏။ ဟုန်ကျွင့် အံ့သြသွားသည်။


လန်ကျိုး မြို့ထဲမှာ ဘာဖြစ်သွားတာလဲ။ 


ဟုန်ကျွင့် လီကျင်လုံဘက် လှည့်ကြည့်လိုက်တော့ လီကျင်လုံက သူ့ကို အဓိပ္ပာယ်ရှိပြီး ခြိမ်းခြောက်နေတဲ့ အကြည့်တစ်ချက်ကို ပေးလာတာကြောင့် ဟုန်ကျွင့် သဘောပေါက်သွားသည်။ အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်ရန် အလောင်းစစ်သည် ဘုရင်ကို ဖမ်းမိရမည်။


ဤအချိန်တွင် အလောင်းစစ်သည် ဘုရင်က သူ့ဓားကို အနည်းငယ် မြှင့်လိုက်သည်။ ၎င်းဓားဆီက အနက်ရောင်မီးသည် တောက်လောင်ကာ နဂါးဟောက်သံကဲ့သို့ အသံများ ထွက်လာသည်။


တစ်ချိန်တည်းမှာပင် ဖုတ်ကောင်တပ်သား 50,000 သည် နတ်ဘုရားများ၏ ကြက်ပေါက်များကဲ့သို့ မြေကြီး ပြိုကျတော့မတတ် နှင်းမှုန်များကို နင်းဖြတ်ကာ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားတော့သည်။


မြင်ကွင်းက ရိုးရိုးရှင်းရှင်းနဲ့ ကြီးကျယ်ခမ်းနားလှသည်။ ဟုန်ကျွင့် အရင်တစ်ခေါက်က အလောင်းစစ်သည်များကို တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတပ်သား ၅သောင်းဟာ တစ်ချိန်တည်းတွင် အရှိန်အဟုန်ဖြင့် ပြေးတက်ကာ လန်ကျိုး မြို့တစ်ခုလုံးကို ချေမှုန်းပစ်ရန် လုံလောက်ပုံရကြောင်း သိသည်။ 


မြင်းတပ်အား အသက် သွင်းလိုက်သည်နှင့် တပြိုင်နက် ခြေလျင်တပ်သည်လည်း ဒီရေတက်သကဲ့သို့ ပြေးထွက်သွားသည်။ လီကျင်လုံက သူ့လှံကို မြှောက်ကာ ရှေ့တန်းအထိ ပစ်ခတ်ပြီးနောက် ပြေးတက်သွား၏။ သူနဲ့ ဟုန်ကျွင့် ခြေလျင်တပ်ရင်း၌ အတောင်နှစ်ပိုင်းခွဲကာ နှင်းတောင်ကုန်းပေါ်ကို ချီတက်လေသည်။ 


အလောင်းစစ်သည် ဘုရင်ကလည်း လူနှစ်ယောက်ရဲ့ ခိုးဝင်တိုက်ခိုက်မှုကို ချက်ချင်း ခံစားလိုက်ရပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် လီကျင်လုံက ပညာရှိဓားကို ဆွဲထုတ်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး ထိုဘုရင်အား ဓားတစ်ချက်တည်းဖြင့် ထိုးချလိုက်လေသည်။


.....


လန်ကျိုးမြို့တွင်တော့ ကျန်းဟောက်သည် လုရွှီကို မတိုက်ခိုက်တော့ပေ။ သူသည် ရွှံ့နှင့်တူသော မကောင်းဆိုးဝါး အဖြစ်သို့ ပြောင်းလဲသွားကာ လမ်းတစ်လျှောက်တွင် ကယ်ဆယ်ရန် အမြန်ပြေးလာသော မြင်းစီးစစ်သည် အားလုံးနီးပါးကို ဖြိုခွင်းလိုက်သည်။ မြို့ထဲမှာတော့ လူတွေက ပိုပို များလာကာ ပြင်းထန်သော အားမာန်များဖြင့် မြို့တံခါးဆီသို့ ရောက်လာ​ကြ၏။


မကြာသေးမီက ဟုန်ကျွင့်က မြို့တံခါးကို ဖျက်ဆီးခဲ့ပြီးပြီ။ ယခုအခါတွင်လည်း ပတ်ဝန်းကျင်ရှိ စစ်သည်များအားလုံးသည် ရွှံ့နွံထဲမှ ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။ ဘယ်သူမှ ရှေ့သို့မလှမ်းဝံ့ပေ။ ကျန်းဟောက်က အဆိပ်ပြင်းသော မြူခိုးများကို လွှတ်ချလိုက်ရာ မြို့တံခါးမှ စစ်သည်များလည်း အခိုးအငွေ့တွေကြောင့် တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။ 


မြို့တွင်း၌ နေရာတိုင်း မီးလောင်မှုတွေ ဖြစ်နေ၏။ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များက မြို့တံခါးဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ 


တစ်ဖက်မှာတော့ အလောင်းစစ်သည် ဘုရင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လီကျင်လုံရဲ့ ဓားကို လက်နှစ်ဘက်နဲ့ ကိုင်ရင်း ပါးစပ်ကလည်း ဟစ်အော်နေသည်။ ထိုစဥ် လီကျင်လုံက လေထဲမှ ခုန်ဆင်းပြီး အ​လောင်းစစ်သည်ဘုရင်ရဲ့ ဦးခေါင်းကို ကန်ထည့်လိုက်သည်။ 


၎င်းက ချက်ချင်းပင် ရှောင်ကာ သူ့ဓားကို အလျားလိုက် ခုခံထားလိုက်ရာ ဓားနှစ်လတ် ပြင်းထန်စွာ တိုက်မိသွားကာ "ဒန်း"ကနဲ အသံသည် အသံလှိုင်းများက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။


ဟုန်ကျွင့် ချက်ချင်းဆိုသလို ရှေ့သို့ အမြန်ပြေးကာ ပျံသန်းနေသော ဓားလေးစင်းကို ရုတ်တရက် ပစ်ခွင်းလိုက်သည်။ ဓားပျံက အလောင်းစစ်သည် ဘုရင်ရဲ့ ခမောက်ကို သူ့​ခေါင်းမှ လွှင့်ပစ်လိုက်သည်။ တခဏချင်းမှာပဲ ခမောက်က မြေပြင်ပေါ် ပြုတ်ကျပြီး ဘုရင်ကြီးရဲ့ ဆံပင်ရှည်ကြီးက လွင့်ကျလာ၏။ ၎င်းက အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး နှင်းတွေထူထပ်နေတဲ့ တောင်ကုန်းတွေပေါ်မှာ ခန့်ညားစွာ ရပ်နေတာကို မြင်ရပေသည်။ 


မူလက သူသည် ဤလူကို ရိုင်းစိုင်းသော မကောင်းဆိုးဝါး တစ်ကောင်ဟု ထင်ခဲ့သော်လည်း ၎င်း၏ မျက်နှာမှာ သာမန်လူတစ်ယောက်၏ အသားအရေလို မဟုတ်သော မီးခိုးရောင် ဖျော့ဖျော့ပြာပြာနှင့် သူ့ခမောက်ကို ချွတ်လိုက်သောအခါတွင် သန်မာတဲ့ ချောမောတဲ့သူ ဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။ 


ပြေးထွက်လာသော ခြေလျင်တပ်သားများသည် ကုန်းမြင့်ပေါ်မှ အလောင်းစစ်သည် ဘုရင်ကို ကြည့်ရန် ခေါင်းကို တစ်ချက်လှည့်ကြည့်သော်လည်း တစ္ဆေဘုရင်က ခိုးဝင်တိုက်ခိုက်သူနှစ်ဦးကို လုံးဝ မကြောက်ခဲ့ပေ။ သူက ရှေ့က မြင်းတပ်နှင့် ခြေလျင်တပ်တို့ကို ထပ်ပြီး အမိန့်ပေးနေသေးသည်။ 


ဒီအခြေအနေမှာ လီကျင်လုံလည်း သူ့ကိုယ်သူ ဘယ်လိုလုပ် ယုံကြည်နိုင်​တော့မှာလဲ။ ဓားကို ချက်ချင်း လှုပ်ယမ်းလိုက်တော့သည်။ ဓားပေါ်မှ အလင်းသည် တဖျပ်ဖျပ် တောက်သွားကာ ကောင်းကင်တစ်ခွင်လုံး ဓားအရိပ်များ ထွက်ပေါ်လာကာ အလောင်းစစ်သည် ဘုရင်ကို တိုက်ခိုက်လေသည်။ သို့သော်လည်း အလောင်းစစ်သည် ဘုရင်က သူ၏လေဓားဖြင့် လျင်မြန်စွာ တားဆီးခဲ့သည်။ အမှန်တကယ် ၎င်းက လီကျင်လုံနှင့် တန်းတူ တိုက်ခိုက်နိုင်၏။ 


"သတိထား!" 


ဟုန်ကျွင့်လည်း လီကျင်လုံ ကုန်းပေါ်သို့ လှည့်၍ ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ အလန့်တကြားဖြင့် အော်လိုက်သည်။ 


ထိုစဥ် အလောင်းစစ်သည် ဘုရင်က ဟုန်ကျွင့်ဘက်သို့ လက်သီးတစ်ချက် အပြင်းအထန် ထိုးချလိုက်ရာ ဟုန်ကျွင့်လည်း ဒိုင်းတစ်ခုဖြင့် ပိတ်ဆို့ရန် နတ်အလင်းများကို ထုတ်လိုက်သည်။ ထိုလက်သီးချက်က လူတစ်ကိုယ်လုံးနှင့် အလင်းတန်းများကို တုန်ခါသွားစေလောက်အောင် ပြင်းထန်ပြီး လူတစ်ကိုယ်လုံး နောက်ပြန်လျှောကျသွားသည်။ ဟုန်ကျွင့် ဆယ်လှမ်းနီးပါးအကွာအထိ ချော်ထွက်ပြီးမှ မြေပြင်ပေါ်သို့ ခိုင်ခံ့စွာ လဲကျသွားသည်။


ထိုလက်သီးချက်သည် တောင်များကို ဖြိုခွဲနိုင်ပြီး အထိမ်းအမှတ် အဆောက်အအုံများကို ဖြိုခွဲနိုင်လောက်အောင် ပြင်းထန်လွန်းသဖြင့် ဟုန်ကျွင့်ပင် သွေးအန်သွား၏။ သူ တုန်လှုပ်သွားစဥ် ထိုဘုရင်က လီကျင်လုံဘက်သို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။ အလောင်းစစ်သည် ဘုရင်က ကြီးကြီးမားမား လုပ်ဖို့ မကြိုးစားပေမယ့် သူတို့ နှစ်ယောက်ကိုတော့ လုံးဝ မကြောက်ပါဘူး။


အလောင်းစစ်သည် ဘုရင်ရဲ့ လက်သီး လီကျင်လုံမျက်နှာကို ထိသွားတာ တွေ့လိုက်ရသည်နှင့် တပြိုင်နက် ဟုန်ကျွင့် ထိတ်လန့်စွာ အော်ဟစ်လိုက်မိ၏။ လီကျင်လုံက သူ့မျက်နှာပေါ်က ထိုးနှက်ချက်ကို ကာထားရန် ဓားကို ဘယ်ဘက်သို့ ဆွဲယမ်းလိုက်သည်။ ထို့နောက် လက်တစ်ဖက်က ဓားအောက်မှ ထွက်သွားပြီး အလောင်းစစ်သည် ဘုရင်ရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်သည်။


ဝုန်းကနဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အလောင်းစစ်သည် ဘုရင်သည်လည်း လီကျင်လုံ၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့သည်။


ဟုန်ကျွင့် အချိန်မီ မကယ်နိုင်ဘဲ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်နှင့် အရိုးကွဲအက်သံကို ကြားလိုက်ရသည်။ အလောင်းစစ်သည် ဘုရင်ရဲ့ တစ်ကိုယ်လုံး အနက်ရောင် စွမ်းအင်တွေ ပေါက်ကွဲပြီး နောက်ပြန်ကျသွားသည်။ လီကျင်လုံလည်း သွေးအန်ထွက်သည်အထိ အရိုက်ခံလိုက်ရတာကြောင့် နှင်းထူထပ်သော တောင်ပေါ်မှ လိမ့်သွားသည်။


ထိုအချိန်တွင် အလောင်းစစ်သည် ဘုရင်လည်း လေဓားကို လွတ်သွား၏။ ငါးကြင်းနတ်ဆိုးကလည်း အခွင့်အရေးကို မြင်၍ မြှားတစ်စင်းကဲ့သို့ ပြေးထွက်လာကာ ဓားကို ဆွဲကိုင်လိုက်သည်။ 


"ရပြီ!"


ဟုန်ကျွင့်: "ခေါင်းဆောင်——!"


ဟုန်ကျွင့်ကတော့ ဘုရင်ကို လျစ်လျူရှုကာ လီကျင်လုံကို ကူညီရန်သာ အမြန်ပြေးသွားခဲ့သည်။ သူက ဆေးကို အလျင်အမြန်ထုတ်ကာ လီကျင်လုံပါးစပ်ထဲ အမြန်ထည့်ပေးသည်။ ဒဏ်ရာက ပြင်းတာကြောင့် လီကျင်လုံမှာ နှာခေါင်းသွေးများ ထွက်ကာ နှင်းတစ်ဖက်တွင် သတိလစ်သွားခဲ့သည်။ တစ္ဆေ ဘုရင်ကြီး တုန်တုန်ယင်ယင်နဲ့ မတ်တပ်ရပ်လာပြီး ဓားကို ရှာတော့သည်။ 


လီကျင်လုံ ဆေးသောက်ပြီးနောက် နိုးလာကာ ချက်ချင်းထထိုင်ဖို့ ရုန်းကန်တော့သည်။ 


"ဓားကို.... ကိုင်လိုက်.....!"


ငါးကြင်းနတ်ဆိုးက ဓားကိုယူကာ ထွက်ပြေးလာသည်။ 


ဟုန်ကျွင့်: "အလောင်းကောင်တွေကို မြန်မြန် ရပ်ခိုင်းလိုက်!"


ငါးကြင်းနတ်ဆိုး: “ဘယ်လိုရပ်ခိုင်းရမလဲ... ဘယ်လိုရပ်ခိုင်းရမလဲ” 


ငါးကြင်းနတ်ဆိုးက မြို့တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ယခုအချိန်တွင် အလောင်းကောင် တစ္ဆေတပ်သားများက မြို့တံခါးဆီသို့ ပြေးဝင်သွား၏။ မြို့တံခါးက ရုတ်ချည်း ပွင့်သွားလေပြီ။ လူမနေသော တိုင်းပြည်သို့ ရောက်သွားသကဲ့သို့ အလောင်းကောင်များနှင့် ပြည့်သွားသည်။ 


"ဟေး----!"


မျှော်လင့်ထားသည့်အတိုင်း အလောင်းတစ်လောင်းကမှ ငါးကြင်းနတ်ဆိုးရဲ့ အသံကို ဂရုမစိုက်ပေ။ ဟုန်ကျွင့် မြို့တံခါးဘက်မှ အနောက်ကို ပြန်ကြည့်လိုက်တော့ ဘုရင်ကြီးက ငါးကြင်းနတ်ဆိုးကို နောက်တစ်ကြိမ် လိုက်ဖမ်းဖို့ ဟန်ပြင်နေတာကို တွေ့လိုက်ရသည်။ 


"အရင်ပြေးတော့... ပြေး! သူက မင်း​နောက်ကို လိုက်နေတာ!"


ငါးကြင်းနတ်ဆိုးလည်း နောက်ပြန်ကြည့်ကာ ဓားကို ချက်ချင်း ပွေ့ဖက်ထားလိုက်သည်။ အလောင်းစစ်သည် ဘုရင်သည် လီကျင်လုံရဲ့ နှလုံးမီးအိမ်ကြောင့် ထိမှန်သွားဟန်ဖြင့် ဟုန်ကျွင့်နဲ့ လီကျင်လုံက အရေးကြီးကြောင်း သိလိုက်ရသည်။ 


ဟုန်ကျွင့် အမြန်ဆုံးဖြတ်ချက် ချလိုက်ပြီး လီကျင်လုံအား တစ်ဖက်သို့ တွန်းထုတ်လိုက်သည်။ 


"လာခဲ့လေ!"


အလောင်းစစ်သည် ဘုရင်ရဲ့ လက်သီးတစ်ချက်က တောင်ကုန်းကို ပြိုကျသွား​စေဖို့ လုံလောက်သည်။ ဟုန်ကျွင့် သူနဲ့ တိုက်ရိုက် မတိုက်ဝံ့တဲ့အတွက် နှင်းတွေကျနေတဲ့ တောင်ကုန်းအောက်ကို ဆွဲချလိုက်ရုံပဲ လုပ်နိုင်၏။ လီကျင်လုံကလည်း သူ့လက်ထဲက လွင့်ကျသွားတဲ့ ဓားကို လှည့်ပတ်ရှာနေသည်။ 


အလောင်းစစ်သည် တစ္ဆေက အရှိန်အပြည့်နှင့် ပြေးလာနေတာကို မြင်လိုက်ရတော့ ဟုန်ကျွင့် လေထဲသို့ခုန်တက်ကာ ဓားပျံလေးစင်းကို ပေါင်းစပ်ကာ ​မော့ဓားတစ်လက် ဖန်တီး၍ ရန်သူအပေါ် ခုတ်ထစ်လိုက်သည်။ လျှပ်စီးလက်သွားသလို ဘုရင်က ၎င်းကိုရှောင်ရန် သူ့ခေါင်းကို အမြန်လှည့်လိုက်တာကြောင့် အနက်ရောင်ဆံပင် အနည်းငယ်ကိုသာ ဖြတ်မိကာ နှင်းတောင်ကုန်းကိုတော့ ဓားဖြင့် ဖြတ်ထုတ်မိသွားတာမို့ လျှောကျသွားသည်။ ရုတ်တရက် ပြုတ်ကျသွားတာနဲ့ အလောင်းစစ်သည် ဘုရင်က မော့ဓားရှည်ကို နောက်ထပ် လက်သီးတစ်ချက်နဲ့ ထိုးလိုက်သည်။ 


ဟုန်ကျွင့် လေထုထဲတွင် ရှိနေပြီး ခွန်အားဆွဲယူရန် နေရာမရှိသောကြောင့် မော့ဓားရှည်ကို လှုပ်ရှားရန်မှတစ်ပါး ရွေးချယ်စရာ မခဲ့ပေ။


ဝှစ်!


 —— "ဝှေ့ယမ်း" အသံနှင့်အတူ မော့ဓားရှည်က ဓားငယ်များအဖြစ် တစ်ဖန် ခွဲထွက်သွားသည်။ ၎င်းက ဓားလေးစင်းအဖြစ်သို့ လှည့်ကာ ပြန်ပြေးသွားမည့်အစား အလောင်းစစ်သည် ဘုရင်၏ သံချပ်ကာကြိုးများ အားလုံးကို ဖြတ်ပစ်လိုက်သည်။ 


အလောင်းစစ်သည် ဘုရင် ပျံသန်းလာသောအခါတွင် သူ၏ ချပ်ဝတ်တန်ဆာ အားလုံး ပြိုကွဲသွားလေပြီ။ ဟုန်ကျွင့် ချက်ချင်းပင် ရန်သူရဲ့ နံရိုးအောက်ကနေ ဖြတ်ပြေးသွားကာ နှစ်ယောက်သား ကျောခိုင်းကာ ခွါသွားကြသည်။ ထိုလှုပ်ရှားမှုက ဟုန်ကျွင့်ရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုလို့သာ ပြောရမည်။ 


ထိုစဉ် လီကျင်လုံက ဓားကို ရှာတွေ့ကာ ဒေါသတကြီး အော်ဟစ်ရင်း အလောင်းစစ်သည် ဘုရင်အား ထပ်မံ တိုက်ခိုက်ခဲ့သည်။


အလောင်းစစ်သည် ဘုရင်သည် သူ၏ ချပ်ဝတ်တန်ဆာ အားလုံးကို ဆုံးရှုံးသွားခဲ့ပြီမို့ အနက်ရောင်နဲ့ အနီရောင် စစ်ဝတ်စုံလေးသာ ကျန်တော့သည်။ သူတို့နှစ်ယောက် လူချင်း ကွာသွားသည့် အခိုက်တွင် ဟုန်ကျွင့်က ပျံသန်းနေသော ဓားအားလုံးကို ပြန်သတိရစေရန် သူ့လက်ကို မြှောက်ကာ ထိန်းချုပ်လိုက်သည်။ တစ်ဖန် မော့ဓားရှည်ကို ဖန်တီးပြီး ရှေ့သို့ ပြေးသွား​ပြန်သည်။ 


အလောင်းစစ်သည် ဘုရင်က ဟုန်ကျွင့်ကို စိုက်ကြည့်ရင်း သူ့အမူအရာမှာ ပျော်ရွှင်တာ သို့မဟုတ် ဒေါသထွက်တာမျိုး မပြဘဲ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှောင်ထွက်သွားသည်။ 


"သေစမ်း! ဒီကောင်ရဲ့ အရှိန်က လုရွှီထက် မနိမ့်ဘူး!"


လီကျင်လုံ ရှေ့သို့ အလျင်အမြန် ပြေးသွားသော်လည်း ရန်သူသည် လီကျင်လုံ၏ လက်သီးများကို ကန်ကျောက်ကာ ရှောင်ရင်း လေထဲသို့ လှည့်ကာ ချက်ချင်းပင် ကန်ထုတ်ပစ်လိုက်သည်။ ဟုန်ကျွင့်လည်း မော့ဓားဖြင့် အကြိမ်ပေါင်းများစွာ ထိုးသတ်ခဲ့သော်လည်း အလောင်းစစ်သည် ဘုရင်က သူ့ထံသို့ ချဉ်းကပ်လာပြီး မော့ဓားရှည်ကို လက်ညှိုးဖြင့် ပွတ်သပ်သွားသည်။


"ချွင်း" ဆိုတဲ့ အသံနဲ့အတူ ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ဟာ တကယ့်စွမ်းအားရဲ့ ရိုက်ခတ်မှုကြောင့် နာကျင်သွား၏။ သို့သော် ထိုဘုရင်ကို သူ့ရင်ဘတ်ထဲကို ကန်ထုတ်လိုက်ပြန်တာကြောင့် နှင်းတွေပေါ် လဲကျသွားတော့သည်။ 


အလောင်းစစ်သည် ဘုရင်က သူ့လက်ကို မြှောက်လိုက်ပြီး မော့ဓားရှည်အား ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ဟုန်ကျွင့်ကို မကြည့်တော့ဘဲ လှည့်ကာ ဓားကိုင်ထားသည့် လီကျင်လုံဆီသို့ လျှောက်သွား​လေသည်။


လီကျင်လုံက သူ့နှလုံးမီးခွက်၏ စွမ်းအားကို အာရုံစိုက်ထားသည်။ လက်တစ်ဖက်ကို ရင်ဘတ်၌ ကပ်ထားကာ သူ့အသက်ကို စွန့်လိုက်ရလျှင်ပင် နောက်ထပ် အလင်းတန်းကြီးတစ်ခု ထုတ်ပေးနိုင်ဦးမယ်လို့ မျှော်လင့်နေ၏။ ဟုန်ကျွင့် နှင်းထဲတွင် ရုန်းကန်ပြီး လူးလှိမ့်ထနေသည်။ ပေါင်တစ်ထောင်အလေးချိန်က သူ့ကိုချက်ချင်း ထိသွားသလိုမျိုး သူ့ရင်ဘတ်ကို ကန်ထုတ်လိုက်တဲ့ နေရာက ပြင်းထန်စွာ နာကျင်​နေသည်။


အလောင်းစစ်သည် ဘုရင်သည် လီကျင်လုံဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေပြီ။ လီကျင်လုံ သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်တော့ ဟုန်ကျွင့်ရဲ့ မော့ဓားရှည်ကို ကိုင်ထားတာ တွေ့လိုက်ရသည်။ ဓားထိပ်ဖျားက သူ့ဆီကို ညွှန်ပြနေပြီ။ 


ဟုန်ကျွင့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကျယ် ထိတ်လန့်သွားရသည်။ သူက အံကြိတ်ကာ ရောင်စုံနတ်အလင်း ငါးရောင်ကို လှုပ်ယမ်းကာ ကျယ်လောင်စွာ အော်​ခေါ်လိုက်သည်။


"ခေါင်းဆောင်——!" 


နောက်အခိုက်အတန့်တွင် ဟုန်ကျွင့်ဟာ ချင်းရှူံ သင်ပြပေးထားတဲ့ အတိုင်း သူအရင်က ခုတ်လှဲခဲ့သော နှင်းကုန်းတစ်ဝက်ဆီကို မြန်ဆန်စွာ ပြေးသွားသည်။ နှင်းကုန်းသည် အေးခဲနေသော မြေဆီလွှာထဲတွင် လုံလောက်သော အလေးချိန်နဲ့ အေးခဲနေ၏။ ဟုန်ကျွင့် ချက်ချင်း ပြန်လှည့်ပြီး သူ့ရဲ့နောက်ဆုံး ခွန်အားကို အသုံးချကာ ပစ်လွှတ်လိုက်သည်။ 


"ထွက်သွားစမ်း!"


လီကျင်လုံလည်း ချက်ချင်းဆိုသလိုပင် အလောင်းစစ်သည် ဘုရင်ကို နတ်အလင်းငါးရောင်​ဖြင့် နောက်ဆုတ်သွားအောင် တားထားလိုက်သည်။ ၎င်း ဦးခေါင်းကို လှည့်လိုက်သည်နှင့် ဟုန်ကျွင့်က ကျောက်တုံးကြီးကို ဆွဲငင်ကာ နှင်းများပေါ်တွင် တဟုန်ထိုး လိမ့်ဆင်းလာကာ သူ့အပေါ်သို့ ဖိချပစ်ခဲ့သည်။


ကျယ်လောင်သော ဆူညံသံများကြားတွင် လေနှင့် ဆီးနှင်းများ ပေါက်ကွဲကာ အလောင်းစစ်သည် ဘုရင်လည်း မရှောင်နိုင်တော့ဘဲ ကြီးမားသော ကျောက်တုံးကြီးအောက်တွင် ကြေမွသွားခဲ့၏။


ဟုန်ကျွင့် : "..."


လီကျင်လုံ : "..."


လီကျင်လုံမှာတော့ သူ့ရင်ဘတ်ထဲက ပြင်းထန်စွာ နာကျင်နေသည်။ နှင်းများပေါ်တွင်တော့ သူ့နှာခေါင်းထဲမှ စိမ့်ထွက်နေသော သွေးများက ရဲနေ၏။ ဟုန်ကျွင့်အလျင်စလိုနဲ့ ပြေးလာသည်။


"ကျွန်... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့လို့ပါ...... ခင်ဗျာ အဆိပ်ဖြေဆေး မသောက်နိုင်ရင် သေသွားမှာကို ကြောက်...." 


လီကျင်လုံက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ 


"ကိုယ်က ... ဒီလောက် ခက်ခက်ခဲခဲ ကိုင်တွယ်ရလိမ့်မယ်လို့ မထင်ထားခဲ့ရုံပဲ ... "


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွားပြီးနောက် ဟုန်ကျွင့်က ဆိုလာသည်။ 


"အဲ့ကျောက်တုံးကို ပြန်မရွှေ့ခင် ကျွန်တော် နည်းနည်း အနားယူလိုက်ဦးမယ်" 


လီကျင်လုံ သူ့ခေါင်းကို လှည့်ကာ အဝေးမှ မြို့တံခါးကို လှမ်းကြည့်လိုက်သည်။ လန်ကျိုးမြို့၏ တံတိုင်းပေါ်၌ စောင့်နေသူ တစ်ယောက်မျှ မရှိတော့ပေ။ 


လီကျင်လုံ: "မင်း မြန်မြန်လုပ်ရမယ် ကျောက်ကျစ်လုံ ဘယ်မှာလဲ?"


ငါးကြင်းနတ်ဆိုးက ဓားကို ကိုင်ဆောင်ထား၏။ အလောင်းစစ်သည် ဘုရင် ရှုံးသွားတာကို မြင်လျှင် လျင်မြန်စွာ ပြန်ပြေးလာကာ တုန်တုန်ယင်ယင်ဖြင့် ဆိုလေသည်။


“အဲဒီလိုပဲ ဖိပစ်လိုက်ရင် ဟိုအကောင်တွေလည်း သေမလားမသိဘူး”  


သို့သော် သူစကားပြောနေစဉ်တွင် ကျောက်တုံးကြီးက အမှန်တကယ် တုန်လာ၏။ ကျောက်တုံးအောက်က အရာက ထွက်လာတော့မလို ​လုပ်နေတာကြောင့် ငါးကြင်းနတ်ဆိုး အလွန်ထိတ်လန့်သွားကာ သတိလစ်လုမတတ် ထအော်လေသည်။


“အမေရေ——”  


ဟုန်ကျွင့်: "ဘာလုပ်ရမှာလဲ?!"


လီကျင်လုံက ချက်ချင်းပဲ သတိရကာ။ 


"ကျောက်ကျစ်လုံ!! ဝိညာဉ်ထွက်ပန်းဝတ်မှုန်!"


ငါးကြင်းနတ်ဆိုး: "???"


ဖုတ်ကောင်ဘုရင်က ကျောက်တုံးကြီးကို မြှောက်ချလိုက်တာ မြင်လိုက်ရသဖြင့် လီကျင်လုံလည်း ငါးကြင်းနတ်ဆိုးကို အလောတကြီးနဲ့ ကန်ချလိုက်လေသည်။ 


"ဟုန်ကျွင့် မင်းက အနီးနားက နှင်းတွေအားလုံးကို စုထားလိုက်!"


ငါးကြင်းနတ်ဆိုးကလည်း ထိုနှစ်ယောက်ကို အကူအညီတောင်းဖို့ ဂရုမစိုက်ဘဲ သူ့အိတ်ကပ်ထဲမှာ ထားရှိတဲ့ ဝတ်မှုန်တွေကို အလျင်အမြန် ဖြန့်ချလိုက်တော့သည်။ 


"မလုပ်...!"


ထွက်သွားသော ဝတ်မှုန်များက လေနဲ့အတူ ပြန့်နှံ့သွားသည်။ အလောင်းစစ်သည် ဘုရင်သည် ကျောက်တုံးကြီးကို ကိုင်ဆောင်ထားလျက်မှ ရုတ်တရက် အနံ့ခံမိသွားတဲ့အခါ မြေကြီးပါ အက်ကွဲတော့မတတ် နှာချေလိုက်သည်။


"ဟား....ချိုး!"


အဲဒီလို နှာချေလိုက်တာက ကျောက်တုံးကြီးကို ရုတ်တရက် ပြန်ဖိလိုက်သလို ဖြစ်သွားသည်။ ထိုစဥ် ဟုန်ကျွင့်က လက်နှစ်ဘက်ဖြင့် အလင်းတန်းငါးရောင်ကို ဖြန့်ကာ အနီးပတ်ဝန်းကျင်ရှိ ဆီးနှင်းများအားလုံးကို အလယ်ဗဟိုသို့ ဖြည့်သွင်းလိုက်သည်။ 


လီကျင်လုံ: "မီး!"


ဟုန်ကျွင့် သူ့​ဘယ်လက်ဖြင့် နတ်အလင်းကို ထိန်းချုပ်ကာ ညာဘက်က မီးဓားပျံကို ထိန်းချုပ်ကာ ကျောက်တုံးအောက်ရှိ နှင်းများပေါ်တွင် လှည့်ပတ်နေသော မီးနဂါးကြီးကို ဖန်တီးလိုက်လေသည်။ နှင်းများ ချက်ချင်း အရည်ပျော်သွား၏။ 


လီကျင်လုံ: "နှင်း!"


အပြင်ဘက်တွင် နှင်းများ လျင်မြန်စွာ ပြည့်လာပြန်သည်။ နှင်းများက ရေခဲအဖြစ်သို့ ပြောင်းလဲသွားကာ အလွှာများကို အထပ်ထပ် တင်းတင်းကျပ်ကျပ် ဖိထားခဲ့လေရာ အလောင်းစစ်သည် ဘုရင်လည်း နောက်ဆုံးတွင်တော့ ကျောက်ဆောင်များ အောက်တွင် တိတ်ဆိတ်သွားခဲ့​တော့သည်။


လီကျင်လုံရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ နှလုံးက မငြိမ်သက်သေးဘဲ ဟုန်ကျွင့်ကို ကြည့်နေခဲ့သည်။ ထိုခဏ၌ လီကျင်လုံသာ လျင်မြန်စွာ မတုံ့ပြန်ခဲ့လျှင် ဟုန်ကျွင့် နောက်တစ်ကြိမ် အကန်ခံရကာ သေဆုံးသွားနိုင်သည်ဟု တွေးလိုက်သည်။


လီကျင်လုံ ဟုန်ကျွင့်ရဲ့ဒဏ်ရာများကို စစ်ဆေးရန် ရောက်ရှိလာ၏။ ၎င်းတို့နှစ်ဦးစလုံး နှင်းပြင်ပေါ်တွင် အသက်ရှုဝဝရန် အချိန်ယူလိုက်ကြသည်။ လေနှင့် နှင်းများ ရပ်တန့်သွားကာ လန်ကျိုးမြို့ဘက်က ထိတ်လန့်တကြား အော်သံများကို ကြားလိုက်ရလေသည်။ 


လန်ကျိုးမြို့ တံခါးနားသို့ ချဉ်းကပ်လာစဉ် တိုက်ပွဲတွင် မြင်းစစ်သည် အလောင်း​ကောင်များ ပြေးဝင်လာကြ၏။ လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ မြင်းတစ်ကောင်စီ စီးကာ အထဲမှာ အေးခဲနေသော ဘုရင်အလောင်းကောင်ကြီးကို ဆွဲယူ၍ မြို့တံခါးဆီသို့ ပြေးဝင်သွားကြသည်။


ရှည်လျားသော လမ်းမပေါ်ရှိ နေရာတိုင်းတွင် မီးလောင်မှုများနှင့်အတူ ကမောက်ကမ​တွေ ဖြစ်ကုန်သည်။ မြင်းတပ်သား အများအပြားက ၎င်းတို့ဘာသာ တိုက်ခိုက်နေကြစဥ် ရွှံ့ဘောလုံးကြီးတစ်ခုကတော့ လမ်းအလယ်တွင် ပြင်းထန်စွာ ရယ်မောနေ၏။


"အဲဒါ ဘာလဲ?!" ဟုန်ကျွင့် အံ့သြသွားသည်။


ငါးကြင်းနတ်ဆိုးကလည်း အံ့သြစွာနဲ့ “အဲဒါ…အဲဒါ…”


"မင်းမြင်ဖူးလား?"


"မမြင်ဖူးဘူး" ငါးကြင်းနတ်ဆိုးက ပြန်ဖြေသည်။


လူနှစ်ယောက်: "..."


လီကျင်လုံသည် သူ့ဓားကို ဓားအိမ်ထဲ ထည့်သိမ်းကာ အလောင်းစစ်သည် ဘုရင်၏ လေဓားကို လက်ထဲတွင် ကိုင်ထားရင်း မျက်မှောင်ကြုတ်ကာ တွေးတောနေလေ၏။ 


"တပ်ဆုတ်တဲ့ အသံက ဘယ်လိုအသံလဲ" 


ဟုန်ကျွင့်က ကမန်းကတန်း ​ပြန်ပြောသည်။ 


"ဂရုမစိုက်နေတော့နဲ့! စမ်းကြည့်လိုက်!"


လီကျင်လုံသည် သူ့နှလုံးထဲက နှလုံးမီးအိမ်ကို သုံးလိုက်ရာ လေဓားပေါ်ရှိ အနက်ရောင် စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် အဖြူရောင် အလင်းတန်းများ ပြည့်လာကာ “ဟစ်အော်သံ”များ ထွက်ပေါ်လာခဲ့သည်။ အသံက တိတ်ဆိတ်သော ညတွင် ထွက်ပေါ်လာသော ဝီစီသံကဲ့သို့ပင်။ အလွန်ထက်မြက်သော အလောင်းစစ်သည် များသည် နောက်ပြန်ကြည့်လာ၏။ 


ထို့နောက် ရှည်လျားသော လမ်းပေါ်တွင် အုပ်စုဖွဲ့ကာ သခင်နန်းတော်ဆီသို့ ချီတက်ရန် ပြင်ဆင်နေကြသည်။


ဟုန်ကျွင့်: "ဟင့်အင်း မဟုတ်ဘူး! အဲဒါ မဟုတ်ဘူး!"


လီကျင်လုံလည်း တခြားလေသံဖြစ်အောင် ဓားကို ဝေ့ယမ်းလိုက်သည်။ ဓားသံကို လှုံ့ဆော်ရန် နှလုံးမီးအိမ်ထဲရှိ စွမ်းအားကိုလည်း အသုံးပြုထား၏။ ထို့နောက် ဖုတ်ကောင်စစ်တပ်သည် ပုံစံများကို ပြောင်းလဲကာ နှစ်ဖက်စလုံးတွင် တန်းစီနေလေသည်။


ဟုန်ကျွင့်: "မှန်တယ် မှန်တယ်! မြို့ပြင်ကို ပြန်လွှတ်လိုက်!"


လီကျင်လုံလည်း အလောင်းစစ်သည်များ၏ ပုံစံများကို ပြောင်းလဲရန် ထပ်မံ ကြိုးစားခဲ့သည်။ ထိုအချိန်တွင် သတ်ဖြတ်မှုများ ရပ်တန့်သွားကာ မြို့တွင်းရှိ စစ်သည်များသည် မြို့တော်၏ နန်းတော်အပြင်ဘက်တွင် စုရုံးကာ မြို့တော်တံခါး၏ အမြင့်ကို လှည့်ကြည့်လိုက်သည်။ 


"ခေါင်းဆောင်... သူတို့ကို မြန်မြန်သတ်ဖို့ အမိန့်ပေးလိုက်တော့လေ!" 


ဟုန်ကျွင့်က ထပ်ပြောသည်။


"မင်းလုပ်နိုင်ရင် လာလုပ်!" လီကျင်လုံ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။ 


"ဒီဓားကို ဘယ်လိုသုံးရမှန်းတောင် မသိသေးဘူးကွ!"


ဟုန်ကျွင့်လည်း သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းကာ သူမလုပ်နိုင်ကြောင်း ပြလိုက်သည်။ 


"လီကျင်လုံ..." ကျန်းဟောက်ရဲ့ ခန္ဓာကိုယ်တစ်ခြမ်းသည် ရွှံ့ထဲတွင် ပေါ်လာပြီး အော်ဟစ်လာ၏။ 


"မင်းက ငါ့ကုသိုလ်ကောင်းမှု​တွေကို ထပ်ပြီး ဖျက်ဆီး​နေတာပဲ!"


လီကျင်လုံလည်း ကျန်းဟောက်ကို ကြည့်လိုက်သည်။ 


"သစ္စာဖောက်ဆီကနေ ကပ်ဆိုးကြီး ဖြစ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး... မင်းဘယ်သူလဲ!"


ကျန်းဟောက်က လှောင်ပြောင်ရင်း "စစ်သူ​ကြီးရဲ့ဓားကို ကိုင်ထားရင်တောင် အသုံးမဝင်ဘူး... လျိုဖေးကိုအနိုင်ယူရင် အရာအားလုံး အဆင်ပြေသွားမယ်လို့ မင်းထင်နေတာလား"


ဟုန်ကျွင့် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့လက်ထဲမှာရှိတဲ့ ရောင်စုံအလင်းတန်း ငါးရောင်ကို ယမ်းခါရင်း ပြေးထွက်သွားလိုက်သည်။ ရုတ်တရက် စစ်သူ​ကြီးအိမ်ကြီးကို စောင့်နေတဲ့ စစ်သည်တွေရဲ့ နောက်ကွယ်မှာ လုရွှီ ပေါ်လာပြီး ရွှံ့တွေကို ထိတ်လန့်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ လုရွှီကိုမြင်ပြီးတာနဲ့ မော့ရစ်ကန်းမှာ အန္တရာယ်မရှိဘူး ဆိုတာကို သိလိုက်သည်။ 


ကျန်းဟောက် တစ်ကိုယ်လုံး အဆိပ်အတောက် အငွေ့များ ထွက်လာသည်။ လီကျင်လုံသည် ၎င်း၏ ပုံသဏ္ဌာန်နှင့် လှုပ်ရှားမှုများကို ကြည့်ကာ အဆိပ်ရှိသော ရောဂါများ ပျံ့နှံ့နေသည့် မိစ္ဆာတစ်ကောင် ဖြစ်နိုင်သည်ဟု မှန်းဆမိသည်။ သို့သော် အသေးစိတ် မေးရန် နောက်ကျနေပြီ ဖြစ်သောကြောင့် အလျင်အမြန် နှိမ်နင်းရတော့မည်။ တတ်နိုင်သမျှ သူ့လက်ကောက်ဝတ်တွင် ချက်ချင်းလှည့်ကာ လေဓားထဲက အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။


"ချွင်းကနဲ" အသံနှင့်အတူ လေဓားက ကျယ်လောင်သော အသံနဲ့အတူ တောက်ပလာပြီး အလောင်းစစ်သည်များက အမိန့်တစ်ခုကို လက်ခံရရှိသွားသည်နှယ် ရွှံ့နွံမိစ္ဆာဆီသို့ ပြေးဝင်သွားကြ​လေသည်။


"အောင်မြင်ပြီ!" 


ဟုန်ကျွင့် အံ့သြစွာ ထအော်ပြောလိုက်သည်။


မြို့အနှံ့ ပြန့်ကျဲနေသော အလောင်းစစ်သည်များသည် လန်ကျိုးမြို့၏ အဓိကလမ်းမ​ပေါ်တွင် စုရုံးလာကြ၏။ ကျန်းဟောက်မှာ သတ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိသော်လည်း အလောင်းစစ်သည်များက ဝိုင်းရံထားသည်။ မူမမှန်တာကို မြင်တော့ သူလည်း ပတ်ပတ်လည်ကို ဖြတ်ပြီး ဟောက်လိုက်သည်။ ထို့နောက် လမ်းကို ပိတ်ဆို့နေတဲ့ အလောင်းစစ်သည်တွေနဲ့ မြင်းတွေကို ဖြတ်ရင်း မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားလေသည်။ 


လီကျင်လုံလည်း ဓားကို အာရုံစူးစိုက်ထားကာ လက်ကောက်ဝတ်ကို လှည့်၍ လေဓားကို ထပ်ခါတလဲလဲ တုန်ခါသွားစေသည်။ ထိုအခါ လေဓား၏ အသံသည် ပိုမိုကျယ်လောင်လာကာ တစ်မြို့လုံးရှိ အလောင်းစစ်သည်များ စုစည်းပြီး မြို့တံခါးမှ ပြင်းထန်စွာ ပြေးထွက်သွားခဲ့သည်။ 


ကျန်းဟောက် အသွင်ပြောင်းထားသော ရွှံ့နွံမိစ္ဆာထံမှ ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းနောက်တွင်တော့ လူသေအလောင်း တစ်သိန်းက လိုက်ဖမ်းနေခဲ့တာကြောင့် မြို့အပြင်ဘက် လွင်ပြင်ထဲသို့ ရိုင်းစိုင်းစွာ ထွက်ပြေးသွားခဲ့​လေသည်။


"မြို့တံခါးကို ပိတ်လိုက်!" 


လီကျင်လုံ အော်လိုက်သည်။


စစ်သည်များကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလုံးအရင်းနဲ့ ပြေးလာကြ၏။ ဟုန်ကျွင့် မြို့တံခါးကို တပ်ဆင်ရန် အလျင်အမြန် ပြေးလာပြီး အဝေးကို ကြည့်လိုက်ရာ လူသေကောင်များက မိုးကုပ်စက်ဝိုင်းနောက် ပျောက်ကွယ်သွားတာ တွေ့လိုက်ရသည်။ 


မွန်းတည့်အချိန်၌။ 


မြို့တစ်မြို့လုံးကို နေရောင်ခြည်က ဖြာကျလျက်ရှိ၏။ ကြီးစွာသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးနောက် မြို့တွင်းမှ ထွက်ခွာသွားသော အလောင်းစစ်သည်တွေကတော့ ဘယ်ကို ရောက်ကုန်မှန်းမသိပေ။ အမှန်တရားကို ရှာဖွေရန် အရေးတကြီး လိုအပ်နေသောကြောင့် လီကျင်လုံလည်း လိုက်သွားဖို့ ဘယ်သူ့ကိုမှ အမိန့်မပေးခဲ့ပေ။ 


မြို့တွင်းရှိ စစ်သားများနှင့် မြင်းများအားလုံးကို စစ်ဆေးပြီးနောက် ကံကောင်းထောက်မစွာ ပျက်စီးမှုမှာ ပြင်းထန်ခြင်း မရှိခဲ့တာ တွေ့ရသည်။ မြို့တံခါးကို စောင့်ကြပ်ရန် တပ်ဖွဲ့ဝင်များကို ကြပ်မတ်​စေကာ အလောင်းစစ်သည် ဘုရင်ကြီး၏ အေးခဲနေသော ရေခဲတုံးကြီးကို ဆွဲထုတ်လာရန်သာ အမိန့်ပေးခဲ့သည်။


အရာအားလုံး အစမှအဆုံးအထိ ရှုပ်ထွေးနေပါပြီ။ တစ်ခုတည်းသော အမှန်တရားကို ဤအလောင်းစစ်သည် ဘုရင်ဆီမှာသာ တွေ့ရှိနိုင်သည်။ မနေ့ညနေက အိမ်ကြီးရှေ့ခန်းမှာ စကားပြောခဲ့သော အဘွားကြီးလည်း ဖျားနေလေသည်။ အစောင့်တွေ အများကြီး ရောက်လာပြီး တစ္ဆေဘုရင်ကြီး ရေခဲထဲကနေ ရုတ်တရက် ကွဲထွက်သွားတာကို တားဆီးဖို့ အေးခဲနေတဲ့ ရေခဲပြင်ပေါ် ရေများများ လောင်းထည့်လိုက်သည်။ 


"ဘာဖြစ်နေတာလဲ?" 


ဟုန်ကျွင့်က မော့ရစ်ကန်းကို ကြည့်ရင်း မေးလိုက်သည်။ ကံကောင်းစွာနဲ့ ဘယ်သူမှ ဘာမှမဖြစ်တာကြောင့် လုရွှီအား မေးလိုက်သော် လုရွှီက ဒေါသတကြီးဖြင့် စိုက်ကြည့်နေတာ တွေ့ရ၏။ အကြည့်တွေက 'မနေ့ကကတည်းက မင်းကို ခေါ်နေတာ အတော်ကြာနေပြီ... မင်းကဒီမှာ မရှိဘူးလေ!' လို့ ပြောနေသယောင်ပင်။ 


"အခြေအနေက သိသာလာပြီ" 


လီကျင်လုံက နေရောင်အောက်တွင် ရပ်ကာ ရေခဲပြင်ထဲတွင် ခဲနေသော အလောင်းစစ်သည် ဘုရင်ကို ကြည့်ကာ ပြောလေ၏။ 


"ဒီအလောင်းစစ်သည် အုပ်စုက သူတို့အဖွဲ့ အားကောင်းလာအောင် နေရာတိုင်းမှာ လုယက်နေကြတာ... သေဆုံးသွားတဲ့ လူတွေက နောက်ဆုံးတော့ ဖုတ်ကောင်အဖွဲ့ဝင် ဖြစ်အောင် ပြောင်းလဲသွားလိမ့်မယ်"