(26) အမှတ်အသား
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (26)

အမှတ်အသား



ဝူရှဲ့ ထိုင်ချလိုက်ပြီး ဒီထူးဆန်းတဲ့ နိုင်ငံခြားဘာသာ စကားလို သင်္ကေတတွေကို ထပ်ပြီးဖော်ထုတ်ဖို့ ကြိုးစားပေမယ့် ဘာသဲလွန်စမှ ထပ်မရခဲ့ပါဘူး။ ဆွဲချက်တွေက အရမ်းရှုပ်ထွေးနေသည်။ ​​ဒါတွေက လေးထောင့်ပုံတွင်းပေါက်ရဲ့ အပေါက်ဝမှာ မြင်လိုက်ရတဲ့ စကားလုံးတွေနဲ့ အတူတူပဲလို့ ပြောနိုင်ပေမယ့် စာလုံးနှစ်လုံးနဲ့ ဖွဲ့စည်းထားသလို ခွဲလို့မရပါဘူး။


ဖက်တီးလည်း အလွန်သိချင်လာသည်။


"မင်းရဲ့ ဦးလေးသုံး ထားခဲ့တာ မဟုတ်ဘူး ဆိုတာ သေချာလား?"


ဖန့်ကျစ်က သူသေချာကြောင်း အာမခံ​ကြောင်း ခေါင်းညိတ်ပြပြီး ဆိုသည်။ 


"သခင်သုံးက သိပ်ပြီး စိတ်ကူးယဉ်တတ်တာ မဟုတ်ဘူး... သူ အမှတ်အသား ချန်ထားချင်ရင်တောင် ခေါက်တာ ဖောက်တာလောက်ပဲ လုပ်လေ့ရှိတယ်... ဒါသေချာပေါက် သခင်သုံး ချန်ထားခဲ့တာတော့ မဟုတ်ဘူး... သတိထားရအောင် အမှတ်အသားတွေက လုံး၀ အသုံးဝင်မဝင် မသိရသေးဘူး"


သူဘာကိုဆိုလိုတာမှန်း ဝူရှဲ့ နားလည်ပါသည်။ ဤအမှတ်အသားသည် လမ်းညွှန်​နေတာမျိုး မဟုတ်ပါက အန္တရာယ်ရှိသော သတိပေးချက်တစ်ခု ဖြစ်နိုင်သည်။


သို့သော် ပင်လယ်​ရေအောက် ဂူသင်္ချိုင်းမှာ ဒီသင်္ကေတကို တွေ့လိုက်ရပြီးနောက် ဘာအန္တရာယ်မှ ထပ်မတွေ့ခဲ့ရပေ။ အခုဒီနေရာမှာက စင်္ကြံလမ်းနှစ်ခုသာ ရှိသေးသည်။ ဘယ်ကိုသွားသွား ဘာဖြစ်မယ်ဆိုတာ သေချာမသိသော်လည်း ဒီအချိန်မှာ သူကိုယ်တိုင်က ချီတုံချတုံ ဖြစ်နေပုံပေါ်သည်။ အဲဒါက ဘာမှအဓိပ္ပာယ် မရှိသလိုပင်။


ထိုစဥ် ဖက်တီးက ဦးဆောင်ပြီး စင်္ကြံလမ်းထဲကို ဝင်သွားလေရာ သူတို့တွေလည်း လိုက်ဝင်သွားကြသည်။


အထဲမှာက ထရပ်ကားနှစ်စီးကို ဘေးချင်းကပ် မောင်းနှင်နိုင်လောက်အောင် ကျယ်ဝန်းလွန်းလှသည်။ ဖက်တီးက ဝင်လိုက်တာနဲ့ ဒီလမ်းကြောင်းဟာ ဆောက်လုပ်ရေး ကာလမှာ နွားလှည်းတွေ သွားဖို့ အသုံးပြုတဲ့ လမ်းကြောင်းတစ်ခုလို့ ပြောလာခဲ့သည်။ ဒီလောက်ကျယ်တဲ့ မြေအောက် လမ်းကြောင်းကို တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ ဝူရှဲ့လည်း အနည်းငယ် အံ့သြနေမိသည်။ 


ဒါ့အပြင် သင်္ချိုင်းရဲ့ လမ်းကြောင်းမှာ အဲဒီအချိန်က သွားထာခဲ့တဲ့ လှည်းဘီးရဲ့ သံချေးတွေကို ယောင်ဝါးဝါး မြင်နေရပေမယ့် ထူးဆန်းတာက လမ်းကြောင်းထဲမှာ အရမ်းအေးနေတာပါပဲ။ ​​အပူချိန်က မသိမသာ ကျဆင်းသွားနေသလိုပင်။ အတွင်းမှ လေအေးများက အပြင်ဘက်ကို ဦးတည် မှုတ်ထုတ်နေပုံရသည်။ ရှေးခေတ် ဂူသင်္ချိုင်းက မည်မျှပင် ရှိစေကာမူ တံဆိပ်ခတ် ချိတ်ပိတ်ရန် အလွန်အရေးကြီးကြောင်းကိုတော့ သူတို့အားလုံး သိကြသည်။


“ဒါက လေတိုက်နေတာပဲ”


ဖန့်ကျစ်က အသံကို လျှော့ကာ ပြောပြလာသည်။ 


“ငါတို့ ဘိုးဘေးတွေက ဒါကို တစ္ဆေဟောက်တာလို့ ခေါ်တယ်... ဒီလိုမျိုး သင်္ချိုင်းကြီးထဲမှာ မကြာခဏ ဖြစ်တတ်ပေမယ့် အန္တရာယ်တော့ မရှိပါဘူး”


"ရှင်းပြလို့ရလား ဘယ်လိုဖြစ်တာလဲ?" 


ဝူရှဲ့ မေးလိုက်သည်။ ဖန့်ကျစ်က ခေါင်းယမ်းကာ။ 


"လက်ဆင့်ကမ်းလာတဲ့ ဇာတ်လမ်းတွေထဲက သီအိုရီတွေချည်းပဲ... ဘယ်သူမှ မလေ့လာဖူးဘူး ဒီလိုကိစ္စက မလေ့လာတာ အကောင်းဆုံးပဲ"


အဲဒီခေတ်တုန်းက အုတ်ဂူတွေ လုယက်တာက အစားအသောက်နဲ့ အဝတ်အစားတွေချည်းပဲ။ အန္တရာယ်ရှိမရှိ သိနေသရွေ့တော့ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး။


စင်္ကြံ၏ ပထမအပိုင်းသည် အတော်လေး ပြား​​နေသေးသော်လည်း နောက်ပိုင်းရောက်တော့ ပြိုကျထားတဲ့ မြေသားများတွေနဲ့ အတူ ကြမ်းပြင်တွေက အက်ကွဲလာသည်။ အနက်ရောင် ကျောက်စာပြားများစွာကို မြေပြင်မှ ရုန်းကြွလာကာ ပြိုလဲသွားခဲ့သည်။ ယင်းမှာ အပေါ်ယံမြေလွှာ ရွေ့လျားမှုကြောင့် သဘာဝအလျောက် ပျက်စီးသွားခြင်း ဖြစ်သည်။ 


စင်္ကြံ၏ တစ်ဖက်တစ်ချက်စီက ပုံမှန်အကွာအဝေးတွင် နံရံကို အားဖြည့်ထားသော တိုင်တန်းများရှိပြီး နဂါးပုံများကို ၎င်းပေါ်တွင် ထွင်းထုထားကာ အများစုမှာ အက်ကွဲနေပြီ။ တကယ်လို့သာ ထောင်ကူထားတဲ့ တိုင်တွေ မရှိရင် ဒီစင်္ကြံလမ်းကြီးက ပြိုကျသွားလောက်ပြီလို့ ဝူရှဲ့ တွေးမိပါသည်။


လူတိုင်းသည် လမ်းတလျှောက် စကားတခွန်းမှ မပြောဘဲ မီတာ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်လောက် ရောက်တဲ့အထိ ငြိမ်သက်စွာ လမ်းလျှောက်လာကြသည်။ တစ်နေရာရောက်တော့ ဖက်တီးက ရုတ်တရက် ရပ်လိုက်ပြီး “တံခါးလား” ဟု ပြောလိုက်သည်။


ဝူရှဲ့တို့ အားလုံးရပ်ပြီး သူတို့ရှေ့ကို ဓာတ်မီးတွေနဲ့ ထိုးကြည့်လိုက်သည်။ စင်္ကြံရဲ့အဆုံးမှာ အနက်ရောင် ကျောက်​ပြား အုတ်ဂူတံခါးချပ်ကို တွေ့လိုက်ရ၏။ တံခါးပေါ်ရှိ စဖူးစည်းတွေနဲ့ ကြွေပြားတွေကို တိမ်နဂါးတွေ၊ မြက်နဂါးတွေနဲ့ ဘောလုံးကစားနေတဲ့ ခြင်္သေ့နှစ်ကောင်ပုံတွေ ထွင်းထုထားသည်။ တံခါးလိပ်ကိုတော့ သတ္တုဖြင့် ပြုလုပ်ထားပုံရသည်။ 


ဘယ်ဘက်တံခါးတွင် သိုးတစ်ကောင်ပုံ ထွင်းထားပြီး ညာဘက်တံခါးတွင်တော့ အခြားအမည်မသိ အရာတစ်ခုကို ထွင်းထုထားသည်။ အနီးကပ် ကြည့်လိုက်တော့ ကျောက်တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထား၏။ အက်ကွဲကြောင်းတွေနဲ့ ဘောင်တွေကိုပါ ကြေးပြားနဲ့ အလုံပိတ်ထားတာ တွေ့လိုက်ရ၏။ ဒါပေမဲ့ တံခါးဘယ်ဘက်က သိုးပုံရဲ့ ဝမ်းဗိုက်မှာတော့ လက်ဆေးဇလုံး လောက်ကြီးတဲ့ အပေါက်တစ်ခု ရှိနေကာ လေအေးများက ထိုနေရာမှ တိုက်ခတ်​နေသည်။


“ဒါက တံခါး မဟုတ်ဘူး” 


ဝူရှဲ့ တွန်း​​ကြည့်လိုက်သည်။ 


“မဖွင့်လို့မရရင် တံခါး မဟုတ်ဘူးလို့ပဲ ဒါက တံဆိပ်ခတ်ထားတဲ့ ကျောက်​ပြားကြီး... အနက်ရောင် ကျောက်​ပြားကြီးတွေနဲ့ တည်ဆောက်ထားပြီးတော့ ကြေးနီရေနဲ့ အလုံပိတ်ထားတာ.. အဲ့လိုလုပ်ရင် ကျောက်ပြား တစ်ခုလုံးကို အေးခဲသွားစေတယ်...ဖက်တီးပြောတာ မှန်တယ် ဒီလမ်းက ပျားလမ်းကြောင်းပဲ ဒီကျောက်ပြားကို ဒီနေရာအထိ ဆွဲယူရလွယ်အောင် အကျယ်ကြီး ဆောက်ထားတာ"


ဖက်တီး ထိုင်ချလိုက်ပြီး သင်္ချိုင်းတံခါးရှိ အပေါက်ကို ကြည့်ကာ ဆိုလေသည်။ 


"သင်္ချိုင်းလမ်းကြောင်းမှာ တံဆိပ်ခတ်ထားတဲ့ ကျောက်​ပြားတစ်​ပြား ရှိတယ် ဆိုတော့ ဒီသင်္ချိုင်းလမ်းကြောင်းက အရမ်းအရေးကြီးတယ်လို့ ထင်ရတယ်... မြေအောက်နန်းတော်ရဲ့ အလယ်ဗဟိုကို ဦးတည်သွားနိုင်တဲ့ လမ်း ဖြစ်နိုင်တယ်နော်... မှန်တယ် အမှတ်အသားက ငါတို့အတွက် လမ်းပြပဲ... သူက အပေါက်ကို ပွင့်အောင်လုပ်ပြီး အထဲကို ဝင်သွားခိုင်းတာ” 


သူက ပြောပြီး သူ့ခေါင်းကို တစ်ဝက်တစ်ပျက် ချိတ်ပြီး ဓာတ်မီးကို ထိုးထည့်ကာ အတွင်းခန်းက အခြေအနေကို ကြည့်လိုက်သည်။ ဝူရှဲ့တို့လည်း ဘယ်လိုလဲ၊ အထဲမှာ ဘာတွေရှိလဲလို့ မေးလိုက်သည်။ 


သူက "ဒါက သင်္ချိုင်းလမ်းကြောင်းပဲ ရှိသေးတယ်... အထဲမှာ တံဆိပ်ခတ်ထားတဲ့ ကျောက်ပြားတစ်ခု ရှိတယ်။ ဧကရာဇ်၀မ့်နူက ငယ်ငယ်လေးကတည်းက လုံခြုံမှုကင်းမဲ့တယ်လို့ ခံစားနေရပုံပဲကွ"


ဝူရှဲ့က "ငတုံး... မင်းတို့အိမ်တံခါးပဲ လုံခြုံမှုမရှိတာ...တံဆိပ်ခတ်ထားတဲ့ ကျောက်ပြား၃ချပ်က ကမ္ဘာသုံးထောင် ဆိုတဲ့ အဓိပ္ပာယ်ပဲ မင်းနားလည်လား?"


ဖက်တီးကတော့ သူပြောတာကို မကြားလိုက်ပုံပင်။ သူက ဓာတ်မီးကို အထဲအထိ ထည့်ထားကာ ခဏကြာတော့ တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။ 


"သောက်ကျိုးနည်း.. အေးတယ်ကွ!" 


ဖန့်ကျစ်က သေနတ်ကို ပေးပြီး ဖက်တီးအနောက်ကနေ တစ်ဖက်ကို တိုးဝင်လိုက်သည်။ ဝူရှဲ့လည်း နောက်ကနေ ဖန့်ကျစ်နောက်ကို တက်လာခဲ့ကာ ရွှင့်ကျစ်က အနောက်ဆုံးပင်။ မျှော်လင့်ထားသလိုပဲ အနောက်ဘက်မှာ သင်္ချိုင်းလမ်းတစ်ခု ရှိနေသည်။ ​​


ဝင်သွားပြီးတော့ အပူချိန်က အစောကထက် နိမ့်သွားရယ လူတိုင်းလည်း ချက်ချင်းဆိုသလို သူတို့တစ်ကိုယ်လုံးက အမွေးအမှင်တွေ ထောင်တက်သွားစလို ခံစားလိုက်ရကာ ခန္ဓာကိုယ်က တင်းကျပ်သွားသည်။ အရှေ့ဘက်တွင် တံဆိပ်ခတ်ထားသော ကျောက်​ပြားတစ်ချပ် ရှိပါသေးသည်။ ထိုတံဆိပ်ခတ်ထား​သော ကျောက်​ပြားကြီးမှာလည်း အပေါက်တစ်ခု ဖောက်ထားသည်။ 


မရပ်မနားဘဲ ဆက်တက် သွားသော်လည်း တံဆိပ်ခတ် ကျောက်ပြားတွေက ရှိနေတုန်းပင်။ သင်္ချိုင်းလမ်းက ဆက်သွားပြီးတော့ သူတို့ရှေ့မှာ အပေါက်တွေပါတဲ့ တံဆိပ်ခတ်ထားတဲ့ ကျောက်ပြားတွေ တစ်ချပ်ပြီး တစ်ချပ် ပေါ်ပေါ်လာသည်။ 


"သောက်ကျိုးနည်းပဲဟေ့ မပြီးသေးဘူးလားဟ?" 


ဖက်တီး စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်လိုက်သည်။


"ဒါက ပုံမှန်ပါပဲ... ယေဘူယျ တံဆိပ်ခတ်ထားတဲ့ ကျောက်​ပြားတွေက ခုနစ်တန် ဒါမှမဟုတ် ရှစ်တန်လောက် အလေးချိန်ရှိတယ်... အရမ်းရှည်တဲ့ သင်္ချိုင်း လမ်းကြောင်းတွေမှာဆို ကျောက်ပြားတွေက ခြောက်ချပ် ဒါမှမဟုတ်ရင် ခုနစ်ချပ်လောက် ရှိလိမ့်မယ်... အဲဒါတွေက ပစ္စည်းကောင်းတယ်လို့ ယူဆလို့ ရတယ်... ငါတို့ဘိုးဘေးတွေမှာတုန်းက ဖောက်ခွဲရေးပစ္စည်းတွေ မရှိဘူး... ဒီလိုမျိုး ကျောက်နံရံတွေနဲ့ တံဆိပ်ခတ်ထားတဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတွေရဲ့ ကျောက်ပြားတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့လည်း ဘာမှလုပ်လို့ မရ​လောက်ဘူး"


သူတို့စကားပြောနေတုန်း နောက်ဆုံး တံဆိပ်ခတ်ထားတဲ့ ကျောက်​ပြားကို ဖြတ်သွားလိုက်တော့ သူတို့ရှေ့မှာ ၁၀ခုပေါက် လမ်းပေါက်တစ်ပေါက် ပေါ်လာသည်။ သူတို့ဖြတ်သန်းနေတဲ့ စင်္ကြံလမ်းနဲ့ အညီဖြစ်တဲ့ နောက်ထပ် သင်္ချိုင်းလမ်းတစ်ခုပင်။ သို့သော် ဒီလမ်းက သူတို့ဖြတ်သွားခဲ့ဖူးတဲ့ စင်္ကြံလမ်းထက် ထက်ဝက်ကျယ်ပြီး ပိုမြင့်သည်။


၁၀ခုမြောက် လမ်းရဲ့ အလယ်ဗဟိုကို တစ်ယောက်ပြီး တစ်ယောက် လျှောက်သွား​ကြည့်တော့ ဒီသင်္ချိုင်းလမ်းက အရင်ကလို အနက်ရောင် မဟုတ်ဘဲ အနီရောင်တွေ တောက်ပနေတဲ့ နံရံဆေးရေးပန်းချီ အမြောက်အများ ရှိနေတာ တွေ့လိုက်ရသည်။ ဓာတ်မီးအလင်း ရောက်နိုင်တဲ့ နေရာတိုင်းကို ပန်းချီကားတွေက ဖုံးအုပ်ထားကာ ဓာတ်မီးမရောက်နိုင်တဲ့ ဂူထိပ် အပေါ်ထပ်မှာ ရောင်စုံ ပန်းချီကားတွေနဲ့ ပြည့်နေ၏။ 


"ဒါက ပင်မသင်္ချိုင်းလမ်း... ခေါင်းတလားခန်းမကို တိုက်ရိုက်သွားမယ့် လမ်း ဖြစ်မယ်.... မြေအောက်နန်းတော် တစ်ခုလုံးရဲ့ ဗဟိုဝင်ရိုးပေါ့ မဟုတ်ရင် ဒီလောက်ကြီး အလှဆင်နေမှာ မဟုတ်ဘူး" 


ဝူရှဲ့ ချီးကျူးစကား ဆိုလိုက်လေသည်။ ထိုအခါ ဖက်တီးက ဝင်ပြော၏။ 


"ချီးကျူးမနေနဲ့... ငါတို့က သူခိုးတွေနော် ဒီအချက်ကတင် ပြဿနာတစ်ခုပဲ... အခု ဘယ်သွားကြမလဲ... မြန်မြန် ရှာကြည့်ရအောင် အနီးနားမှာ အမှတ်အသားတွေ ဘာတွေ ရှိနေဦးမလား မပြောတတ်ဘူး" 


ကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းများကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် သူတို့၏ ဦးတည်ရာကို ဆုံးရှုံးနေပြီ ဖြစ်သည်။ ဤပင်မ သင်္ချိုင်းလမ်းကြောင်း၏ ဘယ်ဘက်က မြေအောက်နန်းတော် အလယ်သို့ ဦးတည်နေပြီး ဘယ်ဘက်က ပင်မသင်္ချိုင်း တံခါးဆီကို ဦးတည်သွားသွားလဲ ခွဲခြားသိမြင်ရန်သာ အရှေ့ကသွားတဲ့ လူရဲ့ သတိပေး အမှတ်အသားကို အားကိုးရတော့မည်။ မဟုတ်ရင်တော့ ခေါင်းပန်းလှန်ပြီး ခန့်မှန်းကြည့်ရလိမ့်မည်။ 


ဝူရှဲ့တို့သည် ဓာတ်မီးများကို သင်္ချိုင်းဂူအတွင်း အပြန်ပြန်အလှန်လှန် ဝေ့ယမ်း၍ ထိုသင်္ကေတကို ရှာဖွေနေ​ကြသည်။ အနီရောင် နံရံဆေးရေး ပန်းချီများသည် လူကို လွန်စွာ ဘေးကင်းပါသည်ဟု ခံစားမိစေမည့် အလင်းတန်းများကို ပြန်ထွက်လာ​ပေးသည်။ ဤနေရာတွင်ရှိ နံရံဆေးရေး ပန်းချီကားများသည် ဒီထဲ မဝင်လာမီက ရေပူစမ်းအက်ကြောင်း အတွင်းမှာ မြင်ခဲ့ရသော ပုံများပဲဖြစ်သည်။ 


တောင်တန်းကြီးများ၊ ရထားလုံးများ၊ အမျိုး သမီးများနှင့် ပတ်သက်သော ထိုပုံစံများသည် အထူး ထွေထွေထူးထူး မရှိပေ။ ဇာတ်ကြောင်းမပါဘဲ သဘာဝတရားကို အလှဆင်ခြင်း သက်သက်သာ ဖြစ်သည်။ တကယ်လို့ ရှေးဟောင်းသုသေသန ပညာရှင်တွေ ဆိုရင်တော့ လှည့်ကွက်တွေကို ပြောပြနိုင်လောက်သည်။ သူတို့ အမြင်မှာတော့ ဘာသင်္ကေတကိုမှ နားမလည်နိုင်ပေ။ 


အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဘေးက ဖန့်ကျစ်က ရုတ်တရက် "ဟမ့်"ဟုပြောပြီး ဝူရှဲ့တို့ကို လှမ်းခေါ်လိုက်သည်။


ဝူရှဲ့တို့သည် ပိုမိုနီးကပ်လာသည်နှင့် တစ်ဖက်တွင် သင်္ချိုင်းဂူလမ်းကြောင်း၏ ထောင့်တွင် ထွင်းထားသော နောက်ထပ် သင်္ကေတတစ်ခုကို ထပ်တွေ့လိုက်ရသည်။


"ဒုက္ခကို ကယ်တင်လိုက်ပြီဟေ့...ဂူဖောက်လောကမှာ အသက်ရှင်နေတဲ့ ရဲဘော် လိန်ဖုန်းနဲ့ ငါတို့တွေ့ပြီကွ"


ဖက်တီးက ပြောလေသည်။ 


"ငါတို့ တစ်လမ်းလုံး ဒီအတိုင်း လျှောက်သွားလိုက်ရင် ရပြီ"


ဒီသင်္ကေတက သူတို့ အရင်ကတွေ့ဖူးတဲ့ ပုံတွေနဲ့ မတူတာကို တွေ့လိုက်ရတော့ ဝူရှဲ့ ခေါင်းယမ်းလိုက်လေသည်။ 




[TN - အစ်ကိုလေးရဲ့ ဘာသာစကားများလားပေါ့]