Chapter (74)
တောင်ထွတ်တစ်ထောင်
မှောင်မိုက်သော ညတွင် လီကျင်လုံသည် ချုံပုတ်များထဲမှ တိတ်တဆိတ် ထွက်ကာ ပညာရှိဓားကို ကျောပေါ်တင်လျက် ကျားသစ်ကဲ့သို့လေးနှင့် စမ်းချောင်းကို ဖြတ်ပြေးလာခဲ့သည်။ အကွာအဝေး တစ်နေရာဆီက သီးခြားတောင်ထွတ်တွေပေါ်မှာ တိမ်နီတွေ ပေါက်ကွဲပြီး မိုးခြိမ်းသံတွေနဲ့အတူ အလွန်အမင်း တောက်ပနေသည်။
လီကျင်လုံ ညကို အခွင့်ကောင်းယူကာ အရှေ့ဘက်ရှိ တောင်ထိပ်ကို ပထမဆုံး လှမ်းကြည့်လိုက်သည်။ ၎င်းက ဟုန်ကျွင့် နောက်ဆုံးအကြိမ် တောင်တက်ရန် ခေါ်သွားတဲ့နေရာ ဖြစ်ကာ ယောင်ကျင်း နန်းတော်တည်ရှိရာ တောင်တန်းလည်း ဖြစ်သည်။
နေဝင်သည်နှင့် ထိုက်ဟန်တောင်များတွင် ရာနှင့်ချီသော ငှက်များသည် ၎င်းတို့၏ အသိုက်ဆီသို့ ပြန်သွားကြသည်။ ထိုအခါ ကမ္ဘာကြီးထဲ၌ မရေမတွက်နိုင်သော အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ဘီလူးများ ရှိနေသလိုပင်။ လီကျင်လုံ အသက်ရှုကြပ်ပြီး တောင်ကုန်းများဆီသို့ ဆက်လက် ချဉ်းကပ်လာစဉ် လေထဲတွင် တဟုန်းဟုန်း တောက်နေသော အသံများကို ဖော်ထုတ် နားစွင့်နေခဲ့သည်။
ဟုန်ကျွင့်သုံးသွားသော ချိတ်က သူ့လက်ထဲတွင် ရှိနေဆဲဖြစ်သည်။ ယောင်ကျင်း နန်းတော်ပေါ်သို့ တက်သောအခါတွင် ၎င်းကို သိမ်းထားခဲ့ခြင်း ဖြစ်သည်။
မှောင်မိုက်သော ညပါပဲ။ သူသည် မြင့်မားသောတောင်တန်းများကို မျှော်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသော ညတစ်ညဖြစ်လို့ ဘယ်ငှက်ကမှ သူ့ကို သတိမထားမိလောက်ပေ။
"……ကောင်းပြီ လုပ်ကြရအောင်!"
သူက ချိတ်ကြိုးကို အကြိမ်ပေါင်းများစွာ လိမ်ပြီး အမြင့်တစ်နေရာကို လွှင့်ပစ်လိုက်သည်။ သူ့မှတ်ဉာဏ်ကို အားကိုးပြီး တိုးတိုးလေး ရေရွတ်ကာ သူ့ကိုယ်သူ သစ်ပင်ပေါ် ဆွဲတင်လိုက်ပြီး အမြန်တက်လိုက်သည်။
ယောင်ကျင်းနန်းတော်၏ ပင်မခန်းမရှေ့။
"သူ ကောင်းကင်မြေကြီးရဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေ အများကြီးကို စုပ်ယူမိသွားတာ"
ချင်းရှုံသည် လှေကားထစ်များပေါ်တွင် ငြီးငွေ့စွာ ထိုင်နေခဲ့သည်။ ချုံမင်က သူ့အနောက်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့ဒဏ်ရာများကို အမြင့်မှ ဆေးရည်များ လောင်းချပေးနေသည်။ ချင်းရှူံ နာကျင်မှုကို ခံယူရင်း ချုံမင်ကို ကြည့်လိုက်သည်။
"မင်းငါ့စကားကို နားထောင်ခဲ့မယ်ဆိုရင်" ချုံမင်က အေးစက်စွာဖြင့်။
"သူ့ကိုတောင်ပေါ်က မလွှတ်ခဲ့ဘူးရင် ဒီနေ့ဒီမှာရှိမှာ မဟုတ်ဘူး"
ချင်းရှူံလည်း ရှိုက်ကြီးတငင်သာ ပြုံးလိုက်သည်။ ချုံမင်သည် ဆေးရည်ပုလင်းကို လှေကားထစ်များပေါ် ပစ်ချလိုက်ရာ အပိုင်းပိုင်း ကွဲကြေသွားခဲ့သည်။
ချုံမင်: "ငါတို့ဘယ်လောက် ထပ်စောင့်ရမှာလဲ"
ချင်းရှူံ: "မနက်ဖြန် မိုးလင်းရင် ငါ သူ့မှတ်ဉာဏ်တွေကို ထပ်ပြီး ချိတ်ပိတ်လိုက်မယ်... ဒီတစ်ခါတော့ အပြီး ချိတ်ပိတ်ထားသင့်ပြီ!"
ချုံမင်သည် နန်းတော်ထဲရှိ ကုတင်ဆီသို့ လျှောက်သွားကာ ဟုန်ကျွင့်ကို လက်နှစ်ဖက်ဖြင့် အသာလေး ကောက်ပွေ့ပြီး ပင်မနန်းတော်ထဲမှ လှည့်သွားလေသည်။ ဟုန်ကျွင့်၏ အိပ်ပျော်နေသော မျက်နှာလေးက ဘာမှမဖြစ်ခဲ့သလိုပင်။ ချုံမင် သူ့အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခန်းမအပြင်ဘက်ရှိ သဖန်းပင်အောက်တွင် ညင်သာစွာ ချထားလိုက်သည်။
သူသည် သဖန်းပင်ကို မှီ၍ ကောင်းကင်ကို တိတ်တဆိတ် မျှော်ကြည့်နေစဉ် ဟုန်ကျွင့်ခြေကျင်းဝတ်က သံကြိုးများကို သူ့လက်ကောက်ဝတ်တွင် ချည်နှောင်ထားလိုက်သည်။
တောက်ပသောလသည် လင်းလက်တောက်ပနေ၏။ တိမ်ပင်လယ်ကြီးသည် ငွေရောင်အလင်းဖြင့် လှိမ့်လျက်။ ထိုက်ဟန်တောင်များနှင့် တောင်တန်းထောင်ပေါင်းများစွာတို့သည် တိမ်ပင်လယ်ထဲတွင် တစ်ကိုယ်တည်းနေသော ကျွန်းများကဲ့သို့ပင်။
"ဖေဖေ ဘာကြည့်နေတာလဲ"
"နေ"
"မထွက်သေးပါဘူး..."
"မကြာခင် ထွက်လာလိမ့်မယ်" ချုံမင်က အသံနက်ကြီးနဲ့ ပြန်ဖြေသည်။
ထိုအချိန်တုန်းက ဟုန်ကျွင့်ပေါက်စလေးသည် ချုံမင်ဘေးတွင်ထိုင်ကာ အရှေ့ဘက်ကောင်းကင်ယံ၌ နေလုံးကြီး တဖြည်းဖြည်းပေါ်လာသည်ကို ကြည့်ရင်း အိပ်ပျော်သွားသည်။ ညလယ်တွင် နိုးလာတာနဲ့ ချုံမင်ကို လှည့်ပတ်ရှာဖွေလိုက်ရာ လမ်းပေါ်တွင် မတ်တတ်ရပ်နေတာ တွေ့လိုက်ရသည်။
သူ့မှတ်ဥာဏ်ထဲမှာ ချုံမင်က အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်နေတာဖြစ်ဖြစ် မှိန်းနေတာပဲဖြစ်ဖြစ် လုပ်နေတတ်သည်။ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးလို အမာရွတ်များကိုလည်း ထိပြီး မေးကြည့်တဲ့အခါ ၎င်းတို့က မြွေကိုက်ခံရကြောင်းသာ ဖြေကြားခဲ့သည်။
"ဖေဖေ.... ဘာကြည့်နေတာလဲ"
ဟုန်ကျွင့်ပေါက်စလေးက လျှောက်လမ်းမပေါ် ဖြတ်ပြေးပြီး တိုင်အနောက်ကနေ ခေါင်းလေးထွက်ကာ စပ်စုလိုက်သည်။
"လ"
"ဖေဖေ... ကျွန်တော်တို့ လူ့လောကကို သွားလို့ရမလား"
"မရဘူး"
"ချင်းရှူံက ကျွန်တော့်ကို ခေါ်သွားချင်တယ်လို့ ပြောတယ်..."
ချုံမင်မှာ ဟုန်ကျွင့်လေးကို တစ်ခါ မြင်တဲ့အချိန်က တစ်ကြိမ် ဒေါသထွက်သည်။ အဆုံးတွင် ချင်းရှူံနဲ့ ချုံမင် စကားများကြကာ ချင်းရှူံက အတောင်တွေဖြန့်ကာ လွတ်လွတ်လပ်လပ် ပျံသန်းသွားတော့သည်။ ထို့နောက်တွင် ချုံမင် သူ့ကို စကားမပြောတော့ပေ။ ဟုန်ကျွင့်လေးမှာ သူ့တောင်းပန်မှုကို တုံ့ပြန်သံလေးကြားရဖို့ သုံးလကြာသွားခဲ့သည်။
ထိုအချိန်မှစ၍ ချုံမင်ရှေ့တွင် "လူ့လောက" ဆိုတဲ့ စကားကို တစ်ခါမှ မပြောဝံ့တော့ပေ။ ချင်းရှူံက သူ့ကိုတွေ့ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေနိုင်သော်လည်း ကံကောင်းထောက်မစွာဖြင့် ချုံမင်က တဖြည်းဖြည်း ဒေါသမထွက်တော့ဘဲ ပြောလာ၏။
"ကြက်ပေါက်တာ သဘာဝပဲလေ... အသိုက်ကို ထားခဲ့ပါ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ အဆုံးနှစ်ဖက်ရှိဖို့ ခဲယဉ်းတယ်... လူ့လောကကို သွားလို့ရပေမယ့် မင်းသွားပြီးရင် ပြန်မလာနဲ့...."
"ဖေဖေ... ကျွန်တော် ငါးတစ်ကောင်ကို ကယ်ခဲ့တယ်..."
"ပစ်လိုက်! ရှုပ်တယ်!"
"ဖေဖေ... ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်!"
ဟုန်ကျွင့် တော်တော်ကြီးလာတော့ ခုန်ရွှမ်းရဲ့ အသွင်အပြင်နဲ့ တူလာသည်။ ငါးကြင်းနတ်ဆိုးက သူ့နောက်မှာ ပုန်းနေပြီး တုန်တုန်ယင်ယင်နဲ့ ပြောလိုက်၏။
"ကျေးဇူးရှင်... မေ့ထားလိုက်တာ ပိုကောင်းတယ်.."
ဟုန်ကျွင့်: "မကြောက်နဲ့.... ဖေဖေက နည်းနည်း ယုတ်မာတတ်လို့ပါ...."
ချုံမင် : "..."
"မင်းရဲ့ကမ္ဘာကိုရွေးမလား ငါ့ကိုရွေးမလား?"
"ဖေဖေ ကျွန်တော် မရွေးနိုင်ဘူး... ရွေးရမယ်ဆိုရင်..."
သို့သော် ချုံမင်သည် သူ့လက်ညိုးနှစ်ချောင်းကို မြှောက်ထားပြီး သူ့လက်ချောင်းထိပ်များမှ မီးတောက်များ ထွက်လာသည်။ ထိုလက်ချောင်းဖြင့် သူ့ခါးပတ်ပေါ်ရှိ အမွေးရှည်များကို လှမ်းကိုင်လိုက်သည်။
မီးတောက်သံတစ်ခု ကြားရပြီးနောက် ကျောက်စိမ်းပြားက နှစ်ခြမ်းကွဲသွားကာ ချောက်ကမ်းပါး အပြင်ဘက်သို့ ပြုတ်ကျသွား၏။ ကောင်းကင်ယံတွင် မီးတောက်များပေါက်ကွဲသွားကာ ဖီးနစ်အတောင်ပံများကို ဖြန့်၍ ဖီးနစ်တစ်ကောင်၏ အသံနဲ့အတူ တောင်များတစ်လျှောက် ပဲ့တင်ထပ်၍ ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
"အဖေ!"
ဟုန်ကျွင့် ချောက်ကမ်းပါးမှ ပြေးထွက်လုနီးပါး ဖြစ်သွားသော်လည်း လီကျင်လုံက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ လီကျင်လုံက သူ့ကို မလွှတ်တမ်းပွေ့ဖက်လျက် ချုံမင် အဝေးကို ပျံသန်းနေတာကို ကြည့်နေလိုက်သည်။
ထိုညတွင် ဟုန်ကျွင့် ကုတင်စောင်းမှ သူ့လက်ကို လွှတ်ချလိုက်ပေမယ့် လီကျင်လုံ သူ့လက်ကို ပြန်ဆုပ်ကိုင်ထားပေးကာ အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲမှာတော့ သဖန်းပင်တွေရဲ့ အရွက်တွေ ဝေ့ဝဲလွင့်စင်နေသည်။ တောက်ပြောင်နေတဲ့ နေရောင်လို အလင်းအစက်လေးတွေက အရွက်တွေကို ဖြတ်တောက်လိုက်ရာ တစ်ခုပြီးတစ်ခု ကြွေကျသွားကုန်၏။
"ခေါင်းဆောင်..."
"ခေါင်းဆောင် ဘာလုပ်နေတာလဲ"
"ခေါင်းဆောင်? ဒါကဘာလဲ?"
"ခုန်ဟုန်ကျွင့်! လမ်းပေါ်မှာ ဟိုဆွဲဒီဆွဲ မလုပ်စမ်းနဲ့..."
မှောင်မိုက်သောညတွင် သူ့လက်ချောင်းများကိုတောင် မမြင်နိုင်လောက်အောင် အေးစက်သောမိုးများက ကျဆင်းနေသည်။ လီကျင်လုံသည် သူ့ခေါင်းပေါ်မှာ လျှောကျလာသော သစ်သားပြားကို ကိုင်ကာ နက်မှောင်သော ကျောက်နံရံပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ ကြိုမမြင်နိုင်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်မည်ကို ကြောက်ရွံ့သောကြောင့် နှလုံးမီးအိမ်ကို မသုံးဝံ့ဘဲ ချောက်ကမ်းပါးပေါ် ခြေချရန် မှတ်ဉာဏ်ကိုသာ အားကိုးနေခဲ့သည်။
"ခင်ဗျားဘာလို့ အမြဲတမ်း အဲ့လိုပြောနေတာလဲ... မကောင်းလို့လား..."
"မဟုတ်ဘူး... ငါတကယ် မစားချင်တာ!"
လီကျင်လုံအတွက်က အမှောင်ထုသည် မြေကြီးကို အဆုံးမရှိ ဖုံးလွှမ်းနေ၏။ သူသည် သစ်သားတုံးကို ကိုက်ကာ အလွန်အမင်း မောပန်းနေတာကြောင့် လက်ထဲကကြိုးက တစ်ဝက်နီးပါး ချော်ထွက်သွားသည်။ ကျောက်နံရံကို မှီရင်း ပါးစပ်မှလည်း အငမ်းမရ အသက်ရှူနေသည်။
နေရောင်က တောက်ပစွာ ထွန်းလင်းတောက်ပနေပြီ။ ဟုန်ကျွင့်ကို ပွေ့ချီလိုက်စဥ် ခေါင်းကို ပုတ်နှိုးချင်ပေမယ့် ဟုန်ကျွင့်ရဲ့ မျက်နှာက ဗလာဖြစ်နေပြီး ကိတ်မုန့်တွေက ပါးစပ်က ပေကျံနေကာ ထပ်စားဖို့ ကိတ်မုန့်တစ်ဖဲ့ကို ကိုင်ထားသေးသည်။ လီကျင်လုံ ရယ်ရခက်ငိုရခက် ဖြစ်သွားပေမယ့် သူ့ကို လမ်းကြားထဲကို တွန်းလွှတ်လိုက်ပြီး သူ့ပါးစပ်ထောင့်ကို နမ်းဖို့ သူ့ခေါင်းကို ငုံ့ထားလိုက်သည်။
(ဘာသာပြန် - ဟိုရောက်ဒီရောက် အတွေးတွေလား၊ ဟုန်ကျွင့်နဲ့ လီကျင်လုံ မှတ်ဉာဏ်တွေလား မသိဘူးဟေး။ website မှာ သွားစစ်ကြည့်တော့လည်း ဒီအတိုင်းပဲ။ ကိုယ်မှားပြီထင်တာ)
လီကျင်လုံ ခဏလောက် အနားယူပြီး ကျောက်တုံးပေါ်တက်၊ ကျောက်နံရံပေါ်တက်ပြီး တက်လိုက်ဆင်းလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ဟုန်ကျွင့်သည် ရေကူးကန်ဘေးတွင် လဲလျောင်းနေပြီး လေနုအေးက ရေကန်ကို လှုပ်ခါသွားကာ သူ၏ အိပ်ပျော်နေသော မျက်နှာလေး ငြိမ်သက်နေ၏။ လရောင်သည် ရေကူးကန်ပေါ် တောက်ပနေကာ သူ့ခန္ဓာကိုယ်ကိုလည်း ဖုံးအုပ်ထားသည်။
"စိတ်လှုပ်ရှားစရာ ကောင်းတယ်!"
သူတို့နှစ်ယောက်၏ အရေပြားများက ထိတွေ့နေ၏။ လီကျင်လုံက သူ့နားရွက်ကို ဂရုတစိုက် ဆေးလိမ်းပေးနေစဥ် သူ့မျက်နှာမှာ ညှိုးငယ်နေသည့် အကြည့်ဖြင့် ပြုံးလျက် ရေကန်ကမ်းနားတွင် ခေါင်းကို ငြိမ်ငြိမ်လေး ထားလိုက်သည်။ လီကျင်လုံ စိုက်ကြည့်လာတဲ့အခါ သူ့မျက်နှာက နီရဲသွားသည်။
"သူ့အလိုလို အသားပြန်တက်တဲ့အထိ စောင့်လည်း ရတယ်ရယ်..."
လီကျင်လုံ မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်ကာ ပြုံးနေသော ဟုန်ကျွင့်ကို ငုံ့ကြည့်လိုက်သည်။
ကမ္ဘာကြီးသည် မှောင်မိုက်နေဆဲပါပဲ။ လီကျင်လုံ၏ ညာလက်က မတုန်လှုပ်နိုင်တော့ဘဲ ပိုဆိုးလာသည်။ သူ့ညာလက်ကို ချကာ ဘယ်လက်ကို တင်းတင်းတောင့်ထားလျက် ပြူးထွက်နေသော ကျောက်တုံးပေါ်တွင် ခဏ နားနေလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော်ခင်ဗျားနဲ့ လိုက်ခဲ့ပါရစေ!"
"မနောက်စမ်းနဲ့... ဒါ အစိုးရရုံး... ဘယ်လို လိုက်လျောညီထွေ ပြုမူနေထိုင်နိုင်ရမလဲ မသိဘူလား"
လီကျင်လုံ ဟုန်ကျွင့်ကို အမြန်ချကာ အစိုးရရုံးမှ အမြန်ထွက်သွားသည်။ သူ့မျက်နှာကနီရဲကာ မရယ်နိုင်မငိုနိုင် ဖြစ်နေ၏။ ပါးစပ်က ပေါ့ပေါ့ပါးပါး ကျိန်ဆဲကာ ၀တ်ရုံကို သေသေသပ်သပ် ပြန်လုပ်၍ တလီတရားရုံးသို့ ထွက်ပြေးသွားခဲ့သည်။
အချိန်က သုံးနာရီသာ ကျန်တော့သည်။ လီကျင်လုံသည် ယနေ့တွင် အတူတူ တောင်တက်ခြင်း၏ အရှိန်ကို အနည်းငယ် နှေးကွေးသွားအောင် ကြိုးစားပါက ယောင်ကျင်း နန်းတော်သို့ အရုဏ်မတက်မီ ရောက်ရမည်ဟု လျှို့ဝှက်စွာ ခန့်မှန်းထားခဲ့သည်။
ချိတ်ကို လွှင့်ပစ်ပြီး အမြင့်မှာ ချိတ်ထားလိုက်သည်။ ပြန်တက်တဲ့အခါ မတ်တပ်ရပ်စရာ နေရာမရှိတော့တဲ့အတွက် ကျောက်တုံးကြီးထဲကို သစ်သားတုံးအား သံလို ရိုက်ထည့်ပြီး လက်တစ်ဖက်နဲ့ ချိတ်ဆွဲလိုက်၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ မည်းနက်နေပြီး ဘယ်အထိ တက်သွားမိတယ် ဆိုတာတောင် မပြောနိုင်ပေ။
သူ နောက်ထပ် မတွန့်ဆုတ်ဝံ့တော့ဘဲ ညာဘက်လက်က ချိတ်ကြိုးထဲသို့ နှလုံးမီးအိမ်ရဲ့ စွမ်းအင်အနည်းငယ်ကို ထည့်သွင်းလိုက်သည်။ ၎င်းက ချိတ်ကြိုးရှိရာ ကျောက်တုံးကြီးကိုပင် လင်းထိန်သွားစေခဲ့သည်။
အေးမြသော လေတွေက ပြင်းထန်ပြီး နှင်းထူထပ်သော ညက မဟာတံတိုင်း အပြင်ဘက်ရှိ စစ်စခန်းထဲက မီးရောင်များကဲ့သို့ပင်။
"ခင်ဗျား တမင်လုပ်တာ!"
ဟုန်ကျွင့် ရှက်သွားပြီး အဝတ်တွေကို အမြန်ရှာကာ သူ့ဘောင်းဘီပေါ်ကို ဖုံးထားလိုက်သည်။
"မင်းဒီလို ထိန်းထားနေရင် အိမ်ထောင်ပြုဖို့ မစဉ်းစားနဲ့တော့"
"အိမ်ထောင်မပြုချင်ပါဘူး"
လေချွန်သံက အေးစက်လာသည်။ ဟုန်ကျွင့်သည် လီကျင်လုံကို ပွေ့ဖက်ထားရင်း သူ့လက်မောင်းကို ခေါင်းအုံးထားလိုက်သည်။ ဘေးတိုက် ပွေ့ဖက်ထားကာ သူ့ခြေထောက်တွေကို ပတ်ထားရာ လီကျင်လုံရဲ့ နှလုံးခုန်သံက ရိုင်းစိုင်းလာပြီး အိပ်ပျော်နေတဲ့ မျက်နှာကို စောင်းကြည့်လိုက်၏။ ခေါင်းကို ညင်သာစွာငုံ့ပြီး နှုတ်ခမ်းချင်း တစ်လက်မခွဲခန့်သာ ကွာဝေးနေတဲ့ အချိန်မှာ ဟုန်ကျွင့် အနည်းငယ် လှုပ်သွားသောကြောင့် လီကျင်လုံလည်း ချက်ချင်းပင် မျက်လုံးကိုမှိတ်ကာ အသက်ရှုထုတ်လိုက်သည်။
"ဟုန်ကျွင့်....."
လီကျင်လုံ ချိတ်ကို ကိုင်ဆွဲကာ ကျောက်နံရံပေါ် ပြေးတက်သွားသည်။ တစ်ဖက်မှ တစ်ဖက်သို့ ခုန်တက်ကာ မလှမ်းမကမ်းတွင် အပြူးထွက်နေသော ကျောက်တုံးကို ကိုင်၍ တစ်ကိုယ်လုံးကို ချောက်ကမ်းပါးပေါ် ဆွဲတင်လိုက်သည်။
ထိုအချိန်တွင် လီကျင်လုံခမျာ သူ့နှလုံးသားက လေထဲတွင် တွဲလောင်းကျနေသလို ခံစားနေရကာ သူ့အသက်က ချည်မျှင်လေးဖြင့် ချည်နှောင်ခံထားရသလို ခံစားနေရလေသည်။
လေပြင်းက သူ့နားရွက်နားက ဖြတ်သွားသည်။ နှင်းတွေကျနေတဲ့ သင်္ချိုင်းထဲမှာတော့ ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ဟာ ပျံနေတဲ့ ဓားသွားလို ပြင်းထန်တဲ့ နတ်ဆိုးမီးများကြား ပေါက်ကွဲထွက်လာသည်။
"ရပ်--!"
သူ့လက်တွေဖြင့် ရုတ်တရတ် ပွေ့ဖက်လိုက်စဥ် သူ့ရင်ဘတ်ထဲက ပြင်းထန်တဲ့ အလင်းတန်းတွေ ထွက်လာသည်။ ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင် မီးတောက်တွေ ပေါက်ကွဲထွက်လာတဲ့အခါ လောင်မြိုက်ခံလိုက်ရသော ဆီးနှင်းတွေ အရည်ပျော်သွားသည်။
ကောင်းကင်မှာ ကျန်နေတဲ့ တိမ်တိုက်တွေကို လေက မှုတ်ထုတ်လိုက်သလို နတ်ဆိုးမီးတွေက တဖြည်းဖြည်း ငြိမ်သက်သွား၏။
လီကျင်လုံ အားကုန်သုံး အားစိုက်ထုတ်ကာ တွဲလောင်း ကျောက်ဆောင်ပေါ်သို့ တက်သွားသည်။ သူ့ခေါင်းထက်တွင် ကျဆင်းနေသော ရေခဲများနှင့် နှင်းများကို ရှောင်ရန် ထိုနေ့ကနေရာတွင် အနားယူနေခဲ့ရပြန်သည်။
ထိုအချိန်တုန်းက ရေခဲများ မြေကြီးပြိုကျသည့်အခိုက်တွင် သူ မသိစိတ်က လှည့်၍ ဟုန်ကျွင့်က်ု တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်မိသည်။ ဟုန်ကျွင့်၏ နှလုံးခုန်သံသည် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာချိန်၌ ပိုပြင်းထန်လာကာ လီကျင်လုံလည်း အသံတိတ်သွားပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။
နှစ်ယောက်လုံး တုံ့ပြန်လိုက်သလို ခံစားရလေသည်။ လီကျင်လုံသည် ဟုန်ကျွင့်လက်ကို ချောက်ကမ်းပါးပေါ် ဖိချထားပြီး မနာလိုစွာ ကြည့်ရင်း ခေါင်းငုံ့ကာ နှုတ်ခမ်းကို နမ်းရှိုက်လိုက်ချင်သည်။
လီကျင်လုံ ခေတ္တအနားယူလိုက်သည်။ ထို့နောက် တိမ်များနှင့် မြူခိုးများကြားတွင် သူသည် အံကြိတ်ကာ ကြိုးကို အားပြင်းပြင်းဖြင့် ဆွဲထုတ်ကာ ခုန်ချလိုက်သည်။ တစ်ခဏချင်းမှာပဲ တိမ်မည်းတွေကို ဖြတ်ကျော်ပြီးတဲ့အခါ သူ့အမြင်အာရုံက ရုတ်တရက် ပွင့်လာပြီး ထောင်နဲ့ချီတဲ့ တိမ်တွေ တောက်ပသွား၏။
တောက်ပသော လသည် ထိုက်ဟန်တောင်များ အထက်တွင် ကျယ်ပြောသော တိမ်ပင်လယ်ပေါ်၌ ထွန်းလင်းလျက် ရှိသည်။
လရောင်သည် အနောက်ကောင်းကင် အထက်တွင် တိမ်ပင်လယ်ကို ဖုံးလွှမ်းထား၏။ လရောင်အောက်တွင် လီကျင်လုံသည် မယုံကြည်နိုင်စွာ လှည့်ကြည့်ရင်း ထိုက်ဟန်တောင်တန်းများ၏ တောင်ထိပ်များသည် ပင်လယ်ပြင်ရှိ ကျွန်းများကဲ့သို့ပင် ထွက်ပေါ်နေတာ တွေ့လိုက်ရသည်။
တိမ်ပင်လယ်သည် လေပြည်လေညင်းကြောင့် လှိုင်းလုံးများအဖြစ် ကောင်းကင်ဆီသို့ လွင့်ပျံလာသည်။ တိမ်များမှလွဲ၍ အရာအားလုံးသည် တိတ်ဆိတ်နေ၏။
အသံအနည်းငယ် ထွက်လာသည်။ ချိတ်ကြိုးသံနဲ့အတူ ဟုန်ကျွင့် နိုးလာသည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် အနောက်ဘက် အကွာအဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ လရောင်ကြောင့် သဖန်းပင်များ၏ အရိပ်အောက်တွင် အိပ်နေသော ချုံမင်ကို တွေ့ရ၏။ သူ့ခြေကျင်းဝတ်ရှိ သံကြိုးကို ငုံ့ကြည့်ကာ လျှောက်လမ်းမ အဆုံးကို ကြည့်လိုက်သည်။
လီကျင်လုံ ချိတ်ကို ဖယ်လိုက်စဥ် သူ့ညာလက်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာသည်။ နာကျင်မှုကို လျစ်လျူရှုရင်း ရေကူးကန်ဘေးက ဟုန်ကျွင့်ကို ကြည့်လိုက်သည်။
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်သည် သူ့မျက်လုံးများကို ပြူးကျယ်ဖွင့်လိုက်သော်လည်း လီကျင်လုံက ပြုံးရင်း ဖြည်းညှင်းစွာ သက်ပြင်းချလေသည်။ သူ့ကို လေးလေးနက်နက် ကြည့်ကာ အသံမထွက်ရန် ကြိုးစားနေသည်။ မောပန်းနွမ်းနယ်သော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီးနောက် ဦးညွှတ်ကာ လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ ဟုန်ကျွင့် ချက်ချင်း လှုပ်ရှားကာ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ဟုန်ကျွင့် ငိုယိုကာ လီကျင်လုံကို တင်းတင်းကြပ်ကြပ် ဖက်ထား၏။ လီကျင်လုံကလည်း ခေါင်းငုံ့ကာ သူ့ဆံပင်ကို နမ်းလာသည်။
"ရှူး......"
လီကျင်လုံက အိပ်ပျော်နေသော ချုံမင်ကို ကြည့်ကာ ဟုန်ကျွင့်အား ထပ်ခါတလဲလဲ လက်ပြကာ ခြေကျင်းဝတ်ရှိ ကြိုးပါးပါးလေးအား ညွှန်ပြသည်။ ဟုန်ကျွင့် ခေါင်းယမ်းကာ လီကျင်လုံကို မော့ကြည့်လိုက်သည်။
လီကျင်လုံသည် ဒူးတစ်ဖက် ထောက်လျက် လေးလေးနက်နက် မျက်မှောင်ကြုတ်နေသည်။ နည်းလမ်း ရှာချင်နေသော်လည်း ဟုန်ကျွင့်က သူ့ခါးကို တိတ်တဆိတ် ပွေ့ဖက်လိုက်၏။ သံကြိုးကို ဖြတ်ရန် ကိရိယာတစ်ခုခု ရှာလိုသော်လည်း ဟုန်ကျွင့်က မလွှတ်ပေးချေ။
"လွှတ်ပေးဦး..."
ဟုန်ကျွင့် နားရွက်နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ ဟုန်ကျွင့် သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ဆုပ်ကိုင်ထားရင်း နောက်ဆုံးမှာတော့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ လွမ်းဆွေးမှုတွေ၊ ဒေါသတွေ၊ ရောထွေးနေတဲ့ ခံစားချက်တွေကို သူသဘောပေါက်သွား၏။
ဒါတွေအားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုပြီး ဆုံးရှုံးမှုတွေအတွက် စိုးရိမ်နေပေးတာ ဖြစ်ကြောင်းပင်။ သူတို့ဘာကြောင့် မွေးဖွားလာတယ်ဆိုတာ မသိပေမယ့် အခုသူ့နှလုံးသားထဲမှာ ပျော့ပျောင်းလွန်းတဲ့ အမွေးအတောင်လေးတွေ နေရာတိုင်းလိုလိုမှာ ရှိနေသလိုသာ ခံစားနေရတော့သည်။
"လွှတ်ပါဦး....ဟုန်ကျွင့်!"
လီကျင်လုံမှာ စိုးရိမ်စိတ်နဲ့ ရူးသွားတော့မလို ဖြစ်လာသည်။ ဟုန်ကျွင့်ကို ညင်သာစွာ ပွတ်သပ်ပြီး နားရွက်ကို မှီကာ တိုးတိုးလေး ဆိုလိုက်သည်။
"ဒီလောက်ထိ ခက်ခက်ခဲခဲ တက်လာရတာနော်..."
နောက်ဆုံးတော့ ဟုန်ကျွင့်လည်း သူ့လက်ကို လွှတ်လိုက်ပြီး လီကျင်လုံကို မျက်ရည်တွေနဲ့ ကြည့်နေလိုက်လေသည်။
လီကျင်လုံ ထိုမျက်လုံးများကို လှမ်းကြည့်ရင်း ရုတ်တရက် ထိမိသွားကာ သူ့ရင်ခွင်ထဲ ထပ်မံ ဆွဲသွင်းထားချင်သော်လည်း ဤအခြေအနေသည် အမှန်တကယ်ပင် ခံစားချက်အတွက် အချိန်မဟုတ်သေးပေ။ ဟုန်ကျွင့်ကို ဒီမှာစောင့်နေဖို့ လက်ပြကာ ဦးညွှတ်ပြီး ဖြတ်သွားခဲ့သည်။ ရေကူးကန်ဘေးမှာ သံကြိုးကိုဖွင့်ဖို့ ချွန်ထက်တဲ့လက်နက်ကို ရှာဖို့ ခန်းမထဲကို လှမ်းကြည့်လိုက်သည်။
ဟုန်ကျွင့်သည် လီကျင်လုံအား ပျံသန်းနေသော ဓားဖြင့် လက်ပြကာ သူ့ကိုယ်သူ ညွှန်ပြကာ ပတ်ပတ်လည်တွင် ရစ်ပတ်ရန် လှုပ်ရှားနေသည်။ သူ မတ်တတ်ထရပ်လိုက်တော့ ပင်မခန်းမထဲက တုန်လှုပ်ချောက်ချားနေတဲ့ အသံနဲ့ ချင်းရှူံ ရုတ်တရက် ပြေးဝင်လာသည်။
ချင်းရှူံ ရင်ဘတ်တွင် အမာရွတ်များ ဖုံးလွှမ်းနေပြီး ဆေးနှင့် အရက်နံ့များ ရနေသဖြင့် လေထုသည် ရုတ်တရက် တင်းမာလာသည်။ ဟုန်ကျွင့်ကတော့ သစ်ပင်အောက်တွင် အိပ်ပျော်နေသော ချုံမင်ကိုကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး ချင်းရှူံကို ကြည့်ကာ ခဏတာမျှ အလွန်အမင်း စိုးရိမ်လာတော့သည်။
လီကျင်လုံ ဓားကို သူ့နောက်ကျောမှ လက်ဖြင့် ချွတ်လိုက်ပြီး ချင်းရှုံကို ရင်ဆိုင်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူလိုက်သည်။ သို့သော် ချင်းရှူံက သူ့ကို မျက်နှာချင်းဆိုင်ပြီး ရုတ်တရက် ပါးစပ်အမူအရာပြလာသည်။ ဟုန်ကျွင့် မမြင်နိုင်ပေမယ့် လီကျင်လုံ နားလည်လိုက်ပါ၏။
—— မင်းသေသွားရင်တောင် မင်းသူ့ကို ကာကွယ်ဖို့ စစ်တစ္ဆေအဖြစ် ပြောင်းလဲသွားပါ့မယ်လို့ ကတိပေးပါ။
လီကျင်လုံ သဘောပေါက်သွားပြီး သူ့ဓားကို ကျောပေါ်တင်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
နောက်အခိုက်အတန့်တွင် ချင်းရှူံ သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်နှင့် ရွှေရောင်အမွေးအမှင်များ လွင့်ပျံသွားသည်။ ထိုစွမ်းအင်တွေက ဟုန်ကျွင့်သံကြိုးကို ချက်ချင်းကျိုးသွားစေ၏။ သူ့ညာလက်ကို လေထဲတွင် လှန်လိုက်ရာ လီကျင်လုံကို လေအားတစ်ခုက ပြင်းထန်စွာ ထိမှန်သွားခဲ့ရာ လျှောက်လမ်းမ အပြင်ဘက်ကို ပြုတ်ကျသွားသည်။
ဒါကိုမြင်တာနဲ့ ဟုန်ကျွင့်သည် လီကျင်လုံကို လှမ်းဖမ်းဖို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သို့သော် လီကျင်လုံကသာ သူ့လက်နှစ်ဖက်ကို ဆွဲယူကာ ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပါတော့သည်။
ဟုန်ကျွင့်:"!!!"
ရွှေဝါရောင် အတောင်ပံ အမွေးအတောင်များ လီကျင်လုံကို ပစ်ခတ်လိုက်ရာ ရုတ်တရက် အလင်းအတောင်ပံများ အဖြစ်သို့ ပြောင်းလဲသွားကာ သူတို့နှစ်ဦးသည် မြင့်မားသော လမ်းမပေါ်မှ တိတ်တဆိတ် ပျံသန်းသွားတော့သည်။ ချင်းရှူံ သူ့လက်ချောင်းများကို အနည်းငယ်ပွတ်ကာ အလင်းတန်းငါးခုကို ပစ်လွှတ်လိုက်လေ၏။ လီကျင်လုံသည် လက်တစ်ဖက်ဖြင့် ဟုန်ကျွင့်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် ၎င်းကို တိကျစွာ ဖမ်းယူလိုက်ရာ ၎င်းမှာ နတ်အလင်းငါးရောင်နှင့် ပျံသန်းနေသော ဓားလေးစင်း ဖြစ်သွားသည်။
ဟုန်ကျွင့်လည်း လီကျင်လုံကို ပြန်လည် ပွေ့ဖက်ထားကာ ထိုလူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့၏ အလင်းတန်းများသည် တိမ်ပင်လယ်ကို ဖြတ်ကျော်သွားကာ တက်လာသည့် နေရောင်နှင့်အတူ တောင်များအဆုံးသို့ ပျံသန်းသွားသည်။
တိမ်များနှင့် မြူများ လျင်မြန်စွာ ယိမ်းယိုင်သွားကာ အဝေးရှိ ယောင်ကျင်းနန်းတော်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ လူနှစ်ယောက် ရုတ်တရက် ခေါင်းကို လှည့်လိုက်သည်နှင့် မီးလုံးကြီးက ရွှေရောင် တိမ်တိုက်များကြား လှိမ့်ထွက်လာပြီး တိမ်အလွှာများ ပျောက်ကွယ်သွားသည်။
ဟုန်ကျွင့်: "ချုံမင်ပဲ.... ချုံမင် နိုးနေပြီ!"
လီကျင်လုံ ပြန်မဖြေပေမယ့် ဟုန်ကျွင့်ကိုသာ တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ ဟုန်ကျွင့် သူ့ခေါင်းကို လှည့်တော့မယ့် အခိုက်မှာ သူ့မျက်လုံးတွေကို လီကျင်လုံက လက်နှစ်ဖက်နဲ့ အုပ်လာခဲ့ကာ ကောင်းကင်ကို တဟုန်ထိုး အရှိန်နဲ့ ပျံသန်းသွားကြလေသည်။ ထို့နောက် ထိုက်ဟန်တောင်တွေကို ဖြတ်ပြီး ချောက်ထဲမှာ လူးလဲရင်း မြက်ခင်းပြင်ပေါ် လဲကျသွားကြသည်။
ဟုန်ကျွင့် တောင်ကုန်းတစ်ခုပေါ် ပြေးတက်သွားတာကြောင့် လီကျင်လုံ သူအနောက်ကနေ လိုက်ရသည်။
"ဟုန်ကျွင့်!"
အဝေးမှ ယောင်ကျင်း နန်းတော်ကို ငေးကြည့်လိုက်စဥ် ဖီးနစ်နှင့် ရွှေတောင်ပံများ သည် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲကာ တွန်းလှန်ကာ သူ့ကို ချုပ်နှောင်ထားသည့် တောင်ထိပ်ကို ဖြိုခွင်းလိုက်ပေ၏။ အသံနက်ကြီးနဲ့အတူ ထူထပ်သော မီးခိုးများနှင့် တိမ်များသ. ဖုံးလွှမ်းလာသည်။
ဟုန်ကျွင့် လီကျင်လုံကို တစ်ဖန် လှည့်ကြည့်လိုက်သည်။ လီကျင်လုံကလည်း ဟုန်ကျွင့်ကို အပြစ်ရှိစွာ ကြည့်နေ၏။
"တောင်းပန်ပါတယ် နောက်ဆုံးတော့ မမျှော်လင့်ထား..."
ဟုန်ကျွင့် အရှေ့ကို ပြေးတက်လာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပေသည်။
ဘာသာပြန် - ခေါင်းဆောင်လီက ဘယ်ငှက်မှ သူ့ကိုမကြည့်မှန်းသိမှ ပြန်လှည့်ပြေးလာတာနော်။