(75) မဖိတ်ကြားထားသော ဧည့်သည်
Viewers 5k

Chapter (75)

မဖိတ်ကြားထားသော ဧည့်သည် 



ထျန်းပေါင်ခုနှစ် ဆယ့်သုံးနှစ်၊ မတ်လသုံးရက်မြောက်နေ့တွင် နွေဦးသည် ကွမ်းကျုံးပြည်သို့ရောက်ရှိလာပြီး ပူနွေးသော ဆောင်းရာသီသလေကလည်း တဖြူးဖြူး တိုက်ခတ်လျက် ရှိသည်။ ချန်အန်းမြို့ရှိ မက်မွန်ပွင့်များသည် တောက်ပပြီး သာယာလှပနေ၏။


ဇွန်လတွင် ဧကရာဇ်ကိုယ်လုပ်တော်၏ သုံးဆယ့်ငါးနှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ဒေသဆိုင်ရာ အရာရှိများသည် ရှားပါးရတနာများကို သွန်ချလာကြသည်။ သံတမန်များ အပြေးအလွှား သွားလာနေကြသည်။ တရှစ်လူမျိုး၊ စစ်မုလူမျိုး၊ ထူးကျွယ်လူမျိုး၊ ထူဖော်လူမျိုးတွေပါ လာကြသည်။ လီလုန်ကျီးသည် ကြင်ယာတော်ယန်က ဘယ်လောက် သစ္စာစောင့်သိသဖြင့် မဟာတံတိုင်း အပြင်ဘက်ရှိ တိုင်းရင်းသားအားလုံးကို ဖိတ်ခေါ်စေခဲ့သည်။ 


မွေးနေ့မ​ရောက်ခင် ရက်တစ်ရာနီးပါး အချိန်ရှိပါသေးသည်။ ချန်အန်းသည် ထောင်ပေါင်းများစွာသော ရက်ကန်းသမားများသည် တမင်နန်းတော်ထဲ ဖိတ်ခေါ်ကာ တော်ဝင်ပိုးထည်များကို ရက်စေတာကြောင့် ညတိုင်း ​နေ့အလင်းရောင်များကဲ့သို့ တောက်ပနေပါသည်။ ချွန်းချွမ်သည် လော့ယန်၊ အလယ်ပိုင်းခရိုင်နဲ့ တခြားနေရာများသို့ မီးပုံးများ၊ ဖယောင်းတိုင်များ၊ ပိုးထည်များနှင့် အခြားပစ္စည်းများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ ထန်မင်းဆက်သည် ကြင်ယာတော်၏ မွေးနေ့ပွဲကို ကျင်းပရန် နိုင်ငံတစ်ဝှမ်းလုံးက လူများကို စည်းရုံးခဲ့ပြီး လူမျိုးအားလုံး၏ ထူးခြားသော မြင်ကွင်းကို ပြသခဲ့သည်။


နတ်ဆိုးနှင်​ဌာနတွင် နွေဦးသည် ပျော်ရွှင်မှုအပြည့်နှင့်။ ဆောင်းရာသီ အပြီးတွင် ချိုးယုံစစ်သည် ကျန်းနန်သို့ ပြန်သွားရသည်။ သူက အသက်ရှုကြပ်စွာဖြင့် ခရီးရှည်ကို ပြန်လည်စတင်ခဲ့သည်။ ဇာတိမြို့စားနပ်ရိက္ခာတွေ အများကြီး ပြေးလွှားပြီးတဲ့ နောက်မှာ နေဖို့ နတ်ဆိုးနှင်ဌာနကို ပြန်လာခဲ့ရာ ရှားပါးတဲ့ အခိုက်အတန့်လေးကို ရရှိခဲ့သည်။ 


တစ်ဖက်တွင် အားထိုက်သည် ကြီးမားသော လိုငွေပြမှုကို ရင်ဆိုင်နေရပြီး အားရှစ်နရှုံကလည်း ငွေရှာနည်းကို ရှာဖွေရန် သူ့ဦးနှောက်များကို တွန်းလှန်နေရသည်။


"ဟုန်ကျွင့်... ဘယ်မှာလဲ" 


လုရွှီက မျက်နှာငယ်လေးနဲ့ မေးသည်။ 


မော့ရစ်ကန်း: "ခေါင်းဆောင် သူ့ကို ပြန်ခေါ်လာမှာပါ စိတ်မပူပါနဲ့ ဒီနေ့ ဘယ်မှာ ကစားချင်လဲ"


နှစ်သစ်ကူးအကြို နှင်းတွေထူထပ်တဲ့ညမှာ ဟုန်ကျွင့်က လူတိုင်းကို ထားခဲ့သည်။ လီကျင်လုံက ထွက်မသွားဖို့ အားလုံးကို ပြောခဲ့ပြီး ဟုန်ကျွင့်ကို သေချာပေါက် ပြန်ခေါ်လာခဲ့မယ်လို့ ကတိပေးခဲ့သည်။ လုရွှီ မူလကတော့ လိုက်သွားချင်သော်လည်း မော့ရစ်ကန်းက လီကျင်လုံ၏ ညွှန်ကြားချက်ကို လိုက်နာပြီး စောင့်ဆိုင်းရန် နတ်ဆိုးနှင်ဌာနသို့ ပြန်သွားခဲ့သည်။


မထင်မှတ်ပဲ သူတို့ ထွက်သွားတာ သုံးလပြည့်တော့ အဲဒီအချိန်မှာ လူတိုင်းက စာတစ်စောင်ပဲ ရခဲ့သည်။ လီကျင်လုံက ဟုန်ကျွင့်နဲ့အတူ ထိုက်ဟန်တောင်ကို ပြန်သွားခဲ့​ပြီ​။ လုရွှီဟာ အစပိုင်းမှာတော့ ပရမ်းပတာ အဖြစ်အပျက်ကြောင့် မော့ရစ်ကန်းကို ဒေါသထွက်ခဲ့ပါ၏။ ဟယ်ရှီးမှာ တစ်ယောက်တည်း မနေချင်တာကြောင့် အားလုံးနဲ့ ချန်အန်းကို လိုက်သွားခဲ့သည်။


လုရွှီသည် မြောက်ဘက်တွင် မွေးဖွားခဲ့ပြီး ချန်အန်း၏ သာယာဝပြောမှုကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ကွမ်းကျုံးပြည်သို့ မဝင်ရောက်မီတွင် သူ အံသြသွားခဲ့သည်။ ချန်အန်းကို ဝင်ရောက်ပြီးနောက် ပြည်မကြီးထဲက ဤကြီးမားပြီး ကျက်သရေရှိသော မြို့ကြီးကြောင့် ပို၍ပင် တုန်လှုပ်သွားခဲ့ပြီး မပျော်ရွှင်စရာများကို ခေတ္တမေ့သွားခဲ့သည်။


မော့ရစ်ကန်းသည် သမင်ဖြူကို ဇနီးလောင်းလို ဆက်ဆံရမလား သို့မဟုတ် ညီအစ်ကိုအဖြစ် ဆက်ဆံသင့်သလား မသိဘဲ လမ်းပျောက်နေသည်။ မူလက ရည်မှန်းထားသော အချစ်တစ်ခု ဖြစ်သော်လည်း နောက်ဆုံးတွင် ဘုရားသခင်က သူ့ဆီကို အမျိုးသားဇနီးအား အမှန်တကယ် စေလွှတ်ခဲ့သည်။ ဒါပေမဲ့ မျိုးနွယ်စုရဲ့ စည်းကမ်းတွေအရ လုရွှီကို လက်မထပ်ရင် ဒီဘဝမှာ ဘယ်လို အဆုံးသတ်မလဲ မသိ။ 


အားထိုက်: "မင်း ခေါင်းဆောင်ကို မေးလို့ရတယ်လေ.."


ချိုးယုံစစ် : "ခေါင်းဆောင်ကို မေး..."


အားရှစ်နရှုံ - "မင်းတို့ စောစောကတည်းက ပြောထားသင့်တယ်... ငါ့ကိုတော့ လာမပေးပါနဲ့"


မော့ရစ်ကန်း : "..."


မော့ရစ်ကန်းမှာ ညီအစ်ကိုတွေကို ဘယ်လောက်ပဲ မေးနေပါစေ သူတို့ကလည်း ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်ကြ။ လုရွှီက သူ့မိန်းမဖြစ်မလား မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သမင်ဖြူကိုတော့ အမြဲတမ်း ဂရုစိုက်နေသင့်တာ ဖြစ်သည်။ 


ဒါကြောင့် မော့ရစ်ကန်း လျှောက်သွားပြီး လီကျင်လုံရဲ့ နေ့စဉ်နေ့တိုင်း လုပ်ခဲ့တာတွေကို လေ့လာပြီး လုရွှီအိမ်မှာ အခြေချနေထိုင်ခဲ့သည်။ လုရွှီ မြို့ထဲသို့ဝင်သောအခါ သူသည် ချန်အန်းရှိ မက်မွန်ပွင့်များသည် လှပပြီး မြောက်ဘက်တွင် တစ်ခါမှမမြင်ဖူးသောကြောင့် မက်မွန်ပင်အချို့ကို ဝယ်ကာ ခြံဝင်းထဲတွင် စိုက်ထားလိုက်တော့ လုရွှီဆီက ချီးကျူးခံခဲ့ရ​သေးသည်။


ပထမတော့ လုရွှီဟာ ဟုန်ကျွင့်ကို ချစ်သူအဖြစ် သတ်မှတ်မှာလား သံသယဖြစ်ခဲ့ပေမယ့် ထိုကောင်လေးက ချိုးယုံစစ်၊ အားထိုက်နဲ့ အားရှစ်နရှုံတို့နဲ့တောင်မှ သူငယ်ချင်းဖြစ်ခြင်းကို မကန့်ကွက်ပေ။ ဟုန်ကျွင့်ကိုသာ သူ သိသောကြောင့် သူ့ခန္ဓာကိုယ်ကို ပြန်ယူပြီးနောက် ဟုန်ကျွင့်နှင့် သဘာဝအတိုင်း ရင်းနှီးလာခဲ့သည်။


သို့သော် အားရှစ်နရှုံးအပေါ် လုရွှီရဲ့ သဘောထားကို သူမကြိုက်ပေ။ မော့ရစ်ကန်းအတွက်တော့ အားရှစ်နရှုံဟာ ချောမောလှပသော လူငယ်များကို နှစ်သက်ကြောင်း ပြောင်ပြောင်တင်းတင်းပင် ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်ပြီး လီကျင်လုံကလည်း ထိုသူကို နတ်ဆိုးနှင်ဌာနခွဲ၏ အဖွဲ့ဝင်အဖြစ် လက်ခံမည်ကို ဘယ်သောအခါမှ ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ ဒါက အိမ်မှာ ဝံပုလွေကို ခေါ်ထားရတာနဲ့ အတူတူပင်။ 


ဝံပုလွေအစစ်အမှန်က သူကိုယ်တိုင်ဖြစ်သင့်ပေမယ့် လုရွှီနဲ့ အားရှစ်နရှုံ အရမ်းနီးကပ်သွားအောင် တားဖို့ ကြိုးစားတုန်းပါပဲ။ ကံကောင်းထောက်မစွာပဲ အားရှစ်နရှုံက လုရွှီနဲ့ ပတ်သက်ပြီး စကားလုံးတွေကို အခွင့်ကောင်းယူဖို့ သိပ်စဉ်းစားပုံမပေါ်ပါဘူး။ ကျင့်ကြံအားထုတ်မှု၌ကား အလွန်အမင်း လုံ့လမရှိရုံသာ။


မော့ရစ်ကန်းသည် လုရွှီကို တစ်နေကုန် အပြင်မှာ ကစားစေပြီး အားထိုက်နဲ့ အားရှစ်နရှုံကတော့ အိမ်တွင် တစ်နေ့လုံး ငွေတွက်ကာ စစ်သားများနှင့် မြင်းများကို မိုင်ထောင်ချီဝေးသော မိုင်ထောင်ချီဝေးသော အရပ်ကနေ ထောက်ပံ့ပေးဖို့ ပိုက်ဆံရှာရန် စီစဉ်နေရသည်။


ဟုန်ကျွင့် ထိုနေ့တွင် ချုံမင်နဲ့ ချင်းရှူံတို့အကြားက တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးဘုရင်နှစ်ပါးကြား စစ်ပွဲသည် တောင်အနည်းငယ်ကို ပေါက်ကွဲပြီးနောက် အရာအားလုံး ငြိမ်သက်သွားခဲ့သည်။


လီကျင်လုံ: "အိမ်ပြန်ရအောင်" 


ဤနေ့မှစ၍ ယောင်ကျင်းနန်းတော်သည် သူ့အိမ် မဟုတ်တော့ကြောင်း သိခဲ့သည်။ သူထွက်သွားသောအခါ ချင်းရှူံက သူ့အား 'သွားလိုရာကို သွား' ဟူ၍ အရာအားလုံးကို ညွှန်ပြနေပုံပေါ်ခဲ့သည်။ 


ခြောက်လအတွင်းမှာပဲ သူ့အတွက် အလွန်အကျွံ ဖြစ်ပျက်သွားခဲ့ပြီး အမှန်တရားတွေက တစ်ခုပြီးတစ်ခု ပေါ်လာကာ ချင်းရှုံကို လွှမ်းလုနီးပါး ဖြစ်သွားသည်။ ညဘက်တွင် သူနှင့် လီကျင်လုံသည် တောထဲမှာ မီးဖိုဘေးတွင် ထိုင်ရင်း အနားယူကြသည်။ 


"ခေါင်းဆောင်...ကျွန်တော် သေမှာလား။"


"ကိုယ့်ကို ကျင်လုံလို့ ခေါ်ပါ... ဘယ်သူမှ အဲ့လို မခေါ်တာကြာပြီ... မင်း ဘယ်လိုမှ သေမှာမဟုတ်ဘူး... ကိုယ် ကတိပေးတယ် ဟုန်ကျွင့်..."


ဟုန်ကျွင့်သည် လီကျင်လုံတစ်ယောက် တောင်ပေါ်ကို ခက်ခက်ခဲခဲ တက်လာပြီး ထိုညက သူ့ရှေ့တွင် ပေါ်လာပြီးကတည်းက လီကျင်လုံရဲ့ ခံစားချက်အချို့ကို နားလည်သွားပုံရသည်။ လီကျင်လုံကို လှမ်းကြည့်လိုက်သောအခါ နှလုံးသားထဲတွင် ကြေကွဲဖွယ်ရာ ခံစားချက်များ ပျောက်ဆုံးသွားသည်။ လီကျင်လုံကို ကြည့်လိုက်သောအခါ ရင်ထဲ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။ လီကျင်လုံ သူ့ရှေ့တွင် ရှိနေသည့်တိုင် အတူရှိချိန်တိုင်းကို အမှတ်မရဘဲ မနေနိုင်တော့ပေ။


ဒါပေမယ့် လီကျင်လုံကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘာမှ မပြောဘဲ အရာအားလုံးကို လျစ်လျူရှုထားသလိုပဲ ငြိမ်သက်နေ၏။ ဟုန်ကျွင့် သူ့ကိုကြည့်နေတာကိုတွေ့ရင် လှည့်ထွက်သွားတယ်။ ယောင်ကျင်း နန်းတော်တွင် အဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် နှစ်ယောက်စလုံး အနည်းငယ် ရှက်သွားပုံရသည်။ အပြန်လမ်းမှာ စကားသိပ်မပြောဖြစ်ကြဘဲ လီကျင်လုံကလည်း သူနဲ့အတူ မြင်းစီးဖို့တောင် မတောင်းဆိုခဲ့ပါဘူး။ 


သို့သော် ဟုန်ကျွင့် နှုတ်ဖွင့်သရွေ့ လီကျင်လုံကလည်း သူ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းရန် နည်းလမ်းရှာလိမ့်မည်။


"ကျွန်တော် မြင်းမစီးချင်တော့ဘူး... စီးရတာ ပင်ပန်းနေပြီ"


"ကိုယ် အရှေ့က မြို့ကိုသွားပြီး ရထားလုံး ငှားပေးမယ်.."


ဟုန်ကျွင့်သည် လီကျင်လုံ သူ့ကို မြင်းပေါ်ခေါ်တင်မှာကို လိုချင်နေခဲ့သည်။ အဘယ်ကြောင့် လီကျင်လုံ အနားတွင် နေချင်နေလဲ မသိသော်ငြား မမျှော်လင့်ဘဲ လီကျင်လုံက သူ့​စကား၏ အဓိပ္ပာယ်ကို နားလည်မှုလွဲကာ ရထားလုံးကို ငှားရမ်းချင်​နေခဲ့သည်။ 


ဟုန်ကျွင့် : "..."


သူတို့နှစ်ဦးသည် ကြွေထည်၊ သုံးရောင်ခြယ်၊ ဝိုင်၊ ပိုးထည်နှင့် အခြားပစ္စည်းများ စုပုံထားသော ရထားလုံးတစ်စင်းပေါ် ထိုင်ကာ လမ်းတစ်လျှောက် ပထမဆုံး ရထားလုံးဖြင့် ချန်အန်းသို့ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် လီကျင်လုံသည် ကွမ်ကျိုးရဲ့ နွေဦးရာသီ ရှုခင်းကို ပြသ​​နေခဲ့ပြီး ဟုန်ကျွင့် စိတ်ဓာတ်ကျသွားမှာကို ကြောက်ရွံ့နေပုံရသည်။ ဟုန်ကျွင့်မှာ ငယ်ရွယ်နုပျိုသော လူငယ် စိတ်ရှိသဖြင့် သူ့စိတ်နေစိတ်ထားလည်း တဖြည်းဖြည်း ​ပြန်တိုးတက်လာသည်။ 


တစ်ညတည်းနေချိန်တွင် ဟုန်ကျွင့်ခမျာ သူ့စိတ်ထဲတွင် ထူးဆန်းသည့် အရာတစ်ခုကို ခံစားခဲ့ရပြန်သည်။ သူ လီကျင်လုံနဲ့ နောက်ပြောင်တာတွေ မပြုဝံ့တော့သလို လီကျင်လုံကလည်း ယောင်ဝါးဝါး ဖြစ်နေပုံရပြီး ဟုန်ကျွင့်ကို မနောက်ပြောင်ဘဲ ယဉ်ကျေးသော အမူအရာဖြင့် စကားပြောသည်။ 


ဟုန်ကျွင့် အိပ်မပျော်တပျော်ဖြင့် လီကျင်လုံကို အခွင့်ကောင်း ယူချင်သော်လည်း လီကျင်လုံဘက်က အစပြုခြင်း သို့မဟုတ် ငြင်းဆန်ခြင်းမပြုတာကြောင့် ဟုန်ကျွင့်မှာ အမှန်တကယ်ပင် ရူးချင်လာ၏။ 


နောက်ဆုံးနေ့တွင် နှစ်ယောက်သား မြင်းစီးပြီး စီချွမ်းသို့ လမ်းကြောင်း ပြောင်းသွားသော လှည်းတန်းကို နှုတ်ဆက်လိုက်သည်။


"ကိုယ်တို့ အိမ်​​ရောက်​​ပြီ" 


လီကျင်လုံသည် ချန်အန်းမြို့ရိုးကို လှမ်းမြင်​လိုက်​​ချိန် ဟုန်ကျွင့်ကို လှဘ့်ပြောလိုက်​သည်​။


ဟုန်ကျွင့်သည် တောင်ကုန်းပေါ်တွင် ရပ်ကာ မိုင် ၈၀၀ ကွာဝေးသော ချင်မြစ်ပေါ်ရှိ ထန်မင်းဆက်၏ ကြီးကျယ်ခမ်းနားသော မြို့တော်ကို လှမ်းကြည့်ရင်း သူသည် သူ၏ ဦးတည်ရာကို ​ပြန်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ဖျင်ကန်းလီသည် မီးရောင်စုံများဖြင့် ပြည့်နှက်နေပြီး ကျူးချွဲ့လမ်းက ခမ်းနားထည်ဝါလှသည်။ ရှင့်ချင်နန်းတော်ရဲ့ စဉ့်ကြွပ်များက တောက်ပနေကာ အရှေ့နှင့် အနောက် မြို့ဈေးများက စည်ကားလျက် ရှိနေပြီး နွေဦးလေညင်းသည် နတ်ဆိုးနှင်ဌာနကို ဖြတ်သန်းတိုက်ခတ်ကာ စိမ့်စမ်းရေကန်ကို မှုတ်ထုတ်သွားသည်။


လီကျင်လုံ: "ဘယ်သူအရင်ရောက်မလဲ ကြည့်လိုက်ရအောင်...." 


ထိုသို့ပြောပြီးနောက် သူသည် မြင်းကို ဒုန်းစိုင်းမောင်း၍ ချန်အန်းမြို့ဆီသို့ ပြေးထွက်သွားရာ ဟုန်ကျွင့်ကလည်း အရှိန်ပြင်းပြင်းဖြင့် အနီးကပ် လိုက်လာခဲ့သည်။


သုံးလပိုင်းတွင် ချန်အန်းမြို့ထဲသို့ ပြန်ဝင်လာနိုင်ခဲ့ပြီ။ လီကျင်လုံ အရှိန်လျှော့လိုက်တဲ့အခါ မြို့ကိုစောင့်ကြပ်နေတဲ့ လုံဝူတပ်သားက အသံကျယ်ကြီးဖြင့် အော်လာသည်။ 


"ခေါင်းဆောင်လီ! နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီ!"


လီကျင်လုံ ဟုန်ကျွင့်ကို မြို့ထဲသို့ အရင်ဝင်ခိုင်းလိုက်သည်။ အကြာကြီး ထွက်သွားပြီးနောက် တလီတရားရုံးနဲ့ စစ်တပ်၆တပ်က သူ့ကို ရှာနေကြ၏။ တပ်၆တပ်ကို အကြောင်းကြားဖို့ စာတစ်စောင်ပေးပို့ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။ 


"သွားပါ... ခင်ဗျားရဲ့အလုပ်ကို လုပ်..."


ဟုန်ကျွင့် ဆိုရင်း သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းပူဆွေးမှုကို ခံစားလာရသည်။ လီကျင်လုံသည် ချန်အန်းအခြေအနေကို အဆုံးအဖြတ် ပေး​နေသလိုမျိုး ပတ်ပတ်လည်ကို ကြည့်ပြီးနောက် ဟုန်ကျွင့်ကို ပြုံးပြလိုက်သည်။ 


"သွားရအောင်!"


သူတို့နှစ်ယောက်က ချင့်ဝူတံတားကို ဖြတ်ကူးနေချိန် မက်မွန်ပွင့်တွေအပြည့်နဲ့ မြစ်ကမ်းကို တွေ့လိုက်ရသည်။ 


လီကျင်လုံ: "ရက်နည်းနည်းလောက် ကြာရင်တော့ ချယ်ရီပန်းတွေ ပွင့်တော့မယ်...အဲ့ကျရင် မင်းအခန်းရှေ့မှာ တစ်ပင် နှစ်ပင်လောက် စိုက်ခိုင်းလိုက်မယ်" 


ကျင်းချောင်ခြံဝန်း အပြင်ဘက်က ထောင်ပေါင်းများစွာသော သစ်ပင်များသည် လမ်းတစ်လျှောက်တွင် ဖူးပွင့်သစ်စများဖြင့် သာယာဝပြောသော မြင်ကွင်းကို ဖန်တီးပေးလျက် ရှိသည်။ လီကျင်လုံသည် ချန်အန်းတွင် နွေဦးအမဲလိုက်ပွဲ ရှိကြောင်းနှင့် ယခုနှစ်တွင် ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်အား မွေးနေ့ဆုတောင်းပေးရမည့် အကြောင်း စသည်တို့ကို ပြောကာ ဟုန်ကျွင့်နှင့် စကားစမြည် ပြောနေခဲ့သည်။ 


ရယ်မောနေရင်း ထောင့်သို့လှည့်ကြည့်လိုက်သောအခါ ကျည်ကာတစ်ရာနီးပါးကို ရုတ်တရက် တွေ့လိုက်ရသည်။ ရှန်ဝူစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များသည် နတ်ဆိုးနှင် ဌာနအပြင်ဘက် လမ်းကြားကို ပိတ်ဆို့ထား​ကြသည်။


"... မွေးနေ့ကိုလည်း ဒီလို ခမ်းခမ်းနားနား ကျင်းပ..." 


ဟုန်ကျွင့် စကား​ပြန် ပြောနေချိန်မှာတော့ လူတော်တော်များများကို ရုတ်တရက် မြင်လိုက်ရသဖြင့် တစ်ခုခု မှားနေပြီဟု တွေးလိုက်မိသည်။


"ခေါင်းဆောင်လီ ပြန်လာပြီ!"


လီကျင်လုံလည်း ဟုန်ကျွင့်ကို စကားရပ်ရန် အချက်ပြပြီး လမ်းကြားထဲ လျှောက်ဝင်သွားသောအခါ ရှန်ဝူစစ်တပ်သည် နှစ်ဘက်စလုံးတွင် ရပ်နေကာ ဟူလူမျိုး မိန်းကလေးက ရှည်လျားသော ကြာပွတ်ကို ကိုင်ထားတာ တွေ့လိုက်ရသည်။ ရှန်ဝူ တပ်သားအများအပြား မြေပြင်ပေါ်တွင် အရိုက်ခံနေရတာကြောင့် လဲလျောင်းလျက် ငိုကြွေးနေကြသည်။ သူမအနောက်မှာတော့ မြေနီရောင်မျက်နှာဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသော အားထိုက်နဲ့ အားရှစ်နရှုံတို့ ရှိနေကာ တံတိုင်းပေါ်တွင် ငါးခေါင်းတစ်လုံး နစ်ဝင်နေသည်။


"ဟုန်ကျွင့်!" 


ငါး​ခေါင်းက ဟုန်ကျွင့် မြင်​​တော့ ချက်ချင်း ဟစ် အော်​လိုက်​သည်​။ ဟုန်ကျွင့်လည်း ငါးကြင်းနတ်ဆိုးအား စကားမပြောရန် အလျင်အမြန် အချက်ပြလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ 


"ဘာဖြစ်နေတာလဲ?!"


ဟူကောင်မလေးက လက်နှစ်ဖက်ကို တင်ပါးပေါ်တင်ပြီး အော်ဟစ်လိုက်၏။ 


"ဘယ်သူက တာဝန်ခံလဲ ထွက်လာပြီး ပြောစမ်း!"


ဟူလူမျိုး မိန်းကလေးသည် နက်မှောင်သော အသားအရေ၊ သူမ၏ လက်ကောက်ဝတ်တွင် ခေါင်းလောင်းတစ်လုံးရှိပြီး စကတ်ရှည်ကို ၀တ်ထားကာ ဆံပင်ကောက်ကောက်များ၊ မျက်တောင် ထူထူ ရှိသည်။ သူမ၏ မျက်လုံးများသည် သလင်းလေးလို ကြည်လင် တောက်ပပြီး ခါးက သေးသွယ်၏။ သူမ လှည့်ကြည့်လိုက်ချိန် ဟုန်ကျွင့်ကလည်း မော့ကြည့်လိုက်တော့ နှလုံးသားက တုန်လှုပ်သွားပြီး သူမရဲ့ အလှကို သဘောကျမိသွားသည်။ 


အားထိုက်: "ထဲ့လန်ထော်... အဲဒါ ငါတို့ခေါင်းဆောင်ပဲ"


ထိုအချိန်တွင် ငါးကြင်းနတ်ဆိုးက ခေါင်းကို ကျုံ့ပစ်လိုက်သည်။ ထဲ့လန်ထော် ဟုခေါ်သော ဟူလူမျိုး မိန်းကလေးက လီကျင်လုံကို နှင်တံဖြင့် လှမ်းထိုးပြီး ခေါ်လိုက်သည်။ 


"လာ လာ လာ လာပါ...ဒီကိုလာ..." 


ရှန်ဝူစစ်တပ်မှ လူတိုင်းက :"ဒီနေရာကို ခေါင်းဆောင်လီလက်ထဲ အပ်ထားလိုက်ရအောင်... ငါတို့ ဆုတ်ကြစို့!"


စကားပြောနေစဉ်တွင် သူတို့သည် အလျင်အမြန်ထွက်ပြေးကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ငိုကြွေးနေသော ၎င်းတို့၏ အပေါင်းအဖော်များကို ခေါ်ဆောင်သွားခဲ့သည်။


လီကျင်လုံလည်း ထိုမိန်းကလေးကို ကြည့်ပြီး။ 


"မင်းဘာလုပ်နေတာလဲ"


"ကျွန်မရဲ့ အနာဂတ်ခင်ပွန်းကို လာခေါ်တာ.... ရှင်တို့ သူ့ကို ဘာလို့ဖွ​က်ထားတာလဲ...သူ့ကိုပဲ! သူ! ထိုက်ကဲလား..ရှင် ကျွန်မကို ရှင်းရှင်းလင်းလင်းပြော! ပြီးတော့ ရှင်! အားရှစ်နရှုံ!"


ဟုန်ကျွင့် : "..."


လီကျင်လုံ : "..."


မိန်းကလေးက အေးဆေးတည်ငြိမ်စွာဖြင့် အားထိုက်ကို ဆွဲခေါ်လိုက်သည်။ အားထိုက်မှာ ကြောင်မြင်နေသည့် ကြွက်တစ်ကောင်ကဲ့သို့ ခေါင်းတခါခါဖြင့် ဆွဲထုတ်ခံလိုက်ရသည်။


"ဟေး!" ဟုန်ကျွင့်မှာ သက်သတ်လွတ်သမား မဟုတ်တာကြောင့် သူက ဒေါသတကြီးနဲ့ ဝင်အော်လိုက်သည်။ 


"သူ့ကို ​လွှတ်လိုက်!"


"ဘာလဲ" မိန်းကလေးက စိတ်လှုပ်ရှားသွားပြီး အားထိုက်ကို ဘေးကန်ထုတ်လိုက်သည်။ 


"လာလေ... ရန်ဖြစ်ချင်နေတာလား?" 


"မလုပ်နဲ့!" 


လီကျင်လုံနဲ့ အားထိုက်တို့ ကမန်းကတန်း အော်လိုက်​​​ကြသည်။


အချိန်အတော်ကြာပြီးနောက် လီကျင်လုံမှာ ထိုမိန်းကလေးမှာ အားထိုက်၏ စေ့စပ်ထားသူဖြစ်ကြောင်း သဘောပေါက်လိုက်၏။ တံခါးဝသို့ရောက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ အားထိုက်ကို ခေါ်ထုတ်သွားချင်ခဲ့သည်။ အားထိုက်ကလည်း ဤစေ့စပ်ထားသူကို အလွန်ကြောက်နေပုံရပြီး နတ်ဆိုးနှင်ဌာနက လူတိုင်းကိုလည်း တစ်ခါမှ မပြောပြဖူးချေ။ 


ချိုးယုံစစ်မှာ ဟူကျီးက သူ့ကို သူငယ်ချင်းဆိုးတစ်ယောက်လို ရိုက်နှက်မှာကို ကြောက်တဲ့အတွက် သူချက်ချင်း ထွက်ပြေးသွားခဲ့သည်။ အားရှစ်နရှုံသည် ဘေးအန္တရာယ် ကျရောက်သောအခါ လူကောင်းများ အားလုံး ချက်ချင်းထွက်ပြေးချင်သော်လည်း သူနှင့် အားထိုက်ကတော့ ဌာန၏ အဓိကဝင်ပေါက်အပြင်ဘက်တွင် ပိတ်ဆို့ခံထားကြရသည်။


ရှန်ဝူ စစ်တပ်သည် မြို့တွင်း ကင်းလှည့်နေရာမှ ဤမြင်ကွင်းကို တွေ့ရှိပြီးနောက် ဟူကျီးအား အစိုးရရှေ့တွင် ရုန်းရင်းဆန်ခတ် မဖြစ်စေရန် အမိန့်ပေးခဲ့သည်။ 


"...ဒီကိစ္စက အဲ့လောက်တောင် နာကျင်စရာရှိလား?"


"သူမနဲ့ သွားမရှုပ်ပါနဲ့!" 


အားထိုက်နဲ့ အားရှစ်နရှုံတို့ ထိတ်လန့်သွားသည်။


လီကျင်လုံ : "ဒါက အစိုးရရုံးပဲ... အိမ်ရှေ့စံမိဖုရား... ထိုက်ကဲလားက နတ်ဆိုးနှင်ဌာနထဲ ဝင်ထားတဲ့ အရာရှိအမှုထမ်းတစ်ယောက် ဖြစ်နေပြီ... အခုအချိန်က တာဝန်ကျနေတာ မင်းမှာ မိသားစုကိစ္စ ရှိရင် နောက်မှရှင်း... အစိုးရရုံးက လူတွေကို ဖမ်းချင်တိုင်း ဖမ်းလို့မရဘူး”


"ရှင့်ကို ဘယ်သူက ယုံမှာလဲ... ဒီလူကို ရှာရတာ ကျွန်မ တော်တော် ဒုက္ခရောက်သွားတယ်...ရှင်က သူ့ကို အကာအကွယ်ပေးတုန်းပဲ ကျွန်မကို ဂရုစိုက်တဲ့သူရှိရဲ့လား"


ကြောက်ရွံ့ဟန်မရှိသော်လည်း သူမ ထိုစကားများကို ပြောလိုက်သောအခါ ဟုန်ကျွင့် ဝမ်းနည်းသွားသည်။


"မင်း သူ့ကိုရှာနေတာ ဘယ်လောက်ကြာပြီလဲ"


 "သုံးနှစ်... သုံးနှစ်ရှိပြီ!"


ဟုန်ကျွင့်မှာ အားထိုက်ကို မကြာသေးခင်က ကူညီပေးခဲ့ပေမယ့် အခုတော့ ဒေါသတကြီးနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပါတော့သည်။


"အားထိုက်! ဒါကို မင်း ဘယ်လိုလုပ်တာလဲ?"


အားထိုက်: "မင်းဘယ်သူကို ကူညီနေတာလဲ ဟုန်ကျွင့်!"


လီကျင်လုံ: "ထိုက်ကဲလား ချန်အန်းကို ရောက်နေတာ ကြာပြီ... နတ်ဆိုးနှင်သူ ဖြစ်နေပြီဆိုတော့ ထွက်သွားတော့မှာ မဟုတ်ဘူး...အထဲ ဝင်ပြောရအောင်..."


လီကျင်လုံ သူ့လက်ကို မြှောက်လိုက်သည်နှင့် နတ်ဆိုးနှက် ဌာန၏ တံတိုင်းက ပွင့်လာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ဟူကျီးလည်း သက်ပြင်းတစ်ချက်ချကာ လူအားလုံးနဲ့ ဝင်လာသည်။ ငါးကြင်းနတ်ဆိုးကတော့ ဟုန်ကျွင့်ကို တွေ့တာနဲ့ ဟုန်ကျွင့် ရင်ခွင်ထဲ သူ့ကိုယ်သူ ဖွက်ထားလေ၏။ 


သူတို့နှစ်ဦး တံခါးဝသို့ လျှောက်သွားကြပြီး မကြာမီမှာပဲ ချိုးယုံစစ်၊ မော့ရစ်ကန်းနှင့် လုရွှီတို့လည်း ပြန်လာခဲ့ကြသည်။ လုရွှီသည် ဟုန်ကျွင့်ကို မြင်သော် ဝမ်းသာအားရဖြင့် ဖိနပ်များကို ကန်ထုတ်ကာ ခုန်ချလိုက်သည်။ ထို့နောက် ဟုန်ကျွင့်နောက်ကျောကို ခိုးစီးကာ နှစ်ယောက်သား ဟီးဟီးဟားဟား လုပ်ကုန်တာကြောင့် အားလုံး အံသြသွားကြသည်။ နှုတ်ဆက်ပြီးနောက် လီကျင်လုံက သူတို့အားလုံး အတွက် လက်ဖက်ရည် ပြင်​ပေးပြီး ထဲ့လန်ထော်ကို ဦးစွာ ဖျော်ဖြေမည်ဟု အချက်ပြခဲ့သည်။


ထဲ့လန်ထော်လည်း လူများစွာကို မြင်သောအခါတွင် သူမ၏ ပြင်းထန်သော အရှိန်အဟုန်ကို မပြတော့ဘဲ ပထမဆုံးအနေဖြင့် အားထိုက်ကို သူမတို့ ဘာသာစကားဖြင့် စွပ်စွဲနေ၏။ 


လုရွှီ: "ဟုန်ကျွင့်... ငါ့ဦးချိုတွေ ပြန်ပေါက်လာတဲ့အခါ မင်းကို ငါကူညီမယ်.. စိတ်မပူပါနဲ့"


ဟုန်ကျွင့်လည်း လုရွှီ မှန်းဆနိုင်သည်ဟု ထင်ကာ သက်ပြင်းချလိုက်သည်။ သူက မတ်တပ်ထရပ်ကာ လုရွှီနှင့်အတူ ပုခုံးချင်းဖက်လျက် အခန်းထဲ ဝင်သွားကြကာ တံခါးကို ပိတ်လိုက်သည်။


လီကျင်လုံ စင်္ကြံလမ်းအတိုင်း လျှောက်လာစဥ် ဟုန်ကျွင့်နဲ့ လုရွှီက အခန်းထဲ ဝင်သွားပြီး တံခါးကို ပိတ်လိုက်တာ မြင်လိုက်ရသောအခါ တစ်ယောက်တည်း လန့်သွားခဲ့သည်။ သို့သော် မော့ရစ်ကန်းက လီကျင်လုံ အနောက်တွင် ပေါ်လာ၏။ 


"ခေါင်းဆောင်... ငါမင်းကိုမေးစရာရှိတယ်" 


လီကျင်လုံ လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ တစ်ဖက်မှ ရှေ့သို့ စောင်းရင်း အခန်းအပြင်ဘက်ကနေ ထိုနှစ်ယောက်ကြားက စကားစမြည်ကို ခိုးနားထောင်ချင်နေသည်။


မော့ရစ်ကန်း: "ကျစ်! မြန်မြန်သွားရအောင်!"


ထို့နောက် လီကျင်လုံအား အတင်းဆွဲခေါ်သွားခဲ့သည်။