(1) Volume 4
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (1)

ဗွီဒီယိုတိပ်ခွေ



ဦးလေးနှင့် စကားစမြည် ပြောနေစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်ပြီးနောက် ချောစာပို့သူတစ်ဦးက ဝင်လာပြီး ဝူရှဲ့က ဘယ်သူလဲဟု မေး​လေသည်။


သူ့မိသားစုနှင့် အားနင်တို့ဘက်မှ လူအချို့ကသာ သူဤနေရာတွင် နေထိုင်ကြောင်းကို သိရှိသောကြောင့် ၎င်းသည် သူတို့မိသားစုမှ သို့မဟုတ် နိုင်ငံခြားမှပေးပို့သော ဝမ်းနည်းခြင်း လက်ဆောင်တစ်ခုဟု ထင်မြင်မိသောကြောင့် ဝူရှဲ့ ၎င်းအား သိပ်ဂရုမစိုက်ဘဲ လက်ခံလိုက်ပါသည်။ 


သူ့အမည်ကို လက်မှတ်ရေးထိုးပြီး ပေးပို့သူအား သေသေချာချာ ကြည့်လိုက်ပြီးနောက်မှသာ အထုပ်ပေါ်ရှိ လက်မှတ်သည် အမှန်တကယ်တွင် ကျန်းချီလင် ဖြစ်​​နေကြောင်း တွေ့လိုက်ရ​တော့သည်။ အဲဒီ့အချိန်မှာ ဝူရှဲ့ခမျာ ခဏတာမျှ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားသလို ခံစားလိုက်ရ၏။


ဒီအချိန်လေး အတွင်းမှာပဲ သူသည် ချောင်ပိုင်တောင်မှာ ဖြစ်ပျက်ခဲ့တာတွေကို တဖြည်းဖြည်း မေ့သွားခဲ့သည်။ ကြောက်စိတ်ကလွဲလို့ တခြားအမှတ်တရတွေက အခြေခံအားဖြင့် အသေးအဖွဲ့ အရာတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်လို့ ပြောလို့ရပါသည်။ 


ဒါပေမဲ့ ဒီနာမည်ရဲ့ စာလုံးသုံးလုံးက ရုတ်တရက် လေးကြိုးကို ဆွဲလိုက်သလို သူ့နှလုံးသားကို တင်းကျပ်သွားစေလေသည်။ သူ့စိတ်ထဲ ပြန်တွေးပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အတိတ်က အမှတ်ရစရာတွေဟာ သူ့ခေါင်းကို ရုတ်တရက် လွှမ်းမိုးလာပါတော့သည်။ 


သူဘာလို့ တစ်ခုခု ပို့ပေးလညမှာလဲ။ ကြေးဝါတံခါး​ကြီးထဲကို သူဝင်ခဲ့သွားခဲ့တာ မဟုတ်ဘူးလား။ ဧကန္တ သူ​ပြန်ထွက်​​ဘာပြီလား။ ဒါကို ဘယ်တုန်းက ပို့ခဲ့တာလဲ။ သူ တိမ်ထိပ် ကောင်းကင်နန်းတော်ထဲကို မဝင်ခင်လား ဒါမှမဟုတ် ဝင်​ပြီးမှလား။ 


အထုပ်ပေါ်က ရက်စွဲကို ချက်ချင်း ကြည့်လိုက်တော့ ဒိတ်ကို မြင်လိုက်တာနဲ့ သူ့မျက်ခွံတွေ တုန်လှုပ်သွားချေသည်။ ဒါက လွန်ခဲ့တဲ့ လေးရက်လောက်ကမှ ပို့ထားတာပဲ။ ဒါနဲ့ သူတကယ် ထွက်လာခဲ့တာလား။ ဧရာမ တံခါးကြီးထဲကနေ တကယ် ထွက်လာခဲ့တာလား။ 


ဝူရှဲ့ လက်တွေ တုန်ယင်လာသည်။ ထိုလူ ကြီးမားသော မြေအောက်ကြေးနီ တံခါးကြီးဆီသို့ လျှောက်သွားနေသည့် မြင်ကွင်းက သူ့မျက်လုံးထဲ ပြန်ဝင်လာ၏။ ဝူရှဲ့ သူ့လက်ထဲမှ အထုပ်ကို ကြည့်ရင်း စိတ်ထဲမှာ ရှုပ်ထွေးသွားသည်။ ဒါကို သူ ကြေးတံခါးကနေ ထုတ်ခဲ့တာ ဖြစ်နိုင်မလား။


ဒါက ဘာဖြစ်နိုင်မလဲ။ လူ့ဦးခေါင်းလား၊ ကြွေထည်လား၊ တစ္ဆေကျောက်စိမ်းတံဆိပ်လား။


သူ့​စိတ်ထဲမှာ ထူးဆန်းတဲ့ အတွေးတွေ ဘယ်လောက်​တောင်များ တောက်လောင်နေမှန်း မသိတော့ပေ။ အချိန်အတော်ကြာ ရပ်နေမိပြီးနောက် ရုတ်တရက် ဖွင့်ဖို့ ကတ်ကြေး ရှာရမယ်ဆိုတဲ့ အသိ ဝင်လာခဲ့သည်။ 


နံဘေးက ဦးလေးသုံးကတော့ ဝူရှဲ့ရဲ့ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ ဘာတွေရလာမှန်း မသိတဲ့အတွက် စူးစူးဝါးဝါး ကြည့်ဖို့ ရောက်ရှိလာသည်။ ကျန်းချီလင် ဆိုတဲ့ စကားလုံးသုံးလုံးကို မြင်တော့ သူပါ အသက်ရှုကြပ်ပြီး အလွန်ထိတ်လန့်သွားတဲ့ အရိပ်အယောင်ကို ပြလိုက်သည်။


သူတို့ နှစ်ယောက် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရင်း နောက်ဆုံးတော့ ဦးလေးသုံးက သစ်သီးလှီး ဓားတစ်ချောင်းကို ရှာတွေ့ပြီး ပေးလာ၏။ ဝူရှဲ့လည်း အထုပ်အပြင်ဘက် အကာအကွယ်သေတ္တာကို ဖွင့်ဖြတ်နိုင်ခဲ့သည်။


သေတ္တာထဲတွင် အထုပ်တစ်ထုပ်ကို သေချာ ထုပ်ပိုးထားသည်။ အထုပ်က စတုရန်းပုံဖြစ်သည်။ အပြင်ဘက်တွင် ပလပ်စတစ်တိပ် များစွာကို ကြက်ခြေခတ်ပုံဖြင့် သေသေသပ်သပ် ရစ်ပတ်ထားသည်။ ၎င်းက သွားဖြင့် ကိုက်ဖြတ်ရန်ပင် အလွန်ခက်ခဲနိုင်သည်။ 


အပေါက်တစ်ပေါက်ကို မရမီ များစွာကြိုးစားခဲ့ရပြီး နောက်ဆုံး အပေါက်နှစ်ပေါက်ကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။ အတွင်း၌ အနက်ရောင် အရာဝတ္ထုတစ်ခု ရှိနေ၏။ ဝူရှဲ့မှာ နှလုံးခုန်သံက ရုတ်တရက် မြန်လာသည်။ ခဏရပ်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ပြီးတော့မှ လက်ကို အပေါက်ထဲ ပြင်းပြင်းထန်ထန် ထိုးထည့်၍ အနက်ရောင် အရာဝတ္ထုနှစ်ခုကို ဆွဲထုတ်လိုက်လေသည်။ 


အဲဒီအချိန်မှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို မြင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ မြင်လိုက်ရတာက သူ့ကို ပိုတောင် ထိတ်လန့်သွားစေခဲ့သည်။ ပစ္စည်းမှာ အနက်ရောင် ခေတ်ဟောင်း ဗီဒီယိုအခွေနှစ်ခွေ ဖြစ်နေသည်။ 


ဗွီဒီယိုအခွေ နှစ်ခွေ ရှိ​​နေမယ်လို့ မမျှော်လင့်ထားတာကလွဲရင် အရာအားလုံးနီးပါးကို တွေးပြီးသားပင်။ အခုတော့ စိတ်တွေ ရှုပ်ထွေးသွားခဲ့သည်။ မျက်နှာသေဟူသည့် လူသားသည် ရုပ်အလောင်းအချို့နှင့် အလွယ်တကူ ပေါင်းသင်းနိုင်သော်လည်း ဗီဒီယိုတိပ်များကဲ့သို့သော ခေတ်မမီသော သို့မဟုတ် ခေတ်မီ စက်ကိရိယာများကြားတွင် ဆက်စပ်မှုတစ်ခုကို ထူထောင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။


သူ့ကိုဘာလို့ ဒီလိုမျိုး ပို့ရတာလဲ။ အထဲမှာ ဘာပါလို့လဲ? ကြေးတံခါး နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ပြီး ဗွီဒီယို လုပ်ထားတာ ဖြစ်နိုင်ပါ့မလား။


မှန်တယ်ဆိုရင်တော့ ဒါလည်းဖြစ်မှာပါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ တွေးကြည့်မိပြန်သည်။ အကြောင်းမှာ အဲဒီ့အချိန်တုန်းက သူ ကင်မရာ ကိုင်ဆောင်လာတာကို မတွေ့ခဲ့ရဘူးလေ။ ပြီးတော့ ကြေးတံခါးနောက်က နေရာဟာ နေရာကောင်းတစ်ခု မဟုတ်သလို ကင်မရာ သယ်ရတာလည်း မလွယ်​လောက်ဘူးလို့ သူ ယုံကြည်သည်။


ဒါက ဘာဖြစ်နိုင်မလဲ။ မရေမတွက်နိုင်တဲ့ ပုရွက်ဆိတ်တွေ တွားသွားလာသလိုမျိုး သူ့ရင်ဘတ်ထဲက ယားယံလာရာ တိပ်ခွေကို ချက်ချင်း ဆော့ကစားချင်မိလာသည်။


သို့သော် ဤဗီဒီယိုတိပ်ခွေ နှစ်ခု၏ အသွင်အပြင်နှင့် အသုံးပြုသည့် ပစ္စည်းများက အလွန်ခေတ်မမီလှပေ။ ၎င်းတို့က အလွန်ဟောင်းနေပြီဟု ဆိုနိုင်သည်။ အဲဒါကိုဖွင့်ဖို့ ပရိုဂျက်တာ အဟောင်းတစ်လုံး ရှိရမယ်။ ဒီလိုမျိုးတိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ ရှာရခက်တယ် မဟုတ်လား။ 


ဦးလေးသုံးက သူ့အား ပါဆယ်ကို လှန်ကြည့်ဖို့ လှုံ့ဆော်ပေးတဲ့အတွက် အထုပ်ထဲက ဗီဒီယိုတိပ်နှစ်ခုကို ထုတ်လိုက်ပြီး ဗီဒီယိုတိပ်ဘေးမှာ မှတ်သားထားတဲ့ အချက်အလက်တွေ ရှိမရှိကို အရင်ဆုံး သေသေချာချာ ကြည့်လိုက်သည်။ 


သူက ဗီဒီယိုတိပ်ခွေတွေနဲ့တော့ မစိမ်းပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လမ်းတွေပေါ်မှာ ဗီဒီယိုအငှားဆိုင်တွေ ပြည့်နှက်နေသေးချိန်မှာ နိုင်ငံခြားရုပ်ရှင်တွေကို ကြည့်ရတာက သူ့ရဲ့ တစ်ခုတည်းသော ဖျော်ဖြေမှု ဖြစ်လုနီးပါးပါပဲ။ အဲဒီတုန်းက အားလပ်ရက်တွေမှာ သူ့အတွက် တစ်နေ့ကို ဗီဒီယို ၅ ခွေက မရှိမဖြစ် လိုအပ်တဲ့ အရာပင်။ 


ဒါကြောင့် သူဟာ တိပ်ခွေတွေနဲ့ အဆက်အသွယ် ပိုရခဲ့ပြီး ဒီအရာရဲ့ ဖွဲ့စည်းပုံကို သဘာဝကျကျ နားလည်သဘော ပေါက်လာခဲ့သည်။ များသောအားဖြင့် သူကြည့်ထားတဲ့ ဗီဒီယိုတိပ်ခွေတွေမှာ ရေးထားတာတွေ ရှိမယ်ဆိုရင်တောင် သေချာပေါက် မှတ်မိနိုင်မှာ မဟုတ်ပေ။ 


အရင်ဆုံးတစ်ချက် ကြည့်လိုက်တော့ နည်းနည်းတော့ ထူးဆန်းနေသည်။ အရင်က သူ့နောက်ကျောမှာ တံဆိပ်တစ်ခု ရှိခဲ့ပုံ​ပေါ်ပေမယ့် အခု စုတ်ပြဲသွားပါပြီ။ စုတ်ပြဲနေတဲ့ အမှတ်အသားတွေက ကြာပြီဆိုတာ သိသာပါ၏။ ကြည့်ရတာ မျက်နှာသေက ဒီဘက်ခြမ်းမှာ တံဆိပ်တပ်ထားတဲ့ ဟာကဘာလဲ ဆိုတာ သူတို့ကို မမြင်စေချင်ဘူး ထင်ပါရဲ့။ 


ဒါက ဘာကြောင့်များလဲ။ ပစ္စည်းကိုတော့ သူ့ဆီ ပို့​နေပြီပဲဟာ ဘေးနှစ်ဖက်ရှိ တံဆိပ်များကို ဖြုတ်ချစရာ လိုသေးလို့လား။ သူမသိနိုင်တဲ့ အရာတစ်ခု ရှိ​နေလို့လား။


“ဘာတွေဖြစ်နေတာလဲ” 


အဲဒီအချိန်မှာ ဦးလေးသုံးသည် မြေကြီးပေါ်က အထုပ်ကို ကောက်ကိုင်ပြီး ယမ်းခါကြည့်လိုက်သဘ်။ အထဲမှာ တခြားဘာမှ မရှိတာ သေချာတော့မှ မေးလာ၏။ 


“တူလေး မင်းက သိပ်လျှိုထားတာပဲကွ... မင်းနဲ့သူ အဆက်​အသွယ်​ ရှိ​နေသေးတာကို ငါ့ကို​ဘာလို့ မပြောပြတာလဲ?"


ဝူရှဲ့ ခေါင်းခါပြပြီး လုံးဝ မပြောပြတတ့်တော့ပေ။ 


"ဦးလေးက ကျွန်တော့်ကို လာမေးနေတော့ ကျွန်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ?"


ဦးလေးသုံးလည်း သူ လိမ်နေပုံမပေါ်တာကို မြင်တော့ မျက်မှောင်ကြုတ်သွားလေသည်။ 


"ဒါဆို ဒီကောင်က စွမ်းအားကြီးနေတာလား... မင်းဒီမှာရှိနေတာ သူ ဘယ်လိုလုပ် သိလဲ"


တိမ်ထိပ် ကောင်းကင်နန်းတော်မှ ထွက်လာပြီးနောက် အားနင်အဖွဲ့နှင့် သူတို့မိသားစုကသာ ဝူရှဲ့လိပ်စာကို သိတဲ့အတွက် ကျန်းချီလင် သိနေတာက အံ့သြမိပါသည်။ သူ့တွင် ဝူရှဲ့၏ အချက်အလက်များ မရှိသော်လည်း တိကျစွာ ပေးပို့နိုင်ခဲ့ပါသည်။ ဤအရာသည် အမှန်တကယ် ခက်ခဲပါက သူ့အတွက်က မဖြစ်နိုင်ပေ။ ဒီလူဟာ တကယ့်ကို နားမလည်နိုင်လောက်အောင် ဆန်းကြယ်နေသည်။ 


ဦးလေးသုံးလည်း ခဏလောက် တိတ်ဆိတ်စွာ စဉ်းစားကြည့်သည်။ ပါဆယ်ထုပ်ပို့တဲ့ ပြေစာမှာ တစ်ခုခု ရေးထားသလားလို့ မေးလာသည်။ ပြေစာကို ကောက်ကိုင် ကြည့်လိုက်ရင်း ခေါင်းခါပြလိုက်၏။ ပို့တဲ့သူနဲ့ ရက်စွဲတွေပဲ ရေးထားကာ ကျန်တာတွေကတော့ အကုန်လွတ်နေသည်။ 


ပေးပို့ရမည့်လိပ်စာကို မရေးထားသလို ပို့ဆောင်မည့် နေရာကိုလည်း မဖော်ပြထားပေ။ ဒီအမြန်ပို့ဆောင်ရေး ဝန်​ဆောင်မှုက ဘယ်လိုများ အလုပ်လုပ်လဲပင် မသိတော့ပါ။ 


ဒါပေမဲ့ ရက်စွဲက လွန်ခဲ့တဲ့ လေးရက်လောက် ဖြစ်သည်။ ခရိုင်အတွင်းက နေ့ချင်းပြန် ပို့တာက များသောအားဖြင့် တစ်ရက်အတွင်း ရောက်ပြီး ခရိုင်ပြင်ပက ပို့တာဆိုရင် နှစ်ရက်ပဲကြာ၏။ လေးရက်လောက် ကြာတယ်ဆိုတော့ ပို့တဲ့နေရာက ဒီနေရာနဲ့ အရမ်းဝေးနေတာ ဖြစ်မည်။ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲ၍ အဆင်မပြေ ဖြစ်နေနိုင်သည်။ သို့သော် အမြန်ချောပို့ ကုမ္ပဏီ၏ ကွန်ပျူတာစနစ်အား ဝင်ရောက် စစ်ဆေးနိုင်ပါသည်။


အဲဒီ့နောက် ဦးလေးသုံးနဲ့ ဝူရှဲ့တို့မှာ ကျွန်တော် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှိုက်ကြီးတငင် ပြုံးပြလိုက်သည်။ ရုတ်တရက် ဒီတိပ်ခွေနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားချိန် ဦးလေးသုံးက ဆိုလာသည်။ 


"တူလေး... ငါတို့ဘာလို့ အရင်ရပ်မနေကြတာလဲ အဲဒီအစ်ကိုလေးက လျှို့ဝှက်တယ် သူဘယ်ကိုမှ ဘာမှမပို့ဘူး... ဒီတိပ်နှစ်ခွေက အရမ်းအရေးကြီးတယ် ဗီဒီယိုဖမ်းစက်ကို အရင်ရှာကြည့်ရအောင်... အဲဒီအထဲမှာ ဘာမှတ်တမ်း တင်ထားတာလဲ ကြည့်ကြတာပေါ့”


ဝူရှဲ့ နားထောင်ပြီးနောက် ခေါင်းခါပြရင်း မဟုတ်သေးဘူးလို့ ပြောလိုက်သည်။ ဗီဒီယိုတိပ်ရဲ့ အကြောင်းအရာကို သူ အရမ်းစိုးရိမ်နေပေမယ့် သူရဲ့ဦးလေးဆီက အကြောင်းတွေကို အတိအကျ မသိရသေးပါဘူး။ အခုခဏရပ်ပြီး သူ့စိတ်ခံစားချက်တွေ အတိုင်း လုပ်ခွင့်ပေးလိုက်ရင် စိတ်အပြောင်းအလဲ ဖြစ်သွားပြီး နောက်ပိုင်း ပြောပြတော့ပါ့မလား မသေချာချေ။ ထို့အပြင် ဗီဒီယို အသံဖမ်းစက်များ ထုတ်လုပ်မှု သက်တမ်းမှာ ဆယ်နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ VCD စက်များပင် ယခုကာလတွင် အသုံးမပြုတော့ရာ ဈေးဆိုင်များတွင်လည်း ဝယ်ယူရန် ခက်ခဲနိုင်သည်။


ဒါပေမဲ့ အခုမှတော့ ဒီဗီဒီယို တိပ်ခွေနှစ်ခု မရှိဘူးလို့ ဟန်ဆောင်ထားဖို့ကလည်း မဖြစ်နိုင်တော့ပေ။ သူတို့ လုပ်ငန်းအကြောင်း ဆက်ပြောပြီး မြို့ထဲမှာ ပစ္စည်းအဟောင်းဆိုင်တွေ ဘယ်မှာရှိလဲ သွားမေးကြည့်ဖို့ စဥ်းစားထားလိုက်သည်။ တိပ်ခွေ ထည့်ကြည့်လို့ရတဲ့ စက်မျိုး ရှိရင် ဝယ်လိုက်ပြီး မရှိရင်တော့ တခြားနည်းလမ်း စဉ်းစားဖို့ ညဘက် အွန်လိုင်းပေါ် တက်ကြည့်ရမည်။


ဒါကိုကြားပြီးတဲ့နောက် ဦးလေးသုံးက အဓိပ္ပာယ် ရှိတယ်လို့ ထင်တဲ့အတွက် ခေါင်းညိတ်ပြလေသည်။ 


"ရပါတယ် ဘာပဲဖြစ်ဖြစ် အဲဒီအစ်ကိုလေးအကြောင်း နောက်တစ်ခါမှ ဆက်ပြောကြမယ်" 


သူကပြောပြီး လက်ကိုဝှေ့ယမ်းကာ စာပို့သမားကို ထွက်သွားခိုင်းလိုက်သည်။ ကောင်လေးမှာ ဦးလေးသုံးရဲ့ ပုံပြင်ကို စိတ်ဝင်တစား နားထောင်ချင်သေးပေမယ့် သူ့ကို လွှတ်လိုက်တဲ့အတွက် နည်းနည်း တုံ့ဆိုင်းသွားသည်။ ဦးလေးသုံးက ဒေါသတကြီး စိုက်ကြည့်လိုက်တော့ ချက်ချင်း ပျောက်သွားလေ၏။ 


ကောင်လေး ထွက်သွားပြီးနောက် ဦးလေးသုံးက သူ့မျက်နှာကို ပုတ်သပ်ရင်း။


"ဒါဆို မြန်မြန် ဆက်ပြောရအောင်... ငါတို့ပြောတာ ဘယ်ရောက်သွားပြီလဲ?"


ဝူရှဲ့လည်း သူခဲ့ဖူးတာကို ထပ်ခါထပ်ခါ ပြန်ပြောလိုက်တော့မှ ဦးလေးသုံးက ခေါင်းညိတ်ပြလေသည်။ 


"ဟုတ်တယ်... အဓိကက ပိုးထည်စာအုပ်ထဲက အကြောင်းအရာပဲ... နိုင်ငံခြားသားက စစ်မတ်ကာလ ပိုးထည်စာအုပ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှု ရှိနေတာ ဒီကိစ္စက တော်တော်ရှုပ်ထွေးတယ်... ငါမင်းကို အစကနေ ပြောပြရမှာ... ငါ့တူကြီး မင်းစီးပွားရေး လုပ်နေတာ ကြာပြီ စစ်မတ်ကာလရဲ့ ပိုးထည်စာအုပ်တွေအကြောင်း မင်းဘယ်လောက် သိထားလဲ"


ဒီအကြောင်းကို စဉ်းစားကြည့်လိုက်သည်။ သူ့အနေနဲ့ ဒီလုပ်ငန်းနဲ့ ရင်းနှီးလာခဲ့တာ ကြာပါပြီ။ သူသည် ရှေးဟောင်းပစ္စည်း ပွတ်တိုက်ရတဲ့ လုပ်ငန်းကို သိပ်မကြိုက်ပေ။ အမြတ်က အရမ်းနည်းပြီး သူနဲ့ ဆက်ဆံရတဲ့ လူတွေက နည်းနည်းတော့ ထူးဆန်းပေမယ့် နှစ်အတော်ကြာအောင် လုပ်ပြီးတဲ့နောက်မှာ ဤလုပ်ငန်းကို အတော်လေး နက်နဲစွာ နားလည်လာခဲ့သည်။


စစ်မတ်ကာလ ပိုးထည်အက္ခရာများကို ရှေးဟောင်းပစ္စည်း ပွတ်တိုက်ခြင်း၏ အဓိကအမျိုးအစားအဖြစ် မမှတ်ယူနိုင်ပါ။ အမည်ကိုကြည့်လိုက်ရုံဖြင့် စစ်မတ်ကာလ ပိုးထည်များသည် စစ်မတ်ကာလ၏ အက္ခရာများဖြစ်ကြောင်း သိပါလိမ့်မည်။ သို့သော် အမှန်တကယ်အားဖြင့် စစ်မတ်ကာလ ခေတ်၏ နယ်ပယ်သည် အတော်လေး ကျဉ်းမြောင်းပါသည်။ ပစ္စည်းတွေကို တရားဝင် ရောင်းဝယ်တာက ချွန်းချိုးကာလ(ဘီစီ၄၀၃ခန့်) က ပစ္စည်းတွေလည်း ပါဝင်ပါ၏။ 


ဈေးကွက်ထဲတွင် စစ်မတ်ကာလ ပိုးထည်မူရင်း၏ မိတ္တူများပင် အလွန်နည်းပါးပြီး ရှားပါးသည်။ ၎င်းတို့ တူးဖော်တွေ့ရှိခဲ့သည့် နေရာတွေကလည်း မတူကွဲပြားသော သင်္ချိုင်းနေရာများ ဖြစ်တာကြောင့် ၎င်းတို့ကို ချူပိုးစာအုပ်များ၊ ဝေ့ပိုးစာအုပ်များ စသည်တို့အဖြစ် ခွဲခြားထားသည်။ 


အဲဒီပိုးထည်စာအုပ်တွေရဲ့ အကြောင်းအရာတွေကလည်း မတူကြပေ။ သူတို့အထဲမှာ အဖိုးတန်ဆုံးက လုပိုးထည်စပါပဲ။ အခုခေတ်က လုပိုးထည်လို့ အသိအမှတ် ပြုကြသည်။ ၎င်းကလည်း လက်ဆယ်ချောင်းနဲ့ ရေတွက်လို့ရတဲ့အထိ မပြည့်စုံတော့ပေ။ အတုအပ အစစ်ဟုတ်မဟုတ် ခွဲခြားရခက်ပြီး ယေဘူယျအားဖြင့် အာဏာပိုင်များကလည်း အသိအမှတ် မပြုချေ။ 


လုပိုးထည် အက္ခရာများကလည်း အမျိုးအစား တစ်ခုတည်း မဟုတ်။ ၎င်းတို့ကို ဖောင့်အရွယ်အစားအလိုက် အမျိုးအစားငယ်များစွာ ခွဲခြားထား​သေးသည်။ ၎င်းတို့အနက် အဖိုးတန်ဆုံးမှာ လုအဝါရောင် ပိုးတစ်မျိုး ဖြစ်သည်။ အကြောင်းကတော့ ရှင်းပါ၏။ ၎င်းပေါ်မှာ ရေးသားထားသော စာများကို ဘယ်သူမှ နားမလည်နိုင်လို့ပဲ ဖြစ်သည်။ 


ဒီပိုးထည်စာအုပ်မှာ ရေးထားတဲ့ စာရဲ့သဒ္ဒါအစဥ်က အရမ်းထူးဆန်းသည်။ စကားလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သိနိုင်ပေမယ့် ချုံငုံပြီး ဖတ်လို့မရပေ။ တရုတ်နိုင်ငံ၏ ကောင်းကင်စာအုပ်ရှစ်အုပ် ဖြစ်သည့် "စန်းကျဲစာအုပ်"၊ "ရှယွီစာအုပ်"၊ "ကျောက်နီကောင်းကင်စာအုပ်"၊ "ယဲ့လန်စာအုပ်"၊ "ပါးရှူသင်္ကေတ"၊ ခဲသိုစာ၊ တုံးပါးစာ နှင့် "ရုပ်ပွားတော်ကြီး" တို့အထဲ၌ ရေးသားထားသော စာလုံးများကလည်း ထူးခြားသော မိတ္တူဖြစ်ပေမယ့် ပုံဖော်၍ မရပေ။ 


သို့သော် လုပိုးထည်ပေါ်ရှိ စာသားသည် ကုဒ်တစ်ခု ဖြစ်ပုံရသည်။ နိုင်ငံခြား ရှေးဟောင်းသုတေသန အသိုင်းအဝိုင်းက ဤအဝါရောင်ပိုးမျိုးကို "တရုတ် မှော်စာအုပ်" ဟု ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ကုဒ်များကို အစီအစဉ်အတိုင်း ပြင်ဆင် ဖတ်ရသောအခါ ကခုန်နေသော နတ်စာလုံးပေါင်းနှင့် တူသောကြောင့် ဖြစ်သည်ဟု ဆို၏။ 


သို့သော် ဤကုဒ်သည် 1974 ခုနှစ်တွင် ပုံဖော်နိုင်နေပြီ ဖြစ်သည်။ ၎င်းသည် ရုပ်ပုံများကို စာသားအဖြစ်သို့ ပြောင်းပေးသည့် ရှေးကုဒ်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် "စစ်မတ်ကာလ လက်ရေးလှရေးဟန်နှင့် ရုပ်ပုံများ" ဟုခေါ်တွင်ခဲ့သည်။ 


ဦးလေးသုံးထံမှ ဤအခေါ်အဝေါ်ကို ကြားသိပြီးနောက် ဝူရှဲ့သည် သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော အချက်အလက်ကို ပြန်တွေးကြည့်မိသည်။ ရှာဖွေတွေ့ရှိမှုမှာ ကြီးမားသော်လည်း ၁၉၇၄ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော တခြားဖြစ်ရပ်မှာ အလွန် ကျော်ကြားသောကြောင့် ဤရှေးဟောင်း သုတေသနဆိုင်ရာ အဖြစ်အပျက်က လူတွေဆီက အာရုံခံရတာမျိုး မဖြစ်ပေါ်ခဲ့ပေ။


ယနေ့ခေတ်တွင် စစ်မတ်ကာလ ပိုးထည်စာလိပ်များ၏ အထွေထွေ လုပ်ငန်းတွင် ဤလုပိုးထည်မျိုးသည် အလွန်ရေပန်းစားပြီး လူများစွာ ရှာဖွေနေကြသည်။ ရှေးယခင်က သုတေသနတွေ အရတော့ လုပိုးထည်ဟာ 120 လောက်အထိ ရှိနိုင်တယ်လို့ ကြားသိခဲ့ရသည်။ ဘယ်ကလာလဲတော့ မသိပေမယ့် တကယ်ကြီး ပျံ့နှံ့နေခဲ့တဲ့ ပိုးအမျိုးအစားတွေ ဆိုတာ သိလိုက်ရသည်။ 


လုပိုးထည်ကို အပိုင်းအစ လေးပိုင်းမှ ငါးပိုင်းအထိက အမှန်တကယ် ကျွမ်းကျင်ပညာရှင်များသာ ကြည့်နိုင်ပြီး အင်တာနက်တွင် ဖတ်ရှု၍ မရနိုင်သည့် အရာများဖြစ်သည်။ နိုင်ငံခြားသားများကတော့ အထူးနှစ်သက်သောကြောင့် ပွဲစားများသည် ထူးခြားသော ကော်ပီများကို နေရာအမျိုးမျိုးတွင် ရှာဖွေကြသည်။ 


ရှားပါးသော လုပိုးထည်စာအုပ်တွေကို ရှာချင်ရင်တော့ အသုတ်ကြီးတွေကို အသုတ်လိုက်ဝယ်ရမည်။ အမျိုးအစား မခွဲခြားထားတဲ့ အတွက်ပါ ဆိုင်ကိုပါ စကင်န်ဖတ်ဖို့ လိုပါလိမ့်မည်။ သူတို့တွေမှာ အမျိုးမျိုးသော ဇစ်မြစ်တွေ ရှိ၏။ များသောအားဖြင့် ဇစ်မြစ်တွေကို ပေါင်းစည်းလိုက်ရင် တစ်နေရာတည်းမှာ စုပုံနေတတ်သည်။ 


အမှန်တကယ် စိတ်ပါဝင်စားသူ လူကြိုက်မများသော လုပိုးထည်ကို ရှာတွေ့သွားနိုင်၏။ ထိုကဲ့သို့သော လူကို တွေ့ပါက အများအားဖြင့် ၎င်းတို့သည် လူသိရှင်ကြား ထုတ်မပြတတ်တော့ သိထားရသည်။ ထိုလူတွေဟာ ပြန်သွားပြီး သူတို့ဘာသာ သုတေသန ပြန်လည်လုပ်ဆောင် ကြလိမ့်မည်။ ထို့ကြောင့် ဤဈေးကွက်တွင် စီးပွားရေးလုပ်ရန်မှာ အတော်လေး လွယ်ကူပါ၏။


အဖိုးက ရှေးဟောင်း ဂူသင်္ချိုင်းထဲကနေ ခိုးယူသွားတဲ့ ပိုးထည်ကတော့ လုအဝါ​ရောင် ပိုးထည်ပါပဲ။ ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့တာမို့ သူ့ကို ထုတ်မပြရဲတော့ပေ။ အဘိုးက ဂူဖောက်လောကမှာ အရမ်းနာမည်ကြီးသလို လုအဝါရောင် ပိုးထည်ကို သူတို့ဆိုင်မှာတော့ ရတနာအဖြစ် မှတ်ယူနိုင်သည်။


ယခု လုအဝါရောင်ပိုးသည် စစ်မတ်ကာလ၏ သံမျက်နှာအမျိုးမျိုး ဖြစ်နိုင်ကြောင်းကို သူတို့ သိသွားပါပြီ။ လီယိုနာဒိုဒါဗင်ချီ ကဲ့သို့ပင် ပိုးထည်ပိုင်ရှင်သည် အမျိုးမျိုးသော မှတ်စုများ ရေးသားရန် ဖန်တီးထားသည့် စကားလုံးများကို အသုံးပြုနိုင်တဲ့အထိ အလွန်ဆန်းကြယ်လှသည်။ 


လုနန်းတော်မှ ထွက်လာပြီးနောက် ဝူရှဲ့ ဤအရာကိုလည်း လေ့လာခဲ့ပါသည်။ လူ့သမိုင်းတွင် အရာဝတ္ထုများပေါ်၌ မှတ်တမ်းတင်ရန် လျှို့ဝှက်ကုဒ် စာသားကို အသုံးပြုသူတိုင်းသည် ထိုအချိန်က လောကအမြင်ကို ထိခိုက်စေပြီး ပင်မရေစီးကြောင်း အင်အားစုများဆီက ဝေဖန်ခံရမည်ကို ကြောက်သောကြောင့် အစီအမံများ ပြုလုပ်ခဲ့ရသည်ဟုလည်း ဆိုကြသည်။


ဒါ ပိုးစာအုပ်တွေရဲ့ အကြောင်းပဲ ဖြစ်လေသည်။ ဒါကိုပြောတော့ ဦးလေးသုံးက ခေါင်းတညိတ်ညိတ်နဲ့ ပြော၏။


"မှန်တယ်.... တွင်းထဲမှာ အကြာကြီးထိုင်ပြီး ရေမဆေးရင်တောင် ညည်းနေစရာ မလိုဘူးပဲ" 


ပြောပြီးနောက် စုတ်နေတဲ့ ပိုးအိတ်ကို ကုတင်အောက်ကနေ ထုတ်ယူလိုက်သည်။ ထို့နောက် အတွင်းထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ရယ ရှုံ့တွနေတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နေသည်။ ဓာတ်ပုံထဲမှာတော့ ပြတိုက် ပြတင်းပေါက်မှ ရိုက်ထားသော စစ်မတ်ကာလ ပိုးထည်စာ တစ်ပိုင်းကို တွေ့လိုက်ရသည်။ ၎င်းက စာလုံးတွေကို အစီအစဉ်တကျ လုပ်ထားတာကြောင့် သူတို့အဖိုးဆီက ခိုးသွားတဲ့ အမေရိကန်တွေက မိတ္တူကူးထားတဲ့အရာ ဖြစ်ပေမည်။ 


“ဒါက ငါတို့မိသားစုနဲ့ သက်ဆိုင်သင့်တဲ့ အရာပဲ” 


ဦးလေးသုံးက ဆိုလေသည်။ 


“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါ အမေရိကန်ကို သွားတုန်း... New York ပြတိုက်ကနေ ဓာတ်ပုံရိုက်လာခဲ့တာ... ဒီကိစ္စတွေ အကုန်လုံးက ဒီအရာကြောင့် ဖြစ်လာတာ... တွေးကြည့်ရင်တော့လည်း ကံတရား အတိုင်းပါပဲ ငါတို့မိသားစု မျိုးဆက် လေးဆက်က သူတို့ဆီက ကျိန်စာတိုက်ထားသလိုမျိုး ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တာ... ပြီးတော့ အဆုံးအဖြတ် ခံရတယ် အဲဒါကြောင့် မင်းကိုငါ မပါဝင်စေချင်တာ.... ဒီကိစ္စကို ငါ့လက်ထက်မှာ ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ထားတာ"


'မျိုးဆက် လေးဆက်?'


ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားတာကြောင့် မေးလိုက်သည်။ 


"အဲ့အပေါ်မှာ အတိအကျ ဘာရေးထားတာလဲ?" 


ဦးလေးသုံးက ပြုံးပြီး ပြောလေ၏။ 


"ငါအခုပဲပြောနေတာလေ... မင်းငါ့ကိုမပြောရင် မင်းဘယ်တော့မှ မှန်းဆလို့ရမှာ မဟုတ်ဘူး... တကယ်တော့ ပိုးစာထဲမှာ ရေးထားတာ ဘာမှမရှိဘူး.... ဘာသာပြန်ဆို ထားတာကလည်း စကားလုံးတွေ မဟုတ်ဘူး... လျှို့ဝှက်ဆန်းကြယ်တဲ့ ရုပ်ပြပုံတစ်ခုပဲ"


"ရုပ်ပြပုံ?" 


ဝူရှဲ့သည် ဘုရင်လုနန်းတော်မှ စစ်မတ်ကာလ ပိုးထည်စာအုပ်ကို သတိရသွားသည်။ 


"ရှေးဟောင်းသင်္ချိုင်း မြေပုံတစ်ခုလား?"


ဦးလေးသုံးက ခေါင်းခါပြီး ဆို၏။


"မြေပုံ မဟုတ်ဘူး... မြေပုံတစ်ခုထက် အများကြီး ပိုရှုပ်ထွေးတယ် ဒီကိစ္စကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ရှင်းပြရတာ ခက်တယ်ကွ... ငါ ရှီးရှားကို မသွားခင် အဲ့နိုင်ငံခြားသားက ဒါတွေအားလုံးကို ပြောပြတယ်... ငါထပ်ပြော​ပြမယ် နားထောင်ပြီးရင် မင်း နားလည်သွားလိမ့်မယ်"